← Chapters

မမျှော်လင့်ထားတဲ့ ကပ်ဆိုး

Vol. 9 Ch. 124

မမျှော်လင့်ထားတဲ့ ကပ်ဆိုး

Vol. 9 Ch. 124

အမှန်တကယ်တော့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များက အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

ယန်တိုင်းမင်က ဦးခေါင်းပိုင်ရှင်ကို သတ်ပြီး အကိုလင်း၏နေအိမ်ထဲတွင် ထိုဦးခေါင်းကို ဝှက်ထားခဲ့သည်။ နောက်ပိုင်းတွင် အကိုလင်းက ရေနစ်သေဆုံးသွားသော လောင်ယန်နှင့် တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွင် ယန်တိုင်းမင်အား ရေထဲသို့ ဆွဲချကာ ရေကန်ထဲတွင် ရေနစ်သေသွားသည်ကို မြင်တွေ့ခဲ့ရသည်။

နောက်ဆုံးမှာတော့ ထိုခေါင်းက အကိုလင်းကို ယနေ့ညထိ သူ့ကို ရှာမတွေ့မချင်း ခြောက်လှန့်နေခဲ့သည်။

ကြည့်ရှု့သူ တစ်ယောက်-"စတွင်မာရေ အဲဒီဦးခေါင်းပိုင်ရှင်က လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဆုံးသွားခဲ့တယ်။ ယန်တိုင်းမင်က ​​ဆယ်ရက်လောက်မှာ ရေနစ်သေသွားခဲ့တယ်။ နောက်ပိုင်းမှာ သူ့ဝိညာဉ်က ညဘက်တွေငါးမျှားရတာကို နှစ်သက်တဲ့ အကိုလင်း နဲ့ လေးငါးရက်လောက် ရှိခဲ့တယ်။ နောက်ဆုံးမှာတော့ အကိုလင်း နဲ့ ရေကန်မှာ ငါးမျှားနေရင်း ယန်တိုင်းမင်ရဲ့ သေဆုံးမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။”

"စတွင်မာရေ ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက မှန်တယ်မလား"

ကျန်းရီ က ခေါင်းညိတ်လိုက်ပြီး "ငါဆိုလိုချင်တာလဲ အဲ့ဒါပဲ။ စောင့်ကြည့်ကင်မရာကနေ အကိုလင်း အိမ်ရဲ့ ရေအိုးထဲမှာ ဦးခေါင်းကို လာဝှက်ထားတဲ့ ယန်တိုင်းမင်ကို ရှင်းရှင်းလင်းလင်း ဖမ်းမိထားတယ်။ ဒီသက်သေတွေကနေ သူက လူသတ်သမားဖြစ်ကြောင်းကို အတည်ပြုပြီးသား ဖြစ်ခဲ့တယ်"

"ဒါကြောင့် ယန်တိုင်းမင် သေဆုံးရခြင်းက ဒီဦးခေါင်းပိုင်ရှင်သရဲကြောင့် ဖြစ်နိုင်တယ်။ ဒါပေမယ့် လူတော်တော်များများအတွက်တော့ ခန္ဓာကိုယ် မပြည့်စုံဘဲ သေဆုံးရခြင်းက အလွန်သနားစရာကောင်းတဲ့ အဆုံးသတ်တစ်ခုပဲ။ ဝိဥာဉ်က သူ့ခေါင်းကို ပြန်ယူနိုင်စွမ်း မရှိတဲ့အတွက်ကြောင့်၊ သူ့ကို ကူညီဖို့အတွက် သက်ရှိလူသားတွေကို အသုံးချရမှာ၊ ဒါကြောင့် ဒီအဖြစ်အပျက်ဟာ မစ္စတာဝူ ကြုံတွေ့ခဲ့ရတဲ့ သရဲမျက်နှာ ဖြစ်ရပ်နဲ့ ဆင်တူတယ်လို့ ငါ ပြောခဲ့တာ”

ကျန်းရီက ဒါတွေကို တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ပရိသတ်များကို ပြောပြခဲ့လိုက်တော့ လူတိုင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

“ဒီလိုတွေးကြည့်တော့ မစ္စတာဝူ ကြုံတွေ့ခဲ့ရတဲ့ သရဲမျက်နှာ အဖြစ်အပျက်နဲ့ သိပ်မကွာခြားဘူး။ ဒါပေမယ့် လောင်ယန် သတ်လိုက်တဲ့လူက ဘယ်သူလဲ၊ သူတို့ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။”

ကျန်းရီ သည်လည်း ထိုပရိသတ်၏ မေးမြန်းမှုကို သဘာဝအတိုင်းပဲ သိချင်နေခဲ့သည်။

အဖွဲ့ကို ဦးဆောင်လာသည့် ရဲအရာရှိက ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းကို ကြည့်ရှုလိုက်ပြီး “ပန်ကျန်း ကမ်းရိုးတန်းနားမှာ အလောင်းတစ်လောင်း မျော​​နေကြောင်းကို လွန်ခဲ့တဲ့ တစ်လခွဲခန့်က အစီရင်ခံစာတစ်ခု လက်ခံရရှိခဲ့တယ်။ ၎င်းနေရာကို ရှာဖွေစစ်ဆေးပြီးနောက်မှာ သေဆုံးသူက ခေါင်းဖြတ် အသတ်ခံရတာဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း ထိခိုက်ထားတဲ့ ဒဏ်ရာ မရှိကြောင်းကို တွေ့ခဲ့ရတယ်။ တစ်ချက်တည်းနဲ့ အသေ သတ်ခံရတာ ဖြစ်မယ်ထင်တယ်။ နောက်ပိုင်းမှာတော့ သေဆုံးသူ၏ အမည်မှာ မာကျန်းဂျန် ဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရခဲ့တယ်။ သိရသည်။ အခင်းဖြစ်ပွားချိန်မှာ သူက ပန်ကျန်းမြို့သို့ ညဘက် ငါးမျှားရန် ရောက်ရှိလာတဲ့ ငါးမျှား ဝါသနာရှင်တစ်ဦး ဖြစ်တယ်။ အဲ့ဒီနားမှာ စောင့်ကြည့် ကင်မရာတွေဘာတွေလည်း မရှိခဲ့ဘူး၊ ပြီးတော့ မှုခင်းဖြစ်ပွားတဲ့ နေရာမှာလည်း သဲလွန်သိပ်မရှိတဲ့အတွက် ဒီအမှုက တစ်လခွဲလောက်ထိ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး”

“ပန်ကျန်း နဲ့ ခပ်ဝေးဝေးက မစ္စတာလင်း ရဲ့အိမ်မှာ သူ့ဦးခေါင်းကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ မစ္စတာလင်းရဲ့ လျှို့ဝှက်ထောက်လှမ်းရေးကင်မရာကနေ ဒါတွေအားလုံးကို ဖမ်းယူထားလိမ့်မယ်လို့လည်း မထင်ခဲ့မိဘူး”

အဖွဲ့ကို ဦးဆောင်လာတဲ့ ရဲအရာရှိက ပြောလိုက်သည်။ ကျန်းရီက “လူက သေပြီးသွားရင် သူသေတဲ့နေရာမှာပဲ အမြဲရှိနေလိမ့်မယ်။ အဲဒီညက လောင်ယန် က ရေကန်မှာ ငါးမျှားနေတုန်း သေခဲ့ပုံရပြီး မာကျန်းဂျန် က ပန်ကျန်းမှာ သေဆုံးသွားခဲ့တယ်။ အကိုလင်း လူသတ်မှုက ရှင်းလင်းသွားပေမယ့် မင်းကိစ္စက မပြီးသေးဘူး အခု မင်း အဲ့ဒီ ငါးကန်ကို သွားပြီးတော့ ယန်တိုင်းမင်ရဲ့ ဝိညာဥ်ကို ရှာရမယ်။ ရှာမတွေ့ခဲ့ရင် မာကျန်းဂျန် သေခဲ့တဲ့ ပန်ကျန်းကို ဆက်သွားရလိမ့်မယ်။”

“မစ္စတာကျန်း ငါ မင်းတို့နဲ့ လိုက်ခဲ့လို့ရမလား? ဒီအမှုက အဲ့ဒီတုန်းက အတော်လေးကို တုန်လှုပ်ချောက်ချား စရာမို့...” အဖွဲ့ကို ဦးဆောင်လာတဲ့ ရဲအရာရှိက မေးလိုက်တယ်။

ကျန်းရီ က ပြုံးပြီးတော့ “ရတာ​ပေါ့၊ ဒါက မင်းတို့ရဲ့ တာဝန်ပဲလေ၊ ငါက စတွင်မာ တစ်ယောက် သာသာပါပဲ ”

ဒီစကားတွေက ကြားရတာတော့ အေးဆေးတည်ငြိမ်ပြီး ဘာမှမထူးခြားသလိုပါပဲ၊ ဒါပေမယ့် အဖွဲ့ကို ဦးဆောင်လာတဲ့ ရဲအရာရှိက သူ့စိတ်ထဲမှာတော့ နည်းနည်းလေး ကျေးဇူးတင်မိနေခဲ့တယ်။

ယခုအချိန်တွင် သူတို့လိုလူများသည် ကျန်းရီရဲ့ နာမည်ကို ရည်ရွယ်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကြားနေရခဲ့သည်။

ကျန်းရီ၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ သဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည့် မြို့များရှိ သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ကျန်းရီအား လုံးဝကို ချီးမွမ်းနေခဲ့ကြသည်။

ကျန်းရီအား လုပ်ဆောင်ခွင့် အပြည့်အဝ ပေးပြီးတော့ ကျန်းရီ၏ လုပ်ဆောင်ချက် အားလုံးနှင့် လိုက်လျှောညီထွေစွာ ပူးပေါင်းဆောင်ရွက်ဖို့ကို အထက်လူကြီးက သူတို့တွေ ဒီကို မလာခင်က ပြောခဲ့သော စကားများပင် ဖြစ်သည်။

ရဲ​တွေက အကိုလင်းကို ထိုညက သူ ငါးမျှားခဲ့သည့် ရေကန်သို့ မောင်းပို့ခဲ့သည်။ ရောက်တဲ့အခါမှာတော့ အကိုလင်းက သူကြောင်ပြီးရပ်နေတဲ့နေရာကို ညွှန်ပြပြီး “အဲဒီညက ငါ အဲ့ဒီခေါင်းကို ဖမ်းမိခဲ့တဲ့ နေရာပဲ။ လူသတ်သမား ယန်တိုင်းမင် က ငါနဲ့ သိပ်မဝေးတဲ့နေရာမှာ။

“အစ်ကိုလင်း၊ မင်း အဲ့တုန်းက ယန်တိုင်းမင့ထိုင်တဲ့ နေရာမှာ ရပ်လိုက်ပါ။”

ကျန်းရီကပြောလိုက်တော့ အကိုလင်းက သူပြောတဲ့အတိုင်းပဲ လုပ်ပေးခဲ့တယ်။

ထိုနေရာ၌ ရပ်ပြီးနောက် ကျန်းရီက ကမ်းစပ်နှင့် ရေကန်ကို စိုက်ကြည့်ကာ “မင်းထွက်လာဖို့ အချိန်တန်ပြီလို့ မထင်ဘူးလား” ဟု အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

ဤစကားများသည် ထိုနေရာရှိ လူများစွာကို တုန်လှုပ်စေခဲ့သည်။ ထို့နောက် ရေကန်ရဲ့ ကမ်းစပ်မှ လက်တစ်စုံ ဖြည်းညှင်းစွာ ထွက်လာသည်ကို တွေ့လိုက်ရသည်။

အဲဒီလက်တွေကို မြင်တာနဲ့ အကိုလင်းက စိတ်လှုပ်ရှားစွာနဲ့ “လောင်ယန်၊ သူပဲ... အဲဒီ့ညက သူ့ကို ရေထဲဆွဲချတုန်းက အဲ့လိုပုံစံ​ကြီးပဲ။ အဲဒီလက်တွေကို ကြည့်လိုက် တစ်ခုခုကို လှမ်းဆွဲသလို ပုံစံကြီးနဲ့ လက်ဆယ်ချောင်းက ဖြန့်ကြဲနေတာ အရမ်းကို ကြောက်ဖို့ကောင်းတယ်။”

ပေါ်လာတဲ့ လောင်ယန် ရဲ့ ဝိညာဉ်က တကယ်ကို ကြောက်စရာကောင်းခဲ့တယ် ဒါပေမယ့် ဒါက သူ ဒီလိုပုံစံနဲ့ သေသွားခဲ့တဲ့ အတွက် သေပြီးနောက်မှာတော့ ဒီလိုပုံစံ ဖြစ်လာခဲ့တာဖြစ်သည်။

သူသည် ရေပေါ်တွင် ပက်လက်ကြီးဖြစ်နေပြီး ခေါင်းကို ဖြည်းညှင်းစွာလှည့်လိုက်ကာ ကျန်းရီကို ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်ကာ “မင်း.. မင်း...”

“မာကျန်းဂျန် ကို မင်းသတ်လိုက်တာလား။” ကျန်းရီ သည် သူနှင့်မသက်ဆိုင်သော မေးခွန်းများအတွက် အချိန်ဖြုန်းမနေဘဲ အဓိကကျသော မေးခွန်းကို စတင် မေးမြန်းခဲ့သည်။

“ငါ...” ယန်တိုင်းမင် ရဲ့ စကားတွေက တုံ့ဆိုင်းသွားခဲ့သည်။

သို့သော် ကျန်းရီက သူ၏အသွင်အပြင်မှ သဲလွန်စအနည်းငယ်ကိုမြင်​ပြီးတော့ “ဘာလဲ သူ့ကိုသတ်လိုက်ပြီးမှ နောင်တရနေတာလား”

ရေပေါ်ကနေပေါ်လာခဲ့တဲ့ လောင်ယန်ဟာ ​​အလွန်ကြောက်တတ်ပုံရတဲ့ လူတစ်ယောက်လိုပါပဲ။

“နောင်တရခဲ့တယ်။ ခဏလောက်ပဲ ဒေါသထွက်ခဲ့မိတာ။ ဘာကြောင့်မှန်းမသိ ရုတ်တရက် ရူးသွပ်သွားပြီး ဓားမြှောင်ကို ထုတ်ပြီး သူ့လည်ချောင်းကို ထိုးခဲ့မိတာ”

“အဲဒါက သူပဲ၊ ကျွန်တော် သူနဲ့ အတူတူ ငါးထိုင်မျှားနေခဲ့တာ။ ဒါပေမယ့် သူက ငါးကို ဆက်ဖမ်းမိနေပြီး ငါက ဘာမှ မမိခဲ့ဘူး၊ သူကငါ့ကို မင်းက ငါးရော မျှားတက်ရဲ့လား၊ မင်းအရည်အချင်းနဲ့ ဘယ်လိုငါးမျိုးကို ဖမ်းလို့ရမှာလဲ၊ သူပြောချင်တာက ငါက အသုံးမကျဘူးပဲ၊ ပြီးတော့ အဲဒီညက အပြင်ထွက်တဲ့အခါမှာ အိမ်ကမိန်းမနဲ့ ရန်ဖြစ်လာခဲ့တာ၊ သူက ငါ့ကို လာလှောင်လိုက်တော့ ဒေါသတွေက ပိုထွက်လာခဲ့တယ်”

“ …….”

ယန်တိုင်းမင်က သူတို့ စိတ်ကူးထားသလောက် ရက်စက်သည်သူ မဟုတ်ပေ။ ပြီးတော့ သူလုပ်ခဲ့သည့် အရာတွေအတွက် နောင်တရနေခဲ့သည်။

သို့သော် ကျန်းရီ က သူ့ကို တိုက်ရိုက်ကြည့်ကာ အေးစက်စွာနဲ့ ပြောလိုက်သည် “မင်း ငါးမျှားထွက်တာကို မင်းနဲ့အတူ ဓားမြှောင်တစ်လက်ကို ဆောင်ထားတယ်လား”

“ငါက ယူနေကျမို့လို့ပါ ။ ညဘက်တွေ ငါးမျှားထွက်တိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ဓားမြှောင်တစ်ချောင်း ယူခဲ့လေ့ရှိတယ်။ တကယ်ပါ၊ ငါ့ ယုံပါ... ငါမှားမှန်း ငါသိပါတယ်။ ငါ့ရဲ့ စိတ်အလို မကျမှု တစ်ခုကြောင့်နဲ့ လူမသတ်သင့်ဘူး”

“ကျွန်တော် မှားပါတယ်!”

ယန်တိုင်မင်း သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးချ​နေခဲ့သည်။ ဤသည်မှာ ဒေါသစိတ် တစ်ခုတည်းကြောင်နဲ့ သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်တစ်ခုပင် ဖြစ်သည်။

မာကျန်းဂျန် က သူ့ရဲ့ မာနထောင်လွှားတဲ့ စကားတွေကြောင့် သေရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ယန်တိုင်းမင် သည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး အဆက်မပြတ် နောင်တတွေရနေချိန်တွင် အနီရောင်မျက်လုံးတစ်စုံက ရေကန်ဘေးရှိ သစ်ပင်ထိပ်တွင် ဖြည်းညှင်းစွာပဲ ပေါ်လာခဲ့သည်။

ထိုမျက်လုံးများက ယန်တိုင်းမင်ကို စိုက်ကြည့်နေကာ “ဒီလိုအချိန်မှာ​တောင် မင်းက တခြားသူတွေကို လိမ်နေတုန်းပဲလား?”

All Chapters