ဓာတ်ပုံထဲက အမျိုးသမီး
Vol. 9 Ch. 126
ဖုန်းက နှစ်ကြိမ်လောက် မြည်ပြီးနောက်မှာ ကျန်းရီက ကိုင်ခဲ့လိုက်တယ်။
"ဟယ်လို၊ ငါက ကျန်းရီ ပါ၊ ဖြစ်ရပ်ဆန်းတွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာပါ။ မင်းရဲ့ဖုန်းခေါ်တာကို လက်ခံရရှိရတာ ဝမ်းသာပါတယ်။"
"ဟယ်လို၊ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အခုပဲ ကြည့်နေခဲ့တာ။ မူလက ငါနဲ့ဘာမှမဆိုင်တဲ့ ဖုန်းခေါ်ဆိုမှုလို့ပဲ ထင်ခဲ့တာ၊ ဒါပေမယ့် အဲဒီဖုန်းကို ငါ ခေါ်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"
ဖုန်းခေါ်ဆိုသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏အသံမှာ အလွန်ငယ်နေပြီးတော့ သူမသည် အသက် နှစ်ဆယ်ကျော်ခန့်သာ ရှိပုံရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များသည် ကျန်းရီ ၏ “စောင့်နေသောသူ” ဟူသော စကားလုံးကို ပြောခဲ့တာကို တွေးပြီးတော့ မနေနိုင်ဘဲ စနောက်ခဲ့ကြသည်။
ကြည့်ရှု့သူ A-" ဝိုး.. စောင့်နေတဲ့သူက မိန်းကလေးဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ စတွင်မာက သူ့ကို ဖုန်းခေါ်ဆိုခဲ့တဲ့ သူတွေထဲမှာ ဘယ်သူ့ကိုမှ ဒီလို တစ်ခါမှ မခေါ်ခဲ့ဖူးဘူးမလား"
ကြည့်ရှု့သူ B-"ဟုတ်တယ်ဟ၊ ပြီးတော့ အခုက မိန်းကလေးတစ်ယောက်ပဲ၊ မရိုးဘူးပဲ !"
ကြည့်ရှု့သူ C-" သွားပါပြီ၊ ငါးလိုရေသောက်ရဲ့ အနေအထားကတော့ အန္တရာယ်ရှိနေပြီ!"
ပရိသတ်တွေရဲ့ ပရမ်းပတာ စနောက်နေမှုတွေကို ကျန်းရီ က ဘာမှ မမြင်ချင်ယောင် ဆောင်နေပြီးတော့ အေးအေးဆေးဆေးနဲ့ "ဒါဆို ဒီနေ့က ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မင်းရောက် လာတဲ့ ပထမဆုံးအကြိမ်ပေါ့၊ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို ဝင်ပြီးမှ မင်းငါ့ကို သိပ်မယုံကြည်ခဲ့ဘူး ဒါပေမယ့် အကိုလင်းရဲ့ကိစ္စပြေလည်သွားတာကိုမြင်တော့ မင်းရဲ့ဇာတ်လမ်းကို နောက်ဆုံးမှာပြောပြရဲတဲ့ သတ္တိရှိခဲ့တာမဟုတ်လား"
"တောင်းပန်ပါတယ် စတွင်မာ “
"ရပါတယ် ။ တစ်စုံတစ်ယောက်က သဘာဝလွန် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ရတဲ့အခါ အခြားတစ်ယောက်က သူ ဖြေရှင်းနိုင်တယ်လို့ လာပြောတဲ့အခါမှာ လူ ဆယ်ယောက်မှာ ကိုးယောက်လောက်က သံသယဖြစ်တတ်တာမို့ မင်းမှာ ဒီလိုတုံ့ပြန်မှုမျိုးရှိတာ အံ့သြစရာမရှိပါဘူး။ ကောင်းပြီ အခု မင်းအကြောင်းကို ပြောကြည့်ရအောင်”
ကျန်းရီက အပြုံးနဲ့ ပြောလိုက်တယ်။ ဖုန်းတစ်ဖက်က ကောင်မလေးက " ငါ့မှာ ဒီလိုမျိုး ကြုံခဲ့ရတယ်ဆိုတာကို မင်းဘယ်လို သိတာလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား။"
"အမှောင်ကလည်း သူ့နည်းလမ်းနဲ့ သူရှိတယ်။ အိုး... ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ မသိသေးဘူး"
"ကုန်ချန်းဟန်ပါ ၊ အချို့ကတော့ ရှောင်ဇီ လို့ခေါ်ကြတယ် ၊ စတွင်မာလည်း ငါ့ကို ရှောင်ဇီ လို့ ခေါ်လို့ရတယ်။ ငါ့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ရင်တော့ ငါက အငှားယာဉ်မောင်းဖြစ်ပြီးတော့ ဒီနှစ်မှာ အသက် နှစ်ဆယ့်နှစ်နှစ်ပဲ ရှိပါသေးတယ်"
ရှောင်ဇီရဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်တာကို ကြားလိုက်ရတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေ အံသြသွားခဲ့ကြသည်။
အသံကို ကြားတာနဲ့ တစ်စုံတစ်ယောက်ကို သင်မှတ်မိနိုင်တယ်လို့ ပြောကြလေ့ရှိတယ်။ အခုခေတ်မှာ အသံသရုပ်ဆောင်တွေ အများကြီးရှိပေမယ့် ရှောင်ဇီ ရဲ့ အသံကို နားထောင်လိုက်ရင် နူးညံ့သိမ်မွေ့ပြီး သွယ်လျတဲ့ မိန်းကလေးတစ်ယောက်လို့ ထင်ရတယ်။
သို့သော် သူမက အားနည်းသည်ဟု တွေးထင်ရသော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း အငှားယဥ်မောင်းသည့် အလုပ်ကို လုပ်ကိုင်နေသည်။
“မင်းက ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်ပဲ၊ အထူးသဖြင့် ဒီလို အဖြစ်အပျက်တွေ ကြုံတွေ့ပြီးတဲ့ နောက်ပိုင်းမှာတောင် ညဘက် မကြာခဏ ကားမောင်းထွက်တာက မင်းလို မိန်းကလေးအတွက် မလုံခြုံဘူးလေ”
ကျန်းရီက ပြောလိုက်တော့ ဖုန်းရဲ့ အခြားတစ်ဖက်က ရှောင်ဇီက “ အငှားယဥ်မောင်းက ငါ့ရဲ့ အလုပ်တွေထဲက တစ်ခုပဲ ၊ နောက်အလုပ်က ကုမ္ပဏီတစ်ခုရဲ့ စာရေးအလုပ်ပဲ။ ဒီနှစ်မှာ မိသားစုမှာ တစ်ခုခု ဖြစ်သွားတာကြောင့် မိသားစုရဲ့ ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုချင်တာကြောင့် ညဘက်ကားမောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာ၊ အရေးကြီးဆုံးကတော့ ဒီအလုပ်က ဘာမှသိပ်မလိုဘူးလေ ပြီးတော့ ဝင်ငွေကလည်း မဆိုးဘူး”
“ဒီအဖြစ်အပျက်က ဘယ်အချိန်က စခဲ့တာလဲ?”
ကျန်းရီက လက်ရှိ အကြောင်းအရာဆီသို့ ပြန်မေးခဲ့သည်။ တစ်ဖက်က ရှောင်ဇီက အသက်ပြင်းပြင်းရှူပြီးတော့ “စတွင်မာ ကားစီးရင် တစ်ခုခု ကျန်ခဲ့ဘူးလား” လို့ မေးလိုက်သည်။
ရှောင်ဇီ ကတော့ မေးခွန်းတွေ မေးနေတုန်းပါပဲ။ ဒါကိုကြားတဲ့အခါမှာ ကျန်းရီက “ရှိခဲ့တယ်၊ ဒါပေမယ့် တော်တော်ကို နည်းပါတယ်။ မင်းရဲ့ ခရီးသည် တော်တော်များများက သူတို့ ပစ္စည်းတွေ ကျန်ခဲ့လို့လား။”
“ဟုတ်တယ်၊ အဲဒီလို ခရီးသည်တစ် ယောက်က နောက်မှာ တစ်ခုခုကျန်ခဲ့တာကို ပထမဆုံးကြုံခဲ့ဖူးတာပဲ။ အဲဒါက အနက်ရောင်အ၀တ်တစ်စနဲ့ထုပ်ထားတဲ့ ဓာတ်ပုံဘောင်တစ်ခုပဲ”
“အိုး.. ဘယ်လိုလူမျိုးက နောက်မှာကျန်ခဲ့တာလဲ”
“သူမက အသက်သုံးဆယ်ကျော်ရှိတဲ့ အစ်မကြီးတစ်ယောက်ပါ။ ည ကိုးနာရီခန့် ရှိမယ်ထင်တယ်၊ ဆေးရုံအဝင်ဝမှာ သူ့ကို ခေါ်ခဲ့တာ။ အဲ့အချိန်မှာ သူမက ငိုနေခဲ့တယ်။ မိသားစုထဲက တစ်ယောက်ယောက်က နေမကောင်း ဖြစ်နေပုံရတယ်။ ကားပေါ်တက်ပြီးတော့ ဆင်ခြေဖုံးရွာလေးတစ်ရွာကို သွားမယ်လို့ ပြောခဲ့တယ်”
“ကားပေါ်ရောက်တော့လည်း သူမ ငိုနေသေးတာကို တွေ့တော့ တစ်ရှူး ပေးလိုက်ပြီးတော့ အစ်မ ငိုချင်သေးရင်လည်း ညီမ ကားပေါ်မှာ ငိုလို့ရပါတယ်၊ အားနာစရာ မလိုပါဘူးလို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ သူမက ခေါင်းကို မော့လိုက်ပြီးတော့ ကျွန်မကို ကြည့်ပြီး ညဘက် ကားစီးတုန်း နောက်ကနေ ငိုနေရင် ကံမကောင်းဘူးလို့ ပြောခဲ့တယ်၊ ကျွန်မကလည်း ရပါတယ် ညီမက သိပ်အယူမသီးပါဘူး၊ အဲ့ဒီလို အရာတွေကိုလဲ သိပ်ဂရုမစိုက်တက်ဘူး”
“အဲ့ အစ်မကြီးက ကျွန်မ ပြောလိုက်တာကြောင့် ပိုပြီး စိတ်မသက်မသာ ဖြစ်သွားလား မသိပါဘူး ဘာပဲပြောပြော လမ်းတစ်လျှောက်လုံး ငိုနေခဲ့တယ်။ သိပ်ပြီးတော့ မပြင်းထန်ပေမယ့် စိတ်ထဲမှာတော့ နည်းနည်းဝမ်းနည်းသွားခဲ့တယ်။ ဆေးရုံမှာ သူမကို တင်လာခဲ့တာဆိုတော့ မိသားစုထဲမှာ တစ်ယောက်ယောက်က နေမကောင်း ဖြစ်နေတာလား ဒါမှမဟုတ် တစ်ခုခုများ ဖြစ်နေတာလားပေါ့၊ တိုက်ဆိုင်စွာနဲ့ ကျွန်မ ညဘက် ကားမောင်းထွက်ရတဲ့ အကြောင်းရင်းကလည်း ကျွန်မအဖေရဲ့ ရင်းနှီးမြုပ်နှံမှုက အရှုံးပေါ်တော့ ဆေးရုံမှာ အချိန်အတော်ကြာကြီး လဲကျနေခဲ့တာ ကြောင့်ပါပဲ။ အဲဒီအချိန်မှာ ကျွန်မလည်း မငိုပဲ မနေနိုင်ခဲ့ဘူး။”
“ဒါပေမယ့်လည်း ကားမောင်းရင်းနဲ့မို့လို့ စိတ်ခံစားချက်တွေကို ထိန်းဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့တယ်။ နေမကောင်းတဲ့သူတွေကလည်း ဖြစ်လာခဲ့ပြီပဲလေ ဆွေမျိုးတွေ အနေနဲ့က သူတို့ ပြန်ကောင်းလာဖို့ စောင့်နေယုံပဲလေ၊ ဆိုတော့ အဲ့အစ်မကြီးကို အစ်မရေ ဘယ်လို အခက်အခဲတွေ ကြုံနေပါစေ အစ်မ အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်က ရှိနေတုန်းပဲလို့ ပြောခဲ့လိုက်တယ်၊ သူမက ခေါင်းညှိတ်လိုက်ပြီးတော့ ညီမပြောတာ မှန်တယ်၊ လူတွေက… အသက်ရှင်နေတဲ့ အချိန်မှာပဲ မျှော်လင့်ချက်ဆိုတာရှိတာ သေပြီးရင် မရှိတော့ဘူး”
“ ဒီလိုနဲ့ ငါတို့ ရွာကိုသွားတဲ့ တလမ်းလုံး စကားတွေပြောခဲ့ကြတယ်။ ကားပေါ်က ဆင်းပြီးတော့ သူမက လမ်းမှာ သတိထားဖို့ ပြောခဲ့တယ်၊ သူ ရွာထဲဝင်သွားတာကို တွေ့တော့ ကားပေါ်ပြန်တက်ပြီး ပြန်လာခဲ့လိုက်တယ်၊ ကားပေါ်မှာ အကြာကြီး မောင်းပြီးတဲ့ နောက်မှာတော့ ကားထဲမှာ အနက်ရောင်အဝတ်စနဲ့ အိတ်တစ်အိတ် ကျန်နေတာကို တွေ့လိုက်ရတယ်။ အဲ့အစ်မကြီးက ဒီညရဲ့ ပထမဆုံး ခရီးသည်ဆိုတော့ သူမ ကျန်ခဲ့တာပဲဆိုပြီး တွေးလိုက်တယ်။ ဒါကြောင့် ကားကိုရပ်လိုက်ပြီး စစ်ဆေးဖို့ ပြင်လိုက်တယ်။ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို မထိချင်ပါဘူး၊ ဒါပေမယ့် အနက်ရောင် အထုတ်ကိုမြင်တော့ စိတ်ထဲမှာ ထိန်းမရတဲ့ အတွေးတစ်ခု ဝင်လာခဲ့တယ်။
အဲ့တာကို ဖွင့်ပြီးတော့ ကြည့်ချင်ခဲ့တယ်”
အနက်ရောင် အဝတ်စ အလွှာကို ဖွင့်ကြည့်လိုက်တာနဲ့ လက်နဲ့ထိလိုက်ရတာက လေးထောင့်ပုံစံ အရာမျိုးလေးလို့ ခံစားလိုက်ရတယ်။ အနက်ရောင် အဝတ်စကို အကုန်ဖယ်လိုက်တဲ့ အခါမှာ ဓာတ်ပုံဘောင်တစ်ခုလို့ မြင်လိုက်ရတယ်။ ဓာတ်ပုံဘောင်ထဲမှာ ကြီးမားတဲ့ အသက်သုံးဆယ်အရွယ် အမျိုးသမီး တစ်ယောက်ရဲ့ အဖြူအမည်း ဓာတ်ပုံတစ်ပုံ ရှိနေတယ်”
“သူမရဲ့မျက်နှာမှာ အပြုံးတွေ မရှိနေခဲ့ဘူး။ ဒါပေမယ့် သူမရဲ့မျက်လုံးထဲမှာတော့ စိတ်ပျက်အားငယ်နေတဲ့ ပုံသဏ္ဍာန်ကို တွေ့လိုက်ရတယ်။ အဲ့ပုံကို စတွေ့တုန်းက ကျွန်မ ဘယ်လိုမှ မတုံ့ပြန်မိလိုက်ဘူး။ ဒါပေမယ့် ခေါင်းကို လှည့်ပြီးတဲ့အခါမှာ တစ်ကိုယ်လုံး ဓာတ်လိုက်သွားသလို ခံစားလိုက်ရတယ်။ တစ်ကိုယ်လုံး ထုံကျင်နေခဲ့တယ်၊ အဖြူအမည်းပုံက သေတဲ့ အခါမှာပဲ သုံးတာ မဟုတ်ဘူးလား?”
“ဓါတ်ပုံထဲက အမျိုးသမီးက ရင်းနှီးပုံ ရနေခဲ့တယ်။ သူမက ကျွန်မ အခုလေးတင်တဲ့ လိုက်ပို့ခဲ့တဲ့ အစ်မကြီး ဖြစ်နေခဲ့တယ်၊ ဘာဖြစ်လို့ သူ့ဓာတ်ပုံကို ကိုင်ထားတာလဲ။ ဓာတ်ပုံစတူဒီယိုကနေ ထွက်လာတာ မဟုတ်ဘူးလေ၊ ဆေးရုံကနေ ထွက်လာတာကို။ ကိုယ့်ဓာတ်ပုံကိုကိုင်ပြီး ဆေးရုံကနေ ငိုပြီးတော့ထွက်လာခဲ့တယ် ပြီးတော့ ကျွန်မကို အသက်ရှင်ခိုင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ လူတွေက အသက်ရှင်နေမှ မျှော်လင့်ချက် ရှိမယ်လို့ ပြောခဲ့တယ်”
“ သူမရဲ့ ဓာတ်ပုံကို ကြည့်လေလေ သူမရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းပူဆွေးမှုကလဲဲပြီး ဘာမှ ရှိမနေဘူးဆိုတာ တွေ့ရလေလေပဲ”