← Chapters

စောင့်နေတဲ့သူ ရောက်လာပြီ

Vol. 9 Ch. 125

စောင့်နေတဲ့သူ ရောက်လာပြီ

Vol. 9 Ch. 125

ဝမ်းနည်းမှုနှင့် ဒေါသတွေ ပြည့်နေသော မာကျန်းဂျန်၏ ဦးခေါင်းသည် မမြင်ရသောလေတစ်ခုက သူ့ခေါင်းကို တိုက်လိုက်သကဲ့သို့ အကိုလင်း၏ ခြေထောက်နားသို့ တိုက်ရိုက်ပင် လှိမ့်လာခဲ့သည်။

အကိုလင်းသည် ထိုရင်းနှီးနေသော ဦးခေါင်းကို မြင်သောအခါ မသိစိတ်ကနေ နောက်သို့ ဆုတ်လိုက်မိသည်။

ယန်တိုင်းမင်က မာကျန်းဂျန် ကိုမြင်သောအခါ အေးစက်သော အကြည့်တစ်ခုက သူ့မျက်လုံးထဲတွင် တောက်ပသွားခဲ့သော်လည်း သူသည် မာကျန်းဂျန် ဆီသို့ ချက်ချင်းပဲ ပြေးသွားပြီးတော့

"တောင်းပန်ပါတယ် လောင်မာ ငါမှားသွားပါတယ်... မင်းငါ့ကို အရင် လှောင်ပြောင်ခဲ့ပေမဲ့ မင်းကို ဒီလောက်ရက်စက်စွာ မသတ်သင့်ခဲ့ဘူး။ ဒီဘဝမှာ မဖြစ်နိုင်တဲ့အတွက် ငါမင်းအပေါ် တင်နေတဲ့ အကြွေးတွေကို နောက်ဘဝမှာပဲ ငါပြန်ပါ့မယ် !”

ယန်တိုင်းမင်ရဲ့ မျက်နှာမှာ မျက်ရည်တွေ စီးကျနေပြီး မာကျန်းဂျန်ကို ငုံ့ကြည့်တဲ့ သူ့ပုံစံက ရိုးရိုးသားသားနဲ့ နောင်တရနေတယ် ဆိုတာ လူတွေကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့ပါတယ်။

မာကျန်းဂျန် ကို သူ သတ်ခဲ့ပေမဲ့ မာကျန်းဂျန်ကလည်း သူ့ကို ရေကန်ထဲကို ပြန်နှစ်ပြီး သတ်ခဲ့တာပဲလေ။

သူတို့နှစ်ဦးကြားက အာဃာတအမုန်းတွေက နောက်ဆုံးမှာ ကျေသွားပြီဖြစ်သည်။

သို့သော် ယန်တိုင်းမင် က တကယ် နောင်တရခဲ့သလား?

ကျန်းရီရဲ့ မျက်လုံးထဲတွင်တော့ လှောင်ပြောင်မှုတစ်ခု ရှိနေခဲ့သည်။ သူက ယန်တိုင်းမင် ကို ကြည့်လိုက်ပြီး အဲ့နောက် မာကျန်းဂျန် ကို ထပ်ကြည့်လိုက်ကာ နောက်ဆုံးတော့ ပြုံးပြီး မေးလိုက်တယ် "ငါက ဘယ်သူကို ယုံရမှာလဲ?"

"သူငါ့ကို ပိုက်ဆံလိုချင်လို့ သတ်လိုက်တာ။ မတော်တဆ မဖြစ်ခင် သူနဲ့ငါ အကြိမ်အနည်းငယ်လောက် တွေ့ဖူးတော့ ရင်းနှီးမှု နည်းနည်းတော့ ရှိခဲ့တာပေါ့။ ငါ့မိသားစုက ပြည့်ပြည့်စုံစုံ ရှိတယ်ဆိုတာ သူသိခဲ့တယ်၊ တတိယအကြိမ်လောက်မှာ တွေ့တော့ သူ ပိုက်ဆံချေးခဲ့တယ်။ အဲဒီတုန်းက ခင်မင်ရင်းနှီးမှုက သိပ်ပြီး မရှိတဲ့အတွက်ကြောင့် သူ့ကို ငြင်းဆိုခဲ့တယ် ဒါပေမယ့် မထင်ထားခဲ့တာက ရက်အနည်းငယ် အကြာမှာ သူ ငါ့ဆီ ပြန်လာခဲ့တာပဲ။ တကယ်တော့ သူနဲ့ ဝေးဝေးမှာနေဖို့ စိတ်ကူးရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူရုတ်တရက် ပိုက်ဆံ ထပ်မချေးတော့ဘူး ပြီးတော့ သူပြောတာက သူ့မှာရှိတဲ့ ပြဿနာက ပြေလည်သွားပြီဆိုတဲ့ အကြောင်း သူလည်း ပိုက်ဆံ ထပ်ချေးမှာမဟုတ်တော့တဲ့အတွက် သူ့ကို နားလည်မှု မလွဲဖို့ မျှော်လင့်တယ် ဆိုတဲ့ အကြောင်းတွေ ပြောခဲ့တယ်။

“ကလေးနေမကောင်းလို့ ပိုက်ဆံ အမြန်လိုနေတယ်ဆိုတဲ့ အကြောင်းပြချက်ကို ကြားလိုက်ရတော့ နည်းနည်းလေးတော့ အပြစ်ရှိသလို ခံစားလိုက်ရတယ်။ သူနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိပေမယ့် ငါငြင်းလိုက်လို့ ကလေးက ပြဿနာတစ်ခုခု ကြုံလာရရင် ကိုယ့်ကိုကိုယ် အပြစ်တင်မိမှာ သေချာတယ်။ ဒါကြောင့် ငါလည်း လောင်​​ယန်ကို တောင်းပန်ခဲ့ပြီး အဲဒီအချိန်မှာ ပိုက်ဆံ ပြတ်လပ်နေလို့ ဆိုတဲ့ အကြောင်းပြချက် ပေးခဲ့လိုက်တယ်”

“နောက်တော့ ငါတို့ အတူတူ ငါးမျှားခဲ့ကြတယ်။ အဲဒီနေ့က ငါ ငါးတွေ အများကြီး ဖမ်းမိခဲ့တယ်။ ဒါကြောင့် မနေနိုင်ဘဲ ကြွားမိခဲ့တာပေါ့။ အဲဒါက ငါးမျှားသမားတွေအတွက်တော့ ပျော်စရာ တစ်ခုပဲလေ၊ ဒါပေမယ့် မမျှော်လင့်ထားခဲ့တာက ဒီကောင် ပိုက်ဆံ လာချေးရတဲ့ အကြောင်းရင်းက သူ့ကလေး နေမကောင်းလို့ မဟုတ်ဘဲ သူ့စက်ရုံအသေးစားတစ်ခုက လုပ်အားခ ပေးဖို့ ရှိနေခဲ့တယ်။ တယ်လို့ သူတို့ကို မပေးခဲ့လို့ရှိရင် ဥပဒေအရ အရေးယူခံရလိမ့်မယ်”

“ဒါပေမယ့် အလုပ်သမားတွေရဲ့ လုပ်အားခတွေ အားလုံးက သူလောင်းကစားလုပ်လို့ ကုန်သွားပီ။ ဒါကြောင့် သူနဲ့ ငါးအတူတူသာ မျှားဖူးတဲ့ ငါ့ဆီကို လာချေးခဲ့တာ။ သူ့စိတ်ထဲမှာတော့ သူနဲ့ငါက လေးနက်တဲ့ ခင်မင်ရင်းနှီးမှု ရှိတယ်ပေါ့။ ဒါကြောင့် ငါက သူ့ကို ကျိန်းသေ ချေးပေးမယ်လို့ ထင်နေခဲ့တယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းထဲမှာ နှစ်အတော်ကြာအောင် ရောထွေး နေခဲ့ပြီးနောက်မှာ ငါနဲ့ ရက်အနည်းငယ်သာ သိတဲ့သူတစ်ယောက်ကို ပိုက်ဆံအများကြီး ချေးဖို့ကို ဘယ်သူက မိုက်မိုက်မဲမဲနဲ့ ချေးပေးမှာလဲ ?”

“ သူတကယ်ကို စိတ်ဆင်းရဲနေတာလည်း ဖြစ်နိုင်တယ်၊ ဒါကြောင့် သူ့မျှော်လင့်ချက်တွေကို ဖြတ်တောက်လိုက်တဲ့နောက်မှာ သူက ဓားကို ကောက်ကိုင်လိုက်တယ်။ အဲဒီတုန်းက သူငါ့ကို အရမ်းမုန်းတီးစွာနဲ့ ငါ့လည်ပင်းကို ဓားနဲ့ထိုးလိုက်တယ်။ မင်းရဲ့ ငွေတွေကို အခေါင်းဝယ်ဖို့ပဲ စုထား ငါက ယွမ် နှစ်သိန်းလောက်ပဲ လိုချင်ခဲ့တာ၊ မင်းရဲ့ အဲ့ပိုက်ဆံတွေကို ယူပြီး ငရဲကို သွားလိုက်တော့”

“ဒီစကားတွေပြောပြီးတဲ့အခါမှာ ဓားမြှောင်က လည်ပင်းကိုဖြတ်လိုက်တယ်။ အရမ်းနာကျင်ခဲ့တယ်။ အေးစက်တဲ့ ဓားမြှောင်က လည်ပင်းက အရေပြားအလွှာကို ဖြတ်လိုက်တဲ့အခါမှာ နာကျင်မှုကြောင့် သတိဝင်လာခဲ့တယ်။ အဲ့ချိန်မှာ ငါ သူ့ကို ပိုက်ဆံချေးလိုက်မယ်လို့ တွေးလိုက်တယ် ဒါပေမယ့် အဲ့အချိန်မှာ စကားမပြောနိုင်တော့ဘူး။ သူငါ့ကို လုံးဝ သတ်ဖို့ ဆိုတဲ့ အတွက်ကြောင့် သူ့ရဲ့ ဓားက အရမ်းမြန်ခဲ့တယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ငါ့ရဲ့ ဦးခေါင်းကို ဖြတ်ပစ်လိုက်တယ်။ အကြိမ် အနည်းငယ်လောက် ရုန်းကန်ပြီးတဲ့နောက်မှာ ငါ့ခေါင်းက လုံးဝ ပြတ်ထွက်သွားတယ်”

"သူ့ရဲ့ ဒေါသကြောင့် ငါ့ကို တကယ် သတ်ခဲ့တာလား?။ သူ့အမှားတွေနဲ့ သူ့လုက်ရပ်တွေကြောင့် သူနဲ့ လုံးဝ မသက်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်တဲ့ ငါ့အပေါ် ကို သူ့အမှားတွေအားလုံးကို အပြစ်တင် ပုံချခဲ့တာ။ ငါ့သေဆုံးမှုက တရားမျှတမှုမရှိဘူး ဒါဟာ တကယ်မတရားတဲ့သေခြင်းပဲ!"

မာကျန်းဂျန် က သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပြောနေခဲ့ပြီး ယန်တိုင်းမင် ကတော့ မြေပြင်ပေါ်မှာ ဒူးသာ ထောက်နေပြီး စကားမပြောရဲခဲ့ပေ။

ကျန်းရီရဲ့ မျက်နာမှာတော့ လှောင်ပြောင်မှုများ ရှိနေသေးပြီး "မင်းမှာ ပြောစရာရှိသေးလား ဒါမှမဟုတ် ငြင်းချင်သေးလား"

"ငါ...ငါ့ကို သွားခွင့်ပြုပါ..ငါ့ရဲ့ ပြစ်ဒဏ်အားလုံးကို ငါခံယူပါ့မယ်၊ မင်းကို လိမ်ခဲ့တာတွေရော !" ယန်တိုင်းမင် သည် ထပ်ပြီး မလိမ်ညာရဲတော့ပေ။ .

ကျန်းရီသည် မာကျန်းဂျန်၏ ခေါင်းပြတ်ကြီးကို ကြည့်လိုက်ပြီး ထို့နောက် တောအုပ်ထဲမှ တိတ်တဆိတ် ထွက်လာတဲ့ ခေါင်းမပါတဲ့ ပုံရိပ်ကို ထပ်ကြည့်လိုက်သည်။

“မင်းရဲ့ခေါင်းကိုယူပြီး ယန်တိုင်းမင် နဲ့ ငရဲကိုလိုက်သွားလိုက်ပါ။ အောက်က လူတွေက မင်းတို့ကြားက ရန်ငြိုးတွေကို သဘာဝကျကျ တရားစီရင်ပေးလိမ့်မယ်၊ ဒါပေမယ့် မစ္စတာမာ၊ မင်းမှာ လုပ်စရာတစ်ခုရှိသေးတယ်”

မာကျန်းဂျန် သည် မျက်နှာပေါ်တွင် ဝမ်းနည်းခြင်းနှင့် ဒေါသအမျက်များ ထွက်နေသည့် အကိုလင်းကို မသိစိတ်ကနေ ကြည့်လိုက်မိသည်။

ထိုအချိန်တွင် မာကျန်းဂျန် သည် အကိုလင်း၏ ရှေ့သို့ လျှောက်လာပြီး “ငါတယ် တောင်းပန်ပါတယ် ဒါပေမယ့် ကံမကောင်းတာက လူနဲ့ သရဲတစ္ဆေတွေက လမ်းမတူဘူး။ တခြားသူတွေဆီက အကူအညီမရပဲ ငါဘာလို့ မင်းဆီ လာရတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး”

မာကျန်းဂျန် က သူ့ရဲ့ တောင်းပန်မှုက မလုံလောက်သေးဘူး လို့ ခံစားရတာကြောင့် “မစ္စတာလင်း ၊ ငါငရဲကို ရောက်သွားရင် ငါ့အမှုကို တရားစီရင်မယ့် ယမမင်း ရှိခဲ့မယ် ဆိုရင်၊ ငါ သူ့ဆီ အရာအားလုံး ပြောပြပြီးတော့ မင်းကို ထပ်ပြီး တောင်းပန်ပါ့မယ် “

ကျန်းရီက ဘာမှ ဝင်မပြောခဲ့တော့ဘူး။ အခုက အကိုလင်း ဆုံးဖြတ်ချက်ချရမယ့် အလှည့်ပါ။

"မင်းငါ့ကို ထပ်ပြီးမနှောင့်ယှက်ပါနဲ့လို့သာ ငါပြောချင်တယ်။ ကျန်တာက မင်းကြိုက်တာလုပ်၊ မင်းပြောတာ ဘာပဲဖြစ်ဖြစ် မင်းကိစ္စပဲလေ”

အကိုလင်းက အေးစက်စွာ ပြောလိုက်ရာ မာကျန်းဂျန် က ကျေးဇူးတင်စွာဖြင့် ဦးညွတ်လိုက်သည်။

ထို့နောက် သူ၏မျက်နှာသည် အေးစက်လာပြီး ယန်တိုင်းမင်၏ လည်ပင်းကို ဖမ်းကိုင်ကာ "ငါ့နဲ့ လိုက်ခဲ့!"

ယန်တိုင်းမင်ခဗျာ ခုခံဖို့ အင်အားမရှိခဲ့ပါဘူး။ အရင်ကဆိုရင်တော့ မာကျန်းဂျန်က သူ့ကို ဘာမှလုပ်လို့ ရမှာ မဟုတ်ပါဘူး ဒါပေမယ့် အခု ကျန်းရီ ရှိနေခဲ့တော့ သူ မခုခံရဲခဲ့ပါဘူး။

မာကျန်းရီက ယန်တိုင်းမင် ကို ဆွဲခေါ်သွားတာကို ကြည့်နေရင်း ရေကန်နားက ရဲတစ်အုပ်က တစ်ယောက်ကို တစ်ယောက် ကြည့်ခဲ့လိုက်ကြသည်။

ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျန်းရီက အကိုလင်းအား ကျေးဇူးတင်ခွင့်တောင် မပေးခဲ့ပဲ ဗီဒီယို ခေါ်ဆိုမှုကို ပိတ်လိုက်သည်။

ဗီဒီယိုကို ပိတ်ပြီးတဲ့ နောက်မှာတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေက “ ဒီတစ်ခါ စတွင်မာက ဘာလို့များ ဗီဒီယိုကို အစောကြီး ပိတ်လိုက်တာလဲ? အကိုလင်းက ကျေးဇူးတင်စကားတောင် မပြောရသေးဘူးလေ”

“ ဒက္ခရောက်နေတဲ့သူတွေရဲ့ ကျေးဇူးတင်ခံချင်လို့ တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်နေတာမဟုတ်ဘူးလေ။ ပြဿနာက ပြေလည်သွားမှတော့ ပြီးပြီလေ။ ငါ့ကို ဖုန်းခေါ်ဖို့ စောင့်နေတဲ့သူ တစ်ယောက် ရှိတယ်။ အခုတောင် သူ ဒါကို ကြည့်နေမလား မသိဘူး”

ကျန်းရီလည်း ပြောလို့ပြီးရော ပရိတ်သတ်တွေက ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေခဲ့သည်။

ဒီည မှတ်မိသလောက်က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်တုန်းက ကျန်းရီက ဖုန်းတစ်လုံး ၁၀ စက္ကန့်အတွင်း လာလိမ့်မယ်လို့ ကျိန်းသေ ပြောခဲ့သည်။

အဲ့ဒီနောက် အကိုလင်း ဖုန်းခေါ်ခဲ့သည်။

ဒါပေမယ့် အခု ကျန်းရီ ရဲ့ စကားအရ ကျန်းရီ စောင့်နေတဲ့သူက အကိုလင်း မဟုတ်ဘူးလား?

အကိုလင်း မဟုတ်ရင် ဒါဆို ဘယ်သူလဲ??

သူတို့တွေ စဥ်းစားနေတုန်းမှာပဲ “ဘိ.” “ဘိ.” အသံနှင်အတူ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဖုန်းသံ မြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုသူကိုလည်း မြင်ရော ကျန်းရီက ပြုံးကာ “ စောင့်နေတဲ့သူက ရောက်လာပြီ”

All Chapters