← Chapters

ခြေဖဝါးသည် မြင်းတစ်ကောင်လို လျင်မြန်ပြီး လက်ချောင်းများက အထက်တန်းစားများကို သတ်နိုင်ခြင်း

Vol. 3 Ch. 33

ခြေဖဝါးသည် မြင်းတစ်ကောင်လို လျင်မြန်ပြီး လက်ချောင်းများက အထက်တန်းစားများကို သတ်နိုင်ခြင်း

Vol. 3 Ch. 33

ချန်ရှီဦးခေါင်းကို ဖိနှိပ်ထားသော ရွှေတောင်က တကယ့်ရွှေတောင် မဟုတ်ချေ။

ထိုအဆောင်လက်ဖွဲ့ဖြင့် ထိမှန်ခံရသူ၏ ခန္ဓာကိုယ်သည် အလေးချိန် ကီလိုဂရမ်တစ်ထောင်ကျော် တောင်ကြီးဆီက အဖိခံထားရသလို ခံစားရလိမ့်မည်။ ခွန်အားသာ အနည်းငယ် သေးငယ်သွားပါက တောင်ကြီး၏ လေးလံသော ဖိအားကို ခံနိုင်ရည်မရှိရုံသာမက ချန်ရှီသည် တိုက်ရိုက်နှိပ်စက်တာ​တောင် ခံရလိမ့်မည်။

သူ့ခန္ဓာကိုယ် လှုပ်ရှားပုံက အလွန်လျင်မြန်နေသောကြောင့် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ သုံးထားသော ဖူရှန်းခက်ကို တစ်ချက်လှုပ်ရုံဖြင့် သတ်ပစ်နိုင်ခဲ့သည်။ သနားစရာ ဖူရှန်းခက်သည် အဆောင်လက်ဖွဲ့ သုံးရာ၌ အလွန်ကျွမ်းကျင်၏။ ရွှမ်ရင်အိမ်တော်က မှော်ဆရာအဖြစ် လူသိများသော တျယ်ပိဝမ်းနှင့်အတူ သူ့အဆောင်လက်ဖွဲ့ ကျွမ်းကျင်မှု တစ်ခုမျှပင် မသုံးပြနိုင်ဘဲ သေဆုံးသွားခဲ့သည်။

အကယ်၍သာ တျယ်ပိဝမ်းနေရာမှာ ဖူရှန်းခက်သာ ဖြစ်ခဲ့လျှင် ဖူရှန်းခက်ဟာ ချန်ရှီကို အရိုးပါမကျန် ဝါးစားပစ်နိုင်မှာ ဖြစ်ပြီး ချန်ရှီကလည်း သူ့ဝိညာဉ်မြွေ အဆောင်လက်ဖွဲ့ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။ သို့သော် သူ့​​အတွင်းအင်္ဂါများသည် သန်မာလာပြီမလို့ မြွေဝိညာဥ်အဆောင်လက်ဖွဲ့က သူ့ကို မတားနိုင်တော့ချေ။

ချန်ရှီ ပြန်တိုက်လိုက်တဲ့အခါ သစ်ပင်အောက်မှာ ရပ်နေတဲ့ အစောင့်ကလည်း နတ်ကွန်းကို အသက်သွင်းလိုက်ရာ နတ်ကွန်းထဲက နတ်သန္ဓေသားလေး ထွက်လာသည်။

ဒီလူရဲ့အရှိန်သည် ချန်ရှီ တစ်ခါမှ မမြင်ဖူးလောက်အောင် လျင်မြန်လွန်းသည်။ ချန်ရှီရဲ့ တုံ့ပြန်မှုအရှိန်မှာလည်း သူ မမြင်ဖူးသည့်အတိုင်း လျင်မြန်လွန်းသဖြင့် ချန်ရှီ သူ့အား တွန်းတိုက်နေသည်ကို မြင်သောအခါ နတ်သန္ဓေသားကို ထိန်းရင်း နောက်ပြန်ဆုတ်သွားရသည်။

သူ့နတ်သန္ဓေသားရှေ့တွင် သာမန်မျက်စိဖြင့် မမြင်နိုင်လုနီးပါး ရှိသော ဓားစွမ်းအင်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ကောင်းကင်နှလုံးချီကျင့်စဥ်ရဲ့ ကျစ်ဝူဓားသိုင်းထဲက ရှဲ့သတ်ဓားပဲ ဖြစ်သည်။ ကံမကောင်းချင်တော့ ဓားစွမ်းအင် မပေါ်ထွက်လာခင်မှာပဲ ချန်ရှီလက်က သူ့နောက်ကျောကို ထိနေပြီ။

ထိုငွေဝတ်အစောင့်ရဲ့ အတွင်းအင်္ဂါများ ပြင်းထန်စွာ တုန်ခါသွားတာကြောင့် ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး အလိုအလျောက် နောက်ပြန် ဆုတ်သွားရတော့၏။

ဝုန်း!

ချန်ရှီက တစ်ချက် ကန်ထည့်လိုက်ရာ ပုစဉ်းရင်ကွဲကောင် ဖမ်းသော သစ်ပင်ကြီးပေါ်မှ အစောင့် ခန္ဓာကိုယ်ကို ထိမှန်သွားကာ တစ်ဖက်လူလည်း ပါးစပ်ထောင့်မှ သွေးများ ထွက်ကျလာခဲ့သည်။

သူ့ပါးစပ်တွင် သွေးများဖြင့် ပြည့်နေသည်။ ထိုလူက သွားများကို တင်းတင်းစေ့ကာ သူ့မျက်နှာမှ အကြောများကို အနည်းငယ် ပြင်းထန်လာစေပြီး နတ်ကွန်းရှေ့တွင် ဓားစွမ်းအင်ကို အသက်သွင်းလိုက်သည်။

ချန်ရှီရဲ့ တိုက်ခိုက်မှုကြောင့် သစ်ပင်အောက်ကလူဟာ သူ့​အတွင်းအင်္ဂါများ ကွဲအက်သွားတာကို သိသည်။ သူ့အရိုးတွေပါ ကွဲအက်သွားသော်လည်း သူသေဆုံးသွားသည့်တိုင် ချန်ရှီကို ကျောခိုင်းထားခဲ့ရသူ ဖြစ်​နေသည်။

ချန်ရှီ သစ်ပင်ပေါ်က လူဆီသို့ အပြေးအလွှား ပြေးသွားသော်လည်း ၎င်းနှင့်တွေ့သောအခါ ထိုငွေဝတ် အစောင့်၏ ဦးခေါင်းနောက်ဘက်ရှိ နတ်ကွန်း၌ သူ့လက်ကို ညွှန်ပြနေသည့် နတ်သန္ဓေသားလေးကို တွေ့လိုက်ရသည်။

ကျင်တစ်ထောင်ကျော် အလေးချိန်ကို သယ်ဆောင်လာသော်လည်း မထင်မှတ်ဘဲ ရုတ်တရက် သတိပြန်ဝင်လာချိန် သူ့အရှိန်မှာ မြေပြင်ကို အက်ကွဲသွားစေသည့် ဆင်တစ်ကောင်လို ခွန်အားနဲ့ အလွန်မြန်နေသေးသည်။

ချန်ရှီသည် ကျစ်ဝူရှဲ့သတ်ဓား၏ ဓားစွမ်းအင်ကို မမြင်နိုင်တော့ဘဲ သူ့ရှေ့က နေရာလွတ်က လျင်မြန်စွာ တုန်ခါသွားတာကိုသာ မြင်လိုက်ရသည်။

"ဗုန်း!"

"ဗုန်း!"

ချန်ရှီခြေလှမ်း အရှိန်များ လျင်မြန်စွာ ကျဆင်းသွားပြီး ပေနှစ်ဆယ်ကျော် အကွာအထိ ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားခဲ့ရသည်။ ကျောပြင်နဲ့ နောက်ပြန် လဲကျသွားစဥ် နားထဲမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး မမြင်နိုင်သော ဓားစွမ်းအင်က သူ့နှာခေါင်းဖျားပေါ်မှ ဖြတ်ပြေးသွား၏။

ချန်ရှီသည် သူ့နောက်မှ တိုးတိုးတိတ်တိတ် အသံတစ်ခု ကြားလိုက်ရလို့ ဘေးကို လှမ်းကြည့်လိုက်ရာ လမ်းဘေးရှိ လူနှစ်ယောက် သုံးယောက် ပွေ့ဖက်နိုင်တဲ့ သစ်ပင်ကြီးတစ်ပင် ဖြည်းညှင်းစွာ လဲကျသွားတာ တွေ့လိုက်ရသည်။

ငွေဝတ်အစောင့်ရဲ့ ကျစ်ဝူရှဲ့သတ်ဓားက သူ့ကို မထိမှန်သော်လည်း သုံးပေမှ လေးပေအထိ ပျံသန်းကာ သစ်ပင်ကြီးတစ်ပင်ကို ဖြတ်တောက်လိုက်သေးသည်။

"ဒီစွမ်းအား..."

ချန်ရှီ လျှို့ဝှက်စွာ ထိတ်လန့် တုန်လှုပ်သွားသည်။ ဤလူသည် စွမ်းအားအပြည့်ဖြင့် ဓားကို တွန်းထုတ်ရန် အချိန်မရှိသော်လည်း ဤဓားစွမ်းအင်နဲ့တင် ထိမိပါက သူ့ခေါင်း ပျောက်ကွယ်သွားမှာ သေချာ၏။

"ငါ့ကိုဖမ်းဖို့ ကျောက်မိသားစုက လွှတ်လိုက်တဲ့ အစောင့်က လီမိသားစုရဲ့ ငွေဝတ်အစောင့်က အများကြီး ပိုအစွမ်းထက်တာပဲ!"

ချန်ရှီ လှည့်၍ မတ်တတ်ထလေ၏။

သစ်ပင်ပေါ်ရှိ ပုစဉ်းရင်ကွဲ ဖမ်းသူနှင့် မြောင်းဘေးရှိ တံငါသည်တို့ကလည်း ဤအခိုက်အတန့်၌ပင် ရောက်လာကြပြီး ၎င်းတို့နှစ်ဦးလုံးက လျင်မြန်စွာ တုံ့ပြန်ကာ နတ်ကွန်းနှင့် နတ်သန္ဓေသားတို့ကို အသက်သွင်းလိုက်သည်။

သူတို့နှစ်ယောက် ခြေထောက်ကို မြှောက်လိုက်စဥ် ခြေထောက်မှာ ချိတ်ထားတဲ့ သံချပ်ကာမြင်းအ​ဆောင်လက်ဖွဲ့က ချက်ချင်း အသက်ဝင်လာပြီး အရှိန်ပြင်းပြင်းနဲ့ ပြေးချလာတော့သည်။

သူတို့နှစ်ဦးသည် ဓားကိုလက်ဖြင့် လှုပ်ရှားရင်း ရိုင်းစိုင်းစွာ ပြေးလွှားလာကြရာ နတ်ကွန်းထဲရှိ နတ်သန္ဓေသားသည်လည်း အလားတူ လှုပ်ရှားမှုများကို ပြုလုပ်နေ၏။ ချန်ရှီလည်း အဝေးမှ လေထု၏ တုန်ခါမှုကိုသာ မြင်နိုင်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်ရစဥ် သူ့အမြင်အာရုံက မှုန်ဝါးသွားသည်။

သူ အော်ဟစ်ပြီး မြောင်းပေါ်မှ ခုန်ဆင်းကာ တစ်ဖက်ကမ်းသို့ ဆင်းလာခဲ့သော်လည်း သူ့ခြေထောက်မှာ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ မရှိတာကြောင့် ခြေထောက်များက နူးညံ့သော မြေဆီလွှာထဲသို့ နစ်မြုပ်သွားခဲ့သည်။

ချန်ရှီ သူ့ခြေထောက်များကို အမြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် လမ်းမပေါ်မှ တဒုန်းဒုန်း ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာသော်လည်း ကျစ်ဝူရှဲ့သတ်ဓား နှစ်ချောင်းက ချန်ရှီကိုသတ်ဖို့ မအောင်မြင်ခဲ့ဘဲ ဓားစွမ်းအင်က အလွန်ခက်ခဲစွာ ဆွဲထုတ်သွားရသော ခြေရာ အမှတ်အသားတစ်ခုကိုသာ ဖြတ်တောက်ကာ ရွှံ့နွံထူထူကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝှစ်!

နောက်ထပ် မမြင်နိုင်သော ဓားစွမ်းအင်နှစ်ခုသည် သူ့ဆီသို့ ပျံသန်းလာစဥ် ချန်ရှီသည် ရွှေတောင်ကိုထမ်းကာ သီးနှံခင်းထဲသို့ ပြေးဝင်သွားခဲ့သည်။ အနောက်နွားရှင်းကျိုးတွင် ထူးခြားသော သီးနှံတစ်မျိုး ဖြစ်သည့် ပြောင်းဖူးကို အများဆုံး စိုက်ပျိုးထားသည်။ အပင်တွေက လူတစ်ဦး သို့မဟုတ် နှစ်ဦးအရပ်​လောက်အထိ ကြီးထွားနိုင်ပြီး တောအုပ်ကြီးလို မြင့်မားသည်။

ချန်ရှီ မဆိုင်းမတွ သီးနှံခင်းထဲသို့ အမြန်ပြေးဝင်သွားသည်။ သူ့နောက်ဘက်ရှိ သီးနှံခင်းများ ပြိုကျ ပျက်စီးသံကို ကြားနေရ၏။ သေချာပေါက် ငွေဝတ် အစောင့်နှစ်ယောက်၏ ဓားစွမ်းအင်ကြောင့် ဖြစ်သည်။

အစောင့်နှစ်ယောက်သည် မြစ်ကမ်းစပ်သို့ ပြေးသွားကာ ဓားသွားများကို အဆက်မပြတ် ဝှေ့ယမ်းရင်း ရှေ့သို့ ပြေးသွားရာ နတ်ကွန်းနှစ်ခုရှိ နတ်သန္ဓေသားတို့ကလည်း ရှေ့သို့ လက်ကို ဝှေ့ယမ်းကာ မမြင်နိုင်သော ဓားစွမ်းအင်များကို စိုက်ခင်းများဆီသို့ ပျံသန်း ဖြတ်တောက်ပစ်စေ၏။

သူတို့နှစ်ဦးသည် မရပ်မနား မြစ်ကိုဖြတ်၍ ခုန်ချခဲ့ကြသော်လည်း ချန်ရှီက အခုအထိ ရေထဲကနေ အဝေးကို ခုန်မချနိုင်သေးပေ။ သူတို့ခြေထောက်အောက်မှ လေနုအေးများဖြင့် မြစ်ရေပြင်ပေါ်သို့ လှိုင်းထသွားစေသည်။

နှစ်ယောက်သားက ရှေ့တစ်လှမ်းသာ တိုးပြီး ရေမစိုဘဲ တစ်ဖက်ကမ်းကို ရောက်သွားသည်။ အရှေ့က စိုက်ခင်းတွေ ကွက်ကွက်ကွင်းကွင်း ပြိုကျနေကုန်ပြီ။ ကောက်ပဲသီးနှံခင်းတွေအတိုင်း ချန်ရှီနောက်ကို အလျင်စလို ပြေးလိုက်ရင်း ကျစ်ဝူ ဓားရှည်ကြီး ထွက်လာပြန်သည်။

အရှေ့က ဓားစွမ်းအင်က မပျောက်သေးချိန်မှာပဲ အနောက်ဘက်က ဓားစွမ်းအင်တွေက ရောက်လာပြီ။ ဓားစွမ်းအင်များ ရောယှက်ပြီး ဖရိုဖရဲ ဖြစ်ကုန်ပြီ။ အချင်းချင်း တိုက်မိကာ ပိုမိုသေးငယ်သော ဓားစွမ်းအင်များအဖြစ် ကွဲထွက်ကာ လမ်းကြောင်းအားလုံးကို ပစ်လွှတ်လိုက်ကြသည်။

ကျောက်ယွဲ့ ခေါ်လာသော ငွေဝတ်အစောင့် အားလုံးသည် သာမန် ငွေဝတ်အစောင့်များ မယှဉ်နိုင်သော တိုက်ပွဲအတွေ့အကြုံများ အလွန်ကြွယ်ဝကြသည်။ သူတို့နှစ်ဦးသည် ချန်ရှီခေါင်းထက်မှ ရွှေတောင်တန်းကို ကြည့်ကာ မိုင်ပေါင်းများစွာ ပြေးခဲ့ကြသော်လည်း သီးနှံခင်းက မဆုံးသေးပေ။

ရုတ်​တရက်​ ​ရွှေ​တောင်​ကြီးက မှိန်​​ဖျော့သွားပြီး ​ပျောက်​ကွယ်​သွားသည်​။ လူနှစ်ယောက်၏ နှလုံးသားများ တစ်ပြိုင်တည်း ဒိတ်ကနဲ ဖြစ်သွားကြ၏။ ရွှေတောင်အဆောင်လက်ဖွဲ့ရဲ့ စွမ်းအင်က ပျောက်ကွယ်သွားခဲ့ပြီ။

အခုတော့ သူတို့ဟာ ချန်ရှီကို ခြေရာခံလို့ မရတော့ဘဲ လမ်းပျောက်သွားပြီ။

"ရှာ!"

တစ်ဟုန်ထိုး ပြေးလွှားနေသည့် အသံသည် အရွက်များကို ဖြတ်သန်းပြေးလွှားနေသော လူ့ခန္ဓာကိုယ်၏ အသံဖြစ်သည်။ နှစ်ယောက်သား ချက်ချင်း ကျောချင်းကပ်ကာ ပတ်ပတ်လည်ကို သတိရှိရှိ ကြည့်လိုက်ကြသည်။

ဖြတ်ပြေးနေသော အသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ အလွန်လျင်မြန်သော အရှိန်ဖြင့် လှည့်ပတ်ပြေးနေတာပင်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မှီ၍ ခြေထောက်များကို ရွေ့လိုက်ကြပြီး အသံနှင့်အညီ ဓားရှည်များကို လက်ထဲတွင် ကိုင်ထားသည်။ ဓားစွမ်းအင်သည် အသံနောက်သို့ လွှတ်ထုတ်ပစ်သော်လည်း သီးနှံပင်ကို ဖြတ်ပစ်တာကလွဲလို့ တခြား ရလဒ်မရှိလာပါ။

"စိုက်ခင်းထဲက ထွက်လာခဲ့စမ်း!"

အော်သံမဆုံးခင်မှာ ရုတ်တရက် လျှပ်စီးလက်သလို အရိပ်​လေးတစ်ခု ခပ်သွက်သွက် သူ့ဆီ ပြေးဝင်လာ၏။ နောက်အခိုက်အတန့်မှာတော့ ထိုအစောင့်ဟာ နွားရိုင်းတစ်ကောင်ကို ဝင်တိုက်မိသလို သူ့ပါးစပ်ထဲက သွေးတွေ ထွက်ကျလာတော့သည်။

နောက်တစ်ယောက်က ဒါကိုမြင်တော့ မတွေးဘဲ ဓားနဲ့ ပြေးထွက်သွားပေမယ့် ဓားစွမ်းအင်ကို ရှောင်ဖို့ ပိန်ပိန်ပါးပါး အရိပ်လေးက ခုန်တက်သွားတာကြောင့် သွေးအန်ထားတဲ့ ငွေဝတ်အစောင့်မှာ မရှောင်တိမ်းနိုင်ဘဲ တစ်ဝက်တစ်ပြတ် လှီးဖြတ်ခံလိုက်ရတာကြောင့် သီးနှံတွေ သွေးစွန်းသွားခဲ့သည်။

"လင်းဟယ်!"

ထိုလု အသည်းကွဲမတတ် အော်ဟစ်လိုက်ပြီး ဒီအချိန်မှာတော့ သီးနှံခင်းထဲက ပြေးလာတဲ့ အသံက သူ့ပတ်ဝန်းကျင်ကို လျင်မြန်စွာ လှည့်ပတ်လာပြန်၏။ ထိုလူလည်း တစ်ခုခုမှားနေပြီဆိုတာ သိလိုက်တဲ့အတွက် ချက်ချင်းပင် ပျက်စီးသွားတဲ့ ပြောင်းဖူးခင်းတစ်လျှောက် ပြန်လှည့်ပြေးတော့သည်။

မြင့်မားသော သီးနှံစိုက်ခင်းတွင် တစ်ဖက်လူက အရပ်ပုတာကြောင့် အားသာချက်ရှိသော အနေအထားကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် စိုက်ခင်းကို ဖြတ်ပြေးနေသော အသံသည် သူ့ဦးတည်ချက်ကို ထင်ရှားစေသောကြောင့် ပြိုင်ဘက်က အလွယ်တကူ ရှောင်ရှားနိုင်ခဲ့သည်။

ဒါပေမဲ့ လမ်းပေါ်ရောက်တာနဲ့ ရာဇ၀တ်ကောင် ချန်ရှီမှာ ဒီအားသာချက် မရှိနိုင်တော့ပါဘူး။

သူ့ခြေထောက်ပေါ်ရှိ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ အစွမ်းက ရှိနေသေးသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့​ဓားစွမ်းအင်ကို ပြင်ဆင်ပြီး ချန်ရှီ ဘယ်နေရာက ထွက်လာနေပါစေ ပြင်းထန်သော ထိုးနှက်ချက်ကို ခံရလိမ့်မည်။

သို့သော် သူ့ပတ်ဝန်းကျင်မှာ တရှပ်ရှပ် ပျောက်ကွယ်သွားကာ သီးနှံစိုက်ခင်းဟာ အလွန်တိတ်ဆိတ်သွား၏။ သူပြေးနေတဲ့အသံနဲ့ သူ့အသက်ရှုသံတွေပဲ ကျန်ခဲ့တော့သည်။

သူ့ရှေ့တွင် ချောင်းတစ်ခုရှိသည်။ လမ်းက ချောင်းတစ်ဖက်တွင် ရှိနေသဖြင့် ထိုလူက မစဉ်းစားဘဲ အလျင်အမြန် ပြေးသွား၏။ ရေပြင်ကို ခြေဖျားနှင့်ထိ၍ လေတိုက်သလို ပြေးသွားသဖြင့် မြစ်ရေမျက်နှာပြင်ပေါ်၌ လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။

သူ တစ်ဖက်ကမ်းကို ခုန်ဆင်းခါနီးမှာ ရုတ်တရက် သူ့နောက်မှာ မြစ်ရေတွေ ပန်းထွက်လာကာ ချန်ရှီရဲ့ပုံရိပ်သည် မြစ်ထဲကနေ ခုန်တက်လာပြီး သူနဲ့ ထပ်တူ အမြင့်ကို ခုန်တက်လာ၏။

"သူက ငါ့ထက် ပိုမြန်နေတာလား.. ငါ့ထက်တစ်လှမ်း စောရောက်ပြီး မြစ်ထဲမှာ စောင့်နေတာပေါ့!"

ထိုအစောင့်လည်း ထိတ်လန့်သွားတော့သည်။ ချန်ရှီ ချီသွေးကို ချိန်ညှိလိုက်တဲ့အခါ သူ့လက်ဖဝါးတွေဟာ ဝက်ဝံခြေသည်းတွေလို ထူလာပြီး တစ်ဖက်လူကို ပြင်းပြင်းထန်ထန် နားရင်းအုပ်ပစ်လိုက်သည်။

ဝုန်း!

ငွေဝတ်အစောင့်၏ ဦးနှောက်သည် ငါးပိဘောလုံးတစ်ခုအဖြစ် ကွဲကြေသွားပြီး သူ့ခန္ဓာကိုယ်က အခြားတစ်ဖက်သို့ လဲကျသွားခဲ့သည်။ ချန်ရှီလည်း ရေထဲသို့ ပြုတ်ကျသွား၏။ မြစ်ပေါ်တွင် ပက်လက်လှဲအိပ်ကာ အသက်ပြင်းပြင်း ရှူနေပေမယ့် သူ့နှလုံးခုန်သံများ မငြိမ်သက်နိုင်သေးပေ။

"ဒီညတော့ ငါ့ရောဂါ ထပ်ထလာမှာ ကြောက်ရတယ်"

သူ့နှလုံးသား အလယ်ဗဟိုတွင် ပြင်းထန်စွာ ခုန်နေသော နှလုံးသည် မြစ်မျက်နှာပြင်ကိုတောင် အနည်းငယ် တုန်ခါသွားစေလေ၏။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားအသစ်များ စိုစွတ်နေပြီး နေရာတိုင်းတွင် ခြစ်ရာများကြောင့် အပေါက်များ ဖြစ်ကုန်တာ တွေ့လိုက်ရသည်။

"အဘိုး ဝယ်ပေးထားတဲ့ ငါ့အဝတ်အစား အသစ်လေး...."

ချန်ရှီ အလွန်စိတ်မကောင်း ဖြစ်သွားသည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ဖူရှန်းခက်ထံ ချဉ်းကပ်၍ ဂရုတစိုက် ရှာဖွေကြည့်လိုက်တဲ့အခါ အဆောင်လက်ဖွဲ့ အမျိုးအစား များစွာကို အရွက် ၇၀ သို့မဟုတ် ၈၀ ကို တွေ့ရှိခဲ့သည်။ ချန်ရှီသည် သူ၏ သံချပ်ကာ မြင်းအဆောင်လက်ဖွဲ့ကို ကောက်ယူပြီး အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်သည်။

သူသည် ဖူရှန်းခက် အင်္ကျီကို ချွတ်လိုက်ပြီး ကျန်ရှိသော အဆောင်လက်ဖွဲ့များကို ခေါက်ယူကာ အိတ်ကပ်ထဲမှ ငွေစအချို့ကိုလည်း ထုတ်ယူလိုက်သည်။

ချန်ရှီ တုံ့ဆိုင်းသွားပြီး ငွေစအနည်းငယ်ကို ဖူရှန်းခက်ထံ ပြန်ပေးလိုက်သည်။

- လူသေတွေဆီက ပိုက်ဆံမယူဖို့ အဘိုးက သင်ပေးထားတယ်။ မဟုတ်ရင် အဲ့လူသေက ညဘက်ရောက်ရင် သူ့ပိုက်ဆံကို ပြန်လာတောင်းတတ်တယ်တဲ့။

ချန်ရှီ နောက်ထပ် အလောင်းနှစ်လောင်းဆီ ထပ်သွားလိုက်သည်။ အဆောင်လက်ဖွဲ့ တချို့နဲ့ ငွေအချို့ကို ထပ်တွေ့ရာ အဆောင်လက်ဖွဲ့ကို သိမ်းကာ ငွေစကိုတော့ အလောင်းခန္ဓာကိုယ်မှာပဲ ထားခဲ့လိုက်သည်။

"အယပျက်စီးသွားတဲ့ ကောက်ပဲသီးနှံတွေအတွက် ပေးချေဖို့ အဘိုးကို ဒါတွေ ရောင်းခိုင်းလို့ရတယ်... အားလုံးက ရွာသူရွာသားတွေပဲ... တခြားသူတွေရဲ့ စပါးခင်းတွေကို ငါက ပျက်စီးစေခဲ့တာ...သူတို့ကို ဘာမှမရဘဲ အရှုံးခံစေလို့ မဖြစ်ဘူး"

အပိုင်းနှစ်ပိုင်း ခွဲထားတဲ့ အစောင့်ခန္ဓာကိုယ်ကိုတော့ လိုက်မရှာတော့ပေ။ ကြေကွဲစရာကောင်းလောက်အောင် သေဆုံးသွားတဲ့အတွက် ညဘက်တွေမှာ အိပ်မက်ဆိုးတွေ ထမက်မှာကို ကြောက်ရ၏။

"မနေ့ညက ငါ့အိပ်မက်ထဲမှာ စန်းဝမ် ပေါ်လာပြီး ငါ့ကိုသတ်ဖို့ လူတွေလာနေပြီ ပြောတယ်...ငါ့ကိုလည်း ထွက်ပြေးခိုင်းနေတာ...ဒီအိပ်မက်က အမှန်များလား... စန်းဝမ်က ငါ့အိမ်မက်ထဲ ဘယ်လိုဝင်လာတာလဲ"

ချန်ရှီ ခါးကို တည့်တည့်မတ်မတ်ထားပြီး စန်းဝမ်ရဲ့လည်ပင်းမှာ ပတ်ထားတဲ့ လျှာရှည်ကြီးကို တွေးမိသွားသည်။

"အိပ်မက်ထဲမှာ လျှာရှည်ကြီးက ဘာဖြစ်သွားတာလဲ... သူ စန်းဝမ်ကို ဘယ်ခေါ်သွားတာလဲ"

သူ့စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်လာသလို ခံစားလာရသည်။ အိပ်မက်ထဲမှာ လူသေတွေ ဝင်လာတတ်တဲ့အကြောင်း သူ့အဘိုးဆီက ကြားဖူး၏။

လူတစ်ယောက် သေတဲ့အခါ မစွန့်လွှတ်နိုင်တဲ့ စွဲလမ်းမှုတွေရှိရင် အနီးနားက လူတွေကို သွားတွေ့တာ၊ အိပ်မက်ထဲ လာတာ၊ မကျေမနပ်ဖြစ်ရတဲ့ အကြောင်းတွေကို ပြောပြတာ၊ ဒါမှမဟုတ် မသေခင် နှုတ်ဆက်ပြီး အသုဘအစီအစဉ်တွေကို ရှင်းပြပေးတာမျိုး ရှိတတ်သည်။

"စန်းဝမ်က ဟွမ်ယန်ရွာကမလား...ဧကန္တ ဟွမ်ယန်ရွာမှာ တစ်ခုခုဖြစ်လို့လား?"

ချန်ရှီသည် သူ့မျက်နှာကို ရေဆေးပြီး သူ့အဝတ်အစားများကို မြစ်ထဲ၌ ဆေးကြောလိုက်သည်။ သူ့ခေါင်းနောက်ဘက်ရှိ တံဆိပ်ခတ်ထားသော အဆောင်လက်ဖွဲ့ အစွမ်းက ပျောက်ကွယ်သွားသော်လည်း သူ့အဝတ်အစားများ စုတ်ပြဲလွန်းသဖြင့် မည်သူ့ကိုမှ အတွေ့မခံချင်တော့ပေ။ ဒါကြောင့် ရွာကို ပြန်လှည့်လာရ၏။

ဟေးကော် ခေါင်းကို မော့လိုက်ရာ သခင်ငယ်လေးသည် လူသတ်လာခဲ့သလို သူ့အဝတ်အစားများ စုတ်ပြတ်သတ်ကာ ပြန်လှည့်လာတာ တွေ့တော့ အံ့သြသွားသည်။

'ဒါက သခင်လေးရဲ့ အနှစ်သက်ဆုံး ၀တ်စုံမဟုတ်လား။ မနက်ကတင် အဘိုးကပေးလို့ ပျော်နေတာကို ဘာလို့ အိမ်ကထွက်ပြီးတာနဲ့ သူတောင်းစား ဖြစ်သွားရတာလဲ'

ချန်ရှီ အိမ်ထဲသို့ဝင်ကာ အဝတ်ဟောင်းကို ​ပြန်ဝတ်လိုက်သည်။

"ဟေးကော် အဘိုး ထွက်သွားပြီလား"

ဟေးကော်က ခေါင်းညိတ်သည်။

ချန်ရှီ ထွက်သွားပြီး: "ငါလူသွားသတ်မလို့... မင်း အိပ်နေလိုက် ထနေစရာ မလိုဘူး"

ဟေးကော်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ခေါင်းကို လှည့်ကာ သခင်ငယ်လေး တံခါးမှ ထွက်သွားတာကိုသာ ကြည့်နေသည်။

မကြာခင်မှာပဲ ချန်ရှီလည်း ဟွမ်ယန်ရွာရဲ့အပြင်ဘက်ကို ရောက်လာခဲ့သည်။ ငြိမ်သက်နေတဲ့ ရွာကို အဝေးကနေ လှမ်းကြည့်ရင်း သူ အသက်ရှုကြပ်လာ၏။

"အခုလေးတင်ပဲ ဖူရှန်းခက်က ငါတျယ်ပိဝမ်းကို သတ်လိုက်လို့ တတိယသခင်လေးရဲ့ အမိန့်အရ ငါ့ကိုဖမ်းဖို့လာတာလို့ ပြောတယ်နော်... အဲ့တတိယသခင်လေး ကျောက်မိသားစုရဲ့ တတိယမြောက် သခင်လေးပဲ ဖြစ်မယ်"

ချန်ရှီစိတ်တွေ တဖြည်းဖြည်းနဲ့ ငြိမ်သက်လာသည်။

"ဖူရှန်းခက်က ငါ့ကို လုပ်ကြံခဲ့မယ်ဆိုရင် ငါသေတာကြာပြီ... ဒါပေမဲ့ သူတို့ကငါ့ကို တတိယသခင်လေးဆီ အရှင် ဖမ်းသွားချင်တာပဲ..."

သူသည် အလင်းသုံးပါး ကျင့်စဥ်ကို အသက်သွင်းလိုက်၏။ ချီသွေးများကို စီးဆင်းစေပြီး အတွင်းအင်္ဂါများကို အာဟာရဖြည့်ပေးကာ ခန္ဓာကိုယ်ကို အားကောင်းလာအောင် လုပ်လိုက်သည်။

"ဒါဆို သခင်လေးကျောက်က ဟွမ်ယန်ရွာမှာပဲ ရှိနေဦးမှာ... အစပြုသူက အနာဂတ်မရှိတဲ့... ငါလုပ်ခဲ့တာတွေက မသန့်ရှင်းသလို အမြစ်တွေကို မသုတ်သင်နိုင်ရင် ခဏခဏ ခုတ်နေရလိမ့်မယ်!"

ဟွမ်ယန်ရွာ အပြင်ဘက်မှာတော့ ဘယ်သူမှမရှိဘဲ လုံးဝကို တိတ်ဆိတ်နေသည်။ ချန်ရှီသည် ရွာဝင်ပေါက်ကနေ တိုက်ရိုက် မဝင်သွားဘဲ ရွာ၏အနောက်တောင် ထောင့်သို့ သွား၍ နံရံကို ကျော်တက်လာခဲ့သည်။

"ကိုယ့်ကြောင့်ဖြစ်ရတဲ့ ပြဿနာတွေကို ငါဖြေရှင်းမယ်... အဘိုးနဲ့ ရွာသားတွေကို ဒုက္ခမပေးသင့်ဘူး!"

All Chapters