← Chapters

လောင်စင်းရဲ့ လျှို့ဝှက်ချက်

Vol. 9 Ch. 115

လောင်စင်းရဲ့ လျှို့ဝှက်ချက်

Vol. 9 Ch. 115

အဲဒီကောင်မလေး... သူက အရမ်းရက်စက်ကြမ်းကြုတ်တယ်!

ကောင်မလေးက ရက်စက်တာလား?

ကျန်းရီက ချက်ချင်းနီးပါးကို ပြန်မေးလိုက်တယ် “အားလျှန်ရဲ့ ဦးလေး နှောင့်ယှက်တဲ့သူက မိန်းကလေးပဲ ဆိုတာ မင်းအမေမြင်ခဲ့တာလား။”

“ဟုတ်တယ်၊ ငါ့အမေက အားလျှန် ဦးလေး ရဲ့ ပါးစပ်ကနေ မြင်ခဲ့တာလို့ ပြောတယ်။ ဝိညာဉ် ခေါ်ဖို့ သွားတဲ့နေ့မှာ ငါ့အမေက ဝိညာဉ်တွေကို ခေါ်ပြီးတာနဲ့ ခွက်ထဲက ဆန်ကို ကြည့်ပြီး အားလျှန်ရဲ့ ဦးလေး ကို ပါးစပ်ဟခိုင်းခဲ့တယ်။

အဲ့ဒီအချိန်က အနီရောင်ဝတ်ဆုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ဦးကို သူ့ရဲ့ ပါးစပ်ထဲမှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ် “

“အဲဒီတုန်းက သူမကလည်း အမေ့ရဲ့ မျက်လုံးနဲ့ ဆုံဖူးခဲ့တယ်၊ ဒါပေမယ့် အမေက အဖြစ်အပျက်ကို အသေးစိတ် မပြောပြခဲ့ဘူး။ အဲ့ဒီမိန်းကလေးက အရမ်းရက်စက်တယ်လို့ပဲ ပြောနေခဲ့တယ်၊ သူက ဝိညာဉ်ခေါ်ဆရာဖြစ်ခဲ့တာ ဆယ်စုနှစ်နဲ့ချီပြီးရှိတာတောင် မကြည့်ရဲခဲ့ဘူး။ အမေက ဒေါသအရမ်းထွက်ပြီး တစ်ခုခုပြောခဲ့တယ်...

“ဘာပြောခဲ့တာလဲ?”

“အမေပြောတာ…” အဒေါ်ကြီးဖြစ်သူက ရှုပ်ထွေးသော မျက်လုံးများဖြင့် ဒန်နီယယ်ကို စိုက်ကြည့်ကာ “မင်းဦးလေးက တခြားသူတွေကို ဒုက္ခပေးမယ်လို့ မင်းထင်လား”

ဒန်နီယယ်က ခဏလောက် ကြောင်သွားခဲ့ပြီး “လူတွေကို ဒုက္ခပေးတာလား?”

“ဟုတ်တယ်”

“မဖြစ်နိုင်ပါဘူး။ သူနဲ့ တစ်ခါမှ မဆုံဖူးပေမယ့် ဦးလေးက ဒုက္ခမရောက်ခင်တုန်းက ကြင်နာတတ်တယ်၊ ချောမောတယ်၊ ထက်မြက်တယ်လို့ အမေနဲ့ အဘိုးအဘွားတွေဆီက ကြားဘူးတယ်။ အရင်တုန်းကလည်း သူက ရိုင်းစိုင်းပြီးတော့ ရက်စက်တတ်သူလို့ မကြားခဲ့ဖူးဘူး၊ ဒါကြောင့် သူ ဘယ်သူကိုမှ ဒုက္ခပေးမှာ မဟုတ်ဘူး”

အဒေါ်ကြီးဖြစ်သူက ဒီစကားကိုကြားတော့ “ဒါပေမယ့် ငါ့အမေက မင်းဦးလေးပဲ သူမကို သတ်ခဲ့တာ၊ နောက်တော့ သူမက မင်းဦးလေးဆီ ရောက်လာခဲ့တယ်လို့ပဲ ထင်တယ်လို့ အမေက ပြောခဲ့တယ်”

ဒန်နီယယ်က ခဏတာလောက် ဆွံ့အသွားခဲ့ပြီး ကျန်းရီကလည်း ဒန်နီယယ်ရဲ့ ဦးလေးက အခြားသူများအား အန္တရာယ်ပြုခြင်းရှိမရှိကို သိရန် မကြိုးစားခဲ့ပေ။ သူက အရေးကြီးတဲ့ မေးခွန်းကို မေးလိုက်တယ်- “အန်တီ့အ​မေက လောင်စင်း ဆိုတဲ့ စကားကို သူမအသက်မသေခင် ပြောခဲ့သေးလား”

“လောင်စင်း၊ လောင်စင်းကို မင်း ဘယ်လိုသိတာလဲ” အဒေါ်ကြီးက တအံ့တသြနဲ့ မေးလိုက်တယ်။

ကျန်းရီက “အားလျှန်ရဲ့အမေက သူ့ကိုမွေးတုန်းက အားလျှန်ဦးလေးရဲ့ ဝိဥာဉ်က သားဖွားခန်းကို ရောက်လာခဲ့တယ်။ လောင်စင်းကို မသွားဖို့ကို ပြောခဲ့တယ်!”

“လောင်စင်း က လမ်းအသေးလေး တစ်ခုပဲ။ အာမား တောင်က တောင်ကျေချာင်းနဲ့ နီးတယ်။ အာမား တောင်က မြို့နဲ့ နီးတယ်။ လောင်စင်း က ဟိုးအရင်ကတည်းက ဘယ်သူမှ မမှတ်မိတဲ့ လမ်းပဲ။ လူကြီးတွေတောင် မသိကြဘူး။ မေမေက ဝိညာဉ်ခေါ်သူ ဖြစ်တဲ့အတွက် မြို့တွင်းက လူတွေ ဝိညာဉ်တွေကို ခေါ်ယူလေ့ရှိတဲ့အတွက် လောင်စင်း အကြောင်းကို သူသိလိုက်ရတယ် လို့ ပြောခဲ့တယ်။

အဒေါ်​ကြီးဖြစ်သူက ဒန်နီရယ်ကို ကြည့်ပြီး ဒန်နီယယ်က ခေါင်းခါယမ်းကာ “ကျွန်တော် အဲ့ဒီကို ရောက်ဖူးခဲ့လား မသိပေမယ့် မြို့ကိုတော့ ရောက်ဖူးပါတယ်။ အဲဒီတုန်းက မိဘတွေက ကျွန်တော့်ကို မြို့ထဲကို ဆော့ကစားဖို့ ခေါ်သွားလေ့ရှိပါတယ်။ အဲ့နားမှာ တောင်ကျချောင်း ရှိတယ်မလား? ငယ်ငယ်တုန်းက ဓါတ်ပုံရိုက်ဖို့ ငါ့အဖေက အဲဒီကို ခေါ်သွားခဲ့တယ်”

သူစကားပြောနေစဉ်မှာပဲ ဒန်နီယယ်က သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ဓာတ်ပုံတစ်ပုံကို ရှာဖွေလိုက်သည်။

“ဒါက ဓာတ်ပုံအယ်လ်ဘမ်ဟောင်းကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံပါ။ အဲဒီတုန်းက ငါ့မျက်နှာမှာ ဒီအမှတ်အသား မရှိသေးဘူး။ အဒေါ်ကြီးရေ၊ အဲ့နေရာက လောင်စင်း ဟုတ်မဟုတ် ကြည့်ပေးနိုင်မလား”

အဒေါ်ကြီးက အဲဒါကိုမြင်လိုက်တော့ “အဲ့နေရာက လောင်စင်း ပဲ။ မင်းမိဘတွေ ​လျှောက်ပြီး အရူးထနေတာပဲ။ မင်းဦးလေး မင်းတို့ကို လောင်စင်း ကို မသွားရဘူးလို့ လာေပြာခဲ့တာကို။ မင်းတို့က ဘာသွားလုပ်တာတုန်း။ မင်းကို အသက်ရှင်ရက် လွှတ်ပေးလိုက်တာကိုပဲ ကျေးဇူးတင်ရမယ်!”

အဒေါ်ကြီးရဲ့ စကားတွေက ပဟေဋ္ဌိအားလုံးကို စပြီး ဖြေရှင်းပေးလိုက်သလိုပါပဲ။

ဒန်နီယယ် ရဲ့မျက်နှာပေါ်က အမှတ်အသားက သူ့အဖေက တစ်ချိန်က ကင်မရာတစ်လုံးဝယ်ပြီး နေရာအနှံ့ ဓါတ်ပုံတွေ လိုက်ရိုက်ရင်းနဲ့ လောင်စင်း ကို မတော်တဆ ရောက်မိသွားတယ်၊ ဒါကြောင့် ဒန်နီယယ်က နောက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့ရတယ်။

“အခု ဟူအားကျယ် လို့ ခေါ်ပြီးတော့ လောင်စင်း လို့ ဘယ်သူမှ မခေါ်ကြတော့ဘူး။ မြို့ထဲက လူတော်တော်များများက သူတို့ရဲ့ အားလပ်ချိန်တွေမှာ အပန်းဖြေဖို့အတွက် အဲ့နေရာကို သွားကြတယ်၊ ငါ မမျှော်လင့်ထားခဲ့ဘူး…. ကောင်မလေးတစ်ယောက် လောင်စင်းမှာ အသတ်ခံရလိမ့်မယ်ကို ငါတကယ်ကို မမျှော်လင့်ထားခဲ့ဘူး”

အဒေါ်ကြီးက သက်ပြင်း အထပ်ထပ် ချလိုက်ပြီး ကျန်းရီ က “ဒန်နီယယ် လောင်စင်းကို ချက်ချင်းပဲသွားရအောင်”

“ကောင်းပြီ!”

ကျန်းရီ ၏ ပရိတ်သတ်တစ်ယောက် အနေဖြင့် အလွန်ရက်စက်သည်ဟု ဖော်ပြခံရသော မိန်းကလေးကို ကြောက်ရွံ့ခြင်းမရှိပေ။

သူထလို​က်တာနဲ့ အဒေါ်ကြီးက "အားလျှန်၊ ပြီးတော့ လူငယ်လေးရောပဲ မင်းတို့ တကယ်သွားမလို့လား"

"ငါတို့သွားရမယ်။ ဒီကိစ္စက လွန်ခဲ့ တဲ့ဆယ်စုနှစ်တွေထဲမှာ နစ်မြုပ်နေခဲ့တာ။ အဲဒါကို ဖြေရှင်းနိုင်မယ်ဆိုရင် ဘာလို့ မဖြေရှင်းရမှာလဲ။"

ကျန်းရီက ပြန်ပြောလိုက်​တော့ အဒေါ်ကြီးက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ မင်းတို့ သတိတော့ထားသင့်တယ်။ ငါ့အမေက အဲဒီတုန်းက သိပ်ပြီး ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။ မင်းတို့ ရောက်လာတဲ့အခါ အဲ့ဒီ ကောင်မလေးအကြောင်းကိုပဲ မင်းတို့ကိုပြောပြဖို့ ပြောခဲ့တာ၊ အခု ငါ ပြောပြီးပြီ၊ ဒီကိစ္စက ငါတို့မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး၊ ဒါပေမယ့် အားလျှန် ရဲ့ ဦးလေးက တစ်ယောက်​​ယောက်ကို ဒက္ခပေးခဲ့လားဆိုတာကို မင်းတို့ ရှာတွေ့ပါစေလို့တော့ ငါမျှော်လင့်ပါတယ်။ သူသာ ဒက္ခပေးခဲ့တယ်ဆိုရင် ငါ့အမေရဲ့ အသက်ဆုံးရှုံးခဲ့ရတာ မတရားဘူးလို့တော့ ငါထင်တယ်”

အဒေါ်ကြီးပြောသည့်စကားများသည် ယုတ္တိရှိနေသည်။ ဒန်နီယယ်ရဲ့ ဦးလေးက ငယ်ရွယ်သော မိန်းကလေးတစ်ဦးကို အမှန်တကယ်သတ်ခဲ့ပါက သူက ပြန်အသတ်ခံရဖို့ ထိုက်တန်သည်။ ဒါပေမယ့် နတ်ဆရာမရဲ့ အသက်ကတော့ မတရားခံလိုက်ရတာပေါ့။

ဒန်နီယယ်သည် ဒေါင်ရှန်း ရွာမှ ထပ်မံထွက်ခွာခဲ့ပြီး မြို့နောက်ဘက်ရှိ လောင်စင်း သို့ မောင်းနှင်ခဲ့သည်။

ထိုနေရာကို ရောက်တဲ့အခါမှာ မှောင်နေသေးသည်။ နီးကပ်လာသည်နှင့်အမျှ တောင်ပေါ်မှ ရေစီးသံကိုပင် ကြားနေရသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကင်မရာသည် အမြဲတမ်း ရှေ့သို့ မျက်နှာမူထားသည်။ လောင်စင်းတွင် သရဲမ အမှန်တကယ်ရှိနေပါက၊ သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ချက်ချင်းပေါ်လာမည်ဖြစ်သည်။

ငယ်စဉ်ကလေးဘဝက အဖြစ်အပျက်​​တွေကြောင့် ဒန်နီယယ်ရဲ့မျက်လုံးတွေက တခြားသူတွေမမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်ခဲ့တယ်။

လောင်စင်း သို့သွားရာလမ်းတွင် ကျန်းရီ က ဒန်နီယယ်အား "ဒီကိစ္စပြေလည်သွားရင် မင်းမျက်လုံးတွေမှာ ဒီလို ထူးခြားတဲ့စွမ်းရည်တွေမရှိတော့မှာကို စိုးတယ်"

"ဟေး သာမာန်လူတစ်ယောက်ဖြစ်လာဖို့ အမြဲအိပ်မက်မက်နေတာ။ ရိုးရိုးသားသားပြောရရင် အခုချိန်မှာ မျှော်လင့်ချက်တွေကို မြင်နေရပြီလို့ ခံစားနေရတယ်။ ထူးခြားတဲ့ မျက်လုံးတစ်စုံရှိတာ ဘယ်လောက်တောင် နာကျင်ရမှန်း မင်းတို့မသိဘူး!"

ဒန်နီယယ်သည် စကားပြောနေရင်း ရယ်နေပုံရသော်လည်း သူ၏ရယ်မောမှုထဲတွင် ဒေါသ အရိပ်အယောင်များ ပါနေခဲ့သည်။

သူ့မှာ တကယ်ပဲ မျှော်လင့်ချက်ရှိနေပြီဖြစ်သည်။ ဒီလို ရှိနေပြီဖြစ်တဲ့ မျှော်လင့်ချက်ကြောင့်ပဲ နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးခဲ့တဲ့ နတ်ဆိုးဝိညယဥ်ကို သူ မုန်းတီးနေမယ်ဆိုတာက ​အတိအကျပါပဲ။

တောင်ကျချောင်းနားကို ရောက်တဲ့အခါမှာ ပတ်ဝန်းကျင်ရှုခင်းက အရမ်းကို လှပနေခဲ့တယ်။

လမ်းလျှောက်နေတဲ့အချိန်မှာပဲ ဒန်နီယယ်က ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ သူ့မျက်လုံးတွေက တောင်ကျချောင်းမှ ဆယ်မီတာကျော်ဝေးသော ချုံပုတ်တွေကို ကျန်းရီနဲ့ အတူတူပင် စိုက်ကြည့်နေခဲ့တယ်။

ဒန်နီယယ်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါလာခဲ့ပြီး ကျန်းရီရဲ့ မျက်လုံးများလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။

"အခု မင်းရှာတွေ့ပြီးခဲ့ပြီပဲ၊ သူ့ကိုသွားတွေ့ပြီးတော့ သိချင်တာတွေမေးလိုက်ပါ။"

ကျန်းရီကပြောလိုက်ပြီး ဒန်နီယယ်က ခေါင်းညိတ်ပြခဲ့သော်လည်း သူ့ခန္ဓာကိုယ်က တုန်ယင်နေဆဲဖြစ်သည်။

သူသည် ချုံပုတ်အနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ လက်ကိုဆန့်ပြီး ချုံပုတ်ပေါ်သို့ ဖြည်းညှင်းစွာပဲ လက်ကို တင်ခဲ့လို​က်သည်။

ချုံပုတ်တွေက အရမ်းအေးနေခဲ့ပြီး ဒန်နီယယ်က အံကို တင်းတင်းကြိတ်ပြီး ရုတ်တရက် တွန်းဖွင့်လိုက်သည်။ သူမက ခြုံပုတ်ထဲမှာ ဖြူဖျော့နေတဲ့ မျက်နှာကြီးနဲ့ သူ့ကို စိုက်ကြည့်နေခဲ့တယ်။

All Chapters