ပွဲဖွင့်ပြီ
Vol. 3 Ch. 35
ဟဲ့လျန်ကျန်းရဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ စားပွဲရှစ်ဝိုင်းသို့ မရောက်မီတွင် ချန်ရှီက တတိယသခင်လေးနဲ့ ကျောက်ရွှယ်အာကို တူနှစ်ချောင်းဖြင့် သတ်ပစ်တာကြောင့် ဒေါသအမျက် ထွက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ကျောက်မိသားစု၏ ရွှမ်ရင်အိမ်တော်က သခင်လေးကျောက်သည် ဒုတိယသခင်မလေးကို ရှာဖွေရန်၊ ဘဏ္ဍာစိုး ကျောက်မင်နဲ့ တျယ်ပိဝမ်း ပျောက်ဆုံးသွားတဲ့ အမှုကို တစ်ချိန်တည်းတွင် ဖြေရှင်းရန် ငွေဝတ် အစောင့်တပ်များနဲ့အတူ ပို့ဆောင်ခဲ့သည်။
ဟဲ့လျန်ကျန်းရဲ့ တာဝန်က ကျောက်ယွဲ့နဲ့ တခြားသူများ၏ လုံခြုံရေးကို ကာကွယ်ရန်ဖြစ်သည်။ ကျောက်ယွဲ့ဟာ တတိယမြောက်သားသာ ဖြစ်သော်လည်း ရွှမ်ရင်အိမ်တော်၌ နာမည်ကောင်းရှိပြီး သူသည် ငယ်စဉ်ကပင် ကဗျာနှင့် စောင်းအတီးအခတ်တို့ကို ကျွမ်းကျင်သည်။ အရမ်းဂရုစိုက်ပြီး အိမ်မှာရှိတဲ့လူတိုင်းကလည်း ချစ်ခင်ကြ၏။
သားအကြီးဆုံးသည် သူ့မျှော်လင့်ချက်အတိုင်း လိုက်နာဖို့ ပျက်ကွက်နေသဖြင့် ဒုတိယသခင်မလေးကို ရှာမတွေ့ပါက သခင်ကြီးဟာ ကျောက်ယွဲ့ကို ဆက်ခံသူနေရာပေးရန် စီစဉ်နေကြောင်း ကောလဟာလများပင် ထွက်နေခဲ့သည်။
ကျောက်ယွဲ့ဘေးက ကျောက်ရွှယ်အာဟာ အသက်ဆယ့်ခြောက်နှစ်ရှိ ပန်းတစ်ပွင့်လို ငယ်ရွယ်သူ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် တတိယသခင်လေးက ကျောက်မင်နဲ့ တျယ်ပိဝမ်းအတွက် လက်စားချေကာ ဒုတိယအစ်မကိုလည်း ရှာမည်ဟု ကြားသိရသဖြင့် သူမ ပျော်ရွှင်စွာ လိုက်လာခဲ့သည်။
သူမသည် အလွန်ကြင်နာတတ်သော မိန်းကလေးတစ်ဦး ဖြစ်ပြီး ပုရွက်ဆိတ်ကိုပင် မသတ်ချင်ပေ။ မမျှော်လင့်ဘဲ ကျေးလက်က လူတွေက ရိုင်းစိုင်းလွန်းတော့ သခင်လေးကျောက်ကိုအပြင် သူမကိုပါ သတ်ပစ်လိုက်သည်။
ကျောက်ယွဲ့နဲ့ ကျောက်ရွှယ်အာ သေပြီဆိုရင်တော့ ဟဲ့လျန်ကျန်းကလည်း ပါဝင်ပတ်သက်နေရမှာ သေချာပါသည်။
ဒါတွေအားလုံးကို ချန်ရှီ လုပ်သွားတာပါပဲ။
"အရိုင်းအစိုင်းကောင်!"
ဟဲ့လျန်ကျန်း အံကြိတ်လိုက်သည်။ ချန်ရှီက သူတို့နှစ်ယောက်ကို တူလေးနှစ်ချောင်းနဲ့ သတ်ပစ်လိုက်တာကို တွေးပြီး ထမင်းစားပွဲကို မှောက်ချလိုက်သည်။
ထမင်းစားစားပွဲ ပျံတက်လာချိန်တွင် ချန်ရှီသည်လည်း သူ့လက်ကို အလောင်းကိုယ်ထဲမှ အလျင်အမြန် ဆုတ်သွားပြီး သူ့ဘယ်ဘက်လက်သည် ကျောက်ယွဲ့နောက်မှ အစောင့်လည်ချောင်းထဲကို ထိုးသွင်းပစ်၏။
"မြန်လိုက်တာ!"
ငွေဝတ်အစောင့်လည်း စိတ်ပျက်လက်ပျက်ဖြင့် သေသွားသည်။
တစ်ခုခုမှားနေပြီဆိုတာ ခံစားမိလိုက်ပေမယ့် ရှောင်ဖို့အချိန် မရှိသလို သူ့လည်ပင်းအရိုးတွေလည်း ခုတ်ထစ်ခံလိုက်ရသလို ကျိုးသွားပါပြီ။
ညာဖက်မှ ဒုတိယမြောက်လူ သေပြီ။
ချန်ရှီလှည့်၍ လက်သီးဖြင့် ထိုးချလိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားသလိုမျိုး သူ့ဘေးနားရှိ ငွေဝတ်အစောင့်ရဲ့ မျက်နှာကို ရိုက်ချလိုက်လေသည်။ ထိုလူသည် ရှေးဟောင်းဘုံကျောင်းနံရံနှင့် ထိမှန်သွားရာ ပေါက်ကွဲသံနှင့်အတူ နံရံတွင် အပေါက်ကြီး ပွင့်သွားသည်။
အပြင်ဘက်က ငွေဝတ်အစောင့်လည်း ရှေးဟောင်းဘုံကျောင်း၏ တံတိုင်းကြီး ရုတ်တရက် ဖောင်းထွက်လာတာကို တွေ့လိုက်ရသည်။ တစ်ဆက်တည်း အုတ်ခဲအနည်းငယ် လွင့်ထွက်သွားကာ ဦးခေါင်းခွံတစ်ခု ကွဲအက်သွားတာကိုပါ တွေ့လိုက်ရသည်။
လက်ဝဲဘက်မှ ပထမလူ သေပြီ။
"လုပ်ကြံသူ ရှိတယ်!"
အပြင်က ငွေဝတ်အစောင့်တွေလည်း ထိတ်လန့်သွားပြီး ချက်ချင်း တုံ့ပြန်ကာ ရှေးဟောင်းဘုံကျောင်းဆီသို့ ပြေးဝင်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဘုံကျောင်းထဲ၌ လူတိုင်းနီးပါး လှုပ်ရှားနေကြပြီ။ အချို့က ကုလားထိုင်များကို တွန်းထုတ်ကာ ထရန် ကြိုးစားကြပြီး အချို့မှာလည်း ချန်ရှီကို ရှောင်ရန် ကြိုးစားကြနေသည်။
ခဏလောက်တော့ မင်းငါ့ကို ခလုတ်တိုက်နေတယ်၊ မင်းငါ့လမ်းကို ပိတ်ထားတယ် စသဖြင့် ရှုပ်ကုန်သည်။ တခြား အစောင့်များမှာ တိုက်ခိုက်ချင်ပေမယ့် အခုအချိန်မှာတော့ မှော်ပညာကို ရူးသွပ်စွာ သုံးပစ်လိုက်ရင် ကိုယ့်လူတွေကို သတ်ပစ်မိမှာလည်း ကြောက်ရ၏။
လက်တွေ ခြေတွေ ရှုပ်နေရုံသာမက စိတ်တွေကလည်း ရောထွေးကုန်သည်။ အားလုံးကို သူတို့ရှေ့ကနေ ထုတ်ပစ်ချင်ပေမယ့် သူတို့ဟာ ကိုယ့်လူတွေပဲလို့ တွေးပြီး ထိန်းနေရသည်။
ဆန့်ကျင်ဘက် အနေနဲ့ ချန်ရှီကတော့ အလွန်ငြိမ်သက်နေ၏။
တိုက်ခိုက်တာတွေ မလုပ်ခင်မှာ ကောင်းကျိုးဆိုးကျိုးတွေကို ခွဲခြမ်းစိတ်ဖြာပြီး ချီတုံချတုံ အတွေးတွေ အများကြီးရှိပေမယ့် ချပြီးတာနဲ့ သူ့စိတ်နှလုံးက အလွန်တရာ တည်ငြိမ်သွားသလို လူကို သတ်ဖြတ်ဖို့ မွေးဖွားလာခဲ့သလိုတောင် ခံစားလာရသည်။
သူဟာ အလွန်လျင်မြန်သည်။ သူ့ခန္ဓာကိုယ်သည် သေးငယ်ပြီး သူ့လက်ကို မထိန်းနိုင်ချေ။ ပြေးလာနေသော ငွေဝတ်အစောင့်ကို ရှောင်ရန် ဘေးတိုက်လှည့်ကာ သူ့လက်ကို မြှောက်ကာ လက်မနဲ့ လက်ခလယ်ကိုသုံး၍ ထိုလူ့ခေါင်းအနောက်က နတ်ကွန်းကို ဖောက်ခွဲကာ ပျက်စီးလွယ်သော ဦးခေါင်းခွံကို ဖြတ်ကာ ဦးနှောက်ထဲအထိ ထိုးဖောက်ပစ်လိုက်သည်။
ထိုအစောင့်ရဲ့ ညာဘက်မျက်လုံးက သွေးများစွာ ထွက်ကျလာသည်။ မျက်လုံးတစ်ခုလုံးမှာ သွေးနီရဲနေပြီး အနက်ရောင်မျက်စံကိုတောင် မမြင်ရတော့ပေ။ ပထမတော့ သူ့မျက်လုံးတွေက သွေးတွေထွက်ပြီး အမြင်အာရုံတွေသာ ဝေဝါးသွားသည်။ အဲဒီနောက် ပြင်းထန်တဲ့ တုန်လှုပ်မှုက ဦးနှောက်ကို ရပ်တန့်သွားစေပြီး ချက်ချင်း သေဆုံးသွား၏။
ချန်ရှီခန္ဓာကိုယ်သည် ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လတ်သည်။ သူ ထိုအစောင့်ရဲ့ နောက်ကျောကို လှည့်လိုက်သောအခါ ကျောက်ယန်က သူ့ဘက်ကို ကုလားထိုင်ဖြင့် ရိုက်ချလာ၏။ ချန်ရှီ မရှောင်နိုင်တာကြောင့် ကုလားထိုင်က ခေါင်းကို ထိမှန်ပြီး ကျောက်ယန်ရဲ့ လက်ထဲမှာ ထိုင်ခုံရဲ့ ခြေထောက်နှစ်ချောင်းပဲ ကျန်နေခဲ့တော့သည်။
ကျောက်ယန်သည် ကုလားထိုင်၏ ချွန်ထက်သော ခြေထောက်ကို မြင်သောအခါ ပြင်းထန်သော အလင်းတန်းတစ်ခုနဲ့ လက်နက်အဖြစ် အသုံးပြုတော့မည်ဖြ စ်သော်လည်း ချန်ရှီက သူမတုံ့ပြန်မီတွင် ကုလားထိုင်ခြေထောက်ကို သူ့လည်ချောင်းထဲ ထိုးထည့်လိုက်လေပြီ။
ကျောက်ယန်ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုက ချန်ရှီထက် အဆပေါင်းများစွာ နိမ့်ကျနေသလို သူ့အမြန်နှုန်းသည် အလွန်နှေးကွေးသည်။
ချန်ရှီသည် သူ့ခြေထောက် တိုတိုးလေးများကို မြှောက်ကာ တစ်ဖက်မှ ပြေးလာနေသော ငွေဝတ်အစောင့်၏ ဝမ်းဗိုက်ကို ကန်ထည့်လိုက်ရာ ကျောက်ယန်လက်ထဲက ကုလားထိုင်ခြေထောက် တစ်ဖက်ကို ဆွဲယူကာ အစောင့်၏ ပုံပျက်နေသော မျက်နှာဆီ ထိုးသွင်းလိုက်တော့သည်။
ညာဘက်မှ ဒုတိယ၊ ဘယ်ဘက်မှ ရေတွက်ရင်လည်း ဒုတိယလူ ကျောက်ယန် သေပြီ။
ချန်ရှီဆီက တူဖြင့် ထိုးသတ်ခဲ့ရသော ကျောက်ယွဲ့နဲ့ ကျောက်ရွှယ်အာရဲ့ အသက်ငွေ့တွေ မကုန်ဆုံးသေးပေ။ ချန်ရှီလက်ဖြင့် လည်ပင်းကို ပထမဆုံး အခုတ်ခံခဲ့ရသည့် အစောင့်က လဲကျမသွားဘဲ ကျောက်ယန်လည်ချောင်းမှ ကုလားထိုင်ခြေထောက်ကို ဆွဲထုတ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ အဝါရောင် အဆောင်လက်ဖွဲ့ တစ်ခုကို အသက်သွင်းလိုက်ပြီး သူသည် အလွန်အစွမ်းထက်သော နွားတစ်ကောင်လို ချန်ရှီဆီသို့ ပြေးဝင်သွားခဲ့သည်။
ချန်ရှီသည် ထိုင်ခုံရဲ့ ခြေနှစ်ချောင်းကို ပြန်ယူသုံးချင်စိတ် မရှိပေ။ လီမိသားစုစခန်းတွင် သူရခဲ့သော အတွေ့အကြုံမှာ သွေးစွန်းသော လက်နက်များက ချောပြီး တိုက်ခိုက်ရခက်စေသည်။ ထို့ကြောင့် ကုလားထိုင် ခြေထောက်များကို ဒုတိယ အကြိမ် သုံးရန် မစဉ်းစားထားပေ။
သူသည် သူ့စွမ်းအင်နှင့် ချီသွေးများကို စုပ်ယူလိုက်ပြီး တခဏချင်းတွင် သူ့ညာလက်က ဝက်ဝံခြေသည်းကဲ့သို့ ထူထဲကာ နှစ်ဆပို၍ သန်မာလာသည်။ ရွှေလက်သီးအဆောင်လက်ဖွဲ့ကိုပါ ထုတ်သုံးလိုက်သောအခါ ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်အနှံ့ တောက်ပလာကာ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ ခံစားလာရစေသည်။
ရွှေလက်သီးအဆောင်လက်ဖွဲ့သည် အချိန်တိုအတွင်း ဖျက်ဆီး၍မရသော ခန္ဓာကိုယ်နှင့် အဆုံးမရှိသော ခွန်အားကို ရရှိစေနိုင်သည်။
ဝုန်း!
နှစ်ယောက်သား လက်သီးချင်း ထိမိသွားသည်။ အစောင့်၏ လက်ချောင်းများ ကျိုးပဲ့သွားကာ သူ့လက်မောင်းအရိုးအထိ ကျိုးသွားခဲ့သည်။ သူသည် သွားများကို အံကြိတ်ကာ ဘယ်ဘက်လက်ကို မြှောက်၍ ချန်ရှီကို ထိုးချလာသေး၏။ ချန်ရှီသည် ကျိုးနေသော ထိုလူ့ညာလက်မောင်းကို ကိုင်ထားပြီး ရှေ့သို့ ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်တဲ့အခါ ညာလက်မောင်းက ကျိုးကာ ၎င်းရဲ့ရင်ဘတ်ထဲ ဖောက်ဝင်သွားလေသည်။
အစောင့်ရဲ့ ဘယ်လက်က ချန်ရှီမျက်နှာကို အရူးအမူး တစ်ချက်၊ နှစ်ချက်၊ သုံးချက်လောက် ထိသွားသည်။ ချန်ရှီကလည်း ရန်သူရဲ့ ထိုးနှက်မှုကို တွန်းလှန်ပြီး ခွန်အားအပြည့်နဲ့ ရှေ့ကို တွန်းထုတ်လိုက်ရာ နံရံထဲ ပြင်းပြင်းထန်ထန် နစ်ဝင်သွား၏။
ချန်ရှီသည် လက်ထဲ၌ ကျိုးသွားသော အရိုးကို ကိုင်ဆွဲထားတုန်းပင်။ ထိုလက်မောင်းမှ သွေးများက ထွက်ကျနေဆဲ ဖြစ်ကာ နောက်ဆုံးတွင်တော့ ထိုအစောင့်လည်း ဒေါသကို မထုတ်နိုင်တော့ချေ။
ဘယ်ဘက်က တတိယမြောက် လူလည်း သေပြီ။
ကျောက်မိသားစုမှ တပည့်တစ်ဦးသည် ချန်ရှီ ပြေးလာမှာကို မစောင့်ရဲတော့ဘဲ ကျစ်ဝူရှဲ့သတ်ဓားကို နတ်ကွန်းထဲမှ ပျံထွက်သွားစေ၏။ ချွန်ထက်သော ဝီစီသံကြောင့် ချန်ရှီ အမြန်ရှောင်လိုက်သည်။ ဓားစွမ်းအင်က သူ့ဦးရေပြားကို ဖြတ်ပြေးသွားပြီး သူ့နောက်ကို လိုက်နေတဲ့ တခြားကျောက်မိသားစု တပည့်တစ်ယောက်ရဲ့ ထိတ်လန့်သွားတဲ့ ခေါင်းကို ကွတ်တိ ဖြတ်မိသွားသည်။ ခေါင်းက လည်ပင်းကနေ မြေပြင်ကို လှိမ့်သွား၏။
ဓားစွမ်းအင်က ထိုလူ့လည်ပင်းကို ဖြတ်ပြီးတာတောင် အရှိန်အဟုန်မပျက်ဘဲ ရှေ့ကို ပြေးသွားကာ ရှေးဟောင်းဘုံကျောင်း နံရံပေါ်၌ ဓားနက်အမှတ်အသားတစ်ခုကို ဖြတ်တောက်ပစ်လိုက်သည်။
ချန်ရှီ ဤဘုံကျောင်းငယ်ထဲတွင် မှော်ပညာကို တစ်စုံတစ်ယောက်က အသုံးချရဲမယ်လို့ မမျှော်လင့်ထားပေ။ ဓားစွမ်းအင်ကို ရှောင်ရင်း ထိုင်ချလိုက်သောအခါ ကျိုးနေသော ပန်းကန်ပြားထောင့်ကို သူ့လက်ထဲတွင် ကိုင်ထားမိသွားသည်။
ရှေးဟောင်း ဘုံကျောင်း၏ ကြမ်းပြင်သည် ဟင်းရွက်ဆီ သို့မဟုတ် သွေးများဖြင့် ပေပွနေ၏။ ချန်ရှီသည် ကျောက်မိသားစု တပည့်များ၏ ခန္ဓာကိုယ်တွေပေါ်က ဖြတ်ပြေးသွားကာ လက်တစ်ဖက်နှင့် ဓားစွမ်းအင် ထုတ်လွှတ်ခဲ့သူကို မြေပြင်ပေါ်သို့ ဆွဲလှဲလိုက်သည်။ ပန်းကန်ပြား အပိုင်းအစများကို အခြားလက်ဖြင့် ဆုပ်ကိုင်လိုက်ကာ အရှိန်အဟုန်ဖြင့် ဝေ့ယမ်းပစ်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ချန်ရှီသည် ထိုလူ့ခြေထောက်တွေကို ဓားနဲ့ထိုးနေရာ ၎င်းရင်ဘတ်ကို ရောက်တဲ့အထိ ဆယ်ကြိမ်ထက်မနည်း ထိုးသွင်းနေပါတော့သည်။ ချန်ရှီ သူ့ခန္ဓာကိုယ်ကို လှိမ့်ကာ မျက်လုံးသုံးလုံးသေနတ်ရဲ့ မီးခိုးများကို ရှောင်ရင်း ရေရွတ်လိုက်သည်။
“အရင်က ဘုံကျောင်းထဲမှာ လူဆယ့်နှစ်ယောက်ရှိပေမယ့် အခု နှစ်ယောက်ပဲ ကျန်တော့တယ်.... နှစ်ယောက်..."
မျက်လုံးသုံးလုံး သေနတ်၏ မီးရှူးမီးပန်းသည် မြေပြင်မှ ခုန်ထွက်လာကာ သူ့ရင်ဘတ်ကို ထိမှန်သွားသည်။ ၎င်းက လှံသိုင်းပညာလို မဟုတ်ချေ။ လူ့အသားထဲကို ထိုးဖောက်ရန် ရည်ရွယ်ထားတာကြောင့် ပိုမိုအားကောင်းသည်။
သို့သော် ဟဲ့လျန်ကျန်းမှာ သေနတ်ခေါင်းကို လှည့်ရန် အချိန်မရလိုက်ပေ။ စူးရှသော လှံခေါင်းပါသော အခြားတစ်ဖက်ကိုသာ အသုံးပြုပါက ချန်ရှီကို ထိုးဖောက်နိုင်မှာပဲ ဖြစ်သည်။
ဒါတောင်မှ ဆယ်ကီလိုကျော် အလေးချိန်ရှိတဲ့ မီးသေနတ်က ရိုင်းစိုင်းတဲ့ စွမ်းအားနဲ့မို့ ရင်ဘတ်ကို ထိလိုက်တာနဲ့ အရမ်းပြင်းထန်နေတုန်းပါပဲ။ လေထုအလယ်တွင် ဟဲ့လျန်ကျန်းသည် သေနတ်တစ်လက်ကို ကိုင်ဆောင်ထားတာ မြင်နေရပြီး မျက်လုံးသုံးလုံးလို တောက်ပနေသော သေနတ်ကျည်ဆန်များက လင်းလက်လာသည်။
သူ့ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှုကာ နံရံကို လက်ဝါးဖြင့် အလျင်အမြန် တွန်းထုတ်လိုက်ရာ သူ့ခန္ဓာကိုယ်က စပါးအုံးမြွေကဲ့သို့ အထက်သို့ လှိမ့်သွားသည်။ နောက်အခိုက်အတန့်မှာ သူဝင်တိုက်ထားတဲ့ နေရာမှာ နံရံတစ်ဝက်လောက်က ပေါက်ကွဲပြီး လေလှိုင်းတွေ တက်လာကာ အုတ်ကျိုးတွေ နေရာအနှံ့ ပျံသွားတာကြောင့် နံရံတစ်ဝက်လောက်က ပြိုကျသွားလေသည်။
ထန်မင်းဆက် ကာလအတွင်း တာအိုဆေးပညာရှိ စွင်းစီမြောင် တီထွင်ခဲ့သော ယမ်းသုံးချက် မီးသေနတ်တွင် ပါဝင်သည့် ပစ္စည်းသုံးမျိုးမှာ ပေါက်ကွဲထွက်သောအခါတွင် အံ့အားသင့်ဖွယ် စွမ်းအားရှိသည်။ ကောင်းကောင်း ကျင့်ကြံထားသူတွေပင် ယခုလို လျှို့ဝှက်ရတနာများနှင့် ရင်ဆိုင်ရလျှင် ခန္ဓာကိုယ်ကို ပေါက်ကွဲစေပြီး ဝိညာဉ်ကို ထိခိုက်စေနိုင်သည်။
ဟဲ့လျန်ကျန်း၏ မျက်လုံးသုံးလုံး မီးသေနတ်သည် အနက်ရောင်မှုန့် တစ် သို့မဟုတ် နှစ်ခွဲခွဲ၊ မိုးကြိုးတစ်ချောင်း သို့မဟုတ် နှစ်ခုသာ အသုံးပြုခဲ့သည်။ နေငါးလုံးနှင့် ကောင်းကင်မိုးကြိုးကို စည်ပေါ်တွင် ခြယ်သထားသောကြောင့် ၎င်းသည် အလွန်အံ့သြဖွယ် စွမ်းအားရှိသည်။ ယမ်းမှုန့်ပမာဏ ပိုကြီးပါက စွမ်းအားသည်လည်း သဘာဝအတိုင်း အားကောင်းလာမည်။
ဟဲ့လျန်ကျန်းရဲ့ သေနတ်လမ်းကနေ လွတ်သွားခဲ့ပြီးနောက် ချန်ရှီသည် ရှေးဟောင်းဘုံကျောင်း၏ ခေါင်မိုးပေါ်သို့ တန်းတက်သွားခဲ့သည်။ ထိုဆဋ္ဌဂံဘောင် အဝိုင်းလေးများပေါ်တွင် ထုပ်တန်းခြောက်ခုသာ ရှိသည်။
ချန်ရှီသည် သူ၏ လက်ခြေများကို သုံးပြီး ပြေးလွှားနေသည်။ ဟဲ့လျန်ကျန်းသည် မျက်လုံးသုံးလုံး မီးသေနတ်တစ်လက်ကို ကိုင်ဆောင်ကာ သူ့ခေါင်းနောက်ဘက်ရှိ နတ်ကွန်းကို တောက်ပစွာ လွှင့်ထူလိုက်ပြီးနောက် အသံတစ်ခုနဲ့အတူ ဓားစွမ်းအင်အား ပစ်လွှတ်လိုက်သည်။
ချီဓားနှစ်ချောင်းက ဘုံကျောင်း ခေါင်မိုးကို ဖြတ်တောက်လိုက်ရာ နေရောင်က လင်းကနဲ တောက်ပလာ၏။ ချန်ရှီသည် ထုပ်တန်းပေါ်က ဆင်းသက်လာပြီးတာနဲ့ ချက်ချင်းပင် အလျင်အမြန် ထွက်ပြေးသွားပြီး မီးသေနတ် ပေါက်ကွဲသည့် အပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။
ဟဲ့လျန်ကျန်းဟာ လေထဲတွင် ရှိနေသော်လည်း သူ မဆင်းမီတွင် သူ့ခြေထောက်များပေါ်ရှိ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ပြီ။ ဦးခေါင်းနောက်ဘက်ရှိ နတ်သန္ဓေသားလေးသည် စစ်မှန်သော စွမ်းအင်ကို စုဆောင်းကာ ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝုန်း!
ဘုံကျောင်းထဲ၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ သေနတ်မှ ထွက်သော ဝရဇိန်ကျည်သည် ချန်ရှီဘေးတွင် ပေါက်ကွဲသွားပြီး ကျိုးသွားသော အပိုင်းအစက ချန်ရှီကျောပေါ်ပ သွေးထွက်ဒဏ်ရာများစွာ ချန်ထားခဲ့သည်။
ဟဲ့လျန်ကျန်းဟာ ပစ်ခတ်မှုပြီးနောက် အထက်သို့ ပျံတက်သွား၏။ သူသည် ဘုံကျောင်းခေါင်မိုးပေါ်ရှိ ထုပ်တန်းငယ်များကို လက်ဖဝါးဖြင့် အုပ်ကာ လှန်လိုက်ရင်ပဲ အစောက သူ့ဓားစွမ်းအင်ကြောင့် ထုပ်တန်းက ကျိုးသွားပြီးပြီ။ ဘုံကျောင်းအမိုးကို ဖြတ်၍ သူ့ခြေထောက်များကို ထိန်းချုပ်ကာ ရှေးဟောင်း ဘုံကျောင်းအပေါ်၌ ဆင်းသက်လိုက်သည်။ သူ့မျက်လုံးတွေက အတော်လေးကို အေးစက်နေသည်။
သို့သော်လည်း ချန်ရှီကို မတွေ့ခဲ့ရပေ။
ယုတ္တိနည်းအရ ပြောရလျှင် ချန်ရှီသည် ဘုံကျောင်းထဲမှ အပြေးအလွှား ထွက်သွားပြီး ရန်သူကသူ့ကိူ မီးရှူးမီးပန်းဖြင့် သတ်ချင်ပစ်လာတာကို အခွင့်အရေး ယူခဲ့တာပင်။ မီးရှူးမီးပန်းတွေကြားက အပျက်အစီးတွေကြောင့် အမြင်အာရုံက ထွေပြားသွားလိမ့်မည်။
"ဒီကလေးက ဘုံကျောင်းထဲက ပြေးထွက်လာပြီး အယောင်ပြတာလား!"
ဟဲ့လျန်ကျန်း စိတ်ရှုပ်ထွေးသွားသည်။
"သခင်လေးကျောက်ရွေ့ ဘုံကျောင်းထဲမှာ ရှိနေတုန်းပဲ!"
ခေါင်မိုးပေါ်က ပြန်ဆင်းကာ မြေပြင်ကို မထိခင်မှာပဲ ချန်ရှီက သခင်လေးကျောက်ရွေ့ရဲ့ ဦးခေါင်းကို နံရံထဲ ရိုက်ချပစ်လိုက်ပြီ။ နံရံမှာလည်း သွေးတွေ စီးကျနေတာကို တွေ့လိုက်ရသည်။
ကျောက်မိသားစုမှ ငွေဝတ်အစောင့် အဖွဲ့ဝင် ခြောက်ဦးစလုံး အသတ်ခံရကာ ဘယ်သူမှ မကျန်ရစ်ခဲ့ပေ။ ချန်ရှီ သက်ပြင်းတစ်ချက် ချလိုက်သည်။ လေပြင်းပြင်း ရှုရှိုက်ရင်း သူ့စိတ်ထဲတွင် အလွန်သက်သာရာရသွား၏။
အမျိုးကောင်းသားတွေ ဆိုတာ အရေးမကြီးသလို အစွမ်းထက်တာလည်း မဟုတ်ပါလား။
သူတို့အားလုံးကို ပြင်းပြင်းထန်ထန် ထိုးနှက်သတ်ပစ်လိုက်ပြီ။ ခရိုင်မြို့တော်မှာ ကျောက်မိသားစုက ဘယ်လို ဂုဏ်သိက္ခာ ထူထောင်ပြီး ခြိမ်းခြောက်နိုင်မလဲ ကြည့်ဖို့ပဲ ရှိတော့သည်။
"ကျူးယိုချိုင်သာ ဒီမှာရှိနေရင် သူလည်း အရမ်းပျော်မှာ သေချာတယ်....ငါ ဆရာကြီးရဲ့ သွန်သင်ဆုံးမမှုတွေကို သေသေချာချာ လိုက်နာခဲ့တာပဲ!"