← Chapters

ကြီးစိုးခြင်း

Vol. 3 Ch. 31

ကြီးစိုးခြင်း

Vol. 3 Ch. 31

ချန်ရှီသည် ဖုန်းရှီးဝက်ရဲ့ နောက်ခြေထောက်များကို ထမ်းကာ တောင်ချောင်းဆီသို့ ပြန်လှည့်သွားခဲ့သည်။

"သူ့ကိုငါ စိုက်ကြည့်နေတာ မြင်တော့ ငါ စားချင်နေတာလို့ ထင်ပြီး နောက်ခြေထောက်ကို ကင်ပေးနေတာ ဖြစ်မယ်"

ဆန်းကြယ်မြွေတောင်ကြီးက သူ့စိတ်ထဲမှာ တိတ်တဆိတ် ပြောနေ၏။ သူသည် ချန်ရှီ၏စိတ်ပညာကို အလွန်ရှင်းလင်းစွာ နားလည်နေသလိုပင်။ သို့ရာတွင် သူသည် နှစ်ပေါင်းများစွာ အသားကို မထိဘဲ လေကိုရှုရှိုက်ပြီး မိုးနှင့် နှင်းကိုသာ သောက်ခဲ့သည်။

သူ့ရည်မှန်းချက်များက မြင့်မြတ်ပြီး ကောင်းကင်ပြင်ရှိ စစ်မှန်သော နတ်ဘုရားကဲ့သို့ ထာဝရ မလှုပ်မယှက်၊ အစာမရှိ၊ အိပ်မပျော်ဘဲ ကမ္ဘာကြီး၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေလိုခြင်းသာ ဖြစ်သည်။

ဒါပေမယ့်……။

အသားကင်အနံ့က အရမ်းမွှေးနေသည်။

သူသည် ဖုန်းရှီး၏ နောက်ခြေထောက်များကို စိုက်ကြည့်ကာ ဤကလေးက အသားကင်တဲ့ နေရာမှ ကျွမ်းကျင်မှုတချို့ရှိကြောင်း တိတ်တဆိတ် ဝန်ခံလိုက်ရသည်။

"ငါ့လောဘက ထိန်းချုပ်ထားရလို့ ဖြစ်ကောင်းဖြစ်မယ်"

ဆန်းကြယ်မြွေတောင်ကြီးသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုအကောင်ရဲ့ နောက်ခြေထောက်များကို မြည်းစမ်းကြည့်ချင်လာသည်။ သူသည် လောဘစိတ်ကို ထိန်းချုပ်ထားသော်လည်း ဦးနှောက်က စဉ်းစားနေရသည်။

ဆန်းကြယ်မြွေတောင်ကြီးမှာ အသားကင် ခြေထောက်ကို စားပြီးတဲ့နောကိ သူ့စိတ်က ချန်ရှီရဲ့နောက်ကို လိုက်ပါသွားခဲ့သည်။

"ကောင်းကင်ပြင်မှာ စစ်မှန်တဲ့ နတ်ဘုရားလို ဖြစ်ချင်တယ်... ကမ္ဘာပေါ်က အရာအားလုံးကို မြင်ရတယ်။ နတ်ဘုရားရဲ့ တာအို နှလုံးသားက ကျောက်တုံးလို ခိုင်မာပြီး လွယ်လွယ်နဲ့ မပြောင်းလဲနိုင်ဘူးလို့ ထင်ခဲ့တာ... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လလောက်က စပြီး အမှောင်ထုက နာရီဝက်လောက်စောပြီး ရောက်လာတယ်..."

ဆန်းကြယ်မြွေတောင်ကြီးရဲ့ မျက်လုံးများက ပိုမိုလေးနက်လာသည်။

"ကောင်းကင်က နတ်ဘုရားကလည်း ပြောင်းလဲနေပြီ... ဒါပေမဲ့ သူ့ပြောင်းလဲမှုက အရမ်းရှည်လျားတယ်... သူတစ်ခါပြောင်းလဲရင် လူသားများတွေက မွေးဖွား၊ အိုမင်း၊ နာမကျန်းတာနဲ့ သေဆုံးတာတွေကို မျိုးဆက်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရတယ်... နတ်ဘုရားရဲ့ ပြောင်းလဲမှုက ကမ္ဘာကြီးကို ပြောင်းလဲစေတယ်လို့ ထင်ရပေမယ့် အဲဒါက ဘယ်လိုမှ သက်ရောက်မှု မရှိနိုင်ဘူး... ငါလည်း ပြောင်းလဲဖို့ လိုအပ်နေပြီ"

သွေးအစာ စားလိုက်တဲ့ အချိန်က သူ၏ မယိမ်းယိုင်သော တာအို နှလုံးသားကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။ သို့သော် သူသည် အသက်ကြီးလွန်းပြီး သူ့အတွက် ချန်ရှီကတော့ တိုတောင်းသော ဘဝဖြတ်သန်းသွားသူ တစ်ဦးမျှသာ ဖြစ်သည်။ ချန်ရှီသည် သူ့အား တာအိုဘာသာ၏ ခံစားချက်ကို ယူဆောင်လာ​ပေးခဲ့သည်။

သူသည် ညအချိန်တွင် ထိုလူငယ်ရဲ့ အိပ်မက်ထဲသို့​ဝင်ကာ ချန်ရှီအား အသက်ရှုနည်း၊ သွေးအစစ်အမှန်ကို ထိန်းညှိနည်းနှင့် သူ့​ကိုယ်ပိုင်အတွေးများနှင့်အညီ ခန္ဓာကိုယ်အနှံ့ လှုပ်ရှားပုံတို့ကို သွန်သင်ပေးခဲ့သည်။

ချန်ရှီ ညဘက် အိပ်ရာဝင်သောအခါတွင် သူနှင့်အတူ လေ့ကျင့်ရမည် ဖြစ်ပြီး နေ့ခင်းဘက်ကို အကုန်လုံးကို မေ့သွားလိမ့်မည်။ ညဘက် ပြန် အိပ်ပျော်သွားသောအခါတွင် ၎င်းကို သတိရပြီး သူနှင့်အတူ ဆက်လက် လေ့ကျင့်သည်။

ချီသွေးအစစ်အမှန်ကို မလဲလှယ်နိုင်ခင် ငါးရက် သို့မဟုတ် ခြောက်ရက်ခန့် အချိန်ယူရမည် ဖြစ်သည်။ ထို့နောက် ဆန်းကြယ်မြွေတောင်ကြီးက ချန်ရှီအိပ်မက်ထဲကို ထပ်မဝင်တော့ချေ။ သူ့အမြင်အရ သူသည် ဖုန်းရှီးဝက်ရဲ့ နောက်ခြေထောက်အတွက် ချန်ရှီကို ပေးဆပ်ခဲ့ပြီးပါပြီ။

ချန်ရှီ မျက်လုံးများကို မှိတ်ထားလိုက်သည်နှင့် သူ့နှလုံးမှစတင်ကာ သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများကို ခံစားနိုင်သည်။ ကြီးကျယ်ခမ်းနားသော ပင်ကိုယ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း အားလုံးဆီသို့ သယ်ဆောင်သွားနိုင်သည်။

ချီသွေးများက သူ့နှလုံးခုန်သံနှင့်အတူ၊ ခြေလက်များနှင့် အရိုးများအဆုံး တည့်တည့် စီးဆင်းသွားသည်။ သူ့အရေပြားပေါ်က ဒဏ်ရာတွေ၊ အရင်ဒဏ်ရာတွေက ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကိုလည်း ရှင်းရှင်းလင်းလင်း ခံစားလာနိုင်နေပြီ။

သူ့အရေပြား မျက်နှာပြင်အနှံ့ မှုတ်ထုတ်လာသော လေနုအေးကိုလည်း သူခံစားနိုင်ပြီး ဆံပင်တွေရဲ့ အနည်းငယ် ယိမ်းနွဲ့နေပုံကိုပါ အာရုံခံနိုင်ပြီ ဖြစ်သည်။ ဒါ့အပြင် သူ့ဒဏ်ရာနဲ့ အမာရွတ်တွေကို ပြုပြင်ဖို့ သူ့သွေးကို ချိန်ညှိနိုင်ပါ၏။

ဒါဟာ စစ်မှန်တဲ့ ချီသွေးကို လဲလှယ်ရခြင်း၏ အံ့သြဖွယ် အကျိုးသက်ရောက်မှုပဲ ဖြစ်သည်။

ဒါတင်မကသေးပေ။ စစ်မှန်တဲ့ ချီသွေးကို သန့်စင်ပေးခြင်းဖြင့် သူ့အတွင်းအင်္ဂါတွေကို စစ်မှန်တဲ့ ချီနဲ့ သူ့ရဲ့သွေးတွေက အဆက်မပြတ် ပိုသန်မာလာစေသည်။ အတွင်းအင်္ဂါများ၏ ဖုံးကွယ်ထားသော အန္တရာယ်များနှင့် မွေးရာပါ ချို့ယွင်းချက်များက တဖြည်းဖြည်း ပြုပြင်လာကြသည်။

ဒါကတော့ အင်္ဂါငါးပါး ပြည့်စုံခြင်းဟု ခေါ်သော သူ​တော်စင်သန္ဓေသား၏ ဒုတိယအဆင့်ပဲ ဖြစ်သည်။ စစ်မှန်သော ချီသွေးကို လဲလှယ်ပြီး အတွင်းအင်္ဂါငါးခုကို ချီသွေးအစစ်ဖြင့် အာဟာရဖြည့်သွင်းမှသာ အတွင်းအင်္ဂါငါးပါးက စစ်မှန်လာနိုင်မည် ဖြစ်သည်။

ချန်ရှီသည် အလင်းသုံးပါး ကျင့်စဥ်ကို အသက်သွင်းလိုက်တဲ့အခါ နတ်အလင်းက ပို၍တောက်ပလာသဖြင့် နတ်ကွန်းက အလိုအလျောက် ပေါ်လာသည်။ ကျင့်စဥ်ကို အသက်မသွင်းတော့ရင်တောင် နတ်ကွန်းက ဆက်လက် တည်ရှိနေမှာ ဖြစ်ပြီး အသက်ရှူကြိမ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပြီးမှသာ ပျောက်ကွယ်သွားပေမည်။

သူ အရမ်းပျော်သွားသည်။

"နတ်ကွန်းကို ဒီထက်ပိုကြာအောင် ထိန်းထားနိုင်ရင် ကောင်းကင်နှလုံးချီကျင့်စဥ်ရဲ့ ဓားသိုင်းကို လေ့ကျင့်ဖို့ ကြိုးစားနိုင်ပြီ... ဒါပေမဲ့ အဲဒီကျင့်စဥ်ကို သင်ယူဖို့ မြို့မှာရှိတဲ့ ကျောင်းကို သွားမှရမှာ..."

သူသည် ငွေအနည်းငယ် စုဆောင်းထားသော်လည်း ကိုယ်ပိုင်ကျောင်းအတွက် လုံလောက်မှုရှိမရှိ မသိသေးချေ။ ချန်ရှီသည် သူ့ကိုယ်သူ စွပ်ပြုတ်အ​ဖြစ် ချက်နိုင်လောက်တဲ့ ကြီးမားသော အိုးကြီးကို ကိုင်ကာ လိပ်ခွံကို အိုးအဖုံးအဖြစ် သုံး၍ တောင်ပေါ်မှ ထွက်လာခဲ့သည်။

ချီသွေးစစ်အဖြစ် ပြောင်းလဲပြီးနောက်တွင် ယခင်ကလို ပြင်းထန်တဲ့ ဆာလောင်မှု ခံစားချက်တွေ မရှိတော့ပေ။ အမဲလိုက်ရန် တောင်တန်းများတွင်လည်း မနေခဲ့ရတော့တာကြောင့် အိမ်သာ ပြန်လာခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ချီသွေးအစစ်အမှန်သို့ ပြောင်းလဲနေရတာနဲ့ အိမ်မပြန်ဘဲ ရက်အတော်ကြာအောင် နေခဲ့တာမလို့ သူ့အဘိုးနှင့် အိုးမည်းကိုတောင် အနည်းငယ် လွမ်းဆွတ်လာခဲ့သည်။

အိမ်ကနေ အကြာကြီး ထွက်သွားဖူးတာ ဒါပထမဆုံးအကြိမ် ဖြစ်ပြီး အိမ်မှာ ဆေးချက်ဖို့ အိုးကြီးတစ်လုံးကိုလည်း ယူလာတာကြောင့် သူ့အဖိုးက အပြစ်ပေးမှာကိုလည်း ကူကယ်ရာမဲ့ စိုးရိမ်နေမိပြန်၏။

"ဒါပေမဲ့ ငါ့မိသားစုက စားစရာတွေကို အကုန်စားပစ်ပြီ... တောင်ကိုမှီပြီး တောင်ကိုမစားခဲ့ရင် ငါ ငတ်သေလိမ့်မယ်"

"အဘိုးက သေချာပေါက် စိတ်ဆိုးသွားမှာ သေချာတယ်...ဟေးကော်ကလာ်း ငါ့အကြောင်း မကောင်းပြောလိမ့်မယ် ဒါပေမယ့် ငါ့အမှားကို ဝန်ခံဖို့ အစပျိုးခဲ့မယ် ဆိုရင်တော့ ​အဘိုးက ငါ့ကို သေတဲ့အထိ ရိုက်နှက်မှာ မဟုတ်ဘူး.... သူလုပ်နိုင်ဆုံးအရာက ငါ့ကိုကြိုးချည်ပြီး နည်းနည်းလေး ရိုက်နှက်တာ​လောက်ပဲ ရှိမှာ"

သူသည် ကန်းကျစ်ရွာကို ဖြတ်သွားသောအခါ အဘွားရှားကို နှုတ်ဆက်ရန် ဝင်လိုက်သေးသည်။ အဘွားရှားက သူ့ကို သတိထားပြီး ကြည့်နေကာ အိမ်ထဲကို ဝင်ခွင့်မပေးချေ။

"သားချစ်တဲ့ အမေက သူ့သားကို ဆုံးရှုံးရတတ်တယ်တဲ့...အခု ငါ့အိုးထဲမှာ ဆန်တစ်စေ့တောင် မကျန်တော့ဘူး!"

ချန်ရှီ အိုးကြီးတစ်လုံးကိုချ၍ အဖုံးဖွင့်ကာ ပေါင်တစ်ရာ​ကျော်သော ဝိညာဥ်သားရဲ၏ အသားများကို ထုတ်ပေးရင်း ပြုံးပြုံးလေး ပြောလိုက်ပါ၏။

"ကျွန်တော် အဘွားဆီက အရမ်းစားထားလို့ လျော်ကြေးပေးဖို့ အသားတွေ ယူလာခဲ့တာ"

ဒါကို မြင်လိုက်တာနဲ့ အဘွားရှားလည်း ရုတ်တရက် အရမ်းရှက်သွားပြီး စကားပြင်ပြောလိုက်သည်။

"အမှန်အတိုင်း ပြောရရင် အိမ်မှာ မင်းအတွက် အိုးတစ်လုံး ဖွင့်ထားပါတယ်... ရှောင်ရှီ ထမင်းစားပြီးမှ သွားမလား"

ချန်ရှီကလည်း အဘွားရှားက သူ့ကိုစားဖို့ စိတ်ရင်းမမှန်နဲ့ ဖိတ်ခေါ်နေတာ တွေ့တဲ့အခါ အိမ်လွမ်းနေတာကလည်း များတော့ အိုးကြီးတစ်လုံးကို ကောက်ယူပြီး ထွက်သွားခဲ့သည်။

အိုးကြီးသည် ဝိညာဉ်သားရဲ အမျိုးမျိုး၏ အရသာအရှိဆုံး အစိတ်အပိုင်းများ ဖြစ်သည့် အသားများဖြင့် ပြည့်နေသည်။ သူ အဘွားရှားကို ဂုဏ်ပြုသည့်အပြင် အဘိုးနှင့် ကန့်ညောင်ကို ကန်တော့ဖို့လည်း လိုအပ်သေး၏။

ဟွမ်ဖောရွာကို ပြန်ရောက်ရောက်ချင်း ယွိကျူအဘွားရဲ့ တံခါး​ရှေ့ကို ရောက်လာပြီး အိုးကြီးတစ်လုံးချကာ တံခါးကို ခေါက်လိုက်သည်။ ယွိကျူ တံခါးကို ဖွင့်လိုက်သောအခါတွင် ကျင်၁၀ အလေးချိန်ရှိသော အသားတစ်ပိုင်းကို သူမ မြင်လိုက်ရသည်။

သူ့အိမ်ဘေး တံခါး​ခေါက်သံကြောင့် လှည့်ကြည့်လိုက်တော့ ချန်ရှီသည် ကျင်တစ်ဆယ် အလေးချိန်ရှိသော အသားပိုင်းကို အိမ်ဘေးတံခါးမှာ ချိတ်ဆွဲပေးနေတာ တွေ့လိုက်ရသည်။ ထိုစဥ် ယွိကျူရဲ့အဘွားက အနောက်ကနေ လှမ်းမေး၏။

"ကလေးမ... အပြင်မှာဘယ်သူလဲ"

"အဖွားပြောခဲ့တဲ့ သေသွားတဲ့ကလေး..."

ယွိကျူလည်း အသားတွဲကို ခြံထဲပြန်သယ်သွားပြီး အဖွားကို လှည့်ပြောလိုက်သည်။

"ဒီအသားတွေ ပေးသွားတယ်.. အဖွား သမီးတို့ အသားမစားရတာ ကြာပြီနော်!"

အဘွားဖြစ်သူကလည်း အံ့သြသွားသည်။ ခြံထဲကနေ ချောင်းကြည့်လိုက်တဲ့အခါ ချန်ရှီက တံခါးတိုင်းကို လိုက်ခေါက်ပြီး တခြားသူတွေ ထွက်လာတာကို မစောင့်ဘဲ တံခါးမှာသာ အသားတွဲတွေ ချိတ်​ပေးသွားတာကို တွေ့လိုက်ရလေ၏။

ထိုကဲ့သို့ပင် ချန်ရှီသည် လမ်းလျှောက်လာရင်း အဲဒီလိုလုပ်နေခဲ့ရာ မကြာမီ အိုးထဲတွင်ရှိသော ဝိညာဥ်သားရဲ၏ အသားအများစုက မရှိတော့ပေ။ ချန်ရှီ အိမ်သို့ ရောက်သောအခါတွင် အိုးအောက်ခြေက ပြတ်သွားပြီး အသားက ၂ကျင် ၃ကျင်သာ ကျန်​တော့သည်။

"ဒီက​လေး​က တော်​​တော်​ အသိတရား ရှိပါတယ်... သူသာ အဲဒီနှစ်တုန်းက မသေသွားခဲ့ရင်..."

ဤတော့မှ အဘွားက သက်ပြင်းတစ်ချက်ချလိုက်ပြီး ယွိကျူကို လှည့်ပြောလေ၏။

"မင်းသူနဲ့ကစားခွင့် မရှိဘူးနော်... သူက ကလေးလူသေပဲ..."

ချန်ရှီသည် ​ခြံတံခါးဖွင့်ကာ အိုးကြီးတစ်လုံးကို ကိုင်ဆောင်လာသည်။ ခြံထဲက ဝုတ်ဝုတ်ဆိုတဲ့ ဟောက်သံတွေ နှစ်ကြိမ်တိုင်တိုင် ထွက်လာစဥ် ဟေးကော်အတွက် အိုးထဲမှ တိရစ္ဆာန်အသားတစ်ပိုင်းကို ထုတ်ယူ​ပေးလိုက်သည်။

ဟေးကော်မှာ အလွန်ပျော်နေသဖြင့် သူ့အဘိုးကို အိမ်မပြန်ဘဲ ရက်ပေါင်းများစွာ ပျောက်နေတဲ့ ကိစ္စအပေါ် အပြစ်တင်တော့မယ့် အကြံအစည်ကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး ပါးစပ်ထဲရှိ အသားများကို စားပွဲအောက်သို့ ဆွဲချသွားကာ စား​တော့သည်။

ချန်ရှီက ပင်မခန်းထဲကို လှမ်းအော်လိုက်သည်။

"အဘိုး... ကျွန်တော် ပြန်လာပြီ!"

"ဟမ့် ဘယ်လိုပြန်လာရမှန်း သိသေးတယ်ပေါ့ ဟုတ်လား!"

အဘိုးက ဖယောင်းတိုင်တစ်ခြမ်းကို ကိုင်ပြီး ပင်မအခန်းထဲက ထွက်လာသည်။

“အပြင်ထွက်ရင် စကားတစ်ခွန်းမှ မပြောသွားဘူး... ငါ့ကို စိတ်ပူပြီး သေစေချင်နေတာလား ဟေးကော်ရော ဟေးကော်! မင်းငါ့ကိုလာကူပြီး ဟောင်ရမှန်း မသိဘူးလား.."

အဘိုးက စကားအနည်းငယ် ကျိန်ဆဲနေစဥ် ချန်ရှီလည်း အိုးထဲမှ ကျန်တဲ့ဝိညာဉ်သားရဲ အသားကို ထုတ်လိုက်သည်။

"အဘိုး ဒီည ချက်စားရအောင်လေ!"

အဘိုးမှာ အသားကို ဆွဲယူပြီး ထပ်ပြီး ကြိမ်းမောင်းချင်ပေမယ့် ဘယ်ကစကျိန်ဆဲရမှန်း မသိတော့ပေ။ ရိုက်ချင်ပေမယ့်လည်း မရိုက်ရက်တော့။

"လွန်ခဲ့တဲ့ရက် အနည်းငယ်က ငါစီးပွားရေးတစ်ခု လုပ်ခဲ့တာကနေ ပိုက်ဆံနည်းနည်းလောက် ရခဲ့တယ်... အဝတ်အစား အသစ်တွေလည်း ဝယ်ခဲ့တယ်... မင်းအခန်းထဲမှာ ရှိတယ်။ မင်းနဲ့လိုက်ဖက်လား သွားဝတ်ကြည့်!"

ချန်ရှီသည်လည်း လွန်ခဲ့သည့်ရက် အနည်းငယ်အတွင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက သေးလာသလို ခံစားရတာကြောင့် သူ့အဘိုးဆီက အဝတ်အစားဖို့ တောင်းမလို့ စဥ်းစားထားသေးသည်။ မထင်မှတ်ပဲ သူ့အဖိုးက ဝယ်ပြီးသားတောင် ဖြစ်နေပြီ။

ကုတင်ပေါ်တွင် အဝတ်အစား အသစ်တစ်ထည် ရှိပြီး တခြား လိုက်ဖက်သော အင်္ကျီအဝတ်အစားလေးများအပြင် အပြာနုရောင် အ​ပေါ်အင်္ကျီတစ်ထည်၊ အဖြူရောင် ဘောင်းဘီရှည်တစ်ထည်၊ အပြာရောင်ဝတ်စုံ၊ အနီရောင် ဖဲကြိုးတစ်ထည်၊ အပြာ​ရောင် အမွှေးအိတ်။

ချန်ရှီ သပ်ရပ်စွာ ၀တ်ဆင်ကြည့်လိုက်ရာ သူနှင့် အတော်လေး လိုက်ဖက်တာကို တွေ့လိုက်ရသည်။ ကုတင်ပေါ်မှ ဖဲကြိုးနီကို ဆံပင်မှာ ချည်လိုက်ပြီး အခန်းထဲက ထွက်လာ၏။

အဘိုး: "လူချောလေးပဲ!"

ချန်ရှီ အရမ်းပျော်နေပြီး လမ်းလျှောက်ထွက်ဖို့ စီစဉ်ခဲ့ပေမယ့် သူ့ကို ရွာကလူတွေက မုန်းတီးပြီး သူငယ်ချင်းလည်း မရှိဘူးဆိုတာ သတိရသွားတော့ လမ်းလျှောက်ထွက်မယ့် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။

"အဘိုးပြောတဲ့ စီးပွားရေးက ဘယ်လို စီးပွားရေးလဲ"

ချန်ရှီ စပ်စုလိုက်သည်။

"ရှန်းယန်ရွာမှာ ရှဲ့တစ်ကောင် ဝင်သွားတယ်... ဝမ်မိသားစုရဲ့မြည်းက သေပြီး တောင့်တင်းနေပြီ... ဒါပေမဲ့ ညသန်းခေါင်မှာ မြည်းက အသက်ပြန်ရှင်လာပါတယ်... တစ်ညလုံး တစ်အိမ်လုံးကို လျှောက်နင်းတယ် မိုးလင်းတော့ ခြေသည်းတွေ ချွန်ထက်တဲ့ သွားတွေနဲ့ လူတွေကို စားပြီး လမ်းမတွေပေါ်မှာ ပြေးလာသမျှ လူတွေကိုလည်း လိုက်ကိုက်နေတာ...."

အဘိုးက ဆေးဖက်ဝင်ပစ္စည်းတွေကို စီစဉ်ပေးနေသည်။

“ရွာရဲ့ ကန့်ညောင်က ဂရုမစိုက်ဘူး ဆိုတော့ သူတို့လည်း ငါ့ကို လာခေါ်ကြတာ...မြည်းကို လှည့်ကြည့်လိုက်တော့ ညဘက် လရောင်အောက်မှာ ရှဲ့မကောင်းဆိုးဝါး ဖြစ်သွားတာလေ... ဒါ​ပေမဲ့ ရွာထဲက တိရိစ္ဆာန် ရှဲ့လေးဖြစ်​သွားတာ ဆိုတော့ ကန့်ညောင်ကလည်း ဂရုမစိုက်ဘူးလေ.."

ချန်ရှီ: "နောက်တော့ရော"

"နောက်တော့လား? နောက်တော့ မြည်းကို လက်မြှောက်ပြီး ဝမ်မိသားစုဆီ ပြန်ပေးလိုက်တယ်....ရတဲ့ ငွေနှစ်စနဲ့ မင်းကို အဲဒီအဝတ်အစားတွေ ဝယ်ခဲ့တယ်"

ချန်ရှီ: "ဝမ်မိသားစု မြည်းက ဘာလုပ်တာလဲ"

"ကြိတ်ဆွဲတာ...."

အဘိုးက အမှန်အတိုင်းပြောပြသည်။

"မြည်းက သေပြီး နတ်ဆိုးဖြစ်သွားတာ... လရောင်အောက်မှာ ငြို့ယူခံရရင် အရမ်းစိတ်အားထက်သန်တယ်... အနားယူစရာ မလိုဘဲ တစ်ညလုံး ကြိတ်နိုင်တယ် ရတဲ့ငွေကလည်း ငွေတစ်စထက် အများကြီး ပိုတယ်..."

ချန်ရှီ အိုးဟု သံရှည်ဆွဲလိုက်လေသည်။

"ဒါပေမဲ့ မနေ့က မြည်းသေသွားတယ်လို့ ပြောတယ်လေ... လူတစ်ယောက်က ပြောတာတော့ မြည်းက သေလုနီးနီး အလုပ်လုပ်လိုက်ရလို့ ဝမ်မိသားစုကြောင့် သေသွားရတာတဲ့..."

အဘိုးက ခေတ္တရပ်လိုက်ပြီး "ပြီးတော့ ဝမ်မိသားစုက မြည်းကို အရေခွံခွာတယ်... မြည်းအသားကို ပြုတ်ပြီး နောက်ထပ် ချမ်းသာအောင် လုပ်လိုက်ကြတယ်...ငွေစ နည်းနည်းပါးပါး ထပ်ရသွားတယ် ဆိုပါတော့"

အဘိုးက သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ချန်ရှီ မျက်လုံးများ ပြူးကျယ်သွားသည်။ စိတ်လှုပ်ရှားစွာနဲ့ အိုးမည်းကိုလည်း လှမ်းကြည့်လိုက်သည်။

"ခွေးသာ ရှဲ့ဖြစ်သွားရင် ခွေးနက်သွေးကို ဆက်သောက်လို့ရပါ့မလား..."

စားပွဲအောက်မှ ဟေးကော်သည် သူ့အသားတစ်ပိုင်းကို တိတ်တဆိတ် ကာကွယ်ပေး​​နေပြီး စားပွဲအောက်ကနေ လုယူခံလိုက်ရမှာကို စိုးရိမ်နေပုံပါပဲ။ ချန်ရှီ အဲဒီလိုမျိုး အရင်က လုပ်ဖူးတယ်လေ။

ဟွမ်ယန်ရွာက လျိုဖူကွေ့တစ်ယောက် ရွာထဲက လမ်းမပေါ်တွင် လမ်းလျှောက်နေပါသည်။

သူသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း ညဘက် အိပ်ရာဝင်သောအခါ အိပ်မက်ဆိုးများကြောင့် မကြာခဏ လန့်နိုးလာတတ်သည်။ အထူးသဖြင့် ဆီးသွားခြင်းနှင့် ပတ်သက်၍ ဖြစ်သည်။ အရွယ်ရောက်ပြီးသူက လိုက်မပို့မချင်း အိမ်သာသွားရန်တောင် မဝံ့ရဲပေ။

ရာသီဥတု သာယာသော်လည်း ချည်သားအကျီအထူကြီးကို ၀တ်ထားဆဲဖြစ်ပြီး မျက်နှာကလည်း ဖြူဖျော့နေသည်။ လမ်းလျှောက်ရင်း မြောင်းထဲကို လှမ်းကြည့်လိုက်တော့ မြောင်းထဲမှာ ငွေငါးကြင်းကြီးကို ချိတ်လုပ်ပြီး ဖမ်းဖို့ ကြံစည်နေခဲ့တာကို သတိရသွား၏။

ငါးရပြီးနောက် သူသည် သံဘောင်ကို ဝင်တိုက်မိလိုက်သလို ခံစားလိုက်ရကာ တစ်စုံတစ်ယောက်ရဲ့ ရိုက်ချက်က သူ့ချည်သားအင်္ကျီထဲက အသားကိုပင် နာကျင်သွားစေ​လေသည်။

"ကောင်စုတ်လေး မင်းမှာမျက်လုံး မရှိဘူးလား!"

သူ့ကို ရိုက်တဲ့လူက ဒေါသနဲ့ မြောင်းထဲကို ကန်ထုတ်လိုက်တော့သည်။

လျိုဖူကွေ့သည် ထူထဲသော အဝတ်အစားများ ဝတ်ထားပြီး ရေထဲနစ်သွားတော့မည်ကို စိုးရွံ့နေသော်လည်း သူ့လက်ထဲမှ ငွေငါးကြင်းကြီးမှာ ချော်ထွက်သွားလေ၏။

မြောင်းထဲက ရေဟာ မနက်သေးချေ။ လွတ်မြောက်ချင်နေတဲ့ ငွေငါးကြင်းကို ကိုင်ပြီး ကမ်းဘက်ကို လှမ်းကြည့်တော့ သူ့ကိုရေထဲ ကန်ချလိုက်တဲ့ လူက ဆယ်ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနစ်နှစ် အရွယ်လောက်ရှိတဲ့ လူငယ်လေး ဖြစ်တာ စတုရန်းပဝါကို ၀တ်ထားတယ်။ အင်္ကျီအစိမ်းနှင့် အဖြူရောင် ရင်ဖုံးကော်လာနှင့် အနက်ရောင် ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသူဖြစ်ကာ မြို့တော်မှ စာသင်သား ပုံစံပင်။

ထိုလူငယ်၏ နောက်တွင် အသက် ၁၄ နှစ်မှ ၁၅၊ ၂၀ သို့မဟုတ် သုံးဆယ်နှစ်အထိ တူညီသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်အများစုလည်း ပါကာ ယောက်ျားမိန်းမ စုစုပေါင်း ၆ယောက် ပါဝင်သည်။

လူခြောက်ယောက်၏ နောက်တွင် အနီရောင်ငါးပျံဝတ်စုံနှင့် မြင်းမျက်နှာစကတ်များ ဝတ်ဆင်ထားသည့် ငွေဝတ်အစောင့် သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်လည်း ရှိသည်။

ငွေဝတ်အစောင့် ခေါင်းဆောင်သည် ထွားကျိုင်းသော ခန္ဓာကိုယ်၊ မုတ်ဆိတ်မွေးများနှင့် ထူထဲသော အနက်ရောင် မျက်ခုံးမွှေးရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပေသည်။ အနက်ရောင် တောက်​တောက်ပြောင်ပြောင် မျက်လုံးသုံးလုံးက စူးရှသည်။ သူ့နောက်ကျောမှာ မီးသေနတ်တစ်လတ်လည်း ပါလာကာ အာဏာရှိသူ တစ်ဦးလိုပင်။

"ညီလေးယန်.. ရွာသူရွာသားတွေကို ယဉ်ယဥ်ကျေးကျေး ပြောပါ... ဒီကိစ္စသာ တခြားမင်းမျိုးမင်းနွယ်တွေဆီ ပြန့်နှံ့သွားမယ်ဆိုရင် သူများ သားသမီးတွေကို အနိုင်ကျင့်တယ် ဆိုပြီး ငါတို့ကျောက်မိသားစုကို လူတွေက ရယ်ကြလိမ့်မယ်..."

အသက်နှစ်ဆယ်ကျော် အရွယ်ရှိ စာသင်သား တစ်ဦးက သူ့မျက်နှာပေါ်က မှိုင်းညို့နေသည့် အကြည့်ဖြင့် ဆူပူကြိမ်းမောင်းလေသည်။

"ဒီကိုလာတာ မာနကြီးဖို့ မဟုတ်ဘူး... ငါ့ဒုတိယအစ်မ ပျောက်ဆုံးသွားတဲ့ အမှုကို စုံစမ်းဖို့လာတာ... မင်းတို့အားလုံး ကိုယ့်ကိုကိုယ် ချုပ်တည်းထားကြ... ဒုက္ခမပေးနဲ့!"

စာသင်သား အားလုံးက တစ်ပြိုင်တည်း တုံ့ပြန်ကြသည်။

“တတိယအစ်ကို ပြောတာ မှန်တယ်”

ထိုတတိယအစ်ကိုကို ကျောက်ယွဲ့ဟုခေါ်ကာ ရှင်းရှန်ခရိုင် ကျောက်မိသားစု၏ တတိယမြောက်သား ဖြစ်သည်။

ကျောက်မိသားစုသည် ကြီးမားပြီး ကြီးပွားချမ်းသာသော မိသားစုတစ်ခု ဖြစ်သည့်အလျောက် ကျောက်မိသားစု၏ ဘိုးဘေးများသည် မင်မင်းဆက်ထိုက်ကျူ၏ ဧကရာဇ်နောက်သို့ လိုက်ကာ ကမ္ဘာကို သိမ်းပိုက်ကာ ကြီးမားသော ကုသိုလ်များကို ပြုလုပ်ပေးသောကြောင့် ဧကရာဇ်က သူ့မိသားစုကို မသတ်ခဲ့ပေ။

နောက်ပိုင်းတွင် ကျောက်မိသားစုသည် အနောက်နွားရှင်းကျိုးသို့ ပြောင်းရွှေ့သွားခဲ့သည်။ ကောင်းကင်သည် မြင့်မားပြီး ဧကရာဇ်နဲ့လည်း ဝေးကွာသောကြောင့် ၎င်းတို့ကို ဖျက်သိမ်းခြင်း မပြုခဲ့ပေ။

မကြာသေးမီနှစ်များအတွင်း နယ်ချဲ့အာဏာ ကျဆင်းလာသည်နှင့်အမျှ ကျောက်မိသားစုသည် ရှင်းရှန်ခရိုင်ကို အတိုင်းအတာ တစ်ခုအထိ ကျယ်ပြန့်စွာ ချဲ့ထွင်ပြီး အိမ်​တော်လေးခုဖြစ်သည့် ထျန်းလု၊ တိကန်း၊ ရွှမ်ရင်နဲ့ ဟွမ်ထင်တို့ကို ဖွင့်လှစ်ခွင့်ရခဲ့သည်။

ဒုတိယသခင်မလေး၊ ကျောက်ယွဲ့နှင့် တခြားသူများသည် ရွှမ်ရင်အိမ်တော်မှ လာခဲ့ကြပြီး အိမ်ကြီး၏ သခင် ကျောက်ယန်လုံက ၎င်းတို့၏ ဖခင်ဖြစ်သည်။

သို့သော်လည်း ရွှမ်ရင်အိမ်တော်က ကြီးမားလွန်းသဖြင့် ကျောက်ယန်လုံတွင် ဇနီးများ၊ ကိုယ်လုပ်တော်များနှင့် မယားငယ်များ စုစုပေါင်း ဆယ့်ကိုးယောက်ရှိသည်။

ကျောက်မိသားစု၏ အကိုင်းအခက်များအပြင် အများစုမှာ ကျောက်ယန်လုံ၌ ညီအကိုမောင်နှမများ ဖြစ်ကြသော အကိုင်းအခက် များစွာလည်း ရှိသေးသည်။

လက်ရှိကတော့ ရွှမ်ရင်အိမ်တော်က လူတွေပဲ ဖြစ်သည်။ ကျန်တဲ့ အိမ်တော် ၃ ခုကို ထပ်ထည့်လိုက်ရင် ပိုဆိုးသွားလိမ့်မည်။

ထို့ကြောင့် ကျောက်ယွဲ့နှင့် အခြားသူများသည် ခရီးထွက်ရာတွင် အလွန်အမင်း ချုပ်တည်းထား၍ အခြားမင်းမျိုးမင်းနွယ် မိသားစုများကို သတင်းမပေးချင်ပေ။ အခြားအိမ်သုံးအိမ်ရှိ တူညီသော မျိုးနွယ်စုမှ ကလေးများကိုပါ တိုက်ခိုက်ရန် ဆင်ခြေမပေးချင်ကြပေ။

သူတို့ရဲ့ ရွှမ်ရင်အိမ်တော်ကသာ သီးသန့် လှုပ်ရှားခဲ့ကြတာ ဖြစ်သည်။

ခဏအကြာတွင် ကျောက်ယွဲ့သည် မျိုးနွယ်အကြီးအကဲ၏ ထိုင်ခုံပေါ်တွင် ထိုင်နေပြီး အရပ်မြင့်မြင့်နှင့် ခွန်အားကြီးသော မုတ်ဆိတ်မွေးကိုယ်ရံတော်က သူ့နောက်တွင် ရပ်နေသဖြင့် ရွာသားများက ထိတ်လန့်သွားလေသည်။

ကျောက်ယွဲ့ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး မပြန့်ကျဲသော လက်ဖက်ခြောက်ရေပေါ်မှ ပူဖောင်းအနည်းငယ်ကို မှုတ်လိုက်သည်။ လက်ဖက်ရည်ရနံ့ကို အနံ့ခံကာ မျက်ခွံကို ညင်သာစွာ ပင့်တင်ကာ ဟွမ်ယန်ရွာမှ ဒူးထောက်နေသော ရွာသားများကို ကြည့်ကာ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။

"ထကြတော့... ငါက တရားဝင်လုပ်ပေမယ့် ဒီတစ်ခါတော့ စီးပွားရှာဖို့ ကျေးလက်ကို လာတာ မဟုတ်ဘူး... မင်းတို့ငါ့ကို ဒီလိုဒူးထောက်နေတာတော့ မကောင်းဘူး"

ယွမ်ယန်ရွာမှ ရွာသားများသည်လည်း တုံ့ဆိုင်းသွားပြီး ဖြည်းညှင်းစွာ မတ်တပ် ထရပ်လိုက်ကြသည်။ ကျောက်ယွဲ့လည်း သူ့ခေါင်းကို မော့ပြီး ဒီရွာသားတွေရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာတွေကို ကြည့်ပြီး ခဏလောက် တုံ့ဆိုင်းသွား၏။

"မင်းတို့ ဒူးထောက်ထားထားတာ ပိုကောင်းမယ်ထင်တယ်... မင်းတို့ မတ်တပ်ရပ်လိုက်တော့ ငါ ကြည့်ရတာ စိတ်မသက်မသာ ဖြစ်လာပြီ"

ရွာသူရွာသားများ ဒူးထောက်ကာ မလှုပ်မယှက် ဖြစ်နေရပြန်သည်။ ကျောက်ယွဲ့က လက်ဖက်ရည်သောက်ပြီး လက်ဖက်ရည် ပန်းကန်ကို ချလိုက်သည်။

"စကားပြောရအောင်... တျယ်ပိဝမ်းက မင်းတို့ရွာမှာ တစ်ညနေခဲ့ပြီး ရက်အနည်းငယ် ကြာတော့ အသတ်ခံလိုက်ရတယ်... ဘယ်သူသတ်တာလဲ... မင်းက ဘယ်လို​တောင် သတ္တိရှိလို့ ငါတို့ ကျောက်မိသားစုက လူကို သတ်ရဲကြတာလဲ?"

All Chapters