ရေအိုးထဲက ခေါင်းတစ်လုံး
Vol. 9 Ch. 122
အစ်မလင်း မှတ်မိနေသော အရေးကြီးတဲ့ အချက်နှစ်ချက် ရှိနေသည်။
ပထမတစ်ခုက- အကိုလင်း၏ ငါးမျှားတံ။
ဒုတိယကတော့ အကိုလင်းက အိပ်နေရင်းနဲ့ လမ်းလျှောက်နေခြင်းပါပဲ။
ကျန်းရီက အိပ်နေရင်းနဲ့ လမ်းလျှောက်ခြင်းကို ပိုပြီးစိတ်ဝင်စားတဲ့ အတွက်ကြောင့် "အစ်မက အဲ့ဒီညတုန်းက အကိုလင်းနောက်ကို လိုက်ခဲ့သေးလား" လို့ မေးလိုက်သည်။
မေးလိုက်ပြီးနောက် အစ်မလင်းက ခေါင်းခါပြီး “သူ အိပ်နေရင်းနဲ့ လျှောက်သွားနေမှန်း မသိလိုက်ဘူး။ နောက်နေ့မနက် အိပ်ရာက နိုးလာတော့ သူ့ကို ထမင်းစား စားပွဲပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတော့ အိမ်တွင်းစောင့်ကြည့်ကင်မရာကို ကြည့်လိုက်မှ သိလိုက်ရတာ”
"အဲဒီ ဗီဒီယို ရှိသေးလား"
"ရှိသေးတယ် ရှာပေးမယ်လေ"
ထိုအကြောင်းကို ပြောရင်း၊ အစ်မလင်းသည် ကျန်းရီ အတွက် ထိုဗီဒီယိုကို ရှာဖွေနေခဲ့သည်။
အိမ်က ကွန်ပြူတာကို ဖွင့်ပြီး ညဆယ့်နှစ်နာရီထိုးခါနီးအချိန်ကို ရှာလိုက်သည်။
မူလက တိတ်ဆိတ်နေတဲ့ ဧည့်ခန်းတွင် သိပ်မကြာခင်မှာပဲ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။
ထိုပုံရိပ်ကတော့ အကိုလင်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
သူ့ရဲ့အရှိန်က သိပ်မမြန်ပေမယ့် အခန်းထဲတွင် ဦးတည်ရာမရှိပဲ လျှောက်သွားနေသည်။ တခါတရံ အရှေ့ဘက်သို့ ၊ တစ်ခါတစ်ရံ အနောက်သို့ သွားနေခဲ့သည် ။
လူတစ်ယောက်လုံး၏ အခြေအနေမှာ လုံးဝ အသိစိတ် ကင်းမဲ့နေတဲ့ လူတစ်ေယာက်လိုပါပဲ။
ကျန်းရီက အကိုလင်း၏ အသွင်အပြင်ကို အာရုံစိုက်ကြည့်နေခဲ့သည်။ မျက်လုံးများကို မှိတ်ထားသော်လည်း သူ၏လှုပ်ရှားမှုများသည် အိမ်တွင်းရှိ ပရိဘောဂတိုင်းကို ကျွမ်းကျင်စွာ ရှောင်ရှားနိုင်နေသည်။
ဤသည်မှာ အိပ်နေရင်း လျှောက်သွားသူ တို့၏ ပုံစံတစ်ခုဖြစ်သည်။ ထိုအချိန်တွင် အကိုလင်း၏ အသိစိတ်က နိုးကြားနေခဲ့တာ ဖြစ်သည်။
တစ်နည်းဆိုရသော် သူ၏ နောက်ဆက်တွဲလုပ်ဆောင်မှုများအားလုံးကို လွှမ်းမိုးထားသည့် အသိစိတ်တစ်မျိုး ရှိနေခဲ့သည်။
အိပ်နေရင်း လမ်းလျှောက်သူတွေ သူ့ဘာသာသူ မနိုးမချင်း အော်မနှိုးရဘူးလို့ လူတချို့က ပြောဖူးတယ်။ မဟုတ်ရင် သူတို့ကို အတင်းနှိုးလိုက်ရင် သူတို့ရဲ့ စိတ်ဝိညာဉ်တွေက ကြောက်လန့်သွားလိမ့်မယ် ဖြစ်သည်။
လူတစ်ဦးသည် မိမိ၏ ဝိညာဉ် ဆုံးရှုံးသွားသည်နှင့် တစ်ပြိုင်နက် သေဆုံးသွားမည်ဖြစ်သည်။
အကိုလင်းသည် အိမ်တဝိုက်တွင် မိနစ်အနည်းငယ်ကြာအောင် လမ်းလျှောက်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် တံခါးဆီသို့ လျှောက်သွားပြီး သူ့လက်ဖြင့် ဖွင့်လိုက်ကာ ဖြည်းညှင်းစွာ ထွက်သွားခဲ့သည်။
သူ၏အမူအရာသည် အလွန် ထူးဆန်းနေသော်လည်း သူ့လုပ်ရပ်အားလုံးသည် အိပ်နေရင်း လျှောက်သွားနေတဲ့ သူအတွက် လုံးဝ ကျိုးကြောင်းဆီလျော်မှုရှိနေသည်။
သူ ဖြည်းဖြည်းချင်း ထွက်သွားတာကို ကြည့်နေရင်းနဲ့ သူသည် ဗီဒီယိုထဲက တဖြည်းဖြည်း ပျောက်သွားခဲ့သည်။
အဲ့ဒီအချိန်မှာ ကျန်းရီ က “တံခါးဝမှာရော စောင့်ကြည့်ရှိလား?”
“ရှိပါတယ်”
“ဒီလိုတွေဖြစ်တာ သိပ်မကြာသေးဘူး။ အဲဒီတုန်းက ဗီဒီယိုက ရှိနေသေးလား”
“ရှိအုံးမယ်ထင်တယ်။ ရှာကြည့်လိုက်အုံးမယ်။”
ကွန်ပြူတာကနေ တံခါးက စောင့်ကြည့်ကင်မရာကနေ ရိုက်မိထားတဲ့ ဗီဒီယိုကို ရှာတွေ့လိုက်ပြီး မကြာမီ ထိုညက အပြင်ထွက်သွားသည့် အကိုလင်းကို တွေ့လိုက်ရသည်။
သူက ခြံထဲမှာပဲ ဆက်လျှောက်နေခဲ့သည်။
အကိုလင်း၏ မိသားစုရဲ့ အိမ်က ကျေးလက်ဒေသကလို ကျယ်ဝန်းတဲ့ ခြံဝင်းကျယ်ကြီးရှိနေပြီး ကိုယ်တိုင်တည်ဆောက်ထားတဲ့ အိမ်ကလေးတွင် နေထိုင်တာဖြစ်သည်။
ထိုအချိန်တွင် အကိုလင်းသည် ခြံဝန်းအတွင်းရှိ ရေအိုးရှေ့တွင် ရပ်လိုက်သည်။ လက်နှစ်ဖက်ဖြင့် ရေအိုးအဖုံးကိုဖွင့်ကာ ရေအိုး၏အစွန်းကို ကုတ်ခြစ်လိုက်သည်။ ကံမကောင်းစွာပဲ၊ ထိုအချိန်က စောင့်ကြည့်ကင်မရာကနေ သူ့မျက်နှာပေါ်ရှိ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သို့သော်ငြားလည်း အကိုလင်းသည် ရေအိုးကို ကြည့်နေပုံရပြီး နောက်မှာတော့ ရေကန်ထဲတွင် တစ်စုံတစ်ခုကို တွေ့လိုက်ရပုံ ရလိုက်သကဲ့သို့ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။
ဒါပေမယ့် အကိုလင်းက သူ့ခေါင်းကို ရေအိုးထဲကို မထည့်ခဲ့ဘူး။ ဒါကိုမြင်တော့ ကျန်းရီက “အစ်မလင်း၊ အဲဒီရေကန်ထဲမှာ ရေရှိလား” လို့မေးလိုက်တယ်။
“ရေမရှိဘူး ဒါပေမယ့် အချဉ်ဖောက်ထားတဲ့ အရည်တွေတော့ ရှိတယ်”
အစ်မလင်းက ပြန်ဖြေခဲ့တယ်။ ဗီဒီယိုထဲက အကိုလင်းက ရေအိုးကို ပြန်ဖုံးပြီးတော့ ခြံထဲကနေ တိတ်တဆိတ် ထွက်သွားခဲ့လိုက်သည်။
ကျန်းရီက ခဏလောက်စဉ်းစားပြီး “အစ်မလင်း၊ အဲ့ဒီရေအိုးကိုဖွင့်ခဲ့တာ ဘယ်လောက်ကြာပြီလဲ”
“ဆယ်ရက်လောက် ကျော်နေပြီ”
“အဲ့ဒီရေအိုးကို သွားဖွင့်ပြီး ကြည့်လိုက်ပါ”
ကျန်းရီရဲ့ ရုတ်တရက် ပြောလိုက်တာက အစ်မလင်းကို သံသယ ဖြစ်သွားစေခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကလည်း ထူးဆန်းတဲ့ အတွေးတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။
“စတွင်မာ ပြောလိုက်တော့ ငါ ရုတ်တရက် တစ်ခုခုကို တွေးမိသွားတယ်။ ရေအိုးထဲမှာများ တစ်ခုခု ရှိနေတာလား”
“ဟ အပေါ်က လူက ဆရာကြီးပါလားဟ၊ စတွင်မာက ဒီလို ပြောမှတော့ အဲဒီမှာ တစ်ခုခု ရှိကိုရှိရမှာပေါ့။ ပြီးတော့ အခုလေးတင် အကိုလင်းရဲ့ လုပ်ရပ်တွေကို ကြည့်လိုက်ရင် သူက အိပ်နေရင်းနဲ့ လျှောက်သွားနေပေမယ့် တစ်ခုခုကို မြင်သွားတဲ့ပုံပဲ!”
အိပ်နေရင်းနဲ့ လျှောက်သွားသူတွေ နှစ်မျိုးနှစ်စားရှိတယ်လို့ ဆိုကြတယ်။ တစ်မျိုးက အိပ်နေရင်း လျှောက်သွားနေတဲ့ ပြီးပြည့်စုံတဲ့ ပုံစံဖြစ်ပြီးတော့ ဆိုလိုသည်မှာ အိပ်နေရင်းနဲ့ လျှောက်သွားနေတဲ့သူက ပိုမိုသွက်လက်စွာ လှုပ်ရှားသွားလာ နေပြီးတော့ သူလုပ်ခဲ့တဲ့ အရာမှန်သမျှကို ဘာမှ မမှတ်မိတဲ့ ပုံစံမျိုး။ နောက်တစ်မျိုးက အိပ်မပျော်တပျော် အနေအထားမှာ လျှောက်သွားခြင်းမျိုးပဲ။ အချို့သော လျှောက်သွားသူတို့က သူတို့ရဲ့ လုပ်ရပ်တွေကို မှတ်မိကြတယ်။ အိမ်မက်ထဲမှာ လျှောက်သွားနေသလိုမျိုးပေါ့ကွာ”
“အကိုလင်းက အရှေ့က ပုံစံမျိုးဆိုတာ သိသာတယ်။ ဒုတိယ တစ်မျိုးဆိုရင် သူကိုယ်တိုင် အကုန်ပြန်ပြောပြမှာပေါ့ ”
“တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေ ဆွေးနွေးနေတုန်းမှာ အစ်မလင်းက ကျန်းရီ ညွှန်ကြားချက်အတိုင်း အိမ်ထဲက ထွက်ခဲ့လိုက်သည်။ ခြံထဲသို့ ရောက်လာခဲ့ပြီး ရေအိုးကို ဖွင့်လိုက်သည်။
အချဥ်ဖောက်ထားတဲ့ရေက နည်းနည်းတော့ အနံ့ပြင်းသည်။
“အစ်မလင်းရေ အထဲကို လက်နှိုက်လိူက်ပါ”
ကျန်းရီ လည်းပြောလို့ပြီးရော တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေက ပိုပြီးတော့ နိုးနိုးကြားကြား ရှိလာခဲ့သည်။ စခရင် ကနေ ဖြတ်ပြီး ကြည့်နေသူတွေအနေနဲ့ သူတို့ကိုယ်သူတို့ ဘာကြောင့် နိုးနိုးကြားကြား ဖြစ်လာရလည်း နားမလည်ခဲ့ကြဘူး ဒါပေမယ့် သူတို့ရဲ့ မသိစိတ်ကနေ ပြောနေခဲ့တာက ကျန်းရီရဲ့ သတိပေးမှုက အဲ့ဒီရေအိုးထဲမှာ တစ်ခုခု သေချာပေါက် ရှိလိမ့်မည်ဖြစ်သည်။
အစ်မလင်းက အနည်းငယ် တုံ့ဆိုင်းပြီးနောက် လက်အိတ်စွတ်လိုက်ကာ ရေအိုးထဲသို့ လက်ထိုးထည့်လိုက်သည်။
“ဘာကို ကိုင်မိလိုက်လဲ”
ကျန်းရီက ချက်ချင်းမေးလိုက်သည်။ ကျန်းရီ ရဲ့ စကားအဆုံးမှာ အစ်မလင်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီး သူမ ကိုင်မိလိုက်တဲ့ အရာကို ကြမ်းပြင်သို့ ပစ်ထုတ်လိုက်သည်။ ပြီးတော့ သူမ ကျယ်လောင်စွာနဲ့ အော်ပါလေရော…
“လူ့ခေါင်းကြီး…ရေအိုးထဲမှာ ခေါင်းတစ်လုံး ရှိနေတယ်…”
ဟုတ်ပါတယ်၊ ရေအိုးထဲမှာ ခေါင်းတစ်လုံး ရှိနေခဲ့တာပါ။ အကိုလင်းတို့ရဲ့ အချဥ်ရေအိုးထဲမှာ ဆံပင်ရှည်ရှည်နဲ့ ယောကျာ်းတစ်ယောက်ရဲ့ ခေါင်းတစ်လုံးကို စွန့်ပစ်ထားခဲ့တာပါ။
အဲ့ဒီအချိန်မှာတော့ အစ်မလင်းက လုံးဝကို ထိတ်လန့်ကြောက်ရွှံ့နေပြီး မျက်နှာက ဖြူဖက်နေခဲ့ကာ ကျယ်လောင်စွာနဲ့ အော်နေခဲ့သည်။
ခေါင်းက ကျောက်ခင်းထားတဲ့ မြေပေါ်သို့ ပစ်ထုတ်ခဲခဲ့ရသောကြောင့် ပွနေသော အသားတွေသည် ကြမ်းပြင်နဲ့ ပွတ်တိုက်မိသွားခဲ့သည်။
အစ်မလင်းက ဆဲပင်ကနေ ဆွဲထုတ်မိခဲ့တာ ကြောင့်လား ဒါမှမဟုတ် တစ်ခုခု ကြောင့်လားတော့မသိပါဘူး ဒါပေမယ့် ထိုခေါင်းရဲ့ ဆံပင်ကနေ နှဖူးကနေ အလယ်ကို ကွဲနေခဲ့ပြီး သူ့မျက်နှာကို အစ်မလင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေကို ရှင်းရှင်းလင်းလင်း မြင်ရစေခဲ့သည်။
အကိုလင်း ပြောခဲ့သလိုပါပဲ။ အဲ့ဒါက မျက်လုံးတွေ မှေးကျဥ်းနေပြီးတော့ ဖူးရောင်နေတဲ့ ကြောက်စရာကောင်းတဲ့ ခေါင်းတစ်လုံးပါပဲ။
အဲ့ခေါင်းက အကိုလင်း ရေကန်ကနေ ဖမ်းမိခဲ့တာ မဟုတ်ပါဘူး။ အဲ့ဒါက….. အကိုလင်းတို့အိမ်ရဲ့ ရေအိုးထဲမှာ တစ်ချိန်လုံး ရှိနေခဲ့တာပါ။