← Chapters

ကြံစည်မှု

Vol. 3 Ch. 32

ကြံစည်မှု

Vol. 3 Ch. 32

ဟွမ်ယန်ရွာက ရွာသူရွာသားများသည်လည်း အဘိုးကြီး တျယ်ပိဝမ်းအကြောင်း ပြောလာပြသောအခါ အနည်းငယ် ဒေါသထွက်သွားကြသည်။ သူတို့က ထိုအဘိုးအို အပြင်ဘက်တွင် သေဆုံးသွားမှာကို စိုးရိမ်သောကြောင့် ကြင်ကြင်နာနာဖြင့် ရွာထဲ ခေါ်သွားခဲ့ကြသည်။ သို့သော် အဘိုးကြီးက ထိုအရာကို လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။

အသက်ဆက်မီးခွက်အတွက် ဆီသန့်စင်ရန် သူတို့ရွာရှိ ကလေးလေးယောက်၏ အသက်ကို မြေစာပင်လို အသုံးချသွားသည်။

အောက်ခြေတွင် ကမောက်ကမ ဖြစ်နေတာ မြင်လိုက်ရသဖြင့် ကျောက်ယွဲ့ နောက်ကွယ်မှ မုတ်ဆိတ်မွေး အစောင့်က အသံမကျယ်သော်လည်း နတ်သန္ဓေသား၏ စွမ်းအားကို အသုံးပြုကာ ရွာသားအားလုံး၏ နားစည်ကို တုန်လှုပ်သွားစေခဲ့သည်။

အခုနက ခံစားလိုက်ရတဲ့ ဒေါသနည်းနည်းက ဒီစွမ်းအင်ကြောင့် အကုန်ပျောက်ကုန်သည်။ ကျောက်ယွဲ့လည်း အဲဒီလို ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အလွန်ကျေနပ်သွား၏။

"ဘယ်သူရှင်းပြမလဲ"

အောက်မှာ ဘယ်သူမှ အသံမထွက်လာချေ။

ချန်ရှီသည် လျိုဖူကွေ့ကို ကယ်တင်ခဲ့ပြီး ရွာရှိ ကလေးသုံးယောက်ကိုလည်း ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်နိုင်အောင် လုပ်ပေးခဲ့သည်။ သူတို့သည် ထိုကိစ္စများကို နားမလည်သော်လည်း ကြင်နာမှုနှင့် မုန်းတီးမှုကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်သေးသည်။ ချန်ရှီက သူတို့ရွာကို ကြင်နာတယ်။ သူ့ကို ဘာလို့ သစ္စာဖောက်ရမှာလဲ။

"ငါ့ကိုမပြောဘူးပေါ့... မင်းတို့က သစ္စာရှိ​ပြနေတာလား... ကျေးလက်က လူတွေက အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းသားပဲ..."

ကျောက်ယွဲ့ ရယ်ရယ်မောမောနဲ့ ရေရွတ်နေ၏။

"မင်းတို့က သူ မင်းတို့အပေါ် ကြင်နာတယ်ထင်လို့ သူဘယ်သူလဲ ဆိုတာ ဝန်မခံချင်ဘူးလား?...ဟာသပဲ ကြင်နာမှုက ဘယ်လောက်ပဲ ကြီးပါစေ ဧကရာဇ်မင်းမြတ်ရဲ့ ဥပဒေထက် ကြီးနိုင်ပါ့မလား!"

သူ့အသံက ရုတ်တရက် တင်းမာလာသည်။

"ထောင်ထဲရောက်ရင် ချက်ချင်း မသေရင်တောင် မင်းတို့ အရေခွံ​တော့ အခွာခံရမယ်!"

အောက်ကို ဘယ်သူမှ မလှုပ်သေးချေ။

ကျောက်ယွဲ့လည်း ဖြည်းညှင်းစွာ ထရပ်ကာ ဒူးထောက်နေသော ရွာသားများကြားမှ လမ်းလျှောက်လာပြီး လျိုဖူကွေ့ထံ ရောက်လာခဲ့၏။ သူက ထို​ကလေးကိုကြည့်ကာ ပြုံးပြလိုက်သည်။

"ကလေးလေး မင်းနှုတ်ခမ်း၊ မျက်လုံးနဲ့ နှာခေါင်းက ဒဏ်ရာတွေက ချိတ်နဲ့ အချိတ်ခံထားရသလိုပဲ... မင်းရဲ့အနှစ်သာရနဲ့ သွေးက အသက်ရှည်တဲ့ဆီမီးကို သန့်စင်ဖို့ သုံးခဲ့ရတာ ဖြစ်နိုင်တယ်... မင်းအများကြီး ခံစားခဲ့ရမှာပဲ... မင်းကိုကယ်ခဲ့တဲ့သူကို မှတ်မိသေးလား?"

လျိုဖူကွေ့ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး မလှုပ်ဝံ့ပေ။ သူက လည်ပင်းကို တင်းတင်းဆုပ်ကာ ဆို၏။

"ကျွန်​တော် ခင်ဗျားကို မပြော​ပြဘူး!"

ဖူကွေ့မိခင်သည် ကလေးကို သူ့ရင်ခွင်ထဲသို့ အမြန် ဆွဲထည့်လိုက်ပြီး ကျောက်ယွဲ့ကိုလည်း ထိတ်လန့်တကြား ကြည့်နေသည်။ သို့သော် သူမ မျက်လုံးများက ကျောက်ယွဲ့ကို မော့ကြည့်ကာ အဝေးကို အကြည့်လွှဲပစ်လိုက်သည်။

ကျောက်ယွဲ့ ရုတ်တရက် နားလည်သွား၏။

"အားလုံးပဲ....တျယ်ပိဝမ်းက အသက်ဆကိမီးခွက်အတွက် ဆီမီးကို သန့်စင်ဖို့ ကလေးအသက်ကို သုံးခဲ့တာက အပြစ်ရှိကြောင်း ထင်ရှားပါတယ်... သူ့ကို အပြစ်ပေးဖို့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေလည်း ရှိတယ်... မင်းတို့ ဖိတ်ခေါ်တဲ့လူတွေက သူ့ကိုသတ်သွားတယ် ဆိုရင် မင်မင်းဆက်ရဲ့ ဥပဒေတွေကို ဆန့်ကျင်တာပဲ.. ငါကလည်း တျယ်ပိဝမ်းနဲ့ ဘဏ္ဍာစိုးအတွက် လက်စားချေရမှာပဲ.. တိုင်းသူပြည်သားတွေက မသိနားမလည်ဘဲ ခွဲခြားလို့ မရဘူး”

ကျောက်ယွဲ့ လူစုလူဝေးတွင် ရပ်ကာ ပတ်ပတ်လည်ကို ကြည့်ရင်း လက်သုံးချောင်းကို ထောင်ပြလိုက်သည်။

"ငါက သုံးအထိရေမယ်... တခြားဘယ်သူမှ ထွက်မပြောရင် ငါ့ဘက်ကလည်း တစ်ယောက်ချင်းစီကို အပြစ်ပေးရလိမ့်မယ်!"

"တစ်!"

သူသည် လက်ညှိုးတစ်ချောင်းကို ရုပ်သိမ်းလိုက်စဥ် တော်ဝင်အစောင့် အဖွဲ့တစ်ဖွဲ့က ရွာသူရွာသားများကို ဝိုင်းထားလိုက်သည်။

"နှစ်!"

ကျောက်ယွဲ့ သူ့ဒုတိယ လက်ခလယ်ကို ချလိုက်သော်လည်း တျယ်ပိဝမ်းကို သတ်ခဲ့သော လူသတ်သမားကို ဘယ်သူမှ ဝန်ခံခြင်းမရှိပေ။ သူ သက်ပြင်းချလိုက်ပြီး သူ့တတိယလက်ချောင်းကို ချလိုက်သည်။

"သုံး! ဟဲ့လျန်ကျန်း... ဒီလူယုတ်မာတွေကို နှိပ်စက်စမ်း!"

ဟဲ့လျန်ကျန်းက မုတ်ဆိတ်မွေးနှင့် ကိုယ်ရံတော် ဖြစ်သည်။ ၎င်း လှုပ်ရှားထားတော့မည့်အချိန်တွင် အရပ်မြင့်မြင့်နှင့် လူတစ်ယောက်က လူအုပ်ထဲမှ မတ်တပ်ရပ်ပြီး ကျောက်ယွဲ့ရှေ့မှာ ပိတ်ရပ်ထားလိုက်သည်။

စန်းဝမ်က သူ့လက်နှစ်ဖက်ကိုဖွင့်ကာ။

"မလုပ်နဲ့! မင်းက ဆင်ခြင်တုံတရားမဲ့နေတာလား... မင်းတို့ကျောက်မိသားစုရဲ့ တာအိုဆရာက ငါတို့ရွာက ကလေးသုံးယောက်ကို ဆီဖြစ်အောင်လုပ်ပြီး သတ်လိုက်တာလေ! အစကတည်းက မင်းရဲ့ ကျောက်မိသားစုက အပြစ်ရှိတာပဲ! ရှေး​ရှေးကတည်းက လူသတ်သမားတွေက သူတို့ရဲ့ အသက်ကို ပေးဆပ်ရမယ်လို့ ရှိပြီးသား…”

ဟဲ့လျန်ကျန်းက မျက်လုံးသုံးလုံး မီးသေနတ်ကို လှုပ်ခါလိုက်ပြီး ကြမ်းတမ်းသော လေသံဖြင့် အော်လိုက်သည်။

"မင်းက အမှုထမ်းကို မရိုသေဘူး... သေမင်းကို ရှာချင်နေတာပဲ!"

မျက်လုံးသုံးလုံး မီးသေနတ်ကို သံချောဖြင့် ပြုလုပ်ထားသောကြောင့် အလေးချိန်က ဆယ်ကီလိုကျော် လေးသည်။ ဟဲ့လျန်ကျန်း ဝေ့ယမ်းလိုက်သောအခါ ဝမ်စန်းရဲ့နဖူးကို ထိမှန်ကာ ဦးခေါင်းနှင့် မျက်နှာတစ်ခုလုံး သွေးစွန်းထင်းသွားခဲ့သည်။

ငွေဝတ် အစောင့်တွေအားလုံးက ညည်းပြီး ချီးမွမ်းကြ၏။

"တိုင်းပြည်က လူတွေက ခေါင်းမာတတ်ပေမယ့် အကုန်လုံးတော့ အသက်မရှင်တတ်ဘူး!"

ဟဲ့လျန်ကျန်းသည် သူ့ထိုးနှက်မှုကြောင့် စန်းဝမ် သေဆုံးသွားတာကို တွေ့လိုက်ရသော်လည်း မျက်နှာမပျက်သွားချေ။ တိုင်းသူပြည်သားမှာ သိသိသာသာ သေဆုံးသွားသော်လည်း သေနတ်ကို ချက်ချင်း ကောက်ကိုင်ကာ ပြင်းပြင်းထန်ထန် ခေါက်ချလိုက်​ပြန်သည်။

ဗုန်း!

စန်းဝမ်ရဲ့ ဦးနှောက်တွေက ပေါက်ကွဲသွားပြီး ဒူးတွေက အားနည်းသွားတာကြောင့် မြေပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားခဲ့သည်။ ကျောက်ယွဲ့မှာ သူ့ခန္ဓာကိုယ်ပေါ်သို့ ဦးနှောက်များ ပေါက်ထွက်ပြီး သူ့အဝတ်အစားများ စွန်းထင်းသွားတာမျိုး မဖြစ်စေရန် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

သူသည် စန်းဝမ်ကိုယ်ပေါ်မှ ခြေဖျားထောက်ကာ ကြည့်လိုက်သော် လူအုပ်ထဲမှ ထွက်လာသော ကြိမ်းမောင်းသံနှင့် အော်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကျောက်ယွဲ့ နောက်ပြန် လှည့်မကြည့်ဘဲ ဟွမ်ရွာလယ်ရှိ အပျက်အစီးများထဲမှ ဘုရားကျောင်းကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

သူသည် မင်မင်းဆက်၏ ဥပဒေကို ချိုးဖောက်၍ လူသတ်မှုကျူးလွန်ရန် ရွာထဲသို့ ဝင်လာသော်လည်း ဟွမ်ယန်ရွာရဲ့ ကန့်ညောင်က သူ့လူများ အနိုင်ကျင့်ခံနေရတာကိုသာ စောင့်ကြည့်နေနိုင်သည်။

အချိန်အတော်ကြာပြီးနောက် ဟဲ့လျန်ကျန်းနဲ့ အစောင့်များစွာတို့သည် မျက်နှာများပေါ်တွင် အပြုံးများဖြင့် သူ့နောက်သို့ ရောက်ရှိလာကြ၏။ သူတို့ ခန္ဓာကိုယ်များသည် သွေးများဖြင့် စွန်းထင်းနေသည်။ ၎င်းတို့က ဦးညွှတ်ကာ။

“လူကြီးမင်း... နှိပ်စက်မှုကို မခံနိုင်တဲ့ အမျိုးသမီးတစ်ယောက်တော့ ရှိပါတယ်!"

ကျောက်ယွဲ့ သူ့လက်ကို ကျောနောက်မှာထားပြီး အေးဆေးတည်ငြိမ်စွာ ပြောလေသည်။

"ငါ့ကျောက်မိသားစုက လူကို သတ်ပြီးရင် ဘယ်သူမှ ရှောင်လို့မရဘူး... ဘယ်သူကို ဖိတ်တာတဲ့လဲ"

ဟဲ့လျန်ကျန်း: "ဟွမ်​ဖောရွာမှာ နေထိုင်တဲ့ ချန်ရှီဆိုတဲ့ အ​ဆောင်ဆွဲဆရာလေး တစ်ယောက်ပါ.... သူ့မိသားစုထဲမှာ တာလီဆရာလည်း ဖြစ်တဲ့ အဖိုးတစ်ယောက်လည်း ရှိပါတယ်"

"အဆောင်ဆွဲ ဆရာလေး?"

ကျောက်ယွဲ့ အံ့သြသွားသည်။

"တျယ်ပီဝမ်းနဲ့ ကျောက်မင်က စီမံခန့်ခွဲတဲ့နေရာမှာ မပျော့ညံ့ပါဘူး... ဒီဆရာလေးက ဘယ်လိုလုပ် သတ်နိုင်မှာလဲ"

ညအချိန်၌။

လေပြင်းတစ်ချက် တိုက်ခတ်သွားစဥ် လေထဲတွင် သွေးစွန်းနေသော ပုံသဏ္ဌာန်တစ်ခု ပေါ်လာကာ ဟွမ်​ဖောရွာ၏ အပြင်ဘက်သို့ ရောက်လာခဲ့လေသည်။ ဟွမ်​ဖောကျေးရွာ၏ ကန့်ညောင်က အကိုင်းအခက်များဖြင့် ပိတ်ဆို့ထားတာကြောင့် ၎င်းက ရွာထဲသို့ မဝင်ရောက်နိုင်တော့ပေ။

"ဆရာချန်ကို တွေ့ချင်လို့ပါ ဆရာကြီးချန်ကို တွေ့ချင်လို့ပါ...."

တစ္ဆေက လေထဲမှာ အော်ဟစ်ပြီး ကန့်ညောင်ကို ဝင်ခွင့်ပြုဖို့ တောင်းပေမယ့် ရှေးဟောင်းသစ်ပင်ပေါ်က အသက် (၂၈) နှစ်အရွယ် အမျိုးသမီးကတော့ မလှုပ်မယှက် ဖြစ်နေဆဲ။

“ဝင်ခွင့်​ပေးလိုက်ပါ”

အဘိုးအိုက လရောင်​အောက်မှာ ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။ ထိုအခါ ရှေး​ဟောင်းသစ်ပင်ပေါ်က အမျိုးသမီးကလည်း အေးစက်စက် မျက်လုံးတွေနဲ့ အေးစက်တဲ့ အသံကို လွှတ်ထုတ်လေ၏။

"သူဝင်လာပြီး တခြားလူတွေကို ဒုက္ခပေးရင် ဘယ်သူက တာဝန်ယူမှာလဲ... ရွာကို ငါကာကွယ်ထားတာ မကောင်းဆိုးဝါးတွေ ကျူးကျော်ဖို့ ဘယ်တော့မှ ခွင့်မပြုဘူး"

"မင်း သူ့ကို ဝင်ခွင့်မပြုရင် မင်းရဲ့သစ်ပင် အမြစ်တွေ တူးထုတ်ပစ်မယ်"

အဘိုးအိုကလည်း တည်ငြိမ်စွာ ပြန်ပြောသည်။ ဤတော့ အမျိုးသမီးက အော်ဟစ်ပြီး တားဆီးထားတာကို ဖယ်ပေးလိုက်လေ၏။ မှောင်မိုက်သော လေပြင်းတိုက်၍ ပြင်းထန်သော သွေးနံ့ကို သယ်ဆောင်လာကာ ဟောက်သံနှင့်အတူ ချန်မိသားစု ခြံဝင်းထဲသို့ ပြေးဝင်ကာ ချန်ရှီအိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။

အဘိုးအိုက ဒီတစ္ဆေလေးက သူ့ကိုရှာနေတာလို့ အစက ထင်ခဲ့ပေမယ့် ချန်ရှီကို လိုက်ရှာနေမယ်လို့ မထင်ထားချေ။

ချန်ရှီ အိပ်မက်မက်နေခဲ့သည်။ အိပ်မက်ထဲ၌ ဟွမ်ယန်ရွာမှ ဝမ်စန်းက သူ့ဆီသို့ လျှောက်လာနေသည်။ ဆံပင်များက ရှုပ်ပွနေပြီး မျက်နှာတစ်ခုလုံးက သွေးများဖြင့် ဖုံးလွှမ်းနေသည်။

"သခင်လေး...မြန်မြန် ထွက်သွားတော့! သူတို့မင်းကို သတ်ဖို့ လာနေပြီ! ငါလည်း သူတို့ကို တားချင်ပေမယ့် မတားနိုင်ဘူး မင်းကို အကြောင်းကြားဖို့ပဲ လာနိုင်တယ်... မင်းဒီကနေ မြန်မြန် ထွက်သွားတော့ —"

သူစကားမဆုံးခင်မှာပဲ လျှာရှည်ကြီးက အမှောင်ထဲကနေ ရုတ်တရက် ပြေးထွက်သွားပြီး စန်းဝမ်ရဲ့လည်ပင်းကို ရစ်ပတ်ကာ သူ့ကို အမှောင်ထဲ ဆွဲခေါ်သွားလေတော့သည်။

ချန်ရှီ အိပ်ပျော်နေရာမှ လန့်နိုးလာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ အလွန်စိတ်ရှုပ်သွားသည်။

"ဒီအိမ်မက်က စန်းဝမ် တကယ်ရောက်နေသလိုပဲ....ထူးဆန်းလိုက်တာ..."

သူပြန်အိပ်လိုက်ပေမယ့် ခဏလောက်အထိ အိပ်မရတော့အောင် ဖြစ်သွားသည်။ စန်းဝမ်ရဲ့လည်ပင်းမှာ ပတ်ထားတဲ့ လျှာသေးသေးလေးကို တွေးပြီး မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။

“သေချာပါတယ် အိပ်မက်ထဲမှာ အရာအားလုံး ရှိနိုင်တာပဲလေ... ယုတ္တိမရှိဘူး"

ခဏကြာတော့ သူ အိပ်ပျော်သွားပြန်သည်။

ချန်ရှီသည် မနက်အစောကြီးနိုးလာကာ ရေချိုး၊ မနက်စာစားပြီးနောက် ကန့်ညောင်ကို ဖူးမြော်ရန် အပြင်ထွက်ကာ ရှေးဟောင်းစာအုပ်များ အကြောင်း ကျူးယိုချိုင်ဆီမှာ အကြံဉာဏ်တောင်းပြီး ကန်းကျစ်ရွာသို့ လျှောက်သွားခဲ့သည်။

သူသည် ယနေ့တွင် တောင်တန်းအရှင်ဘုံကျောင်းကို သွားရမည် ဖြစ်သည်။ ချီသွေးအစစ်ကို လဲလှယ်ထားသော်လည်း သူ့တွင် မသန့်စင်ရသေးသော အတွင်းအင်္ဂါငါးခု ရှိနေသေးသောကြောင့် သူ​တော်စင်သန္ဓေသား ရပြီလို့ မသတ်မှတ်နိုင်​သေးပေ။ တောင်တန်းအရှင်ဘုံကျောင်းမှာ လေ့ကျင့်တာက အိမ်မှာ လေ့ကျင့်တာထက် ပိုမြန်၏။

ချန်ရှီသည် လမ်းဘေးတွင် ဝါးဦးထုပ်များ ကိုင်ဆောင်ထားသော ငါးမျှားနေသူ နှစ်ဦးကို တွေ့လိုက်ရသည်။ လက်ဝဲဘက်တွင် တစ်ဦးနှင့် ညာဘက်တွင် တစ်ဦးတို့သည် ရေကို စူးစိုက်စိုက် ကြည့်နေတာကို တွေ့လိုက်သောအခါတွင် ချန်ရှီလည်း ဖြတ်လျှောက်သွားရင်း ကြင်နာစွာ သတိပေးလိုက်သည်။

“ဒီရေထဲမှာ ငါးမရှိဘူး”

“မင်း အပူပါလား”

တံငါသည်တစ်ယောက်က ဒေါသအရမ်းကြီးပုံပါပဲ။ သူက ကြမ်းတမ်းစွာ လှည့်ပြောလိုက်သည်။

ချန်ရှီ လျစ်လျူရှုပြီး ရှေ့ကို ဆက်လျှောက်သွားရင်း သစ်ပင်ပေါ်ရှိ ပုစဉ်းရင်ကွဲတွေကို ဖမ်းနေတဲ့ လူတစ်ယောက်ကို ထပ်တွေ့ပြန်သည်။ ၎င်းက သစ်ပင်ကိုင်း အမြင့်မှာ ပိုက်ကွန်အိတ်ကိုကိုင်ထားကာ သစ်ပင်အောက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကိုလည်း တွေ့လိုက်ရ၏။ ထိုလူက သစ်ပင်ပေါ်ကလူ ပြုတ်ကျမှာကို စိုးရိမ်လို့ မျှော်ကြည့်နေသလိုပင်။

ဒီအချိန်မှာ တံငါသည်တစ်ယောက်က ဝမ်းသာအားရနဲ့ အော်လိုက်သည်။

"ရပြီ!"

ချန်ရှီ ပြန်ကြည့်ရင်း အံ့သြသွားသည်။

"တကယ် ငါးရှိတာလား? ဒီမြောင်းထဲက ငါးတွေအကုန်လုံးကို ငါ မဖမ်းမိခဲ့ဘူးလား"

လွန်ခဲ့သော အချိန်က သူသည် ဗိုက်ဆာလွန်းသဖြင့် မြောင်းထဲရှိ ငါးများကို မဆိုစလောက် နေရာတိုင်းတွင် လိုက်ရှာဖမ်းစားခဲ့သည်။ ချန်ရှီ သူ့ခေါင်းကို လှည့်လိုက်တယ် ဆိုရင်ပဲ သူ့ခန္ဓာကိုယ်က ရုတ်တရက် တင်းကျပ်လာပြီး သူ့ကိုယ်ပေါ်ကို ဖိနေတဲ့ တောင်ကြီးတစ်ခုလို လေးလံတဲ့ အရာတစ်ခု ကျလာကာ သူ့အရိုးတွေ တဆတ်ဆတ် တုန်သွား၏။

"ရိုက်!"

ပုစဉ်းရင်ကွဲ ဖမ်းသူရဲ့ ရယ်မောသံက သူ့ခေါင်းထက်ကနေ ထွက်ပေါ်လာပြီး သစ်ပင်အောက်မှာ ရပ်နေတဲ့ လူကလည်း ရယ်နေသည်။

"ငါလည်း တစ်ကောင်ရပြီ!"

ချန်ရှီ လန့်ဖျပ်သွားသည်။ သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းများက ရစ်ပတ်ထားတာ တွေ့လိုက်ရသည်။ လက်ချောင်းများကဲ့သို့ ပါးလွှာပြီး အကြေးခွံများကလည်း သူ့အရေပြားကို ဆယ်ဆကျော် ဒဏ်ရာများ ရလာစေကာ ခွန်အားကို ထုတ်မသုံးနိုင်တော့အောင် ဖိချထားသည်။

မျှော်ကြည့်သောအခါတွင် သူ၏ ကောင်းကင်ဝိညာဉ်ပေါ်တွင် ဖိထားသော ရွှေတောင်တန်း အရိပ်ကို သူမြင်လိုက်ရသည်။ ဤရွှေတောင် အရိပ်က သူ့အရိုးများကို အက်ကွဲသွားစေတဲ့ အရာပင်။

သူ့နောက်မှာတော့ ရွှေရောင်အလင်းနဲ့ ပြုလုပ်ထားတဲ့ လိပ်ပုံစံ အကာအရံကြီး တစ်ခုလည်း ရှိနေပြီး သူ့ရဲ့နတ်ကွန်းကို ပိတ်ဆို့ထားကာ ပြုပြင်မွမ်းမံဖို့ ကြံရွယ်ထားကာ ဦးခေါင်းနောက်ဘက်ကို တံဆိပ်ခတ်ထား၏။

တံငါသည်တစ်ဦး၏ ရှေ့တွင်တော့ ငြိမ်သက်စွာ တောက်လောင်နေသော စက္ကူရွက်တစ်ရွက် ရှိနေသည်။ အဆောင်လက်ဖွဲ့ထဲမှာ ရွှေစပါးအုံးမြွေတစ်ကောင်၏ ခန္ဓာကိုယ်မှာ ကခုန်နေသည့် ရွှေရောင်အလင်းတန်းများဖြင့် ထွက်လာသည်။ သစ်ပင်ပေါ်ရှိ ပုစဉ်းရင်ကွဲ ဖမ်းသူရှေ့တွင်လည်း မီးလောင်နေသည့် အဆောင်လက်ဖွဲ့ တစ်ခုလည်း ရှိနေပြီး တောင်ပုံသဏ္ဌာန် ပေါ်နေပါသည်။

သစ်ပင်အောက်ရှိ လူရှေ့တွင် ဒိုင်းပုံစံဖြင့် ရေးထားသော အဆောင်လက်ဖွဲ့တစ်ခုက မီးလောင်နေ၏။

"မြွေဝိညာဉ်အဆောင်လက်ဖွဲ့... တောင်ရွေ့လျား အဆောင်လက်ဖွဲ့... တံဆိပ်ခတ် ခြင်္သေံလက်ဖွဲ့!"

သူ့အဖိုးဆီက ဒီအဆောင်လက်ဖွဲ့ သုံးမျိုးကို သင်ယူခဲ့ပေမယ့် သူ့အဖိုးက ဒီလိုတိုက်ပွဲဝင်တဲ့ အဆောင်လက်ဖွဲ့တွေကို ဆွဲခဲပါသည်။ သူတို့ရောင်းတဲ့ အရာက နတ်ဆိုးတွေနဲ့ ရှဲ့တွေကိုသာ တွန်းလှန်နိုင်တဲ့ အဆောင်လက်ဖွဲ့တွေ ဖြစ်သည်။

"ဒါက တျယ်ပိဝမ်းနဲ့ ဘဏ္ဍာစိုးကျောက်ကို သတ်တဲ့ကလေးလား။"

အခြားတံငါသည် တစ်ဦးသည် ၎င်း၏ ငါးမျှားတံကို ချကာ ဝါးဦးထုပ်ကို ချွတ်လိုက်သည်။ ထိုလူက ချန်ရှီထံသို့ တည့်တည့်လျှောက်သွားကာ သူ့ကို အပေါ်အောက် ငုံ့ကြည့်နေသည်။

"သူ့မှာ ခေါင်းသုံးလုံးနဲ့ လက်နက်ခြောက်ပါးရှိမယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ငါမမျှော်လင့်ထားဘူး ကလေးတစ်ယောက်လို ဆရာလေးက ကမ္ဘာပေါ်မှာ အဆောင်ဆွဲကောင်းတဲ့ အဘိုးကြီးကို သတ်နိုင်တယ်တဲ့... သူတို့​တွေ ဘယ်လိုလုပ် သူ့လက်ထဲမှာ သေသွားကြတာလဲ"

သူလည်း ခေါင်းခါပြရုံမှလွဲ၍ မတတ်နိုင်တော့ပေ။

"တတိယသခင်လေးက ငါတို့ကို ရုပ်ဖျက်ပြီး သူ့ကို ဒီမှာ ချောင်းမြောင်းခိုင်းထားတာ... ငါတို့ အရမ်းသတိထားရမယ်"

ချန်ရှီ ထိတ်လန့် တုန်လှုပ်သွားသည်။

'ငါကျူးလွန်ခဲ့တဲ့ အမှုကို ရှာတွေ့သွားတာလား... သူတို့ အစိုးရအမှုထမ်းတွေဆိုရင် ငါ့ကို ခေါင်းဖြတ်သတ်ဖို့ လာဖမ်းတာပဲ ​ဖြစ်မယ် ... ခဏနေပါဦး ငါ့မှာ ချပ်ဝတ်တန်ဆာနဲ့ မြင်းအဆောင်လက်ဖွဲ့ ၂ခု ကျန်နေသေးတယ်လေ... ငါ ထွက်ပြေးလို့ ရတယ်!'

ဒါကို သူတွေးပြီးတာနဲ့ သူ့ရှေ့က တံငါသည်က သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်ရင်း သံချပ်ကာနဲ့ မြင်းအဆောင်လက်ဖွဲ့ကို ရှာတွေ့သွားတာကြောင့် သိမ်းသွားတော့သည်။

"ဒီကလေးက အဆောင်ဆွဲဆရာလား?"

တံငါသည်က ပိုလို့တောင် စိတ်ရှုပ်သွားသည်။

"ဘယ်အဆောင်ဆွဲဆရာမဆို သူ့ခန္ဓာကိုယ်မှာ အဆောင်လက်ဖွဲ့ကို ဒါဇင် ဒါမှမဟုတ် ရာနဲ့ချီပြီး သယ်လာကြတယ်မလား... သူ့ခန္ဓာကိုယ်မှာ ဘာလို့ ချပ်ဝတ်တန်ဆာနဲ့ မြင်းနှစ်ကောင်ပဲ ရှိနေတာလဲ... တျယ်ပိဝမ်းကို သတ်ခဲ့တဲ့ တရားခံအစစ်ရော ဟုတ်ရဲ့လား... အဲ့တျယ်ပိဝမ်းကရော ငါ့ထက် အဆင့်နိမ့်လို့လား?"

ကျန်သုံးယောက်စလုံးက ကျောက်မိသားစုမှ ငွေဝတ်အစောင့် ဖြစ်ကြပြီး အားလုံးက ချီးမွမ်း​နေကြသည်။

"အဆောင်ဆွဲဆရာတွေထဲမှာ ရွှမ်ရင်အိမ်တော်က ဖူရှန်းခက်ရဲ့ အဆင့်တွေက တျယ်ပိဝမ်းထက် ပိုသာပါသေးတယ်....ရွှမ်ရင်အိမ်တော် လှုပ်ရှားပြီးတာနဲ့ တျယ်ပိဝမ်းလို လွယ်လွယ်ကူကူ အဖမ်းခံလိုက်ရမှာ မဟုတ်ဘူး..."

ဒါကိုကြားတော့ ဖူရှန်းခက်လည်း အရမ်းပျော်သွားသည်။

"​ငါ့အရည်အချင်းက ကျောက်မိသားစုရဲ့ ရွှမ်ရင်အိမ်တော်ကြီးမှာ ခြေကုပ်ရနိုင်လို့ တခြားသူတွေကို မြှောက်ပင့်ပေးတတ်တဲ့ တျယ်ပိဝမ်းလိုမျိုး မဟုတ်ဘူးလေ"

သူဒီလိုပြောနေချိန်မှာပဲ ရေတွေ တဟုန်ထိုးဝင်ရောက်လာသလို အသံတွေ ချန်ရှီဆီက ထွက်လာသည်။

ဖူရှန်းခက် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ရှေ့ရှိ သေးငယ်သော ချန်ရှီခန္ဓာကိုယ်တွင် ရစ်ပတ်ထားသော ရွှေရောင် မြွေကြီးသည် ပို၍ တင်းကျပ်လာပြီး မြွေအကြေးခွံကြားက ကွာဟမှုက ပိုကျယ်လာသည်။

"မကောင်းတော့ဘူး!"

ဖူရှန်းခက်ရဲ့ အမူအရာ ရုတ်တရက်ကြီး ပြောင်းလဲသွားကာ ပေါက်ကွဲသံနှင့်အတူ မြွေအက္ခရာဖြင့် ပြုလုပ်ထားသော ရွှေမြွေအ​ဆောင်လက်ဖွဲ့က ဆွဲဆန့်ခံလိုက်ရကာ နေရာအနှံ့ ပျံ့ကျဲသွားသည်။

"ငါ့ရဲ့ဝိညာဥ် မြွေကြီးကို ဖျက်စီးလိုက်ပြီ! ဒီလောက် အစွမ်းထက်တာ ဒီကလေးက ရှဲ့တစ်ကောင်လား?"

ဖူရှန်းခက်သည် အန္တရာယ်နှင့် ရင်ဆိုင်ရစဉ်တွင် ငြိမ်သက်နေပြီး ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားကာ ခြေဖဝါးမှ လေညင်းများ ထွက်လာကာ ခန္ဓာကိုယ်ကို မြှောက်၍ ဆယ်ပေကျော်အထိ ပြန်ဆုတ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆောင်လက်ဖွဲ့သည် သူ၏ဘယ်ဘက်လက်မှ ပျံထွက်သွားပြီး နတ်တန်ခိုးများ ပေါက်ကွဲသွားသည်။ သူ့ညာဘက်လက်မှာလည်း အဆောင်လက်ဖွဲ့ကို ကိုင်ထားသေးသည်။

သူသည် သူ့​ခြေဖဝါးပေါ်ရှိ သံချပ်ကာနှင့် မြင်းအဆောင်လက်ဖွဲ့များ၊ ဘယ်ညာလက်ရှိ အဆောင်လက်ဖွဲ့ အကူအညီဖြင့် အနီးကပ်တိုက်ပွဲတွင် အချိန်တိုအတွင်း တိုက်ခိုက်ရန် ခွန်အားပေးလောက်အောင် လုံလောက်သည်။

သူ၏ တန်ခိုးအမျိုးမျိုး ပေါက်ကွဲသွားချိန်တွင် ချန်ရှီသည် ခြေဆန့်ကာ ခန္ဓာကိုယ်ကို လှည့်ပစ်လိုက်သည်။ သူ ပြင်းထန်စွာ လဲကျကာ ဖူရှန်းခက် အဆောင်လက်ဖွဲ့များနဲ့ သုံးပေအကွာကို ရောက်သွား၏။ ဖူရှန်းခက် လှည့်ကြည့်လိုက်တော့ ချန်ရှီက ညာလက်နဲ့ နောက်ပြန်ခုတ်နေပြီ။

လက်နှစ်ချောင်းဖြင့်က မိုးခြိမ်းသံကဲ့သို့ လျင်မြန်ပြီး ဖူရှန်းခက်၏ လည်ချောင်းအရိုးကို ထိမှန်သွားခဲ့သည်။ လည်ချောင်းအရိုး ကွဲအက်သွားချိန်၌ ချန်ရှီ၏ လက်ဖဝါးအထွတ်အထိပ်သည် လေးလံသော ဓားတစ်ချောင်းလိုမျိုး လည်ပင်း၏ စတုတ္ထအရိုးကို ထိကာ ခေါင်းအရိုးမှ နောက်ပြန် ခုတ်ပစ်ခဲ့သည်။

တစ်ဆက်တည်း ဖူရှန်းခက်ရဲ့ နောက်ကျောကလည်း ရုတ်တရက် ပေါက်ထွက်သည်။ သူ့ခန္ဓာကိုယ်ကို ချက်ချင်း ထိန်းချုပ်မရတော့ဘဲ ချန်ရှီ နောက်ပြန်ဆုတ်သွားတာကိုသာ ကူကယ်ရာမဲ့ ကြည့်နေရ၏။

ချန်ရှီသည် အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်သွားသည်။ ဆုတ်ခွာသွားတာကလည်း အလွန်လျင်မြန်လှသည်။

"ခေါင်းပေါ်မှာ ရွှေတောင်ကြီးတစ်ခု ရှိနေတာတောင် ဒီလောက် မြန်နေသေးတာလား"

ဖူရှန်းခက် အလွန်အမင်း ထိတ်လန့်သွားသည်။ သူ ထိန်းမရဘဲ လဲကျသွားတဲ့အချိန် အဆောင်လက်ဖွဲ့တွေထဲက စွမ်းအင်တွေ အများကြီးထွက်လာပေမယ့် မလုံလောက်တော့သလို အသက်လည်း မရှင်နိုင်တော့ပေ။

သူက တျယ်ပိဝမ်းထက် ပိုသာပေမယ့် ပိုမြန်မြန်လည်း သေသွားခဲ့ရသည်။

All Chapters