← Chapters

သူမက တကယ့်ကို ရက်စက်ကြမ်းကြုတ်တယ်

Vol. 9 Ch. 114

သူမက တကယ့်ကို ရက်စက်ကြမ်းကြုတ်တယ်

Vol. 9 Ch. 114

ကုတင်ဘေးရှိ စက္ကူပြာများက လူတိုင်းကို ခေတ္တရပ်တန့်သွားစေခဲ့သည်။

သူတို့ မှတ်မိတာက မှန်ပါက ဒီအိမ်က နှစ်ပေါင်းများစွာ စွန့်ပစ်ခံခဲ့ရသည်ဟု ဒန်နီယယ်က ပြောခဲ့သည်။ တစ်နည်းဆိုရသော် ဒီလိုအချိန်မှာ မည်သူမှ ဒီအိမ်၌ စက္ကူကို မီးရှို့ရန် မဖြစ်နိုင်ပေ။

အိပ်ရာဘေးက ပြာတွေက ဘယ်သူက မီးရှို့ခဲ့တာလဲ။

ဒါက ဒန်နီယယ်ရဲ့ ဦးလေး ဆုံးပါးသွားတဲ့ အခန်းဖြစ်သည်။ သူ့ကို တွေ့ဖို့ဆိုရင် ဘာလို့ သုသာန်ကို မသွားဘဲ ဒီမှာ မီးလာရှို့ရတာလဲ။

ဒန်နီယယ်ရဲ့ဦးလေး သေဆုံးမှုနဲ့ ပတ်သတ်နေတာကြောင့်လား?

ဤအခိုက်အတန့်တွင် မေးခွန်းမျိုးစုံက ဦးနှောက်ထဲသို့ ရောက်ရှိလာခဲ့သည်။ ဒန်နီယယ် မပြောနဲ့ ကျန်းရီပင်လျှင် ဤပြဿနာကို မရှင်းပြနိုင်ပေ။

" ဒန်နီယယ် မင်း ဒီရွာမှာ ဘယ်သူနဲ့ ဆက်ဆံရေးကောင်းလဲ?”

ကျန်းရီက မေးလိုက်တော့ ဒန်နီယယ်က ခဏလောက်စဉ်းစားပြီး "ငါ့ဝမ်းကွဲအိမ်ကို သွားရအောင်။ သူ့အဖေနဲ့ ငါ့အဖိုးက ဝမ်းကွဲတွေဖြစ်ပြီး ငါတို့က မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် ရှိနေတုန်းပဲ။”

"ဒါဆို သွားတော့ အရမ်းနောက်ကျနေပြီ"

ကျန်းရီက ဒီလိုပြောပြီးနောက် ဒန်နီယယ်က အရင်အိမ်ကထွက်လိုက်ပြီး ရွာမှာရှိတဲ့ တခြားအိမ် တစ်အိမ်ဆီကို သွားလိုက်ပြီး တံခါးကိုခေါက်လိုက်တယ်။

သိပ်မကြာခင်မှာပဲ အသက်လေးဆယ်ကျော်ရှိတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာခဲ့တယ်။ ဒန်နီယယ် ကိုတွေ့တော့ အံ့သြသွားပြီး "အားလျှန် ဒီလိုအချိန်ကြီး ဘာလို့ရောက်လာတာလဲ"

"ဝမ်းကွဲရေ ဒီလိုဗျာ အဘိုးရဲ့ အိမ်ဟောင်းကို သွားကြည့်လိုက်တော့ ဦးလေးသေသွားခဲ့တဲ့ အခန်းမှာ စက္ကူပိုက်ဆံတွေ မီးရှို့ပြီး ကျန်ခဲ့တဲ့ ပြာတွေကို တွေ့လိုက်ရတယ်။ အိမ်ထဲ တစ်ယောက်ယောက် ဝင်သွားတာများ တွေ့မိသေးလား"

ဒန်နီယယ်ရဲ့ ဦးလေးအရင်းအကြောင်းကို ပြောသောအခါတွင် ဝမ်းကွဲ၏အမူအရာက ပြောင်းလဲသွားကာ ခဏလောက်စဉ်းစားပြီး “အိုး.. သတိရပြီ၊ ဒေါင်ရှန်း ရွာက အဘွားကြီးရဲ့သမီးက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီကိုလာပြီး မင်းအဘိုးအိမ်ကိုသွားခဲ့တယ်။ သူ့အမေက မင်းဦးလေးအကြောင်းကို ပြောပြခဲ့လို့ မင်းဦးလေးကို ကြည့်ဖို့ ဒီကိုလာခဲ့တာ”

“အဲဒီတုန်းက ငါက ခွင့်မပြုချင်ခဲ့ဘူး၊ ဒါပေမယ့် သူမမှာ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေ မရှိဘူး၊ ဒါကြောင့် မင်းပေးခဲ့တဲ့ သော့ကို ယူပြီး တံခါးဖွင့်ပေးလိုက်တယ်”

ဒေါင်ရှန်းရွာက အဘွားကြီး၏သမီးက ထိုအချိန်က နတ်ဆရာမ၏သမီးဖြစ်သည်။

ထိုစကားကိုကြားပြီးနောက် ဒန်နီယယ်က နားလည်သွားပြီး “သိပြီ အစ်ကိုဝမ်းကွဲရေ မင်းလည်း သွားပြီ အနားယူလိုက်တော့”

“အမ်? မင်းသွားတော့မလို့လား၊ ဒီည အိမ်မှာ အနားယူသွားလိုက်လေ”

ဒန်နီယယ်က ဘာမှမပြောဘဲ အမြန်ထွက်သွားလိုက်တယ်။ သူသည် ဒီလိုကိစ္စတွေအတွက်နဲ့ အချိန်မဖြုန်းချင်ခဲ့ဘူး။

ကျန်းရီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးနောက်တွင် နတ်ဆရာမ၏သမီးက တစ်ခုခုကို သိထားတယ်ဆိုတာက အလိုလို နားလည်လိုက်သည်။

သူက နှစ်ပေါင်း သုံးဆယ်ကျော်အထိ လူတွေနဲ့ အဆက်အဆံမလုပ်ဘဲ၊ သူ့မျက်နှာပေါ်ရှိ အမှတ်အသားက ဘာမှမဟုတ်ဘူးဟု ကိုယ့်ကိုကိုယ် အမြဲနှစ်သိမ့်နေသော်လည်း၊ တကယ်တော့ လောင်စင်း က ဘာလဲဆိုတာကို အခြားသူများထက် သူပိုသိချင်နေခဲ့သည် ။

ဒါကြောင့် ကားပေါ်အမြန်တက်ပြီး ဒေါင်ရှန်း ရွာကို သွားလိုက်တယ်။ ဆယ်မိနစ်လောက်ကြာတော့ ကားက အိမ်တစ်အိမ်ရှေ့မှာ ရပ်သွားခဲ့တယ်။

ဒန်နီယယ်က တံခါးခေါက်လိုက်တော့ သိပ်မကြာခင်မှာပဲ အသက်ခြောက်ဆယ်နီးပါးအရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ရောက်လာခဲ့တယ်။

သူမက နတ်ဆရာမ၏သမီးဖြစ်သည်။ ဒန်နီယယ်ကို မြင်တဲ့အခါမှာ သူမက တခဏလောက် လန့်သွားခဲ့သော်လည်း အထူးတလည် မအံ့သြခဲ့ပေ။ သူမက တံခါးကို အရင်ဖွင့်လိုက်ပြီး “အားလျှန် မင်း ဘာလို့ ဒီကိုရောက်လာတာလဲ”

“အန်တီ ကူ၊ ငါဘာလို့ ဒီကိုရောက်လာတာလဲဆိုတာ အန်တီ သိပါတယ်”

ဒန်နီယယ်က တိုက်ရိုက်ပြောလိုက်သည်။ အဒေါ် ကူ က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး “မင်း ဒီလောက် မြန်မြန်နဲ့ ဒီလိုညဉ့်နက်ချိန်ကြီး ရောက်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဝင်လာခဲ့ပါ”

အဒေါ်ကြီးက ဓာတ်မီးကိုကိုင်ပြီး ကျောကို အနည်းငယ်ငုံ့ကာ အထဲသို့ ဝင်သွားခဲ့သည်။

သူမက အခန်းအတွင်းရှိ မီးများကိုဖွင့်ကာ ဒန်နီယယ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေခဲ့သော်လည်း သူမ၏ မျက်လုံးများက ဒန်နီယယ်ရဲ့ မျက်နှာပေါ်ရှိ အမှတ်အသားကို အမြဲကြည့်နေခဲ့သည်။

“မင်း ဒီအကြောင်းကို ဘယ်သူ့ဆီက သိပြီး ငါ့ဆီ​ရောက်လာတာလဲ။”

အဒေါ်ကြီးက စကားပြောနေရင်းနဲ့ သက်ပြင်းကို အထပ်ထပ်အခါခါ ချနေခဲ့သည်။ ကျန်းရီက နားထောင်ပြီး “အဒေါ်ကြီး နတ်ဆရာမက မသေခင် ဘယ်လို အပြောင်းအလဲတွေ ရှိခဲ့လဲ၊ ဆန်အိုးထဲမှာ မသေခင် ရက်အနည်းငယ် အတွင်းမှာ သူမ ပုံမှန်ရှိမယ်လို့တော့ မဟုတ်ဘူးထင်တယ်။”

“ဆယ်စုနှစ်တွေတောင်ကြာခဲ့ပြီ မင်းကငါ့ကို အခုမှ လာရှာမယ်လို့တော့ ငါမမျှော်လင့်ထားဘူး။ ဒါဆို ငါ့အမေ ဘာကြောင့်သေရတာလဲသိလား ငါ့အမေက မင်းဦးလေးကယ်ချင်တယ်၊ ဒါပေမယ့် မင်းအဖွားနဲ့အဘိုးက ငါ့အမေ ဘာကို ဆိုလိုချင်မှန်း လုံးဝနားမလည်ခဲ့ဘူး... ဟူး…..!”

“သူမ အိမ်ကို ပြန်ရောက်လာပြီးတဲ့ နောက်မှာတော့ သူမက ငါ့လက်ကို ဆုပ်ကိုင်လိုက်ပြီး “သမီး အမေ ကြာကြာ နေရမှာ မဟုတ်တော့ဘူး၊ ဒါပေမယ့် အမေ သမီးကို ပြောစရာတစ်ခုရှိတယ်”

“ပထမဆုံး တစ်ခေါက်သွားတုန်းက အမေက မင်းဦးလေးအနားကို မကပ်ရဲခဲ့ဘူး။ တံခါးအပြင်ဘက်ကနေ မင်းဦးလေးကို တိတ်တိတ်လေး မကြာခဏဆိုသလို လှမ်းကြည့်ခဲ့တယ်။ ပထမတစ်ခေါက် အမေပြန်လာတော့ သူ ကြောက်နေခဲ့တယ်လို့ ပြောခဲ့တယ်။ မင်းဦးလေးရဲ့ မျက်လုံးထဲမှာ တစ်ခုခု ရှိနေတယ်လို့ ပြောခဲ့တယ်။ နောက်တော့ မင်းအဖွားက လာလည်ခဲ့တယ်။ မင်းအဖွားနဲ့ ငါ့အမေက သူငယ်ချင်းတွေဆိုတော့ အဲဒီတုန်းက မင်းအဖွားက နေ့တိုင်း ငိုပြီးတော့ ငါ့အမေကို ကူညီပါလို့ တောင်းပန်ခဲ့တယ်။ ဒါကြောင့် အမေက မင်းဦးလေးရဲ့ ဝိညာဉ်ကို သွားခေါ်ပေးခဲ့ရတယ်...”

“မင်းအမေက ဆန်အိုးထဲမှာ ရုတ်တရက် အသက်ရှုကြပ်ပြီး သေရတဲ့ အကြောင်းရင်းက အားလျှန်ရဲ့ ဦးလေး နဲ့ ပတ်သတ်​နေတယ် ဟုတ်တယ်မလား၊ သူက မပြောသင့်တာကို ပြောလိုက်လို့ ဒုက္ခရောက်ခဲ့ရတာပဲ ဟုတ်တယ်မလား?”

ဒန်နီယယ် ဘာမှမပြောရသေးခင်မှာပဲ ကျန်းရီက ပြုံးလိုက်ပြီးတော့ “အန်တီ ကျွန်တော်က အားလျှန် ရဲ့ သူငယ်ချင်းပါ။ အဲဒါတွေအကြောင်းနဲ့ ပတ်သတ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပါ”

အဒေါ်ဖြစ်သူက အားလျှန် ကို ရှုပ်ထွေးသောမျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်ပြီး “ငါ့အမေက ဒီဆယ်မိုင်ပတ်လည်မှာ အကျော်ကြားဆုံးဖြစ်ပြီးတော့ ဆယ်စုနှစ်များစွာတိုင်အောင် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တယ်။ ဒေါင်ရှန်း ရွာက မင်းအဘိုးရွာနဲ့ သိပ်မဝေးဘူး။ ငါ့အမေက ဒုက္ခရောက်နေတဲ့ မင်းရဲ့ဦးလေးကို သွားတွေ့ခဲ့တယ်။”

“သူမ ဒီစကားတွေပြောတုန်းက သူ့မျက်နှာက ဖြူဖျော့နေပြီးတော့ မျက်လုံးတွေကလည်း အိမ်ထဲကိုပဲ အမြဲကြည့်နေခဲ့တယ်။ အဲဒီတုန်းက ကျွန်မတို့ အိမ်ဟောင်းက နေရောင် သိပ်မရခဲ့ဘူး၊ နေ့ခင်းကြောင်တောင် အရိပ်ရနေပြီးတော့ အေးမြနေခဲ့တယ်။ အမေ့စကားပြောတာကို ကျွန်မ ကြည့်နေခဲ့တယ်၊ အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေပုံရတယ်၊ ဒါပေမယ့် သူမ ကျွန်မလက်ကို ကိုင်ထားပြီး သူမ ဒီနေ့ မရှုပ်သင့်တဲ့အရာကို သွားပတ်သတ်မိပြီးတော့ ရက်အနည်းငယ်အတွင်းမှာပဲ သေရတော့မယ်လို့ ပြောခဲ့တယ်။”

“အဲ့ဒီ သရဲက အရမ်းရက်စက်ပြီးတော့ ကြမ်းကြုတ်တယ်!”

ကျန်းရီ ၏စကားများကို နားထောင်ရင်း အဒေါ်ကြီး၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး “အဲဒီနေ့တွေ အထူးသဖြင့် ညဘက်တွေမှာ ငါ့အမေ ဘယ်လိုနေခဲ့ရတယ်ဆိုတာ မင်းမသိဘူး” လို့ ပြောလိုက်တယ်။

“ဒါပေမယ့် သူမထွက်သွားခင်မှာ တစ်ချို့အရာတွေကို မှတ်ထားဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်။ ပထမအချက်က သူမပြောသမျှကို မှတ်မိနေဖို့ပဲ၊ မဟုတ်ရင် ကျွန်မ ဒုက္ခရောက်လိမ့်မယ်။ ဒုတိယက မင်းတို့မိသားစုနဲ့ သွားပြီး မပတ်သတ်ဖို့ပဲ။ မင်းတို့မိသားစုက ဝိညာဉ်ခေါ်နေစဉ်အတွင်းက ပြောခဲ့တဲ့ စကားတွေက ဘာကိုဆိုလိုတာလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ လာမေးမှပဲ ငါပြောလို့ရမယ်”

“ဒါဆို မင်းဘာမြင်ခဲ့လဲ”

ထိုစကားကို ကြားတဲ့အခါမှာ အဒေါ်ကြီးရဲ့ မျက်လုံးများက တင်းမာလာခဲ့သည်။

အဒေါ်ကြီးက မတ်တပ်ထရပ်လိုက်ပြီး တံခါးခုံနားကို လျှောက်သွားပြီးတော့ သူ့ရှေ့က တောင်တန်းတစ်ခုကို လက်ညှိုးထိုးပြလျုက်ပြီး “အဲဒီတောင်ကြီးကို မင်းမြင်လား ငါ့အဘိုး၊ အဘွား၊ ငါ့မိသားစုရဲ့ ဘိုးဘေးဘီဘင်တွေ အကုန်လုံး အဲဒီတောင်ပေါ်မှာပဲ သင်္ဂြိုဟ်ထားတယ်။ ဘိုးဘေးတွေ ပေါ်လာပြီး သူ့အသက်ကို ကယ်တင်လိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ ညတိုင်း အဘိုးရဲ့ ကျောက်အုတ်ဂူကို မှီအိပ်နေခဲ့တယ်”

“မင်းဘယ်မှာနေခဲ့လဲ?”

ဒန်နီယယ် က ကျန်းရီရဲ့ အသံကို ထပ် ကြားလိုက်ရတော့ အဒေါ်ကြီးဆီ ဖုန်းကို ပေးလိုက်တယ်။

“မင်းက တကယ်ကို ဒါတွေနဲ့ပတ်သတ်ပြီး ဗဟုသုတရှိတဲ့သူတစ်ယောက်ပဲ ။ အခုလို ငါ့တံခါးဆီကို ဆိုက်ဆိုက်ကြီး ရောက်လာတော့ ငါလည်း အဲ့ဒီလျှို့ဝှက်ချက်တွေကို ပြောလို့ရပြီ”

“အဲဒီအချိန်က အမေ ပြန်ရောက်လာတဲ့အခါမှာ ဘယ်လောက်ထိ ထိတ်လန့်နေမှန်းကို မင်းတို့သိမှာ မဟုတ်ဘူး။ ဝိညာဥ်ခေါ်တဲ့နေ့က နေပူတဲ့ နေ့တစ်နေ့ပဲ။ အဲ့နေ့ ပြန်လာပြီးတော့ သူမကိုယ်သူမ စောင်တွေနဲ့ တင်းတင်းကျပ်ကျပ် ပတ်ပြီး ထောင့်တစ်တောင့်မှာ ကွေးနေခဲ့တယ်။ သူမကို ဘာတွေဖြစ်နေတာလဲလို့ သွားမေးတော့ ကျွန်မကို အဲဒီနေရာကို မသွားခိုင်းခဲ့ဘူး၊ နေပူထဲမှာ နေပြီးတော့ သူ့ခန္ဓာကိုယ်က အညစ်အကြေးအားလုံးကို ဖယ်ရှားပစ်ရတယ်။

All Chapters