မြောက်ပိုင်းသူတွေကို သွားမရှုပ်သင့်
Vol. 96 Ch. 1427
“ ငါ့… ငါ့ရဲ့ ဇီဝနာရီ…”
အန်းနင်၏ ဆံပင်တို့ ဖွာတာနေပြီး သူမ၏ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည့် ခံစားချက်တို့က ရပ်တန့်သည့် ခလုတ်ကို နှိပ်လိုက်သည့်နှယ် ပျောက်ကွယ်သွားခဲ့လေသည်။
“ မင်းက မင်းရဲ့ အရက်ကို ကောင်းကောင်းမှ မထိန်းချုပ်နိုင်တာ… ဒါကြောင့်မို့ အောက်က မင်းရဲ့ ညီမလေးက မနေ့ညက မင်းသောက်ထားတဲ့ ဝိုင်နီတွေ အကုန်လုံးကို ပြန်အန်ထုတ်နေတာ… ဒီလောက်ဆို ဘာဖြစ်လဲ နားလည်သွားပြီလား…”
အန်းနင် တံတွေးမျိုချသွားမိခဲ့၏။ အခန်းတွင်းရှိ လေထုကလည်း အလွန်အမင်း ကိုးရို့ကားယား နိုင်လာလေသည်။
သူမ တွက်ချက်ကြည့်လိုက်တော့ ပုံမှန်ထက် နှစ်ရက်စောနေသည်ကို သိရှိလိုက်ရသည်။ မူမမှန်မှုက လက်ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိသေးသည်။ သူမ မနေ့ညက အလွန်အကျွံ သောက်ခဲ့သည်ကိုပါ ထည့်ပေါင်းလိုက်တော့…..
တိတ်ဆိတ်စွာဖြင့် အန်းနင် စောင်အောက်သို့ ပြန်ပြီး လျောဝင်သွားခဲ့၏။ ပုံမှန် မဟုတ်သည့် သွေးကွက်ကို မြင်တော့ သူမ သွေးအန်ချင်လောက်သည်အထိ အရှက်ရနေမိတော့သည်။
“ မမ … မင်း စောင်အောက်မှာ ပုန်းပြီး ဘီလုံးငှက်လေးလို အဲ့တာ ဘာလုပ်နေတာလဲ…”
“ ငါ … ငါတောင်းပန်ပါတယ်… ငါနင့်ကို အထင်လွဲခဲ့မိတယ်…”
“ မင်းကိုက စိတ် မတည်မငြိမ် ဖြစ်နေလို့ပါ… ငါ ပြောပြီးပြီပဲမလား… C cup တွေက ငါကြိုက်တဲ့ ပုံစံ မဟုတ်ပါဘူးလို့… ဒါတောင် အဲ့ဒီဘက်ကို သွားပြီး စဉ်းစားမိတယ်ပေါ့… မင်းရဲ့ အတွေးတွေကို ငါ နားကို မလည်တော့တာ…”
လင်းရီ သူ၏ အဝတ်များ ပြန်ဝတ်ရင်း ပြောလိုက်သည်။
“ ငါ့ အကြိုက်က အဲ့လောက်ထိ မဆိုးရွားသေးပါဘူး…”
လင်းရီ သူမကို တစ်ဖန်ထပ်ပြီး စော်ကားပြောဆိုနေကြောင်းကို အန်းနင်သိသော်လည်း ပြန်လည် ငြင်းခုံမှု ပြုရန် ရှက်ရွံ့နေမိလေသည်။
ယနေ့ ဖြစ်ပျက်သွားခဲ့သည်များက ရှက်ဖို့ အင်မတန် ကောင်းလှ၏။
“ ငါလည်း ငါ့အမှားကို သိပြီးပါပြီ… နင့်ကို စိတ်ချလို့သာ မဟုတ်ရင် ငါကရော အဲ့လောက်ထိ မူးနေအောင် သောက်မိမှာလား…”
“ မင်းငါ့အပေါ် အန်ချခဲ့တာတွေက နည်းတာ မဟုတ်ဘူးနော်… ငါ့ကိုတောင် ပြန်အန်စေလုနီးပါးပဲ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါ့ပေါ် အန်ချရုံတင် မကသေးဘူး… ငါ့ဖုန်းပေါ်ရောပဲ… အဆိုးဆုံးကတော့ ငါ့ဖုန်းပေါ် အန်ချပြီး ဖုန်းက ပျက်သွားတာပဲ… တစ်ညလုံး အန်ထုတ်နေတာ အရက်တွေလား ဒါမှမဟုတ် အစာအိမ်ထဲက ဟိုက်ဒရောလစ် အက်စစ်တွေလားတောင် မသဲကွဲတော့ဘူး…”
“ ငါတို့ အဲ့ ကိစ္စ မပြောလို့ မရဘူးလား… ငါနင့်ကို တောင်းပန်ပြီးပြီလေ…” အန်းနင် နူးညံ့သည့် လေသံဖြင့် ပြောလိုက်၏။
“ ကောင်းပြီလေ… ဒါဆိုလည်း တခြား အကြောင်းပဲ ပြောကြတာပေါ့… ဘာပဲ ဆိုဆို မင်းက ငါနဲ့ အတူသောက်တာဆိုတော့ ငါ့မှာလည်း တာဝန်ရှိတာပဲ…”
သူ၏ အဝတ်များ ဝတ်ပြီးနောက် လင်းရီ အန်းနင်၏ အဝတ်များကို ပစ်ပေးလိုက်သည်။
“ မြန်မြန် ဝတ်… ဆယ်နာရီကျော်နေပြီ… ဗိုက်ဆာလှပြီ…”
အန်းနင် သူမ၏ အဝတ်များကို တိတ်ဆိတ်စွာ ယူလိုက်ပြီး သူမဘက်က မှားယွင်းထားသဖြင့် လင်းရီ အပေါ် အတွန့်မတက်ရဲတော့ချေ။
“ အမ်…. ငါ နင့်ကို အကူအညီတစ်ခုလောက် ထပ်တောင်းလို့ ရမလား…”
“ ဘာကိုလဲ…”
“ ဟိုဟာလေ…” အန်းနင် တုံ့ဆိုင်းနေပြီး “ ငါ ရက်ကို မှားပြီး တွက်ထားမိလိုက်တာ… ငါ့ရဲ့ အန်တီက နှစ်ရက်စောရောက်လာတော့ ပြင်ဆင်ထားတာတွေလည်း မရှိဘူး… နင်ငါ့ကို ဟိုဥစ္စာ သွားဝယ်ပေးပါလားလို့…”
“ အာ…”
ထိုကဲ့သို့သော ဇာတ်လမ်းမျိုးက သူ့ထံတွင် ဖြစ်ပျက်လာလိမ့်မည်လို့ လင်းရီ မထင်ချေ။
“ အဲ့လို အရာမျိုးက ငါ့လို အမျိုးသား တစ်ယောက် သွားဝယ်ပေးလို့ သင့်တယ် ထင်လား…”
“ မသင့်လျော်ဘူးဆိုတာ ငါနားလည်ပါတယ်ဟာ… ဒါပေမယ့် ငါလည်း တတ်မှမတတ်နိုင်တာ… ဒီလိုပုံစံမျိုးနဲ့ အိပ်ရာပေါ်က ထလို့ မရဘူးလေ…”
“ အိမ်သာသုံး တစ်သျှူးနဲ့ လုပ်လို့ကော မရဘူးလား…”
“ ဘယ် အလုပ်ဖြစ်မှာလဲ…”
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး ခေတ္တမျှ စဉ်းစားကြည့်လိုက်၏။
အိမ်သာသုံး စက္ကူကို အသုံးပြုသည်က နည်းနည်းလေး ရယ်စရာကောင်းသည်ဟု သူ့ကိုယ်သူ ပြန်တွေးမိနေတော့သည်။
“ ငါ့မှာ ဖိနပ်အတွင်းပိုင်းမှာ ခုတဲ့ အပြားလေးတွေ ရှိတယ်… မင်း အဲ့တာနဲ့ စမ်းကြည့်ပါလား… ငါ့အထင်တော့ ဆိုဒ်က အတူတူလောက်လို့ ထင်တယ်.. ချွေးလည်း ကောင်းကောင်းစုပ်တယ်လေ…”
အန်းနင် “ … “
“ အဲ့ဒီ ဖိနပ်ခုတဲ့ပြားတွေ သုံးလို့ သင့်မယ်ထင်လို့လား သူတောင်းစားရဲ့… ငါနင့်ကို တကယ်ကြီး ဆောင့်ကန်ပစ်ချင်လာပြီ…”
အန်းနင် ရှူးရှူးရှားရှားတွေ ဖြစ်နေလေသည်။
အိမ်သာသုံး စက္ကူနည်းလမ်းကို သူမ သည်းခံနိုင်သော်လည်း ဖိနပ်ခုတဲ့ အပြားကိုတော့ သူမ မည်သို့မျှ သည်းမခံနိုင်ချေ။
ယခုလို အတိုင်း ကြာလျှင်တော့ သူမ မီးယပ်ဌာနသို့ သွားရောက် စစ်ဆေးကြည့်ရမည့် ပုံစံပင်။
သို့ပေမယ့် အဆုံးတွင် အန်းနင် သည်းခံထားလိုက်သည်။ မည်သို့ပင် ဆိုစေ သူမဘက်က မှားယွင်းနေခဲ့သူပင်။
“ မြန်မြန် ငါ့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ကူစဉ်းစား ပေးစမ်းပါ… ဒီလို ပုံစံကြီးနဲ့ အိပ်ရာထဲက ထွက်လို့ မရဘူး… ငါ လှုပ်ရှားလိုက်ရင် ပစ်လဲသွားတော့မှာလို့တောင် ခံစားနေရတယ်…”
“ စောင့်ဦး… ငါ စဉ်းစားနေတယ်…”
ရွေးချယ်စရာ မရှိသည်နှင့် လင်းရီ အပြင်သို့ ထွက်ပြီး ဝန်ထမ်းတစ်ယောက်ကို ပိုက်ဆံပေးပြီး သူ့ကိုယ်စား သွားဝယ်ခိုင်းလိုက်သည်။ ပိုသည့် ပိုက်ဆံကိုလည်း မုန့်ဖိုး ယူထားဖို့ ပြောလိုက်၏။
နာရီဝက်လောက် ကြာတော့ အန်းနင် အိပ်ရာကနေ ထပြီး အဝတ်များ ဝတ်နေသည်။
သို့သော် လင်းရီနှင့် မျက်နှာချင်းဆိုင်ရာတွင်တော့ သူမ လိမ်တွန့်သွားခဲ့တော့၏။
သူနှင့် မျက်လုံးချင်းဆိုင် စကားပြောဖို့ရာပင် ယုံကြည်ချက်တို့ ကင်းမဲ့နေလေသည်။
“ အဟမ်း… အရင် တစ်ခုခု သွားစားကြတာပေါ့… ငါ နင့်ကို ခဏက ဖုန်းပြန်ဝယ်ပေးမယ်…”
“ အနည်းဆုံးတော့ မင်းမှာ အသိစိတ်လေးတော့ ရှိသေးသားပဲ…”
“ ငါ နင့်ကို မေးချင်တာ တစ်ခု ရှိသေးတယ်…”
“ ဘာလဲ…”
“ နင် ငါ့ကို မနေ့ညက အဝတ်အစား လဲပေးခဲ့တာလား…”
“ မင်း အတွေးလွန်နေပြီ… အဲ့လိုမျိုးတွေ လုပ်ဖို့ စိတ်မဝင်စားဘူး…”
အန်းနင် စိတ်သက်သာရစွာဖြင့် သက်ပြင်းချမိလိုက်၏။
လင်းရီကဲ့သို့ မရေမတွက်နိုင်သည့် မိန်းမလှလေးများနှင့် ဆုံခဲ့ဖူးသည့် လင်းရီသည် ထိုကဲ့သို့သော အရာမျိုးကို လိမ်ပြောလိမ့်မည်လို့ သူမ မထင်ပေ။
“ ငါ ဘရာ အကြောင်းကိုတော့ မပြောတော့ပါဘူး… ရိုးစင်းပြီး ဆွဲဆောင်မှုကို မရှိတာ… ဒါပေမယ့် လူက အသက် ၃၀ ရှိတော့မှာတောင် အဲ့ဒီ ဘဲပုံစံ အတွင်းခံတွေ ဝတ်နေတုန်းပဲဆိုတော့ မင်းက တစ်ခုခုတော့ တစ်ခုခုပဲ…”
ဟင်….
အန်းနင် ရှက်ရွံ့သွားခဲ့ရလေသည်။
“ နင် ပြောတော့ နင်ငါ့ အဝတ်တွေကို မလဲပေးဘူးဆို..”
“ ဟိုတယ် ဝန်ထမ်းတွေ လဲတာလေ… ငါက ဘေးကနေ ကြည့်ပဲ ကြည့်တာ…”
အန်းနင် “ …. “
အန်းနင် မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ထားလျက်ရှိပြီး မနေ့ညက သူမ၏ ဂုဏ်သိက္ခာများအားလုံး ဆုံးရှုံးသွားခဲ့ရပြီဟု ခံစားနေရတော့သည်။
“ ထမင်းသွားစားကြမယ်… ဒီ အကြောင်းတွေကို မေ့လိုက်တော့… နောက် ဘယ်တော့မှ ပြန်ပြီး အစမဖော်နဲ့တော့ ကြားလား…”
“ အိုကေ… ဘယ်သူ့မှ ပြန်မပြောဘူး စိတ်ချထားလိုက်…”
လင်းရီ ပြောလိုက်ပြီး “ ငါလည်း ငါ့ကိုယ်ငါ C cup ပဲ ရှိတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တစ်ည အတူနေခဲ့တာကို မယုံကြည်နိုင်ဘူး… ကျိုးဟိုင်က ငါ့ဘော်ဒါတွေသာ သိလို့ကတော့ ဟားတိုက်လိုက်ကြမယ့် ဖြစ်ခြင်း…”
“ အင်း အင်း ဟုတ်တယ်.. ငါကိုက မတန်တာပါ… မြန်မြန် ထမင်းစားစို့…”
အန်းနင် လင်းရီကို ဟိုတယ်ထဲကနေ အလျင်အမြန် ဆွဲထုတ်လာလေသည်။
သို့သော် သူမ ဘေလ်ရှင်းသည့် အခါ၌ ဆတိုး ထိခိုက်မှုများ ခံစားလိုက်ရတော့၏။ အဘယ်ကြောင့်ဆိုသော် အိပ်ရာခင်းတွင် သွေးများ စွန်းထင်းနေသဖြင့် အပိုကြေး ပေးလိုက်ရသည်။
အပြင်ဘက်၌ နေသာနေပြီး ဖြစ်သော်လည်း ဘေလ်ရှင်းသည့် အချိန်တုန်းက ဝန်ထမ်းကောင်မလေးကို သူမကို ကြည့်သည့် အကြည့်ကို ပြန်တွေးမိတော့ သူမ ရှက်လွန်း၍ တွင်းတူးပြီး ဝင်ပုန်းအောင်း ချင်မိနေတော့လေသည်။
ဟိုတယ် အပြင်ဘက်တွင် နှစ်ယောက်သား နံနက်စာ ရောင်းသည့် ဆိုင်တစ်ဆိုင် ရှာတွေ့သွားခဲ့ပြီး မနက်စာကို ပဲနို့နှင့် အီကြာကွေး စားလိုက်ကြ၏။
ထို့နောက် အန်းနင် လင်းရီကို ဖုန်းဆိုင် တစ်ဆိုင်သို့ ခေါ်လာခဲ့ပေးကာ ဖုန်းအသစ်တစ်လုံး ပြန်ဝယ်ပေးလိုက်သည်။ ထိုအခါမှပဲ ကိစ္စလည်း ဆုံးခန်းတိုင်သွားခဲ့တော့၏။
“ ငါအခု ဓာတ်ခွဲခန်းကို သွားတော့မလို့… ဒီတော့ ဒါရိုက်တာချိန်ကို ဖုန်းဆက်ပြီး ငါ့ကို ကြိုပေးဖို့ လူတွေ လွှတ်ခိုင်းမနေနဲ့… ငါက အရေးပါတဲ့ ကောင်လည်း မဟုတ်ဘူး… အဲ့လောက်ထိ ကိန်းကြီးခန်းကြီးတွေ လုပ်ပေးနေစရာ မလိုဘူး… မင်းလည်း လုပ်စရာရှိသာ သွားလုပ်တော့…” လင်းရီ ပြောလိုက်သည်။
“ ငါ ခုလေးတင် မပြောထားဘူးလား… ဒီကိစ္စ ထပ်မပြောပါနဲ့တော့ဆိုနေ… ဘာလို့ ထပ်ပြီး ပြောနေသေးတာလဲ…” အန်းနင် အတွန့်တက်လေသည်။
“ ငါ ဘာများ ပြောမိသွားလို့… မင်းဘာမင်းပဲ ပြောတာလေ… မင်း ဒီနေ့ ဓာတ်ခွဲခန်း မသွားနိုင်ဘူး… ဒါရိုက်တာချိန်ကို ဖုန်းဆက်ပြီး လူစားလွှတ်ပေးမယ် ပြောခဲ့တာ မဟုတ်ဘူးလား…” လင်းရီ ပြန်ပြောလိုက်၏။
“ ငါ အဲ့လိုပြောခဲ့တာက…..”
အန်းနင် တစ်စုံတစ်ရာကို ပြောလိုက်ချင်သော်လည်း အတင်း ကြိတ်မှိတ်ပြီး စကားတန့်လိုက်ရ၏။
“ မင်းပြောချင်တာကို ငါ နားလည်တယ်..”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းရင်း “ ဘယ်လိုတောင် သနားဖို့ကောင်းထားလဲ… လူကဖြင့် အသက် ၃၀ တောင်ရှိတော့မယ်… ကာမ သုခကို ခုထိ မခံစားဖူးသေးဘူး… ငါ မင်းကိုယ်စား အရမ်း စိတ်မကောင်း ဖြစ်မိတယ်…”
“ ငါကလည်း တပ်မက်နေတဲ့ လူစားမျိုး မဟုတ်ပါဘူးနော် ကျစ်…..” အန်းနင် ကားမောင်းရင်း ပြောလိုက်ပြီး “ ပြီးတော့ ငါ့ကို အထင်သေးပြီး လာကြည့်မနေနဲ့… နင့် ပုံစံက ငါကပဲ ကမ္ဘာကြီးကို မမြင်ဖူးသေးတဲ့ ဖားသူငယ်လေးကျလို့…”
“ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်အနေနဲ့ အဲ့လို ကိစ္စမျိုးကို မကြုံဖူးသေးဘူးဆိုရင် ပျော်ရွှင်မှုက ဘာလဲ ဆိုတာ သိမှာ မဟုတ်ဘူး… မင်း ကမ္ဘာကြီးကို မမြင်ဖူးသေးလို့ ပြောရင်လည်း မမှားဘူး…”
“ နင်က အများကြီး သိနေတယ်လို့ ငါ့ကို လာမပြောနဲ့…”
“ ဒါပေါ့ ငါ သိတာပေါ့…”
“ ဒါပေမယ့် နင့်ရဲ့ အဲ့ဒီ ပျော်ရွှင်မှုက နင့်အမြင်သပ်သပ်ပဲလေ… နင် ဒါမှမဟုတ် အဲ့လို အမျိုးသားတွေကိုပဲ ကိုယ်စားပြုနိုင်မယ်.. ငါတို့လို အမျိုးသမီးနဲ့ ဘာမှမဆိုင်ဘူး…”
“ ဒီလို ကိစ္စမျိုးဆိုတာ လူနှစ်ယောက်က တက်ညီလက်ညီ ကြိုးပမ်းရတာကို မဆိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ…”
ရှေ့တွင် မီးပွိုင့်ရှိတော့ အန်းနင် ကားကို ရပ်တန့်လိုက်ပြီး လင်းရီကို လေးလေးနက်နက် စိုက်ကြည့်ပြီး မေးလိုက်သည်။
“ ဒါဆို ငါမေးပါဦးမယ်… Top တစ်ယောက်အနေနဲ့ နင်က Bottom ဖြစ်ရခြင်းရဲ့ သာယာမှုကို ဘယ်လိုလုပ်ပြီး နားလည်နေတာလဲ…”
(Top - ဦးဆောင်သူ
Bottom - ဦးဆောင် ခံရသူ )
လင်းရီ ပြောစရာစကား ကင်းမဲ့သွားရတော့သည်။
ဖက်ခ်….
ဒါ မေးခွန်းသတ်တာပဲ…
မြောက်ပိုင်းသူတွေကို သွားရှုပ်လို့ မရဘူးပဲ…
ယုတ္တိအတွက် အမှတ်ပြည့်ပေးတယ်…