← Chapters

နောက်သုံးရက်

Vol. 96 Ch. 1438

နောက်သုံးရက်

Vol. 96 Ch. 1438

ဟစ်…

ဘေးကနေ ကြည့်ရှုနေသူများအားလုံး ရှော့ခ်ရစွာဖြင့် ပင့်သက်ရှိုက်လိုက်မိကြသည်။

ဤ လူငယ်လေး၏ အကြည့်မျက်ဝန်းတို့က ဓားမြောင်တစ်လက်နှယ် ထက်ရှလှပါသည်။

လင်းရီ ခါးကိုင်း၍ စွန်းမန်ကျားကို ဂုတ်ကနေဆွဲပြီး နောက်သို့ ပြန်ဆွဲခေါ်သွားခဲ့သည်။

ကော်ရစ်ဒါရှိ လူများကတော့ ထိုမြင်ကွင်းကို တိတ်တဆိတ် ရပ်ကြည့်နေခဲ့ကြ၏။

“ မင်းတို့ ဘာလုပ်နေကြတာလဲ… မြန်မြန် ရဲကို ဖုန်းဆက်ကြလေ…”

စွန်းမန်ကျား အသံကုန်ညှစ်ထုတ် အော်ဟစ်နေသော်လည်း မည်သူကမျှ သူ့စကားကို နားမ၀င်ကြချေ။

သူတို့အားလုံးက လင်းရီကြောင့် ကြက်သေသေနေကြပြီး သတိပင် ပြန်မလည်လာကြသေးချေ။ မည်သူက ဖုန်းဆက်ဖို့ သတိရကြလိမ့်မည်နည်း။

“ လင်းရီ…”

လူအုပ်ကို ဖြတ်ကျော်ပြီး အန်းနင် ရှေ့သို့ ပြေးတက်လာခဲ့၏။

ကိစ္စများက ယခုလို အခြေအနေထိတိုင် ပေါက်ကွဲထွက်လာလိမ့်မည်လို့ သူမ မမျှော်လင့်ထားခဲ့ချေ။

လင်းရီကိုလည်း ဤမျှ ရှေ့နောက် မဆင်ခြင်သည့်လူ ဖြစ်လိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။

သူက ယခင်ကနှင့် လုံးဝ မတူညီသည့် တစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့လေသည်။

“ သူတို့လည်း သင်ခန်းစာ ရလောက်ပါပြီ… ဒီတိုင်းပဲ ရဲလက်ထဲ အပ်လိုက်ပါတော့လား… ရေးကြီးခွင်ကျယ်တွေ လုပ်မနေနဲ့တော့လေနော်…”

“ ဒီကောင်တွေက ခွေးတွေ… အသားနာတဲ့ထိ မှတ်လောက်အောင် ရိုက်မပေးဘူးဆိုရင် ဘယ်တော့မှ သင်ခန်းစာ ရမှာ မဟုတ်ဘူး… “ လင်းရီ အသံကို နိမ့်ပြီး ပြန်ပြော၏။

“ အပြင်မှာ စောင့်နေ… ငါ ဒီလိုကောင်မျိုးတွေနဲ့ ဆုံခဲ့ပေါင်း မနည်းဘူး… မင်းထက်ပိုပြီး အတွေ့အကြုံရှိတယ်…”

“ နင် အင်အားကြီးမှန်း ငါသိပါတယ် လင်းရီရယ်… ဒါပေမယ့် ဒါက မြောက်ပိုင်းလေ… ကျိုးဟိုင်မှ မဟုတ်တာ… နင့်ရဲ့ အဆက်အသွယ်တွေက ဒီနေရာထိ မရောက်နိုင်ဘူး…”

“ မင်းအဲ့လို ထင်နေတယ်ဆိုရင် ငါ့ကို တကယ်ကြီး အထင်သေးနေတာပဲ…”

ပြောပြီးနောက် လင်းရီသည် စွန်းမန်ကျား၏ ကော်လာကို ဆွဲ၍ လူနာခန်းထဲ ပြန်ဆွဲခေါ်သွားခဲ့သည်။

“ ငါ့ကို အပြင်မှာပဲ စောင့်နေ… အထဲကို ဝင်မလာနဲ့….”

ဘန်း

အပြင်ဘက်ရှိ လူများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြသည်။ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်ကာ ကြောင်ပျောက်နေကြလေသည်။

သို့သော် ထိုအခိုက်အတန့်တွင် လူအုပ်၏ နောက်၌ ပုံရိပ်တစ်ခုက မသိမသာ ထွက်ပေါ်လာခဲ့၏။

ထို ပုံရိပ်ကတော့ နီကျန်းရန်ပင်။

လင်းရီ စွန်းမန်ကျားကို လူနာခန်းထဲ ပြန်ဆွဲခေါ်သွားသည်ကို မြင်တော့ နီကျန်းရန် ကော်ရစ်ဒါ ထောင့်တစ်ထောင့်တွင် ပုန်းပြီး ဖုန်းထုတ်ကာ ရဲစခန်းထံ ဆက်သွယ်လိုက်သည်။

“ ပင်းချိန် ဆေးတက္ကသိုလ် ဆေးရုံ ပြင်ပလူနာ ဌာန အမှတ် ၃၊ အခန်း ၇၀၆မှာ လူတစ်ယောက် ဓားကိုင်ပြီး အန္တရာယ် ရှိတယ်လို့ ယူဆရပါတယ်… တရားခံ နာမည်က လင်းရီပါ… မြန်မြန် ဒီကို လူလွှတ်ပေးပါဦး…”

“ ဟုတ်ကဲ့ပါ.. ကျွန်တော်တို့ အခု ပင်းချိန် ဆေးရုံနားက ဌာနခွဲကို ဆက်သွယ်ပြီး လူလွှတ်လိုက်ပါပြီ… အဆက်အသွယ် မပြတ်အောင်လို့ လူကြီးမင်းရဲ့ ဖုန်းကို စက်ဖွင့်ထားပေးပါ… “

ဖုန်းချပြီးနောက် နီကျန်းရန်၏ အမူအရာသည် ရုတ်တရက် နက်မှောင်သွားခဲ့၏။ သူ ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အံကို တင်းတင်းကြိတ်ထားသည်။

“ စွန်းမန်ကျားက မင်းကို မကိုင်တွယ်နိုင်ဘူးဆိုရင်တောင် ရဲတွေ မရဘူးလို့တော့ ငါမယုံဘူး…”

လူနာခန်း တံခါး ဘန်းခနဲ ပိတ်၍ စွန်းမန်ကျား အထဲသို့ လွင့်ပစ်ခြင်း ခံလိုက်ရသည်။

“ အစ်ကို….”

စွန်းမန်ကျား၏ အခြေအနေကို မြင်တော့ ကျော့ချွင်လီ ချွေးအေးများ စီးကျလာခဲ့၏။

ဒီလင်းရီ ဆိုတဲ့ကောင်က စွန်းမန်လုံရဲ့ ညီကိုတောင် ဒီလို လုပ်ရဲတယ်ဆိုမှတော့ သူတို့လို ပါမွှားလေးတွေလောက်ကတော့…. ဂလု

“ ခုကစပြီး ငါ မေးသမျှ မင်းဖြေရမယ်…” လင်းရီ ကုတင် အစွန်းတွင် ထိုင်ပြီး ထူးမခြားနား အမူအရာဖြင့် ပြောလိုက်၏။

သွေးအိုင်ထဲ သတိလစ်နေသည့် ကျန်းကျင်းပေါင်ကို တုန်ယင်စွာ ကြည့်ရင်း စွန်းမန်ကျား ကျောတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

“ ငါ ရှုံးတာကို ဝန်ခံတယ်… မင်း မေးချင်တာသာမေး…”

“ ငါ သိချင်တာ ငါ ဆေးရုံရောက်နေမှန်း မင်းတို့ ဘယ်လို သိကြတာလဲ…” လင်းရီ ပြုံးလိုက်၏။

“ မင်းတို့ကောင်တွေက အထင်ကြီးဖို့တော့ တော်တော်လေး ကောင်းတယ်… ငါ ထမင်းစားဖို့ အပြင်ထွက်သွားတာနဲ့ မင်းတို့က ရောက်ချလာပြီ… မင်းတို့ တိုင်မင်က လုံးဝ စင်းလုံးချောပဲ…”

“ နီကျန်းရန် ပြောတာ… အဲ့တာကြောင့် မနေ့က ကိစ္စအတွက် လက်စားချေဖို့ ငါတို့ ဒီရောက်လာခဲ့တာပဲ…”

“ နီကျန်းရန်လား…”

“ ဟုတ်တယ် … သူပဲ…” စွန်းမန်ကျား တုန်ယင်နေသည့် လက်ဖြင့် စီးကရက် မီးညှိလိုက်ပြီး “ ဒီလို အချိန်ရောက်မှတော့ မင်းကို လိမ်စရာ အကြောင်း ရှိပါ့မလား…”

လင်းရီ ပြုံးလိုက်မိသည်။ ဆရာဝန်ဆိုသော်လည်း လှည့်ကွက်ကတော့ အပြည့်ပင်။ ယခုလို လုပ်ရပ်မျိုး လုပ်လိမ့်မည်လို့ သူ လုံးဝ ထင်မှတ်မထားခဲ့ပါချေ။

အန်းနင်က အပေါ်ယံကြည့်တော့တာ တက်တက်ကြွကြွနှင့် ကျားရဲမလေး တစ်ကောင်ကဲ့သို့ ရှိသော်လည်းပဲ အဆုံးတွင် ကြင်နာတတ်သည့် မိန်းမငယ်လေး တစ်ဦး ဖြစ်၏။

အကယ်လို့ သူမသာ ဤသို့သော လူစားမျိုးနှင့် အိမ်ထောင်ကျသွားမည် ဆိုပါက သူမ၏ ရှေ့ရေးကတော့ ရင်လေးလောက်စရာပင်။ သူမ၏ ဘဝကို လူမှားပြီး ပုံအပ်မိသည်အထိတောင် ဖြစ်သွားလိမ့်မည်။

“ ဒီကိစ္စ ပြီးပြီဆိုတော့ ကျန်တဲ့ ကိစ္စ ပြောကြတာပေါ့…”

“ မင်း ဘာပြောမလို့လဲ…”

စွန်းမန်ကျား လင်းရီကို ကြောက်ခိုးဝေသည့် မျက်ဝန်းတို့ဖြင့် ကြည့်ပြီး မေးလိုက်၏။

“ မင်းရဲ့ အစ်ကိုကြီးက မြောက်ပိုင်းရဲ့ ကြီးမြတ်သူ စွန်းမန်လုံ ဟုတ်လား…”

“ မင်း ငါ့အစ်ကိုကြီး ဘယ်သူဆိုတာ သိတယ်ပေါ့…”

“ ငါ လေယာဉ် မဆင်းခင်တုန်းက ထိန်းချုပ်ရေး တာဝါက တစ်စုံတစ်ယောက် အဲ့လို ပြောသံ ကြားတာပဲ … ဒါပေမယ့် အရေးတယူ ပြုမနေဘူး… မင်းရဲ့ အစ်ကိုကြီးက ဒီလောက် ဇွဲကောင်းလိမ့်မယ်လို့ ငါ ထင်ကို ထင်မထားခဲ့တာ…”

ယင်းက စွန်းမန်ကျားကို တော်တော်လေး အံ့အားသင့်သွားစေခဲ့၏။

ဒီလူက သူ့အစ်ကိုကြီး ဘယ်သူဆိုတာ သိနေတာတောင် အရှုံးပေးဖို့ ငြင်းဆန်နေတယ်… ဒါ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ရဲ့ အပြုအမူတော့ မဟုတ်ဘူးပဲ…

“ ငါ အသက်ရှင်လာတာ အသက်သုံးဆယ်ကျော်ပြီ… မင်းက ငါတွေ့ဖူးသမျှထဲမှာ အကြမ်းဆုံးပဲ… အရူးမိုက်ဆုံးပဲလို့ ပြောရမလားတောင် ငါမသိဘူး….”

“ သူက ဒီတိုင်း လူမိုက်အုပ်စု တစ်ခုရဲ့ ခေါင်းဆောင်ကိုများ ငါ့ကို တကယ်ကြီး စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်နေတာလား ဟမ့်…” လင်းရီ နှာမှုတ်လိုက်ပြီး “ မင်းအစ်ကိုဆီ ဖုန်းဆက်လိုက်… ငါသူနဲ့ စကားပြောမယ်..”

ထိုအခိုက်အတန့်တွင်တော့ စွန်းမန်ကျားသည် သူ့အစ်ကိုထံ ဖုန်းဆက်ဖို့ကို မစောင့်နိုင်တော့ချေ။ သူ့ အစ်ကိုကြီး၏ အစွမ်းအစတို့ဖြင့် ဆိုပါက ဤပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း တစ်ခုခုတော့ ရှိမည်မှာ ကျိန်းသေသည်။

စွန်းမန်ကျား သူ့အစ်ကိုကြီး၏ နံပါတ်ကို နှိပ်၍ စပီကာ ဖွင့်ထားလိုက်သည်။

“ ဆေးရုံက ကိစ္စ ဖြေရှင်းပြီးပြီလား…”

“ အိပ်ချိန် မရောက်သေးဘူးလေ… ဘာလို့ အိပ်မက်မက်နေတာတုန်း…” လင်းရီ ပြောလိုက်ပြီး “ အဲ့ဒီ ကျင်းပေါင်ဆိုတဲ့ ကောင်လည်း ငါ ဓားနဲ့ထိုးလိုက်လို့ ခု သွေးအိုင်ထဲ လစ်နေပြီ… မင်းရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ ညီကတော့ ငါ့ကြောင့် ရိုရိုကျိုးကျိုး ဖြစ်သွားပြီး ငါမေးသမျှ ပြန်ဖြေနေရတာပဲ… မင်းတို့ငါ့ကို အတွက်မှားသွားပြီ…”

သိသာစွာဖြင့် ဖုန်းတစ်ဖက်ရှိ စွန်းမန်လုံသည် ယခုလို ကိစ္စမျိုး ဖြစ်ပျက်လိမ့်မည်လို့ မျှော်လင့်မထားသောကြောင့် စက္ကန့်အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့၏။

“ မစ္စတာလင်း… မင်းက ငါထင်ထားတာထက်ကို တကယ်ကြီး ကျော်လွန်နေတာပဲ… ဒီလောက်ငယ်ငယ်လေးနဲ့ ငါ့ကို အထင်ကြီးအောင် လုပ်ပြနေတယ်… လေးစားပါတယ် လေးစားပါတယ်…”

“ ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်နဲ့ရှိတယ်… မင်းရဲ့ သောက် ပေါက်ကရတွေကို နားထောင်ပေးဖို့ ငါ့မှာ အချိန်မရှိဘူး… ငါမင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ်… ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့ … မဟုတ်ရင် မင်း ပြက္ခဒိန်ကို တစ်ချက်ကြည့်ပြီး ဈာပနာ ကျင်းပပေးရမယ့် ရက်ကို ရွေးထားလိုက်… မင်း ဒီလကုန်အထိ အသက်မရှင်စေရဘူး…”

“ အဟက်…”

ဖုန်းထဲတွင် စွန်းမန်လုံမှ ထေ့ငေါ့သည့် အသံပြုလိုက်ပြီး “ လင်းယွင်အုပ်စုကို တစ်ကိုယ်တော် တည်ထောင်ခဲ့တဲ့ လူကတော့ ထင်ထားတဲ့အတိုင်းပါပဲလား… မစ္စတာလင်းရဲ့ ရှေ့နောက် မဆင်ခြင်တဲ့ အပြုအမူတွေက ငါထင်ထားတာထက်ကို ကျော်နေပြီပဲ… ဒီစွန်း အမြင်ကျယ်မိပါတယ်… ဒါပေမယ့်…. ငါ ၊ စွန်းမန်လုံ ထိပ်ဆုံးမှာ ရပ်တည်လာတာ အနှစ် ၂၀ ကျော်ရှိပြီ… မင်းလို သူငယ်နှပ်စားလေးတစ်ယောက် ခြိမ်းခြောက်တာကို ငါက ကြောက်မယ်လို့ ထင်သလား…”

“ မင်းလေသံ နားထောင်ရတာ မမှတ်သေးဘူးနဲ့တူတယ်…”

“ ငါ အဲ့လောက် သူရဲဘောကြောင်တတ်နေရင် ဒီနေ့ ဒီနေရာကိုတောင် ရောက်လာခဲ့မှာ မဟုတ်ဘူး…” စွန်းမန်လုံ ပြောလိုက်သည်။

“ မင်းက မင်းအတွက် ဘာကကောင်းသလဲ မသိတဲ့လူပဲ….”

“ ဟမ်… အဲ့စကား ပြောရမယ့်လူက ငါလားလို့…” စွန်းမန်လုံ အသံနိမ့်၍ ပြုံးစစ ပြောလိုက်ပြီး “ ငါဝန်ခံပါတယ်… တကယ်လို့ ကျိုးဟိုင် ဒါမှမဟုတ် တောင်ပိုင်းမှာဆိုရင် ငါက မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး… ဒါပေမယ့် ဒီနေရာက မြောက်ပိုင်းဆိုတာ မင်းမှတ်ထား… မင်းလို အပြင်လူတစ်ယောက် ထင်ရာစိုင်းနိုင်တဲ့ နေရာ မဟုတ်ဘူး… နဂါး တစ်ကောင်ဆိုရင်တောင် ဒေသခံမြွေကို ဖိနှိပ်လို့ မရဘူးဆိုတာ မင်း သိထားသင့်တယ်…”

“ ဒါဆို မင်းလည်း နဂါးက နဂါး ဖြစ်နေပြီး မြွေက မြွေပဲ ဆိုတော့တော့ နားလည်ရမှာပေါ့… ကိုယ့်နေရာကိုယ် သိတာက အကောင်းဆုံးပဲ…”

“ နောက်သုံးရက်နေရင်…၊ ည ရှစ်နာရီ ၊ ရှန်ရီလာ ဟိုတယ်မှာ တွေ့မယ်…” စွန်းမန်လုံ ပြောလိုက်ပြီး “ မင်း သိတဲ့လူတွေ မင်းခေါ်ခဲ့လို့ ရတယ်… အချိန်မလောက်သေးဘူးဆိုရင် မင်းကို အချိန်ထပ်ပေးလို့ ရသေးတယ်..”

“ မလိုပါဘူး… ငါက တစ်ယောက်တည်း လှုပ်ရှားရတာကိုပဲ နေသားကျနေပြီ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ မင်းလို မြွေလေး တစ်ကောင်ကို အနိုင်ယူဖို့ လူတွေ အများကြီး ခေါ်စရာ မလိုပါဘူး…”

“ ဝါး… ဘယ်လောက် ဆန်းသစ်လိုက်သလဲ… ငါ မစ္စတာလင်းလို လူစားမျိုးနဲ့ မတွေ့ဖြစ်တာတောင် အတော်လေး ကြာပြီ…” စွန်းမန်လုံ ပြောလိုက်ပြီး “ မစ္စတာလင်း… မင်းငါ့ကို မျက်နှာသာပေးပြီး ငါ့ညီကို လွှတ်ပေးလိုက်လို့ရမလား… နောင်ကျ မင်းဘေးနားက လူတွေကို ဒီကောင် ဆက် မနှောင့်ယှက်စေရဘူးဆိုတာ အာမခံတယ်… ဒီကိစ္စကို သီးသန့် ဖြေရှင်းကြတာပေါ့….”

“ ပြဿနာ မရှိဘူး….”

“ ဒါဆို ဒီလောက်ပဲ… နောက်သုံးရက်နေရင် တွေ့ကြတာပေါ့…. မစ္စတာလင်း… ငါစောင့်နေပါ့မယ်…”

“ သေချာပေါက်ပဲပေါ့…”

All Chapters