← Chapters

အိပ်နေရင်းနဲ့ လျှောက်သွားခြင်း

Vol. 9 Ch. 121

အိပ်နေရင်းနဲ့ လျှောက်သွားခြင်း

Vol. 9 Ch. 121

တစ်ဖက်က ဖုန်းသံက ရုတ်တရက် ရပ်တန့်သွားပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်အားလုံး ကျန်းရီ ကို အံ့သြထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

ကြည့်ရှု့သူ A-"စတွင်မာရေ အကိုလင်း အဆင်ပြေပါ့မလား၊ ငါတို့ အခု ဘာလုပ်သင့်လဲ"

ကြည့်ရှု့သူ B-"အကိုလင်းနဲ့ တစ်မြို့တည်းနေသူ တစ်ယောက်ယောက်ရှိလား။ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ အဲ့မှာ နေထိုင်သူတွေ အများကြီးရှိနေတယ်မလား။ တစ်ယောက်ယောက်လောက် မြန်မြန် သွားကြည့်ပေးစမ်းပါ!"

ကြည့်ရှုသူအချို့က ထိုအချိန်တွင် အချိန်ကိုက် အမြဲပေါ်လာသည့် ရဲများကို တွေးတောခဲ့မိလိုက်သည်။ အဲ့ဒီအချိန်တွင် ကျန်းရီ က ဗီဒီယိုခေါ်ဆိုမှုကို နောက်တစ်ကြိမ် ထပ်ပို့လိုက်သည်။

ဗီဒီယိုသည် နောက်ဆုံးတွင် ချိတ်ဆက်သွားခဲ့သည်။ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ပထမဆုံး ပေါ်လာသည်မှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်မှ အကိုလင်းက ပေါ်လာခဲ့သည်။

"ဟဲလို မင်းက အကိုလင်းရဲ့ ဇနီးမလား။" ကျန်းရီ က အဲ့ဒီအချိန်မှာ အမျိုးသမီးကို မေးလိုက်သည်။

အမလင်းက ခေါင်းညှိတ်လိုက်ပြီး “ဟုတ်တယ် ငါ့ယောက်ျား ဘာမှားနေမှန်း မသိဘူး၊ ဒီရက်ပိုင်း သရဲကိုမြင်နေရတယ် လို့ပဲ ပြောနေခဲ့တယ် ဒါပေမယ့် တစ္ဆေက ဘယ်ကနေ လာမှန်းလဲမသိဘူး?”

ကျန်းရီ ၏ မျက်လုံးများသည် အကိုလင်းဘက်သို့ စိုက်ကြည့်နေခဲ့သည်။ ထိုအချိန် အကိုလင်းက အိမ်ရှိ လှေကားထစ်ကို ညွှန်ပြနေပြီးတော့ "ငါမင်းကို မလိမ်ဘူး။ အခု ထွက်ပြေးသွားပြီ။ ခုနက သူက လှေကားပေါ်မှာ ခုန်နေပြီး ငါ့ဆီကို ပြေးလာဖို့ ကြိုးစားနေတာ!"

"ယောကျာ်း နင်ဘာဖြစ်နေတာလဲ၊ ငါတို့မိသားစုဆီကို ဘယ်ကသရဲက ရောက်လာရမှာလဲ။ ယောကျာ်းသာ ဒီလိုဆက်ဖြစ်နေရင် ငါဘယ်လိုလုပ်ရမလဲ၊ ငါတို့သားရော ဘာဖြစ်သွားမလဲ။ ယောကျာ်း အမေကရော ဘာဖြစ်သွားမလဲ။ မင်းက ငါတို့မိသားစုရဲ့ အားကိုးရာပဲ။ တစ်ခုခုသာ မှားပြီး တစ်ခုခုဖြစ်သွားခဲ့ရင် ဒီမိသားစုရဲ့ ကောင်းကင်ကြီးက ပြိုကျသွားလိမ့်မယ်”

ထိုအမျိုးသမီးသည် မနေနိုင်ဘဲ ငိုလိုက်မိသည်။ ဒါပေမယ့် အကိုလင်းသည် သူ့အိမ်၏ လှေကားထစ်များကိုသာ ညွှန်ပြနေပြီး သူ့မျက်လုံးများကလည်း ပြူးကျယ်လာပြီး တုန်လှုပ်နေခဲ့သည်။

"အဲဒီမှာ သူ အခုပဲရှိနေခဲ့တာ!" အကိုလင်းက အခိုင်အမာ ဆက်ပြောနေသေးသည်။

ကျန်းရီက "အကိုလင်း၊ သိပ်လည်း ကြောက်မနေပါနဲ့၊ မင်းရဲ့ စိတ်တွေက အခုချိန် အရမ်းလှုပ်ရှားနေပြီ။ လာပါ... စိတ်ကို အေးအေးထားလိုက်ပါ။ အနည်းဆုံး အကို အခု လုံခြုံသွားပြီမလား၊ ငါကျိန်းသေပြောလို့ရတာက မင်းပြောနေတဲ့ ခေါင်းက အခုပျောက်သွားပြီဆိုတာ သေချာတယ်"

"မဟုတ်ဘူး၊ အခုထွက်သွားရင်တောင် နောက်ပြန်လာအုံးမှာ"

"ငါ့ကို ယုံလိုက်ပါ၊ သူသာ တကယ်ပြန်လာခဲ့ရင် မင်းရဲ့ပြဿနာကို အပြီးတိုင်တောင် ဖြေရှင်းပေးလို့ရတယ်။ အစ်မလင်း အကိုလင်းကို အရင် စိတ်အေးသွားအောင် လုပ်ပေးလိုက်ပါအုံး၊ ငါမင်းကိုမေးစရာတွေ ရှိနေတယ် "

ဗီဒီယိုရဲ့ တစ်ဖက်က အမျိုးသမီးက ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်သား တခြားနေရာကို သွားနေတုန်းမှာ ဧည့်ခန်းထဲမှာ ဖုန်းကို ထားခဲ့လိုက်တယ်။

ဧည့်ခန်းသည် အလွန်တိတ်ဆိတ်နေပြီး မည်သည့် အသံကိုမဆို တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှာ ကြားနေရသည် ဖြစ်သည်။

ခဏအကြာတွင် အကိုလင်း၏ဇနီး မရောက်လာမီအချိန်တွင် ပရိသတ်တစ်ဦးမှ "အကိုလင်း ကြုံတွေ့နေရတဲ့ သရဲက တော်တော်ကို သတိရှိတဲ့ကောင်ပဲ။ ဗီဒီယိုဖွင့်လိုက်တာနဲ့ တစ်ခါတည်း ပျောက်သွားတယ်"

ကြည့်ရှု့သူ A-"ငါတို့ရဲ့ စတွင်မာက သရဲတစ္ဆေတွေ အပေါ်တော့ တယ်စွမ်းအားကြီးမားပုံရတယ်ဟ၊ ဒါပေမယ့်လည်း အကိုလင်းကိုကြည့်ရကာ သူတကယ်ကို ကြောက်လန့်နေပုံရတယ်။"

​ကြည့်ရှု့သူ B- “ကံကောင်းတာက သူ စတွင်မာနဲ့ တွေ့လိုက်ရတာပဲ။ ဒီလိုမှမဟုတ်ရင် နောက်နှစ်ရက် သုံးရက်လောက်ကြာရင် ကြောက်စိတ်တွေကြောင့် သူ ပြိုလဲသွားလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ဖုန်းခေါ်တဲ့ သူက သူမဟုတ်ဘဲ သူ့မိန်းမဖြစ်နေလိမ့်မယ်”

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှ ကြည့်ရှုသူများက စကားပြောဆိုနေကြပြီး အကိုလင်း၏ဇနီးက နောက်ဆုံးတွင် ပေါ်လာခဲ့သည်။

သူမသည် လက်ကိုင်ဖုန်းကို ကိုင်ထားပြီး သူမ၏မျက်နှာအမူအရာမှာ နည်းနည်း ပိန်လီနေသည်။

"အစ်မ လင်း၊ အစ်ကိုလင်းရဲ့ အခြေအနေ ဘယ်လိုလဲ"

ကျန်းရီက မေးလိုက်တော့ "နောက်ဆုံးတော့ သူ အိပ်ပျော်သွားခဲ့ပြီ၊ ဒါပေမယ့် သူ့အိပ်ချိန်တွေက အရမ်းကို နည်းပါးတယ်။ တစ်ခါတုန်းက သူ့ကို စိတ်ရောဂါကု ဆရာဝန်ဆီ တိတ်တဆိတ် ခေါ်သွားခဲ့တယ်၊ အခု စိတ်ငြိမ်ဆေး သောက်လိုက်ရင် တစ်နာရီ နှစ်နာရီလောက် အိပ်လို့ရပါတယ်”

"အစ်ကိုလင်း အဲ့ဒီကန်မှာ ငါးမျှားတုန်းက အစ်မတို့ ရန်ဖြစ်ဖူးလား"

“အဲဒါက...ဖြစ်ခဲ့ပုံရတယ်။ သူအဲဒီအချိန် အပြင်ထွက်တုန်းက အစ်မ သူ့ကို ကြိမ်းမောင်းခဲ့တယ်၊ဒါပေမယ့် အစ်မယောကျာ်း က ဘာမှပြန်မပြောခဲ့ဘူး။ သြော် အဲဒီနေ့က သူငါးဖမ်းကိရိယာတွေ ယူလာခဲ့တယ် ဒါပေမယ့် အဲ့ဒါက သူ့ဟာမဟုတ်ဘူး။ ကျွန်မက သူ ခဏခဏ ငါးသွားမျှားတာကို မကြိုက်ပေမယ့် သူပြန်လာတဲ့အခါ သူ့အတွက် ကိရိယာတွေကို ကောင်းကောင်း သန့်သန့်ရှင်းရှင်းလုပ်ပြီး သိမ်းဆည်းပေးတက်တယ်။ ဒါကြောင့် အဲ့ဒီ ကိရိယာတွေက သူ့ဟာ ဟုတ်မဟုတ် ပြောနိုင်တယ်။”

“ဟုတ်တယ်၊ အစ်မက သူ့ကို အရမ်း ထိန်းချုပ်တက်ပြီးတော့ အမြဲတမ်း သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ချင်ခဲ့တယ်။ ဒါပေမယ့် ငါနဲ့ ငါ့ကလေးတွေကို သူ့ကို အချိန်ပိုပေးစေချင်ယုံပါ”

“အစ်မလင်း သေချာစဉ်းစားကြည့်ပါအုံး။ အစ်ကိုလင်း ဒီလိုအရာတွေ မကြုံခင်မှာ ထူးဆန်းတဲ့ လက္ခဏာတွေများ ရှိခဲ့လား”

ခင်ပွန်းသည်အကြောင်းပြောသောအခါတွင် အစ်မလင်းသည် မျက်ရည်များ ဝဲလာပြန်​သည်။

“ဟူး ဒါတွေက ဘယ်တော့ပြီးမှာလဲ၊ သူဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲတောင် မသိဘူး။ အခု သူက တစ်နေကုန် အပြင် မထွက်ချင်တော့ဘူး။ နေ့တိုင်း အိမ်ထဲမှာပဲနေတယ် ဒါမှမဟုတ် အဲ့ ရေကန်နားကို သွားတယ်။ အဲ့ဒီဝန်းကျင်မှာ သူက နာမည်ကြီးနေလို့ လူတိုင်းက သူ့ကို အရူးလင်းလို့တောင် ခေါ်ကြတယ်။”

အစ်မလင်းက ထပ်စဥ်းစားလိုက်ပြီး “သူက ငါးမျှားရတာကို နှစ်သက်ပြီးတော့ သူအားတဲ့ အချိန်တိုင်း ငါးသွားမျှားလေ့ရှိတယ်။ ဒါ့အပြင်ကို ငါတို့နဲ့ အချိန်မပေးရကောင်းမလားလို့ ဆိုပြီး သူနဲ့ မကြာခဏ ရန်ဖြစ်လေ့ရှိတယ်”

အမျိုးသမီးက အဓိက အချက်ကို မေ့သွားပုံရခဲ့သည်။ ဒါပေမယ့် အဲဒါကို နားထောင်ပြီးနောက် ကျန်းရီက “ဒါဆို သူ မတော်တဆမှုဖြစ်ခဲ့တုန်းက မင်းကို စကား ပြန်မပြောခဲ့ဘူးပေါ့”

အစ်မလင်းသည် သူပြောနေရင်းနဲ့ တစ်ခုခုကို တွေးနေပုံရသည်။ ကျန်းရီ က “သူ ဘယ်ညက ပြန်ယူလာခဲ့တာလဲ” ဟု အမြန်မေးလိုက်သည်။

“ပြီးတော့ အဲ့တာတွေ မတိုင်ခင် မင်းသူ့ကို ကြိမ်းမောင်းခဲ့ရင် သူ ပြန်ပြောတက်လား”

“အစ်မမေးခဲ့တယ် ဒါပေမယ့် သူ့ဟာလို့ပဲ ပြန်ပြောခဲ့တယ်။ ကျွန်မက သူ့ငါးဖမ်း ကိရိယာတွေကို အကုန်မှတ်မိတယ် ဒါတွေက နင့်ဟာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူက ငါ့ခေါင်းမှာ တစ်ခုခု လွဲနေတာလားလို့ ပြန်မေးခဲ့တယ်။ အစ်မလည်း တခြားသူရဲ့ ငါးမျှားတံနဲ့ မှားပြီး ယူလာမှာစိုးလို့ဆိုပြီး ပြန်ပြောခဲ့လိုက်တယ်။ သူက အစ်မကို ပြန်ငြင်းခုံမနေခဲ့တော့လည်း အစ်မလည်း ငါးမျှားတံက ဘယ်ကနေ ရလာတာလဲ မမေးတော့ဘူး။ အခုမှပဲ စဉ်းစားမိတယ်... အဲဒီငါးမျှားတံက အဲဒီညက သူပြန်ယူလာခဲ့တာတော့ မဟုတ်ဘူးမလား”

“ပြီးတော့ မတော်တဆမဖြစ်ခင် တစ်ပတ်လောက်အလိုမှာ အစ်မယောကျာ်းက အိပ်နေရင်းနဲ့ လျှောက်သွားနေခဲ့တယ်...!

All Chapters