← Chapters

အပိုင်း (၅၀၀) – အစ်မကြီး

Vol. 005 Ch. 500

အပိုင်း (၅၀၀) – အစ်မကြီး

Vol. 005 Ch. 500

“မင်းဘယ်သူပဲဖြစ်ဖြစ် ငါတို့ရင်ယန်နန်းတော်ကို ဆန့်ကျင်ရဲတဲ့အတွက် မင်းဘယ်ကိုပဲ ပြေးပြေး ငါတို့ လိုက်မှာပဲဆိုတာကို ဆိုလိုတာပဲ”

လူ၁၀ယောက်သည် ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့ကို လူသတ်မည့် ပုံစံများဖြင့် ဝိုင်းလိုက်ကြသည်။ သူတို့ အားလုံးသည် အားကောင်းကြသည်။ သူတို့သည် ရှီမန်ဖန်အား ကောင်းကြောင်းကို သိကြသဖြင့် သူ့ကိုသတ်ရန် လူအများကို စေလွှတ်လိုက်သည်။

“ရင်ယန်နန်းတော်က လူတွေအကုန်သေရမယ် မင်းတို့ရောပါတာပေါ့” ရှီမန်ဖန်၏ အက်ကွဲသော အသံ သည် ခါးသက်နေသည်။

ရင်ယန်နန်းတော်လား။

ရှီမာယူယူ လန့်သွားသည်။ ထို့နောက်မုန်းတီးမှုကို မသိစိတ်မှခံစားလိုက်ရလေသည်။

သူမအကြည့်များပြောင်းသွားသည်ကို ဝူလင်းယူတွေ့လိုက်သဖြင့် အလွန်သိချင်မိ သည်။ ဒီကောင်လေး နဲ့ ရင်ယန်နန်းတော်နဲ့က ဘယ်လိုပတ်သတ်မှုတွေရှိတာလဲ။

“ရှင်တို့က ကျွန်မတို့ကိုသတ်ဖို့အတွက် သတ္တိမွေးလာရမှာပဲ” ကုန်ရှန်ယိသည် ရင်ယန် နန်းတော် မှ လူ များကို ကြိမ်းမောင်းလိုက်သည်။

“ကုန်ရှန်ယိ မင်းက ရှေးဟောင်းကုန်ရဲ့ သခင်မလေးဖြစ်လို့ ငါတို့က မင်းကိုမတိုက်ရဲဘူး ထင်နေတာ လား”

“ရှင်တို့ ရင်ယန်နန်းတော်က တတိယအဆင့်စွမ်းအားပဲရှိတာ ဒါပေမဲ့ ကျွန်မတို့ကို ဆန့်ကျင်ရဲ တယ် ဟုတ်လား” ကုန်ရှန်ယိသည် ငယ်ရွယ်ကာ ရှီမန်ဖန်ကို အမြဲတမ်း နှောင့်ယှက်နေသော်လည်း အပြင်တခြား လူများကို ခြယ်လှယ်နိုင်သည်။

“မင်းတို့ပဲ ငါတို့မျိုးနွယ်ခွဲသခင်ကို သတ်သွားတာလေ အဲဒါကြောင့် မင်းတို့ကို သတ်ဖို့လာခဲ့တာ” ထိုလူ ပြန်ဖြေလေသည်။

“သူက သေသင့်တဲ့လူ” ရှီမန်ဖန်သည် ဓားရှည်ကိုထုတ်လိုက်သည် “မင်းတို့ရောပဲ”

သူပြောပြီးသည်နှင့် ချက်ချင်းပင်လှုပ်ရှားက သူတို့အား သတ်လေသည်။

ရှီမာယူယူသည် သူဒဏ်ရာရသွားမည်ကို အလွန်စိုးရိမ်နေလေသည်။ သို့သော် သူသည် သူတို့လောက် တိုက်ပွဲတွင် သန်မာပြီး ကြောက်မက်ဖွယ်ကောင်းသည်ကို မြင်လိုက်ရသည်။ သူ၏ ဝိညာဉ်စွမ်းအင်ပင်လျှင်  ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏ ကိုယ်ခံပညာသာ အားမကောင်းသည့်ပုံ ဖြစ်သည်။

သူမစိတ်ထဲမှ သံသယများတိုးပွားလာသည်။ ဖန်လေးက ဒီနှစ်တွေမှာ ဘယ်လိုတွေကြုံခဲ့ရ တာလဲ…

လူတချို့သည် မလှုပ်ရှားပဲ ရပ်နေသည့်လူများလည်းရှိသည်။ သူတို့သည် လှုပ်ရှားရန် အစီအစဉ်မရှိပဲ လူအင်အားများရန်သာ လိုက်လာခြင်းဖြစ်မည်။ သို့သော် လူအရေအတွက်များ သော်လည်း သူတို့နှစ်ယောက်ကို မနိုင်သည်ကို ကြည့်ရင်းနှင့် သူတို့လည်း စိတ်ပူလာကာ တိုက်ပွဲတွင် ဝင်ပါကြလေသည်။

ကုန်ရှန်ယိ၏ ကိုယ်ခံပညာမှာအနည်းငယ်ထူးဆန်းသည်။ သူမသည် မသန်မာသော် လည်း လူတချို့ကို အကြောသေအောင်လုပ်နိုင်သည်။ သို့သော် သူမသည် ရှီမန်ဖန်ကို ကူညီပေးရန် မဖြစ်နိုင်သေးပေ။

ဘုရင်အဆင့်မြင့်နှစ်ယောက် လှုပ်ရှားကာ တချို့လူများသည် တွေ့ကရာ တိုက်ခိုက်ကြသည်ကို ရှီမာယူယူ တွေ့လိုက်ရသည်။ ရှီမန်ဖန်၏ စွမ်းအားမှာ အကန့်အသတ်ရှိ သည်။ သူ့လက်များသည် လူ၁၀ယောက် ကို တိုက်ရန် အားထုတ်နေရသည်။ တစ်ခဏအတွင်းမှာပင် သူသည် ဒဏ်ရာများရ လာသည်။

ရှီမန်ဖန်ဒဏ်ရာရသည်ကို ရှီမာယူယူတွေ့သောအခါ သူမသည် စိုးရိမ်သောကြောင့် မတ်တတ်ရပ်ကာ  ပြေးသွားရန် ဟန်ပြင်လိုက်သည်။

“မင်းဘာလုပ်မလို့လဲ” ရှီမာယူယူ ပြေးသွားတော့မည်ကို ဝူလင်းယူတွေ့သည်နှင့် သူမကို ချက်ချင်း ဆွဲ လိုက်သည်။

“သူဒဏ်ရာရနေပြီ ကယ်မှဖြစ်မယ်” ရှီမာယူယူသည် စိုးရိမ်စွာ အော်လိုက်လေသည် “သွားရအောင်”

“မင်းက အဲလောက်မသန်မာသေးဘူးလေ မင်းသွားမယ်ဆိုရင် သေမှာပဲ” ဝူလင်းယူသည် မျက်မှောင် ကြုတ်ကာ ပြောလေသည်။

“ဒါပေမဲ့ သူဒဏ်ရာရာတာကို ရပ်မကြည့်နိုင်ဘူး” ရှီမာယူယူ အော်လိုက်သည် “သူ့ကို တစ်ခါဆုံးရှုံးပြီးပြီ  နောက်တစ်ခါ အဆုံးရှုံးမခံနိုင်ဘူး”

ရှီမာယူယူ ဘာကိုဆိုလိုသည်ကို ဝူလင်းယူ မသိပေ။ သို့သော် သူမစိုးရိမ်နေသည်ကို နားလည်ကာ စိတ်မကောင်းဖြစ်သောကြောင့် ပြောလိုက်သည် “ဒီမှာစောင့်နေ”

သူပြောပြီးနောက်တွင် မီးတောက်ရွှီလင်းကို ခေါ်ကာ “မင်းသွားလိုက်”

မီးတောက်ရွှီလင်းသည် ခေါင်းညိမ့်ကာ ထိုနေရာတွင် သွားတိုက်ခိုက်တော့သည်။ သူသွားပြီးနောက် ရှီမန်ဖန်ကို ကယ်တင်လေသည်။

“မီးတောက်ရွှီလင်း”

ရင်ယန်နန်းတော်မှ လူများတင်သာမကပဲ ရှီမန်ဖန်ပင်လျှင် ထိုလူပေါ်လာသည်ကို အလွန်အံ့သြသွား လေသည်။

“မီးတောက်ရွှီလင်းက မြင့်မြတ်သောသားတော်ရဲ့ စာချုပ်သားရဲမလား” တစ်စုံတစ် ယောက်က အော်လိုက် သည်။

“ပညာရှိစံအိမ်တော်က ဒီရောက်နေတာလား”

“ပညာရှိစံအိမ်တော်က ဒီနားမှာပဲထင်တယ် ဒီကကိစ္စတွေကိုလာစိတ်ဝင်စားလို့ပါလား” ရင်ယန် နန်းတော်မှ တစ်ယောက်သည် ပြောလိုက်သည် “ဒါပေမဲ့ စိုးရိမ်စရာမလိုဘူး ငါတို့ရင်ယန်နန်းတော်က ပညာရှိ စံအိမ်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတယ်”

အားလုံးရပ်သွားသည်နှင့် ကုန်ရှန်ယိသည် ရှီမန်ဖန်၏ ဘေးသို့ ပြေးသွားလေသည်။ သူမသည် သူ့အား စိုးရိမ်စွာဖြင့် ထူလိုက်ကာ မေးလိုက်သည် “ရှင်အဆင်ပြေရဲ့လား”

ရှီမန်ဖန်သည် လက်ကိုမြှောက်ကာ ရုတ်တရက်ပေါ်လာသော မီးတောက်ရွှီလင်းအား အချက်ပေး လိုက် သည် “ခဏနေရင် သူတို့ကို ပိတ်ထားမယ် မင်းအခွင့်အရေး စောင့်ပြီးပြေးတော့”

“ရှင့်ကိုပစ်ထားပြီး ဘယ်လိုလုပ်တစ်ယောက်တည်း ပြေးမလဲ” ကုန်ရှန်ယိသည် ရှီမန်ဖန်၏ လက်မောင်း ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ “ကျွန်မက ရှင်နဲ့လိုကခဲ့မှာတော့ သေသေရှင်ရှင်အတူတူပဲ ကျွန်မတို့ သေ သွားရင်လည်း အတူသေမယ် လုံးဝလက်မလွှတ်ဘူး”

ရှီမာယူယူသည် ကုန်ရှန်ယိကို အဝေးမှကြည့်နေသည်။ သူမသည် အရင်ဘဝက ဒီလူအကြောင်းကို ကြားဖူးသည်။ သို့သော် သူမ၏ ဂုဏ်သတင်းမှာ မကောင်းပေ။ သို့သော် အခုသူမကို ကြည့်ရာတွင် ကျေနပ်စွာ  ခေါင်းညိမ့်မိသည်။ တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲမှပျော်မိသည်။ ဖန်လေးသည် ထိုနှစ်တွေမှာ တစ်ယောက် တည်းခံစားခဲ့ရမှာ။ သူ့ဘေးမှာ တစ်စုံတစ်ယောက်ရှိတယ်ဆိုရင် သူ့ဘဝက အမှောင်ထဲမှာရောက်နေတယ် ဆိုရင်  တောင်  သူမက အလင်းရောင်ကို ယူလာပေးမှာပဲ။

“မီးတောက်ရွှီလင်း… မြင့်မြတ်သောသားတော် ရောက်လာာတာလား”

မီးတောက်ရွှီလင်းသည် သူတို့အား ကြည့်ပြီးပြောလေသည် “ဟုတ်တယ် သခင်က ငါ့ကိုလာခိုင်းလိုက် တာပဲ… ပြီးတော့ မင်းတို့အားလုံးကိုသတ်ပေးမယ်”

ပြောပြီးနောက်တွင် သူသည် ရင်ယန်နန်းတော်၏ လူများကို တိုက်ခိုက်ရန် လှုပ်ရှားတော့သည်။

သူသည် သူ့သခင်ကို သဘောပေါက်သည်။ သူလှုပ်ရှားသည်နှင့် သူတို့ကို သတ်ကိုသတ်ရမည်။ မဟုတ်လျှင် ထိုသတင်းသည် ပညာရှိစံအိမ်တော်ကို ရောက်သွား လိမ့်မည်။

ရှီမာယူယူမင်လျှင် မီးတောက်ရွှီလင်း၏ လက်ရှိအဆင့်ကို မပြောနိုင်ပေ။ သို့သော် မနိမ့်သည်ကိုတော့ သူမ သိသည်။ မဟုတ်လျှင် ရှီမန်ဖန်ကို တိုက်ခိုက်နေသော လူများကို တစ်ခါတည်း နှစ်ယောက် သုံးယောက်  သေအောင် မတိုက်နိုင်ပေ။

“မီးတောက်ရွှီလင်း မင်း…”

ရင်ယန်နန်းတော်မှလူများသည် မီးတောက်ရွှီလင်းက သူတို့ကို တိုက်မည်ကို သိသောအခါ အလွန်အံ့သြ သွားကြကာ ချက်ချင်းပင် လေးဘက်လေးလံသို့ ပြေးကြလေသည်။

“ဘမ်း”

ထွက်ပြေးသွားသောလူများကို ဝူလင်းယူပိတ်ကာ သတ်လိုက်သည်။ သူတို့သည် သေသွားသည့်အချိန် မှာတောင် ဝူလင်းယူ သူတို့ကို သတ်ရသည့်အကြောင်းအရင်းကို မသိလိုက်ရပေ။

ရှီမာယူယူသည် ဝူလင်းယူ တိုက်ခိုက်သည်ကို စောင့်ကြည့်နေရာ ထိုသည်မှာ သူလူသတ်သည်ကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် သေသပ်ကာ လှပသည်။ သူသည် တစ်ယောက်  ယောက်ကိုသတ်နေသည်နှင့် မတူပေ။ သူသည် တင့်တယ်သည့်အရာကိုလုပ်နေသည်နှင့် တူနေသည်။

ထို့အပြင် သူသည် သူ့အင်အားကို ဖုံးကွယ်ထားသဖြင့် သူဘယ်အဆင့်ရောက် နေသည်ကို ပြောရခက် သည်။

ကုန်ရှန်ယိသည် ဝူလင်းယူအား မျက်လုံးပြူးများဖြင့် ကြည့်ကာ မယုံကြည်စွာ မေးလိုက်သည် “ရှီမန်ဖန် ကျွန်မ မြင်တာမမှားဘူးမလား သူက.. ကျွန်မတို့ကို ကူညီပေးနေ တယ်၊ သူက ပညာရှိစံအိမ်တော်က မြင့်မြတ် တဲ့သားတော်မှဟုတ်ရဲ့လား”

“မဟုတ်ဘူး” ရှီမန်ဖန်သည် ဝူလင်းယူအား ကြည့်လိုက်သည်။ ဘာတွေဖြစ်နေသည်ကို သူ နားမလည်  တော့ပေ။

“ဘာလို့…” နောက်ဆုံးလူလဲကျသွားသည့်အချိန်တွင် သူသည် ဝူလင်းယူအား နားမလည်စွာ ကြည့် လိုက်သည်။

ဝူလင်းယူသည် မိုးပေါ်မှ ဆင်းလာကာ ရှီမာယူယူအား ကြည့်ပြီးပြောလိုက်သည် “သူမက မင်းတို့ အားလုံးကို သေစေချင်တာလေ အဲတော့ တစ်ယောက်မှအရှင်ထားလို့မရဘူး သူတို့ကို တိုက်ဖို့ဘယ်သူ အမိန့်  ပေးလိုက်တာလဲ”

ထိုလူသည် သူကာကွယ်ပေးသည်မှာ ဘယ်သူဖြစ်သည်ကို သိချင်သဖြင့် ရှီမာယူယူ ဘက်သို့ ကြည့်ရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ၏ နောက်ဆုံးထွက်သက်အထိ သူမဘယ်သူဆိုသည်ကို သူ မသိလိုက်ရပေ။

ရှီမန်ဖန်သည်လည်း ဝူလင်းယူကြည့်သောဘကိုကြည့်လိုက်ရာ ရှီမာယူယူကို မြင်သောအခါ မှင်တက် သွာေးလသည်။ သူသည် တုန်ယင်လာသည်။

“ဒီနေ့ ကျွန်မတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးပါ မြင့်မြတ်သောသားတော် ဒီနေ့ကယ်ပေးတဲ့ အတွက် တစ်ရက်ရက်တော့ သေချာပေါက် ပြန်ဆပ်မှာပါ သွားတော့မယ်” သူသည် ဝူလင်းယူအား လက်အုပ်ချီပြီးနောက် လှည့်ထွက်ရန် ပြင်လေသည်။

သူထွက်သွားတော့မည်ကို ရှီမာယူယူ မြင်သောအခါ အော်လိုက်သည် “ရှီမန်ဖန် မင်းထပ်ပြီး ထွက်သွား မယ်ဆိုရင် ငါ့ကို ဘယ်တော့မှအစ်မလို့မခေါ်နဲ့တော့ မင်းလိုမောင်ရှိ တယ်လို့လည်း ငါမသတ်မှတ်တော့ဘူး မနက်ဖြန်ကျရင် ငါ ရင်ယန်နန်းတော်ကိုသွားပြီး အပြစ်အတွက် သွားပေးဆပ်မယ် မင်းသေသေရှင်ရှင် ဂရုမစိုက်  တော့ဘူး”

ရှီမန်ဖန်သည် တန့်သွားကာ လှည့်ပြီး သူမနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူသည် သူမအား ရှုပ်ထွေး  သောအကြည့်ဖြင့် ကြည့်လိုက်သည်။

ရှီမာယူယူသည် ထပ်ပြီး တိတ်ဆိတ်သွားပြန်ကာ သူ့ဘက်သို့ ကြည့်နေလေသည်။

အချိန်အတန်ကြာပြီးနောက်တွင် ရှီမန်ဖန်သည် အားဖျော့စွာ ပြောလေသည် “အစ်မ…”

All Chapters