လျှို့ဝှက်စွာ လက်စားချေခြင်း
Vol. 96 Ch. 1433
“ ကောင်းပြီ.. မင်းရဲ့ ချွေးတွေ နောက်မှ သုတ်တော့.. လူနာက ခဏဆိုရင် ထွက်လာတော့မှာ.. နာ့စ်ကို ကူပေးလိုက်ဦး…”
“ အိုကေ…”
ထိုအခိုက်အတန့်တွင် မည်သူကမျှ အန်းနင်၏ ရှုပ်ထွေးပွေလီနေသည့် ခံစားချက်တို့ကို နားလည်နိုင်ကြလိမ့်မည် မဟုတ်ချေ။
သူမ၏ အဖေက ယမမင်းလက်ထဲကနေ ပြန်လည်ကယ်တင်ခြင်း ခံခဲ့ရ၏။ သို့သော် လင်းရီအတွက် သူမ၏ ခံစားချက်များကို မည်သို့ ဖော်ပြရမှန်း မသိ ဖြစ်နေလေသည်။
သို့ပေမယ့် နှုတ်က မဆိုသည့်တိုင် လင်းရီ သူမ၏ ခံစားချက်များကို နားလည်နိုင်လိမ့်မည်လို့ အန်းနင် ယုံကြည်ပါသည်။
မကြာမီ လင်းရီ၏ စီစဉ်ပေးမှုအောက်တွင် အန်းကော်ဟွားက အဆင့်မြင့် သီးသန့် လူနာခန်းထဲတွင် နေရာချထားပေးခြင်း ခံလိုက်ရ၏။
အထူးကြပ်မတ်ဆောင်ကဲ့သို့ မကောင်းမွန်သော်လည်းပဲ ထို့ထက်လည်း မဆိုးလှချေ။
အကယ်လို့ ဤအရေးကိုသာ အန်းမိသာစု သို့မဟုတ် နီကျန်းရန်ကသာ ကိုင်တွယ်ခြင်း ပြုခဲ့မည် ဆိုပါက ယခုလိုမျိုး နေရာချထားပေးခြင်း ခံရဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
မိနစ် နှစ်ဆယ် ကြာပြီးနောက် အန်းကော်ဟွား၏ ကိစ္စကို ဖြေရှင်းလို့ ပြီးသွားခဲ့သည်။
သတိလစ် မေ့မြောနေသော်လည်းပဲ သူ၏ ဇီဝ လက္ခဏာများက ကောင်းမွန်ကြောင်း ပြသနေပြီး အချိန်တိုအတွင်း ပြန်လည် သက်သာ ကောင်းမွန်လာနိုင်သည်။
သို့သော် အစမှ အဆုံးထိတိုင်အောင် နီကျန်းရန်သည် မျက်နှာတစ်ကြိမ်လေးမျှပင် လာပြခြင်း မရှိခဲ့ချေ။ ကမ္ဘာမြေပေါ်ကနေ ကွယ်ပျောက်သွားသည်ဟုတောင် ထင်ရ၏။ အန်းမိသားစုကလည်း သူ့အကြောင်းကို အရေးလုပ်၍ ဂရုစိုက်မနေကြချေ။
“ ဒါရိုက်တာလင်းရှင့်… ခွဲစိတ်ပြီးတဲ့ နောက်ပိုင်း ဘေးထွက်ဆိုးကျိုးတွေရော ရှိသေးလား…” လျိုကွေ့ချင် မေးမြန်းလိုက်သည်။
အသက်ရှင်နိုင်သည်ကပင် အကောင်းဆုံးဖြစ်သော်လည်း လူတိုင်းက အကောင်းဆုံးကိုသာ မျှော်မှန်းကြလေသည်။ အကယ်လို့ အနာဂတ်တွင် ယခုလို ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ဖြစ်သည်ဆိုပါက မည်သူမျှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
“ ဘေးထွက်ဆိုးကျိုးတွေ မရှိပါဘူး… အဲ့ကိစ္စ စိတ်မပူပါနဲ့ အန်တီ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဘယ်လိုပဲ ပြောပြော အန်ကယ်က ခုလေးတင် ခွဲစိတ်မှု ခံယူပြီးတာဆိုတော့ ဒီရဲ့ ခွဲစိတ်မှုက သူ့ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု တစ်ချို့တော့ ရှိနေမှာပဲ… နောက်လတွေမှာ သူ့ကို အာဟာရဖြစ်စေမယ့် အစားအစာတွေ များများကျွေးပေး… လေ့ကျင့်ခန်းလည်း လုပ်ခိုင်းပေါ့… ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလောက်ဆိုရင်ကို အဆင်ပြေပြီ.. အပင်ပန်း ခံဖို့လိုတဲ့ လေ့ကျင့်ခန်းမျိုး မလိုဘူး… “
“ သူက မြည်းလိုကို ခေါင်းမာတာနော် ဒါရိုက်တာလင်း မသိလို့… ကျွန်မ သူ့ကို အရင်ကလည်း လေ့ကျင့်ခန်း လုပ်ဖို့ ဖြောင်းဖြပြီးပြီ အဘိုးကြီးက ဘယ်တော့မှ နားမထောင်ဘူး…”
“ အဲ့တာ အန်တီက နည်းလမ်းမှန်ကို ရှာမတွေ့လို့လေ… လူနာကို ဆေးကုသလိုမျိုးပဲ အနာနဲ့ ကိုက်တဲ့ဆေးတွေ့မှ ရောဂါက ပျောက်မှာ…”
“ တခြား နည်းလမ်း ရှိလို့လား…”
“ အန်တီကိုက လွယ်တာကို ခက်အောင် လုပ်နေလို့ပါ.. သူက အပြင်ထွက်ပြီး လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင် သူ့ကို ပန်းခြံသွားပြီး အန်တီကြီး တစ်ချို့နဲ့ ကခိုင်းလိုက်… လူတိုင်းထက်ကို ပိုပြီး စိတ်အားထက်သန်သွားဦးမယ်…”
“ နင် ဘာတွေ လျှောက်ပြောနေတာလဲ…” အန်းနင် လင်းရီကို စိုက်ကြည့်လိုက်ပြီး သူ့ကို လည်ပင်းညစ်ချင်နေသည့်ပုံပင်။
“ ငါ့အမေက ဒီမှာ ရှိနေတာကို နင်က ငါ့အဖေကို တခြား အန်တီကြီးတွေနဲ့ ကခိုင်းဖို့ အကြံပေးနေတယ်ပေါ့…”
လင်းရီ : “ အဲ့တာက မရယ်ရဘူးလား…”
အန်းမိသားစုဝင်များအားလုံး ရယ်မောလိုက်ကြပြီး မည်သူကမျှ ဟာသကို စိတ်ထဲထားမနေကြချေ။
“ သမီး… ၊ ညနေ ခြောက်နာရီတောင် ထိုးနေပြီ… ဒါရိုက်တာလင်းက အကြာကြီး အလုပ်လုပ်ထားရတာ ထမင်းတောင် မစားရသေးဘူး… ဒါရိုက်တာလင်းကို ထမင်း လိုက်ကျွေးလိုက်ပါဦးကွယ်…”
အန်းနင် ခေါင်းညိမ့်လိုက်သည်။ သူမ အဖေက ယခု အဆင်ပြေသွားပြီး သူမ အမေကလည်း ဂရုစိုက်ရန် ဆေးရုံတွင် ရှိနေမည် ဖြစ်သဖြင့် လူနာစောင့် လုပ်ပေးရန် မလိုတော့ချေ။
ထို့ပြင် လင်းရီက သူမအဖေ၏ ကယ်တင်ရှင် ဖြစ်လေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမ သူ့ကို ထမင်းတစ်နပ်တော့ လိုက်ကျွေးပေးသင့်၏။
“ ဒါဆိုလည်း သမီးတို့ အရင်သွားနှင့်တော့မယ်… အမေ တစ်ခုခု လိုရင် ဖုန်းဆက်လိုက်… ပြန်လာရင် အမေတို့ဖို့ ညစာ ဝယ်လာခဲ့ပေးမယ်…”
“ ငါတို့ရဲ့ ညစာ ကိစ္စကို စိတ်ပူမနေနဲ့…” အန်းကော်ရုံ ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက် အပြင်သွားပြီး တစ်ခုခု ကောင်းတာတွေ သွားစားကြ… ဒီက ကိစ္စ စိတ်မပူနဲ့… အန်ကယ် တစ်ယောက်လုံး ရှိနေမယ်…”
“ အင်း… “
တုံ့ပြန်ပြီးနောက် အန်းနင် လင်းရီကို ဆွဲခေါ်ထုတ်သွားလေသည်။
“ နင်ငါ့ကို စပရိုက် အကြီးကြီး ပေးလိုက်တာပဲ… နင်က ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာတင် မကသေးဘူး.. နတ်ဘုရားလို စွမ်းရည်တွေနဲ့ ဒေါက်တာ တစ်ယောက်လည်း ဖြစ်နေသေးတယ်… နှစ်ခုက ဘာဆိုဘာမှကို မဆိုင်တဲ့ ကိစ္စကြီးတွေနော်…”
“ အင်း… ပိုတတ်တော့ရော ပိုမကောင်းသွားဘူးလား…”
“ ငါတော့ နင်က သာမန်လူမဟုတ်ဘူးလို့ ထင်တယ်..” အန်းနင် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ နင်က ငါ့လောက်လည်း အသက်ရှိသေးမယ် မထင်ဘူး… ဒါတောင် ဒီလောက် ကျွမ်းတဲ့ ခွဲစိတ်စကေးတွေ ပိုင်ဆိုင်ထားနေပြီ.. နင်က လုံးဝ ဂျီးနီးယပ်စ်ပဲ….”
“ ငါ့ကို အဲ့လောက်တောင် မြှောက်ပင့်နေတာလား… ငါ ရှက်တောင် ရှက်လာပြီ…”
“ ဟုတ်နေတာကို ဘာရှက်စရာလိုလို့…”
“ ကောင်းပြီ… ငါ့ကို အဲ့လောက်ထိလည်း ချီးကျူးမနေနဲ့… ငါ့ဘေးနားမှာ သဘောကျနှစ်သက်သူတွေ လုံလုံလောက်လောက် ရှိနေပြီးသား…”
“ ကျစ်… ဘဝင်မြင့်မနေနဲ့…”
အန်းနင် သူမ၏ ဆံပင်ကို ဖြီးသပ်လိုက်ပြီး သာမန် သူမ၏ နဂိုပုံစံအတိုင်း ဖြစ်သွားခဲ့လေသည်။
“ နင် စားချင်တာ ရှိလား… ငါ ဒီနေ့ နင့်ကို ကောင်းကောင်း ကျွေးမယ်…”
“ မေးနေဖို့ လိုသေးလို့လား… မြောက်ပိုင်းလာခဲ့ပြီးမှ ဘာဘီကျူး မစားဘူးဆိုရင် ဒီ ခရီးလာရတာ အလဟဿ ဖြစ်သွားတော့မှာပေါ့… ဘာဘီကျူးနဲ့ အရက်လည်း သောက်လို့ ရတယ်…”
“ အရက် အများကြီး မသောက်နဲ့… ကျန်းမာရေး အတွက် မကောင်းဘူး…”
အန်းနင် လွှတ်ကနဲ ပြောလိုက်မိပြီး သူမကိုယ်သူမ ရှက်ကိုးရှက်ကန်း ဖြစ်သွားမိလေသည်။
ငါ ဘာဖြစ်လို့ ဒီလိုတွေ ပြောလိုက်မိရတာလဲ…
သူ့ကျန်းမာရေးကို ဂရုစိုက်ပေးသင့်တာက သူ့ကောင်မလေးပဲ ဖြစ်သင့်တာလေ…
“ နည်းနည်းသောက်တာက အပန်းပြေစေတယ်..” လင်းရီ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“ ပြီးတော့ အရက်လေးမှ မပါဘူးဆိုရင် ထမင်းဝိုင်းက တစ်ခုခု ဟာနေနေသလိုပဲ…”
အန်းနင် ခေါင်းညိမ့်လိုက်ပြီး သူမ၏ အင်္ကျီများကို တင်းကြပ်စွာ လုံးချေလိုက်၏။
“ ကောင်းပြီလေ… ငါ နင်နဲ့ နည်းနည်း သောက်ပေးမယ်…”
“ သွားစို့…”
စားဖို့သောက်ဖို့ တိုင်ပင်ပြီးနောက် နှစ်ယောက်မှာ တက္ကစီစီး၍ ထွက်လာခဲ့ကြသည်။
တစ်ချိန်တည်းတွင် သူတို့နှစ်ယောက် ကားဖြင့် ထွက်ခွာသွားပြီးသည့်နောက် နီကျန်းရန်သည် သူတို့နှစ်ယောက် နောက်ကွယ်တွင် ထွက်ပေါ်လာခဲ့ပြီး သူ၏ မျက်လုံးတို့က အမုန်းတရားတို့ဖြင့် ပြည့်နှက်နေကာ လင်းရီကို အစိမ်းလိုက် ဝါးစားချင်စိတ်တို့ ဖြစ်ပေါ်နေတော့၏။
သူတို့နှစ်ယောက် ကားဖြင့် အတူ ထွက်ခွာသွားသည်ကို သူ အေးစက်စွာ စောင့်ကြည့်နေသည်။
ထို့နောက် နီကျန်းရန် သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး လူပြတ်လပ်သည့် ထောင့်တစ်နေရာသို့ သွား၍ အင်တာနက်ပေါ်ရှိ ဟန်ထန်း ရေချိုးစင်တာ၏ ဖုန်းနံပါတ်ကို တွေ့သွားကာ နှိပ်လိုက်သ်ည။
“ ဟယ်လို … ဟန်ထန်း ရေချိုးစင်တာကပါရှင့်… ဘာများ ကူညီပေးရမလဲ... ”
“ ငါ မင်းတို့ရဲ့ သူဌေးရဲ့စွန်းနဲ့ ပြောချင်လို့…”
“ ကျွန်မတို့ရဲ့ သူဌေးနဲ့ ပြောချင်တာလား…” ဝန်ထမ်းမှာ လုံးဝ ကြက်သေသေသွားခဲ့ပြီး “ တစ်စိတ်လောက်ပါရှင့်.. ရှင်က ဘာလို့ ကျွန်မတို့ရဲ့ သူဌေးနဲ့ ပြောချင်နေရတာလဲဆိုတာ သိလို့ ရမလား….”
“ သူ့လူတွေကို မနေ့က ဒဏ်ရာ ရစေခဲ့တဲ့လူ ဘယ်မှာရှိလဲ ငါသိတယ်လို့ ပြောလိုက်… သူ ဖုန်းဖြေလိမ့်မယ်…”
“ ဟုတ်ကဲ့ပါနော် .. လူကြီးမင်းရဲ့ နာမည်နဲ့ ဖုန်းနံပါတ်ကို ချန်သွားပေးလို့ ရလား…”
“ ငါ့ မျိုးရိုးနာမည်က နီ… မနေ့က ဟန်ထန်း ရေချိုးစင်တာမှာ စွန်းမန်ကျားနဲ့ တွေ့ခဲ့တယ်… မင်းသူ့ကို အဲ့လို ပြောလိုက်ရင် ငါဘယ်သူလဲ သူသိလိမ့်မယ်… ဒီနံပါတ်ကိုပဲ ပြန်ဆက်ခိုင်းလိုက်…”
“ ကောင်းပါပြီရှင် .. ကျွန်မ ဒါရိုက်တာစွန်းကို ပြန်ပြောပြလိုက်ပါ့မယ်…”
……………..
ဟန်ထန်း ရေချိုးစင်တာ။
ဖုန်းချပြီးနောက် ကောင်မလေးက အပေါ်ထပ် သီးသန့်ခန်းသို့ သော့သော့လေး ပြေးတက်သွား၏။
ထိုအခိုက်အတန့်တွင် စွန်းညီအစ်ကိုများက အထဲတွင် အနှိပ်ခံနေလေသည်။
နှစ်ယောက်လုံးက အပေါ်ပိုင်း ဗလာကျင်းနေကြပြီး တက်တူများဖြင့် ပြည့်နှက်နေကာ အဆိုပါ တက်တူးများအား ကြည့်လိုက်ရုံမျှဖြင့် လူကောင်းသူကောင်းများ မဟုတ်သည်ကို ပြောပြနိုင်သည်။ ၎င်းတို့၏ ရုပ်ရည် ကြန်အင်လက္ခဏာကိုပါ ထည့်ပေါင်းလိုက်တော့ ထို အချက်ကို ပိုပြီး သေချာသွားစေခဲ့တော့၏။
ထို့ပြင် အခန်းထဲ၌ သူတို့နှစ်ဦးကို ဝန်ဆောင်မှု ပေးနေသည့် ဆက်ဆီဆန်ဆန် ကောင်မလေး လေးယောက်လည်း ရှိနေပါသည်။ ထိုကောင်မလေး လေးယောက်က စွန်းညီအစ်ကို နှစ်ယောက်၏ လက်မောင်းများကို သေချာနှိပ်နယ်ပေးနေကြ၏။
စွန်းမန်လုံ၏ လက်နှစ်ဖက်က အနှိပ်ခံရင်း ကောင်မလေးများ၏ စကတ်ထဲသို့ အချိန်တိုင်းလိုလို ကလိနေကာ ညတုတု အသံများအား ဆက်တိုက် ဖြစ်ပေါ်နေစေတော့သည်။
“ မင်း လင်းရီကို ရှာတွေ့ပြီလား…” စွန်းမန်လုံ မေးလိုက်၏။
“ မတွေ့သေးဘူး…” စွန်းမန်ကျား ပြောလိုက်ပြီး “ ငါ ဒီနေ့ စိုက်ပျိုးရေး သုတေသန စင်တာကို စောင့်ကြည့်ဖို့ လူလွှတ်ထားတယ်.. ဒါပေမယ့် သူနဲ့ အန်းနင် ရောက်လာတာကို မမြင်မိဘူး… တစ်နေ့လုံး စောင့်နေတာတောင် အရိပ်အယောင်ကို မတွေ့ရတာ…”
“ သူ အပြင်တောင် မထွက်ရဲတော့တာ ဖြစ်ရင် ဖြစ်မှာပေါ့…” စွန်းမန်လုံ သစ်သီး တစ်ခုကို လှမ်းယူလိုက်ပြီး “ အောက်ကလူတွေကို ဂရုစိုက်ဖို့ ပြောထားလိုက်… ပင်းချိန် စိုက်ပျိုးရေး သုတေသန စင်တာက တခြား သုတေသန စင်တာတွေနဲ့ မတူဘူး… သူက ပြည်နယ် အစိုးရပိုင် မဟုတ်တော့ တစ်ခုခုဆို ဖြေရှင်းဖို့ ခက်တယ်.. ပြဿနာ မရှာဖို့ ပြောထား….”
“ ငါ သိတယ်… မဟုတ်ရင် အင်အားသုံးပြီး ဖြေရှင်းလိုက်တာ ကြာပေါ့…”
“ ဒါဆိုလည်း အချိန်ယူပြီး သူ့ကို တွေ့အောင်ရှာ.. လေယာဉ်က လေဆိပ်မှာ ရှိနေသေးတုန်းပဲ ဆိုတော့ သူ ထွက်ပြေးသွားတာတော့ မဟုတ်သေးဘူး…” စွန်းမန်လုံ ပြောလိုက်ပြီး “ တကယ်လို့ ကျိုးဟိုင်မှာသာဆိုရင် ငါသူနဲ့ ရင်ဆိုင်ဝံ့မှာ မဟုတ်ဘူးဆိုပေမယ့် ဒါပေမယ့် ဒါက မြောက်ပိုင်း…. ငါ သူ့ကို ဒီတိုင်း လွှတ်မထားပေးနိုင်ဘူး…”
“ မနေ့က ကိစ္စကြောင့်သာ မဟုတ်ရင် သူ့ဘက်က အစ်ကို့ကို တို့စ်လုပ်ပြီး တောင်းပန်လိုက်ရင် ကျေအေးပေးလိုက်မလို့ပဲ… ဒါပေမယ့် မနေ့တုန်းက သူ အားလီကို သုံးကြိမ်ဆက်တိုက်တောင် ဓားနဲ့ ထိုးခဲ့တာ… သူနဲ့ ဒီကိစ္စ သေချာ စကားပြောမှ ရမယ်…” စွန်းမန်ကျား အေးစက်စွာ ပြောဆိုလိုက်ပြီး “ သူ ဘယ်သူလဲ ဂရုမစိုက်ဘူး.. သူက ဘုရင်မားဆိုရင်တောင် သူ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်…”