ဝူဝမ့်
Vol. 3 Ch. 38
ရှောင်ဝမ်စွင်း ပြောတဲ့ ဆရာကြီးချန်က ချန်ရှီရဲ့ အဖိုးဖြစ်သည်။
ကြေးမုံအိုင်ကုန်းမြင့်က အိမ်တော် အပြင်ဘက်တွင် ရှောင်ဝမ်စွင်း သူ့အဖိုးကို ဆရာကြီးချန်လို့ ခေါ်ခဲ့တာကို သတိရသွား၏။ ချန်ရှီသည် ရှောင်ဝမ်စွင်းကို ကျေးဇူးတင်ကြောင်း လျင်မြန်စွာ ပြောပြီး သံသယရှိစွာ ဆက်မေးလိုက်သည်။
"အဘိုးကလည်း ဒါကိုသိတယ်ပေါ့?"
"သူ့ရဲ့ အရည်အချင်းနဲ့ သင်ယူမှုက ငါ့လောက်မကောင်းပေမယ့် ဝေးလည်းမဝေးဘူး... သူဒါတွေကို သဘာဝကျကျ နားလည်တာပေါ့"
ချန်ရှီလည်း အစကတော့ သူ့အဖိုးကို သာမန် အဆောင်ဆွဲ ဆရာတစ်ယောက်လို့ပဲ ထင်ခဲ့ပေမယ့် အဘွားရှားနဲ့ ရှောင်ဝမ်စွင်းရဲ့ အသွင်အပြင်ကနေ သူ့အဖိုးက ထင်ထားသလောက် မရိုးရှင်းဘူးလို့ ခံစားလာရစေလေသည်။
ဒါပေမယ့် အဘိုးက ဒါကို သိရဲ့သားနဲ့ သူ့ကိုဘာလို့ မသင်ပေးတာလဲ။
"မင်းဘာလို့ ညဘက် အပြင်ထွက်လာတာလဲ ဒီလို အကျပ်အတည်းနဲ့ ဆုံရင် ဘယ်လို အဆုံးသတ်နိုင်မလဲ သိလား?"
ချန်ရှီက ကျောက်မိသားစုက သူ့ကို လုပ်ကြံဖို့ လူတွေကို စေလွှတ်ခဲ့ကြောင်း၊ ကျူပင်ခုတ်ရင် အမြစ်တွေကိုပါ ချေမှုန်းပစ်ဖို့ စိတ်ဇောကပ်နေတာကြောင့် ဟွမ်ယန်ရွာထဲက ဖောက်ထွက်ခဲ့ကြောင်း ပြောပြလိုက်သည်။
"ကျွန်တော် တုံးနေလို့လေ... စန်းဝမ်ကတော့ သေပြီ... သူ့အတွက် လက်စားချေဖို့ ဒီလူကို သတ်ပစ်ရမယ်ပေါ့... ရလဒ်အနေနဲ့ လိုက်ရင်း လိုက်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ ကျရောက်အောင် လုပ်လိုက်မိတာပဲ...."
ရှောင်ဝမ်စွင်းက ကဗျာစာသား အနည်းငယ် ရွတ်ဖတ်လိုက်ကာ။
"ရွှေတောင်အဆောင်လက်ဖွဲ့နဲ့ ကျန်တာတွေက အရေးမပါပါဘူး... မင်းတော်တော်လေး ရိုင်းစိုင်းတာပဲ"
"မင်းရဲ့ ဒီစွမ်းရည်က ကျောင်းတွေမှာ သင်ကြားပေးတဲ့ ကောင်းကင်နှလုံးချီကျင့်စဥ်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပါတယ်.... ကောင်းကင်နှလုံးချီကျင့်စဥ်က စာသင်သားတွေကို သင်ကြားပေးတဲ့ အဆင့်နိမ့် ကျင့်စဥ်တစ်ခုပဲ... ဒီကျွမ်းကျင်မှုရဲ့ အကြီးမားဆုံး ကျွမ်းကျင်မှုက ချီသန့်စင်တာ၊ အခြေခံအုတ်မြစ် တည်ဆောက်ဖို့နဲ့ နတ်ကွန်း တည်ဆောက်ဖို့.. နတ်ကွန်းက ကောင်းကင်ဘုံရဲ့ နှလုံးသားကို စုစည်းပြီး နတ်သန္ဓေသားကို မွေးဖွားပေးတယ်... အဲဒါအတွက် နတ်ဘုရားရဲ့ ကောင်းချီးမင်္ဂလာကို ခံယူရပေမယ့် မင်းရဲ့ ကျင့်စဥ်ကတော့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်ကို သန့်စင်နိုင်တယ်... ငါတောင်မှ ဒီကျင့်စဥ်နဲ့ ယှဉ်နိုင်တဲ့ ကျင့်စဥ်တွေကို တစ်ခါမှ မတွေ့ဖူးဘူး... မင်း ဘုရင်တစ်ပါးရဲ့ ဂူသင်္ချိုင်းထဲက ရလာတာမလား?"
သူ၏ စူးရှသော မျက်လုံးများသည် ချန်ရှီမျက်နှာပေါ်သို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။ ချန်ရှီမျက်လုံးများထဲသို့ တိုက်ရိုက် ကြည့်နေပုံမှာ ချန်ရှီပြောမယ့် စကားများက မှန်သလား မှားသလား ဆန်းစစ်ချင်နေသလိုပင်။
ချန်ရှီ အေးဆေး တည်ငြိမ်စွာပဲ ပြန်ပြောသည်။
"ကျွန်တော် ဘုရင်ကျန်းရဲ့ ဂူဗိမာန်ထဲကနေ ရခဲ့တာပါ... ဒါပေမဲ့ ဦးလေးဆိတ်ချိုက ကျွန်တော့်ကို နောက်ထပ် ဆက်မသွားဖို့ပဲ တားနေတာ... ကျွန်တော် ကျင့်စဥ် အစုံအလင်ကိုတော့ ရအောင်ယူခဲ့တယ်...ခင်ဗျား လိုချင်ရင် ချရေးပေးမယ်လေ”
ရှောင်ဝမ်စွင်း အံ့အားသင့်သွားသည်။
"ငါ့ကို တစ်ခုရေးပေးမယ်ပေါ့ မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"
ချန်ရှီက ခေါင်းယမ်းလိုက်သည်။
"ခင်ဗျားက အဘိုးရဲ့ မိတ်ဆွေ... ကျွန်တော့်ကိုလည်း လမ်းညွှန်ပြီး သင်ပြပေးတယ်... ကျွန်တော့်မှာ ခင်ဗျားကို ပေးစရာ ကောင်းကောင်း မရှိဘူး... ခင်ဗျားကြိုက်ရင် ပေးလိုက်မယ် ဘာမှမလဲလှယ်ချင်ပါဘူး"
ရှောင်ဝမ်စွင်းက စိတ်ရင်းမှန်လား သို့မဟုတ် ကြောင်သူတော် အတွေးလားဟု သိလိုသည့်အတိုင်း သူ့မျက်လုံးများကို စိုက်ကြည့်နေပြန်သည်။ ခဏအကြာတွင် ရှောင်ဝမ်စွင်းက ခေါင်းခါပြီး။
"မင်းရဲ့ကျင့်စဥ်ကို ငါမလိုချင်ဘူး... မင်းရဲ့ အရည်အချင်းတွေက ကောင်းပေမယ့် အဲဒီလို ကျင့်စဥ်တွေကို ငါမြင်ဖူးတယ်... နောက်ပြီး ငါ့ရဲ့ လေ့ကျင့်မှုအဆင့်က မြင့်နေပြီမို့ တခြားသူတွေရဲ့ ကျင့်စဥ်ကို လိုက်ကျင့်နေဖို့ မထိုက်တော့ဘူး.... ဒါပေမဲ့…”
သူက ခဏရပ်ပြီး ပြုံးပြီး "မင်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... ညဘက်လမ်းက ရှဲ့လား ဆွေ့လား ခွဲခြားရခက်တယ်... နတ်ဆိုးတွေ လာတိုက်နိုင်တယ်။ မင်းရဲ့ခွန်အားနဲ့ဆို မင်းရွာပြန်ရောက်ခင် အသက်မရှင်နိုင်ဘူး... ဒီညတော့ ငါ့မှာ လုပ်စရာရှိလို့ ပြန်မပို့ပေးနိုင်ဘူး... မင်းစောင့်နိုင်ရင် ငါပြန်ပို့ပေးမယ်...
ချန်ရှီ ရထားလုံးထဲ ဝင်လာပြီး "စောင့်မယ်" လို့ ပြုံးပြုံးလေး ပြောလိုက်သည်။
ချန်ရှီ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ နေရာတိုင်းတွင် အစိမ်းရောင် အစက်အပြောက်များနှင့် အနီရောင် မီးပုံးများ ရှိနေပြီး ၎င်းတို့အားလုံးသည် သူ့အား စောင့်ဆိုင်းနေကြသော မကောင်းဆိုးဝါးများသာ ဖြစ်သည်။
တစ်ယောက်တည်း ပြန်သွားရင် လမ်းကို သိရင်တောင် ဒီနတ်ဆိုးတွေက သူ့ကိုမစားခင် အချိန်အကြာကြီး လမ်းလျှောက်နိုင်မှာ မဟုတ်ချေ။ ညနက်နေပြီ။ အန္တရာယ်တွေက နေရာတိုင်းလိုလိုမှာ ရှိနေတာကို ဒီအချိန်ကြီး ရှောင်ဝမ်စွင်းက ဘာကြောင့် ထွက်လာတာလဲ။
ရထားထိန်းသည် ရှည်လျားသော ကြာပွတ်ကို ဝှေ့ယမ်းလိုက်၏။ ကြာပွတ်သည် လေထဲတွင် ကောက်ကွေးသွားကာ တစ်စုံတစ်ခုကို တုန်လှုပ်စေသည့် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်ခဲ့သည်။ မြင်းလေးကောင်ဟာ ရွှင်မြူးစွာဖြင့် ရထားလုံးကို ဆွဲထုတ်သွားသော်လည်း ဘီးများမှ တိမ်များပေါ် လွင့်သွားသလိုမျိုး မြေပြင်အထက် လက်မအနည်းငယ် မြှင့်တက်သွားသည်။
မြင်းလေးကောင်၏ ခြေအောက်မှ လေပြင်းများ တိုက်ခတ် ထွက်ပေါ်လာသည်။ ချန်ရှီ ချောင်းကြည့်လိုက်တော့ မြင်းရဲ့ခြေထောက် လေးချောင်းကို သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ ကပ်ထားတာ မဟုတ်ပေ။ ၎င်းတို့ခြေထောက်အောက်က လေနုအေးကို လှမ်းမြင်လိုက်ရကာ မြင်းက သွေးသန့်မြင်း မဟုတ်ပေမယ့် မျိုးစိတ်တစ်ခုခုလို ထူးဆန်းနေသည်။
ချန်ရှီ စိတ်ထဲမှ :'ဟုတ်သားပဲ... သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ရဲ့ မူလအစက သံချပ်ကာခြောက်ချပ် ပုံစံနဲ့ ဖြည့်စွက်ထားတာ မြင်းပြေးတာကို အတုယူထားတာပဲ... သူတို့က ဒဏ္ဍာရီလာ သားရဲတွေရဲ့သွေးနဲ့ မြင်းတွေဆိုတော့ သူတို့ အမြန်ပြေးနိုင်တာ မဆန်းဘူး'
ရထားလုံးထဲတွင်တော့ ဘီးသံများနှင့် မြင်းခွာသံများသာ ကြားရပြီး တိတ်ဆိတ်နေသည်။ ခဏအကြာ ရှောင်ဝမ်စွင်းက ပြောလာသည်။
"မင်းရဲ့ အရည်အချင်းက ကောင်းတယ်... မင်းရဲ့ စရိုက်ကလည်း ကောင်းတယ် ပိုရှားပါးတာက မင်းရဲ့ ပင်ကိုယ်စွမ်းရည်ပဲ... တစ်ယောက်ယောက်က နတ်သန္ဓေသားကို ဖြတ်ပစ်လိုက်ရင်တောင် မင်းအောင်မြင်လာမှာ သေချာတယ်"
"တကယ်လား?" ချန်ရှီ မျက်လုံးများ တောက်ပလာသည်။
ရှောင်ဝမ်စွင်းက တည်တည်ငြိမ်ငြိမ်နဲ့ "ငါမင်းကို ဘာလို့လိမ်ရမှာလဲ"
ချန်ရှီ အလွန်စိတ်လှုပ်ရှားနေသည်။
အိပ်ပျော်ရာမှ နိုးလာကတည်းက တစ်ယောက်တည်း စူးစူးဝါးဝါး လေ့ကျင့်ခဲ့ရသည်။ သူသည် စစ်မှန်သော ချီစွမ်းအင်ကို သန့်စင်နည်း၊ အသုံးမဝင်သူအဖြစ် မိမိကိုယ်ကို ဖယ်ရှားနည်းနှင့် နတ်ကွန်းကို ပြန်လည်တည်ဆောက်ပုံတို့ကို တစ်ယောက်တည်း စူးစမ်းနေခဲ့သည်။ သို့သော် သူ့တွင် သူငယ်ချင်းမရှိ၊ ဟေးကော်က စကားမပြောနိုင်၊ အဖိုးက မအားပေးနိုင်၊ ကန့်ညောင်က ကျောက်တုံးသာ ဖြစ်ပြီး ကျူးယိုချိုင်ကလည်း စာပေကို ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာပဲ သိ၏။
သူတစ်ယောက်တည်း စဉ်းစားပြီး တစ်ယောက်တည်း စမ်းကြည့်ခဲ့ရသည်။ အကယ်၍ စမ်းသပ်မှု အမှားအယွင်းကြောင့် မအောင်မြင်ပါက တောထဲတွင် ဘယ်သူမှ မသိဘဲ တစ်ယောက်တည်း သေဆုံးသွားလိမ့်မည်။
ဒါပေမယ့် ချန်ရှီက ဒီစွန့်စားမှုကို ကျေကျေနပ်နပ်ကြီး ခံယူလိုက်သည်။
သူ သန်မာချင်သည်၊ တစ်သက်လုံး အသုံးမဝင်သော လူတစ်ယောက် မဖြစ်ချင်ပါ။ သူ့အဘိုးကို တည်ငြိမ်ပြီး သာယာဝပြောသော ဘဝကိုလည်း ပေးချင်သည်။ အရင်က သူ့ကို ဘယ်သူမှ မမှတ်မိတတ်ပေမယ့် အခုတော့ ရှောင်ဝမ်စွင်းဆီက အသိအမှတ်ပြုမှုကို ရသွားပြီလို့ တွေးကြည့်လို့ ရပါပြီ။
ရထားလုံးက ညဘက်၏ တိတ်ဆိတ်နေသော လမ်းမပေါ်တွင် မောင်းနှင်နေသည်။ လရောင်ဖြင့် လင်းထိန်နေသော ရှေးဟောင်းသစ်ပင်များပေါ်၌ မကောင်းဆိုးဝါး၏ ခြေသည်းများကဲ့သို့ အမဲစက် အရိပ်အယောင်များ ရှိနေသော်လည်း ရထားလုံးက ချောချောခြူခြူ မောင်းနှင်နေသည်။
ရှောင်ဝမ်စွင်းက အပြင်ဘက် လရောင်ကို ကြည့်ပြီး စကားစပြောလာသည်။
"တစ်ခါက သိပ်ပြီး မထူးချွန်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်... သူ အသက်၁၂နှစ် ရောက်မှ အုတ်မြစ်ကို စတည်ဆောက်တာ ဆယ့်ငါးနှစ်သားမှ ပြီးတယ်...ကျင့်ကြံသူတွေ အုတ်မြစ်တည်ဆောက်ရင် ရက်တစ်ရာပဲ ကြာပေမယ့် သူကတော့ သုံးလေးနှစ်လိုတယ်.... နှစ်တွေကြားတော့ သူ့အရည်အချင်း ခြားနားချက်တွေက ထင်ရှားလာတယ်... သူ ရှို့ချိုင်စာမေးပွဲမှာ စာသင်သား တစ်ယောက် ဖြစ်လာဖို့ ကြိုးစားအားထုတ်တယ်.... မြင့်မြတ်တဲ့ ဆုကျေးဇူးကို ရသွားတော့ နတ်သန္ဓေသားကို မွေးမြူနိုင်ခဲ့တယ်... ပြီးတော့ သူ့ရဲ့ နတ်သန္ဓေသားက အနိမ့်ဆုံးဖြစ်တဲ့ အဆင့်ပဲ.... ဆန်းကြယ်သန္ဓေသားလို့ ခေါ်တယ်... အဲဒီလိုမိုက်မဲတဲ့လူက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်နိုင်မယ်လို့ ထင်လား?"
ချန်ရှီ ခေါင်းယမ်းလိုက်သည်။
နတ်သန္ဓေသားသည် ကျင့်ကြံသူတစ်ယောက်၏ အရည်အချင်းနှင့် အစွမ်းအစများကို စစ်မှန်သော နတ်ဘုရားက အသိအမှတ်ပြုသောကြောင့် ပေးအပ်တာလို့ ကိုယ်စားပြုသည်။
အနိမ့်ဆုံးအဆင့်ရှိ သန္ဓေသားများသည် ၎င်းတို့၏ အရည်အချင်းများနှင့် အစွမ်းအစများ ဘယ်လောက်အထိ မြင့်မားသလဲကို ပြသည်။ ၎င်းတို့သည် သာမန်လူများထက် အနည်းငယ်သာ ပြသနိုင်၏။
ရှောင်ဝမ်စွင်း: "အဲဒီလူက ဒေါသကြီးတယ် အရမ်းခေါင်းမာတယ် အရမ်းခံပြင်းတယ် သူ့အသက်ကို မဖြုန်းတီးနိုင်ဘူးလို့လည်း ခံစားရစေတယ်... သူ့အတန်းဖော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက နတ်ပြောင်းလဲခြင်းနယ်ပယ်၊ ရွှေအမြုတေနယ်ပယ်နဲ့ အခြေတည်ဝိညာဥ်နယ်ပယ်ကို ရောက်နေပြီ... သူကတော့ နတ်သန္ဓေသားနယ်ပယ်မှာပဲ ရှိနေသေးတယ်... နတ်သန္ဓေသားကို အကြိမ်ကြိမ် သန့်စင်ပြီး ဆယ်နှစ်လောက်ကြာမှ နတ်ပြောင်းလဲခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တယ်...အဲဒီအချိန်တုန်းက သူငယ်ချင်းဟောင်းတွေက နတ်သန့်စင်မှု အဆင့်မှာ သန်မာသူ ဖြစ်နေပြီ... သူနဲ့ အဲဒီလူတွေကြားက ကွာခြားချက်က ပိုပိုကြီးလာတယ်လေ...ဒါပေမဲ့ အဲဒီလူက နောက်ထပ် ဆယ်နှစ်အကြာမှာ သူ့ရဲ့ မယုံကြည်နိုင်လောက်တဲ့ မှော်အစွမ်းနဲ့ ကမ္ဘာ့နံပါတ်တစ် အောင်မြင်သူ ဖြစ်လာခဲ့တယ်...."
ခေတ္တရပ်ပြီး။
“သူ့ရဲ့ ဆန်းကြယ်သန္ဓေသားက မရှိသလောက်နီးပါးပဲ... ဒါပေမယ့် သူ့ရဲ့ ဇွဲနဲ့ လုံ့လကြောင့် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရခဲ့တယ်... သူလုပ်နိုင်ရင် မင်းလည်း လုပ်နိုင်လိမ့်မယ်”
ချန်ရှီ စိတ်အားထက်သန်နေပြီး သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက်များစွာဖြင့် ရှောင်ဝမ်စွင်းကို လေးလေးစားစား ကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲ ပြောနေတဲ့ လူက အကြီးအကဲကိုယ်တိုင်တော့ မဟုတ်ဘူးမလား?"
ရှောင်ဝမ်စွင်းက မောက်မာတဲ့ အမူအရာနဲ့ ခေါင်းခါလိုက်ပြီး။
"ငါက ငယ်ငယ်လေးကတည်းက ကိုယ်ခံပညာကို လေ့ကျင့်ခဲ့တာ... ကိုးနှစ်သားမှာ နတ်ကွန်းရပြီး အစွမ်းထက်ဆုံး နတ်သန္ဓေသားလေး တစ်ကောင်ကို မွေးမြူခဲ့တယ်... ငါက ငယ်ငယ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့တာ... ဘယ်လိုလုပ် အဲဒီလူ ဖြစ်နိုင်မှာလဲ"
ချန်ရှီ အံ့အားသင့်သွားပြီး "ဒါဆို ဒီလူက..."
"ဒီလူမိုက်ရဲ့ မျိုးရိုးနာမည်က ချန်.... နာမည်က ယင်တု... သူက မင်းရဲ့အဘိုးပဲ"
ရှောင်ဝမ်စွင်းက တည်ငြိမ်စွာနဲ့ပဲ အဖြေပေးလာသည်။ ချန်ရှီခမျာ အဘိုးက တကယ်ကို အစွမ်းထက်လွန်းတဲ့ လူဖြစ်နေမှန်းကို အခုမှ သိလိုက်ရတာကြောင့် အံ့သြသွား၏။
ရှောင်ဝမ်စွင်းနဲ့ အဆက်အသွယ် သိပ်မရှိသော်လည်း ပုံစံက မာနကြီးပြီး မောက်မာသူ ဖြစ်တာကြောင့် ထူးထူးခြားခြား ထူးချွန်သူ ဖြစ်ရမယ် ဆိုတာကို ခန့်မှန်းမိပါသည်။
ရှောင်ဝမ်စွင်းလို လူက တစ်ယောက်ယောက်ကို သူ့ရဲ့မှော်အစွမ်းကို မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တယ်လို့ ချီးကျူးရင် အဲဒီလူရဲ့ မှော်အစွမ်းက တကယ်ကို မယုံကြည်နိုင်လောက်အောင် စွမ်းမှာပါပဲ။
သို့သော်လည်း အဘိုးသည် အသက်ကြီးနေပြီ ဖြစ်တဲ့ အဘိုးအိုတစ်ဦး ဖြစ်ပြီး ၎င်း၏ အကြီးကျယ်ဆုံး အတတ်ပညာမှာ အဆောင်လက်ဖွဲ့ ဆွဲခြင်း ဖြစ်သည်။ မိသားစုကို ထောက်ပံ့ရန်အတွက် အဆောင်လက်ဖွဲ့ ဆွဲခြင်းကိုသာ အားကိုးနေပါသည်။
သူ့မှာ မယုံကြည်နိုင်လောက်တဲ့ မှော်အစွမ်းတွေ ဘယ်လိုလုပ် ရှိနေတာလဲ။ အဘိုးက သူ့ဆီကနေ ဖုံးကွယ်ထားတဲ့ အရာတွေ ဘယ်လောက်တောင် ရှိနေတာလဲ။
ချန်ရှီက ဝမ်းနည်းစွာနဲ့ ရွတ်လိုက်သည်။
“အဲဒီတုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဘိုးက အခု အသက်ကြီးနေပြီ ငယ်ငယ်တုန်းက ဘယ်လောက်ပဲ သန်မာနေပါစေ သူက အခု သေနေတဲ့ အဘိုးကြီးပဲလေ... မကြာသေးမီကတောင် ပုံမှန်အတိုင်း အစား မစားနိုင်တော့ဘူး!"
ရထားလုံးသည် တောင်ခြေ တစ်နေရာသို့ မောင်းသွားသဖြင့် အရှေ့လမ်းသည် တဖြည်းဖြည်း ကြမ်းတမ်းလာသည်။ သွားလာရန် ခက်ခဲလာသော်လည်း မြင်းလေးကောင်အတွက် မြေပြန့်တွင် သွားလာနေသေးသလို ချောမွေ့နေသေးသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ရထားလုံးကြီးသည် တောင်ခြေရင်းသို့ ရောက်လာပြီး ညဘက်တွင် လင်းထိန်နေသော မြို့တစ်မြို့အနား ရောက်ရှိလာခဲ့သည်။
ချန်ရှီဟာ ချန်ယန်တောင်ရဲ့ ဒေသခံမြွေတစ်ကောင်ဖြစ်ပြီး သူ မရောက်ဖူးတဲ့ နေရာ မရှိပေ။ သို့သော် တောင်တွေပေါ်မှာ မြို့တစ်မြို့ ဘယ်တုန်းက ပေါ်လာတာလဲ ဆိုတာကို မသိဘူး ဖြစ်နေသည်။
ရထားလုံးက ဤထူးဆန်းသော မြို့ထဲသို့ မောင်းဝင်လာသည်။ မြို့တံတိုင်းက အလွန်မြင့်သည်။ နံရံမျက်နှာပြင်သည် အလွန်ချောမွေ့၏။ မြို့ပြမျှော်စင်က ပိုလို့တောင် မြင့်မားပြီး မြို့တံခါးတွင် ဝူဝမ်ဟူသော စကားလုံးကို ရေးထားသည်။
ချန်ရှီ ရထားလုံးပေါ်တွင် ထိုင်ကာ နှစ်ဖက်စလုံးကို စူးစမ်းနေသည်။ လမ်းနှစ်ဘက်စလုံးတွင် ပြင်းထန်သော မျက်နှာထားနှင့် ပုဆိန်ခက်ရင်းများကိုင်ဆောင်ထားသည့် မျက်နှာစိမ်း သရဲတစ္ဆေများ ရပ်နေတာ တွေ့လိုက်ရသည်။ ရုတ်တရတ် အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာ၏။ မြို့ထဲ လာလည်တဲ့ သူတွေကို ကြည့်လိုက်တော့ အများစုဟာ အူတွေဖောက်ထားပြီး ဗိုက်တွေ ပုပ်ပွနေပြီ။ ခေါင်းနဲ့ ခြေထောက်တွေကလည်း ပျောက်ပြီး အများစုကတော့ လူသေတွေချည်းပင်။
ရံဖန်ရံခါတွင် ကျန်းမာနေသူများ ရှိသော်လည်း လူသေလား အရှင်လား မပြောနိုင်ပေ။
"ဒါက မရဏမြို့လား"
ချန်ရှီ ကြက်သီးထသွားသည်။ သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မီးရောင်တွေအောက်မှာ ရယ်မောသံတွေ ပြည့်နှက်နေတာကို တွေ့လိုက်ရသည်။
ချန်ရှီ တစ်ချိန်က သေဆုံးသွားပြီး နေရာတိုင်းတွင် မြူခိုးများဖုံးလွှမ်းနေသည့် မြေအောက်ကမ္ဘာသို့ ရောက်သွားရတဲ့ အခိုက်အတန့်ကို သတိရသွား၏။ လူများသည် မြူခိုးများထဲတွင် အလောင်းများကဲ့သို့ သွားလာနေကြစဥ် မြူခိုးထဲတွင် ပုန်းနေသော အမည်မသိ သတ္တဝါများ၏ စားစရာအဖြစ် စားသောက်ခံရသည်။
သို့သော် ဤနေရာသည် သာယာသော မြို့နှင့်တူသည်။ မြေအောက်ကမ္ဘာ၏ အနှောက်အယှက်ကင်းသော၊ အန္တရာယ်မရှိသော နေရာတစ်ခုလိုမျိုး တစ္ဆေသရဲတစ္ဆေများက ဤနေရာ၌ အလွန်ပျော်ရွှင်နေကြသည်။
"ဒီနေရာကို ဝူဝမ့်လို့ခေါ်တယ်... မကောင်းတာ လုပ်လို့မရဘူး၊ မလိမ်ရဲဘူး ဒီမြို့မှာ ဘယ်သူမှ လိမ်လို့မရဘူး....ဒီမှာ လူတွေနဲ့တွေ့ရတဲ့ အကြောင်းရင်းက အဲ့ဒါကြောင့်ပဲ...ငါငယ်ငယ်က တစ်ခါ ရောက်ဖူးတယ်... အဲဒီလူက လိမ်တာ အရမ်စကောင်းတယ်.. သူ့စကားတစ်ခွန်းမှ မယုံရဘူး... ဒါပေမဲ့ မင်း လိမ်ရင် အပြစ်ပေးခံရလိမ့်မယ်.... ဥပမာ လျှာကို ဖြတ်ထုတ်ပစ်တာ...."
ချန်ရှီ မျက်တောင်ခတ်လိုက်သည်။ အခု သူ ဒီမှာရှိနေပြီ ဆိုတော့ လိမ်ပြောလို့ မရတော့ဘူးလား။
"ရွာကလူတွေက ကျွန်တော့်ကို ရိုးသားလေးလို့ ခေါ်ကြတယ်... ကျွန်တော် ဘယ်တော့မှ မလိမ်ဘူး ဒီဝူဝမ့်မြို့ကို ရောက်နေလည်း ကျွန်တော်က ရေထဲမှာ ငါးတစ်ကောင်လိုပဲ ပျော်နေမှာ"
ဒါတောင် ချန်ရှီက အကျယ်ကြီး မပြောဝံ့သေးချေ။ ဘာကြောင့်လဲဆိုတော့ သူ ဒါကို တွေးပြီးတာနဲ့ သူ့လျှာပေါ်ကို ထူးဆန်းတဲ့ တွန်းအားတစ်ခု တိုးဝင်လာသလို ခံစားလိုက်ရလို့ပါပဲ။ ကံကောင်းထောက်မစွာပဲ သူအဲဒါကို ကျယ်ကျယ်လောင်လောင် ထပ်မပြောခဲ့ပေ။ မဟုတ်ရင် လျှာပျက်သွားလိမ့်မည်။
"အဲ့ဒီမိန်းမကို ငါ မကြိုက်ဘူး!"
ချန်ရှီ အသံရှင်ကို လိုက်ကြည့်လိုက်တော့ စကားများ ရန်ဖြစ်နေသည့် လင်မယားနှစ်ယောက်ကို တွေ့လိုက်ရသည်။ ခင်ပွန်းဖြစ်သူက ပါးစပ်ကို အလိုအလျောက် ဖွင့်လိုက်စဥ် သူ့လျှာက ပါးစပ်ထဲမှ လွင့်ထွက်ကာ မြေပြင်ပေါ် ကျသွားလေ၏။
ခွေးတစ်ကောင်က ခုန်ထွက်လာပြီး မြေပြင်ပေါ်မှာ ခုန်ပေါက်နေတဲ့ လျှာကို ကောက်ယူလိုက်သည်။
ချန်ရှီ တုန်လှုပ်သွားသော်လည်း သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းက ပါးစပ်ဟပြီး ရယ်နေကြတာကို တွေ့လိုက်ရ၏။ အများစုမှာ ပါးစပ်ထဲတွင် လျှာမရှိကြတော့တာကို သူ သတိပြုမိသည်။
"မုသာစကားကြောင့် သူတို့ရဲ့လျှာတွေကို နှုတ်ပစ်လိုက်တာလေ..."
ချန်ရှီ တုန်လှုပ်သွားသည်။ ဒီမြို့က တကယ်လိမ်လို့ မရဘူးပဲ။ သို့သော် စိတ်ထဲကနေတော့ တွေးလိုက်သေးသည်။
"ဒီမြို့က ငါ့လို ရိုးသားတဲ့လူတွေနဲ့ ဆက်ဆံဖို့ အထူးဖန်တီးထားတာ ဖြစ်မယ်!"
ရထားလုံးက သူတို့ကို စားသောက်ဆိုင်တစ်ခုဆီ ခေါ်သွားသည်။ စားပွဲထိုးတစ်ယောက် အမြန်ထွက်လာပြီး အနောက်ဖေးမှာ ရထားလုံးကို ရပ်ခိုင်းလိုက်၏။ ရှောင်ဝမ်စွင်းက အောက်ထပ်သို့ ဆင်းသွားကာ စားပွဲထိုးက ဒုတိယအထပ်က ပြတင်းပေါက်ဘေးရှိ ထိုင်ခုံနေရာသို့ ပို့ဆောင်ခဲ့သည်။
ချန်ရှီ သေသေချာချာ ကြည့်လိုက်တော့ စားပွဲထိုးကလည်း သာမန်လူ မဟုတ်တော့ပေ။ အားလုံးက ပန်းကန်ပြား တစ်ချပ်စီကိုင်ပြီး ဧည့်သည်တွေကို ဂရုတစိုက် ဖျော်ဖြေနေတာကို တွေ့ရသည်။
ရှောင်ဝမ်စွင်း: "စိတ်တွေကို နွေးထွေးစေနိုင်တဲ့ လက်ဖက်ရည်ကောင်းကောင်းလေး ရှိသေးလား... ငါ ဧည့်သည်ကို ဧည့်ခံချင်တယ်"
"သခင်လေးရှောင်ကို ပြန်ဖြေကြားပါတယ်... လင်နမ်က ရှန်းဖူတော့ ရှိတယ် မကြာသေးခင်ကမှ ဖွင့်ထားတာ... လင်နမ်ဆိုင်က ကုန်သည်တွေကို သတ်ပြီး လုယူထားတာ အရသာ ကောင်းတယ်... စမ်းကြည့်ချင်လား"
ရှောင်ဝမ်စွင်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ စားပွဲထိုးက ချက်ချင်း လက်ဖက်ရည်ယူဖို့ ထွက်သွား၏။ လက်ဖက်ရည် သောက်ပြီးသောအခါ ရှောင်ဝမ်စွင်းက ငွေထုပ်ကို ထုတ်ပြီး စားပွဲထိုးကို ပေးလိုက်သည်။ ချန်ရှီခမျာ ငွေကိုကြည့်ကာ ရင်းနှီးသွားသလို ခံစားသွားရသည်။
ရှောင်ဝမ်စွင်း: "လမ်းမှာ ကောက်တွေ့လာတာ... ဘယ်သူက အဲဒါကို လမ်းအလယ်မှာ ထားခဲ့လဲတော့ မသိဘူး"
ချန်ရှီသည် ဝမ်းနည်းပူဆွေးသွားသော်လည်း စကားမပြောနိုင်ပေ။ ဆိုင်ရှိ စားပွဲထိုးသည် ပိုက်ဆံယူကာ သူတို့ကို ပို၍ပင် ဂရုတစိုက် ဧည့်ခံပေးနေပြီး အသီးနှင့် အသား တစ်ပန်းကန်ကိုပါ ပေးသွားသည်။
ရှောင်ဝမ်စွင်း လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
"သူလာနေပြီ...."
ချန်ရှီ အောက်ကို ငုံ့ကြည့်လိုက်တော့ ပိန်ပိန်ရှည်ရှည်နဲ့ သရဲတစ္ဆေ တစ်ကောင်ဟာ စိမ်းပြာရောင်မီးအိမ်လေး ကိုင်ဆောင်ပြီး မြို့ထဲက လက်ဖက်ရည်ဆိုင်ဆီ လျှောက်သွားနေတာကို တွေ့လိုက်ရသည်။ ထိုတစ္ဆေသည် အရပ်ခုနစ်ပေမှ ရှစ်ပေခန့်အထိ ရှည်ကာ ခါးကုန်းထားပုံက ဗိုက်ဆာနေသည့် အတိုင်းပင်။
မီးပုံးအောက်တွင် ပိတ်ဦးထုပ်ကို ဝတ်ဆင်ထားသည့် အနီရောင်ဝတ် အမျိုးသမီးတစ်ဦး အလင်းရောင်အောက်တွင် လမ်းလျှောက်လာနေသည်။ မီးပုံးသည် အလွန်မြင့်သည်။ အခေါင်းပေါက်ထဲမှ အလင်းတန်းတစ်ခုသည် အချင်းတစ်ပေခန့်ရှိ အလင်းရောင် တစ်ခုအဖြစ် မြေပြင်ပေါ်သို့ ကျသွားသည်။
အနီရောင် အဝတ်အစားနှင့် အနက်ရောင် ပိတ်ဦးထုပ် ၀တ်ထားသော အမျိုးသမီးက အလင်းအစက်အပြောက်များကြားတွင် လိမ္မာပါးနပ်စွာ သွားလာနေသည်။ သူမရဲ့ အသွင်အပြင်က ချောမောကာ သွယ်လျသော ခါးက အလွယ်တကူ ဆုပ်ကိုင်ထားနိုင်လောက်တဲ့ အနေအထားမျိုး ရှိလေ၏။
ချန်ရှီ မတတ်နိုင်ဘဲ တစ်ချက် ကြည့်လိုက်သည်။
ထိုအမျိုးသမီးသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လှေကားထစ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။ ထိုအနီရောင် ဝတ်ထားသော အမျိုးသမီးသည် တင်းမာသော မျက်လုံးဖြင့် အောက်ကို ငုံ့ကြည့်ကာ ချန်ရှီဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
သူမတွင် သွယ်လျသောခါးနှင့် တင်ပါးဝိုင်းဝိုင်းလေးရှိပြီး တစ်ဖက်သို့ အနည်းငယ်ငုံ့ကာ ထိုင်ချလိုက်သည်။ သူမ၏ ဦးထုပ်နှင့် ပိတ်စကို ချွတ်ကာ လှပသော မျက်နှာကို ထုတ်ပြလာ၏။ ထို့နောက် ချန်ရှီကို စိုက်ကြည့်ကာ ဆွဲဆောင်မှု အပြည့်ဖြင့် ပြုံးပြလိုက်သည်။
"မောင်လေး...မမက လှလို့လား မမနဲ့ အိပ်ချင်လား"