← Chapters

အပိုင်း (၄၉၆) – ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၂)

Vol. 005 Ch. 496

အပိုင်း (၄၉၆) – ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၂)

Vol. 005 Ch. 496

ဘေဂုံရှုန်သည် မျက်နှာ ပျက်သထက်ပျက်လာသည်။ သူ့အား ဘယ်သူမှ ထိုကဲ့သို့ မပြောရဲကြပေ။ အထူးသဖြင့် မျိုးဆက်သစ်များဖြစ်ကြသည်။ အားလုံးသည် သူ့ရှေ့ရောက်လျှင် နာခံသော အမူအရာသာ ပြခဲ့ကြသည်။ သူမသည် သူ့အား ထိုကဲ့သို့ဆက်ဆံသော ပထမဆုံးလူဖြစ်ကာ ခြိမ်းခြောက်ခြင်းတောင်ပြုလိုက်သေး သည်။

အရင်ကဆိုလျှင် သူသည် ထိုကောင်မလေးကိုတွေ့မြင်ဖူးသည်။ သူမသည် ခေါင်းမာ သော်လည်း တစ်ယူမသန်ပေ။ သူမသည် ထွက်ပြေးပြီးနောက်တွင် များစွာပြောင်းလဲခဲ့သည်။

သို့သော် သူသည် ထိုပြောင်းလဲမှုကို စိုးစိမျှ မကြိုက်ပေ။

“မင်းအမေနဲ့မောင်လေးက သေသွားပြီလို့ အိမ်တော်ထိန်းဝမ်ပြောပြီးပြီလေ ဒီလိုလုပ်နေ လည်း အသုံး မဝင်ဘူး မင်း ဘေဂုံမျိုးနွယ်ရဲ့ မျိုးနွယ်ဝင်တစ်ယောက်အဖြစ် နေချင်သေး တယ်ဆိုရင် ဒီမှာပဲရပ်တော့ အပြင်မှာ  နေပြီး အရှက်မခွဲနဲ့တော့” သူ ကြိမ်းမောင်းလိုက် လေသည်။

“အဘိုးတို့က အမေသေသွားပြီဆိုပြီး ကျွန်မဦးလေးကို လိမ်ခဲ့တာလေ ကျွန်မ အဘိုးကို ယုံမယ်ထင်နေ လား” ဘေဂုံထန်သည် ဘေဂုံရှုန်အား ကြည့်လိုက်သည် “ပြောပါ ဒီဟာက တကယ်ယုံစရာကောင်းလို့လား”

“ဒါအမှန်ပဲ”

“မှန်တယ်ဟုတ်လား တကယ့်အမှန်တရားက အဘိုးတို့က ရင်မျိုးနွယ်ရဲ့ လျှို့ဝှက် ဆေးနည်းကို ရဖို့ အတွက် ဘေဂုံအောင်ကို အမေနဲ့ လက်ထပ်အောင်လုပ်ပေးခဲ့တယ် အမေက အဘိုးတို့ရဲ့ လုပ်ဇာတ်ကို သိနေ  တော့ ဆေးနည်းမပေးတာတော့ နှမြောစရာပဲ အဲဒါကြောင့်ပဲ သူမက အဲနှစ်တွေမှာ ကြိမ်းမောင်းခံရ အရိုက်ခံ ခဲ့ရတာ” ဘေဂုံထန်သည် အေးစက်စွာ ပြောလေသည် “အဲနှစ်တွေပြီးတော့လည်း အမေ့ဆီက လျှိုု့ဝှက်နည်း မရနိုင်ဘူးဆိုတာ သိလို့ ဘေဂုံအောင်ကို ရိချုံနန်းတော်က သခင်မလေးနဲ့လက်ထပ်ခိုင်းခဲ့တယ် ဂူယွန်အာက ကျွန်မတို့ဘဝကို ပိုဆိုးအောင်လုပ်ခဲ့တယ်၊ ပုံမှန်ကိစ္စတွေတောင်မှ အကြိမ်းမောင်းခံ အရိုက်ခံခဲ့ရတယ် ပြီးတော့ ဒဏ်ရာတွေက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝဖြစ်ခဲ့တယ် ဘေဂုံမျိုးနွယ် ခေါင်းဆောင်ဖြစ်တဲ့ အဘိုးက မသိခဲ့ဘူးလို့ မပြောပါနဲ့”

“မင်း… ဒီကောင်မလေးတော့ မင်းကိုငါသတ်တော့မယ်” ဘေဂုံအောင်သည် သူမပြောပြီး သည့်အချိန် တွင် ဘေဂုံအောင်ရောက်လာလေသည်။ သူသည် သူမအား ချက်ချင်းပင် ဒေါသထွက်ကာ တိုက်ခိုက်တော့ သည်။

လုံရိသည်ဘေဂုံထန်ဘေးရောက်လာကာ သူ၏လက်ကို တန်ပြန်တိုက်လိုက်လေသည်။

ဘေဂုံထန်သည် လုံရိအား ကျေးဇူးတင်စွာ ကြည့်လေသည်။ ရှီမာယူယူ ထွက်သွားသည့် အချိန်တွင် ဂဠုန်ကိုးနှင့် လုံရိသည် သူမအား ကာကွယ်ရန်နေခဲ့လေသည်။

“ဘာလို့လဲ ဘေဂုံမျိုးနွယ်ရဲ့ အပုတ်တွေကို ဖော်မှာစိုးလို့ တိတ်တဆိတ် သတ်ပစ်မလို့လား” သူမသည်  ရောက်သည်နှင့် သူမအား သတ်ရန်ကြံစည်သော ဘေဂုံအောင်အား ကြည့်လိုက်သည်။ သူမသည် အေးစက်စွာ  ပြုံးကာ “ရက်စက်တတ်တဲ့ ကျားတောင်မှ သူ့သားသမီးကို ပြန်မသတ်ဘူး၊ အဲနှစ်က ဂူယွန်အာနဲ့ ဘေဂုံအာ တို့က ကျွန်မတို့ကို သတ်ဖို့လုပ်တာကို ရှင်ကမျက်စိမှိတ်နေခဲ့တယ် ဒီနေတော့ ကျွန်မကိုမြင်တာနဲ့ ရှင် ပထမဆုံး လုပ်တာက သတ်ဖို့လား၊ တစ်ခုတော့ သေချာသွားအောင်ပြလိုက်တာပဲ ရှင်က တိရစ္ဆာန်ထက်တောင် ဆိုးသေး တယ်”

“ကောင်မစုတ်လေး ငါက နင့်ကိုစုန်းမကို ဘယ်လိုလုပ်မွေးထုတ်လိုက်တာလဲ” ဘေဂုံအောင်သည် သူမအား ကျိန်ဆဲလေသည်။ သူသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာရဲလာသည်။

“ဘယ်လိုမွေးလာတာလဲ ဟုတ်လား အမေ့ကိုပဲ ဘယ်လိုတွေလုပ်ခဲ့လဲဆိုတာ မေးဖို့တောင် ကြောက်မိတယ် ရှင်က အရှင်းဆုံးသိမှာပါ” ဘေဂုံထန်သည် ကြောက်မက်ဖွယ် စကားနာထိုး လိုက်လေသည်။ သူမသည် ဘေဂုံအောင် မျက်နှာနီရဲသွားသည်ကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် “ဘာလို့လဲ ရှင်ဒေါသထွက်နေတာကို ကြည့်ရတာ အဲတုန်းကကျွန်မကို မသတ်လိုက်ရတာကို နောင်တရနေတာထင်တယ်”

“ဒီနေ့ ငါ့မိသားစုအတွက် အပြစ်ပေးဖို့က နောက်မကျသေးဘူး နင့်လို စုန်းမကတော့ ဘယ်တော့မှ မမွေး ခဲ့သင့်ဘူး”

ပြောပြီးနောက်တွင် ဘေဂုံအောင်သည် ဘေဂုံထန်အား သတ်ရန် ကြိုးစားပြန်သည်။

လုံရိသည် ဘေဂုံထန်ရှေ့တွင် ရပ်ကာ ဘေဂုံအောင်၏ တိုက်ခိုက်လာသော လက်ကို ပိတ်ပင်လိုက် သည်။

တစ်ဖက်လူသည် တစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် ပြန်ရုတ်သိမ်းသွားလေသည်။

“ဒါက တောင်ပိုင်းက တောင်ပံလေးခုဂဠုန်မျိုးနွယ်ပဲ” ဘေဂုံရှုန်သည် ဂဠုန်ကိုးကို ကြည့်ပြီးပြောလေ သည်။

“ဒီရေကြက်အိုကြီးက အသက်ကြီးနေပြီ ဘဝအတွေ့အကြံတွေများနေမှာပဲ ဟုတ်တယ် မလား ကျိရွှီ” ဖက်တီးကျူနှင့် တခြားသူများသည် တစ်လျှောက်လုံးနှုတ်ဆိတ်နေရာမှ အသံထွက်လာလေသည်။

“ရွှတ်” သူတို့စကားကြားသောအခါ အနားမှလူများသည် ရယ်မောကြလေသည်။

ဘေဂုံရှုန်သည် လုံရိအားမြင်သောအခါ ပြောလေသည် “မင်းတို့တောင်ပိုင်း မျိုးနွယ်တွေက တကယ်ဝေး တာကို ဒီအလယ်ပိုင်းဒေသက ကိစ္စကို မဆိုင်ပဲလာရှုပ်နေတယ်”

“သခင်မလေးဘေဂုံ သူ့အမေကယ်တာကို ကူညီပေးဖို့ ငါတို့ဘုရင်က ပြောထားတယ်” လုံရိသည်  အေးစက်စွာပြန်ပြောလေသည်။ သူသည် ဘေဂုံမျိုးနွယ်တစ်ခုလုံးကို မည်သည့် ဘာထင်မြင်ချက်မှမပေးပေ။

ထိုဂုဏ်ပုဒ်ကို ဖော်လိုက်သောစကားကို ကြားသောအခါ ဘေဂုံမျိုးနွယ်တစ်ခုလုံး မျက်မှောင်ကြုတ်သွား ကြသည်။ တောင်ပံလေးခုဂဠုန်မျိုးနွယ်သည် တောင်ပိုင်းတွင် နေထိုင်ကြကာ သူတို့သည် အင်အား သန်မာကြ သဖြင့် သူတို့နှင့် မတိုက်ခိုက်ချင်ကြပေ။ မြောက်ပိုင်း ပြည်နယ်(၇) သည် သူတို့နှင့် တစ်ခါတိုက်ခိုက်ဖူးသည်။ သူတို့သည် ဖိအားအပြည့်ဖြင့် ပြန်ထွက်လာခဲ့ရသည်။ မြောက်ပိုင်းပြည်နယ်(၇)မှ မျိုးနွယ်တစ်ခုလုံး ဗြောင်းဆန် သွားခဲ့သည်။ ထိုအချိန်ကစပြီး တောင်ပံလေးခုဂဠုန်မျိုးနွယ်၏ ဂုဏ်သတင်းသည် ပျံ့လာခဲ့သည်။

“မင်းအမေသေသွားပြီလို့ ပြောပြီးသားလေ မင်းလိုချင်ရင်တောင် မင်းကိုထုတ်ပေးလို့မရ တော့ဘူး”

“တကယ်လား ဒါပေမဲ့ ငါ့ညီမက အသက်ရှင်နေပြီး မင်းတို့ရဲ့ မြေအောက် အကျဉ်းထောင်မှာ နှစ် အများကြီး ပိတ်မိနေတယ်လို့ ကြားထားတယ်” အသံတစ်သံသည် လူအုပ်ထဲမှထွက်လာကာ အားလုံးသည် သူ့အား လမ်းဖယ်ပေးလိုက်ကြသည်။ ရင်ဟောင်သည် ရှေ့သို့လျှောက်လာကာ သူနှင့်အတူလူအနည်းငယ် လိုက် လာသည်။

“ရင်ဟောင် ဒီကိုဘာလာလုပ်တာလဲ” ဘေဂုံအောင်သည် ရောက်လာသော လူများကို ကြည့်လိုက် သည်။

“ငါ့တူမက ညီမကိုပြန်ခေါ်ဖို့ ပြန်လာတယ်လို့ကြားလို့ ရောက်လာတာပဲ ငါကူညီစရာ ဘာရှိမလဲလို့ လာ ကြည့်တာ” ရင်ဟောင် ပြောလိုက်လေသည်။ “ငါအဲနှစ်က ငါ့ညီမကိုတွေ့ခွင့်ပေးဖို့ ပြောခဲ့တယ် ဒါပေမဲ့  သေသွားပြီလို့ ပြောခဲ့တယ် ငါ့တူမဒီနေ့ ပြောတာကိုကြားရ သလောက်တော့ သူမက အဲတုန်းက အနိုင်ကျင့်တာ ခံခဲ့ရတယ် ငါတို့မျိုးနွယ်က ငါ့ညီမက ဘေဂုံအောင်နဲ့လက်ထပ်တာကို ဒေါသထွက်ခဲ့ပေမယ့် သူမက ရင်မျိုးနွယ် ကသခင်မလေးပဲ၊ ငါ့ကိုရှင်းမပြတော့ဘူးလား ငါ့ညီမက အသက်ရှင်သေးတာလား သေသွားတာလား”

“ဦးလေး” ဘေဂုံထန်သည် ရင်ဟောင်အား ခေါ်လိုက်သည်။

“တော်တယ်သမီး ရင်မျိုးနွယ်က အကြီးအကဲတွေက နှစ်ပေါင်းများစွာ နေလာခဲ့တာ ဒီနေ့ကို သူတို့ရှုပ်နေ ကြလို့၊ သမီးလုပ်ချင်တာရှိရင် လုပ်သာလုပ်လိုက် မစိုးရိမ်နဲ့ ငါက သမီးရဲ့ ဦးလေး သမီးကို ထောက်ခံပေးမှာ” ရင်ဟောင်သည် ဘေဂုံထန်၏ ခေါင်းကိုပုတ် လိုက်လေသည်။

သူမ နှလုံးသားထဲတွင် နွေးထွေးမှုများ စီးဆင်းသွားသည်။ ထိုခံစားချက်သည် ယူယူနှင့် တခြားသူများဆီ မှရသော နွေးထွေးမှုနှင့် မတူပေ။ ဒါမျိုးက အမေနဲ့ မောင်လေးဆီ ကရခဲ့သလိုမျိုး မိသားစုနွေးထွေးမှုဆိုတာ ထင်ပါ ရဲ့။

“ရင်ဟောင် မင်းက အလယ်ပိုင်းဒေသကလူဆိုတာနဲ့ ဒီကိုလာပြီး ပြဿနာရှာလို့ရမယ် မထင်နဲ့၊ ငါတို့ ဘေဂုံမျိုးနွယ်က သူတို့သားအမိကို ဘာမှမလုပ်ထားဘူး” ဘေဂုံမျိုးနွယ်မျ တစ်စုံတစ်ယောက် အော်လိုက်လေ သည်။

“ဟုတ်တယ် မင်းက ဒီကိုလူတွေခေါ်လာတာ ဘေဂုံမျိုးနွယ်ကို တိုက်ခိုက်ချင်လို့လား” အကြီးအကဲ ပြော  လေသည် “မင်းတို့ရင်မျိုးနွယ် အကြီးအကဲသိသွားရင် မင်းကိုနှင်ထုတ်မှာ တောင်စိုးရတယ်”

ရင်ဟောင်သည် နာမည်ပြားကို ထုတ်ကာ ပြောလေသည် “ငါဒီကိုလာတာ ရင်မျိုးနွယ်ရဲ့ ကိုယ်စားလှယ် အနေနဲ့လာတာပဲ ငါပြောတာ ရင်မျိုးနွယ်ပြောတဲ့စကားပဲ ငါ့အစ်မကို ဒီနေ့ပြန်ခေါ်မလာနိုင်ရင် ဒီနာမည်ပြားကို ပစ်ပြီး သေရမယ်လို့ ငါ့တို့ရင်မျိုးနွယ်က အဘိုးကြီးကမှာလိုက်တယ်”

“ဦးလေး” ဘေဂုံထန်သည် ရင်ဟောင်အား အံ့သြစွာကြည့်လေသည်။ ထိုသည်မှာ သူတို့ဆွေးနွေးထား သည်နှင့် ကွဲပြားနေသည်။

“ငါပြန်ရောက်တော့ အဲအဘိုးကြီးနဲ့တွေ့တယ် သူ့ကို ဒီအကြောင်းပြောလိုက်တော့ ဒီအဖြစ်အပျက်ကို သူလက်ခံတယ် သမီးကိုတောင် အိမ်ပြန်ခေါ်ခိုင်းတယ်”

အိမ်ပြန်မယ်…. ဘေဂုံထန်သည် ထိုစကားလုံးများကို စဉ်းစားလိုက်သည်။ ထိုစကားလုံး များသည် ရိုးရှင်း  သော်လည်း နွေးထွေးသည်။ သို့သော် သူမသည် အရင်ကမခံစား ခဲ့ဖူးပေ။

“ငါမင်းတို့ကို ပြောပြီးပြီလေ သူတို့သေသွားပြီလို့ မယုံဘူးဆိုရင် သူမကိုဝင်ရှာကြပေါ့” ဘေဂုံရှုန်သည်  အော်လိုက်လေသည်။

“ကျွန်မတို့ရှာရင်တောင် ရှာမတွေ့နိုင်တဲ့နေရာမှာ သူတို့ကိုဖွက်ထားတာလေ ဒါပေမဲ့ သူမတို့ကို ကယ်ဖို့ လူလွှတ်ပြီးသွားပြီ သူမထွက်လာတာနဲ့ ကျွန်မတို့ ဘေဂုံမျိုးနွယ်နဲ့ ကိစ္စပြီးပြတ်ပြီပဲ” ဘေဂုံထန်သည် ပြောလိုက် သည် “အခုလည်း ရှင်တို့ဘေဂုံမျိုးနွယ်နဲ့ ဘာပတ်သတ်မှုမှမရှိပေမယ့်ပေါ့”

“ရှုး”

သူမ စကားဆုံးသည်နှင့် ငှက်အော်သံသည် ဘေဂုံမျိုးနွယ်မှ ထွက်လာလေသည်။ ထို့နောက်တွင် သိမ်းငှက်တစ်ကောင်သည် အနောက်မှ ပျံလာလေသည်။ ဘေဂုံရှုန်သည် ငှက်ပေါ်တွင် ထိုင်လာသော လူများ ကိုတွေ့သောအခါ မျက်လုံးများပြူးသွားလေသည်။

All Chapters