ရင်ဖိုစရာ ကောင်းတဲ့ ညတစ်ည
Vol. 96 Ch. 1426
ဘားအပြင်ဘက်တွင် လင်းရီသည် အန်းနင်ကို ကားထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမအိတ်ထဲတွင် ကားသော့ ရှာတွေ့သွားခဲ့ပြီး အနားယူဖို့ နေရာရှာရန် ဟန်ပြင်လိုက်၏။
“ ဒီမှာ ကိုယ့်လူ… မင်း ဒါကတော့ နည်းနည်းလေး အကျင့်မတန်သလိုပဲနော်….”
အန်းနင်ကို ခရီးသည် ထိုင်ခုံတွင် နေသားတကျ ဖြစ်အောင် ပြုလုပ်ပေးပြီးလို့ ကားထဲသို့ မဝင်နိုင်သေးခင်မှာပဲ နောက်ကနေ တစ်စုံတစ်ယောက်က စကားပြောလာသည့် အသံကို ကြားလိုက်ရလေသည်။
“ ဘာက အကျင့်မတန်တာလဲ…”
“ မင်းက မိန်းမငယ်လေး တစ်ယောက်ကို ဘားခေါ်လာ ၊ အရက်မူးအောင် တိုက်ပြီး ခုကျတော့ ဟိုကိစ္စ လုပ်ဖို့ ဟိုတယ်ခေါ်သွားတော့မယ်ပေါ့…. မင်းကိုယ်မင်း သောက်ရမ်း အရှက်မဲ့တယ်လို့ မထင်ဘူးလား…”
“ သူ(မ)က အသက် ၃၀ နီးနီးတောင် ရှိတော့မယ်… မင်း ဘယ်လိုမျက်စိနဲ့ ကြည့်လို့ မိန်းမငယ်လေး ဖြစ်သွားရတာ… မင်း ကန်းနေတာလား… သောက်ရူးပဲ….”
မာဟုန်ရဲ့နှင့် သူ၏ ငယ်သား နှစ်ယောက်လုံး ကြက်သေသေသွားခဲ့ကြသည်။ လင်းရီ သူတို့ကို ဤသို့ ကြမ်းတမ်းစွာ ပြန်ပြောလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။
“ မင်း ငါ့အစ်ကိုမာကို ဘယ်လို စကားမျိုး ပြောဝံ့နေတာတုန်းကွ.. ကောင်မလေးကို ခုချက်ချင်းလွှတ်လိုက်… မဟုတ်ရင် မင်းကို ရဲတိုင်မယ်..”
“ ၁၁၀ ကို ခေါ်လိုက်… မြန်မြန်ခေါ်… မခေါ်ဘူးဆို ငါမင်းတို့ကို အထင်သေးမှာ…”
သုံးယောက်သားလုံး ကြက်သေသေသွားကြပြန်သည်။ သူတို့ရှေ့ရှိ ဤလူက နည်းနည်းလေး ခန့်မှန်းရ ခက်လှ၏။
ဒီကောင် ငါတို့က သူ့ကို လာပြီး ဟာသလုပ်နေတယ်လို့များ ထင်နေလား မသိပါဘူး…
“ *ပဲ… ငါတို့က သောက်ရမ်း အားယားလို့ မင်းနဲ့ ကစားဖို့ အချိန်ရှိတယ်များ ထင်နေလား…”
မာဟုန်ရဲ့၏ လက်အောက်ငယ်သား တစ်ယောက်က လင်းရီအနားသို့ လျှောက်လှမ်းလာပြီး “ မင်းတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့တူတယ်…”
မာဟုန်ရဲ့၏ လက်ပါးစေက အနီးနားရှိ အုတ်နီခဲကို ကောက်ယူလိုက်ပြီး လင်းရီ၏ ခေါင်းကို ရိုက်ခွဲလိုက်သည်။
လင်းရီ ဘေးသို့ ရွေ့လျားပြီး အုတ်နီခဲကို ရှောင်ရှားလိုက်လေသည်။ ထို့နောက် တစ်ဖက်သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ အုတ်နီခဲကို လုယူလိုက်သည်။
တစ်ဖက်သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်တို့ ပြည့်နှက်သွားခဲ့၏။ လင်းရီကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေလိမ့်မည်လို့ သူ ထင်မှတ်မထားခဲ့ချေ။
လင်းရီ၏ ချုပ်ကိုင်ထားမှုအောက်ကနေ သူ ရုန်းထွက်မလို့ လုပ်နေစဉ်မှာပဲ ရုတ်တရက်ဆိုသလို ဦးနှောက်အတွင်း၌ ပြင်းထန်သည့် နာကျင် ကိုက်ခဲမှု တစ်ခုကို ခံစားလိုက်ရလေသည်။ ၎င်းနောက် သူ ဘာမှ မသိတော့ချေ။
သူ့ရဲ့ ညီငယ် တစ်ယောက်က ဦးခေါင်းပေါက်ပြီး လဲကျသွားသည်ကို မြင်တော့ မာဟုန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့၏။
သူ့တွင် နောက်လိုက်တစ်ချို့ ရှိသည်ဆိုသော်လည်းပဲ သူတို့က သာမန် လမ်းဘေးလူမိုက်များသာ ဖြစ်ကြ၏။ ရန်ပွဲဆိုလျှင်လည်း လူအင်အားနှင့် လက်နက်သုံးပြီး အမြဲတမ်း အနိုင်ယူလာခဲ့သူများ ဖြစ်ကြသည်။ လင်းရီလို စနစ်တကျ လေ့ကျင့်ထားသူနှင့် သူတို့ မကြုံဖူးကြသေးချေ။ ထို့ကြောင့် ယခုလို အပြောင်းအလဲ တစ်ရပ်ကို မြင်တွေ့လိုက်ရတော့ သူတို့ စိတ်တွေ အံ့အား တုန်လှုပ်ကုန်ကြ၏။ စွန်းမန်ကျားနှင့် နှိုင်းယှဉ်ပါက သူတို့၏ စိတ်အခြေအနေမှာ အဆင့်တစ်ခုလောက်ကို ဝေးကွားနေလေသည်။
“ ညီကို… မင်းကလည်း စိတ်ကြီးပဲ… လက်မပါနဲ့… ငါတို့ကောင်တွေ အေးဆေးလေး စကားပြောကြမယ်လေ…”
“ မင်းက ဘာ ယီးစကားတွေ ပြောချင်နေတာလဲ ပြော…” လင်းရီ အုတ်နီခဲကို ကိုင်ထားရင်း ရိုင်းစိုင်းစွာ ပြောဆိုလိုက်သည်။
“ ဘာလဲ… သူမက လှတယ်ဆိုလို့ မင်းတို့က ကြားထဲကနေ နှောင့်ယှက်ပြီး လူကို ခေါ်သွားချင်တာလား ဟုတ်လား…”
“ မဟုတ်ဘူး မဟုတ်ဘူး… ငါတို့အဲ့လို လုပ်ချင်တာ မဟုတ်ဘူး… ငါတို့ကို သူများလွှတ်လိုက်လို့ ရောက်လာခဲ့တာ…”
“ မင်းကို သူများက ဒီလိုလုပ်ဖို့ ခိုင်းလိုက်တယ်ပေါ့…”
ဤ ဖြစ်ရပ်၏ နောက်ကွယ်တွင် သူ မသိသေးသည့် ဇာတ်လမ်းတစ်ချို့ ရှိနေလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့ချေ။
“ အဲ့တာ ကျန်းရှောင်ကျွင်း ငါတို့ကို လွှတ်လိုက်တာ… သူပြောတာ မင်းက သူ့ညီကို,ကို အပြစ်ပြုခဲတယ်ဆိုလို့ ငါတို့သုံးယောက်ကို လက်စားချေခိုင်းလိုက်တာ…. မဟုတ်ရင် ငါတို့ ဒီလာခဲ့မှာတောင် မဟုတ်ဘူး…”
“ ကျန်းရှောင်ကျွင်း… သူက ဘယ်သူတုန်း…”
“ သူ အထဲမှာ သောက်နေတယ်… ငါ မင်းကို ခေါ်သွားပေးလို့ရတယ်…”
လင်းရီ အုတ်နီခဲကို ဘေးသို့ သာမန်လျှံကာ လွင့်ပစ်လိုက်ပြီး “ သွားစို့… ဘာဖြစ်နေလဲ ငါသိချင်တယ်…”
မာဟုန်ရဲ့ သူ၏ လက်အောက် ညီငယ်တစ်ယောက်ကို အခြား တစ်ယောက်အား ဂရုစိုက်ပေးရန် စေခိုင်းလိုက်ပြီးနောက် လင်းရီနှင့်အတူ ဘားထဲသို့ ပြန်ဝင်လာလေသည်။
တစ်ချိန်တည်းတွင် တုယွီ့မင်နှင့် ကျန်းရှောင်ကျွင်းတို့ သီသန့်စားပွဲဝိုင်းတွင် အဆက်မပြတ် ခွက်ချင်းတိုက်နေခဲ့ကြ၏။
“ ကော… မင်းရဲ့ အဲ့ဒီ ဌာနက ကောင်မလေးက လုံးဝ ထိပ်တန်းပဲနော်… ငါတောင် နည်းနည်းလေး စိတ်ပါမိတယ်…”
“ မင်း စိတ်ပါလည်း အသုံးမဝင်ဘူး… သူ့မှာ ကောင်လေး ရှိနေပြီးသား.. ငါကြားတာ နောက်နှစ်ဆို သူက လက်ထပ်တော့မှာတဲ့…”
“ သူ့မှာ ကောင်လေးရှိတာတောင် တခြား ယောက်ျားလေးတစ်ယောက်နဲ့ ဒီလာပြီး အရက်အတူ လာသောက်နေတယ်ပေါ့….” ကျန်းရှောင်ကျွင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ တစ်ချက်ကြည့်လိုက်တာနဲ့ အပြင်ကနေ ကြည့်တော့တာ တည်ကြည်လေးနက်တဲ့ အထာမျိုး ရှိတယ်ဆိုပေမယ့် အတွင်းကတော့ တနှံ့နှံ့နဲ့နေမှာ … တကယ်လို့ အစ်ကိုမာသာ ပေါ်မလာဘူးဆိုရင် ဟိုကောင်နဲ့ မိုးလင်းပေါက် ဆွဲနေလောက်တယ်…”
တုယွီ့မင် ထိုစကားကို ငြင်းဆန်ခြင်း မပြုခဲ့ချေ။
သူ့ ဝမ်းကွဲပြောသည်က အဓိပ္ပာယ် ရှိသည်ဟု သူ ခံစားနေရလေသည်။
ဤသည်က ဘာကြောင့်လဲဆိုတော့ တချို့သော အမျိုးသမီးများက ထိုသို့သော အမျိုးအစားများ ဖြစ်နေသောကြောင့်ပင်။ အပေါ်ယံတွင် တည်ကြည်လေးနက်သည့် အထာနှင့် ဆိုဒ်ဖမ်းနေကြသော်လည်း အတွင်းစိတ်တွင်တော့ တဏှာရမက်မီးက အင်မတန် ပြင်းထန်လေ့ရှိကြသည်။ အန်းနင်သည်လည်း ထိုသို့သော အမျိုးသမီး တစ်ယောက် ဖြစ်နေပုံပင်။
ကြည့်ရသည်မှာ သူ အတိတ်တုန်းက သူမ အပေါ်တွင် အကဲဖြတ်မှု မှားယွင်းခဲ့ပုံရ၏။
“ ခုလောလောဆယ် သူ့အကြောင်း မပြောကြစို့ကွာ… ဟမ်… မာဟုန်ရဲ့ဆိုတဲ့သူ ပြန်ရောက်လာပြီပဲ…”
ကျန်းရှောင်ကျွင်း နောက်သို့ လှည့်ကြည့်လိုက်ပြီး မာဟုန်ရဲ့ တံခါးဝကနေ အထဲသို့ ဝင်လာနေသည်ကို လှမ်းမြင်တွေ့လိုက်ရသည်။
“ အစ်ကိုမာက တော်တော်လေး မြန်တာပဲ… ငါးမိနစ်တောင် မရှိသေးဘူး သူက……..”
သူ့စကား မဆုံးသေးခင်မှာပဲ ကျန်းရှောင်ကျွင်း၏ ပြောလတ္တံ့ စကားလုံးတို့ ပျောက်ဆုံးသွားခဲ့ရ၏။
ဘာကြောင့်လဲဆိုတော့ လင်းရီသည်လည်း အထဲသို့ လိုက်ပါဝင်ရောက်လာပြီး မာဟုန်ရဲ့ ဘေးတွင် မှဲ့တစ်ပေါက် စွန်းခြင်း ရှိမနေသောကြောင့်ပင်။
တုယွီ့မင်နှင့် ကျန်းရှောင်ကျွင်းတို့ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြပြီး ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြလေသည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက ထိုကောင်မှာ ယခုအချိန်လောက်ဆို မြေကြီးပေါ်တွင် မှေးစက်နေသင့်သူ ဖြစ်သည်။
တံခါးဝတွင် ရပ်နေရင်း လင်းရီနှင့် မာဟုန်ရဲ့တို့ တုယွီ့မင် ရှိသည့် နေရာထံ လှမ်းကြည့်လိုက်ကြ၏။
ထို့နောက် လင်းရီ မာဟုန်ရဲ့၏ နားအတွင်းသို့ စကားလုံး အနည်းငယ် ပြောပြီး အပြင်သို့ ပြန်ထွက်သွားခဲ့လေသည်။
မာဟုန်ရဲ့သည် တုယွီ့မင်နှင့် ကျန်းရှောင်ကျွင်းတို့ ရှိသည့် စားပွဲဝိုင်းထံ တန်းမတ်စွာ ဦးတည်လာခဲ့၏။
“ သူရောက်လာပြီ… ဘာတွေဖြစ်နေလဲ သူ့ကို မေးလိုက်…”
ကျန်းရှောင်ကျွင်း ခေါင်းညိမ့်လိုက်၏။ မာဟုန်ရဲ့ ရောက်လာနေသည်ကို မြင်တော့ သူ မတ်တပ်ရပ်၍ “ အစ်ကိုမာ …. ဘာတွေ ဖြစ်နေတာလဲ… ငါမင်းကို မပြောထား…..”
ဝှစ်….
မာဟုန်ရဲ့ သကောင့်သားကို စကားပြောရန် အခွင့်အရေးမပေးဘဲ ရောက်ရောက်ချင်း ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။
“ ငိုးမသား ငိုးပဲ … မင်းငါ့ကို လှည့်စားတယ်…. ငါမင်းကို ဒီကနေ့ သေအောင် သတ်မယ်….”
“ အစ်ကိုမာ မင်းဘာလို့ ငါ့ကို ရိုက်နေတာတုန်း… သူ မင်းကို လာဘ်ထိုးလိုက်လို့လား…”
“ ငါ မင်းကို သတ်မယ် ခွေးသူတောင်းစား…. *ပဲ…”
မာဟုန်ရဲ့ တစ်ချက်ကလေးမျှပင် တုံ့ဆိုင်းခြင်း မရှိပဲ သူ့ဘေးရှိ အရက်ပုလင်းတို့ဖြင့် ကျန်းရှောင်ကျွင်း၏ ဦးခေါင်းကို တစ်ခေါက်ပြီး တစ်ခေါက် ရိုက်ခွဲနေတော့သည်။ အခြေအနေမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ရင်း ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းကုန်တော့၏။
……………..
နောက်တစ်နေ့ နံနက်တွင် မနက်ခင်း၏ ရောင်နီက ပြတင်းပေါက်ကနေတဆင့် အခန်းတွင်းသို့ ဖြာကျနေသည်။
အိပ်ရာ ကုတင် အကျယ်ကြီးထက်တွင် တအိအိနှင့် တောင်များကဲ့သို့ မို့မောက်နေသည့် ပုံရိပ်တစ်ခုက ဆွဲဆောင်မှုရှိစွာဖြင့် တသိမ့်သိမ့်တုန်ချိနေသည်။
နေအလင်းရောင်ကို မြင်နေရပြီး ဖြစ်သော်လည်းပဲ မရေရာသည့် လေထုက အခန်းတွင်း လုံးဝ လျော့ပါးသွားခြင်း မရှိချေ။
အန်းနင်သည် အိမ်မက်လှလှမက်နေသည့် ကလေးလေး တစ်ယောက်ကဲ့သို့ သူမ၏ ရှည်လျား ကော့စင်းသည့် မျက်တောင်ရှည်ကြီးများအား ပုတ်ခတ်ပုတ်ခတ်ပြုရင်း နိုးထလာခဲ့၏။
ရုတ်တရက်ဆိုသလို သူမ၏ မျက်လုံးတို့ ရုတ်ချည်း ပြူးကျယ်သွားခဲ့ပြီး အိမ်တွင်းရှိ အရာအားလုံးကို ကြောက်လန့် တုန်လှုပ်စွာ ငေးကြည့်နေတော့သည်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနှင့် ဤသို့သော မြင်ကွင်းက မည်သည့်နေရာလဲ ဆိုတာကို သူမ မသိဘဲ မနေချေ။
သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည့် ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ယင်နေပြီး စောင်ကို လှပ်၍ အောက်ငုံ့ကြည့်လိုက်တော့ မျက်စိကျိန်းလောက်သည့် သက်တံ့တစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ယင်းက ရှော့ခ်ရဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။
အန်းနင်၏ မျက်နှာလေးမှာ သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး လင်းရီ ယမန်နေ့ညက လျှောက်ပြောနေသည်ဟုသာ ထင်မှတ်ထားခဲ့သော်လည်း ယခုလို တကယ်ကြီး ပြုလုပ်ခဲ့လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားရင်း ….
အန်းနင် ကြည့်ရသည်မှာ သိပ်ပြီး အံ့အားသင့်နေဟန်တော့ မပေါ်ချေ။ ကုတင်ပေါ်၌သာ ငေးငိုင်စွာ ထိုင်နေရင်း မည်သည့် ဆူညံလှုပ်ရှားမှုကိုမျှလည်း မပြုလုပ်ချေ။ သူမဘာတွေ စဉ်းစားနေလဲ ဆိုတာကိုတော့ သူမ သာလျှင် သိ၏။
ထိုအချိန်၌ ရေချိုးခန်းထဲကနေ ရေစီးကျသံများ ထွက်ပေါ်လာပြီး မကြာမီမှာပဲ လင်းရီ ရေချိုးခန်းထဲကနေ ထွက်လာကာ အန်းနင် အိပ်ရာက နိုးလာပြီ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။
“ ဘယ်လိုနေသေးလဲ… ကောင်းသွားပြီလား…”
အန်းနင် စကားတစ်ခွန်းမျှ မပြောချေ။ သူမ၏ တစ်ခုတည်းသော တုံ့ပြန်မှုက အဆုံးမဲ့သည့် ထူးမခြားနားသော အမူအရာတစ်ခုသာလျှင် ဖြစ်သည်။
“ မနေ့ညက ဖြစ်ခဲ့တဲ့ ကိစ္စကို နင် ဘယ်သူ့ကိုမှ လိုက်မပြောဘူးလို့ ငါ မျှော်လင့်တယ်…”
လင်းရီ မျက်မှောင်ကြုတ်မိသွားခဲ့ပြီး ခေါင်းညိမ့်လိုက်လေသည်။
“ ဒါပေါ့… ဘာပဲဆိုဆို မင်းက လက်ထပ်တော့မယ့်သူလေ… ငါ မင်းကို ကူပြီး ဒီလျှို့ဝှက်ချက်ကို ထိန်းထားပေးမှာပါ…”
“ ငါ နောက်ရက် အနည်းငယ်အထိ ဓာတ်ခွဲခန်း သွားနိုင်မှာ မဟုတ်ဘူး… နင့်ကို ဧည့်ခံဖို့ ကိစ္စတော့ ဒါရိုက်တာချိန်ကို တခြားတစ်ယောက်နဲ့ လူစားလဲပေးဖို့ ပြောလိုက်မယ်…”
“ အာ…. မင်းက ငါ့ကို တခြားနေရာတွေ လိုက်မပြပေးတော့ဘူးပေါ့…” လင်းရီ ပြောလိုက်သည်။
“ ပြောတော့ ငါ့ကို ညနေကျ ထမင်းလိုက်ကျွေးမယ်ဆို… မင်းက ကိစ္စပြီးသွားတာနဲ့ လူကို မေ့သွားပြီပေါ့..”
“ နင် မပြောနဲ့လို့….” အန်းနင် သူမ၏ အသံကို မြင့်ပြီး အေးစက်စက် ပြောဆိုလိုက်သည်။
“ မမ … မင်း ရူးနေတာလား… ငါ မင်းကို ဘာများ လုပ်ခဲ့မိလို့…”
“ ငါ့ကို ဘာမှ လာမပြောနဲ့…” အန်းနင် အေးစက်စွာ ပြန်ပြောလိုက်သည်။
“ ငါတော့ စောက်ရမ်း လေးစားသွားပြီ… ဒါ ဘယ်လို စရိုက်မျိုးလဲ… " လင်းရီ သူ့ကိုယ်သူ တဘက် တစ်ထည်ဖြင့် ပတ်ထားရင်း ကုတင်ဘေးရှိ ကြိုးဖုန်းကနေ တဆင့် ကောင်တာကို လှမ်းဆက်လိုက်သည်။
“ မင်းတို့ အဝတ်တွေ လျှော်ပြီးပြီလား…”
“ မြန်မြန် ယူလာခဲ့ပေးတော့…”
လင်းရီ ဘာလုပ်ချင်နေလဲဆိုတာကို အန်းနင် မသိသော်လည်း ယခုလက်ရှိ သူမ၏ စိတ်အခြေအနေက ထို ကိစ္စကို အရေးတယူပြုနေရန် အာရုံမရှိချေ။
မိနစ် အနည်းငယ်ကြာပြီးနောက် တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး လင်းရီ တံခါးသွားဖွင့်လိုက်၏။
“ လူကြီးမင်းရဲ့ အဝတ်တွေ လျှော်ပြီးသွားပါပြီ… ကျွန်မတို့ ဟိုတယ်ရဲ့ အခြောက်လျှောက်တဲ့ ဝန်ဆောင်မှုက လူကြီးမင်းတို့ တစ်ဦးချင်းစီရဲ့ အဝတ်တွေကို သီးသန့်လျှော်ပေးတာပါ… စိတ်သန့်သန့်နဲ့ ဝတ်လို့ရပါတယ်ရှင့်….”
“ ကောင်းပါပြီ.. ကျေးဇူးပဲ…” လင်းရီ အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်ပြီး ဝန်ထမ်းကို ပြန်လွှတ်လိုက်သည်။
အန်းနင် မသိစိတ်အလျောက် လှမ်းကြည့်မိလိုက်တေ့ လင်းရီ၏ အဝတ်များသာလျှင် မဟုတ်ဘဲ သူမ၏ အဝတ်အစားများလည်း ပါနေကြောင်းကို သတိထားမိလိုက်လေသည်။
“ နင် ငါ့ အဝတ်တွေကို လျှော်ဖို့ ပေးလိုက်တာလား..”
“ မင်း ငါ့အပေါ် အန်ချခွဲထားတာလေ… လျှော်ဖို့ မပေးလိုက်တော့ ငါ့ကို ကိုယ့်ဘာကိုယ် လျှော်စေချင်နေတာလား ဟုတ်လား…”
“ အာ…..”
အန်းနင် တစ်စုံတစ်ရာ လွဲချော်နေသည်ဟု ခံစားလိုက်ရ၏။
သူမ အမျိုးသမီးများ၏ ကိစ္စကို ကောင်းစွာ နားလည်လေသည်။ အကယ်၍ ထိုသို့ တစ်စုံတစ်ရာသာ တကယ်ကြီး ဖြစ်ပျက်ခဲ့သည်ဆိုပါက သူမ၏ လိပ်ပြာလေးမှာ အဘယ်ကြောင့် နာကျင်ခြင်း မရှိရသနည်း။
“ ငါ မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ…”
“ မင်း အမူးလွန်ပြီး ရူးသွားခဲ့တယ်လေ… ငါ့ကို ဒယ်ဒီ ဒယ်ဒီနဲ့ ခေါ်နေပြီးမှ မခေါ်နဲ့လို့ ဘယ်လောက်ပြောပြော တားလို့ကိုမရဘူး…”
“ သေလိုက်ပါလား… ငါ ဘယ်တော့မှ အဲ့လိုစကားမျိုး ပြောမိမှာ မဟုတ်ဘူး…”
“ မင်းက ဘာတွေ ထင်နေလို့… မင်းနဲ့ အိပ်ဖို့လား…. ဝေးသေး ... ကိုယ့်ကိုယ်ကို အထင်ကြီးမနေစမ်းနဲ့… မင်းက ငါနဲ့ အတူ အိပ်ဖို့ အရည်အချင်း မမှီသေးဘူး…”
“ နင်ကများ ပြောရတယ် ရှိသေးတယ်နော်…” အန်းနင်၏ မျက်နှာ လှလှလေးမှာ ဒေါသတို့ကြောင့် နီရဲနေပြီး ကုတင်ဘေးသို့ ရွေ့လျားသွားခဲ့ကာ ရဲရဲနီနေသည့် သွေးစွန်းကွက် တစ်ခုကို ချန်ရစ်ထားခဲ့လေသည်။
“ နင် ဒါကို ဘယ်လို ရှင်းပြမလဲပြော… နင်ငါ့ကို ဖြေရှင်းချက် ပေးစမ်း…”
လင်းရီ မျက်မှောင်ကြုတ်မိသွားခဲ့ပြီး သူ၏ အမူအရာမှာ ရှုပ်ထွေးနေဟန်ပင်။
“ မမ… မင်း အသံကို လျှော့ပြီးပြောပါ ဟုတ်ပြီလား… မင်း အရှက်မရှိတာကြီးက ငါတောင် ရှက်မိတဲ့ အထိပဲ…”
“ နင်ကသာ အရှက်မရှိတဲ့လူ… ငါက ဖြူစင်တဲ့ မိန်းကလေး… နင်ငါ့ကို ဖျက်ဆီးပစ်လိုက်ပြီ… နင် လူယုတ်မာ…. နင် .... ”
“ မင်းရဲ့ ဇီဝနာရီကနေ စပရိုက် ရောက်လာတာ ငါနဲ့ ဘာဆိုင်လို့…”