အပိုင်း (၄၉၇) – ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၃)
Vol. 005 Ch. 497
သူသည် သိမ်းငှက်ခန္ဓာကိုယ်ပေါ်မှ လူများကို တွေ့လိုက်သောအခါ ဘေဂုံအာ၏ အမူအရာ ပြောင်းသွား လေသည်။ ဘေဂုံထန်ပင်လျှင် မျက်ရည်များဝဲလာသည်။
ရှီမာယူယူနှင့် တခြားသူများသည် ပင်မတံခါးဆီသို့လာရာ ထိုလူအုပ်ကြီးကိုတွေ့ ရလေသည်။ “ဘေဂုံ ငါတို့ နင့်အမေကို ပြန်ခေါ်ခဲ့ပြီ”
သိမ်းငှက်သည် သူတို့ကို မြေပေါ်သို့ချပြီးနောက် လူအသွင်ပြောင်းကာ သိမ်းငှက်ဘုရင် နောက် သွားရပ် လိုက်လေသည်။
“အမေ” ဘေဂုံထန်သည် ချက်ချင်းပင် သူမအမေ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလေ သည်။
ရင်လန်သည် အဝတ်အုပ်ထားသော်လည်း သူတို့သည် အချိန်အတော်ကြာမတွေ့ရ သော်လည်း သူမသည် မှတ်မိသည်။
ရင်လန်သည် ပတ်ဝန်းကျင်အား အာရုံခံနိုင်စွမ်းရှိလောက်အောင် အင်အားကောင်း သဖြင့် သူမ မျက်လုံး ကိုအုပ်ထားသော်လည်း သူမ နေ့နေ့ညညလွမ်းနေသော သမီး၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမသည် အမေဟု ခေါ်သောအသံကိုကြားလိုက်သည်နှင့် အုပ်ထားသော အဝတ်အားဖယ်လိုက်သည်။
သူမ နေရောင်မမြင်ခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူမသည် အသားကျ နေသော်လည်း အဝတ် အား ဖယ်လိုက်ရာ နေရောင်စူးသဖြင့် မျက်စိပြာသွားလေသည်။
“အမေ နေရောင်ကို မမြင်တာကြာသွားပြီလေ ဘာလို့အဝတ်ကို ဖယ်လိုက်တာလဲ” ဘေဂုံထန်သည် အဝတ်ကိုပြန်ယူကာ ထပ်စည်းပေးလိုက်လေသည်။
“အမေ အဲဒါတွေကို ဂရုမစိုက်ဘူး ဒီနေရောင်လောက်တော့ ခံနိုင်တယ် သမီးကိုတွေ့ချင်လို့ပါ” ရင်လန် သည် ဝိညာဉ်စွမ်းအင်များစုကာ မျက်လုံးအား ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ သူမသည် အရွယ်ရောက်လာ သော ဘေဂုံထန်အားတွေ့သောအခါ မျက်လုံးများနီရဲလာသည်။ သူမသည် လက်ဆန့်ထုတ်ကာ သူမ မျက်နျာ် အားထိလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ကောင်းတယ် ကောင်းတယ် အသက်ရှင်နေတာ သမီး ကိုထပ်တွေ့ဖို့ဆို လုံလောက်နေပြီ”
ဘေဂုံထန်သည် သူမလက်အား မျက်နှာပေါ်ရှိ သူမအမေလက်ပေါ်တွင် ထပ်တင်လိုက်သည်။ သူမ ရင်ခုန်သံမြန်လာသည် “အမေ အမေ့သမီးပြန်လာပြီ”
“အစ်မ” ဘေဂုံဟောင်သည် အားနည်းနေသည်ဖြစ်၍ အဝတ်ကို မဖြုတ်ရဲပေ။ သို့သော် နှစ်ပေါင်း များစွာ ပိတ်ခံထားရပြီးနောက်တွင် အာရုံခံစားမှုမှာ ပိုခံစားလွယ်လာသည်။ သူသည် ဘေဂုံထန်၏ လက်ရှိအခြေအနေ အား သိသောကြောင့်ပင်ဖြစ်သည်။ သူသည် မြင်ရန်အတွက် အဝတ်ကို မဖြုတ်ပေ။
ဘေဂုံထန်သည် ရင်လန်၏ ရင်ခွင်မှ ထွက်ကာ ဘေဂုံဟောင်အား ဖက်လိုက်ကာ ပြောလေသည် “မောင်လေး ပင်ပန်းခဲ့မှာပဲ”
ထိုနှစ်က သူမဦးလေးပြန်လာစဉ်က တစ်ယောက်ကိုသာခေါ်သွားနိုင်မည်ဟု ပြောခဲ့ သည်။ သူမသည် သူမမောင်အား ထွက်ပြေးစေချင်ခဲ့သည်။ သို့သော် ဘေဂုံဟောင်သည် သူမအား တွန်းကာ ထွက်သွားခိုင်းခဲ့ သည်။ အချိန်သည် တိုတောင်းလွန်းလှသဖြင့် သူမဦးလေးသည် သူမအား ဆွဲကာ ထွက်ပြေးခဲ့သည်။
“ငါ အစ်မ ငါတို့ကို ပြန်လာပြီးကယ်မှာပဲလို့ အမြဲယုံခဲ့တယ်” ဘေဂုံဟောင်သည် ပြုံးပြီး ရိုးရှင်းစွာ ပြော လေသည်။
“အင်း ငါပြန်လာပြီ နောက်ကို ဘာကိစ္စမဆို အစ်မကိုအားကိုးလိုက်တော့” ဘေဂုံထန် သည် ဘေဂုံဟောင်အား လွှတ်ကာ မျက်ရည်များဖြင့် ပြုံးပြလေသည်။
ဘေဂုံထန်ပြောသောစကားများကို ကြားသောအခါ ရှီမာယူယူသည် ခါးသီးစွာပြုံးမိ လေသည်။ သူမသည် သူမ ခံစားချက်များ တခြားသူများမမြင်စေရန် မျက်နှာကို ဖြေးညင်းစွာ မော့လေသည်။
သူမသည်လည်း အစ်မပြန်လာပြီဟု ပြောချင်သည်။ သူမအား အားကိုးပါဟု ပြောချင်သည်။
ရင်ဟောင်သည် ရင်လန်နှင့် ဘေဂုံဟောင်တို့ အသက်ရှင်နေသေးသည်ကို တွေ့သောအခါ သူလည်း စိတ်လှုပ်ရှားမိလေသည်။ သို့သော် ဘေဂုံထန် စိတ်လှုပ်ရှား နေသည်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ကာ ဘေဂုံမျိုးနွယ်ဝင်များကို ပြောလိုက်လေ သည် “ငါ့ညီမနဲ့တူ သေသွားပြီလို့ ပြောခဲ့တာမလား ဒါဆိုရင် သူတို့က ဘယ်သူတွေလဲ ဘေဂုံမျိုးနွယ်ခေါင်းဆောင် ငါတို့်ရင်မျိုးနွယ်က သေချာတဲ့ရှင်းပြချက်ကိုလိုချင်တယ်”
ရင်လန်နှင့် ဘေဂုံဟောင်တို့ အသက်ရှင်လျက် ထွက်ပေါ်လာသည်ကို ကြည့်ရှုသူများ သည်လည်း မြင်လေသည်။ သူတို့သည် သေသွားပြီဟု တည်ငြိမ်စွာပင် အကြိမ်ပေါင်းများစွာ ပြောခဲ့သည်။ သို့သော် အမှန်တရား သည် သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်ချေပြီ။
အားလုံးသည် ရိုက်သံကို ကြားလိုက်ရသကဲ့သို့ပင်။
ထိုအချိန်တွင် ဘေဂုံမျိုးနွယ်များသည် နှုတ်ဆိတ်နေကြကာ ရှင်းပြချက် တစ်စုံတစ်ရာ မပြုလုပ်ကြပေ။ ရင်လန်နှင့် ဘေဂုံဟောင်တို့အား မြင်သည့်သူမရှိသဖြင့် သေသွားပြီဟု သာ မှတ်ယူထားကြသည်။ သို့သော် ထို သေသွားသော လူများသည် ပေါ်လာသဖြင့် သူတို့ မည်သည့်ဆင်ခြေဖြင့် ပြောရတော့မည်နည်း။
ဘေဂုံရှုန်သည် ချက်ချင်းပင် ရှီမာယူယူအား မုန်းတီးသောအကြည့်ဖြင့် ကြည့်လေသည်။ သူသည် မေးမြန်းလေသည် “သခင်လေးရှီယူ ဒါဘာသဘောလဲ”
သူတို့သည် သူမအား ပဟေဋ္ဌိဆန်သော ဧည့်သည့်အဖြစ် အလေးစားဆက်ဆံခဲ့သည်။ အခု သူမသည် ထိုအရာအားပြုလုပ်ခဲ့သည်။ သူမ၏ ဘေဂုံမျိုးနွယ်အတွင်းဝင်သော လှုပ်ရှားမှုသည် မရိုးသားသည်မှာ ရှင်းနေ သည်။
ရှီမာယူယူသည် ပြုံးပြီ ပြန်ဖြေလေသည် “ဘေဂုံမျိုးနွယ်ခေါင်းဆောင် ကျွန်တော်က ရှီယူ မဟုတ်ပါဘူး ရှီမာယူယူလို့ခေါ်ပါတယ်၊ ကျွန်တော်က ဘေဂုံထန်နဲ့အတူကြီးပြင်းခဲ့တာပါ”
ထိုရှင်းပြချက်တွင် နားမလည်နိုင်စရာအချက်မရှိပေ။
“ဆေးက အတုပဲ” ဘေဂုံရှုန်သည် သူမအား မုန်းတီးစွာ ကြည့်လိုက်သည်။
“ကျွန်တော်တို့ကို ဘာလို့ဝင်ခွင့်ပြုလဲ၊ ကျွန်တော်တို့ ဝင်မရဘူးဆိုရင် သူမအမေနဲ့ မောင်လေးနဲ့ကို ဘယ်လိုလုပ်ကယ်တော့မလဲ” ရှီမာယူယူ ပေါ့ပါးစွာ မှတ်ချက်ပေးလေသည်။
ဒီမျိုးနွယ်က လူတွေက အရေထူတာပဲ။ သူတို့က အခုအခြေအနေကို ဖြေရှင်းဖို့ မကြိုးစားပဲနဲ့ သူမ ကယ် ခဲ့သည့်အကြောင်းအရင်းကို စောဒကတက်နေတယ်။
“သိမ်းငှက်ဘုရင် မင်းတို့သိမ်းငှက်မျိုးနွယ်က လူသားတွေနဲ့ မပတ်သတ်ခဲ့တာ ဘာလို့ လူသားတွေကို ကူညီတာလဲ”
သိမ်းငှက်ဘုရင်သည် ဘေဂုံရှုန်အား ငဲ့ကြည့်ကာ “ငါ့ဘုရင်ရဲ့ ဆန္ဒကိုဖြည့်ပေးရုံပဲ”
“ဘုရင်… တောင်ပိုင်းမှာပေါ်လာတဲ့ မြင့်မြတ်တဲ့တောင်ပံလေးခုဂဠုန်လား” အကြီးအကဲသည် အော် လိုက်လေသည်။
“ဘေဂုံမျိုးနွယ်က ငါတို့ရင်မျိုးနွယ်ကို ဘယ်လောက်ထိကြာအောင် လျစ်လျူရှုနေဦးမှာ လဲ” ရင်ဟောင် သည် အေးစက်သောအမူအရာဖြစ်ကာ ချမ်းစိမ့်သော ရောင်ဝါလွှတ်လိုက် လေသည် “ငါ ငါ့ညီမနဲ့ တူကို လာတွေ့တုန်းက သူတို့သေသွားပြီလို့ပြောခဲ့တယ် အခု သူတို့က ငါ့ရှေ့မှာရပ်နေ ကြတယ် ဘေဂုံရှုန် ကျွန်တော် ခင်ဗျားကို မျိုးနွယ်ခေါင်းဆောင် တစ်ယောက်အနေနဲ့ လေးစားပါတယ် ဒါပေမဲ့ ခင်ဗျားက အကျိုးအကြောင်း ဆီလျော်အောင် ရှင်းမပြဘူးဆိုရင် ကျွန်တော်တို့ ရင်မျိုးနွယ်က ဒီကိစ္စကို ဒီအတိုင်းကျော်သွားမှာမဟုတ်ဘူး”
“ရင်လန်က ငါတို့ဘေဂုံမျိုးနွယ်ကို လက်ထပ်ထားတာ နှစ်၂၀ကျော်ပြီ သူမက အခု ဘေဂုံမျိုးနွယ်ဝင် ဖြစ်နေပြီ အပြင်လူက ငါတို့မျိုးနွယ်ဝင်ကို အပြစ်ပေးဖို့ကို ဝင်ပါစရာမလိုဘူး” ဘေဂုံရှုန်သည် အမှားကို ဖုံးကွယ် ရန် ကြိုးစားကာ ပြောလေသည်။
“ကျွန်မအမေက ဘေဂုံမျိုးနွယ်ရဲ့ လုပ်ဇာတ်ကြောင့်ပဲ ဘေဂုံအောင်နဲ့လက်ထပ်ခဲ့ရတာ ပြီးတော့ ဘေဂုံအောင်ကလည်း သူတို့ရဲ့ လက်နက်ဖြစ်ခဲ့တယ် အဲတော့ သူမက ဘေဂုံမျိုးနွယ် မဟုတ်တော့တာကြာပြီ” ဘေဂုံထန်သည် ဘေဂုံရှုန်အား ဆန့်ကျင်ပြောလေသည်။
“ကြားလား ငါ့ညီမက ခင်ဗျားတို့ဘေဂုံမျိုးနွယ်ဝင် မဟုတ်တော့တာကြာပြီဆို ဒါပေမဲ့ ဘေဂုံမျိုးနွယ်က သူမကို အကျဉ်းချထားသေးတယ် ဒီနေ့တော့ ရှင်းပြချက်ပေးရမယ် မဟုတ်ရင် ငါတို့ရင်မျိုးနွယ်က အလွတ် ပေးမှာမဟုတ်ဘူး”
“အစ်ကိုကြီး…” ရင်လန်သည် ရင်ဟောင်အား ကြည့်ကာ ခံစားမှုအပြည့်ဖြင့် ခေါ်လိုက်လေသည်။
“မကြောက်နဲ့ အဲရေကြက်အိုကြီးက မင်းကို အိမ်ပြန်ခေါ်လာဖို့ပြောလိုက်တယ် သူက မင်းကို ဒီမှာ ထပ်ပြီး မနေစေချင်တော့ဘူး” ရင်ဟောင်ပြောလိုက်လေသည်။
ရင်လန်သည် ရင်မျိုးနွယ်အား မုန်းတီးခြင်းမရှိခဲ့ပေ။ ထို့အပြင် သူမသည်သာလျှင် ဘေဂုံအောင် အားလက်ထပ်ခဲ့သူဖြစ်သည်။ ထိုအချိန်တွင် သူမ ဘေဂုံအောင်နှင့် လက်ထပ်ခဲ့ပါက သူမ၏ သေခြင်း ရှင်ခြင်းသည် သူတို့နှင့် မသက်ဆိုင်ဟု သူမမျိုးနွယ်ဝင်များ သည် ပြောခဲ့ကြသည်။ ရင်မျိုးနွယ်သည် ရင်ဟောင်အား လွှတ်ကာ သူမကို ကယ်ခိုင်းမည်ဟု ထင်မထားခဲ့ပေ။
“ဘေဂုံ သူတို့ကို ကယ်ပြီးပြီဆိုတော့ ငါတို့ပြန်ကြမယ်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း”
ဒီနေ့ သူတို့၏ ရည်ရွယ်ချက်မှာ သူတို့ကို ကယ်တင်ရန်ဖြစ်သည်။ အစပိုင်းတွင် သူတို့သည် အင်အား မလုံလောက်မည်စိုးသောကြောင့် ရင်မျိုးနွယ်ကို ကူညီပေးရန် တောင်းဆိုခဲ့သည်။ အခု သူသည်ရင်မျိုးနွယ် အင်အား တစ်ခုလုံးကို ယူလာသဖြင့် ထိုနေရာမှ ထွက်ခွာရန်အခက်အခဲမဖြစ် တော့ပေ။
“အမေ သမီးတို့ဒီနေ့တော့သွားရအောင် ကိစ္စတွေအားလုံးကို နောက်မှရှင်းရအောင်” ဘေဂုံထန် ပြော လိုက်သည်။
“သမီးပြန်လာမှတော့ ကျန်တာတွေကို နောက်မှရှင်းကြတာပေါ့” ရင်လန်သည် သူမသမီး၏ လက်မောင်း ကိုကိုင်လိုက်လေသည်။
သူမသည် ကိစ္စများကိုလွှတ်ချရန်မပြောနိုင်သော်လည်း ဖြစ်ပျက်ခဲ့သမျှကို မေ့ပစ်ရန်သာ ပြောနိုင်ခဲ့ သည်။
သူတို့လုပ်ခဲ့သမျှ… သူမကို ပြန်ပေးဆပ်အောင်လုပ်ရမယ်။
ဘေဂုံမျိုးနွယ်မှ လူတစ်စုသည်ထွက်လာကာ ဝိုင်းပြီး သူတို့ထွက်သွားမည်ကို တားလိုက်လေသည်။
“ရင်လန်က ဘေဂုံမျိုးနွယ်ကလူဖြစ်တုန်းပဲ သူမကိုခေါ်သွားလို့မရဘူး” ဘေဂုံအောင် ပြောလိုက်သည်။
ဘေဂုံမျိုးနွယ်သည် ထိုသားအမိအပေါ်တွင် ဆိုးရွားသော အပြုအမူများလုပ်ခဲ့သည်။ သူတို့ကို လွှတ် ပေးလိုက်ပါက ဘေဂုံမျိုးနွယ်သည် ဆောင်းဦးလမြို့တော်တွင် ခြေချ၍ရတော့မည်မဟုတ်ပေ။
သည်လိုနှင့် သူတို့သည် သိမ်းငှက်ဘုရင်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်တောင် ထွက်သွားခွင့် မပေးနိုင်ပေ။