အမှားအမှန်
Vol. 9 Ch. 116
ဒန်နီယယ်၏ ခန္ဓာကိုယ်သည် မနေနိုင်ဘဲ တုန်ယင်သွားခဲ့သည်။ အရင်က တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက သရဲတစ္ဆေများကဲ့သို့ပင် အဲ့ဒီမျက်နှာက လုံးဝကို သာမာန်ဖြစ်နေခဲ့သည်။
ဒါပေမယ့် သူမက အခြား သရဲတစ္ဆေများကဲ့သို့ပင်၊ ခြုံပုတ်ထဲမှ တူးထုတ်ခံရပြီး ဖြူဖျော့ပြီး သွေးကင်းစင်နေသော မျက်နှာ၊ တဖြည်းဖြည်းနှင့် ရက်စက်ကြမ်းကြုတ်လာပြီး ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများက ဒေါသနှင့် မုန်းတီးမှုတွေ ပြည့်နှက်နေသော ဒန်နီယယ်ကို တခဏအတွင်း ကြောက်ရွှံ့ တုန်လှုပ်စေခဲ့သည်။
သူရဲ့ ကြောက်လန့်မှုက ပုံမှန်ပါပဲ။ သူ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ လောင်စင်းက သရဲမကို သူ တစ်ခါမှ မတွေ့ဖူးသေးတာ သေချာနေခဲ့သည်။
“မင်းဒီလို ကြောက်တက်မှန်းသိခဲ့ရင် ဒီနေရာမှာ ဘာလို့ ပုန်းနေရတာလဲ၊ အပြင်ထွက်ပြီး တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံလိုက်တာက မကောင်းဘူးလား”
ကျန်းရီက အမျိုးသမီးကို ပြောလိုက်သည်။ အမျိုးသမီးက တိုက်ရိုက်ထုတ်လွှင့်ခန်းက ကျန်းရီကို လှမ်းကြည့်လိုက်ပြီး “ငါ သူ့ကို မှတ်မိတယ်၊ ဒါပေမယ့် မင်းက ဘယ်သူလဲ”
ထိုအမျိုးသမီး မှတ်မိတဲ့သူက သဘာဝအတိုင်းပဲ ဒန်နီယယ်ပဲဖြစ်သည်။ ထို့နောက် အမျိုးသမီးက ဒန်နီယယ်ကို “ငါ မင်းကို အရင်တုန်းက ပြန်လွှတ်ပေးခဲ့တယ် ဒီအရွယ်ကြီးကျမှ မင်းငါ့ကို ဘာလို့ ပြန်လာရှာရသေးတာလဲ” လို့ မေးလိုက်သည်။
ဒီစကားတွေက ဒန်နီယယ်၏ မျက်နှာပေါ်က အမှတ်အသားက သူမကြောင့် ဖြစ်ရတာဖြစ်ပြီး၊ ပြီးတော့ ဒန်နီယယ်ရဲ့ ဦးလေး ပြဿနာကလည်း သူမလက်ချက်ပဲ ဖြစ်သည်။
နတ်ဆရာမသေဆုံးရခြင်းသည်ပင် သူမနှင့် သက်ဆိုင်နေခဲ့သည်။
ထိုသရဲမက ရက်စက်တဲ့ နတ်ဆိုးဝိညာဥ်တစ်ခုဖြစ်ကြောင်းကို နတ်ဆရာမက အရင်က ပြောခဲ့ဖူးသည်။
ဒါပေမယ့် အခု သူမကို တကယ်မြင်လိုက်ရတော့ ကျန်းရီ ဟာ မတူညီတဲ့ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
နာကြည်းမုန်းတီးမှုတွေနှင့် ပတ်သက်လျှင် သူမရဲ့ နာကြည်းမှုတွေက မျက်နှာမဲ့လူ နှင့် ယှဉ်နိုင်နေသည်။
မျက်နှာမဲ့လူက သူသေဆုံးပြီးနောက် ဘာကြောင့် ဒီလောက်ကြီးမားတဲ့ မုန်းတီးမှုမျိုး ရှိခဲ့တာလည်း?
ဘာလို့လည်းဆိုတော့ သူက မူလက ငတ်ပြတ်နေတဲ့လူတွေကို ကယ်ဆယ်ဖို့ ရောက်လာတာလေ၊ ဒါပေမယ့် နောက်ဆုံးမှာ သူကိုယ်တိုင် ကျွေးမွေးခဲ့တဲ့ အဲ့လူတွေကပဲ သူ့ကို ချောက်ချပြီးတော့ သတ်သေဖို့အထိပါ တွန်းအားပေးခြင်းကို ခံလိုက်ရသည်။
ဒါကြောင့် သူတို့ကို သေအောင်မုန်းခဲ့တယ်!
ဒါပေမယ့် သူ့ရှေ့က အမျိုးသမီးကရော?
ကျန်းရီက သူမမျက်လုံးထဲတွင် အရှက်တရားတွေကို မြင်လိုက်ရသည်။
ဖြစ်နိုင်တာက ဒီမိန်းကလေးကို ဒန်နီယယ်ရဲ့ဦးလေးက ဒုက္ခပေးခဲ့တာလား? သူက သူမနဲ့ ဘာညာဖြစ်ခဲ့ပြီး နောက်ဆုံးမှာ သူက ဒီမိန်းကလေးကို သူရဲ့ တောက်ပတဲ့အနာဂတ်အတွက်နဲ့ သူမကို သေအောင် တွန်းအားပေးခဲ့တာများ ဖြစ်နေမလား?”
“ငါဘယ်သူလဲလို့ မင်းမေးကတည်းက အခုမင်းဘာလုပ်သင့်တယ်ဆိုတာကို မင်းနားလည်မယ်လို့တော့ ထင်တယ်။ အမှားတိုင်းမှာ ကျူးလွန်တဲ့သူရှိတယ်၊ အကြွေးတိုင်းမှာလည်း အကြွေးရှင်ဆိုတာ ရှိတယ်။ အားလျှန် က မင်းရဲ့ အဖြစ်အပျက်တွေကို ဖြစ်ပေါ်စေတဲ့ တရားခံအစစ်မဟုတ်ဘူး၊ အပြစ်ဒဏ် မခံရသင့်ဘူး၊ မင်းရဲ့ အရှက်ကွဲခဲ့ရတာက သူ့ဦးလေးကြောင့်ဖြစ်ခဲ့တာ ဆိုရင် ဘာလို့ သူက အစကနေအဆုံးထိ စကားပြောလို့ မရခဲ့တာလဲ?”
ကျန်းရီ မေးလိုက်တဲ့အချိန် သူ့မျက်လုံးတွေက အရမ်းတည်ငြိမ်နေခဲ့တယ်။
သရဲမက သူ့ကို မော့ကြည့်လိုက်ရင်း သွားကို တင်းတင်းကြိတ်လိုက်ကာ “အစကတည်းက မပြောချင်တဲ့သူက သေတဲ့အထိ စကားမပြောသင့်ဘူး။ ငါခံစားရတဲ့ အရှက်တရားကို မြင်ခဲ့တဲ့သူတိုင်း တန်ရာတန်ကြေး ပြန်ပေးရမယ်!”
“အဲဒီနှစ်က လောင်စင်းမှာ ဘာဖြစ်သွားခဲ့တာလဲ။”
“သူက သူရဲဘောကြောင်ပြီးတော့ ယောက်ျားတောင် မဖြစ်ထိုက်ဘူး! သူသာအဲဒီနေ့က တစ်ခုခုပြောခဲ့ရင် ငါ ဒီလောက်ထိ အရှက်ရစရာ မလိုဘူး။ သူသာ ပြောခဲ့ရင် ငါသေမှာတောင် မဟုတ်ဘူး! သူ့မှာ သတ္တိမရှိခဲ့ဘူး၊ ငါ သူ့ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ငါ့ကို ကယ်တင်ဖို့ သူ့ကို မျက်လုံးနဲ့ အကူအညီ တောင်းခဲ့တယ်... ငါ့ကို ကယ်ပါလို့.. ဒါပေမယ့် သူက ပြန်မကြည့်ဘဲ ထွက်ပြေးသွားခဲ့တယ်။
“သူဘာလို့ပြေးတာလဲ၊ သူက ယောက်ျားမဟုတ်ဘူးလား။ ယောက်ျားတစ်ယောက်အနေနဲ့ ငါ့လို မိန်းမသားတစ်ယောက်ကို တခြားလူတွေ အနိုင်ကျင့်နေတာကို မြင်ရင် ငါ့ဘက် မားမားမတ်မတ် ရပ်ပေးသင့်တယ် မဟုတ်လား၊ သူက ပျော့ညံ့တဲ့ လူတစ်ယောက်ဆိုရင်တောင် အနည်းဆုံးတော့ နည်းနည်းလောက်ဖြစ်ဖြစ် အသံလေးဘာလေး ပေးပြီး အခြားသူကို ခြောက်လှန့်ပေးသင့်တယ်လေ။ အဲ့ဒီခေတ်မှာ အမျိုးသမီးတစ်ယောက် အပျိုရည် ပျက်သွားခဲ့ရင် သူမဘယ်လို ရှင်သန်ရတော့မှာလဲ? ငါမင်းတို့ကို မေးမယ် ငါရှင်သန်နိုင်မယ်လို့ ထင်လား??”
“အဝတ်ဖြူတစ်ထည်ကို တန်းပေါ်မှာ ချိတ်ဆွဲထားပြီးတော့ ငါ့စိတ်က ငါ့မိဘဆွေမျိုးတွေနဲ့ ပြည့်နေခဲ့တယ်၊ ဒါပေမဲ့ ငါက ဘယ်လိုမျက်နှာနဲ့ အသက်ဆက်ရှင်ရတော့မှာလဲ၊ ငါ့ကို အနိုင်ကျင့်တဲ့သူကို တွေးခဲ့မိတယ်။ ငါ မသန့်ရှင်းတော့ဘူး ။ ငါ့မှာ ... တကယ် သန့်ရှင်းစင်ကြယ်မှု မရှိတော့ဘူး !”
တစ္ဆေအမျိုးသမီးက နှလုံးတွေ ကွဲကြေသွားသကဲ့သို့ ပြင်းထန်စွာ အော်ဟစ်ငိုယိုနေခဲ့သည်။
သူမရဲ့ ခံစားချက်တွေကြောင့် စကားလုံးတွေက ဗလုံးဗထွေးနဲ့ ရှုပ်ထွေးနေပေမယ့် ကျန်းရီကတော့ နားလည်ခဲ့ပါတယ်။
“အဲဒီတုန်းက တစ်စုံတစ်ယောက်က မင်းကို အနိုင်ကျင့်ခဲ့တယ်။ ဒါပေမယ့် ဒန်နီယယ် ရဲ့ဦးလေးကလည်း အဲဒီမှာပဲ ရှိနေခဲ့တယ်။ ဒါပေမယ့် ယောက်ျားတစ်ယောက်အနေနဲ့ အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးတစ်ဦးကို တွေ့တော့ မကူညီတဲ့အပြင် အော်တောင် မအော်ရဲခဲ့ဘူး။ မင်းသူ့ကို အကူအညီတောင်းခဲ့တယ်၊ ဒါပေမယ့် သူက လျစ်လျူရှုထားဆဲဖြစ်ပြီး နောက်ဆုံးတော့ ထွက်ပြေးသွားခဲ့တယ် အဲ့လိုလား”
ကျန်းရီက မေးလိုက်တော့ တစ္ဆေအမျိုးသမီးက မျက်လုံးမှိတ်ကာ တိတ်တဆိတ်ပဲ ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီတုန်းက သူ့မှာ ဘာမှပြောရဲတဲ့ သတ္တိမရှိခဲ့ဘူး၊ ဒါကြောင့် မင်းကိုယ်မင်း သတ်သေပြီးတော့ သရဲ ဖြစ်သွားခဲ့တယ်။ ပြီးတော့ မင်း သူ့ကို အချိန်တိုင်း ဘာမှ ထုတ်ပြောခွင့် မပေးခဲ့ဘူး။ ပြောခဲ့ရင် မင်းရဲ့ ဒေါသကို တွေ့ကြုံရလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့စိတ်ထဲမှာ သူက မတရားမှုကို တွေ့တဲ့အချိန်မှာတောင် ဘာမှမပြောရဲခဲ့တာ အဲ့တော့ မင်းသေပြီးတော့ သူ့မှာ ဘာမှ ပြောပိုင်ခွင့် မရှိတော့ဘူးပေါ့။”
သရဲမက ခေါင်းညိတ်ပြလိုက်သည်။
ဘေးနားတွင် ရပ်နေသော ဒန်နီယယ်၏ ဒေါသများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကာ သူ့အမူအရာမှာပင် ဘဝင်မကျ ဖြစ်နေခဲ့သည်။
သူ့အမြင်မှာတော့ သူ့ဦးလေးဟာ ချောမောပြီးတော့ ထက်မြက်ခဲ့တယ်၊ အဲဒီတုန်းက အလွန်ကို ရှားပါးတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်၊ အလွန်တောက်ပတဲ့ အနာဂတ်ရှိတဲ့ လူငယ်သူရဲကောင်းတစ်ဦးပါ။
ဒန်နီယယ်၏စိတ်ထဲတွင်၊ သူသည် သူ့မိသားစု၏ဇာတ်လမ်းများကြောင့် သူတစ်ခါမှမတွေ့ဖူးသော ဦးလေးအား လေးစားမှုများ ရံဖန်ရံခါပင် ရှိနေခဲ့သည်။
ဒါပေမယ့် သူလေးစားခဲ့တဲ့ လူတစ်ယောက်က ဘာကြောင့်လဲ? သူဘာလို့ဒီ လောက်တောင် ကြောက်နေခဲ့ရတာလဲ??။
လူတိုင်းက မိမိတို့ရဲ့ အသက်ကို မြတ်နိုးတန်ဖိုးထားကြမည်ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ မည်သူမည်ဝါပင် ဖြစ်နေပါစေ သူတို့တွင် အသက် တစ်ခုတည်းသာရှိကြသည်။
အဲ့နေရာမှာသာ သူသာဆိုရင် မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်နေတာကို မြင်ခဲ့မယ်ဆိုရင် မင်း အကူအညီ ပေးခဲ့မှာလား။
ဒီမေးခွန်းကို ဒန်နီယယ် တွေးလိုက်တာနဲ့ သူ့စိတ်ထဲမှာ အဖြေရှိနေပြီဖြစ်သည်။
သူကူညီလိမ့်မယ်၊ သူသေချာပေါက်ကို ကူညီလိမ့်မယ်၊ အနည်းဆုံးတော့ သူက တခြားသူကို တားလိမ့်မယ်။
တစ်ဖက်သားက သူ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်ပြီးတော့ သူ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာမှသာ သူပြေးမည် ဖြစ်သည်။
ဒါပေမယ့် သူဒီလို တွေးခဲ့ရင်တောင်မှ သူ့ဦးလေးဟာ ဒီလို သူရဲဘောကြောင်တဲ့သူ ဖြစ်နေတာကို သူ မယုံနိုင်သေးပါဘူး။
“သူ လုံးဝ မတားခဲ့တာလား?”
တစ္ဆေအမျိုးသမီးက “ငါသာ အကျိုးသင့် အကြောင်းသင့် မရှိတဲ့ သူဆိုရင် မင်းမိသားစုထဲက အားလုံးက အသက်ရှင်နေသေးပြီး သေတဲ့သူက ဘာလို့ သူတစ်ယောက်တည်း ဖြစ်နေရမှာလဲ”
“အဲ့လိုဆိုရင် မင်းက ဘာလို့ ငါ့ကို ဒုက္ခပေးချင်ရတာလဲ”
တစ္ဆေအမျိုးသမီးက ခေါင်းငုံ့လိုက်ကာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချရင်း “သူ့ကြောင့် မင်းမိသားစုထဲက အားလုံးကို ငါမုန်းခဲ့တယ်။ ငါ့အမြင်မှာ မင်းနဲ့ မင်းမိသားစုဟာ ငကြောက်တွေဖြစ်ပြီး မင်းမွေးတော့ သူ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထွက်သွားခဲ့တယ်။ နောက်ဆုံးတော့ လူပြန်ဝင်စားသွားတော့ ဒေါသထွက်ပြီး အဲဒီညက မင်းကို လည်ပင်းညှစ်သတ်ပစ်ချင်ခဲ့တာ။”
“…ဒါပေမယ့် အဆုံးမှာတော့ ငါမလုပ်ခဲ့ပါဘူး၊ ပြီးတော့ ငါ မလုပ်နိုင်သေးဘူး... ဟား..ဟား။”
တစ္ဆေအမျိုးသမီးက ပြောရင်း သူ့ကိုယ်သူ ရယ်မောလိုက်သည်။ ကျန်းရီ က သူမကို ကြည့်ပြီး “မင်းကို တကယ် အနိုင်ကျင့်တဲ့သူကရော ဘယ်လိုလဲ” လို့ မေးလိုက်တယ်။
“သူ့ကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်လိုက်တယ်။ ငါ သရဲဖြစ်သွားပြီး ပထမဆုံးလုပ်ခဲ့တာက သူ့အသက်ကို သေတာထက် ပိုဆိုးအောင်လုပ်ခဲ့တာပဲ။ သူသေသွားခဲ့ရင်တောင် ပြာပုံအဖြစ် ပျောက်ကွယ်သွားစေချင်တယ်!”
ဒါကိုကြားပြီးနောက် ကျန်းရီက သက်ပြင်းကို မနေနိုင်ဘဲ ချလိုက်မိသည်။ “ဒါက ဘယ်တုန်းက ဖြစ်တာလဲ?”
“ဇူလိုင်လလောက်က ဖြစ်မယ်ထင်တယ်။ သူက ကောလိပ်ကျောင်းသားဖြစ်ပုံရတယ်။ အဲဒီညက သူ့ကို ဖမ်းမိတော့ သူက ကျောင်းကို သွားဖို့ ရထားစီးနေပုံရတယ်။”
“အခုအချိန်မှာတော့ အမှားအမှန်ဆိုတာ မရှိတော့ဘူး။ အဲဒီအချိန်တုန်းက ဒန်နီယယ်ရဲ့ဦးလေးက တိုင်းပြည်ရဲ့ အကောင်းဆုံးတက္ကသိုလ်တစ်ခုကနေ ဝင်ခွင့်ရရှိခဲ့တဲ့သတိပေးချက်ကို လက်ခံရရှိခဲ့တယ်။ မင်းကို ကယ်လိုက်ရင် မင်းတို့နှစ်ယောက်လုံး အဆင်ပြေခဲ့ရင် ကောင်းတာပေါ့၊ မဟုတ်ရင် သူ မသန်မစွမ်းဖြစ်သွားနိုင်သလို အဆိုးဆုံးကတော့ သူ့ဘဝ ပျက်စီးသွားနိုင်တယ် ဒါမှမဟုတ် သူ သေတောင် သေသွားနိုင်တယ်၊ ယုတ္တိကျကျ ပြောရရင် သူက တကယ်ပဲ သူရဲဘောကြောင်တဲ့ သူပဲ၊ ဒီနေ့လို ခေတ်ကြီးမှာတောင် သူက အပြစ်ကနေ ပြေးလွတ်မှာ မဟုတ်ဘူး ”
“ဒါပေမယ့် အဲဒီအချိန်မှာ သူက နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲနဲ့ စာသင်လာခဲ့ရတာ၊ ပြီးတော့ သူ့ရဲ့ ဆင်းရဲတဲ့မိသားစုကလည်း ပြောင်းလဲဖို့အတွက် သူ့ကိုပဲ အားကိုးရမှာ။ မင်းကို ကယ်တင်လိုက်တာက သူ့ကို သတ်ပစ်ပြီး နှုတ်ပိတ် သွားနိုင်တဲ့ အနေအထားရှိတယ်။ သူက မိသားစုထဲမှာ တစ်ဦးတည်းသော ယောက်ျားသားပဲ၊ အဲဒီတုန်းက သူသာ သေသွားခဲ့ရင် သူ့မိသားစုမှာ အနာဂတ်ဆိုတာ မရှိတော့ဘူး၊ အခုလို အချိန်မှာတောင် မင်း တက္ကသိုလ်တက်နိုင်ခဲ့ရင် မင်း အမှားလုပ်လို့မရဘူး။ မင်းရဲ့ အမှားတစ်ခုက မင်းရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်နိုင်တယ်၊ သူ့ရဲ့ အကြောက်တရားနဲ့ သူရဲဘောကြောင်မှုက ဒီလိုနည်းနဲ့ တွေးကြည့်ရင်လည်း အပြစ်ပြောလို့တော့ မရဘူး”
“ဒီကမ္ဘာမှာ သေခြင်းတရားကို ဘယ်သူမှ မကြောက်ပဲနဲ့တော့ မနေဘူးလေ ဟုတ်တယ်မလား”
ကျန်းရီက ခဏရပ်လိုက်သည်။ တစ္ဆေအမျိုးသမီးက ခေါင်းငုံ့ထားပြီး ဘာမှပြန်မပြောခဲ့ပေ။ “သူလုပ်ခဲ့တာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ဒါမှမဟုတ် မင်းလုပ်ခဲ့တာလည်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒါတွေက အရေးမကြီးတော့ဘူး၊ နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ။ သူက သေသင့်တယ်။ ဒါပေမယ့် အားလျှန်နဲ့တော့ မဆိုင်ဘူးလေ၊ သူ့မျက်နှာပေါ်က အမှတ်ကို ဖယ်ရှားပြီးတော့ ဒီကိစ္စကို အဆုံးသတ်လိုက်တော့”
ကျန်းရီသည် ဒီကိစ္စရဲ့ အမှားအမှန်ကို မငြင်းခုံချင်ပေ၊ ဘာလို့လဲဆိုတော့ အဓိပ္ပါယ် မရှိလို့ပဲ ဖြစ်သည်။
သူရှင်းရှင်းလင်းလင်းသိသည်မှာ ဒီကိစ္စသည် ဒန်နီယယ်၏ ဦးလေး နှင့် တစ္ဆေအမျိုးသမီးတို့ ကြားက ပြဿနာ ဖြစ်ပြီး ဒန်နီယယ်နှင့် ဘာမှမဆိုင်ပေ။