အိပ်ယာဘေးက စက္ကူပိုက်ဆံ
Vol. 9 Ch. 113
ဒန်နီယယ်က အိမ်ကနေ ကားမောင်းထွက်လာခဲ့ပြီး လမ်းတွင် အသည်းအသန်ကို ငိုနေခဲ့တယ်။
ကျန်းရီက သူ့ကို ခဏလောက် ကားရပ်ခိုင်းလိုက်ပြီး "မင်းသာ ငါ့ကို မဆက်သွယ်ခဲ့ဘူးဆိုရင် သူက မင်းနဲ့ အချိန်အတော်ကြာ အကြာကြီး နေနိုင်လိမ့်မယ်"
"ကျွန်တော် တုံ့ဆိုင်းနေခဲ့တယ် အကြိမ်တိုင်း အကြိမ်တိုင်းကို တုံ့ဆိုင်းနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်အတွင်းမှာ အမေ့ဘေးမှာပဲ အကြာကြီး ရှိနေခဲ့တာလေ၊ ဒါပေမယ့်ပဲ လွန်ခဲ့တဲ့ နှစ်လလောက်မှာ သူမ ရုတ်တရက် ထွက်သွားခဲ့တယ်၊ သူမက မထင်မှတ်ပဲ ထွက်သွားခဲ့တယ်၊ အမေသာ အဲဒီညက ထွက်သွားခဲ့မယ်ဆိုတာ သိခဲ့ရင် ဘာပဲဖြစ်ဖြစ် သူမ အသက်ရှင်နေတုန်းမှာ လက်ထပ်ပြီးတော့ သူ့ဆန္ဒတွေကို ဖြည့်ပေးခဲ့မိမှာ။”
“ဒါပေမယ့် သူမထွက်သွားနောက် ပထမခုနစ်ညမြောက်မှာ ကျွန်တော့်အိမ်တံခါးမှာ သူမကို ပြန်တွေ့ခဲ့ရတယ်၊ တကယ်တော့ တခြားဘယ်သူမှ မမြင်နိုင်တဲ့ အရာတွေကို ကျွန်တော်မြင်နိုင်ခဲ့တယ်။ အဲ့ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး။ ငယ်ငယ်က ကျွန်တော် ပျောက်သွားခဲ့လို့လား ဒါမှမဟုတ် မွေးကတည်းက ပါလာတာလား မသိပါဘူး အဲဒီညက ထိတ်လန့်တကြားနဲ့ အမေ ပြန်လာတာကို မြင်တော့ ဘာမှတော့ မပြောခဲ့ဘူး။
"အမေက သူမကို လာမရှာတဲ့အတွက် ကျွန်တော့်ကို အပြစ်တင်နေခဲ့တယ်။ သူမ အိမ်ပြန်တဲ့လမ်းကို ရှာနေတာ ခုနစ်ရက်လောက်ရှိပြီ အဖေရော ကျွန်တော်ပါ သူမကို မချစ်တော့ဘူးလို့ ပြောနေခဲ့တယ်။ ဟားဟား အမေက အဲ့လိုလူတစ်ယောက်ပဲ အရင်တုန်းက အဖေက သူ့ကို အမြဲအလိုလိုက်တယ်၊ အခုလဲ ဒီလိုပဲ နောက်ပိုင်း ကျွန်တော် ကြီးပြင်းလာတဲ့အခါ နှစ်ယောက်စလုံးက သူမကိုပဲ အလိုလိုက်စေချင်ခဲ့တယ်။ သူ့လို အသက်အရွယ်နဲ့ တစ်စုံတစ်ယောက်က အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်လို အမြဲစိတ်ဆိုး နေတက်တာက ဒေါသထွက်စရာလို့ မထင်ဘူးလား?”
ဒန်နီယယ်က ပြောနေရင်းနဲ့ သူရဲ့ မျက်ရည်များကို ထပ်ခါထပ်ခါ သုပ်နေခဲ့သည်၊ ဒါပေမယ့်လည်း နောက်ဆုံးမှာ မျက်ရည်တွေ ထပ်ကျလာပြန်ခဲ့သည်။
ကျန်းရီသည်လည်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ ဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံးအရာက သေခြင်းဆိုတဲ့ ခွဲခွာခြင်းပါပဲ။
မင်းက ချမ်းသာတဲ့သူပဲ ဖြစ်ဖြစ် ဆင်းရဲတာပဲဖြစ်ဖြစ်၊ အောင်မြင်ကျော်ကြားနေတဲ့ သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်တွေကလည်း ဒန်နီယယ်၏ စိတ်ခံစားမှုများ ကူးစက်သွားပုံရပြီးတော့ အလွန်တိတ်ဆိတ်နေခဲ့သည်။
ဒန်နီယယ်သည် အသက်ပြင်းပြင်း တစ်ခက်ရှူပြီး ကျန်းရီ ကိုကြည့်ကာ "စတွင်မာ သူမက ကောင်းချီးပေးခံရတဲ့သူ ဒါမှမဟုတ် ကံမကောင်းသူတစ်ယောက် လားဆိုတာကို မင်းဘယ်လိုထင်လဲ? သူမအသက်ရှင်နေချိန်မှာ အဖေက သူမကို အရူးတစ်ယောက်လို့ မကြာခဏပြောခဲ့ပြီး အခုတော့ သူမဆုံးပါးသွားခဲ့ပြီ။ အရူးတစ်ယောက်ဖြစ်နေတုန်းပဲ။ သူအိမ်ပြန်ရောက်လာတော့လည်း သူ့ရဲ့ သေဆုံးတဲ့အကြောင်းကို သူမသိသေးဘူး။ အဖေနဲ့ ကျွန်တော်က သူ့ကို အချစ်တွေနဲ့ စောင့်ရှောက်ကာကွယ်ပေးခဲ့တယ် ဒါပေမယ့်လည်း ကံကြမ္မာကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူး”
“ဒါပေမယ့် ဒီလိုမျိုး ဆက်နေလို့တော့ မဖြစ်တော့ဘူးလို့ မင်းထင်ခဲ့တယ် မဟုတ်လား၊ မင်း ဒီည ငါ့ကို သတ္တိတွေစုပြီး အရင်ဆက်သွယ်ခဲ့ပေမယ့် မင်းအမေကို ဆုံးရှုံးရမှာ ကြောက်လို့ မင်း သူ့ကို ငါနဲ့ အစကတည်းက မတွေ့စေခဲ့တာမလား? ဒါပေမယ့် မင်းရဲ့စိတ်နှလုံးထဲက ဆုံးဖြတ်ချက်ကိုလည်း ငါသိတယ်၊ ပြီးတော့ မင်းမိဘတွေကိုလည်း ကျေးဇူးတင်ရမယ်၊ သူမဟာ ကောင်းချီးပေးခံရတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကို အခိုင်အမာယုံကြည်ဖို့လိုတယ်၊ မဟုတ်ရင် သူမဟာ ဒီကမ္ဘာမှာ ဒီလောက်ကြာကြာ ရှင်သန်နေနိုင်ပြီးတော့ ကြင်နာတက်နေ အုံးမယ်လို့ မင်းထင်လား။ အထူးသဖြင့် မင်းနဲ့ တူညီတဲ့ အမိုးတစ်ခုတည်း အောက်မှာပေါ့”
ကျန်းရီ ၏စကားများသည် ဒေါက်ဖိနပ်တစ်ရံ အဖြစ့အပျက်မှ ပျော်ပျော်နေတက်တဲ့ ကျန်းရှောင်ပိုင်းကို သတိရစေခဲ့သည် ။
"စတွင်မာ ငါ့အမေက မသေခင်မှာ နတ်ဘုရားတွေနဲ့ အလဲအလှယ် လုပ်ခဲ့တာလို့ ဆိုလိုချင်တာလား။"
"မဟုတ်ဘူး၊ သူမဟာ ရှောင်ပိုင်း နဲ့ မတူဘူး။ သူမက လူ့ကမ္ဘာမှာ နှစ်လလောက်နေပြီးလို့ ငရဲပြည်ကို ပြန်ရောက်ခဲ့ရင်တောင် သူမဟာ ဘာပြစ်ဒဏ်မှ ခံစရာ မလိုဘူး။ ဒါက သူမအတွက် မင်းတို့ဖန်တီးပေးထားတဲ့ ကုသိုလ်ကောင်းမှုတွေပဲ၊ အတိအကျပြောရမယ်ဆိုရင် ကုသိုလ်ကောင်းမှုတွေ အများဆုံးသူက မင်းအဖေပဲ။"
ဒန်နီယယ်နားလည်ပုံရလာသောအခါ ကျန်းရီက "နတ်ဆရာမရဲ့မိသားစုဆီကို အရင်မောင်းလိုက်တေ့ ပြီးမှ မင်းအဖေကိုခေါ်ပြီး ပြန်လာခိုင်းလိုက်ပါ"
"ငါ သူ့ကို အမှန်အတိုင်းပြောပြရမယ်၊ အမေသေပြီးကတည်းက စိတ်ဓာတ်တွေကျပြီး အဝေးတစ်နေရာကို ပြေးပြီး ပုန်းအောင်းနေခဲ့တယ်။ အိမ်မှာရှိနေရင် အမေ့ကို သတိရနေမှာ စိုးလို့ဆိုပြီးတော့ "
ဒန်နီယယ်ရဲ့ စကားပြီးနောက်တွင် ထပ်မပြောတော့ဘဲ သူ့အဖိုးရဲ့ အိမ်ကို ကားမောင်းသွားလိုက်ခဲ့တယ်။
ကားက လမ်းပေါ်မှာ အချိန်အတော်ကြာ မောင်းနေပြီး ကျန်ရီက ဒီနေ့ည ဘယ်သူမှ သူ့ကို ထပ်ဖုန်းမခေါ်ခဲ့တာကို ထူးဆန်းနေသည်။
နောက်ဆုံးတော့ တော်တော်ကြာ မောင်းပြီးနောက် ဒန်နီယယ်အဘိုးရဲ့အိမ်ကို ရောက်ခဲ့ကြသည်။ အိမ်ဟောင်းသည် ပေါင်းပင်များ ထူထပ်နေပြီးတော့ ပျက်စီးယိုယွင်းနေသော်လည်း အကြမ်းဖျင်းအားဖြင့်တော့ အရင်ပုံစံ အတိုင်းပဲ ရှိနေဆဲဖြစ်သည်။
ဒယ်နီယယ်က နတ်ဆရာမရဲ့ အိမ်ကိုရှာရန် မောင်းထွက်ခါနီးတွင် ကျန်းရီက ရုတ်တရက် “မင်းဘာလို့ ဝင်မကြည့်တာလဲ၊ မီးဖိုချောင်နဲ့ မင်းဦးလေးသေတဲ့အခန်းက အဲ့ဒီရှိသေးတယ်မလား”
“အကြိမ်ကြိမ် ပြန်လည်ပြုပြင်ခဲ့ပေမယ့် အိမ်ကတော့ အရင်အတိုင်းပဲ ရှိပါသေးတယ်။ အဘိုးနဲ့ အဘွားတို့ အသက်ရှင်နေသေးချိန်မှာ အဖေက တော်တော့်ကို ချမ်းသာနေပြီ၊ ဒါကြောင့် အိမ်ဟောင်းကို ဖြိုချပြီး အသစ်ဆောက်ဖို့ အကြိမ်ကြိမ် စည်းရုံးခဲ့ပေမယ့် လက်မခံခဲ့ဘူး။ အိမ်ဟောင်းက နေရတာ အဆင်ပြေတယ်လို့ ပြောခဲ့တယ်။ အဲ့ဒီတော့ အဖေက အဲဒါကို အတင်းအကြပ် မလုပ်ဘဲ နှစ်တိုင်း လာပြီး ပြုပြင်ဖို့ကို ပန်းရံနဲ့ လက်သမားတွေကို ငှားထားခဲ့လိုက်တယ်။ အဘိုးဆုံးပါးသွားတော့ အိမ်ကလည်း တဖြေးဖြေး ပျက်စီးသွားပြီးတော့ အဖေသိပ် ဂရုမစိုက်ဖြစ်တော့ဘူး။
ကျန်းရီက ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ဒန်နီယယ်က သူ့အိတ်ကပ်ထဲမှ ပြင်ဆင်လာသော သော့ကို ထုတ်ကာ သော့မလိုအပ်သော တံခါးသော့ကို ဖွင့်လိုက်သည်။
သစ်သားတံခါးပွင့်လာခဲ့ပြီး မြက်တွေအများကြီးရှိတဲ့ ခြံဝင်းတစ်ခုကို တွေ့လိုက်ရသည်။ ဒန်နီယယ်က တံခါးဝတွင်ရပ်ပြီး နောက်ပြန်လှည့်ပြီး ရှေ့ကလမ်းကိုညွှန်ပြလိုက်သည်။
“စတွင်မာ လမ်းဆုံးကသစ်ပင်ကို တွေ့လိုက်လား။ အဘိုးက အဲဒီသစ်ပင်နားမှာ ဦးလေးကိုတွေ့ပြီး ဦးလေးက သူ့ကို ဒီတံခါးထိကို ဆွဲခေါ်ပြီး ဒီမှာ တစ်ညလုံးနေခဲ့တာ။ အိမ်ထဲဝင်လိုက်ပြီး ဒါက မီးဖိုချောင်ရဲ့ ဘယ်ဘက်ခြမ်း၊ မီးဖိုဟောင်းကြီးက အထဲမှာ ရှိနေတုန်းပဲ၊ ဒါပေမယ့် ပြိုကျသွားပြီလားတော့ မသိပါဘူး။
ဒန်နီယယ်သည် စကားပြောစဉ်တွင် မီးအိမ်ကိုယူပြီး အတွင်းဘက်တွင် ထွန်းထားကာ ပြတင်းပေါက်နားရှိ မီးဖိုထောင့်ကို ညွှန်ပြပြီး “ဒီနေရာမှာ ထင်းပုံကြီးရှိတယ်။ အဲဒီတုန်းက ငါ့ဦးလေး ခေါင်းကို ထင်းပုံထဲကို ထိုးထည့်ထားခဲ့တယ်၊ အဲဒီအခါတုန်းက ပြတင်းပေါက်သေးသေးလေးက ငါ့အဘိုး သတ်လိုက်တဲ့ ကြက်သွေးတွေ စင်သွားခဲ့တယ်”
ဒန်နီယယ်ရဲ့ မိတ်ဆက်နေတာကို နားထောင်ရင်း ကျန်းရီက ခေါင်းညိတ်လိုက်ပြီး “ဒီအကွာအဝေးကနေ ပြတင်းပေါက်ကို ကြည့်ရင် ဘာမှမြင်ရမှာ မဟုတ်ဘူး။ ဒန်နီယယ် မင်းနဲ့ မင်းဦးလေး အရွယ်အစား ဘယ်လောက်ကွာလဲ”
“ကျွန်တော်လည်းမသိဘူး၊ ဒါပေမယ့် ကျွန်တော့်အမေပြောတာက ကျွန်တော့်မှာ ဦးလေးနဲ့ ပုံစံတူတဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိတယ်တဲ”
“ဒါဆို ထင်းပုံကြီးပေါ်မှာ လဲလျောင်းရင်း အပေါ်က ပြတင်းပေါက်တွေကို မြင်နိုင်မလားဆိုတာ စမ်းကြည့်လိုက်ရင်ရော ဘယ်လိုလဲ။”
ဒန်နီယယ်က ခဏလောက် ကြောင်သွားခဲ့သည်။ မီးဖိုဘေးမှာ ထင်းမရှိတော့ပေမယ့် အဲ့ဒီလို ပုံစံအတိုင်း လုပ်လို့ရတယ်လေ။ ပြီးတော့ သူက အခု ပြတင်းပေါက်ကို ကြည့်လိုက်တော့ နည်းနည်း သံသယဖြစ်မိသွားခဲ့တယ်။ လူတစ်ယောက်က အောက်ခြေမှာ လဲလျောင်းပြီး နောက်ပြန်ကြည့်လိုက်ရင် အဲဒါကို တကယ်ရော မြင်နိုင်လို့လား။
သူ့စိတ်ထဲမှာ သံသယတွေ ပေါ်လာပြီး ဒန်နီယယ်က အဲ့ဒီလို လုပ်တော့မယ့်ချိန်မှာပဲ ကျန်ရီက သူ့ကို တားလိုက်တယ်- “မေ့လိုက်တော့၊ မေ့လိုက်တော့ မင်းက မင်းရဲ့ဦးလေးမဟုတ်ဘူး၊ မင်းအခုလုပ်ရင်တောင် ဒီအချိန်မှာ အသုံးမဝင်တော့ဘူး၊ ဒီလိုစမ်းသပ်တာက အဓိပ္ပါယ်သိပ်မရှိဘူး။ မင်းဦးလေး ဆုံးသွားတဲ့အခန်းကို သွားကြည့်လိုက်တာ ပိုကောင်းမယ်။ စကားမစပ်၊ သူ့အခန်းကိုရော ပြုပြင်တာတွေ လုပ်ထားသေးလား?”
“လုပ်ခဲ့မယ်လို့တော့ မထင်ဘူး။ ငါ့အမေပြောတာလည်း မကြားမိဘူး။ မပြောင်းလဲဘူးဆိုတာကတော့ ကျိန်းသေမယ်လို့တော့ ထင်တယ်။”
ဒန်နီယယ် စကားပြောနေရင်းနဲ့ သူသည် အခန်းတံခါးဆီသို့ လျှောက်သွားပြီး တံခါးကိုဖွင့်လိုက်သည်။ စိုစွတ်သောအနံ့က ချက်ခြင်းကို ရောက်လာခဲ့သည်။
မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ရုတ်တရက် သူ့မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
“ဘာလဲဟ??၊ ငါတို့ တစ်ခါတောင် ပြန်မလာခဲ့ဘူးလေ!”
အခန်းတွင်းရှိ သစ်သားကုတင်ဘေးတွင် အနက်ရောင်ပြာတွေ ရှိနေခဲ့သည်။
မကြာသေးမီက တစ်စုံတစ်ယောက်ရောက်လာခဲ့ပြီး စက္ကူပိုက်ဆံများကို မီးရှို့ခဲ့ပုံရသည်။