← Chapters

၃-၀၆၂၅

Vol. 11 Ch. 108

၃-၀၆၂၅

Vol. 11 Ch. 108

သဘာဝအလင်းရောင် မရှိပေမဲ့ လေဝင်လေထွက်ကောင်းပြီး တိတ်ဆိတ် မှောင်မိုက်တဲ့ မြေအောက်ထပ်ကို ဓာတ်ငွေ့မီးအိမ်တွေက အလင်းရောင် ပေးထားပါတယ်။ ဓာတ်ငွေ့မီးအိမ်တွေက ထုတ်လွှတ်နေတဲ့ အဝါရောင်ဖျော့ဖျော့ကို မှန်တွေနဲ့ ကာကွယ်ထားတာကြောင့် သူတို့ရဲ့ အလင်းရောင်ဟာ ဗလာကျင်းပြီး တိတ်ဆိတ်နေတဲ့ ဥမင်ထဲမှာ ပုံမှန် တောက်ပနေပါတယ်။

ကလိုင်းဟာ တာဝန်အခန်းမှာ ထိုင်ပြီး ရှေ့မှာပုံထားတဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေနဲ့ စာအုပ်တွေကို ဟိုလှန်ဒီလှန် ကြည့်နေပါတယ်။ သူဟာ အပြင်ဘက်ကိုလည်း နည်းနည်း အာရုံစိုက်ပါတယ်။ ချန်စီဂိတ်ထဲကနေ တစ်ယောက်ယောက် ပြေးထွက်လာမှာစိုးလို့ပါ။

သူ့ရဲ့ လေကာအင်္ကျီနဲ့ ဦးထုပ်ကို ဝင်ပေါက်နားမှာရှိတဲ့ အဝတ်စင်မှာ ချိတ်ထားပြီး လက်ကိုင်တုတ်ကိုတော့ လွယ်လင့်တကူ လှမ်းယူလို့ရတဲ့ နံရံနားမှာ မှီထားပါတယ်။

ကော်ဖီရနံ့ သင်းသင်းလေးက လေထဲမှာ ပျံ့နှံ့သွားတာကြောင့် ကလိုင်းဟာ မနေနိုင်ဘဲ တစ်ချက် ရှိုက်လိုက်ပါတယ်။ သူဟာ နားထင်ကို နှိပ်နယ်ပြီး ခေါင်းလေးလာတဲ့ ခံစားချက်နဲ့ ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းလျလာမှုကို ခုခံရင်ဆိုင်ပါတယ်။

သူဟာ ၂၁ ရာစု ကောလိပ်ကျောင်းသား ဘဝတုန်းက မကြာခဏ မနက်ငါးနာရီမှ အိပ်ပြီး နေ့ခင်းကျော်မှ ထပါတယ်။ နှစ်နာရီ သုံးနာရီမှ အိပ်ရင်တောင် နောက်နေ့ကျရင် အလုပ်ကို လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ သွားနိုင်ပါသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဝတ္ထုတွေဟာ စိတ်ဝင်စားဖို့ ကောင်းပြီး ဂိမ်းတွေကလည်း စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပါတယ်။ တီဗီအစီအစဉ်တွေနဲ့ ဇာတ်လမ်းတွေကလည်း ကြည့်လို့ကို မဝနိုင်ပါဘူး။

ဒီလောကမှာ အဲဒီလိုမျိုး အရာတွေ မရှိတော့ တစ်ညလုံး မအိပ်ဘဲ နေဖို့ဆိုတာက တော်တော်ကို ခက်ပါတယ်။

‘ဧကရာဇ်ရစ်ဆဲလ်ရယ်... ဂိုက်ဖမ်းချင်တယ်ဆိုရင်လည်း ဟုတ်တိပတ်တိ လုပ်ပါလား... ခင်ဗျားရဲ့ တိုတောင်းလှတဲ့ဘဝကို အကန့်အသတ်မရှိတဲ့ စွန့်ဦးတီထွင်မှုထဲ ရင်းနှီးမြှုပ်နှံလိုက်ပါလား... ဒီလောကမှာရှိတဲ့လူတွေကို သတင်းခေတ် ရောက်အောင် ဦးဆောင်လိုက်တာ မဟုတ်ဘူး’

ကလိုင်းဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်။ သူဟာ သူ့ကိုယ်သူ အနည်းဆုံး သတင်းစာတွေ မဂ္ဂဇင်းတွေနဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဝတ္ထုတွေ တိုးလာတယ်လို့ပဲ ချော့ထားရပါတယ်။

ပထမတော့ သူဟာ မအိပ်ချင်အောင် စာလေ့လာတာကို အာရုံစိုက်ဖို့ပါ။ ဒါပေမဲ့ လက်တွေ့မှာ အဲဒါက သူရဲ့ အစောင့်တာဝန်နဲ့ ထိပ်တိုက် လာတွေ့ပါတယ်။ သူ အဲဒီလိုမျိုး စာလေ့လာတာကို အာရုံစိုက်လိုက်တာနဲ့ အပြင်က လှုပ်ရှားမှုတွေ အကုန်လုံးနဲ့ ချန်စီဂိတ်ထဲက အခြေအနေတွေကို လုံးဝ သတိထားမိတော့မှာ မဟုတ်ပါဘူး။

“ဖူး...” ကလိုင်းဟာ ကော်ဖီခွက်ကို ကောက်ယူပြီး ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ မှုတ်လိုက်ပါတယ်။

သူဟာ ကော်ဖီတစ်ငုံသောက်ပြီး သင်းပျံ့တဲ့ ကော်ဖီရနံ့ ပါးစပ်ထဲမှာ စွဲကျန်နေအောင် စောင့်ပါတယ်။ ပြီးတော့မှ ကော်ဖီရည်ကို လည်ချောင်းတစ်လျှောက် လျှောဆင်းသွားစေပါတယ်။

“ပါ့စ်တောင်ကြားကလာတဲ့ ဖဲမားကော်ဖီက တော်တော် ခါးတယ်... ဒါပေမဲ့ လူကို တော်တော်လေး လန်းဆန်း တက်ကြွစေတယ်” ကလိုင်းဟာ ချီးမွမ်းပြီး ကော်ဖီခွက်ကို အောက်ချပါတယ်။

ပါ့စ်တောင်ကြားက တောင်ပိုင်းတိုက်မှာ တည်ရှိပြီး အရည်အသွေးကောင်းတဲ့ ကော်ဖီစေ့တွေ ထွက်ရှိရာ ဒေသတစ်ခုပါ။ လက်ရှိအချိန်မှာ အဲဒီဒေသကို အင်ထစ်သမ္မတနိုင်ငံနဲ့ လိုအင်နိုင်ငံက တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။ သူတို့နှစ်နိုင်ငံဟာ ပါ့စ်တောင်ကြားရဲ့ ဘယ်ဘက်ကမ်းနဲ့ ညာဘက်ကမ်းမှာ ကိုလိုနီ နယ်မြေသစ်တွေ တည်ဆောက်ပြီး မူလပါ့စ်နိုင်ငံကို ဖျက်ဆီးခဲ့ပါတယ်။

ရင်ထိတ်ဖို့ ကောင်းလှတဲ့ တိတ်ဆိတ် ငြိမ်သက်မှုကြားမှာ ကလိုင်းဟာ မဂ္ဂဇင်းတစ်စောင်ကို ‌ကောက်ယူကြည့်လိုက်တဲ့အခါ မိန်းမတွေအကြိုက်ဖြစ်တဲ့ ဖက်ရှင်နဲ့ ချိန်းတွေ့တဲ့အကြောင်း ရေးထားတာ ဖြစ်နေပါတယ်။

“ဒါ ရိုဇန်းဆီကပဲ ဖြစ်ရမယ်...” သူဟာ အပြုံးနဲ့ ရေရွတ်ပြီး စိတ်ဝင်တစား လှန်ကြည့်ပါတယ်။

ကင်မရာနည်းပညာက ရုတ်တရက် တိုးတက်သွားလို့နဲ့ တူပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ မဂ္ဂဇင်းတွေက ရုပ်ပုံတွေ တော်တော်များများ သုံးလာသလို သတင်းစာမှာလိုမျိုး ဖြူမည်းဓာတ်ပုံတောင် ထည့်လာကြပါတယ်။

သူတို့တွေဟာ နာမည်ကြီး ပြဇတ်သရုပ်ဆောင်တွေနဲ့ ဂီတပညာရှင်တွေကို ဖိတ်ခေါ်ပြီး မော်ဒယ်လုပ်ခိုင်းပါတယ်။ အဲဒါကြောင့် တိုတောင်းလှတဲ့ ခုနစ်နှစ်အတွင်းမှာ ဘက်ကလင် ဒေသတွင်းဆိုင်ရာ မဂ္ဂဇင်းသစ်ဟာ နိုင်ငံတစ်နိုင်ငံလုံး ဖြန့်ချိရတဲ့ အဓိကမဂ္ဂဇင်းတစ်စောင် ဖြစ်လာပါတယ်။

“ဒီအဝတ်အစားက ကြည့်လို့ကောင်းတယ်... ဒီမော်ဒယ်ရဲ့ ရုပ်ရည်လေးက မဆိုးဘူး...” ကလိုင်းဟာ လျှောက်လှန်ကြည့်ရင်းက မှတ်ချက်ပေးပါတယ်။

သူဟာ စိတ်ရောကိုယ်ရော ရင့်ကျက်တဲ့ အမျိုးသားတစ်ယောက်ပါ။ ဒီတော့ ခပ်ချောချော အမျိုးသမီးလေးတွေဆိုရင် သဘောကျပါတယ်။ ဒါပေမဲ့ သူဟာ မရရတဲ့နည်းနဲ့ အိမ်ပြန်ဖို့ ဆုံးဖြတ်ချက် ချထားပြီးပါပြီ။ အဲဒါကြောင့် အကောင်းဆုံး ကြိုးစားပြီး မိန်းမတွေနဲ့ ဝေးဝေးမှာ နေပါတယ်။ အဲဒါမှာ တစ်ဖက်လူရဲ့ အချိန်ကို ဖြုန်းတီးရာ မရောက်သလို ခံစားချက် ဝန်ထုတ်ဝန်ပိုးကြီးလည်း ချန်မထားမိခဲ့မှာပါ။

ပြည့်တန်ဆာတွေကိုတော့ သူ ထည့်မစဉ်းစားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အဲဒီပိုင်းမှာ အသန့် အရမ်းကြိုက်တဲ့လူမလို့ပါ။

ဘန်ဆင်နဲ့ မလီဆာတင် သူ ဖယ်ရှားလို့မရတဲ့ အနှောင်အဖွဲ့တစ်ခု ဖြစ်နေပါပြီ။ နောက်ကျမှ နည်းလမ်းရှာပြီး သူတို့ကို ဒီအကြွေးတွေ ဆပ်ရပါမယ်။ ကလိုင်းဟာ ရုတ်တရက်ဆိုသလို ရင်ထဲ လေးလံသွားတာကြောင့် သက်ပြင်းချလိုက်ပါတယ်။

သူဟာ အိမ်နဲ့ ဝေးတာ ကြာလေလေ တိတ်ဆိတ်တဲ့ ညဉ့်နက်ပိုင်းတွေမှာ ပိုပြီးတော့ လွမ်းဆွေးလေလေပါပဲ။

သူဟာ ရုတ်တရက်ဆိုသလို မိန်းမလှတွေကို ကြည့်ချင်စိတ် မရှိတော့တဲ့အတွက် မဂ္ဂဇင်းကို အောက်ချပြီး ဝတ္ထုစာအုပ် တစ်အုပ်ကို ကောက်ယူလိုက်ပါတယ်။

“လေပြင်းမုန်တိုင်း တောင်ပေါ်စံအိမ်... စာရေးဆရာ... ဖာ့စ်ဝေါလ်” ကလိုင်းဟာ စာအုပ်မျက်နှာဖုံးကို ဖတ်ကြည့်ပါတယ်။

ငြိမ်သက်အေးချမ်းတဲ့ည၊ အဝါရောင့်ဖျော့ဖျော့ အလင်းရောင်နဲ့ သားရေချုပ်စာအုပ်ဟာ သူ ငယ်ငယ်တုန်းက စာအုပ်ငှားဖတ်ခဲ့တာကို သတိရသွားစေပါတယ်။ အတိတ်ကို လွမ်းဆွေးမှုကြောင့်ပဲ သူဟာ ဝတ္ထုစာအုပ်ကို ဆက်ဖတ်ပါတယ်။

လေပြင်းမုန်တိုင်း တောင်ပေါ်စံအိမ်က မိန်းမပျိုစစ်စီရဲ့အကြောင်းပဲ။ သူမရဲ့ အရပ်က ၁.၆၅ မီတာရှည်ပြီး ကိုယ်အလေးချိန်က ၉၈ ပေါင် ရှိပါတယ်။ ဖရုယိစ် တောင်ပေါ်စံအိမ်မှာ ကျူရှင်ဆရာမအဖြစ် စလုပ်တာကို ရေးထားတဲ့ ဇာတ်လမ်းပါ။

‘တစ်ပေါင်က ကီလိုဂရမ်ခွဲလောက်ပဲ ရှိတာ... ဒါ အပြိုင်ကမ္ဘာက ဂျိန်းအဲလား’ ကလိုင်းဟာ နောက်ပိုင်း ဘာဆက်ဖြစ်မယ်ဆိုတာကို ခန့်မှန်းရင်း နောက်တစ်မျက်နှာကို လက်ချောင်းတွေနဲ့ လှန်လိုက်ပါတယ်။

ဒါပေမဲ့ သူ အချစ်ဝတ္ထုလို့ တွေးနေတုန်းမှာပဲ ဝတ္ထုထဲမှာ မကောင်းဆိုးဝါး ဝိညာဉ် ပေါ်လာပါတယ်။ အဲဒါကြောင့် သရဲဝတ္ထုလို့ ယုံသွားတဲ့အခါ စစ်စီက စုံထောက်ဖြစ်နေပြီး ရှားလော့စ်ဟုမ်းလိုမျိုး ထောက်လှမ်းပါတော့တယ်။

စုံထောက် ဝတ္ထုလို့ ကလိုင်း ခံစားလိုက်ရတဲ့အချိန်မှာပဲ အမျိုးသား ဇာတ်လိုက်က ခေါင်းထိမိပြီး အတိတ်မေ့သွားပါတယ်။ အဲဒီလိုနဲ့ ဒရမ်မာဘက် ပြန်ရောက်သွားပါတယ်။

‘နောက်ဆုံးကျတော့ အချစ်ဝတ္ထုက အချစ်ဝတ္ထုပဲ’ ကလိုင်းဟာ စာအုပ်ကိုပိတ်ပြီး ကော်ဖီတစ်ငုံ သောက်ပါတယ်။

“ဒုတ်...”

“ဒုတ်... ဒုတ်... ဒုတ်...”

ပြင်းထန်တဲ့ တံခါးခေါက်သံဟာ ရုတ်တရက် ထွက်ပေါ်လာပြီး မှုန်မွှား တိတ်ဆိတ်ကာ လူသူမရှိတဲ့ စင်္ကြံမှာ ပဲ့တင်ထပ်သွားပါတယ်။

ကလိုင်းဟာ ချက်ချင်း စိတ်တင်းကျပ်သွားပြီး အလန့်တကြား ထခုန်မိလိုက်ပါတယ်။

သူဟာ ချိုင်းသေနတ်အိတ်ထဲက ခြောက်လုံးပြူးကို အလိုလို ဆွဲထုတ်မိပြီး ဆလင်ဒါနဲ့ ရိုက်တံကို အသင့်အနေအထား ပြင်ပြီးသား ဖြစ်သွားပါတယ်။ အဲဒီနောက် သူဟာ တံခါးဆီ တစ်လှမ်းချင်း လျှောက်သွားပြီး အသံလာရာ ရင်းမြစ်ကို ရှာဖွေပါတယ်။

“ဒုတ်... ဒုတ်... ဒုတ်...”

“ဒုန်း... ဒုန်း... ဒုန်း...”

တံခါးခေါက်သံဟာ ပိုပိုပြီးတော့ ပြင်းထန်လာပါတယ်။ ကလိုင်းဟာ အသံလာရာကို ကြည့်လိုက်တဲ့အခါ တံဆိပ်တော်မြတ် ခုနစ်ပါး ထွင်းထားတဲ့ အနက်ရောင်ဂိတ်ကို တွေ့လိုက်ရပါတယ်။

‘အသံက ချန်စီဂိတ်ရဲ့ နောက်ကနေ လာတာလား...’ သူဟာ မျက်စိမှေးသွားပြီး နှလုံးကလည်း စည်ကြီးလို တဒုန်းဒုန်း ခုန်သွားပါတယ်။

“ဒုန်း... ဒုန်း... ဒုန်း...”

ကလိုင်းဟာ ချန်စီဂိတ်က အသာလှုပ်နေတာ တွေ့လိုက်ရပြီး အင်အားကြီးမားတဲ့ တိုက်ခိုက်မှုကို တောင့်ခံနေတယ်လို့ ခံစားမိလိုက်ပါတယ်။

‘တကယ်ကြီးလား... ငါရဲ့ ပထမဆုံး တာဝန်ချိန်မှာ ဘာဖြစ်လို့ ဒီလိုမျိုး ကြုံရတာလဲ... ဘဝကူပြောင်းလာပြီးနောက်ပိုင်း ငါ ကံဆိုးသွားတာလား...’ ခြောက်လုံးပြူးကို ကိုင်ထားတဲ့ ကလိုင်းရဲ့ ညာလက်ဟာ ချွေးစို့လာပါတယ်။

မကြာခင်မှာပဲ သူဟာ ကပ္ပတိန်ရဲ့ သတိပေးစကားကို သတိရလိုက်ပါတယ်။ အထဲက ပွင့်မလာရင် ဘာတွေပဲဖြစ်ဖြစ် ချန်စီဂိတ်ကို မဖွင့်နဲ့ဆိုတာပါ။

‘အင်း... ဒါက ပုံမှန် ဖြစ်နေကျလား...’ ကလိုင်းဟာ ရုတ်တရက်ဆိုသလို ငြိမ်ကျသွားပါတယ်။

“ဒုန်း... ဒုန်း... ဒုန်း... ဒေါက်... ဒေါက်... ဒေါက်...”

ချန်စီဂိတ်နောက်က အသံတွေဟာ ပိုပိုပြီးတော့ ပြင်းထန်လာပါတယ်။ ဒါပေမဲ့ လေးလံလှတဲ့ အနက်ရောင် သတ္တုဂိတ်က လှုပ်ပဲလှုပ်ပါတယ်။ လှုပ်တာကလွဲရင် ကျန်ထူးခြားတာ ဘာမှ မရှိပါဘူး။

“အင်း... ဒါက သာမန် ဖြစ်နေကျပဲ ထင်တယ်... ငါ လန့်ပြီး သေတော့မလို့...” ကလိုင်းဟာ ရေရွတ်ပြီးနောက် တာဝန်အခန်းကို ပြန်ဖို့ ပြင်ပါတယ်။

အဲဒီအချိန်မှာပဲ သူဟာ စူးရှတဲ့ ကြိတ်သံတစ်သံကို ကြားလိုက်ရပါတယ်။ သူ ချန်စီဂိတ်ကို ပြန်ကြည့်လိုက်တဲ့အခါ အပြင်ဘက်ဖောင်းနေတဲ့ မျက်နှာပြင်မှာ အက်ကြောင်းတစ်ကြောင်း ပေါ်လာတာကို တွေ့လိုက်ရပါတယ်။

“ကျွီ...”

နားစူးလှတဲ့အသံကြားမှာ ကလိုင်းရဲ့ မျက်လုံးတွေဟာ ရုပ်သွင်တစ်သွင်ပေါ်ကို အလုံးစုံ ကျရောက်သွားပါတယ်။ ဒီရုပ်သွင်ရဲ့ အရပ်က လူတစ်ယောက်ရဲ့ လက်မောင်း အရှည်လောက်ပဲ ရှိပြီး အသေးစား အနက်ရောင် ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားပါတယ်။ သူ့ဝတ်ရုံမှာ သိသာတဲ့ အစွန်းအထင်းတစ်ခုလည်း ရှိနေပါတယ်။

သူ့မျက်နှာက သိပ်အနုမစိတ်ဘဲ အနက်ရောင်မျက်လုံးနဲ့ တင်းတင်းကျပ်ကျပ် စေ့ထားတဲ့ နှုတ်ခမ်းတွေ ရှိနေပါတယ်။

ဒီရုပ်သေးရုပ်က အဝတ်နဲ့လုပ်ထားတဲ့ ကလေး ကစားစရာ အရုပ်တစ်ရုပ်ပါ။

အဲဒီအချိန်မှာ ကလိုင်းဟာ သေနတ်မြှောက်ပြီး ရုပ်သေးရုပ်ကို ချိန်ပစ်ဖို့ ပြင်ပါတယ်။ ရုပ်သေးရုပ်ဟာ ချန်စီဂိတ် အက်ကြောင်းမှာ မှီပြီး လက်ထဲမှာ ကိုင်ထားတဲ့ စက္ကူကို ဖြန့်လိုက်ပါတယ်။ စာရွက်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သင်္ကေတတွေ အများကြီး ပါပါတယ်။ တချို့သင်္ကေတတွေဆို ကလိုင်း သင်တောင် မသင်ရသေးပါဘူး။ အဲဒီသင်္ကေတတွေဟာ အတူတူ စုစည်းပြီး ဒေါင်လိုက် မျက်လုံးတစ်လုံး ဖြစ်တည်နေပါတယ်။

ကလိုင်းဟာ အခြေအနေကို နားမလည်နိုင်ပါဘူး။ အဲဒီအချိန်မှာပဲ သဏ္ဍာန်မဲ့အားတစ်ခု ရုတ်တရက် ပေါ်လာပြီး ရုပ်သေးရုပ်ကို ချန်စီဂိတ်ထဲ ပြန်ဆွဲထည့်ပါတယ်။

“ကျွီ...”

ချန်စီဂိတ်ဟာ ပြန်ပိတ်သွားပြီး တံခါးခေါက်သံရော ထုရိုက်သံရော ထပ်မကြားရတော့ပါဘူး။ မြေအောက်ထပ်ဟာ ဘာမှ မဖြစ်ခဲ့သလိုမျိုး ပြန်ပြီးတော့ ငြိမ်သက်အေးချမ်း သွားပါတယ်။

‘ငါ ဒါကို ကပ္ပတိန်ဆီ သတင်းပို့ရမယ်...’

အဲဒီအချိန်မှာ ကလိုင်းဟာ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနဲ့ သံသယတွေကို ခံစားလိုက်ရပါတယ်။

လေးငါးဆယ်စက္ကန့် ကြာတဲ့အခါမှာတော့ သူဟာ ရုပ်သေးရုပ်က ဘာလဲဆိုတာကို မှတ်မိသွားပါတယ်။ သူက ညသိမ်းငှက်ရဲ့ ပုံမှန်အဖွဲ့ဝင် ဖြစ်လာပြီမလို့ ချန်စီဂိတ်နောက်မှာ ချိပ်ပိတ်ထားတဲ့ အဆင့် ၃ ချိပ်ပိတ်လက်နက်တွေ အကြောင်းကို သိခွင့်ရထားပါတယ်။

‘နံပါတ် ၀၆၂၅’

‘အမည် : ကြမ္မာဆိုး ရုပ်သေးရုပ်’

‘အန္တရာယ်အဆင့် : ၃... အန္တရာယ်ရှိတယ်လို့ ယူဆတယ်... ဂရုတစိုက် သုံးပါ... သုံးဦး သို့မဟုတ် သုံးဦးထက်ပိုတဲ့ စစ်ဆေးရေးမှာ အသုံးပြုဖို့ တင်ပြတောင်းခံနိုင်တယ်’

‘လုံခြုရေးအဆင့် : ပုံမှန်ညသိမ်းငှက်အဖွဲ့ဝင်နဲ့ အထက်”

‘ချိပ်ပိတ်နည်းလမ်း : လူသားနဲ့ ခွဲထားဖို့ လိုတယ်’

‘အကြောင်းအရာ : အဝတ်နဲ့ လုပ်ထားတဲ့ ပွဲတက်ဂါဝန်နဲ့ ရုပ်သေးရုပ်က ၁၃၀၀ နှစ်ဝန်းကျင်မှာ ခေတ်စားခဲ့တယ်... ဂါဝန်မှာ ဖယ်ရှားဖို့ မဖြစ်နိုင်တဲ့ အစွန်းအထင်း တစ်ခု ရှိတယ်... ဟိုးအစကတည်းက ရှိနေတာလားတော့ မသေချာဘူး’

‘ထင်းဂန်မြို့က မှတ်တမ်းတင်ထားတဲ့ ငွေရေးကြေးရေး ခက်ခဲပြီး ကံဆိုးမိုးမှောင်ကျသွားတဲ့ မိသားစုတွေရဲ့ အမှုတွေမှာ ရဲတွေက ဒီရုပ်သေးရုပ်ကို စသတိထားမိခဲ့တယ်... ဒီအရုပ်က ကလေး အိပ်ခန်းထဲက အိပ်ယာဘေး စားပွဲ‌ပေါ်မှာ အမြဲတမ်း ရှိနေခဲ့တယ်’

‘ညသိမ်းငှက်တချို့က ရဲဌာနရဲ့ တောင်းဆိုချက်ကို လက်ခံပြီး အဲဒီရုပ်သေးရုပ်ကို စုံစမ်းမှုတွေ စလုပ်ခဲ့တယ်’

‘ကနဦး တွက်ချက်မှုအရ သူ့ဘေးမှာရှိတဲ့လူတွေဆီ ကံကြမ္မာဆိုးတွေ ယူဆောင်လာပြီး အန္တရာကျစေတယ်လို့ ဆုံးဖြတ်နိုင်ခဲ့တယ်... နောက်ဆုံး သူ့ဘေးမှာရှိတဲ့လူတွေ တစ်ယောက်ပြီး တစ်ယောက် သေတာပဲ... စမ်းသပ်တဲ့လူက နှစ်ပတ်အတွင်း ဒေဝါလီခံရလုနီး ဖြစ်သွားတယ်’

‘ရုပ်သေးရုပ်မှာ အသက်ဝင်နိုင်စွမ်း မရှိဘူး... ချိပ်ပိတ်စည်းကနေ ထွက်‌ပြေးတဲ့ လက္ခဏာ တစ်စုံတစ်ရာ မရှိဘူး’

‘နောက်ပိုင်း စမ်းသပ်မှုတွေအရ ရုပ်သေးရုပ်ရဲ့ ဆယ်မီတာပတ်လည်ထဲမှာ နာရီဝက်ကျော် မနေဘူးဆိုရင် ကြမ္မာဆိုး လွှမ်းမိုးမခံရဘူး... ရုပ်သေးရုပ်နဲ့ ထိတွေ့မိလို့ ကြမ္မာဆိုးကျပြီဆိုရင် အဲဒီကြမ္မာဆိုးကို တခြားလူဆီ လွှဲပေးလိုက်တာနဲ့ အဲဒီလူရဲ့ အခြေအနေက ပြန်ကောင်းသွားလိမ့်မယ်’

‘နောက်ဆက်တွဲ : ရုပ်သေးရုပ်က ပထမဆုံး အဘွားထက်စ်ရဲ့ အိမ်မှာ ပေါ်လာခဲ့တယ်... အဘွားထက်စ်က သံကြက်ခြေခတ် အောက်ပိုင်းလမ်းမှာနေတဲ့ အရုပ်ချုပ်သမားပဲ... အသက်အရွယ်ကြီးရင့်တာ သူ့ယောက်ျားက ဆိုးဆိုးရွားရွား နေမကောင်းဖြစ်နေတာနဲ့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ် ဆုံးပါးသွားလို့ သူ့မှာ ရွေးချယ်စရာမရှိဘဲ သံကြက်ခြေခတ် အောက်လမ်းကို ရွှေ့ပြောင်းလိုက်ရတယ်’

‘ဒီရုပ်သေးရုပ်က သူ နောက်ဆုံး ရောင်းခဲ့တဲ့အရုပ်ပဲ... သုံးရက်ကျော် ငတ်ပြတ်နေလို့ သူက ဒီရုပ်သေးရုပ်ကို ထင်ရှူး ပန်းပွင့်ဖြူအဆိပ်နဲ့ လဲပြီး သူနဲ့ သူ့ယောက်ျားရဲ့ အသက်ကို အဆုံးစီရင်ခဲ့တယ်’

ကလိုင်းဟာ ချိပ်ပိတ်လက်နက် ၃-၀၆၂၅ ရဲ့ အချက်အလက်ကို ပြန်တွေးပြီး ပိုပြီးတော့ သံသယဝင်သွားသလို ပိုပြီးတော့လည်း တုန်လှုပ်ချောက်ချားသွားပါတယ်။

‘ပြောတော့ ရုပ်သေးရုပ်က အသက်ဝင်နိုင်စွမ်း မရှိဘူးဆို... ချိပ်ပိတ်စည်းကနေ ထွက်ပြေးတဲ့ လက္ခဏာ တစ်စုံတစ်ရာ မရှိဘူးဆို...’

‘အဲဒါဆို ငါ မြင်လိုက်တာက ဘာလဲ...’

‘ဘယ်ဟာက သူ့ကို ပြန်ဆွဲထည့်တာလဲ...’

‘ဖြန့်ထားတဲ့ စက္ကူပေါ်မှာ ဆွဲထားတဲ့ သင်္ကေတတွေက ဘာကိုဆိုလိုတာလဲ...’

စောစောက မြင်ကွင်းဟာ စိတ္တဇလူသတ်သမား တစ်ယောက်က သားကောင်ကို စိတ်ကြိုက် ကစားနေသလိုပါပဲ။ သားကောင်က တံခါးကို အသားကုန်ရိုက်ပြီး အသည်းအသန် အော်ဟစ် အကူအညီ တောင်းခံပေမဲ့ နောက်ဆုံးမှာ အထဲကို ပြန်ဆွဲသွင်းခံလိုက်ရသလိုပါပဲ။

ဒီအတွေး ပေါ်လာတဲ့အခါ ကလိုင်းဟာ သူ့ဘာသာ ဘာဆုံးဖြတ်ချက်မှ မချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ တာဝန်အခန်းထဲ ပြန်သွားပြီး ကြိုးတစ်ချောင်းကို ဆွဲလိုက်ပါတယ်။

ကြိုးဟာ တင်းသွားပြီး ဂီယာတစ်ခု လည်သွားပါတယ်။ ရုတ်တရက်ဆိုသလို ဆူးနက်လုံခြုံရေး ကုမ္ပဏီရဲ့ ဒုတိယထပ်မှာ အလျင်လိုတဲ့ သတိပေးသံတစ်ခု မြည်သွားပါတယ်။

အပန်းဖြေခန်းထဲမှာ ဖဲကစားနေတဲ့ လန်နာ့ဒ်မစ်ချယ်နဲ့ တခြားအအိပ်မဲ့တွေဟာ လက်ထဲက ပိုကာကဒ်တွေကို ချက်ချင်းချပြီး မြေအောက်ခန်းဆီ ပြေးပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters