လက်စားချေရင် သွေးမြင်ရပြီး ပေါင်းပင်ရှင်းရင် အမြစ်ပါ ခုတ်ရမယ်
Vol. 3 Ch. 36
ဟဲ့လျန်ကျန်းသည် ဒေါသတကြီးဖြင့် လက်တစ်ဖက်တွင် ဓားတစ်လက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင်တော့ မျက်လုံးသုံးလုံး မီးသေနတ်တစ်လက်ကို ကိုင်လျက် ချန်ရှီကို မှိုင်းညို့သော မျက်နှာဖြင့် စိုက်ကြည့်နေသည်။
ယခုအခါ အလောင်း ၁၁ လောင်းက ဘုံကျောင်းထဲက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြပြီ။ သူတို့ နှစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိတော့ချေ။
ချန်ရှီသည်လည်း သူ ဟဲ့လျန်ကျန်းကို ရင်ဆိုင်ရတော့မယ် ဆိုတာကို သိသည်။ သူ့လက်ဖဝါးများကို ဖြည်းညှင်းစွာ ဖြေလျှော့ပေးလိုက်တော့ သခင်လေး ကျောက်ရွေ့ခန္ဓာကိုယ်ဟာ နံရံပေါ်မှ ဖြည်းညှင်းစွာ လျှောကျသွားခဲ့သည်။
နှစ်ယောက်ကြား အကွာအဝေးက ဆယ်ပေခန့်သာ ဝေးသည်။ ချန်ရှီအတွက်ကတော့ ဤအကွာအဝေးဟာ သူ့သတ်ပစ်နိုင် ကန့်သတ်ချက်နှင့် နီးစပ်နေပါပြီ။ အကွာအဝေးသာ ဝေးနေပါက ချက်ချင်းရောက်ရန်လည်း ခက်ခဲပေလိမ့်မည်။
သူသည် ချီသွေးစစ်ကို သန့်စင်ထားပြီးပြီမလို့ ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမိုသန်မာလာသော်လည်း ရန်သူအား အခွင့်အရေးကို အလွယ်တကူ ပေးစွမ်းနိုင်သော ခြေတစ်လှမ်းကျော်အကွာအဝေးက သူ့အတွက် အဆင်မပြေချေ။ ထို့ကြောင့် ဆယ်ပေအတွင်း အကွာအဝေးကသာ အကောင်းဆုံး အကွာအဝေး ဖြစ်သည်။
ဟဲ့လျန်ကျန်း ရပ်နေသည့် အကွာအဝေးက သူ့ကို သတိရှိစေသည်။ ရုတ်တရက် ကျူကဲကျန်းကို သွားသတိရမိ၏။ ရေနွားခရိုင်က ဂန္တဝင်သမိုင်းပညာရှင် ကျူကဲကျန်းဟာ သူ့ကို စမ်းသပ်နေချိန်မှာ ဒီအကွာအဝေးမှာ ရပ်နေခဲ့ပြီး ခုခံကာကွယ်ဖို့ ဆုတ်သွားစေခဲ့သည်။
ဟဲ့လျန်ကျန်းသည် ကြွယ်ဝသော တိုက်ခိုက်ရေး အတွေ့အကြုံရှိပြီး တိုက်ခိုက်မှု အကွာအဝေးကို ခန့်မှန်းနိုင်သည်။ တစ်ဖက်မှာတော့ ဖက်တီးက ကျယ်လောင်စွာ ရယ်မောနေ၏။
"ဟုတ်တယ်...သူက မင်းတို့အားလုံးကို သတ်ပစ်မှာ!! သူက ရက်စက်တဲ့ လူသတ်နတ်ဘုရား ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားပဲ!"
ဟဲ့လျန်ကျန်း မကြားရပေမယ့် ချန်ရှီကတော့ နားပင်းလို လုပ်နေသည်။ နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် အစောင့်များစွာသည် ပျက်စီးနေသော ဘုံကျောင်းထဲသို့ ပြေးဝင်လာကြရာ မြေပြင်ပေါ်တွင် သွေးများနှင့် အလောင်းများကို တွေ့လိုက်ရသောအခါ အားလုံး အေးခဲကုန်၏။ သူတို့ ဝင်မလို့ပြင်သော်လည်း ဟဲ့လျန်ကျန်းက အေးစက်စွာ လှည့်ပြောလိုက်သည်။
"မဝင်နဲ့!"
ငွေဝတ်အစောင့် တော်တော်များများလည်း လန့်ဖျပ်သွား၏။ ဘုံကျောင်း တံခါးကို ဝင်ဖို့ ပြင်ထားတဲ့ ခြေလှမ်းတွေကလည်း နောက်ပြန်ဆုတ်သွားခဲ့သည်။
ချန်ရှီသည် ထိုအစောင့်များ မဝင်နိုင်တာကို နှမြောသွားသည်။ အထဲမှာ လူမရှိရင် ဟဲ့လျန်ကျန်းက မှော်ပညာကို အစွန်းကုန် အသုံးပြုမည်ကို ကြောက်ရပြီး မိမိကလည်း ယခင်ကဲ့သို့ အားကောင်းလိမ့်မည် မဟုတ်ပေ။ ရှေးဟောင်းဘုံကျောင်းသည် သေးငယ်လွန်းသဖြင့် လူများလာလေ ချန်ရှီအတွက် အနိုင်ရရန် အခွင့်အလမ်းများလေ ဖြစ်သည်။
သူတို့ နှစ်ယောက်တည်းသာ ဖြစ်ခဲ့လျှင် ချန်ရှီအတွက် အန္တရာယ်ရှိလိမ့်မည်။ ငွေဝတ်အစောင့်တွေက သူတို့နှစ်ယောက်၏ ခြေဖဝါးအောက်က သွေးအိုင်နဲ့ ခန္ဓာကိုယ်ပေါ်က သွေးများကို သတိပြုမိကာ ခြေလှမ်းအနည်းငယ် ရွှေ့ရင်း အသက်ရှုကြပ်သွားကြသည်။
ရုတ်တရက် ဟဲ့လျန်းကျန်းက ကျယ်လောင်စွာအော်၍ ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ အကွာအဝေးကို ကျဥ်းလိုက်ကာ အခြားလက်တစ်ဖက်ဖြင့် မျက်လုံးသုံးလုံးအား ဝှေ့ယမ်းပြီး ချန်ရှီခေါင်းပေါ်သို့ ပစ်ချလိုက်သည်။ သူ့ခြေထောက်ပေါ်ရှိ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ အစွမ်းက ထိုနေရာတွင် ရှိနေသဖြင့် သူ့ကို အရပ်ရှည်သော မြင်းကြီးလို မြန်သွားစေရာ သူ့အမြန်နှုန်က ချန်ရှီထက် မနည်းတော့ပေ။
ဒီရွေ့လျားမှုဖြင့် သူသည် ပြင်းထန်သော စွမ်းအားကို အသုံးချကာ မျက်လုံးသုံးလုံး သေနတ်ထဲမှ မီးခိုးများ လွင့်သွားခဲ့သည်။
ချန်ရှီသည် ဟဲ့လျန်ကျန်း၏ ဓားသွားကိုင်ထားသည့် ဘယ်ဘက်လက်ကို ရုတ်တရက် တွေ့လိုက်သောအခါ ရှောင်ထွက်လိုက်ချိန် တစ်ဆက်တည်း မျက်လုံးသုံးလုံးသေနတ်ကိုပါ တွေ့လိုက်ရသည်။ သူ့နံဘေးမှ မမြင်နိုင်သော ဓားစွမ်းအင်တစ်ခုက မြေပြင်ကို ထိမှန်သွားကာ မြေပြင်ပေါ်ရှိ ပန်းရံလက်ရာများကို ဖြိုခွင်းပစ်လိုက်သည်။
ချန်ရှီသာ မရှောင်သွားလျှင် သူသည် ဤဓားစွမ်းအင်ကို မတော်တဆ ထိမိသွားလိမ့်မည်။ သူသည် မျက်လုံးသုံးလုံး မီးသေနတ်ကို ဖမ်းရန် လက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးကို သေနတ်ပြောင်းဝပေါ် ပြင်းပြင်းဖြင့် ဖိချ၍ ကျည်မှုတ်ထုတ်သည့် အရှိန်ကို ဖမ်းမိလိုက်သည်။
ဗုန်း!
မျက်လုံးသုံးလုံး မီးရှူးမီးပန်းက သူ့ပုခုံးပေါ်မှာ ပေါက်ကွဲသွားသည်။ ပေါက်ကွဲသံနဲ့အတူ သူ့နောက်ဘက် နံရံမှာ အပေါက်ကြီးတစ်ခု ဖြစ်သွား၏။ ထွက်လာတဲ့ အုတ်ကျိုးနဲ့ ကျည်ဆန် အပိုင်းအစတွေဟာ သူ့နောက်ကျောကို ထိမှန်သွားပြန်တာမလို့ သွေးတွေ ထွက်လာပြန်သည်။
ဒီပစ်ခတ်မှုဟာ သူ့ကို မထိမှန်ခဲ့ပေမယ့် မီးရှူးမီးဖိုထဲက ယမ်းရဲ့မိုးခြိမ်းသံက သူ့နားစည်ကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ရုတ်တရက် ဘာသံမှ မကြားရတော့ဘဲ ဖြစ်သွားသည်။ ချန်ရှီ သေနတ်ကို ဖမ်းဖို့ ကြိုးစားပေမယ့် ဟဲ့လျန်ကျန်းက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။
ချန်ရှီလည်း ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ့ရှေ့က သေနတ်ကို ကိုင်ကာ ချိုးပစ်ချင်သော်လည်း ချက်ချင်း ရှောင်လိုက်ရတာကြောင် မျက်လုံးသုံးလုံး မီးသေနတ်ကျည်ကို မမြင်နိုင်သော ဓားစွမ်းအင်င ဖြတ်ပစ်လိုက်သည်။
ချန်ရှီသည် အဆောင်လက်ဖွဲ့ မီးရှူးမီးပန်းနှစ်လုံး ဝှေ့ယမ်းကာ နှင်းပွင့်များနှယ် ကခုန်နေသော်လည်း တဝုန်းဝုန်း အသံများက သူ့နံဘေးမှာ ဆက်လက်၍ တစ်လက်မချင်း ဖြတ်သွားခဲ့သည်။
ရုတ်တရက် မမြင်နိုင်သော ဓားစွမ်းအင်များကလည်း သူ့ခန္ဓာကိုယ်ကို ထိမှန်သွား၏။ ချန်ရှီသည် ပျက်စီးနေသော ဘုံကျောင်းထဲ၌ အရှိန်ပြင်းပြင်းဖြင့် လျှောက်သွားနေသော်လည်း သူ့လက်များ၊ ခြေထောက်များ၊ နောက်ကျော၊ ရင်ဘတ်၊ လည်ပင်းတို့တွင် ဓားဒဏ်ရာများ အထပ်ထပ် ဓားဒဏ်ရာများ ရှိနေသည်။ မကြာခင်မှာပဲ ဒီအမှတ်တွေကနေ သွေးတွေ စီးကျလာတော့မည်။
ဟဲ့လျန်ကျန်းက သူ့နောက်သို့ အနီးကပ်လိုက်ကာ ဓားကို ထိန်းချုပ်ရန် စွမ်းအင်စုစည်းနေသည်။ နတ်ကွန်းထဲတွင် ထိုင်နေသည့် နတ်သန္ဓေသားလေးကလည်း ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ မမြင်နိုင်သော ဓားစွမ်းအင်ကို ဟဲ့လျန်ကျန်းရဲ့ အမူအရာအတိုင်း လုပ်ဆောင်နေသည်။
"လက်နှစ်ချောင်း ဓားစွမ်းအင်!"
ချန်ရှီသည် ဓားစွမ်းအင်၏ ဦးတည်ရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၎င်းက ကောင်းကင်နှလုံးချီကျင့်စဥ်ရဲ့ ကျစ်ဝူရှဲ့သတ်ဓား ဖြစ်ကြောင်း သတိပြုမိပါသည်။
ကျစ်ဝူရှဲ့သတ်ဓားသည် ဓားချက် စုစုပေါင်း ခြောက်ချက်ရှိသည်။ ဆူး၊ ခုတ်၊ သုတ်သင်၊ ကောက်၊ တိမ်၊ ခွဲ စသည့် ဓားချက်များဟာ ရိုးရှင်းသော်လည်း အင်အားက အလွန်ကောင်းသည်။ ဓားတစ်ချက်က လူနှစ်ယောက် ပွေ့ဖက်နိုင်သော သစ်ပင်ကြီးတစ်ပင်ကို နှစ်ပိုင်း ဖြတ်ပစ်နိုင်၏။
ဟဲ့လျန်ကျန်းရဲ့ ဓားသိုင်းပညာကလည်း အဲဒီလိုပဲ ဖြစ်သည်။ ဓားစွမ်းအင်က အလွန်အစွမ်းထက်တာမျိုး မရှိသော်လည်း သတိမထားရင် သေချာပေါက် ခေါင်းပြတ်မှာ ဖြစ်သည်။
ဟဲ့လျန်ကျန်းသည် ဓားအား လက်နှစ်ဖက်ဖြင့် ထိန်းချုပ်ထားသည်။ ဓားစွမ်းအင်ဟာ အနည်းဆုံး တစ်ပေခန့်သာ ရှည်ပေမယ့် သူ့ခန္ဓာကိုယ်ကနေ ဘယ်ဘက်နှင့် ညာဘက် အကွာအဝေးကို ဆယ်ပေကျော်အထိ ရောက်ရှိနိုင်သည်။ စိတ်က စေခိုင်းတဲ့အတိုင်း သူနှစ်သက်သလို အတက်အဆင်း ပျံသန်းနိုင်သည်။
ဒီဓားသိုင်းက အနီးကပ်တိုက်ပွဲအတွက် အထူးဖန်တီးထားတာ ဖြစ်ကာ သန်မာပြီး ပါးလွှာသော ချန်ရှီကဲ့သို့လူများကို ကိုင်တွယ်ဖို့ပဲ ဖြစ်လေသည်။
ရုတ်တရက် ချန်ရှီသည် အလောင်းတစ်လောင်းကို ဟဲလျန်ကျန်းထံ ကန်ထုတ်လိုက်ပြီး လှည့်ကာ ပြေး၏။ တစ်ချိန်တည်းတွင် မမြင်နိုင်သော ဓားစွမ်းအင်က တိကျသော ထိန်းချုပ်မှုအောက်မှ အလောင်းကို ဖြတ်ထုတ်ပစ်ခဲ့သည်။ ဟဲ့လျန်ကျန်း လှည့်ကြည့်လိုက်တော့ ချန်ရှီက မရှိတော့ချေ။
"သူ နံရံက အပေါက်ကနေ ထွက်ပြေးသွားတာလား!"
ဟဲ့လျန်ကျန်းသည် အုံ့မှိုင်းနေသော ဘုံကျောင်းထဲက အမြန် ပြေးထွက်လာသော်လည်း ချန်ရှီသည် အလောင်းနဲ့သူ့ကို အာရုံလွှဲကာ အပေါက်မှတဆင့် ထွက်ပြေးသွားတာကို မြင်လိုက်ရသည်။ အပြင်သို့ ရောက်သောအခါတွင် လျင်မြန်သော အော်သံများကိုသာ ကြားရ၏။ ဒါက ချန်ရှီ လမ်းတစ်လျှောက်တွင် ငွေဝတ်အစောင့်များကို တိုက်ခိုက်သွားတာပဲ ဖြစ်သည်။
ဟဲ့လျန်ကျန်း ချန်ရှီနောက်ကို အလျင်စလို ပြေးလိုက်သွားတဲ့အခါ ထောင့်တစ်နေရာ၌ သူ့အမိန့်အရ အထဲမဝင်လာသူရဲ့ အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။ ထိုသူ့ရင်ဘတ်မှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေကာ သူ့နံရိုးတွေက သူ့နှလုံးနဲ့ အဆုတ်ထဲအထိ ထိုးထည့်ခံထားရကာ ဒူးနဲ့ ပြင်းထန်စွာ အတိုက်ခံခဲ့ရတာ သိသာ၏။
ဟဲ့လျန်ကျန်း ရှေ့သို့ ဆက်လက် ပြေးလာရာ လမ်းဘေးတွင် လည်ပင်းကျိုးနေသော နောက်လူတစ်ဦး လဲလျောင်းနေတာ ထပ်တွေ့လိုက်ရသည်။ အဲဒီလူက လည်ပင်းအရိုး ကျိုးနေပြီး အရိုးတွေတောင် ငေါ့ထွက်နေပြီ။
ဒေါသတကြီးနဲ့ ရွာထဲက ထွက်လာတော့ လမ်းတစ်လျှောက်မှာ အလောင်း ၃ လောင်း ထပ်တွေ့ရပြန်သည်။
ရွာအပြင်ဘက်မှာတော့ ငွေဝတ်အစောင့်တွေက တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့တွေကို အသက်သွင်းကြပြီး ပျံသန်းနေသလို ခြေလှမ်းတွေနဲ့ ချန်ရှီဆီ ဦးတည် ပြေးလွှားနေကြပါ၏။
သို့သော် ချန်ရှီသည် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ မပါဘဲတောင် ရိုင်းစိုင်းစွာ ပြေးသွားနေတဲ့ အမြန်နှုန်းက သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ထက် အနည်းငယ် ပိုမြန်နေသည်။
"မလိုတော့ဘူး!"
ဟဲ့လျန်ကျန်း လူတိုင်းကို ပြန်ခေါ်လိုက်သည်။ သိပ်မကြာခင်မှာပဲ ငွေဝတ်အစောင့် အဖွဲ့တစ်ဖွဲ့ ပြန်ရောက်လာပြီး ဟဲ့လျန်ကျန်းကိုကြည့်ရင်း တစ်ချို့က ထိတ်လန့်နေကြဆဲ။ အချို့က စိတ်မသက်မသာ ဖြစ်နေခဲ့ကြကာ အများစုက အလွန်ဒေါသထွက်နေကြသည်။
ဟဲ့လျန်ကျန်း ရုတ်တရက် အသက်အနည်းငယ် ကြီးသွားပုံဖြင့် ခေါင်းယမ်းလိုက်သည်။
"လိုက်ဖို့ မလိုပါဘူး... ညီအစ်ကိုတို့ သွားကြစို့ ငါတို့က သေသေချာချာ မကာကွယ်နိုင်ခဲ့ကြဘူး... တတိယသခင်လေးနဲ့ တခြား ကျောက်မိသားစုဝင် ခြောက်ယောက်က ဒီမှာ သေဆုံးသွားတယ်... ဘာလို့ လိုက်ဖမ်းရမှာလဲ ဖမ်းမိရင်တောင် ငါတို့ အပြစ်မှ လွတ်ကင်းနိုင်မှာလား?"
တစ်ယောက်က ဒေါသတကြီးနဲ့ ပြောသည်။
"လူကြီးမင်း! ဒီကလေးက ငါတို့သူဌေးရဲ့ မိသားစုထဲက သခင်မလေးနဲ့ လူခြောက်ယောက်ကို သတ်ခဲ့ပြီး ငါတို့ရဲ့ ညီအကိုတွေ အများကြီးကိုလညိူ သတ်ပစ်ခဲ့တာ... ဒီအတိုင်း ပြီးသွားရောလား... ဒီသွေးကြွေးကို သွေးနဲ့ဆပ်ရမယ်!"
ဟဲ့လျန်ကျန်း: "မင်းရဲ့သူဌေးက မင်းကို တစ်လငွေဘယ်လောက်ပေးလဲ"
အစောင့် :"ငွေ၇တုံး..."
"ဟမ့် တစ်လကို ငွေ၇တုံးနဲ့ မင်းအသက်... ဒီလောက်ပဲ တန်သလား"
ဟဲ့လျန်ကျန်းက စိတ်ပျက်လက်ပျက်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။
"ငါ့သူဌေးက တစ်လကို ငွေတုံးသုံးဆယ်ပေးတယ်... ဒါပေမဲ့ ငါထွက်သွားချင်တယ်...မင်းတို့ ကြိုက်သလို ရွေးချယ်ကြ ငါတို့ လမ်းခွဲသွားကြရအောင်"
လူတိုင်း တုံ့ဆိုင်းသွားကာ တဖြည်းဖြည်း အာရုံများလာသည်။ ထို့နောက် လူစုကွဲသွားကြသည်။ ဟဲ့လျန်ကျန်းကတော့ မရပ်ဘဲ ဦးတည်ရာကို ရွေးချယ်ကာ ထွက်သွားလေသည်။
ကျောက်မိသားစုက ဤတစ်ကြိမ်တွင် လူသစ်ခြောက်ယောက် သေဆုံးသွားပြီ။ ၎င်းတို့သည် ငွေဝတ် အစောင့်များအနေဖြင့် သခင်ကို ကာကွယ်ရန် ညံ့ဖျင်းခဲ့သဖြင့် ပြစ်ဒဏ်များက မသေးပေ။ အသက်ပါ ဆုံးရှုံးသွားနိုင်သည်။ ချန်ရှီကို ဖမ်းနိုင်ရင်တောင် အပြစ်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
ဒါ့ထက် ချန်ရှီကို ဖမ်းလို့ မမိနိုင်ချေ။ ထို့ကြောင့် ထွက်ခွာသွားတာကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ ဟဲ့လျန်ကျန်း လမ်းလျှောက်ရင်း တစ်ခုခုကို တွေးနေကာ ရုတ်တရက် ရပ်လိုက်၏။ ပတ်ပတ်လည်ကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် ရှေ့သို့ တိုးသွားပြန်သည်။ ခဏကြာတော့ သူက ရပ်လိုက်ပြီး။
"ဒါက အဆောင်ဆွဲဆရာ ချန်ရှီလား? မင်း ငါ့နောက်ကို လိုက်နေတာကြာပြီ... ဘာလို့ ထွက်မလာသေးတာလဲ?"
သူပြောပြီးသည်နှင့် ချန်ရှီ သူ့နောက်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်နောက်မှ ထွက်လာခဲ့သည်။ ဟဲ့လျန်ကျန်းက သူ့လက်ကို နှုတ်ဆက်သည့်ဟန်ဖြင့် ဆုပ်လိုက်သည်။
"ညီလေး... ဘုံကျောင်းမှာ တော်ဝင်အစောင့်တွေနဲ့ သခင်တွေ အများကြီးရှိတယ်... ဒါပေမဲ့ မင်း ဆယ့်တစ်ယောက်ကို ဆက်တိုက်သတ်ပြီး ငါ့ဆီကနေလည်း လွတ်မြောက်အောင် လုပ်နိုင်တယ်... မင်းရဲ့ အရည်အချင်းကို ငါ အရမ်းလေးစားတယ် မင်းငါ့နောက်ကို ဘာလို့လိုက်နေလဲ မသိဘူး"
"လက်စားချေဖို့..."
ဟဲ့လျန်ကျန်း မျက်မှောင်ကြုတ်ကာ အနည်းငယ် ပြုံးလိုက်သည်။
"ညီငယ်လေး... မင်းနဲ့ငါကြားမှာ ဘယ်တုန်းကမှ ရန်ငြိုးထားတာမျိုး မရှိပါဘူး... ငါ့တာဝန်က ကျောက်မိသားစုက သားသမီးတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ခရိုင်မြို့တော်က ငှားရမ်းခဲ့တာ... စိတ်အနှောင့်အယှက် ပေးမိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ ဒါပေမယ့် အခုအချိန်မှာ ငါ ကျောက်မိသားစုမှာ အလုပ်မလုပ်တော့တဲ့အတွက် မင်းနဲ့ငါကြားက ဒေါသတွေကို ရှင်းပစ်ရမယ်"
ထန်း!
ချန်ရှီ လေးလံသော အရာဝတ္တုတစ်ခုကို ပစ်ချပေးလိုက်သည်။ ၎င်းက ဟဲ့လျန်ကျန်းခြေရင်းသို့ ရောက်သည်အထိ အပတ်များစွာ လှိမ့်သွားခဲ့သည်။
ချန်ရှီ: "သူ့အတွက် လက်စားချေမှာ..."
ဟဲ့လျန်ကျန်း အနီးကပ် ကြည့်လိုက်သော် ၎င်းသည် မိမိသေနတ်တစ်လက်၏ ကျည်ဆံခေါင်း ဖြစ်နေသည်။ သေနတ်ဖြင့် အရိုက်ခံရပြီး ဦးနှောက်သွေးယိုနေသော လယ်သမားကို ရုတ်တရက် တွေးတောရင်း ရင်တွင်းမှ တုန်လှုပ်သွားသည်။
“ဒီလယ်သမားအတွက် လက်စားချေချင်တာလား.... ညီလေး သူက စာမတတ်သူပဲ... မင်းငါ့ကိုသတ်ဖို့ ဘာလို့စွန့်စားနေရတာလဲ... သူက မင်းနဲ့ ဆွေမျိုးတွေလား သူငယ်ချင်းလား? ဒါမှမဟုတ် မင်းကို ကြင်နာပေးတဲ့သူလား"
ချန်ရှီ ခေါင်းခါလိုက်ပြီး "ဆွေမျိုးလည်း မဟုတ်ဘူး၊ သူငယ်ချင်းလည်း မဟုတ်ဘူး... ကြင်နာမှုလည်း မရှိဘူး... အခုမှတွေ့ဖူးတာ"
ဟဲ့လျန်ကျန်း စိတ်သက်သာရာ ရသွားသည်။
"ငါတို့က လမ်းသွားလမ်းလာတွေ ဆိုမှတော့ ဘာလို့ တိုက်ခိုက်နေမှာလဲ... ငါတို့က တစ်ယောက်လမ်း တစ်ယောက်လျှောက်ပြီး နောင်မှာ ငါတို့ပြန်မဆုံကြရင် ပိုကောင်းပါတယ်"
သူသည် သူ့လက်ထဲမှ ဆယ်ချောင်းခန့်ရှိသော ငွေထုပ်ကို ထုတ်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ချန်ရှီကို မော့ကြည့်ကာ မြေကြီးပေါ်တွင် ဖြည်းညှင်းစွာ ချထားလိုက်သည်။ ထို့နောက် ခပ်တည်တည်နဲ့ ပြောလေ၏။
"ကျေးဇူးပြုပြီး ဒီငွေကို ပြန်ယူသွားပြီး အဲ့လယ်သမားရဲ့ မယားနဲ့ သားသမီးတွေကို ငါ့လျော်ကြေးအဖြစ် ပေးလိုက်ပါ... ဘဝတစ်ခုက ငွေဆယ်ချောင်းနဲ့ တန်တယ်... ကျေးလက်မှာ ဒီပမာဏက မနည်းပါဘူး"
သူ လှည့်၍ ရှေ့သို့ လျှောက်သွားသော်လည်း ခြေလှမ်း ဆယ်လှမ်းကျော်ပြီးနောက် ရပ်တန့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်ရာ ချန်ရှီက သူ့နောက်သို့သာ လိုက်လာ၏။ မြေပြင်ပေါ်တွင်လည်း ငွေများ ရှိနေသေးသည်။ ဟဲ့လျန်ကျန်း ဒေါသနဲ့ ကဲ့ရဲ့မိသည်။
"ညီလေး... မင်းကို ငါကြောက်တယ်လို့ မထင်လိုက်ပါနဲ့ မင်းက ဒီနေရာမှာ ပိုသန်မာတဲ့ကောင်ပဲ မင်းရဲ့ အရည်အချင်းတွေက ငါ့ထက်တော့ညံ့တယ်... မင်းကို သတ်ချင်ရင် ငါ့အတွက် အလွယ်လေး!"
ချန်ရှီ မတုန်မလှုပ်နဲ့ "ငါ မင်းနောက်ကို လိုက်နေမှာပဲ... မင်းမှာ အနားယူဖို့ အချိန်တွေတော့ ရှိမှာပဲလေ... မင်း တစ်ရေးတစ်မော အိပ်ရင်တောင် ငါမင်းကို သတ်ဖို့ အခွင့်အရေးယူနိုင်တယ်"
ဟဲ့လျန်ကျန်း အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်သွားစဥ် ချန်ရှီက ရှေ့သို့ တိုးလာခဲ့သည်။
'ဒီကလေးက သရဲခြောက်နေတာလား.. သူ ငါနဲ့ ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ'
ဟဲ့လျန်ကျန်း သူ့ဒေါသကို မျိုသိပ်ပြီး သူ့နှလုံးသားထဲတွင် လျှို့ဝှက်တွက်ချက်မှုများစွာကို စဥ်းစားနေခဲ့သည်။ ချန်ရှီအရှိန်ကို သူ လိုက်မမီနိုင်ပေ။ ချန်ရှီရဲ့ တိုက်ခိုက်မှုကို စောင့်ဆိုင်းပြီး ဓားစွမ်းအင်ဖြင့်သာ သတ်ပစ်နိုင်သည်။
ဒါပေမဲ့ သူ့နောက်ကိုသာ လိုက်လာနေပြီး မလှုပ်မယှက်ဖြင့်ပင်။ သူ့အနားယူမှာကို စောင့်နေတာ သိသာပါ၏။ ဤအချိန်ကာလအတွင်း ဟဲ့လျန်ကျန်းသည် နတ်သန္ဓေသားလေးအား နတ်ကွန်းထဲ၌ ထိန်းသိမ်းထားသည်။ စွမ်းအင်များ အဆက်မပြတ် ကုန်ဆုံးနေပါက သူတကယ်ပင် ပင်ပန်းနေပေလိမ့်မည်။
'ဒီကောင်လေးက အခွင့်အရေးကို စောင့်မျှော်နေတာပဲ!'
ဘယ်လောက်ကြာအောင် လမ်းလျှောက်လာခဲ့ဘဲမသိ ဟဲ့လျန်ကျန်းမှာ နေ့လည်စာကို အစာတစ်ကိုက်တောင် မစားနိုင်တော့ပေ။ လှည့်ကြည့်လိုက်သောအခါ ချန်ရှီ သူ့နောက်မှ လိုက်နေသေးတာကို တွေ့လိုက်ရသည်။
"ဒီကလေး ထပ်လိုက်လာနေတုန်းပဲ... ခဏနေဆို မှောင်တော့မယ်!"
ဟဲ့လျန်ကျန်း သွားများကို အံကြိတ်ကာ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။ ကောင်းကင်ကြီးက တဖြည်းဖြည်း နီရဲလာပြီး နေကလည်း တဖြည်းဖြည်း ရှည်မျောမျောကြီး ဖြစ်လာပြီ။ နောက်ဆုံးတော့ ကောင်းကင်ကြီးက မှောင်သွားပြီ။
လရောင်သည် အေးစက် ကြည်လင်နေပြီး ကမ္ဘာကြီးပေါ်သို့ ကျရောက်လာစဥ် သရဲတစ္ဆေများရဲ့ အော်ဟစ်သံများကဲ့သို့ တောင်တန်းများနှင့် တောအုပ်များမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ကြီးမားသော လူ့ဦးခေါင်းများသည် တောအုပ်ထဲမှ ဖြည်းညှင်းစွာ တက်လာပြီး လရောင်ကို စုပ်ယူကာ လေထဲ ကျယ်ပြန့်လာသည်။
ဦးခေါင်းများတွင် အသက်ကြီးသူ၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး အစုံပင်။ အချို့မှာ ဆံပင်ကျဲကျဲ၊ အချို့မှာ ဦးချိုရှိကြပြီး အချို့မှာလည်း ပိုးသားမျက်လုံး၊ အချို့မှာ ရဲရင့်ပြီး စွမ်းရည်ရှိကြသည်။ ၎င်းတို့အားလုံး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးများ ရှိနေကြပြီး မျက်လုံးများကို လှန်ကာ လမ်းမပေါ်မှ လူနှစ်ယောက် လမ်းလျှောက်လာနေတာကို လှမ်းကြည့်လျက်ရှိ၏။
"ဟီးဟီး....."
ဟဲ့လျန်ကျန်းရဲ့ ဦးရေပြားတွေ ထုံကျင်သွားသည်။ ဒါဟာ ရေပေါ်ဦးခေါင်းခွံလို့ ခေါ်တဲ့ ရှဲ့တစ်မျိုး ဖြစ်ပြီး ညတိုင်း ပေါ်လာတဲ့ ပထမဆုံး မကောင်းဆိုးဝါးကတော့ သေချာပေါက် ရေပေါ်ဦးခေါင်းခွံပါပဲ။ ဟဲ့လျန်ကျန်း ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းလာသည်။ တစ်ချိန်တည်းမှာပင် ပျံသန်းနေသော ဦးခေါင်းများရဲ့ ချဉ်းကပ်ခြင်းကို ရှောင်ရှားရင်း ချန်ရှီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
ခဏအကြာတွင် ချွေးများ ဖုံးလွှမ်းသွားပြီး ထိန်းမနိုင်သိမ်းမရ တုန်ရီလာမှုကို အနည်းငယ် ခံစားလိုက်ရသည်။
"ချန်ရှီ ပျောက်သွားပြီ!"
သူ့မျက်လုံးများ ပြူးကျယ်လျက် လှည့်ကြည့်လိုက်တော့ အခုနတုန်းက သူ့နောက်ကို လိုက်လာနေတဲ့ ချန်ရှီကို ဘယ်မှာမှ မတွေ့ရတော့ချေ။
သူစိုးရိမ်နေချိန်တွင် လွင့်မျောနေသော ခေါင်းလေးသည် သူ့အပေါ် တိတ်တဆိတ် ရောက်လာချေပြီ။ ၎င်းက ပါးစပ်ကိုဖွင့်ကာ လျှာရှည်နီးနီးကြီးကို ပစ်ထုတ်လိုက်ရာ လျှာဖျားသည် ကြိုးတစ်ချောင်းလို အလိုအလျောက် လိမ်တွန့်ရင်း ဟဲ့လျန်ကျန်းခေါင်း အနောက်တွင် ချိတ်ဆွဲသွားလေသည်။
ဟဲ့လျန်ကျန်းသည် တစ်ဖက်ကနေ လွင့်မျောလာနေသော အခြားခေါင်းများကို မြင်သောအခါ သူသည် ခေါင်းကို အလျင်အမြန် လှည့်လိုက်ပြီး ပြေးချင်သော်လည်း ရုတ်တရက် သူ့လည်ပင်းက တင်းကြပ်သွားကာ မျောနေသော ခေါင်းဆီသို့ အလိုအလျောက် လွင့်ပျံသွားပေ၏။
အန္တရာယ် ကြုံလာသောအခါတွင် သူသည် တုံ့ဆိုင်းမနေဘဲ လျှာကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ လျှာက ပိုတင်းတင်းကြပ်ကြပ် ရစ်ပတ်လာတဲ့အခါ အသက်ရှုမဝ ဖြစ်လာသည်။ သူ၏ ဦးခေါင်းနောက်ဘက်ရှိ နတ်ကွန်းသည် တောက်ပစွာ ထွန်းလင်းပစ်သည်။ နတ်အလင်းရောင်က တောက်ပနေပြီး ဓားစွမ်းအင်များ တစ်ခုပြီးတစ်ခု လွင့်ထွက်သွားကာ လျှာကြီးကို ဖြတ်တောက်ပစ်ခဲ့သည်။
ဤအခိုက်အတန့်တွင် အရိပ်တစ်ခုက လျှပ်စီးလက်သလို အရှိန်မြှင့်ကာ ပြေးဝင်လာလေ၏။ ချန်ရှီ ဝေဟင်ထက်မှ ဟဲ့လျန်ကျန်းဆီသို့ ပြေးထွက်သွားသည်။
"သူက သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို သုံးလိုက်တော့ ငါ မျှော်လင့်ထားတာထက် ပိုမြန်နေတာပဲ!"
ဟဲ့လျန်ကျန်းလည်း ကျန်နေသော နောက်ဆုံးဓားစွမ်းအင်ကို ထုတ်လွှတ်ခါနီးတွင် ရုတ်တရက် ချွန်ထက်သော နာကျင်မှုကို ခံစားလိုက်ရပြီး ချန်ရှီဆီကနေ လည်ချောင်းကို ပြင်းထန်စွာ ကန်သွင်းခံလိုက်ရသည်။
ချန်ရှီသည် သူ့ညာလက်ကို မြှောက်လိုက်ပြီး လက်နှစ်ချောင်းကို ဟဲ့လျန်ကျန်းရဲ့ မျက်လုံးထဲသို့ ထိုးထည့်ကာ တစ်ချိန်တည်းမှာပင် သူ့ညာလက်ကို ရုတ်သိမ်းကာ ဘယ်ဘက်လက်က လက်သီးကိုလည်း လည်ချောင်းအရိုးထဲ ထိုးဖောက်ကာ လည်ချောင်း ကွဲထွက်သွားစေခဲ့သည်။
ထို့နောက် ထိုသူ့ပုခုံးကို ညာလက်ဖြင့် ဆုပ်ကိုင်ကာ ဝက်ဝံခြေသည်းကဲ့သို့ ထူထဲသော လက်ဖဝါးကို နောက်ပြန် ရိုက်ချလိုက်သည်။ လက်ဝါးက ဟဲ့လျန်ကျန်းရဲ့ ဦးခေါင်းနောက်ကို ထိကာ ကျောက်စိမ်းလည်ပင်းအရိုးကို ဂျွတ်ကနဲအသံဖြင့် ကျိုးသွားစေ၏။
'အရှိန်က အရမ်းမြန်တယ်... တုံ့ပြန်ဖို့တောင် အချိန်မရှိဘူး!'
ချန်ရှီ ဟဲ့လျန်ကျန်းရဲ့ ခန္ဓာကိုယ် အနောက်ကနေ ပေါ့ပါးစွာ ဆင်းသက်လာခဲ့သည်။ မျောနေတဲ့ ဦးခေါင်းတွေက သူ့ကို ဝိုင်းရံမလာခင် အမြန် ပြေးထွက်သွားလေ၏။
ညာဘက်မှ တတိယလူလည်း သေပြီ။
ဘုံကျောင်းထဲက လူ ၁၂ ဦးလုံး သေသွားပြီ။
လရောင်အောက်တွင်တော့ ဦးခေါင်းပျံများသည် တဟားဟား ရယ်မောကာ ဟဲ့လျန်ကျန်းရဲ့ ခန္ဓာကိုယ်ကို သယ်ရင်း အမည်မသိနေရာဆီသို့ ပျံသန်းသွားခဲ့သည်။