← Chapters

လမ်းမှာ နောက်ကို ပြန်မကြည့်မိစေနဲ့

Vol. 9 Ch. 117

လမ်းမှာ နောက်ကို ပြန်မကြည့်မိစေနဲ့

Vol. 9 Ch. 117

တစ္ဆေအမျိုးသမီးက ဒန်နီယယ်အပေါ် သိပ်နာကြည်းချက်တွေ မရှိပါဘူး။

တကယ်တော့၊ တစ္ဆေတစ်ကောင်အနေနဲ့ သူမအတွက် နာကြည်းမှုတွေရှိတာက ပုံမှန်ပါပဲ။

ဘယ်သူက သေချင်မှာလဲ?

ဘယ်သူက အရှက်ကွဲပြီးတော့ သေချင်မှာလဲ?

သေပြီးနောက်တွင် သူမသည် သရဲတစ္ဆေအဖြစ်သို့ ပြောင်းလဲသွားပြီး လက်စားချေခဲ့​ပြီးတဲ့အခါမှာ သူမ၏ နာကြည်းမှုတွေက ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။

သူမနှင့် ဒန်နီယယ်၏ ဦးလေး အကြား ကိစ္စသည် မှန်သည်၊ မှားသည်ကို ပြောလို့မရသလို ဘယ်သူမှားတယ် ဘယ်သူ မှန်သည်ကို ဆွေးနွေးရန်လည်း အကြောင်းမရှိတော့ပါ။ ဒါပေမဲ့ ဒန်နီယယ်က ဒီလိုမျိုး အကြောင်းပြချက်မရှိဘဲ မနစ်နာသင့်ဘူး။ တခြားသူတစ်ယောက်ကလည်း ဒီလိုမျိုး မသေသွားသင့်ဘူး။

တစ္ဆေအမျိုးသမီးသည် နောက်ဆုံးတွင် ဒန်နီယယ်ထံသို့ လျှောက်သွားကာ သူ့မျက်နှာကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ မျက်နှာသည် ချက်ချင်းပင် မူလပုံမှန်အသွင်သို့ ပြောင်းသွားခဲ့သည်။

ဒန်နီယယ်ကတော့ ထွေထွေထူးထူး ဘာမှ မခံစားလိုက်ရပေ။ သူ့မျက်နှာက အနည်းငယ် အေးစက်သွားသလိုပဲ ခံစားလိုက်ရတယ်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ပြီးတော့ ဒန်နီယယ်၏အမူအရာမှာ ဒါကို မြင်လိုက်သည့်အချိန်တွင် အထူးပင် ငြိမ်သက်​နေခဲ့သည်။

တခါတရံတွင် အချို့သောလူများ၏ အံ့သြမှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ထိုကဲ့သို့ အူတူတူ ပုံစံတို့ဖြင့် ဖော်ပြလေ့ရှိသည်။

ဒါပေမယ့် အဲ့ဒီအချိန်မှာ သူတို့ကို စကားနည်းနည်းပြောခိုင်းလိုက်ရင် သူတို့အတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။

ဒါကိုမြင်တော့ တစ္ဆေအမျိုးသမီးက ကျန်းရီ ကို “မင်းမှန်တယ်၊ သေသင့်တဲ့သူကလည်း သေပြီ၊ မသေသင့်တဲ့ လူတွေလည်း သေခဲ့ပြီ။ ငါ့မှာ တခြားလူတွေကို ထိခိုက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ကိုယ့်အတွက် တရားမျှတမှုကို ရှာချင်ရုံနဲ့ပဲ၊ ရည်ရွယ်ချက်လည်း ပြီးမြောက်ခဲ့ပြီဆိုတော့ ဒီကမ္ဘာမှာ တွယ်တာစရာလည်း ဘာတစ်ခုမှ မရှိတော့ဘူး”

“လောင်စင်း မှာ အရမ်းအေးတယ်။”

တစ္ဆေအမျိုးသမီးက ပြောပြီးတော့ မတ်တပ်ထရပ်လိုက်သည်။

ဒါပေမယ့် ကျန်းရီ ရဲ့ မျက်လုံးတွေကတော့ အေးစက်နေဆဲပါပဲ။ သူက သရဲမကို တည့်တည့်ကြည့်ကာ “မဖြေရှင်းရ​သေးတဲ့ ကိစ္စတစ်ခုရှိသေးတယ် ဆိုတာ မင်း မေ့သွားပြီလား”

“အမ်?”

တစ္ဆေအမျိုးသမီး၏ မျက်နှာသည် သံသယများဖြင့် ပြည့်နှက်နေသည်။ ကျန်းရီ က သူမကို စိုက်ကြည့်ရင်း “မင်းတကယ် ဘာမှ နားမလည်ဘူးလား?”

တစ္ဆေအမျိုးသမီးရဲ့ မျက်လုံးတွေထဲတွင် ကြောက်စိတ်တွေ ပေါ်နေခဲ့သည်။

ကျန်းရီ ဘာကို ပြောနေတယ်ဆိုတာကို သူမ နားလည်ပါသည်၊ ဒါပေမယ့် ဒန်နီယယ်ရဲ့ဦးလေးဖြစ်သူကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပေမယ့် ဝိညာဉ်ခေါ်သူကိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လို့ မရခဲ့ပါဘူး။

“ငါ... ငါ ဘာလုပ်ရမှန်း မသိဘူး။

အရင်က အေးစက်ပြီးတော့ သန်မာတဲ့ တစ္ဆေအမျိုးသမီးက ဒီအချိန်မှာ လုံးဝကို ထိတ်လန့်နေခဲ့သည်။

“မူလက သူမကို မသတ်ချင်ခဲ့ဘူး ဒါပေမယ့် ငါ့ကိစ္စတွေကို ဖျက်ဆီးပြီးတော့ လူဝင်စားဖို့ တွန်းအားပေးမှာကို ကြောက်ခဲ့တယ်။ အဲဒါကြောင့် သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာ။ ငါမှားမှန်း သိပါတယ်!”

တစ္ဆေအမျိုးသမီးက ကျန်းရီရဲ့ ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်၊ ဒါပေမယ့် သူမ ဒူးထောက်ပြီးတာနဲ့ သူမကို နားမလည်နိုင်တဲ့ အင်အားတစ်ခုက ဆွဲထူလိုက်တယ်။

“သူမက မင်းကို တတ်နိုင်သလောက် အမြန်ဆုံး လူပြန်ဝင်စားဖို့ ပို့ပေးချင်ခဲ့တာ။ လူတွေနဲ့ သရဲတစ္ဆေတွေက မတူညီတဲ့လမ်းကို လျှောက်နေတာ၊ သူမ ဘာအမှားမှ မလုပ်ခဲ့ဘူး။ အားလျှန်ရဲ့ ဦးလေးက တကယ်ကို ဇနီးတစ်ယောက်နဲ့ လက်ထပ်လိုက်တာနဲ့ သူ့မိန်းမမှာ ကိုယ်ဝန်ရှိလာလိမ့်မယ်၊ မင်းက အဲ့ကိုယ်ဝန်မှာ သန္ဓေတည်လာလိမ့်မယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် အားလျှန် ရဲ့ ဦးလေးကို ကယ်တင်နိုင်ရုံ သာမက မင်းအတွက်လည်း ကောင်းချီးတွေ ရမယ်ဆိုတာကို မင်းသိလား”

“အဲဒီအချိန်က သူ့ကြင်နာမှုကိုသာ လက်ခံခဲ့မယ်ဆိုရင် ဒီဘဝမှာ မင်းအရမ်းကို သနားစရာကောင်းနေခဲ့ရင်တောင်။ နောက်ဘဝမှာ မင်းမိသားစုကောင်းတစ်ခုကို ရလိမ့်မယ်။ ဒါပေမယ့် မင်းလက်မခံခဲ့ဘူး၊ နောက်ဆုံးတော့ မင်းသူ့ကို သေအောင်တောင် သတ်ပစ်လိုက်တယ်။ ဒါက မင်းနောက်ဘဝရဲ့ ကံကြမ္မာပဲဆိုတာ မင်းသိလား? ပိုပြီးတောင် ဆိုးရွားအုံးမယ်”

ကျန်းရီက အေးစက်စွာ ပြောလိုက်သည်။

မတရားမှုကို လက်တုံ့ပြန်ခြင်းသည် သူမအတွက် သဘာဝကျသည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူနဲ့ မသက်ဆိုင်တဲ့ ဒန်နီယယ်အပြင်ကို သူ့ဦးလေးနဲ့ သူမကို ကူညီလိုတဲ့ ဝိညာဉ်​ခေါ်ဆရာတစ်ဦးကိုပါ သတ်ပစ်ခဲ့သည်။ ဒီအဖြစ်အပျက်နှစ်ခု ဖြစ်ပျက်လိုက်တာနဲ့ကို သူမဟာ ငရဲမှာ ခံရအုံးမည်ဖြစ်သည်။

“တောင်းပန်ပါတယ်..တကယ်ကို တောင်းပန်ပါတယ်...”

တစ္ဆေအမျိုးသမီး၏ အသံသည် ငိုရှိုက်သံတို့ဖြင့် ဆို့နင့်လာခဲ့သည်။ သူမသည် တန်ကျိုး လောက်ထိ ဆိုးဆိုးရွားရွားမဟုတ်သော်လည်း၊ သူမသည် အမှန်တကယ်ပင် မကောင်းမှုကို ပြုခဲ့တာဖြစ်သည်။

“တောင်းပန်ပါတယ်ကို နတ်ဆရာမရဲ့ အုတ်ဂူကို သွားပြီး ကိုယ်ကိုတိုင် သွား ပြောသင့်တယ်။ အရုဏ်မတက်ခင် သူ့အုတ်ဂူရှေ့မှာ သွားပြောပါ။ သူ့ရဲ့ ခွင့်လွှတ်မှုသာ ရခဲ့ရင် အဲ့နေရာကို ရောက်သွားတဲ့အခါ မင်းအတွက် နည်းနည်း သက်သာလိမ့်မယ် ။ မဟုတ်ရင် ငါဖြစ်နေ​ရင်​​တောင်မှ​ မင်းအတွက် နည်းနည်းလောက်တောင် ​​ပြောပေးလို့ရမှာ မဟုတ်​ဘူး!”

တစ္ဆေအမျိုးသမီးက တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ထရပ်လိုက်ကာ အဝေးသို့ လွင့်ပျံသွားခဲ့သည်။ သူမထွက်သွားတာကိုကြည့်ရင်း ကျန်းရီက “ အားလျှန်ရေ ၊ မင်း အခု ဒန်နီယယ် ကို တကယ်မောင်းလိုက်ရင် မင်းတကယ်ကို အထာကျသွားမယ်လို့ထင်လား “

ကျန်းရီ၏ ခေါင်းစဉ် ပြောင်းလိုက်သည်ကို ကြားရလိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ လူတိုင်း ရယ်ခဲ့ကြသည်။

ကြည့်ရှု့သူများ“ အားလျှန်ရေ မင်းမှာ ဒန်နီယယ် တကယ်ရှိလာလား?”

ကြည့်ရှု့သူတစ်ယောက်-“ ညီအစ်ကိုရေ ငါးလိုရေသောက်ကိုလည်း မမေ့နဲ့အုံး​ ​၊ တိုက်​ရိုက်​ထုတ်​လွှင့်​ခန်းထဲက အချမ်းသာဆုံး သုံးယောက်​ထဲမှာ ငါးလိုရေသောက် တစ်ယောက်ပဲ သရဲဝိညာဥ်တွေနဲ့ မဆုံရသေးတာ​…”

ဒီလို EQ မရှိတဲ့ မက်ဆေ့ချ်ကို တစ်ယောက်ယောက်က ပို့လိုက်တာကို မြင်တော့ ပရိတ်သတ်တွေက ဝိုင်းပြောခဲ့လိုက်ကြသည်။

သရဲတစ္ဆေတွေနဲ့ မတွေ့ရဘဲနဲ့ ကောင်းမွန်တဲ့ဘဝကို မဖြတ်သန်းချင်တဲ့သူတ ဘယ်မှာရှိလို့လဲဟ။

ဒါပေမယ့် မမျှော်လင့်ထားတဲ့အရာက အဲ့ဒီအချိန်မှာ ငါးလိုရေသောက်က “ ငါတကယ်ကို သရဲတစ်​ကောင်လောက်ကို ဖမ်းချင်ခဲ့တယ်၊ ဒါပေမယ့် စတွင်မာကို တွေ့ပြီးကတည်းက လူတချို့က ငါ့ကိုကြောက်နေပုံရတယ်။ ငါဘာလုပ်ရမလဲ “

သူတို့တွေ ပျော်ရွှင်စွာပဲ စကားပြောနေကြတာကို မြင်တော့ ကျန်းရီ က ဒန်နီယယ် ကို “ပြန်သွားပြီး မင်းအမေကို နှုတ်ဆက်လိုက်ပါအုံး။ ခုနက သရဲမကတော့ မိုးလင်းရင် သူ့ဘာသာသူ ထွက်သွားလိမ့်မယ်”

ဒန်နီယယ်ကလည်း နှုတ်ဆက်ခဲ့ပြီး ကားကို မြန်မြန် မောင်းခဲ့လိုက်သည်။

အိမ်ကိုပြန်ရောက်တော့ မိုးမလင်းခင် မနက်စောစောမှာ တံခါးနားက မီးအိမ်အောက်မှာ အမျိုးသမီးတစ်ယောက် က စိတ်လှုပ်ရှားစွာနဲ့ ရပ်နေခဲ့တယ်။

ကားမီး ပေါ်လာတာကို မြင်လိုက်တဲ့အခါ တံခါးမီးရောင်အောက်က အမျိုးသမီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။

ကားဆီ လျှောက်သွားပြီး အားလျှန် ကို မြင်လိုက်တဲ့အခါ အမျိုးသမီးက “ကလေး မင်းဘာတွေဖြစ်နေတာလဲ၊ အိမ်က ဖုန်းပျက်သွားတာကို အမေ့ကို မသတိပေးခဲ့ဘူး၊ အိမ်က ထွက်သွားတာ ကြာတာတောင် ဖုန်းခေါ်ရကောင်းမှန်း မသိဘူး။ ဘယ်လိုပေးရမလဲ မသိတော့ဘူး။ အမေ ဘယ်လောက် စိတ်ပူနေလဲဆိုတာ သိလား”

အားလျှန်ရဲ့ အမေက သူ့သား ပြန်လာတာကို တွေ့လိုက်ရတော့ အရမ်းပျော်နေမှန်း သိသာနေခဲ့တယ်။ ဒါပေမယ့် ဆူပူကြိမ်းမောင်းဖို့တော့ မမေ့ခဲ့ပါဘူး။

ဒန်နီယယ် သည် ကားတံခါးကိုဖွင့်ကာ ကားထဲမှ ထွက်လာခဲ့သည်။ သူ့အမေကို တွေ့လိုက်ရတော့ ပွေ့ဖက်ချင်ခဲ့တယ်။ ဒါပေမယ့် သူ့အမေရဲ့ အခြေအနေကို တွေးမိလိုက်ပြီး နောက်ဆုံးမှာတော့ မဖက်ခဲ့လိုက်ပါဘူး။

“အမေ၊ အ​မေ သားမျက်နှာကို တွေ့လား ”

အမျိုးသမီးက ဒါကို သတိပြုမိတဲ့အခါ ဝမ်းသာသွားခဲ့တယ်။ ဒါပေမယ့် သူမ ဘာမှပြန်မပြောခင် အားလျှန် က “အမေ၊ အခုပဲ သားသူငယ်ချင်းက သားမျက်နှာကို ပုံမှန်အတိုင်း ထာဝစဉ်ပြန်ဖြစ်စေချင်ရင် နောက်ဆုံးတစ်ခုကို လုပ်ဖို့လိုသေးတယ်တဲ့။ အဲ့ဒါ အမေ လုပ်ပေးမှရမှာ”

“အမ်?ဒါဆို အမေ့ကို မြန်မြန်ပြော၊ အမေ ဘာလုပ်ပေးရမှာလဲ? မင်းသူငယ်ချင်းက ဒီလောက်ထိ အရည်အချင်းတွေရှိမယ်လို့ အမေမမျှော်လင့်ထားခဲ့ဘူး။ သူအခု ဘယ်မှာလဲ၊ အမေ သူ့ကို ကောင်းကောင်းကြီး ကျေးဇူးတင်ချင်လို့... သားသူ့ကို အိမ်လာလို့ ခေါ်လို​က်၊ အမေ သူ့ကို အရသာရှိတဲ့ ဟင်းတွေ ချက်ကြွေးချင်လို့၊ ပြီးတော့ သူ့ရဲ့ ကျေးဇူးတွေကိုလည်း မင်းတစ်သက်လုံး အမှတ်ရနေဖို့လိုတယ်!”

အမျိုးသမီးက အံ့အားသင့်စွာနဲ့ စကားတွေ ပြောခဲ့သည်။ ကျန်းရီ က စကားမပြောခဲ့ဘဲ ဒန်နီယယ် က နောက်ထိုင်ခုံတံခါးကိုဖွင့်ပြီး “​အမေ... ကားပေါ်အရင်တက်လိုက်၊ အမေ့ကို နေရာတစ်ခုကို ခေါ်သွားပေးမယ်”

“ကောင်းပြီလေ၊ သွားရအောင်!”

ဒန်နီယယ်သည် သူ၏ကားကို အဝေးတစ်နေရာသို့ မောင်းသွားခဲ့ကာ နောက်ဆုံးတွင် လူသူမဲ့ တောင်ပေါ်လမ်းတစ်ခုရှေ့တွင် ရပ်လိုက်သည်။

ထိုလမ်းကို တစ္ဆေအမျိုးသမီးက ရောက်နှင့်နေပြီဖြစ်သည်။

ဒန်နီယယ်က ကားတံခါးကို ဖွင့်လိုက်ပြီး မိုးလင်းခါနီးပြီဖြစ်သော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး “အမေ၊ ရှေ့ကလူကို အမေမြင်လား။ သူ့နောက်ကို လိုက်သွားပြီး နောက်ကို ပြန်မကြည့်နဲ့တော့…သားဒီမှာ စောင့်ကြည့်နေမယ် ၊ မိုးလင်းခါနီးရင်တော့ အရာအားလုံး အဆင်ပြေသွားမှာပါ”

ဒန်နီယယ်၏ မိခင်သည် မရဏလမ်းကိုမြင်လိုက်တဲ့အခါမှာ အရာအားလုံးကို နားလည်သွားပုံရသည်။

သူက ငြိမ်သက်စွာပဲ ခေါင်းညိတ်ပြီးတော့ ပြုံးပြလိုက်သည်။

သူမရဲ့ လက်ကို မြှောက်လိုက်ပြီး ဒန်နီယယ်ရဲ့ ပါးကို ကိုင်လိုက်ကာ “ကောင်းပြီ သားပြောတာ နားထောင်ပါ့မယ်”

ထိုစကားပြီးနောက် အမျိုးသမီးသည် မရဏလမ်းဆီသို့ လျှောက်သွားခဲ့သည်။ နောက်ပြန်လှည့်မကြည့်ဘဲ ဒန်နီယယ်ကို လက်ဝှေ့ယမ်းပြပြီး တုန်ယင်နေသော အသံဖြင့် “အားလျှန်ရေ အမေ... အမေ တကယ် သွားတော့မယ်”

“ကောင်းပါပြီ၊ အမေ လမ်းမှာ နောက်ကို ပြန်မကြည့်မိစေနဲ့!”

All Chapters