ရေထဲက လူ
Vol. 9 Ch. 119
ဖုန်း၏အခြားတစ်ဖက်ရှိ အကိုလင်းသည် ဘယ်ပတ်ဝန်းကျင်ကို ရောက်နေမှန်းမသိ ။ ဖုန်းရဲ့ အခြားတစ်ဖက်ရှိ အသံမှာ အလွန်ဆူညံနေပြီး သေချာတာကတော့ လူ့အသံမဟုတ်ပေ။
“ငါ မင်းကို လိမ်နေတာမဟုတ်ပါဘူး၊ အဲဒီညက ငါ ငါးဖမ်းတုန်းက ငါးစမျှားပြီး သိပ်မကြာခင်မှာ ငါးတစ်ကောင် ရခဲ့တယ်။ ငါးမျှားတံကို ဆွဲတင်လိုက်တာနဲ့ ငါအရမ်းပျော်သွားခဲ့တယ်...ဘာလို့လဲဆိုတော့ တစ်ကီလိုဂရမ်ကျော်လောက်ရှိတဲ့ ခရူရှန်းငါးကြင်းကြီးတစ်ကောင် ပါလာခဲ့လို့ပဲ။ အဲ့ဒီအချိန်က ငါ ဒီည ငါးလာမျှားရတာ တကယ် အလကားမဖြစ်ခဲ့ဘူးဆိုပြီး တွေးခဲ့လိုက်တယ်။ စမျှားတာနဲ့တင် ဒီလောက်ကြီးတဲ့ငါးကြီး ရတယ်ဆိုတော့ ဒီနေရာက ငါတို့လို ငါးမျှားတာ ဝါသနာပါတဲ့ သူတွေအတွက် လုံးဝကို ဖုန်းရွှေမြေပဲ !”
“ငါးကို ယူပြီးတာနဲ့ တခြားငါးမျှားတံက နောက်ထပ် ငါးတစ်ကောင်ကို ဖမ်းမိသွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အဲဒီညက ကံကောင်းတဲ့ညပဲ။ နှစ်မိနစ် မပြည့်ခင်မှာဘဲ ငါး ဖမ်းမိခဲ့တယ်၊ အားလုံးကလည်း တစ်ကီလိုဂရမ်ကျော်ရှိတဲ့ ငါးကြီးတွေ။”
ငါးမျှားတာကို ဝါသနာကြီးတဲ့ သူတစ်ယောက်အဖို့ ငါးများ အဆက်မပြတ်ဖမ်းမိခြင်း အကြောင်းကို ပြောတဲ့အခါမှာ သူ၏လေသံထဲတွင် ကြည်နူးမှုများ ပါနေခဲ့သည်။
ဒါပေမယ့် ကျန်းရီက အဲ့ဒီအချိန်မှာ သူ့ကို “အဲဒီတုန်းက ငါးဖမ်းတဲ့နေရာမှာ မင်း တစ်ယောက်တည်းပဲလား”
“မဟုတ်ဘူး၊ ငါ့မှာ ငါးမျှားတာ ဝါသနာပါတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ နေ့တိုင်း ငါတို့က တစ်နေရာပြီး တစ်နေရာ ငါးလိုက်မျှားခဲ့ကြတယ်။ အဲဒီညက ငါ့ထပ်အရင် သူရောက်လာတယ်၊ ဒါပေမယ့် ငါ ငါးအကောင် ၂၀ ကျော်လောက် ဖမ်းပြီးတဲ့ နောက်မှာမှ သူငါးတစ်ကောင် ဖမ်းမိခဲ့တယ်။ ငါက “ ညိုကီ မင်း ဒီည ကံမကောင်းဘူးပဲ” လို့ သူ့ကို ရယ်မောပြီး စနောက်လိုက်တယ်။ သူ ငါ့ကို ပြုံးပြခဲ့တယ်၊ သေချာတာကတော့ သူနည်းနည်းတော့ မပျော်မရွှင် ဖြစ်နေတာပါပဲ”
“ဒါပေမယ့် ကျွန်တော် အလေးအနက်မထားခဲ့ဘဲ ငါးကိုသာ ဆက်ဖမ်းနေခဲ့တယ်။ ည ရှစ်နာရီတောင် ထိုးနေပြီဆိုတာကို မှတ်မိပါသေးတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်ကလည်း လုံးဝကို မှောင်နေတယ်။ အဲ့ညက လက အရမ်းကို ကြီးပြီး ရေကန်မှာ ထွန်းလင်း တောက်ပနေခဲ့တယ်။ ငါးအကောင် ၂၀ ကျော်လောက် ရပြီးတဲ့နောက်မှာတော့ ငါး နောက်ထပ်မိဖို့ကို တော်တော်ကြာခဲ့တယ်။ ဆယ်မိနစ်နီးပါးလောက်ကြာတော့ ငါးမျှားတံက လှုပ်လာခဲ့တယ်။
“ကျွန်တော် အရမ်းပျော်သွားခဲ့တယ်။ ဒီညတော့ ငါးထပ်မရနိုင်တော့ဘူးလို့ ထင်ခဲ့ပေမဲ့ အစာကို လာဟပ်တဲ့ ငါးတွေ ရှိသေးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့် ငါးမျှားတံကို ချက်ချင်းပဲ ဆွဲမလိုက်တယ်။ အဲဒီတုန်းက ငါးမျှားတံကို ဆွဲမလိုက်တာနဲ့ တော်တော်ကို လေးလံနေခဲ့တယ်။ ငါ့အားတွေ အကုန်သုံးပြီး ဆွဲလိုက်ရတယ်။ ဆွဲနေရင်းနဲ့ ဒီတစ်ခါတော့ အနည်းဆုံး သုံးလေးကီလိုဂရမ်လောက် အလေးချိန်ရှိမယ်ထင်တယ်လို့ စဥ်းစားနေခဲ့တယ်”
“ကျနော့်ငါးမျှားတံက ယွမ်ထောင်ချီ ဒါမှမဟုတ် ရာဂဏန်းလောက် ကုန်ကျတဲ့ ငါးမျှားတံတစ်ခုတော့ မဟုတ်ခဲ့ဘူး။ အားရှိပါးရှိနဲ့ ဆွဲလိုက်ရင် ကျိုးသွားမလား ဆိုပြီး စိတ်ပူနေခဲ့တယ်။ ငါးကလည်း ရုန်းနေတော့ ခက်ခက်ခဲခဲ နဲ့ နှစ်မိနစ် သုံးမိနစ်လောက် အလျှော့အတင်း လုပ်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ရေထဲက ဆွဲထုတ်လိုက်တယ်။
“အဲဒါကို ဆွဲလိုက်တဲ့အချိန်မှာ ကမ်းပေါ်ကို ရှိသမျှအားတွေ အကုန်သုံးပြီး ပစ်တင်လိုက်တယ်။ အဲဒီအချိန်က သုံးလိုက်တဲ့ အားက အရမ်းများသွားခဲ့တာကြောင့် မြေပြင်ပေါ်ကို ဖင်ထိုင်ရက် လဲကျသွားပြီး ငါးလို့ထင်ရတဲ့ မည်းမည်းအရာတစ်ခုက ငါးမျှားတံနဲ့ ကမ်းပေါ်ကို ကျသွားပြီး ခပ်ဝေးဝေးကို လွင့်သွားခဲ့တယ်။ ထပြီးတော့ သွားပြေးကြည့်လိုက်တော့… အဲ့ဒါက..လူ့ဦးခေါင်းကြီးဖြစ်နေတယ်”
“သူ့မျက်နှာက ဖောင်းနေပြီး ဆံပင်တွေက နှာခေါင်းထိကို အုပ်နေခဲ့တယ်။ မျက်လုံးတွေကိုတော့ မမြင်ရခဲ့ဘူး။ ဒါပေမယ့် သူ့နှုတ်ခမ်းက ကျွန်တော့် ငါးမျှားချိတ်နဲ့ ညိနေခဲ့ဆယ်။ အဲဒီနေရာမှာ မတ်တပ်ရပ်ကြီးနဲ့ ငါ စိတ်လွတ်ပြီး ကြောင်ကြောင်ကြီး ရပ်နေမိခဲ့တယ်။ ခုနကလေးတင် ရေထဲမှာ သူနဲ့ ငါနဲ့က ငါးမျှားတံကို သူကဆွဲလိုက် ငါက ဆွဲလိုက် လုပ်နေတာကို စဥ်းစားမိတော့ ငါ ကြောက်လွန်းလို့ ဘောင်းဘီထဲတောင် သေးထွက်မိသွားခဲ့တယ် ”
“တကယ်တော့ ငါက အကြောက်လွန်တက်တဲ့ သူတစ်ယောက် မဟုတ်ပါဘူး။ မင်းငါးဖမ်းဖူးရင်သိမှာပါ ငါးတစ်ကောင်ကို မိသွားရင် ပထမတော့ အဲ့ငါးက သူ့အားရှိသလောက်ကို ရုန်းကန်လိမ့်မယ်။ ငါက သူ့ကို ရေထဲကနေ ငါ့ခွန်အားတွေ အကုန်နီးပါးသုံးပြီး ဆွဲထုတ်ခဲ့တာလေ၊ ဒါပေမယ့် ဘာလို့ လူ့ခေါင်းကြီး ဖြစ်နေတာလဲ။ ဘာကြောင့်လဲ? လူရဲ့ဦးခေါင်းက သေနေခဲ့ပြီလဲ၊ ဒါဆို ငါနဲ့ ရေထဲမှာ ပြိုင်ဆွဲနေတဲ့အရာက ဘာကြီးလဲ?”
ဖုန်း၏အခြားတစ်ဖက်ရှိ အကိုလင်းသည် ငိုသံကြီးဖြင့် ပြောပြနေခဲ့သည်။
ဒီကမ္ဘာကြီးထဲမှာ သေသေချာချာကို စဉ်းစားလို့မရတဲ့အရာတွေ အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့အကြောင်း များများတွေးလေလေ ပိုကြောက်လာလေလေလို့ ခံစားရစေလို့ပါပဲ။
ငါးမျှားတံက ရေထဲ တဖြည်းဖြည်း နစ်သွားသည်မှာ ငါးက အစာကို လာဟပ်မိလို့ပဲ ဖြစ်သည်။ ထို့ကြောင့် ငါးမျှားတံကို ဝမ်းသာအားရ ကောက်ကိုင်လိုက်သော်လည်း ငါးမျှားတံကို ခက်ခက်ခဲခဲနဲ့ ဆွဲထုတ်လိုက်ရသည်။
အထူးသဖြင့် ဆွဲငင်အားပြင်းလာသောအခါ လူတိုင်းက တော်တော်ကြီးတဲ့ ငါးပဲဟု ထင်ကြမည်ဖြစ်သည်။
ဒါပေမယ့် မင်းအဲဒါကို ရေထဲကနေ ဆွဲထုတ်လိုက်တော့ မင်းရှေ့က်ို ရောက်လာတဲ့ အရာက ဖြူစွတ်ပြီးတော့ ဖောင်းကားနေတဲ့ ဦးခေါင်းတစ်ခုဖြစ်နေခဲ့တယ်။ အစ်ကိုလင်းလို ကိုယ့်မျက်စိနဲ့ မြင်လိုက်ရတဲ့ လူတွေကသာ ဒီခံစားချက်ကို နားလည်နိုင်မှာပါ။
ကျန်းရီ ရဲ့ နှလုံးသားထဲမှာတောင် တစ်ယောက်နဲ့ တစ်ယောက် လွန်ဆွဲနေသလို ခံစားမှုမျိုး ရလိုက်သည်။
ရေထဲက ဆွဲတင်လိုက်တဲ့ ခေါင်းက ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုတာကို သူတွေးနေမိတယ်။
ဖောင်းနေသော မျက်နှာပေါ်မှာ အသားပုပ်တွေ ရှိနေမလား? မျက်လုံးတွေကလည်း တွဲကျနေမလား?
အဲ့ဒီအချိန်က ရေအောက်မှာ အဲ့ဒီဦးခေါင်းက ပြန်ဆွဲနေခဲ့တယ်ဆိုတော့ ငါးတွေလိုမျိုး ခရမ်းရောင်ရှိနေတဲ့ နှုတ်ခမ်းတွေက ဟစိဟစိများ ဖြစ်နေမလား။
ကျန်းရီက စိတ်ကူးထဲတွင် တွေးမိနေခဲ့သည်။ ထိုအချိန် အကိုလင်းက စကားမရပ်ခဲ့ပေ။
"အဲဒီဦးခေါင်းကိုမြင်လိုက်တော့ စက္ကန့်အနည်းငယ်လောက် ကြောင်သွားခဲ့တယ်။ သတိလည်း ပြန်ဝင်လာရော အကျယ်ကြီး အော်လိုက်တာပေါ့။ ငါးအတူလာမျှားတဲ့ သူငယ်ချင်းကလည်း တစ်ခုခုမှားနေပြီဆိုတာ သတိပြုမိတော့ သူက ကျွန်တော့်ဆီ ပြေးလာခဲ့တယ်။ ဒါပေမယ့် သူက ပြေးနေပေမယ့် လမ်းက လွဲနေတယ်!"
"သူက ဘာလို့လဲတော့ မသိဘူး ကမ်းစပ်နားကို ရောက်သွားတယ်။"
“ဘယ်လိုပြောပြရမှန်းတောင် မသိပါဘူး။ သူကျွန်တော့်ဆီ ပြေးလာနေတာကို လုံးဝ အသိသာကြီးပာ… ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ရေထဲကနေ တစ်ခုခုထွက်လာပြီး သူ့ကို ဖမ်းဆုပ်လိုက်တာကို တွေ့လိုက်ရတယ်။ ပြီးတော့ သူ့ကို အရူးအမူး ရေထဲကို ဆွဲချသွားခဲ့တယ် !"
"သူက ရေတိမ်ပိုင်းထဲ ရှိနေတုန်းမှာ လောင်လင်း၊ ငါ့ကို ကူညီပါအုံး လောင်လင်း၊ ငါ့ကို ကယ်ပါအုံး...! ငါ သူ့ဆီ ပြေးသွားလိုက်တယ်၊ ဒါပေမယ့် စပြေးလိုက်တာနဲ့ ခြေထောက်တွေက အရမ်းညောင်းနေတာကို တွေ့လိုက်ရတယ်။ ခေါင်းကို ငုံ့ကြည့်လိုက်တော့ ခုနက ဖမ်းမိတဲ့ ခေါင်းက ခြေထောက်မှာ တွဲကပ်နေတာကို တွေ့လိုက်ရတယ်။ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ကြိုးစားကြိုးစား လှုပ်လို့မရခဲ့ဘူး”
"ဘာဆက်ဖြစ်သွားလဲ?"
ကျန်းရီက ထပ်မေးလိုက်တော့ အကိုလင်း က မျက်ရည်တွေဝဲပြီး "လောင်ယန်ကို ငါ့မျက်စိနဲ့ ရေကန်ထဲဆွဲခေါ်သွားခဲ့တာကို ငါမြင်လိုက်ရတယ်။ ငါ သူ့ကို ကယ်ချင်ခဲ့တယ်၊ ငါတကယ်ကို ကယ်ချင်ခဲ့တာပါ။ ဒါပေမယ့် ငါရေကန်နားရောက်တော့ ငါကယ်လို့ မရတော့ဘူး၊ ငါလှုပ်လို့ မရခဲ့ဘူး။ သူ့ကို ရေကန်အလယ်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်သွားပြီး တဖြည်းဖြည်းနဲ့ နစ်မြုပ်သွားတာကိုပဲ ကူရာမဲ့စွာနဲ့ပဲ ကြည့်ခဲ့ရတယ်။ သူက နှစ်မိနစ်ခန့်လောက် ရုန်းကန်ခဲ့ပြီး နောက်တော့ ရေကန်ပေါ်မှာ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး “
"ငါက အဲ့နေရာမှာပဲ အကြောသေနေသလို ကြောင်ကြောင်ကြီး ရပ်နေမိခဲ့တယ်။ သိပ်မကြာပါဘူး လောင်ယန် ရေပါ်ကို ပေါ်လာခဲ့တယ် ။ သူ့လက်တွေက အရင်ပေါ်လာတာ မသေခင်မှာ တစ်ခုခုကို ဖမ်းဆုတ်ချင်သလိုမျိုး လက်ဆယ်ချောင်းက ကားနေခဲ့တယ်။ ငါလည်း အရမ်းထိတ်လန့်သွားပြီးတော့ မေ့လဲသွားခဲ့တယ် လောင်ယန်တော့ ရေကန်ပေါ်မှာ ငြိမ်သက်စွာနဲ့ လဲလျောင်းနေတယ်...
ကျန်းရီ က အကိုလင်း ပြောတာကို နားထောင်ပြီးတော့ တစ်ခုခုမှားနေတာကို တွေ့ပြီး "အကိုယန်က ရေနစ်ပြီး ပေါ်လာတော့ ပတ်လက်ကြီးလား?"
"ဟုတ်တယ် ပတ်လက်ကြီး!"
“ဒါကြီးကတော့ မဟုတ်သေးပါဘူး။ လူတွေက ရေနစ်ပြီးရင် မှောက်ယက်ကြီးနဲ့ ရေပေါ်ကို ပေါ်လာသင့်တာလေ။”
“ငါလည်း ဘာလို့လဲဆိုတာတော့ မသိပါဘူး တကယ်မသိတာပါကွာ။ ဒါပေမယ့် ငါ မလိမ်ပါဘူး။ သူ့လက်တွေက ရေထဲမှာ ကွေးနေပြီး သူ့မျက်နှာက အပေါ်ကို မော့ကြည့်နေခဲ့တယ်။”
ထိုစကားကိုကြားပြီးနောက် ကျန်းရီက “ဒါဆို ဘာဆက်ဖြစ်သွားသေးလဲ၊ အကိုရော ဘယ်အချိန် ပြန်နိုးလာခဲ့တာလဲ”
“မနက်အစောကြီး နိုးလာခဲ့တယ်၊ ငါ့မိန်းမက ညလယ်ခေါင်ကြီး အိမ်ပြန်မလာသေးလို့ တစ်ခုခုဖြစ်သွားတယ်လို့ တွေးမိပြီး ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်။ ရဲတွေနဲ့ အတူရောက်လာပြီး ငါ့ကို နှိုးခဲ့တယ်။ နိုးလာတာနဲ့ ချက်ချင်းပဲ လောင်ယန် ရေနစ်သွားခဲ့တယ်လို့ သူတို့ကို ပြောလိုက်တယ်။
“ဒါပေမယ့် ငါပြောပြီးတာနဲ့ပဲ ရဲတွေက လောင်ယန် က ဘယ်သူလဲလို့ မေးတော့ ယန်တိုင်းမင်လို့ ပြောလိုက်တယ်၊ ပြီးတာနဲ့ ရဲတွေ အကုန်လုံးက ငါ့ကို စိုက်ကြည့်နေခဲ့တယ်…၊ အဲ့တော့မှပဲ လောင်ယန်နဲ့ ငါ မဆုံခင် တော်တော် အကြာလောက်မှာ လူတစ်ယောက် ညဘက် ငါးမျှားရင်း ရေကန်ထဲမှာနစ်သွားခဲ့တယ်။ ပြီးတော့ ရေနစ်သေဆုံးသူရဲ့ နာမည်က ယန်တိုင်းမင် !”