အပိုင်း (၄၉၉) – သူထွက်သွားပြီ
Vol. 005 Ch. 499
“လန်လေးက ငါတို့လန်မျိုးနွယ်ဝင်ပဲ အခုသူမက ဘေဂုံမျိုးနွယ်ကထွက်လာပြီဆိုတော့ ရင်မျိုးနွယ်ကို ဘာလို့ပြန်မလာရမှာလဲ” ကြက်သွေးရောင် စကတ်ရှည်ဝတ်ထားသော သတ်လတ်ပိုင်း အရွယ်အမျိုးသမီးသည် ရင်လန်၏ လက်ကိုကိုင်ပြီး ပြောလေသည် “လန်လေးက အပေါက်ကိုတောင် ဝင်လာပြီးပြီလေ ဘာလို့အိမ်ပြန်မလာရမှာလဲ လန်လေးရဲ့ အဖေနဲ့ မောင်လေးရဲ့ဇနီးက လန်လေးနေမယ့်အိမ်ကိုတောင် လူလွှတ်ပြီး ပြင်ခိုင်း ထားပြီးပြီ နောက်ဆိုရင် အဲခြံဝန်းတစ်ခုထဲမှာပဲနေရတော့မှာ”
“အဲဒါညီမလေးထန်လား” အမျိုးသမီးတစ်ယောက်သည် လျှောက်လာကာ ဘေဂုံထန်၏ လက်ကိုကိုင် ကာ ပြုံးပြီးပြောလေသည် “ငါက မင်းရဲ့ တစ်ဝမ်းကွဲအစ်မ ဖေဖေပဲ လာခဲ့ အရင်အဒေါ်နေခဲ့တဲ့အိမ်ကို ခေါ်သွား ပေးမယ်”
သူမပြောပြီးသည်နှင့် ရင်ရှိကိုပါ ညွှန်ပြလေသည်။
ရယ်စရာကောင်းလိုက်တာ။ ရင်လန်တို့က အခုတော့ ရတနာတွေဖြစ်သွားပြီလား။ သူတို့နဲ့ ဆက်ဆံရေး ဖြတ်လိုက်ပါက သိမ်းငှက်မျိုးနွယ်နဲ့ဆက်ဆံရေးကို ဘယ်လိုလုပ် ထိန်းသိမ်းနိုင်တော့မလဲ။
ဂဠုန်များ၏ ဘုရင်မှာလည်း သူမ၏ မိတ်ဆွေကောင်းဖြစ်သည်။ သူမသာမရှိလျှင် ထိုလူများသည် ရင်မျိုးနွယ်ကို ဂရုစိုက်မည်တောင်မဟုတ်ပေ။
မိသားစု၏ စိတ်ဝင်စားမှုကြောင့်ပင် ရင်လန်သည် မျိုးနွယ်အား ထွက်မသွားနိုင်ပေ။
ဘေဂုံထန်နှင့် တခြာသူများသည် သူတို့၏အတွေးများကို မမြင်နိုင်ခြင်းမဟုတ်ပေ။ သို့သော် ဘေဂုံထန် နှင့် သူမမိသားစု၏ ပျော်ရွှင်မှုကို မျှော်လင့်နေသူများရှိသောကြောင့် တော်သေးသည်။ ထို့ကြောင့် သူတို့သည် မတွက်ကတ်တော့ပေ။
အရေးကြီးဆုံးမှာ ရင်လန်သည် ထိုအကြောင်းများကို မတွေးပဲ ပြန်လိုသော ဆန္ဒရှိခြင်းဖြစ်သည်။ ဘေဂုံထန်သည် သူမအမေ၏ ဆန္ဒကိုဖြည့်ဆည်းပေးချင်ရုံသာဖြစ်သည်။
ရှီမာယူယူနှင့် တခြားသူများသည် အိမ်တော်သို့ ဧည့်သည်တော်များအဖြစ် ဖိတ်ကြားခြင်း ခံရကာ အားလုံးနားရန် ခြံဝန်းပါပြင်ဆင်ပေးလေသည်။ ထိပ်တန်းပြုစုမှုပဲ။
သူမသည် ညက တည်းခိုဆောင်သို့သွားခဲ့သေးသည်။ သို့သော် ရှီမန်ဖန်သည် ကျသင့်ငွေရှင်းကာ ထွက် သွားပြီဖြစ်ကြောင်း ကြားရလေသည်။ သူမသည် တည်းခိုဆောင်မှ ညိုးနွမ်းစွာ ထွက်လာပြီး လမ်းပေါ်တွင် စိတ်ပျံ့ လွင့်ကာ လျှောက်လာလေသည်။
သူသည် သူမကို မှတ်မိတာ သေချာနေတာကို ဘာလို့ထွက်သွားသေးတာလဲ။ သူသည် ထိုညကပင် ထွက်သွားသေးသည်။ ထိုနေ့ညက သူမထွက်ခဲ့သည်နှင့် သူသည် ငွေရှင်းကာ ထွက်သွားမည်ကို စိုးသည်။
သူက သူမကို မမှတ်မိရင်တော်သေးသည်။ ဒါပေမဲ့ ဘာလို့သူမကို ရှောင်နေတာလဲ။
“ဖန်လေး ငါ့ကို တစ်သက်လုံးအသိအမှတ်မပြုဖို့ကို ဆုံးဖြတ်ထားတာလား” သူမသည် ခါးသက်စွာ ခံစားရကာ သူ့အား မည်သည့်နေရာတွင်ရှာရမည်ကို မသိတော့ပေ။
ရုတ်တရပ်ပင် တစ်စုံတစ်ယောက်သည် သူမလက်မောင်းအား ဆွဲကာ ဟန့်တား လိုက်သည်။
“မင်းဆက်လျှောက်ရင် ထပ်ပြီး သစ်ပင်နဲ့ဝင်တိုက်လိမ့်မယ်” ဝူလင်းယူ၏ အသံသည် သူမအနောက်မှ ထွက်လာလေသည်။
ရှီမာယူယူသည် လှည့်ကြည့်ရာ ဝူလင်းယူအား တွေ့ရလေသည်။ ဒီတစ်ခါတော့ သူသည် မဲ့ပြုံးပြုံးမနေ ပါ။ သူသည် အလွန်ပင်စိတ်ပူနေသည့်ပုံပေါ်သည်။
“စီနီယာအစ်ကို ဒီမှာ ဘာလုပ်နေတာလဲ”
“မင်းအပြင်ထွက်သွားတာမြင်တာနဲ့ လိုက်လာတာ” ဝူလင်းယူ ပြန်ဖြေလေသည် “မင်းတည်းခိုဆောင် ကထွက်လာတာနဲ့ စိတ်တွေပျံ့နေမယ်လို့ ဘယ်သူထင်မှာလဲ သစ်ပင်ကို ထပ်တိုက်မိတော့မလို့ပဲ”
အခုမှပင် ရှီမာယူယူသည် သစ်ပင်ကြီးနှင့် ဝင်တိုက်ရန် ၁၀စင်တီမီတာလောက်ပင် ဝေးတော့သည်ကို သိလိုက်ရတော့သည်။
“ကျေးဇူးပဲ စီနီယာအစ်ကို”
“မင်းဘာတွေဖြစ်နေတာလဲ မင်းဒီလို စိတ်တွေလွင့်တာကို တစ်ခါမှမတွေ့ဖူးဘူး” ဝူလင်းယူ ပြောလေ သည်။
“ဘာမှမဟုတ်ပါဘူး” သူမသည် ခေါင်းရမ်းလိုက်လေသည်။ သို့သော် သူမသည် မနေ့ညက ရှီမန်ဖန်နှင့် တွေ့ခဲ့သောအချိန်အား တွေးနေမိသည်။
မဟုတ်သေးဘူး။
အခုမှပင် သူမသည်မနေ့ညက တစ်စုံတစ်ခုကို စဉ်းစားမိသွားလေသည်။ ရှီမန်ဖန်သည် အားမကောင်းခဲ့ ပေ။ မနေ့ညက သူ၏ ရောင်ဝါကိုကြည့်လျှင် သူသည် အုပ်ချုပ်သူ အဆင့်ဖြစ်သည်။ သို့သော် သူမ သေသွားခဲ့ သည့်အချိန်တွင် သူသည် အံ့ဖွယ် နယ်ရှင်အဆင့်သာရှိသေးသည်။ သူမထွက်သွားပြီး ၁၀နှစ်ကျော်အတွင်းကို သူ ဘယ်လိုလုပ် ဒီလောက်တိုးတက်လာတာလဲ။
သူ့အင်အားသည် အလွန်ထူးဆန်းသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှ အေးစက်သော အပူချိန်သည် လူတစ်ယောက်၏ သာမန်အပူချိန်မဟုတ်ပေ။ ထိုသည်မှာ သူသည် သာမန်လူမဟုတ်တော့သည်ကို ပြနေသည်။
“သေစမ်း မနေ့က အဲဒါကိုဘာလို့သတိမထားမိတာလဲ” ရှီမာယူယူသည် သူမကိုယ်သူမ ပြောလေသည်။
လူတစ်ယောက်သည် အားအင် တဟုန်ထိုးတိုးတက်ရန် နည်းလမ်းများစွာရှိသည်ကို ကြားဖူးသည်။ ထို နည်းလမ်းများသည် ခန္ဓာကိုယ်ကို အလွန်ထိခိုက်တတ်သည်။ ထို့အပြင် ရှီမန်ဖန် သည် ရုတ်တရက် အလွန် အားကောင်းလာသည်။ သူသာ ပုံမှန်ကျင့်ကြံမှု လုပ်ရင်းရလာသည်ဆို တော်သေးသည်။ သို့သော် ထိုကဲ့သို့ မဟုတ်လျှင် ပြဿနာဖြစ်သည်။
သို့သော် အေးစက်သောသူ့လက်များမှ အပူချိန်နှင့်ဆိုလျှင် သူ့အားကို ပုံမှန်ကျင့်ကြံမှု လုပ်ကာ ပျိုးထောင်ခဲ့ခြင်းမဟုတ်သည်မှာ သေချာနေသည်။
သူမ သူ့အားရှာရမည်။ သူ့တွင် တစ်ခုခုဖြစ်ပါက ဒုတိယအကြိမ်အဆုံးရှုံးမခံနိုင်ပေ။
ထို့အပြင် သူသည် သူမအားအသိအမှတ်ပြုရန် ငြင်းဆန်နေသည်။ ဒါကပင် အကြောင်းအရင်းဖြစ်နိုင်သည်။
ဝူလင်းယူသည် ရှီမာယူယူ၏ စိတ်ပျက်သောအမူအရာမှ စိုးရိမ်သော အမူအရာ ပြောင်းသွားသည်ကို သတိထားမိသောကြောင့် မေးလိုက်သည် “ဘာဖြစ်လို့လဲ”
“ကျွန်တော် ဖြေရှင်းစရာရှိတယ်လို့ ဘေဂုံနဲ့ တခြားသူတွေကို သွားပြောပေး၊ ဒီအချိန်အတွင်း ပြန်မလာ ရင် လေလံပွဲကိုသွားလိုက်တော့လို့ အဲမှာတွေ့ကြမယ်လို့” သူမသည် ပြောပြီးနောက် ထွက်သွားလေသည်။
“ခဏလေး ငါလည်းလိုက်ခဲ့မယ်” ဝူလင်းယူသည် သူမအား ဆွဲထားရင်း ပြောလေသည်။
“မလိုဘူး… ဟုတ်သားပဲ လိုက်ခဲ့လိုက်” ရှီမာယူယူသည် အစ်ပိုင်းတွင် ဝူလင်းယူအား ထိန်ချန်ထားရန် တွေးထားခဲ့သည်။ သို့သော် မိုရှားသိပြီးသားဖြစ်သဖြင့် သူတို့ပေါင်းစပ် လိုက်လျှင် သိသွားမည်ဖြစ်သည်။ ထို့အပြင် သူမသည် အပြင်ပိုင်းဒေသနှင့် မရင်းနှီးသဖြင့် သူမဘေးတွင် တစ်ယောက်ယောက်ရှိတာ ကောင်းမည်။
သူမလျှောက်လိုက်သည်နှင့် မိခင်ကျောက်တုံးထုတ်ကာ ရှီမာလိုင်နှင့် ဆက်သွယ်လိုက် သည်။ သူမ ထွက်သွားမည်ကို အားလုံးသိသောအခါ လန့်သွားကြကာ သူမနောက်လိုက် ချင်ကြသည်။
“အဘိုးတို့က ရင်မျိုးနွယ်မှာပဲ နေခဲ့ပါ” ရှီမာယူယူသည် သူတို့အား ငြင်းဆန်လိုက် လေသည် “ဘေဂုံက အခုမှ သူမမျိုးနွယ်ပြန်ရောက်တာ သူမကိုကူညီဖို့ ဘေးမှာနေပေး လိုက်ကြဦး၊ ကျွန်တော် လေလံပွဲစလို့ ပြန်မရောက်ဘူးဆိုရင် ကောင်းကင်နယ်မြေမှာ တွေ့ကြမယ် စီနီယာက ကျွန်တော်နဲ့ လိုက်မှာဆိုတော့ မစိုးရိမ်ကြ နဲ့ ဒါပဲနောက်ချ လိုက်တော့မယ်”
ပြောပြီးနောက်တွင် သူမကျောက်တုံးချလိုက်ပြီးနောက် တည်းခိုဆောင်အတွင်းဝင် ကြလေသည်။ သူမ သည် ဝူလင်းယူနှင့်အတူ ဝင်ကြလေသည်။
တည်းခိုဆောင်ပိုင်ရှင်သည် ရှီမာယူယူ ပြန်လှည့်လာသည်ကို တွေ့သောအခါ သူမပြောသည်ကို မစောင့်တော့ပဲ ပြောလိုက်သည် “ခုနကပြောပြီးပြီမဟုတ်ဘူးလား မျက်နှာဖုံးနဲ့လူက အခန်းခရှင်းပြီးတော့ နေထွက်တာနဲ့ ထွက်သွားခဲ့တာလို့”
ရှီမာယူယူသည် ချက်ချင်းပင် အလယ်အလတ်အဆင့်ကျောက်ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်လေ သည် “သူဒီကနေထွက်သွားပြီးတော့ ဘယ်သွားတာလဲဆိုတာ သိချင်တယ်”
ဆိုင်ရှင်သည် အလယ်အလတ်အဆင့်ကျောက်အားတွေ့ပြီးနောက် စဉ်းစားကာ ပြောလေသည် “ငါ တကယ်မသိဘူး”
စားပွဲထိုးသည် သူတို့နားမှ ဖြတ်လျှောက်သွားကာ ပြောလေသည် “အဲတုန်းက ကျွန်တော် အဲနားမှာရှိ နေတယ် သူနဲ့အတူပါလာတဲ့အမျိုးသမီးက ဒီနားကရှန်းဒုံးမြို့တော်ကို သွားကြမယ်လို့ပြောတာကြားလိုက်တယ်”
“သေချာလား” ရှီမာယူယူ မေးလိုက်သည်။
“အဲတုန်းက သူတို့နှစ်ယောက်က ငွေရှင်းပြီးပြီဆိုတော့ တံခါးနဲ့ နည်းနည်းဝေးဝေးမှာ ပြောနေတာ ဆိုတော့ သေချာတော့မကြားလိုက်ဘူး” စားပွဲထိုးပြန်ဖြေလေသည်။
“ကျေးဇူးပဲ” ရှီမာယူယူသည် အလယ်အလတ်ကျောက်အား စားပွဲထိုးကို ပေးပြီးနောက် ထွက်သွားလေ သည်။
စားပွဲထိုးသည် အလယ်အလတ်ကျောက်အား မြင်သောအခါ ချက်ချင်း တုန့်ပြန်လေ သည်။ ရှီမာယူယူ သည် သူ့အားရှာရန် ထွက်သွားသည်ကို မြင်သောအခါ ပြောလိုက်သည် “ဟုတ်သားပဲ သူတို့က ဖြတ်လမ်း တည်ဆောက်မှုကို မသုံးပဲ သားရဲပျံနဲ့ပဲ သွားမယ်လို့ ကြားတယ်”
သူမ အံ့သြသွားသည်။ ဟုတ်သားပဲ ဖန်လေးကလည်း သူမကဲ့သို့ပင်။ သူတို့သည် ဖြတ်လမ်း တည်ဆောက်မှုကို မူးဝေတတ်သည်။ မဝေးလျှင် သူမသည်လည်း ဖြတ်လမ်းတည်ဆောက်မှုကို သုံးမည်မဟုတ် ပေ။
“ရှန်းဒုံးမြို့တော်က ဘယ်ဘက်လဲ”
“အနောက်မြောက်မှာ မဝေးဘူးပဲ သားရဲပျံစီးသွားရင် ၁၀ရက်ပဲကြာမယ်” စားပွဲထိုးပြန် ဖြေလေ သည်။
“ကျေးဇူးပဲ”
ရှီမာယူယူသည် ဝူလင်းယူနှင့်အတူမြို့တော်မှ ထွက်ကာ အနောက်မြောက်ဘက်သို့ ဦးတည်လေသည်။ ရှီမန်ဖန်သည် သူတို့ထက် နေ့တစ်ဝက်စောထွက်သွားသည်ဖြစ်သဖြင့် သူတို့မြန်မြန်သွားပါက မှီမည်ဟု အစက ထင်ထားခဲ့သည်။ ထို့အပြင် သိမ်းငှက်များသည် ဂဠုန်များအကြားတွင် အရှိန်နှုန်းမှာ ထိပ်တန်းဖြစ်သည်။ သို့သော် ၇ရက် ၈ရက်ကြာသွားသည့် တိုင်အောင် သူတို့ကို မမြင်ရပေ။ ထို့ကြောင့်ပင် သူနှင့်လွဲနေပြီလားဟု သူမ တွေးမိ လေသည်။
နောက်ဆုံးတွင် သူတို့သည် ရှန်းဒုံးမြို့တော်သို့ ရောက်သောအခါ သူတို့အား မှီလိုက်လေသည်။ သူတို့ သည် တောင်ကြားတွင် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေခဲ့သည်။
တစ်ဖက်လူမှာ ၁၀ယောက်ကျော်ဖြစ်ကာ သိမ်းငှက်သည် သူတို့အား ပစ်မှတ်အနေနှင့် သဘောမထား ပေ။ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အနည်းငယ်ကွာဝေးသော နေရာတွင် ဆင်းကြကာ ဝူလင်းယူသည် သူမ အား အခြေအနေအားစောင့်ကြည့်ရန် ကွယ်သော နေရာသို့ခေါ်သွားလေသည်။