← Chapters

လူ့ဦးခေါင်း တစ်လုံးကို ဖမ်းမိခဲ့တယ်

Vol. 9 Ch. 118

လူ့ဦးခေါင်း တစ်လုံးကို ဖမ်းမိခဲ့တယ်

Vol. 9 Ch. 118

အရုဏ်တက်ချိန်တွင် နေမင်းသည် တိမ်မည်းအလွှာများမှ ခွဲထွက်လာခဲ့ပြီး တောင်လမ်းပေါ်ရှိ ပုံရိပ်တွေကလည်း ပျောက်ကွယ်သွားခဲ့သည်။

ဒန်နီယယ်ကတော့ အဝေးက လမ်းကို စိုက်ကြည့်နေဆဲဖြစ်ပြီး၊ သူ၏ပုံရိပ်သည် အစကနေ အဆုံးထိ မရွေ့ခဲ့ပေ။

ကျန်းရီ က ကောင်းကင်ပေါ်က တိမ်ဖြူတွေကို ကြည့်လိုက်ပြီး "ပြန်ဖို့အချိန်တန်ပြီ" လို့ ပြောလိုက်တယ်။

"အင်း ငါ ​နောက်တစ်ခဏလောက် ကြည့်ပြီးရင် ပြန်ပါ့မယ်​~"

သူစကားပြောနေစဉ် ဒန်နီယယ်က ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး "စတွင်မာ ငါလုပ်ခဲ့တာက မှန်တယ်မလား" လို့ မေးလိုက်တယ်။

"ငါ့အမြင်အရတော့ မင်းရွေးချယ်မှုဟာ အမှန်ကန်ဆုံးဖြစ်ပြီးတော့ ဒါဟာ မင်းအမေအတွက်လည်း နောက်ဆုံး စီစဥ်ပေးမှုလည်း ဖြစ်တယ်။ သူ့စိတ်ထဲမှာ လူပြန်မဝင်စားချင်ခဲ့ဘူး မင်းနဲ့ မင်းအဖေ တို့နဲ့ပဲ ထာဝရနေချင်ခဲ့တယ်။ ဒါကတော့​ လုံးဝ ​မဖြစ်နိုင်​ဘူးလေ"

"ငါလည်း ခုနက စမ်းသပ်နေခဲ့တာ။ အမေသာ သူ့သေဆုံးမှုအကြောင်းကို တကယ်မသိရင် နောက်ထပ် နှစ်ညလောက် ဆက်ရှိနေဖို့ မင်းကို တောင်းပန်ချင်ခဲ့တယ်၊ ဒါပေမယ့် ငါ ဒီကို ရောက်ရောက်ချင်းပဲ ဖြစ်ပျက်နေတာတွေကို သူမ ချက်ချင်း နားလည်သွားခဲ့တယ်။ ဒါကြောင့် အရင်ကလည်း သူမ ငါကို ဟန်ဆောင်နေခဲ့တာကို ငါသိပါတယ်၊ ငါတို့နှစ်ယောက်လုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ နားလည်မှုရှိစွာနဲ့ မသိသလိုပဲ နေခဲ့ကြတယ်"

"အဲ့တာကြောင့် အဖေ ပြန်လာတဲ့အထိ မစောင့်ခဲ့တာ၊ ဒါမှ အဖေရဲ့ တဖြေးဖြေးနဲ့ ငြိမ်သက်သွားတဲ့ နှလုံးသားက ထပ်ပြီး ဂရပ်မထတော့မှာ။"

ဒန်နီယယ်က အသက်ပြင်းပြင်းရှူလိုက်ရင်း ပြောလိုက်သည်။

"စတွင်မာ မိုးလင်းပြီဆိုတော့ ငါဆင်းတော့မယ်၊ အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ"

ဒန်နီယယ်က နှုတ်ဆက်လိုက်ပြီး ဗီဒီယိုကို အဆုံးမှာ ပိတ်လိုက်တယ်။ ကျန်းရီကလည်း "အားလုံးပဲ ပင်ပန်းနေကြပြီပေါ့။ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်၊ ညနေမှ ပြန်ဆုံကြမယ်"

"ကောင်းပါပြီ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ စတွင်မာရေ ညနေ စောစော တိုက်ရိုက်ထုတ်လွှင့်သင့်တယ်!"

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီးတော့ ယနေ့ရဲ့ လက်ဆောင် ပမာဏကိုတောင် မစစ်လိုက်ပေ။

ဘာလို့ မကြည့်ခဲ့တာလဲ။

ဒန်ယယ်နဲ့ သူ့အမေကြားက ကိစ္စက သူ့ကို အဲ့တာ​တွေကို ဂရုမစိုက်မိတဲ့အထိတောင် ဖြစ်စေခဲ့ဟန်တူပါတယ်။

အိပ်ယာပေါ်လှဲပြီးတော့ မျက်နှာကျက်ကို ခဏလောက်ကြည့်ရင်း မကြာခင်ပဲ အိပ်ပျော်သွားခဲ့သည် ။

အိပ်ရာက နိုးလာတော့ နေ့ခင်းရဲ့ တစ်ဝက်လောက်တောင် ရှိနေပြီ ဖြစ်သည်။

ကျန်းရီသည် အိမ်မှ ထွက်လာခဲ့သည်။ ဒီနေ့ရဲ့ နေက အရမ်းကို ပူနေခဲ့သည်။

ဒီလိုအချိန် နေပူစာလှုံခြင်းက သူ့ခန္ဓာကိုယ်အား လုံး၀ မသက်မသာ မဖြစ်စေခဲ့ပေ။

လမ်းပေါ်ရှိ သွားလာနေကြသော လူများကိုကြည့်ရင်း ကျန်းရီသည် သောက်စရာတစ်ခုခုမှာကာ ထိုင်ခုံပေါ် ထိုင်ပြီးတော့ သွားလာနေကြသော လူများကိုကြည့်နေခဲ့သည်။

ဒီဟာကိုပဲ နေ့ခင်းကနေညနေအထိ သောက်နေခဲ့တာမို့ ဒီဆိုင်ရဲ့ သူဌေးကတော့ ဒီနေ့တော့ ရှုံးပြီလို့ ခံစားလိုက်ရသည်။

နေဝင်လာခဲ့တော့ ကျန်းရီက ပြန်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်ဆောင်ရန် အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်။

ဒါပေမယ့် ပထမဆုံး မတ်တတ်ထရပ်လိုက်တော့ ရုတ်တရက် နှာခေါင်းက လှုပ်သွားခဲ့သည်။

မသိစိတ်ကနေ သူ့ဘေးက စားပွဲလွတ်တစ်ခုကို ကြည့်လိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

တခဏတာ တုံ့ဆိုင်းသွားခဲ့ပြီးနောက် သူ့ဖုန်းနံပါတ်ကို ရေးမှတ်ပြီး စားပွဲရှည်ပေါ်တွင် တင်ကာ ထွက်ခွာသွားခဲ့သည်။

သူထွက်သွားပြီး သိပ်မကြာခင်မှာဘဲ စားပွဲထိုးတစ်ယောက်က သန့်ရှင်းရေးလုပ်ဖို့ ရောက်လာခဲ့သည်။

စားပွဲထိုးသည် စားပွဲပေါ်တွင် ကျန်ခဲ့သော စာတစ်စောင်ကို မြင်တဲ့အခါ မကြည့်ဘဲနဲ့ လုံးချေလိုက်ကာ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။

ကျန်းရီ သည် အိမ်သို့ပြန်လာပြီး ကွန်ပျူတာကို ဖွင့်လိုက်ပြီး မှောင်နေသော ကောင်းကင်ကိုကြည့်ကာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို စတင်လိုက်သည်။

သူအွန်လိုင်းပေါ်ရောက်သည်နှင့်တစ်ပြိုင်နက်၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် လက်ဆောင် မက်ဆေ့ချ်များစွာ ထွက်ပေါ်လာခဲ့သည်။

"ဒန်နီယယ်က စတွင်မာအား ငရဲဘုရင်ရဲ့ အမိန့် ၉၉ ကို ပေးခဲ့သည်”

"ဒန်နီယယ်က စတွင်မာအား သေခြင်းရှင်ခြင်း ပုတီးစေ့ ၉၉၉၉ ကို ပေးခဲ့သည်"

"ဒန်နီယယ်က စတွင်မာအား လျှို့ဝှက်ေသာ ရာဇသံ ၉၉၉၉ ကို ပေးခဲ့သည်!"

" ဒန်နီယယ်က စတွင်မာအား စိတ်ဝိညာဥ် ကျောက်စိမ်း ၉၉၉၉ ကို ပေးခဲ့သည်”

ကျန်းရီ သည် ဤလက်ဆောင်ပမာဏကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဒန်နီယယ် အဲ့လောက်အများကြီး ဆုချမယ်လို့ မထင်ထားခဲ့ပေ။

“ဒီ​နေ့တစ်နေ့လုံးကို သေသေချာချာ စဥ်းစားခဲ့ပြီးပြီ၊ လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပြီး နေရောင်ခြည်ကို ခံယူရမယ့်အချိန်ရောက်ပြီလို့ တွေးခဲ့တယ်။ ဒါပေမယ့် စတွင်မာ ငါ့ကို အထင်မလွဲပါနဲ့၊ ဒီငွေတွေက အွန်လိုင်းစီးပွားရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ရင်းနဲ့ ရခဲ့တာပါ။ အပြင်ထွက်ပြီး လူတွေရဲ့ ပေါင်းသင်းဆက်ဆံရတာ မကြိုက်ဘူးလေ၊ မဟုတ်ရင် ငါ့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေက ဒီ့ထက် အဆပေါင်းများစွာ တိုးလာနိုင်တယ်

ဟား…ဟား…!”

ဒန်နီယယ်က ပြုံးပြီးပြောလိုက်သည်၊ ကျန်းရီက ခေါင်းညိတ်လို​က်ပြီး “ဒါဆို မင်းမှာ ဘာအစီအစဉ်တွေရှိလဲ?”

“ကျွန်တော့်အဖေကို သူ့လုပ်ငန်းတွေကို ကူညီပေးရင်းနဲ့ သူ့ကို ပြုစုစောင့်ရှောက်ပေးတော့မယ်။ နောက်ဆုံးတော့လည်း သူသာ ငါ့ကို အဖေတစ်ယောက်အနေနဲ့ မထောက်ပံ့ပေးခဲ့ရင် ကျွန်တော့်မှာ စိတ်ကူးအိမ်မက်တွေ ဘယ်လောက်ပဲရှိရှိ အချည်းနှီးဖြစ်သွားခဲ့မှာ။ ကိုယ်ပိုင်စီးပွားရေးတစ်ခု ထူထောင်မယ်၊ အိမ်ထောင်ရေးကတော့ ကံကြမ္မာအပေါ်မှာပဲ မူတည်ရမှာပေါ့။”

ကျန်းရီကလည်း ရယ်လိုက်ပြီးတော့ “ဟုတ်ပါပြီ မင်းမှာ အနာဂတ်အတွက် အစီအစဥ်တွေရှိတယ်ဆိုရင်ပဲ အဆင်ပြေပါပြီ၊ ဒီညရဲ့ အဓိက အစီအစဥ်ကို စလိုက်ရအောင်။ မနေ့ညက သန်းခေါင်ယံ​ကျော်မှာ နောက်ထပ်ဖုန်းက မလာခဲ့ဘူး။ မကြာခင် ဖုန်းခေါ်တော့မယ် ထင်တယ်။”

ပရိတ်များ-“စတွင်မာရဲ့ စကားတွေက နည်းနည်းတော့ လေးနက်တယ်။ စတွင်မာမှာ အနာဂတ်ကို ခန့်မှန်းနိုင်စွမ်းများ ရှိနေတာလား?”

ကြည့်ရှုသူအချို့က နောက်ပြောင်ခဲ့လိုက်သည်။ ကျန်းရီ က “ဒါဆို ဆယ်စက္ကန့်လောက်ကို အတူတူ ရေတွက်ကြည့်မယ်လေ ဖုန်းခေါ်ဆိုမှု တစ်ခုသာ အဲ့ဒီ ဆယ်စက္ကန့်အတွင်း ရောက်လာခဲ့ရင် ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက မိန်းကလေး ကြည့်ရှုသူတွေအားလုံးက မင်းတို့ရဲ့အကောင်းဆုံး နူးညံ့သိမ်မွေ့တဲ့ အသံနဲ့ ငါ့ကို “အကိုလေး” ဆယ်ခါခေါ်ရမယ် ဘယ်လိုလဲ?”

ကြည့်ရှု့သူ A- “ လခွီး စတွင်မာကို တစ်နေ့လေးမတွေ့ရတာနဲ့ စတွင်မာက အရည်ပိုထူလာတယ်ဟ”

ကြည့်ရှု့သူ B-“ဟုတ်တယ်၊ ငါတို့ အမျိုး သားတွေ အားလုံး ဒီအချိန်မှာ စည်းလုံး ညီညွတ်ရမယ်၊ စတွင်မာရဲ့ လက်ထဲကနေ လွတ်အောင် အမျိုးသမီးလေး​တွေကို ကာကွယ်ကြစို့”

ကြည့်ရှု့သူ C-“မိန်းကလေးတွေ ကျေးဇူးပြုပြီး အလှည့်စားမခံပါနဲ့၊ ဒီကောင်က သူ့ဗိုက်ထဲမှာ အရမ်းဆိုးတဲ့ အကြံညာဏ်တွေကို ဖွက်ထားတာ!”

ပရိတ်သတ်တွေရဲ့ ဒီစကားတွေသည် ကျန်းရီကို တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့တဲ့ ကျန်းရီကို စတွေ့တဲ့ အချိန်တွေကို သတိရစေခဲ့သည်။

ကျန်းရီက စတင်ပြီး အချိန်ရေတွက်လိုက်သည်။

၁, ၂, ၃….

အမျိုးသားကြည့်ရှုသူများက လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ကြသော်လည်း မမျှော်လင့်ဘဲ သုံးလေးစက္ကန့်ကြာသောအခါတွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် မက်ဆေ့ချ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဖုန်းလာနေပြီ ၊ စက္ကန့်ပိုင်းအတွင်းကို လာတာဟ”

ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်ပြီး ၅ စက္ကန့် အတွင်းဆိုပြီး လက်ငါးချောင်းထောင်ပြလိုက်သည်။

တိုက်ရိုက်ထုတ်လွင့်ခန်းလည်း ငြိမ်သက်သွားခဲ့သည်။ ကျန်းရီက ပြုံးကာ ဖုန်းကိုင်လိုက်သည်။ “ဟယ်လို သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာ ကျန်းရီပါ၊ နာမည် ဘယ်လိုခေါ်ပါသလဲ?”

“ကျွန်​တော့်မျိုးရိုးနာမည်က လင်းပါ၊ မင်းက လျှို့ဝှက်ဆန်းကြယ်နေတဲ့ စတွင်မာမလား?”

“ဟုတ်ပါတယ် မစ္စတာလင်းရေ၊ အကို့မှာ ဘာများဖြစ်လို့ပါလဲ၊ ပြောပါအုံး”

“စတွင်မာရေ အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး၊ ငါ့ကို လောင်လင်းလို့ပဲ ခေါ်ပါ။ ငါက ငါးမျှားဝါသနာပါပြီး ငါ့အကြိုက်ဆုံးက အားလပ်ချိန်တွေမှာ ငါ့ရဲ့ ငါးဖမ်းကိရိယာ​တွေကို သယ်ပြီးတော့ အကောင်းဆုံး ငါးမျှားတဲ့နေရာကို ရှာရတာပဲ၊ တစ်ခါတစ်လေမှာ အကောင်းဆုံး ငါးမျှားတဲ့နေရာကို ရှာတွေ့တက်တယ်၊ အဲဒီငါးမျှားနည်းမျိုးစုံထဲမှာမှ ညဘက်ငါးမျှားရတာကို ငါအကြိုက်ဆုံးပဲ။”

“ကောင်းပါပြီ အကိုလင်းရေ ၊ ညဘက် ငါးမျှားတော့ ဘာတွေများ ကြုံတွေ့ခဲ့လဲ?”

ကျန်းရီက ပြုံးကာမေးလိုက်ပြီး အကိုလင်းက “ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညဘက် ငါးမျှားရင်းနဲ့ လူ့ဦးခေါင်းတစ်လုံးကို ဖမ်းမိခဲ့တယ်”

All Chapters