ရောက်လာမှတော့ နားတာပေါ့
Vol. 3 Ch. 43
တောင်တန်းအရှင်ဘုံကျောင်းထဲတွင်တော့ ချန်ရှီသည် ရှေ့သို့ လှမ်းလိုက်တာနဲ့ ငါးပေအကွာအဝေးအထိ ဖျတ်ခနဲ ရောက်ရှိသွားကာ သူ့ခန္ဓာကိုယ်သည် လေထဲမှ မကျလာခင် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ဘုံကျောင်းတံခါးများနှင့် ပြတင်းပေါက်များ တုန်ခါသွားသည်။
သူ လက်သီးတစ်ချက် ထိုးကြည့်လိုက်သည်နှင့် မြေပြင်ပေါ်ရှိ လေနှင့် မိုးခြိမ်းသံတို့ဟာ ဆယ်ပေအကွာအထိ တိုက်ခတ်သွားသည်။ ချန်ရှီသည် သူ၏စွမ်းအင်နှင့် သွေးများကို စုစည်းကာ ပြင်းထန်သော လေသံနှင့်အတူ ထပ်မံ ထိုးနှက် လိုက်သည်။
သူသည် ရေကန်ကြီးပေါ်တွင် ဖြတ်ပြေးနေသော တစ္ဆေတစ်ကောင်လို ခြေဖဝါးကို လျင်မြန်စွာ ရွေ့လျားသွားကာ ကြမ်းပြင်၊ နံရံများ၊ ဘုံကျောင်း၏ တိုင်များပေါ်တွင် လမ်းလျှောက်ကာ လက်သီးနှင့် ခြေထောက်များအား ဝေ့ယမ်းကာ မိုးကြိုးများ ထုတ်လွှတ်ပစ်သည်။
ခုနှစ်စင်ကြယ် ခြေနင်းကွက်အတိုင်း ရွှေ့လိုက်ရင်ပဲ ခန္ဓာကိုယ်က ခြောက်ပေ အကွာအဝေးအထိ ရောက်သွားကာ လက်သီးအားကပါ တစ်ဆက်တည်း ပါလာသည်။
ခဏအကြာတွင် ချန်ရှီသည် မြေပြင်ပေါ်သို့ ခြေချလိုက်ရာ တဟုန်းဟုန်း တောက်နေသော စွမ်းအင်နှင့် သွေးများ ချက်ချင်း ငြိမ်သက်သွားကာ တဖျတ်ဖျတ် လွင့်နေတဲ့ အဝတ်များမှာလည်း ငြိမ်သက်သွားသည်။
သူသည် တည်ငြိမ်အေးဆေးနေပြီး သူ့ခန္ဓာကိုယ်ရှိ စစ်မှန်သော ချီစွမ်းအင်များက အချိန်အတော်ကြာအောင် တိုးလာနေပြီဟု ခံစားလာရသည်။ ချီစွမ်းအင်က ပြင်းထန်စွာ ပျံ့နှံ့သွားသဖြင့် သူ့ခေါင်းနောက်တွင် နတ်ကွန်းတစ်ခု အလိုအလျောက် ပေါ်ထွက်လာပြီး အလွန်တောက်ပနေတော့သည်။
သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များသည် အချိန်အကြာကြီး ပျောက်ကွယ်မသွားဘဲ အားနည်းသွားသည့် အရိပ်အယောင်များကို မတွေ့ရပေ။ ခဏအကြာတွင်မှ သူ၏ချီစွမ်းအင်များ ကျဆင်းလာပြီး နတ်ကွန်း အလင်းရောင်က တဖြည်းဖြည်း မှိန်သွားသော်လည်း နတ်ကွန်းက တည်ငြိမ်နေဆဲ ဖြစ်သည်။
"သူတော်စင် သန္ဓေသားလောင်းကို မွေးမြူပြီးတာတောင် နတ်ကွန်းကို အပြည့်အဝ ထိန်းသိမ်းထားဖို့ မဖြစ်နိုင်သေးဘူး... တကယ်လို့ နတ်ကွန်းမရှိခဲ့ရင် ချီစွမ်းအင်တွေလည်း ရှိလာမှာ မဟုတ်ဘူး.... ဒီရုပ်ခန္ဓာရဲ့ သန္ဓေသားလောင်းက ချီစွမ်းအင် ပျံ့နှံ့မှုကို နှေးကွေးစေတယ်... ငါ ချီစွမ်းအင်တွေကို ထိန်းသိမ်းထားဖို့ ဆိုရင် နတ်သန္ဓေသားလောင်းကို လိုအပ်နေသေးတယ်"
ချန်ရှီ ဝမ်းနည်းနေသော်လည်း ဗလာကျင်း ဘုံကျောင်းကို ဦးညွှတ်ကာ လှည့်ထွက်လာခဲ့သည်။ သူသည် တံခါးပိတ်ပြီး တောင်ပေါ်မှ ထွက်ခွာရန် ပြင်ဆင်ထား၏။
သူ ရထားလုံး မစီးနိုင်တော့ချေ။
မနေ့ကကတည်းက ဘာကြောင့်မှန်းမသိ သူ့ကို အမြဲနာခံတတ်တဲ့ ရထားထိန်းက သူ့ကိုမြင်တော့ တစ္ဆေကြီးကို တွေ့လိုက်ရသလို မျက်နှာထားနဲ့ မောင်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ချန်ရှီမှာ ရှောင်ဝမ်စွင်းရဲ့ ရထားလုံးကို လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက နှစ်သက်ခဲ့ပြီး ၎င်းကို လိုက်ရှာဖွေနေသော်လည်း ကြေးမုံအိုင်ကုန်းမြင့် အပြင်ဘက်တွင်လည်း မတွေ့နိုင်ခဲ့တာကြောင့် အချိန်အတော်ကြာအောင် နောင်တရနေခဲ့သည်။
သူထွက်သွားပြီးနောက်တွင် ဘုံကျောင်းထဲက ထူးကဲသော စွမ်းအားများသည် နတ်ဘုရားနှင့် နတ်ဆိုး၏ အသွင်အပြင်ကို ဝါးဝါးထင်ထင် ပြကာ နတ်ကွန်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။
နတ်ကွန်းတစ်ခု အသွင်သဏ္ဌာန်ကို လုပ်ဆောင်တော့မည့် အချိန်၌ ထူးကဲသော နတ်တန်ခိုးကို ရုတ်ခြည်းမထိန်းနိုင်ဘဲ ပြိုကျကာ ဘုံကျောင်း တစ်ခုလုံး စွမ်းအင်များ ပျံ့နှံ့သွားပြန်သည်။
နတ်ကွန်းအတွင်းမှ သက်ပြင်းချသံ တစ်ချက် ထွက်ပေါ်လာသည်။
"အဆင်မပြေသေးဘူးလား?"
ချန်ရှီ ထွက်သွားခဲ့ပြီ ဖြစ်တာကြောင့် အံဒီညည်းတွားသံကို မကြားလိုက်ရပါဘူး။
ဟွမ်ဖောရွာ အပြင်ဘက်က မိုးမခပင်ဟောင်းအောက်တွင် ချန်ရှီသည် ခါတိုင်းကဲ့သို့ ကျောက်ပြားကန့်ညောင်ကို နံ့သာပေါင်းဖြင့် ပူဇော်နေသည်။ ကျောက်တုံးကန့်ညောင်ထံမှ တုံ့ပြန်မှု မရှိသေးသော်လည်း ကျောက်ပြားပေါ်ရှိ မီးစိမ်းလေးက ပျံ့နှံ့သွားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တစ်ခုခု ရှိသလို ခံစားရစေ၏။
ချန်ရှီ အမွှေးတိုင်၏အကူအညီဖြင့် သူ့အမေကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း သူ့အသိစိတ်က ကျောက်ပြားနှင့် ထိတွေ့လိုက်သောအခါတွင် ကျယ်ပြောလှသော ကွက်လပ်ကြီးမှလွဲ၍ ဘာမှမရှိပေ။
"ကန့်ညောင်က သာမာန်ကျောက်တုံးတစ်တုံးပဲ ဖြစ်နိုင်ပါတယ်"
ချန်ရှီ ကန့်ညောင်ကို စိတ်မ၀င်စားတော့ဘဲ ကျူးရှို့ချိုင်ကို အမွှေးတိုင်တစ်ချောင်းဖြင့် ပူဇော်ပြီး ကျူးရှို့ချိုင် အမွှေးရနံ့ကို ရှူရှိုက်ပြီးချိန်အထိ တိတ်တဆိတ် စောင့်နေခဲ့သည်။
(ဘာသာပြန် - အရင်က ကျူးယိုချိုင်လို့ ဘာသာပြန်ခဲ့ပါတယ်)
"ကျူးရှို့ချိုင်ကပဲ ငါ့ရဲ့ အရေးကြီးဧည့်သည်... မဟုတ်ပါဘူး အရေးပါတဲ့တစ္ဆေ!"
ချန်ရှီ စိတ်ခံစားမှုတွေ အပြည့်နဲ့ ရေရွတ်နေသည်။
"ကံမကောင်းတဲ့ ငါက နတ်သန္ဓေသားနဲ့ အဆက်ဖြတ်ခံခဲ့ရပြီး မသန်မစွမ်း လူတစ်ယောက် ဖြစ်လာခဲ့ပေမယ့် ဒီမှာလေ့လာခွင့်ရခဲ့တယ်... ကျူးရှို့ချိုင်နဲ့ တွေ့ခွင့်ရတာလည်း အရမ်းကံကောင်းပါတယ်... ငါဒီနွေဦး စာပေစမ်းသပ်မှုမှာ သေချာပေါက် တောက်ပနေမှာတော့ မဟုတ်ဘူးပေါ့”
တွေးနေရင်းနဲ့ လူနှစ်ယောက်ကို လှမ်းတွေ့လိုက်သည်။ အဘိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ဟာ တောင်းစောင်းပေါ် လျှောကနဲ လျှောဆင်းလာ၏။ အဘိုးကြီးဟာ အသက်ကြီးပြီး ပိန်လှီနေပေမယ့် သူ့မျက်လုံးတွေက တောက်ပနေဆဲပင်။
လူငယ်သည် အစိမ်းရောင် အဝတ်အစားနှင့် အဖြူရောင် အပေါ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ခေါင်းပေါ်က ဆံချည်မျှင်ကို အစိမ်းရောင် ဆံပင်ပတ်ကြိုးဖြင့် ချည်ကာ၊ ခါးပတ်ပတ်လည်တွင် အနီရောင်ပိုးခါးပတ်၊ ကြာဖြူကျောက်စိမ်းဆွဲသီး တစ်ခုနှင့် အထက်တန်းစား ဖိနပ်တစ်ရံတို့ကို ခြေထောက်ပေါ်တွင် တင်ထားကာ သူ့ကို အတော်လေး ကြည့်ကောင်းစေသည်။
ဒီလူငယ်လေးဟာ အသက်၁၂ နှစ်လောက် ရှိပုံရ၏။ ချမ်းသာပြီး တန်ခိုးကြီးသူတို့၏ နေ့စဉ်ဘဝ အငွေ့အသက်တွေက သူ့ကိုယ်ပေါ်မှာ အပြည့်ပင်။
ချန်ရှီ သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ကွန်ဖြူးရှပ်၏ စာအုပ်ခွဲများကို ဖယ်ထုတ်ကာ ကျူးရှို့ချိုင်ဆီက အကြံဉာဏ် တောင်းနေခဲ့သည်။
"ဆရာကြီးက ပြောတယ်... သန်မာတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး...အမ် ရှန်ကျစ်လို့လည်း ပြောတယ်... တံခါးတန်းလည်း လိုချင်... တရားမျှတမှုလည်း မရနိုင်တဲ့"
"ဒီအပိုင်းမှာတော့ ဆရာကြီးရဲ့ အနုပညာ သဘောတရားကို နားလည်ဖို့ လိုတယ်... ဆရာကြီးက မတတ်နိုင်တော့တဲ့အတွက်နဲ့ လက်သီးနဲ့ထိုးတဲ့ သူကို တစ်ခါမှ မတွေ့ဖူးပါဘူးတဲ့.... ရှန်ကျစ်ကျတော့ အရမ်း အစွမ်းထက်ပြီး ဖျက်ဆီးလို့မရတဲ့ ခန္ဓာကိုယ်ကို ဖန်တီးပေးနိုင်တယ်လို့ ငါ့ဘေးက လူတစ်ယောက် ပြောတာကို ကြားဖူးတယ်... ဆရာကြီးပြောချင်တာက ရှန်ကျစ်က မကောင်းဘူး ငါ သူ့ကို ရိုက်နှက်ပြီး ဆုံးမတာတောင် သူက လုံးဝ ကြံ့ခိုင်မှု မရှိပါဘူးတဲ့.... ရှောင်ရှီ ဆရာကြီး ပြောတာကို နားလည်နိုင်လား။”
ချန်ရှီ စဉ်းစားနေသည်။
ထိုအချိန်တွင် တောင်စောင်း၏ အောက်ခြေမှ လူငယ်အသံကို ကြားလိုက်ရသည်။
"အဘိုး... ရပ်တော့... ကျွန်တော် ဦးလေး၇ လီခယ်ဖာ ဒီမှာပဲ သေသွားတယ်လို့ ခံစားနေရတယ်..."
ချန်ရှီသည် စာအုပ်ထဲက ဆရာကြီးရဲ့ စိတ်အခြေအနေကို နားလည်အောင် ကြိုးစားနေရာမှ သတိဝင်လာကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ အဘိုးအိုနှင့် လူငယ်လေးသည် တောင်စောင်းအနီးရှိ မြေကြီးနဲ့ ရှုခင်းများကို တစ်ခုခု ခံစားနေသလို ကြည့်နေ၏။
"လီခယ်ဖာ? သူက ရေနွားခရိုင်က ခရိုင်တရားသူကြီးမလား... ဒုက္ခရောက်သွားတဲ့ သခင်လေး လီရှောင်တင်ရဲ့ အဖေဖြစ်မယ် ဘာလို့သေသွားတာလဲ"
လီခယ်ဖာသည် ဟွမ်ဖောရွာ အနီးတွင် သေဆုံးသွားကြောင်း မကြာသေးမီက လူငယ်က ပြောခဲ့တာကြောင့် ချန်ရှီကို အနည်းငယ် အံ့သြသွားစေခဲ့သည်။ ဟွမ်ဖောရွာကို ဤကုန်းစောင်းအနောက်ဟု အမည်တွင်သည်။ လီခယ်ဖာကလည်း ရွာအနီးတွင် သေဆုံးသွားခဲ့သည်။
"ဒီလူငယ်လေးက လီခယ်ဖာကို ဦးလေး၇ လို့ခေါ်တယ်... သူတို့တွေက လီမိသားစုက လူတွေပဲ..."
ချန်ရှီ သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးလိုက်သည်။
တောင်စောင်း ခြေရင်းတွင် ရပ်နေသော အဖိုးအိုက ပြန်ပြောလေ၏။
"ထျန်းချင်... မင်းရဲ့ဦးလေး၇ ဒီမှာ သေသွားတာကို မင်းဘယ်လိုသိလဲ... သူ့ဝိညာဉ်ကို ငါ မတွေ့ပါဘူး"
အဘိုးအိုက ချန်ရှီဆီကို လှမ်းကြည့်လိုက်သောအခါ ချန်ရှီသည်လည်း သူ့အပေါ်၌ မီးလုံးကြီးတစ်ခု တောက်လောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ အဘိုးအို အကြည့်တွေ ထွက်ခွာသွားသောအခါတွင်မူ မီးလောင်နေသည့် ခံစားချက်က ပျောက်ကွယ်သွားခဲ့သည်။
"ဒီလူကြီးက အရမ်းသန်မာတယ်!"
ဒါကို သူတွေးကြည့်လိုက်တော့ သစ်ပင်ပေါ်မှာ တွဲလောင်းကျနေတဲ့ ကျူးရှို့ချိုင်ကို အဘိုးအိုရဲ့ မျက်လုံးတွေက မြင်နေရကြောင်း သဘောပေါက်လိုက်၏။ သူ့စိတ်တွေ တင်းတင်းကြပ်ကြပ် ဖြစ်သွားသည်။
"သူက ကောင်းကင်မျက်လုံးအဆောင်လက်ဖွဲ့ကို မသုံးဘဲတောင် ကျူးရှို့ချိုင်ကို မြင်နိုင်တယ်လား... ဟုတ်သားပဲ သူက ဝိညာဉ်ကို မြင်နိုင်တယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ကောင်းကင်မျက်လုံးကို ကျင့်ကြံထားတာပဲ ဖြစ်ရမယ်!"
လီထျန်းချင်က ခပ်လှမ်းလှမ်းရှိ မြစ်ကမ်းနားက သစ်ပင်ကြီးတစ်ပင်ကို ညွှန်ပြပြီး ပြောလိုက်သည်။
"အဲဒီသစ်ပင်ရဲ့ မြောက်ဘက်ခြမ်းက ထိပ်ဖျား ထောင့်တစ်ထောင့်က ပျောက်နေတယ် အဲဒါက ကျွန်တော်တို့ လီမိသားစုရဲ့ ယင်ကျောက်စိမ်းဘီးခြောက်ဘီးက ချန်ထားခဲ့တဲ့ သဲလွန်စတစ်ခုပဲ... ရေနွားခရိုင်မှာ ကျွန်တော့်ဦးလေးပဲ ယင်ကျောက်စိမ်းဘီးခြောက်ဘီးကို နားလည်တာ"
အဘိုးအိုက ထိုစကားကြားပြီးနောက် တောင်စောင်းမှ သရဲတစ္ဆေကို မကြည့်တော့ဘဲ အံ့အားသင့်စွာဖြင့် အဝေးက သစ်ပင်ကြီးဆီကို မျှော်ကြည့်လိုက်သည်။
"လီထျန်းချင်... မင်းကို ဒီတစ်ခေါက် ခေါ်လာခဲ့တာ မှန်သွားပြီ... မင်းရဲ့ စူးစမ်းနိုင်စွမ်းက အံ့မခန်းပါပဲလား ! ဒါဆို မင်းရဲ့ခုနစ်ယောက်မြောက် ဦးလေးက ရန်သူနဲ့တွေ့ပြီး လီမိသားစုရဲ့ ယင်ကျောက်စိမ်းဘီးခြောက်ဘီးကို အသက်သွင်းလိုက်တုန်း မထင်မှတ်ပဲ လုပ်ကြံခံလိုက်ရတာ ဖြစ်မယ်..."
သူ အသက်ရှုကြပ်ပြီး "လီခယ်ဖာက ရေနွားခရိုင်မှာ ခရိုင်တရားသူကြီး... ဒီတခေါက် ငါ့ရဲ့ လီမိသားစုရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေကို ခေါ်သွားပေမယ့် သူတို့အားလုံးကို ကျေးလက်မှာပဲ မြှုပ်ပစ်လိုက်ရတယ်... ရေနွားခရိုင်မှာ ငါ့လီမိသားစုရဲ့ စွမ်းအားက လျော့လာတာမျိုး ဖြစ်လာမှာကို ကြောက်ရတယ်.. ချမ်းသာတဲ့ မိသားစုက ဒီအခွင့်အရေးကို အသုံးချပြီး ရေနွားခရိုင်ကို သိမ်းပိုက်ပစ်နိုင်တယ်...!"
လူငယ်လေး လီထျန်းချင်သည် နိမ့်ပါးသော ကုန်းစောင်းကို ကြည့်ပြီး ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်သည်။ အဘိုးအိုက ရှေ့သို့ အလျင်အမြန် ရောက်လာကာ မြေဆီလွှာကို လက်တစ်ဆုပ်စာ ဂရုတစိုက် ယူကာ လျှာဖြင့် လျှက်ကြည့်လိုက်သည်။
“ဒါက တောင်ထွတ်အမြင့်ရဲ့ မြေပဲ!"
အဘိုးအို၏ မျက်လုံးများ ပြူးကျယ်သွားကာ မြည်းစမ်းပြီးနောက် တံတွေးထွေးကာ ဒေါသတကြီးဖြင့် ကျိန်ဆဲလေ၏။
"အရသာ လုံးဝမကောင်းဘူး!"
လီထျန်းချင်: "အဘိုး... ဒီမြေမျိုးက စားဖို့မဟုတ်ဘူး... ကြွေထည်နဲ့ မြေအိုးတွေကို မီးရှို့ဖို့ သုံးတာ... ဒီနေရာက မြေသားလျှောစောက်ကြီး ရှိတယ်..."
သူ့မျက်လုံးများက မြေသားလျှောစောက်ကို လှည့်ပတ် ကြည့်ရှုပြီးနောက် ဟွမ်ဖောရွာလယ်ရှိ ရှေးဟောင်းသစ်ပင်ကို ကြည့်လိုက်ရာ သူ့မျက်လုံးများ တစ်မဟုတ်ချင်း တောက်ပလာတော့သည်။
"ဒီနားမှာ မီးဖိုတစ်ခု ရှိရမယ်... စစ်မှန်တဲ့ ဘုရင်ကြီးရဲ့ အုတ်ဂူလည်း အနီးအနားမှာ ရှိသင့်တယ်!"
အဘိုးအိုသည် သူ၏ဖြူဖွေးဖွေး ဆံပင်ကို ထိလိုက်ကာ လီထျန်းချင်ရဲ့ ကောက်ချက်ချပုံကို နားမလည်သလို ဖြစ်နေသည်။ ကုန်းစောင်းပေါ်က ချန်ရှီလည်း အလွန်သိချင်နေ၏။
လီထျန်းချင်: "အဲဒီသင်္ချိုင်း အမျိုးအစားက မြေအိုးနဲ့ ကြွေထည်တွေ အများကြီး လိုအပ်တယ်... သူတို့ကို ထုတ်ပြီး တခြားနေရာတွေကို တင်ပို့ကြလိမ့်မယ်... ပထမအချက်က လူတွေရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်ဖို့ ဒုတိယက လမ်းမှာ အလွယ်တကူ ပျက်စီးသွားနိုင်တဲ့အတွက် မီးဖိုထဲ ထည့်နိုင်တယ်...ကြွေမြေအိုး အဆင်သင့်မဖြစ်မချင်း မီးဖိုထဲမှာ ဒီမြေမျိုးကိုပဲ သုံးတယ်.. နောက်ပိုင်းကျတော့ မြေအိုးနဲ့ ကြွေထည်တွေကို သွန်းလုပ်တဲ့ မီးဖိုလုပ်သားအားလုံးကို သတ်ပစ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ မပေါက်ကြားစေဖို့အတွက် တောင်ထွတ်မြင့်မြေကို သုံခဲ့တာ... ဟိုရွာက သစ်ပင်က တော်တော်လေး သက်တမ်းရင့်နေပြီ... အဲဒီအချိန်တုန်းက အဲဒီလူတွေ စိုက်ထားခဲ့တာဆိုရင် ဘုရင်ကြီးကျန်းရဲ့ အုတ်ဂူက ဒီနေရာနဲ့ မဝေးလောက်ဘူး”
ချန်ရှီ အလွန်အထင်ကြီး လေးစားသွားပြီး သူ့ဘာသာသူ တွေးနေမိသည်။
"ဒီလူငယ်က ငါနဲ့ အသက်ရွယ်တူလောက်ပဲ... သူ့ဦးနှောက်က ငါ့လိုပဲ ထက်မြက်တယ်"
အဘိုးအိုသည် အလွန်စိတ်လှုပ်ရှားနေပြီး "တကယ်လို့ ဘုရင်မင်းမြတ်ရဲ့ သင်္ချိုင်းဂူကို ရှာတွေ့နိုင်ရင် လီခယ်ဖာရဲ့ လူသတ်သမားအစစ်ကို ရှာမတွေ့ခဲ့ရင်တောင် ငါတို့ မြေးအဘိုးနှစ်ယောက် ချွမ်ကျိုးကို ပြန်သွားတဲ့အခါ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ပါသွားမှာပဲ...."
လီထျန်းချင်က ခေါင်းခါပြီး "ကြီးကျယ်တဲ့ အောင်မြင်မှုနှစ်ခု"
အဘိုးကြီး အံ့ဩသွားသည်။
"ဦးလေး၇ရဲ့ ကိစ္စက ဖြေရှင်းရတာ လွယ်ပါတယ်... အဘိုး ဟိုးက လည်ပင်းကောက်နေတဲ့ မိုးမခပင်ကို ကြည့်လိုက်... အဲဒီမိုးမခပင်ဟောင်းက တွဲလောင်းဆွဲဖို့ အသင့်တော်ဆုံးပဲ... ဘဝထဲမှာ မပျော်မရွှင် ဖြစ်နေတတ်တဲ့ စာပေ ပညာရှင်တွေက အဲဒီလို သစ်ပင်ဟောင်းကို ကိုယ့်ဘာသာ ကြိုးဆွဲချ ရွေးချယ်တတ်ကြတယ်... အဲဒီသစ်ပင်က အရမ်းအိုနေပြီ သစ်ပင်မှာ ကြိုးဆွဲချနေတဲ့ ပညာရှင်တစ်ယောက် ဒါမှမဟုတ် ဦးလေး၇ သေဆုံးသွားတဲ့ မြင်ကွင်းကို မြင်ပြီး တရားခံအစစ်ကို သိနိုင်တယ်.."
အဘိုးအိုက အံ့အားသင့်ပြီး ညည်းညူရင်း ခေါင်းညိတ်လေသည်။
"အဲဒီမိုးမခပင်မှာ တွဲလောင်းကျနေတဲ့ ပညာရှင်တစ်ယောက် ရှိတယ်... ထျန်းချင် မင်းက တကယ်ကို အံ့သြစရာပဲ!"
လီထျန်းချင်လည်း အနည်းငယ် အံ့သြသွားပြီး "ဒါက သာမာန်ပါပဲဗျာ..."
"ငါ သွားမေးလိုက်မယ်!"
အဘိုးကြီးသည် တောင်စောင်းပေါ်သို့ တက်ရန် ခြေကို မြှောက်လိုက်သည်နှင့် ရုတ်တရက် သူ့ရှေ့ရှိ နေရာလွတ်သည် အဝါရောင် ကောင်းကင်ကြီးက သူ့ခေါင်းကို ဖုံးလွှမ်းသွားသလိုမျိုး သူ့မျက်လုံးထဲတွင် အလွန်ပင် မတ်စောက်လာ၏။ အဘိုးအို၏ အသားအရေ အရောင်က ရုတ်တရက် ပြောင်းလဲသွားပြီး ချက်ချင်း နောက်ဆုတ်သွားခဲ့သည်။
ကုန်းစောင်းမှ ဆုတ်လိုက်တော့ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားသည်။ လီထျန်းချင်လည်း ဘာကြောင့်မှန်း မသိပေ။ အဘိုးအို ငြိမ်သက်သွားကာ ကုန်းစောင်းကို ကြည့်လိုက်၏။ ဤကုန်းစောင်းလေးသည် နားမလည်နိုင်သော သခင်တစ်ဦးနှင့် တူနေသယောင် ခံစားနေမိရာ ခြေမချဝံ့တော့ပေ။
"တောရွာမှာ ရှဲ့တွေ အရမ်းများတယ်... တောရွာကိုရောက်ရင် အိမ်ရှင်ကို အရင်ဆုံး ဂါဝရပြုရတယ်.. ဒါမှ လုံခြုံလိမ့်မယ်"
အဖိုးအိုက ခေါင်းလှည့်ပြီး တောင်စောင်းကို တက်ဖို့ မကြိုးစားတော့ပေ။
"ထျန်းချင်... မင်းက ဉာဏ်ကောင်းပေမယ့် အတွေ့အကြုံကို အားကိုးရမဲ့ နေရာတွေ ရှိတယ် အဲဒီမှာ ကန့်ညောင်ကို ဖူးမြော်ကြရအောင်... သတင်းရှာဖို့ ရွာကိုလည်း အရင်သွားမယ်"
သူတို့နှစ်ယောက်က ဟွမ်ဖောရွာဆီသို့ လျှောက်လာကြသည်။ ချန်ရှီလည်း ဟွမ်ဖောရွာဆီသို့ မျက်လုံးပြူးကျယ်လးဖြင့် ကြည့်ရင်း ရေရွတ်လိုက်မိ၏။
"ဒီအဘိုးကြီးက တောင်စောင်းပေါ် တက်နေတုန်း ဘာလို့ ထိတ်လန့်နေတဲ့ပုံ ပေါ်နေတာလဲ... ဒီတောင်စောင်းမှာ ကြောက်စရာ ဘာမှမရှိပါဘူး"
"ထျန်းချင်... မင်းစာတွေအများကြီး ဖတ်ပြီးပြီ... အဲဒီဘုရင်ကျန်းက ဘယ်သူလဲဆိုတာ မင်းသိလား"
သူ့အဖိုးနဲ့ မြေးရဲ့ အသံတွေက ရှေ့ကနေ ထွက်ပေါ်လာသည်။
"ဒဏ္ဍာရီအရ ဘုရင်ကျန်းက မင်မင်းဆက်ရဲ့ ဧကရာဇ်မင်းဆက်က အပ်နှင်းထားတဲ့ အနောက်နွားရှင်းကျိုးရဲ့ ဘုရင်ပဲ... သူက လူ့အဖွဲ့အစည်းကို တာဝန်ယူတယ် အနောက်နွားရှင်းကျိုးမှာ ပြည်နယ်ငါးဆယ်ရှိတယ် တောင်တန်းနဲ့ မြစ်ပေါင်း ငါးဆယ်ကို အစိုးရတဲ့ အနောက်နွားရှင်းကျိုးရဲ့ ဘုရင်တစ်ပါးပဲ...နောက်ပိုင်းကျတော့ ဘုရင်ကျန်းက ဂူသင်္ချိုင်းထဲ ပို့ဆောင်ခံလိုက်ရတယ်...."
“ဒီကောင်တွေက ဘုရင်ကြီးကျန်းရဲ့ အုတ်ဂူကို သိပ်စိတ်ဝင်စားကြတာ အံ့သြစရာတော့ မဟုတ်ဘူး”
အဘိုးအိုက ပြုံးပြီးပြောလေသည်။
"မင်မင်းဆက်....အင်း မင်မင်းဆက်အကြောင်း ပြောနေကြတာ... မင်း ဧကရာဇ်ရဲ့ မျိုးရိုးကို သိလား... အခု မင်းဧကရာဇ်က ဘယ်မင်းဆက်လဲဆိုတာ ဘယ်သူသိမှာလဲ... ဆန့်ကျင်ဘက်အနေနဲ့ ဘုရင်ကျန်းရဲ့ ရတနာတွေက လူပေါင်းများစွာရဲ့ နှလုံးသားကို ထိမိသွားပြီလေ...”
"ကျွန်တော် သိပါတယ်...မင်မင်းဆက် ဧကရာဇ်ရဲ့ မျိုးရိုးနာမည်က ကျူး....အခုက ကျားကျင့်ခုနှစ် ၆၆၄၂ နှစ်ပါ..."
"မင်းသိသလောက်တော့ ဘယ်သူမှ မသိနိုင်တော့ပါဘူးကွာ....ဟားဟား"
……
အဘိုးနှင့်မြေးတို့ လွင့်မြောသွားသောအခါ ချန်ရှီလည်း အမြန်ထရပ်ကာ စာအုပ်များကို ထုပ်ပိုးရင်း ပြုံးလိုက်သည်။
"ကျူးရှို့ချိုင်... မင်းရဲ့မျိုးရိုးနာမည်က မင်ဧကရာဇ်လိုပဲ ကျူးနော်... မင်း တော်ဝင်မိသားစုထဲက မဟုတ်ဘူးလား?"
ကျူးရှို့ချိုင်: "ငါက ဆွဲကြိုးချသေထားတဲ့ သရဲတစ္ဆေတစ်ကောင်ပါဟ... တော်ဝင်မိသားစုက ဖြစ်နိုင်ပါ့မလား..."
"မင်းမဟုတ်ဘူးလို့ ထင်ပါတယ်!"
ချန်ရှီ သူ့စာအုပ်သေတ္တာကို ကောက်လွယ်လိုက်ပြီး တောင်စောင်းမှ ပြေးဆင်းကာ ဟွမ်ဖောရွာဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားသည်။ ရွာမှာ ဧည့်သည်တွေ ရှိနေတော့ စိတ်ဝင်စားဖို့ကောင်းတယ်လေ။
ရွာအဝင်ဝသို့ ရောက်သောအခါ ထိုအဘိုးနှင့်မြေးတို့သည် ရွာအဝင်နားတောင် ရောက်နေကြပြီ။ အဘိုးအိုသည် နံ့သာတစ်ချောင်းကို ကိုင်ဆောင်ကာ ရွာအပြင်ဘက်တွင် ရပ်နေ၏။
“ကျွန်တော်က လမ်းသွားလမ်းလာပါ... မြစ်တွေ ရေကန်တွေကနေ ခင်ဗျားရဲ့ရွာကို တစ်ခေါက်ရောက်လို့ ခဏနားချင်ပါတယ်... နေစရာနေရာ အတွက် ကန့်ညောင်ကို အရမ်းကျေးဇူးတင်ပါတယ်...."
ဤအဘိုးအိုကို ရှေးခေတ်သစ်ပင်အား ကန့်ညောင်ဟု ခေါ်ရခြင်း၏ အကြောင်းရင်းမှာ ကန့်ညောင်များ ပေါ်ပေါက်လာသည့် ခေတ်တွင် ရွာသားများ၏ ကန့်ညောင် ကိုးကွယ်သည့် ဓလေ့မှာလည်း ရှည်လျားလှသောကြောင့် ဖြစ်သည်။ သာမာန်လူများသည် ကန့်ညောင်က ယောက်ျားလား မိန်းမလား မပြောနိုင်သောကြောင့် ကန့်ညောင်ဟုသာ ခေါ်ကြသည်။
အဘိုးအိုတစ်ယောက် ကျေးလက်ကို လာတဲ့အခါ ဒေသဓလေ့ ထုံးစံအတိုင်း လိုက်နာရလိမ့်မည်။ ဟွမ်ဖောကျေးရွာရှိ ရှေးဟောင်းသစ်ပင်များ၏ အကိုင်းအခက်များသည် အဘိုးအိုရဲ့ နံ့သားချောင်းကို လက်ခံသည့်အနေဖြင့် ညင်သာစွာ လွင့်ပျံလာသည်။
အဘိုးနှင့် မြေးဖြစ်သူ လီထျန်းချင်တို့ ရွာထဲ ဝင်သွားကြသည်။ ထိုအချိန်တွင် သူ့အနားသို့ လှည့်ကြည့်ရာ သူ့ထက်သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
"ငါ့နာမည်က ချန်ရှီပါ... ငါ့နာမည်ပြောင်က တစ်ဆယ်လေးတဲ့ ရွာကလူတိုင်းက ငါ့ကို ရိုးသားလေးလို့ခေါ်တယ်"
လူငယ်လေးကို ပြုံးပြီး မေးလိုက်၏။
"မင်းနာမည်ရော ဘယ်လိုခေါ်လဲ"
လီထျန်းချင် နည်းနည်း ရှက်သွားပုံဖြင့် အသံက နည်းနည်း တိုးသွားသည်။
"ငါ့မျိုးရိုးကလီ... ငါ့နာမည်က ထျန်းချင် ..."
"မင်းမှာ တည်းစရာနေရာ မရှိဘူးမလား... ဒီည ငါ့အိမ်မှာ နေပါ့လား?"
လီထျန်းချင်မှာ ထိုကဲ့သို့သော စိတ်အားထက်သန်သော လူကို တစ်ခါမျှ မတွေ့ဖူးသေးတာကြောင့် အဘိုးအိုကို လှည့်ကြည့်လိုက်သည်။ အဘိုးအိုက ပြုံး၍။
"ကျေးလက်က လူတွေက ရိုးသားတယ်... ငါတို့လည်း နေစရာနေရာ လိုတယ်လေ... အဲဒီတော့ သူတို့ကို တစ်ညလောက် နှောင့်ယှက်လိုက်ရအောင်..."
ချန်ရှီ ဝမ်းသာအားရနဲ့ ချက်ချင်းပဲ သူ့အိမ်ဆီ ခေါ်သွားတော့သည်။ အိမ်မရောက်ခင်မှာပဲ အဝေးကနေ လှမ်းအော်လေ၏။
"အဘိုး.... ဟေးကော်... ငါတို့အိမ်ကို ဧည့်သည် ရောက်လာပြီ"