← Chapters

အပိုင်း (၄၉၈) – ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၄)

Vol. 005 Ch. 498

အပိုင်း (၄၉၈) – ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၄)

Vol. 005 Ch. 498

ဘေဂုံအောင်ပြောသည်ကို ကြားပြီးနောက် ရင်လန်သည် ဒေါသများထွက်ကာ ပြောလေသည် “ကျွန်မ က ဘေဂုံးမျိုးနွယ်မဟုတ်တော့တာ တော်တော်ကြာခဲ့ပြီ ရှင်က ဂူယွန်အာဆီက အကျိုးအမြတ်တွေယူ ကတည်း က ကျွန်မတို့ဆက်ဆံရေးကပြီးသွားပြီ”

“အောင်နဲ့ ကျွန်မက ချစ်ကြတာပါ” ဂူယွန်အာသည် ဘေးမှ ပြောလေသည် “ဒါတွေအားလုံးရှင့်ကြောင့်ပဲ ရှင်က အောင်နဲ့လက်ထပ်ပြီး ကျွန်မတို့အချစ်ရေးကို အရှက်မရှိ ဖျက်ဆီးလိုက်တာပဲ ရှင်က အောင်ကို ပိုင်ဆိုင်ချင် တိုင်းမပိုင်ဆိုင်ရတာတော့ နှမြောစရာပဲ”

“ဟား ဟား ဟား” ရင်လန်သည် ရယ်မောလေသည်။ သူမ အမူအရာသည် အေးစက်စွာ ပြန်ဖြေလေ သည် “ရှင်က ကျွန်မကိုအရင်ကတုန်းက ငတုံးလို့ထင်နေတုန်းလား ဘေဂုံအောင် က ကျွန်မကိုကာကွယ်ပေးတဲ့  တောက်ပတဲ့ သံချပ်ကာဆိုတာ ယုံတာလား၊ ရှင်က ကျွန်မကို အဲလိုအရှက်မရှိတာတွေမလုပ်ခဲ့ဘူးဆိုရင် ဒီဟာ  တွေ ဖြစ်လာစရာအကြောင်းကိုမရှိဘူး၊ အဲတုန်းက ကျွန်မကမိုက်မဲပြီး ကိုယ့်ဘာသာကိုယ် အလိမ်ခံခဲ့တာ၊ အားလုံးကို လျစ်လျူရှုပြီး ရှင်နဲ့လက်ထပ်ခဲ့တာ ရှင်က ကျွန်မဆီက လျှို့ဝှက်ဆေးနည်းကိုယူချင်တယ်ဟုတ်လား နှမြောစရာပဲ၊ ရှင်က ကျွန်မကို နှစ်ပေါင်းများစွာပိတ်ထားပြီး ကျွန်မဆေးဖော်တာကို အကြိမ်ပေါင်းများစွာကြည့် လည်း ဘယ်တော့မှတတ်မလာဘူးလေ”

“ပါးစပ်ပိတ်” ရင်လန်သည် အားလုံးကိုဖော်ထုတ်နေသည်ကို ဘေဂုံအောင်မြင် သောအခါ လန့်သွားလေ သည်။ သူသည် ဘေးမှ အစောင့်များကို ပြောလေသည် “ဒီသားအမိ ၃ယောက်ကို ဖမ်းလိုက် ငါတို့ဘေဂုံမျိုးနွယ်  တွေ ဒီတံခါးကနေ ဘယ်သူမှထွက်မသွားရဘူး”

“ဘယ်သူလုပ်ရဲလဲကြည့်ကြတာပေါ့” ရှီမာယူယူသည် ဘေဂုံထန်တို့ဘေးရပ်ကာ ပြောလေသည် “ငါ အရှက်မရှိတဲ့လူတွေ အများကြီးတွေ့ဖူးပါတယ် ဒီဘေဂုံမျိုးနွယ်လောက် အရှက်မရှိတာတော့မတွေ့ဖူးသေးဘူး၊ဘေဂုံ နင့်အမေနဲ့ မောင်လေးနဲ့ကိုခေါ်သွား လိုက်တော့”

ဘေဂုံထန် ခေါင်းညိမ့်လေသည်။ သူမသည် ရင်လန်အား တွဲခေါ်ပြီး ဘေဂုံဟောင်အား ကိုင်ကာ ထွက်သွားရန် ဟန်ပြင်လေသည်။

“သူတို့ကို တားလိုက်” ဘေဂုံရှုန် အမိန့်ပေးလေသည်။ အံ့ဖွယ်သူတော်စင်အဆင့်နှင့် အထက်ရှိသော လူ များသည် အိမ်ထဲမှထွက်လာကာ ရင်လန်တို့အား တားလိုက်သည်။

“အစ်ကို၃ သည်းမခံသင့်ဘူး အဲလူတွေက ညှိလို့ရမှာမဟုတ်ဘူး” ကျီစားသော အသံတစ်သံသည် ထွက် လာရာ အားလုံးသည် ထိုအသံလာရာကို ကြည့်လိုက်ကြသည်။ ပေါ့ပျက်ပျက်နိုင်သော အံ့ဖွယ်သူတော်စင် ကျွမ်းကျင်သူများပါသော လူတစ်စုရောက်လာသည်။

ရင်ဟောင်သည် သူ၏ ညီ ရင်ရှိအားကြည့်ပြီး မေးလိုက်သည် “မင်းဒီကို ဘာလာလုပ်တာလဲ”

“အဘိုးကြီးကမှာလိုက်တယ် ညီမလေးက အမှားလုပ်ထားပေမယ့် သူမသာ ဒီနေ့ကို အသက်ရှင်လျက် ပြန်လာချင်တယ်ဆိုရင် မျိုးနွယ်ရဲ့ ခွင့်လွှတ်မှုကိုယူရမယ်တဲ့ ဘေဂုံမျိုးနွယ်က အရှက်မရှိတဲ့အလုပ်တွေ လုပ် တတ်တော့ အစ်ကိုကြီးမနိုင်မှာစိုးလို့ အဲဒါကြောင့် လူခေါ်သွားပြီး အစ်ကိုကြီးကို ပြန်လာခေါ်ခိုင်းလိုက်တယ်” ရင်ရှိ၏ ပွင့်လင်းမှုသည် နောက်မှ လူများကို ရယ်မောစေလေသည်။

“မင်းတို့ရင်မျိုးနွယ်က ငါတို့ဘေဂုံမျိုးနွယ်ရဲ့ ကိစ္စတွေကို အကုန်ဖော်မလို့ထင်တယ် အဲလိုဆိုမှတော့ ငါတို့ကလည်း မင်းတို့နဲ့ တိုက်ဖို့ဝန်မလေးတော့ဘူး ဒီကလူတွေ တစ်ယောက်မှ မလွတ်စေနဲ့” ဘေဂုံရှုန် အမိန့်  ပေးလိုက်လေသည်။

“ဖူး… အရှက်မရှိလိုက်တဲ့အဘိုးကြီး ခင်ဗျားရဲ့ အရှက်မရှိတာကတော့ အကန့်အသတ် ကို မရှိပါလား ဒီ  ဆောင်းဦးလမြို့တော်တစ်ခုလုံးမှာ ဒီလိုလုပ်တဲ့ တစ်ဦးတည်းသော ရေကြက်အိုကြီး ပဲဖြစ်မယ် မင်းတို့ မျိုးနွယ်  ခေါင်းဆောင်ကဒီလိုဖြစ်နေမှတော့ မိသားစုတစ်ခုလုံးကလည်း ဒီလိုပဲဖြစ်မှာ ပဲ” ရင်ရှိသည် လူများကို ကျိန်ဆဲ ရာတွင် ရင်ဟောင် ထက် ပိုအားသာသည်။ “ဘာလဲ ခင်ဗျားက လူအရေအတွက်ကိုယှဉ်ချင် သေးတာလား ခင်ဗျား တို့မှာပဲ လူရှိတာလို့ထင်နေတာလား၊ ခင်ဗျားတို့ အိမ်ထဲမှာ လူတစ်ယောက်မှမရှိတော့ဘူးလို့ ထင်တာပဲ”

လူတစ်ယောက်မှမရှိဘူးလား။ ဘေဂုံမျိုးနွယ်က လူတွေမဟုတ်ဘူးလို့ သူက ကျိန်ဆဲလိုက်တာလား။

“ဘာတွေစောင့်နေတာလဲ” ဘေဂုံရှုန်သည် ပြင်းထန်စွာ ကြိမ်းမောင်းလေသည်။

ဘေဂုံမျိုးနွယ်အစောင့်များသည် ရင်ရှိခေါ်လာသော လူများနှင့်တိုက်ခိုက်ကြလေသည်။ ထိုအချိန်တွင် ဝိညာဉ်တိုက်ခိုက်မှုများသည် နေရာတိုင်းတွင် ပျံဝဲနေလေသည်။

ရင်ရှိခေါ်လာသော လူနည်းစုကို အထင်သေး၍မရပေ။ သူတို့သည် အားကောင်းကြကာ ဘေဂုံမျိုးနွယ်မှ အစောင့်များစွာကို သတ်နိုင်ကြလေသည်။ သို့သော် ထိုနေရာသည် ဘေဂုံမျိုးနွယ်၏ နယ်မြေဖြစ်သဖြင့် တစ်  ယောက်သတ်လိုက်သည်နှင့် နောက်တစ်ယောက် ထွက်လာသည်။ သို့သော် ရင်မျိုးနွယ်သည် ထိုကဲ့သို့ မလုပ် နိုင်သဖြင့် တဖြည်းဖြည်းလက်ရည်ကျလာသည်။

“အစ်ကို၃ တောင့်ခံထားဦး ညီလေး တခြားလူတွေသွားခေါ်လိုက်ဦးမယ်” ရင်ရှိ ပြောလေသည်။

ရှီမာယူယူနှင့် တခြားသူများ မလှုပ်ရှားရသေးပေ။ သူတို့သည် အလွန်အားနည်းနေ သဖြင့် အတားအဆီး အတွင်းတွင်နေရာ အပြင်မှ အခြေအနေကို ကြည့်နေကြသည်။ ဂဠုန်ကိုးသည် ထိုကလေးများကို ထိုကဲ့သို့ အန္တရာယ်များသော အခြေအနေသို့မပို့နိုင်ပေ။

ရင်မျိုးနွယ်အားနည်းလာသည်ကို ကြည့်ကာ ရှီမာယူယူသည် သိမ်းငှက်ဘုရင်ကို ကြားဝင်ရန် အစီအစဉ် ဆွဲတော့သည်။ မဟုတ်လျှင် သေဆုံးမည့် အရေအတွက်များနိုင်သည်။

“သိမ်းငှက်ဘုရင်…”

“ဘာတွေဖြစ်နေတာလဲ” မျိုးနွယ်နှစ်ခုတိုက်ခိုက်နေသည်ကို မြင်သောအခါ ကြည့်နေကြ သော လူများသည် ပြေးကြလေသည်။

“ရိချုံနန်းတော်ကလူတွေလာနေပြီ” ဘေးမှကြည့်နေသောလူတစ်ယောက် ပြော လိုက်သည်။

ရှီမာယူယူသည် ရိချုံနန်းတော်ကိုလည်း ဂရုမစိုက်ပေ။ သူမသည်သိမ်းငှက်ဘုရင်အား ပြောလိုက်သည် “ခင်ဗျားတို့ကို ဒုက္ခပေးရတော့မှာပဲ”

သိမ်းငှက်ဘုရင်သည် ရှီမာယူယူဆိုလိုသည်ကို နားလည်သည်။ သူသည် ဘေးပတ်လည်အား ကြည့်ကာ သူတို့၏ မူလပုံပြောင်းသွားကာ အော်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

သူတို့အသံကြားလိုက်သည်နှင့် မျိုးနွယ် ၂ခုလုံး ရပ်သွားကြလေသည်။

“မကောင်းတော့ဘူး” ဘေဂုံရှုန်၏ အမူအရာ ပြောင်းသွားလေသည်။

ဒီနေ့အဖြစ်အပျက်များသည် သူတို့၏ ထိန်းချုပ်မှုကို ရှုပ်ထွေးသွားစေခဲ့သည်။

“ရွှီး”

သိမ်းငှက်အုပ်သည် မြို့အပြင်မှ ပျံလာလေသည်။ သူတို့သည် မြို့ကို အထက်မှစီး ကြည့်ကြလေသည်။ သူတို့သည် ကောင်းကင်တစ်ဝက်ကို ပိတ်ထားလိုက်သည်။

ဘေဂုံထန်သည် သိမ်းငှက်အုပ်အားကြည့်ရင်းနှင့် ပျော်ရွှင်မိလေသည်။ သူသမည် ရှီမာယူယူအား  ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်လေသည်။

သိမ်းငှက်များသည် ကောင်းကင်သို့ပျံသွားပြီးနောက်တွင် မြေပေါ်သို့ မဆင်းသက်ပေ။ သူတို့သည် ထို အပေါ်တွင် ပျံဝဲနေကြသည်။

“သိမ်းငှက်ဘုရင် တကယ်ပဲ လူသားတွေရဲ့ ရန်သူလုပ်တော့မှာလား” ဘေဂုံရှုန်သည် လူသားမျိုးနွယ် တစ်ခုလုံးကိုဆွဲသွင်းပြီး သူ့အားဖိအားပေးလိုက်သည်။

သူသည် လူသားမျိုးနွယ်တစ်ခုလုံးမှ မျိုးနွယ်ဝင်တစ်ယောက်သာဖြစ်သည်။

“ငါက ငါ့ဘုရင်ကိုကာကွယ်ယုံပါ” သိမ်းငှက်ဘုရင်သည် ထိုစကားအား ခံစားမှုကင်းစွာ ပြောလေသည်။

ရှီမာယူယူသည် ငှက်လေးကို ခေါ်ထုတ်လိုက်သည်။ ကောင်းကင်ပေါ်ရှိ သိမ်းငှက်များ သည် အော်ကာ ငှက်လေးအား အရိုအသေပေးကြလေသည်။ သိမ်းငှက်ဘုရင်ပင်လျှင် ခေါင်းငုံ့ကာ နှုတ်ဆက်လေသည်။

ငှက်လေးသည် သိမ်းငှက်ဘုရင်ခေါင်းမော့ရန် လက်ကို ဝေ့ရမ်းလိုက်သည်။ ထို့နောက် တွင် သူသည် ဘေဂုံရှုန်ဘက်လှည့်ကာ ပြောလေသည် “ငါ့သခင်ကိုထိရဲတဲ့သူက ငှက်မျိုးနွယ်တစ်ခုလုံးရဲ့ ရန်သူဖြစ်သွားမှာပဲ မယုံဘူးဆိုရင် စမ်းကြည့်လိုက်ပါလား”

ဝူလင်းယူသည် ငှက်လေး၏ ခမ်းနားကြီးကျယ်သော အကျင့်ကိုတွေ့သည်နှင့် ရှီမာယူယူအား ကြည့် လိုက်သည်။ သူသည် ခွင့်ပြုသည့်အနေနှင့် မျက်ခုံးပင့်လိုက်သည်။ မဆိုးဘူးပဲ ဒီငှက်လေးကို သေချာသင်ထား သားပဲ။

ရှီမာယူယူသည် သူ့အကြည့်အားမြင်သည်နှင့် ဆွံ့အသွားလေသည်။ သူမသည် ဘေဂုံရှုန်ဘက် လှည့် ကာပြောလေသည် “ဘေဂုံမျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့ လမ်းကိုပိတ်ချင်နေတုန်းပဲလား”

ဘေဂုံရှုန်၏ မျက်နှာသည် ပြာနှမ်းသွားကာ ဘာစကားမှမပြောနိုင်တော့ပေ။

“အမလေး မင်းတို့က အာားကောင်းတယ်ဆိုရင်လည်း စောစောပြောကြလေ ငါကတော့ ကြောက်လွန်း လို့ ချွေးအေးတွေတောင်ထွက်နေပြီ” ရင်ရှိသည် ချက်ချင်းပင် နဖူးမှ မရှိသော ချွေးအေးများကို သုတ်လေသည်။

“ဘေဂုံမျိုးနွယ်ခေါင်းဆောင်က မငြင်းမှတော့ ငါတို့သွားကြမယ်” ဖက်တီးကျူသည် ဘေဂုံမျိုးနွယ်ကြား  အောင်အော်လိုက်လေသည်။

ဂဠုန်ကိုးသည် သူမအတားအဆီအား လွှတ်လိုက်ပြီးနောက် အားလုံးသည် ဘေဂုံမျိုးနွယ် ရှေ့တွင် ပေါ်တင်ဖြတ်လျှောက်ကြလေသည်။ သူတို့အကွာအဝေးအနည်းငယ်သို့ရောက်သည့် တိုင်အောင် နောက်မှ ကျန်ခဲ့  သော အကြည့်များသည် သူတို့အား အရှင်လိုက်စားချင်နေ သည့် အကြည့်များဖြစ်သည်ကို ခံစားလို့ရသည်။

ဘေဂုံမျိုးနွယ်ဝင်များသည် တင်းမာနေကြသည်။ သူတို့မလွှတ်ချင်ဘူးဆိုလည်း ဘာလုပ်နိုင်မှာလဲ။ သူတို့ ကို တားမှာလား။ ဒါဆိုရင် လေပေါ်က သိမ်းငှက်တွေက သူတို့ကို တိုက်ခိုက်ကြမှာပဲ။ အကောင်ရေ ၁၀လောက် ဆိုတော်သေးသည်။ သို့သော် အကောင်ရေ ရာချီထောင်ချီရှိသည်။ သူတို့က ဘယ်လိုလုပ်ပြိုက်ဘက်ဖြစ်နိုင် မှာလဲ။

သိမ်းငှက်ဘုရင်သည် ငှက်လေးနောက်လိုက် ထွက်သွားကာ ကောင်းကင်မှ သိမ်းငှက်များသည် သူတို့  နောက်လိုက်ကြသည်။ ရင်မျိုးနွယ်ဝင်များလည်း ပြန်ကြသည်။

ရင်ရှိသည် သိမ်းငှက်ဘုရင်ပြန်သွားသည်ကို ကြည့်ကာ အော်လေသည် “ငါ့ဘဝမှာ သိမ်းငှက်မျိုးနွယ်က ကာကွယ်ပေးတာခံရမယ်လို့ တစ်ခါမှမတွေးဖူးဘူး မဆိုးဘူး မဆိုးဘူး”

သိမ်းငှက်ဘုရင်သည် သူတို့အား ကိုယ်တိုင်လိုက်ပို့ကာ အပြန်လမ်းတွင် သိမ်းငှက်အုပ်၏ အကာ အကွယ်ကိုပါ သုံးပေးလေသည်။ ရင်မျိုးနွယ်မှအားလုံးသည် သူတို့အား ထွက်ကြိုကြသည်။

သူမသည်ရင်းနှီးသော ဆွေမျိုးများကို တွေ့သောအခါ ရင်လန်သည်ဘေဂုံထန်၏ လက်ကို ဆုပ်ကိုင် လေသည်။

ဘေဂုံထန်သည် ရင်လန်၏ လက်ကိုပုတ်ကာ ပြောလေသည် “အမေ ရင်မျိုးနွယ်က ဒီနှစ်တွေမှာ သမီးတို့ ကို ဒီလိုတွေဖြစ်စေခဲ့တယ် ဘယ်သူမှ မိသားစုလိုမသတ်မှတ်ဘူး သူတို့က အခုအမေ့ကို ကယ်ခဲ့ပေမယ့် အမေ မပြန်ချင်ရင် မပြန်ပဲနေလို့ရတယ် အခုလိုကူညီ တဲ့ကျေးဇူးကို နောက်မှ ပြန်ဆပ်ပေးလို့ရတယ်”

All Chapters