← Chapters

လူသတ်သမား

Vol. 9 Ch. 123

လူသတ်သမား

Vol. 9 Ch. 123

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်တွေက ထိုခေါင်းကို ကြောင်ကြောင်ကြီး စိုက်ကြည့်နေကြသည်။

တော်တော်များများက အခုလိုရလဒ်ကို ခန့်မှန်းခဲ့ကြပေမယ့် သူတို့ မှန်းဆထားတဲ့အရာက အခု သူတို့ရှေ့မှာ အမှန်တကယ်ပေါ်လာတဲ့အခါမှာတော့ ဒီလိုခံစားချက်က ပြောမပြတတ်လောက်အောင်ပါပဲ။

ပုပ်ပွနေသော ခေါင်းကို ကိုယ်တိုင် တွေ့နေရသော အစ်မလင်းဆိုရင်ဖြင့် အလွန်ထိတ်လန့်သွားပြီး ပြိုလဲသွားခဲ့သည်။

ဒါပေမယ့် ဒီအချိန်မှာ ဘယ်သူမှ မမျှော်လင့်ထားခဲ့တာကတော့ လူတစ်ယောက် အိမ်ထဲကနေ ထွက်လာခဲ့တာပါပဲ။ အဲ့ဒီလူကတော့ အကိုလင်းပဲ ဖြစ်တယ်။

အကိုလင်းသည် သူ့လက်ထဲတွင် မီးဖိုချောင်သုံး ဓားတစ်ချောင်းကို ကိုင်ထားပြီး ထိုအချိန်တွင် သူ၏ မျက်လုံးများက အလွန်ပင် စူးရှနေခဲ့သည်။

သူက ထိုခေါင်းကို ဒေါသတွေဖြင့် စိုက်ကြည့်နေပြီး မီးဖိုချောင်သုံးဓားကို သူ့လက်ကနေ မြှောက်လိုက်ပြီး ခေါင်းကို ခုတ်မလို့ ပြင်နေခဲ့သည်။

ကျန်းရီက ဒါကိုမြင်တော့ ချက်ချင်းပဲ ကျယ်လောင်စွာအော်လိုက်ပြီး “ရပ်လိုက်!”

“ငါ့ကို ဘာလို့ တားတာလဲ၊ငါ့ကို တနေကုန် ကြောက်လန့်နေအောင် လုပ်တာက သူပဲ၊ သူက ငါ့ကို အရူးဖြစ်အောင် လုပ်တဲ့သူပဲ၊ ငါ သူ့ကို ခုတ်ပစ်ချင်တယ်၊ ဒီခေါင်းကို ခုတ်ထစ်ပစ်ချင်တယ် “

သူပြောနေရင်းနဲ့ အကိုလင်းက ဓားနဲ့ တစ်ချက် ခုတ်လိုက်သည်။

သို့သော် ဓားက ဦးခေါင်းပေါ်သို့ ကျမသွားပဲ ဇနီးဖြစ်သူက တားဆီးခဲ့သည်။

“ရူးတာ တော်လောက်ပြီ ။ တစ်စုံတစ်ယောက်က ငါတို့ရဲ့ အိမ်မှာ ဒီခေါင်းကို လာပစ်ထားခဲ့တာ။ တစ်ယောက်ယောက်က လူသတ်လိုက်တာ။ ဒီခေါင်းကို ခုတ်လိုက်လို့ သက်သေတွေက ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။”

ဇနီးဖြစ်သူက အော်ငေါက်လိုက်သော အခါတွင် အကိုလင်း၏ ဒေါသတွေသည် အနည်းငယ် ပျောက်ကွယ်သွားပုံရသည်။

“…..”

“နင်က ဘာလဲ၊ မီးဖိုချောင်​ဓားကြီးနဲ့ ​​လျှောက်သွားနေရအောင် ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်နေတာလား? ဘာလဲ အဲ့ခေါင်းကို ခုတ်ပြီးရင် ငါ့ကိုပါ ခုတ်ချင်သေး​တာလား?”​

အကိုလင်းသည် သေချာပေါက်ကို နှိမ်နှင်းခံလိုက်ရသည်။ အကိုလင်း၏ ဇနီးသည်မှာ အလွန်ချုပ်ကိုင်ပြီးတော့ အပြောကြမ်းသော မိန်းမဖြစ်သည်။

သူ့မိန်းမ စိတ်ဆိုးလာတာကို မြင်တော့ အကိုလင်း က အကြောက်အလန့်နဲ့ စကားတွေ ထစ်ပြီးတော့ “မင်း….မင်း နားမလည်ပါဘူး၊ ထွက်သွားစမ်း”

“ငါက နားမလည်ဘူး ဟုတ်လား? အနည်းဆုံးတော့ နင့်ထက် ငါပိုသိတယ်။ ဒီခေါင်းကိုခုတ်လိုက်ရင် နင် ဒီည သေချာပေါက် သေလိမ့်မယ်။ ဒါက လူ့ခေါင်းကြီး နင့်ကို ခြောက်လှန့်နေတဲ့ သရဲ မဟုတ်ဘူး၊ နင်က သူ့​ခေါင်းကို ထပ်ပြီး ခုတ်ဖြတ်ပစ်လိုက်ရင် နင့်ကို အသက်ရှင်လျှက်ထားမယ်လို့ ထင်လား ”

ဤစကားများသည် အလွန်ကို အားပါလှသောကြောင့် ကျန်းရီပင် မနေနိုင်ဘဲ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

အထူးသဖြင့် အကို လင်း၏ဇနီးသည် ယခုထိ အကြောက်လွန်နေသေးတုန်းပဲ ဖြစ်သည်။

ကျန်းရီ ကလည်း “ ဒီခေါင်းကို အပိုင်းပိုင်းခုတ်ဖြတ်လိုက်ရင်တောင် အကူအညီ ဖြစ်မှာ မဟုတ်ဘူး၊ အဲ့ဒီအစား သူ့ရဲ့ နာကြည်းမှုတွေကို တိုးလာစေပြီး မင်းရဲ့ အခြေအနေကို ပိုအန္တရာယ်ဖြစ်စေလိမ့်မယ်”

“ဒါဆို ငါဘာလုပ်ရမှာလဲ? ဟုတ်တယ် ငါ အခု အရမ်းကြောက်နေတယ်၊ ငါ့နှလုံးသားတွေတောင် ကြောက်လွန်းလို့ တုန်နေသလိုတောင် ခံစားနေရတယ်။ ဒါပေမယ့် ငါဘယ်လောက်ကြောက်နေပါစေ သူ့ကို ငါ့ကို ထပ်ပြီး ခြောက်လှန့်ခွင့် မပေးတော့ဘူး၊ မဟုတ်ရင် ငါ အသက်ဆက်ရှင်နိုင်မှာ မဟုတ်တော့ဘူး!”

ထိုသို့ ပြောပြီးနောက်တွင် အကိုလင်းသည် မလုံလောက်သေးဘူးဟု ခံစားလာရသည်။ သူ့ကို ကြောက်လန့်တကြား ဖြစ်စေခဲ့သော ခေါင်းကို မကျေမနပ်ဖြင့် ကြည့်ကာ “ဟုတ်တယ်၊ သူက မတရားသဖြင့် သေသွားတာလည်း ဖြစ်နိုင်တယ်၊ သူ့ခေါင်းတောင် ဖြတ်ပြီးတော့ ငါ့အိမ်က အချဥ်ရေအိုးထဲ ပစ်ချခံခဲ့တယ်၊ ဒါ​ပေမယ့်​ ငါက သူ့ကို သိ​​တောင် ​မသိဘူးလေ၊ သူဘာလို့ ငါ့ကို လာခြောက်​နေရတာလဲ”

“သူက တစ္ဆေတစ်ကောင်ဖြစ်ပြီးတော့ ငါက လူသား မို့လို့လား။ ဒါနဲ့ပဲ သူခြောက်တာကို ငါက ခံရမှာလား? သူ့ကို လက်စားပြန်ချေလို့တောင် မရဘူးလား”

အကိုအိုလင်းပြောတာကို သေချာစဉ်းစားလိုက်ရင် အဓိပ္ပာယ် ရှိနေပုံရတယ်။

နောက်ဆုံးတွင် သရဲတစ္ဆေတွေက လူတို့ထက် အားသာချက်တချို့ ရှိနေသည်။ တစ္ဆေတွေက လူတွေကို ခြောက်လှန့်ချင်ရင် လွယ်​သည်။ ဒါပေမယ့် လူတွေက သရဲတစ္ဆေတွေကို ပြန်လုပ်ချင်တဲ့ အစွမ်း ရှိချင်ရင်တော့ ခက်ခဲပေလိမ့်မည်။

“အကိုပြောတာတွေက အဓိပ္ပာယ်ရှိပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကို လက်စားပြန်ချေတာက အသုံးမဝင်ဘူး။ အဲ့ဒီသရဲတစ္ဆေကိုတွေ့တဲ့ အခါမှ အဲဒီအချိန်မှာ သူ့ကို လက်စားပြန်ချေတာက ပိုကောင်းတယ်လို့ မထင်ဘူးလား?”

ကျန်းရီ က ပြန်မေးလိုက်တယ်။ အကိုလင်း၏ ဇနီးက ကျန်းရီ စကားတွေရဲ့ အဓိပ္ပါယ်ကို နားလည်မှုလွဲကာ အကိုလင်းကို အမြန်တားကာ “နင် ဘာလုပ် မလို့လဲ၊ ဒီစတွင်မာက သေချာပေါက် ဆရာတစ်ပါးပဲ၊ ငါတို့ သူ့စကားကို နားထောင်သင့်တယ်။ သူက ငါတို့ကို အဲ့ခေါင်းကို ဖြတ်ခိုင်းရင် ခုတ်ပစ်လိုက်။ ငါတို့ကို စောင့်ခိုင်းရင် ငါတို့စောင့်လိုက်ရုံပဲ”

အကိုလင်းက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး “အခု ငါတို့ ဘာလုပ်ရမှာလဲ” လို့ မေးလိုက်သည်။

“စောင့်လိုက်၊ တစ်စုံတစ်ယောက်က မင်းရဲ့အိမ်ကို အခုလိမ့်မယ်။ ခဏစောင့်ပြီးတော့ တစ်ယောက်ယောက်က မကြာခင်ရောက်လာလိမ့်မယ်။ အဲဒီအခါမှာ ဒီခေါင်းက ဘယ်သူ့ဟာလဲ၊ ဘာကြောင့်သေရတာလဲ၊ ဘယ်သူ သတ်လိုက်တာလဲဆိုတာ ရှင်းသွားလိမ့်မယ်။”

ကျန်းရီရဲ့ စကားပြီးနောက်တွင် ရဲကား များစွာသည် အကိူလင်း၏ အိမ်အပြင်ဘက်သို့ ရောက်လာခဲ့သည်။

အဖွဲ့ကို ဦးဆောင်လာတဲ့ ရဲတစ်ဦးက ကျန်းရီ ကို ရှုပ်ထွေးစွာ ကြည့်ပြီးနောက် ဘာမှ မပြောဘဲ စုံစမ်းရေးအဖွဲ့ကို အိမ်ထဲသို့ တိုက်ရိုက် ဦးဆောင်လာခဲ့သည်။

အလောင်းအား ပဏာမစစ်ဆေးပြီးနောက် သူတို့နှင့်အတူ လိုက်ပါလာသော မှုခင်းဆရာဝန်က “ဦးခေါင်းရဲ့ ပုပ်နေတဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တော့ သေဆုံးချိန်က တစ်လခွဲခန့်ရှိနေပြီ၊ ဒီခြံဝင်းမှာ စောင့်ကြည့်ကင်မရာ ရှိနေတယ်မလား၊ ဒါပေမယ့် လူသတ်သမားက ဒါကို သတိမထားမိဘူး ထင်တယ်။ မသင်္ကာတဲ့သူ ရှိမရှိ ကြည့်လိုက်ရအောင်"

အဖွဲ့ကို ဦးဆောင်လာသည့် ရဲအရာရှိက ခေါင်းညိတ်ပြလိုက်ပြီး ဗီဒီယိုကို ကြည့်ရန် သူ့လူများကို အိမ်ထဲသို့ ခေါ်လာခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် တစ်ယောက်ယောက်က တစ်ခုခုကို တွေးမိပြီး “ခေါင်းဆောင်ဟူ လွန်ခဲ့တဲ့ လဝက်လောက်က တွေ့ခဲ့တဲ့ အလောင်းကို မှတ်မိသေးသလား?” ဟု ပြောလိုက်သည်။

“အမ်? ဒါက တိုက်ဆိုင်မှု တစ်ခုပဲမလား"

"ဒါက တိုက်ဆိုင်မှု မဟုတ်ဘူး၊ အဲ့ခေါင်းကို ရှာမတွေ့တာ ရက်အတော်ကြာခဲ့ပြီ၊ ဒါပေမယ့် အခု ဒီရေအိုးထဲမှာ ဦးခေါင်းကို တွေ့လိုက်ရပြီ။ ဒီနှစ်ခုက တစ်ယောက်တည်းကပဲ ဖြစ်နိုင်တယ်။ အဲဒါကို ပြန်ယူပြီးတော့ နှိုင်းယှဥ်ကြည့်လိုက်။ လုံးဝကို သေချာတယ်”

“တိုက်ကြည့်စရာ မလိုပါဘူး။ အဲ့နှစ်ခုက တစ်ယောက်တည်းကပဲ။ အခု သံသယ ဖြစ်စရာ လူ ရှိမရှိ ဗီဒီယိုကို သွားကြည့်လိုက်ရအောင်”

အဖွဲ့ခေါင်းဆောင် ရဲအရာရှိက အကိုလင်းရဲ့ ကွန်ပျူတာဆီ သွားနေရင်း ပြောလိုက်သည်။

ဗီဒီယိုကို ကြည့်လိုက်တော့ လဝက်ခန့်လောက်က အကိုလင်း၏ နေအိမ်ခြံဝင်း အပြင်ဘက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အဲ့ပုံရိပ်ကို တွေ့လိုက်တော့ အားလုံးရဲ့ အမူအယာတွေ ပြောင်းလဲသွားခဲ့သည်။

ဗီဒီယိုထဲက ပုံရိပ်က သံတံခါး အပြင်ဘက်မှာ ရပ်နေပြီး ချီတုံချတုံ ဖြစ်နေတဲ့ ပုံပါပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ နံရံကို ကျော်တက်ပြီး ခြံထဲမှာ ခဏလောက် ရှာဖွေပြီးနောက်မှာတော့ ရေအိုးကို တွေ့ခဲ့လိုက်တယ်။

အဲ့နောက်မှာ သူ့နောက်ကနေ သယ်လာခဲ့တဲ့ အရာကို အိုးထဲထည့်လိုက်ပြီး အဖုံးပြန်ပိတ်လိုက်ကာ တိတ်တိတ်လေး ပြန်ထွက်သွားခဲ့သည်။

ဒီပုံရိပ်ကိုမြင်တော့ ရဲအရာရှိက ချက်ခြင်းပဲ "မစ္စတာလင်း၊ ဝင်လာပြီးတော့ ဘယ်သူလဲဆိုတာ လာကြည့်အုံး"

အကိုလင်းဝင်လာခဲ့ပြီး ထိုပုံရိပ်ကို မြင်ပြီးနောက်တွင် သူ၏အမူအရာမှာ အံ့အားသင့်သွားကာ “လောင်ယန်၊ ယန်တိုင်မင်း “ ဟု အော်လိုက်သည်။

"တကယ်ပဲ သူပဲ! ဒီဦးခေါင်းနဲ့ လူက လွန်ခဲ့တဲ့ တစ်လခွဲလောက်က သေခဲ့တာ။ ဒီ ယန်တိုင်းမင် က လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ရေနစ်ပြီး သေခဲ့တာ။ မစ္စတာလင်း မတော်တဆဖြစ်ခဲ့တာ လေးငါးရက်လောက်ရှိပြီ မဟုတ်လား... !

ရဲတစ်ယောက်ကတော့ ဒီအဖြစ်အပျက်ရဲ့တိုက်ဆိုင်မှုကြောင့် အံ့အားသင့်သွားခဲ့ပြီး ကျန်းရီ ကလည်း ဒီဗီဒီယိုကိုကြည့်ကာ “ဒီအဖြစ်အပျက်က မစ္စတာဝူ နဲ့ ခပ်ဆင်ဆင် တူနေတယ်။ သေဆုံးသွားတဲ့ သူက အကိုလင်း ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိဘူး၊ သူ့ရဲ့ခေါင်းက သူ့အိမ်မှာ ရှိနေတယ်ဆိုတာကို အကိုလင်းကို ပြောပြချင်ရုံပဲ !

"အကိုလင်းက အဲဒါကို သတိမထားမိခဲ့တာ စိတ်မကောင်းစရာပဲ ၊ ဒီအဖြစ်အပျက်ကြောင့်ပဲ အစ်မလင်းလည်း အချဉ်ရေအိုးကို သတိမထားမိခဲ့ဘူး။ ဒီဖြစ်ရပ်​တွေ အားလုံးက တကယ်ကို တိုက်ဆိုင်နေတာပဲ၊ ဒါပေမယ့် အဲဒီခေါင်းပိုင်ရှင်က ဘယ်သူလဲ။ ယန်တိုင်းမင် က ဘာလို့ သူ့ကိုသတ်ရတာလဲ?"

All Chapters