← Chapters

လူကြီးလူကောင်းများ၏တိုက်ပွဲ

Vol. 3 Ch. 45

လူကြီးလူကောင်းများ၏တိုက်ပွဲ

Vol. 3 Ch. 45

လီထျန်းချင်လည်း သူ့အကြည့်နောက်သို့ လိုက်ကြည့်တဲ့အခါ ဖြောင့်စင်းသော ပင်စည်၊ အမာရွတ်များနှင့် အဖုအထစ်များရှိသော အလွန်ရှေးကျသည့် ထင်းရှူးပင်တစ်ပင်ကို တွေ့လိုက်ရသည်။

တောင်လေက တိုက်ခတ်လိုက်တိုင်း ရှေးအကိုင်းအခက်၊ အရွက်များက လှုပ်ရှားသွားကာ နံ့သာဖြူရနံ့က ရှေး​ဟောင်းသစ်ပင်ကို ဝိုင်းရံထားလိုက်တဲ့အခါ အဘွားကြီး၏ ပုံပန်းသဏ္ဌာန်ကို တခါတရံ မှုန်ဝါးဝါး တွေ့ရသည်။

ချန်ရှီကို အကာအကွယ် ပေး​နေသော ဤသစ်ပင်ကြီးသည် ထူးကဲသော ဝိညာဥ်စွမ်းအင်များ၏ လွှမ်းမိုးမှုအောက်တွင် ပုံစံအသစ်တစ်ခုကို ပြောင်းလဲနေ၏။

"ဒီတောင်မှာ ဝိညာဉ် ရှိတယ်... သူက ဒီသစ်ပင်တွေ၊ ကျောက်ဆောင်တွေ၊ အပျက်အစီးတွေကနေ တောင်ပေါ်သားတွေရဲ့ နံ့သာပေါင်းကို လက်ခံပြီး တောင်ပေါ်သားတွေရဲ့ မျိုးဆက်တွေကို အကာအကွယ် ပေးလိမ့်မယ်..."

လီကျင်းသို့လည်း အလွန်စိတ်လှုပ်ရှားသွားသည်။

လီကျင်းသို့: "ကန့်ညောင် အိုလာရင် ရွာတစ်ရွာကလည်း ဆုတ်ယုတ်လာမယ်... ကန့်ညောင် အသစ်က အဲဒီနေရာကို အစားထိုးလိုက်တာနဲ့ ဆက်လက်ရှင်သန်ဖို့ ကန့်ညောင်ရဲ့ ပတ်ဝန်းကျင်မှာ ရွာသစ်တွေကို တည်ဆောက်ရလိမ့်မယ်"

အဘိုးနှင့်မြေးတို့သည် ချန်ရှီနောက်မှလိုက်ကာ ဤလျှို့ဝှက်ဆန်းကြယ်သော တောင် အတွင်းထဲသို့ တဖြည်းဖြည်း နက်နဲစွာ ဝင်ရောက်လာခဲ့သည်။

ချန်ရှီသည် ဘယ်လိုမှ တုံ့ဆိုင်းမနေဘဲ ဒီနေရာမှ လမ်းများကို အတော်လေး ရင်းနှီးကျွမ်းဝင်နေတာကြောင့် လျှို့ဝှက်စွာ ထိတ်လန့်သွားခဲ့သည်။

'တောင်တွေပေါ်က ပထဝီဝင်အနေအထားက အရမ်းရှုပ်ထွေးတယ်...လမ်းပြပေးမယ့်သူမရှိဘဲ ဒီနေရာကို ရှာရတာ အိပ်မက်တစ်ခုပဲ ဖြစ်နေမှာ!'

အရှေ့ရှိတောင်ပေါ် သစ်တောများသည် မထူထပ်တော့ဘဲ သစ်ပင်သစ်ရွက်များ ခပ်ကျဲကျဲ၊ အုတ်နှင့် ကျောက်များဖြင့် တည်ဆောက်ထားသော လိုဏ်ဂူများကို လှမ်းမြင်လာရသည်။ လီကျင်းသို့ အတော်လေးကို စိတ်လှုပ်ရှားနေ၏။

"ဘုရင်ကျန်းရဲ့ အုတ်ဂူအတွက် ကြွေထည်တွေကို သန့်စင်တဲ့ မီးဖိုဆီကို နောက်ဆုံးတော့ ရောက်လာပြီ... နေဦး.... နတ်တစ္ဆေဘုံ!"

သူသည် သူ့ရှေ့က မီးဖိုကို လေးနက်စွာကြည့်ကာ မီးဖိုထဲသို့ဝင်တော့မည့် ချန်ရှီနဲ့ လီထျန်းချင်ကို တားသည့်အနေဖြင့် သူ့လက်ကို ဆန့်လိုက်သည်။

"ဒါက နတ်တစ္ဆေဘုံ... မင်းတို့ အဲဒီထဲကို လွယ်လွယ်နဲ့ မဝင်သင့်ဘူး... ဘုရင်ကျန်းရဲ့ သင်္ချိုင်းဂူသည် တကယ်ကို ထူးကဲတယ်... မီးဖိုစက်က နတ်တစ္ဆေဘုံ ဖြစ်လာပြီ မတော်တဆ ဝင်မိရင် သေသွားနိုင်တယ်!"

ချန်ရှီ တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြန်ကြည့်လိုက်သည်။ သူသည် သူနှင့်အတူ လူများစွာကို ခေါ်ဆောင်သွားသော်လည်း ဘယ်သူကမှ မီးဖိုစက်ဟာ နတ်တစ္ဆေဘုံ ဖြစ်သွားကာ ကြွေရုပ်များအဖြစ်သို့ ပြောင်းလဲသွားကြကြောင်း ကြိုမသိခဲ့ပေ။

လီမိသားစုမှ နှိမ့်ချသော ရုပ်ရည်ရှိသည့် အဘိုးအိုသည် ဤနေရာသည် နတ်တစ္ဆေဘုံ ဖြစ်ကြောင်း အမှန်တကယ် ဖောက်မြင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့။

လီထျန်းချင်ရဲ့ အဖိုးက ငါထင်ထားတာထက် အများကြီး ပိုသန်မာတာပဲ'

လီထျန်းချင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အမူအရာက ပုံမှန်အတိုင်းပါပဲ။ စကား​တော့ မပြောချေ။

လီကျင်းသို့က ခြေလှမ်းကို တစ်လှမ်းချင်း လှမ်းလိုက်သည်နှင့် အနီးနားရှိ မြေသည် သိသိသာသာ ကျဆင်းသွားသည်။ သူက အနည်းငယ် ပျံသန်းကာ နတ်တစ္ဆေဘုံကို မှတ်သားထားလိုက်သည်။

“ငါ နတ်တစ္ဆေဘုံရဲ့ အတိုင်းအတာကို အမှတ်အသား လုပ်ထားတယ်... မင်းတို့ ခြေမချမိစေနဲ့"

သူသည် မီးဖိုကို မျက်နှာမူကာ လေကို အတော်ကြာအောင် ရှုရှိုက်နေသည်။ ကြောက်ရွံ့ထိတ်လန့်သွားတာကြောင့် အတွင်းသို့ ခြေမချရဲပေ။

"ချင်ထျန်း ချန်ရှီ မင်းတို့ ဒီမှာစောင့်နေကြ..ယ ငါစူးစမ်းဖို့ မီးဖိုထဲကို သွားမယ် ငါမထွက်လာရင် ချန်ရှီနဲ့ ပြန်သွားတော့"

သူက ခေတ္တရပ်လိုက်ပြီး။

"ရွာကို ပြန်သွားကြ...ချင်ထျန်း မနက်ဖြန်မနက်စောစော ချွမ်ကျိုးကို ပြန်သွားမယ်... မနှောင့်နှေး​စေနဲ့ ...ချွမ်ကျိုးကို ရောက်တဲ့အခါ၊ မင်းဦးလေး ပျောက်ဆုံးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မစုံစမ်းနိုင်ခဲ့ဘူးလို့ ပြော... ငါ လီမိသားစုရဲ့ ဘိုးဘေးတွေကို အရှက်ရစေမိလို့ ထွက်ပြေးသွားပြီလို့.... မှတ်ထား! သေသွားတာလို့ မပြောနဲ့... ထွက်ပြေးတာ!"

သူက မျက်နှာကို တင်းမာတဲ့အကြည့်နဲ့ ပြန်လှည့်ပြီး ဆက်ပြောသည်။

“မင်း ထွက်ပြေးသွားပြီလို့ ပြောရင် လီမိသားစုက မင်းကို ငါ့မျက်နှာသာကြောင့် စောင့်ရှောက်နိုင်မှာမို့လို့ မင်းတို့သားအမိ ငတ်မသေ​စေရဘူး... နတ်တစ္ဆေဘုံမှာ ငါသေသွားတယ်လို့ ပြောရင်တော့ ​​မင်းတို့သားအမိ သေမှာ သေချာတယ်... မဟုတ်ဘူး နတ်သန္ဓေသားတောင် မင်းတို့ကို မကယ်တင်နိုင်ဘူး!"

လီထျန်းချင်ရဲ့ မျက်နှာအရောင်လည်း ဖျော့သွားပြီး တိုးတိုး​လေး ပြန်ဖြေလိုက်၏။

"အဘိုး.... ချင်ထျန်း နားလည်ပါပြီ"

"မင်းဆိုတဲ့ ​ကလေးက​တော့ အမြဲတမ်း ဉာဏ်ကောင်းပြီး စိတ်ချမ်းသာအောင် ပြောတတ်တယ်.... မင်းအမေကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်... သူမအတွက်လည်း မလွယ်ဘူး"

လီကျင်းသို့ ပြုံးပြီး မီးဖိုထဲသို့ လှမ်းဝင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့​ဦးခေါင်းနောက်ဘက်မှ ကောင်းကင်သို့ အလင်းတန်းများ ထောင်တက်သွားကာ နတ်ကွန်းတစ်ခု ပေါ်လာသည်။ နတ်သန္ဓေသားလေးသည် နတ်ကွန်းထဲတွင် ထိုင်နေပြီး နတ်ကွန်းနောက်ကွယ်တွင် ကြီးကျယ်ခမ်းနားသော ရှေးဦးဝိညာဉ် တစ်ခုလည်း ပေါ်လာသည်။

မီးဖိုထဲသို့ လှမ်းဝင်လိုက်သောအခါ သူ့ခန္ဓာကိုယ်သည် ကြွေထည်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာသည်။ သူ့အသွေးအသားနှင့် ခန္ဓာကိုယ်သာမက တစ်ချိန်တည်းမှာပင် သူ့နတ်ကွန်းလည်း ကြွေထည်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ နတ်သန္ဓေသားကလည်း အလားတူပင် ဖြစ်သည်။

ကြီးကျယ်ခမ်းနားသော နတ်ဝိညာဥ်ကသာလျှင် မလှုပ်မယှက် မပြောင်းလဲဘဲ ရှိနေခဲ့သည်။

လီကျင်းသို့ ရှေ့သို့ ဆက်တိုးလာသည်နှင့် သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပေခန့်သာရှိသော ခနော်ခနဲ့ အဘိုးကြီး ကြွေရုပ်ဖြစ်သွား​တော့သည်။

သူသည် မီးဖိုစက်အတွင်း လမ်းလျှောက်သွားရင်း သူ့နောက်မှ ဝိညာဉ်ကလည်း လိုက်သွားကာ ထိုနေရာ၏ အပြင်အဆင်များကို စူးစမ်း​တော့သည်။ ချန်ရှီနဲ့ လီထျန်းချင်သည် မီးဖိုစက်အပြင်ဘက်တွင် ရပ်ကာ အတွင်းဘက်သို့ မျက်တောင်မခတ် စိုက်ကြည့်နေသည်။

သို့သော် ထိုနေရာတွင် ဂူပေါက်များက အများအပြား ရှိနေသဖြင့် ၎င်းတို့၏ အမြင်ကို ပိတ်ဆို့ထားသည်။ ထိုစဥ် လီထျန်းချင်က ရုတ်တရက် လှည့်ပြောလိုက်သည်။

"ရှောင်ရှီ... မင်း ငါ့ဝမ်းကွဲ လီရှောင်တင်ကို သတ်လိုက်တာ မဟုတ်လား"

ချန်ရှီသည် သခင်မလေးကျောက်နှင့် အခြားသော ကြွေရုပ်များကို ရှာဖွေနေခဲ့ရာမှ ထိုစကားကြောင့် အနည်းငယ် လန့်ဖျပ်သွားကာ ခေါင်းကို လှည့်လိုက်သည်။

လီထျန်းချင်က သူ့နှုတ်ခမ်းလွှာတွေကို ပွတ်သပ်ပြီး တစ်ယောက်တည်း စဥ်းစားနေဟန်ဖြင့် ပြောသည်။

"ဟုန်ယီအမြောက်ကို မင်းရဲ့ပုခုံးပေါ်တင်ပြီး အဆောင်လက်ဖွဲ့ မသုံးဘဲနဲ့ သွားနိုင်တယ် ကီလိုဂရမ် နှစ်ထောင်သုံးထောင်လောက်က မင်းအတွက် ပေါ့ပေါ့လေး ဖြစ်နေတယ်... မင်းရဲ့ ခွန်အားက ကြီးရမယ် ဦးလေး၇ ကျေးလက်ကိုသွားရတဲ့ အကြောင်းရင်းက ငါ့ဝမ်းကွဲကြောင့်ပဲ.... လီရှောင်တင် သေဆုံးမှုကို ဂန္တဝင် သမိုင်းပညာရှင် ကျူကဲကျန်းက ကောက်ချက်ချခဲ့တယ်... ပြစ်မှုကျူးလွန်တဲ့လူ ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး လျှပ်စီးကြောင်းလို ခြေတစ်လှမ်းအတွင်း လှုပ်ရှားနိုင်တယ်... ဦးခေါင်းခွံ ကွဲအက်နေတဲ့ ဦးနှောက်နဲ့ ရွှေအမြုတေနယ်ပယ်တွေပဲ ယှဉ်နိုင်တဲ့ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်...."

ကျူကဲကျန်းက ချန်ယင်တုနဲ့ ချန်ရှီတို့၏ ဇစ်မြစ်ကို မှတ်တမ်းတင်ထားသည့် စာရွက်စာတမ်းများကို မီးရှို့ခဲ့သော်လည်း မှုခင်းဖြစ်ပွားရာနေရာ၌ ကျန်ခဲ့သော မှတ်တမ်းများက ရှိသေးသည်။ လီခယ်ဖာ ပျောက်ဆုံးမှုကို စုံစမ်းရန်အတွက် အဆိုပါမှတ်တမ်းများကို သဘာဝအတိုင်း ဖတ်ပြသွားမှာပင်။

ချန်ရှီ သူ့ခေါင်းသူ ကုတ်လိုက်သည်။

"ကျူကဲကျန်းက သဲလွန်စတွေ ချန်ခဲ့သေးတာလား?"

လီထျန်းချင်လည်း ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်သည်။

"ကျူကဲကျန်းက ပြောသေးတယ်... လူသတ်သမားက အရပ်ငါးပေထက် မပိုဘူး... ကလေးတစ်ယောက်လိုပဲ သူက ခွေးကြီးတစ်ကောင်ပါတဲ့ အဆောင်ဆွဲဆရာတဲ့"

ချန်ရှီ သက်ပြင်းချရင်း "အဲဒီလက္ခဏာတွေက ငါနဲ့ လုံးဝ ကိုက်ညီတယ်"

လီထျန်းချင်က ဆက်ပြောပြသည်။

"မင်းငါတို့ကို ရည်ရွယ်ချက်ဆိုးနဲ့ ဒီမီးဖိုဆီကို ခေါ်လာခဲ့တာပဲ...ဒီနေရာက နတ်တစ္ဆေဘုံဆိုတာ မင်းသိထားပြီးသား... ဒါကြောင့် မင်း ငါတို့ကို မီးဖိုထဲကိုဝင်အောင် မြှူဆွယ်ဖို့ ကြံစည်ထားတာ... ငါတို့ကို မီးဖိုထဲမှာ ပိတ်မိအောင်လုပ်ဖို့ နတ်တစ္ဆေဘုံကို သုံးတယ်... မင်း ဒီလိုမျိုး ကျူးလွန်တာ ဒါပထမဆုံးတော့ မဟုတ်ဘူး"

ချန်ရှီ အဖြေကို မစောင့်ဆိုင်းဘဲ ဆက်ပြော၏။

“ချန်ယန်တောင်တန်းဒေသမှာ နှစ်တွေကြာအောင် လူပျောက်ဆုံးမှုတွေကို စစ်ဆေးပြီးပြီ... အထူးသဖြင့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ လူပေါင်း ၂၀၀ ကျော်နဲ့ ပတ်သက်တဲ့ အမှုပေါင်း ဆယ့်ငါးခုအထိ ရှိလာတယ်... ဟွမ်ဖောရွာနားမှာပဲ လူပေါင်း နှစ်ရာလောက် ပျောက်ဆုံးသွားတာ... မင်းတို့ မြေးအဘိုးနဲ့ ဆက်စပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ် မင်းက လူသတ်တယ်လို့ တခြားသူတွေက ပြောနိုင်ပေမယ့် မင်း ဟွမ်ဖောရွာက လူတွေကို တကယ် ကာကွယ်ပေးနေတာမှန်း ငါသိတယ်"

“မင်းဟာ အနီရောင် အထည်တွေကို ပြောင်းပြီး လမ်းတစ်လျှောက်မှာ ရှိသမျှ ဝိညာဉ်တိုင်းအတွက် နံ့သာပေါင်းကို မီးရှို့တယ်... ရွာသူရွာသားတွေကို အကာအကွယ်ပေးပြီး အန္တရာယ်မဖြစ်အောင် ကာကွယ်​စေချင်တဲ့ ဆန္ဒကို ပြသတဲ့အနေနဲ့ပေါ့... တကယ်တော့ ဘုရင့်သင်္ချိုင်းဂူကို ရှာဖွေနေတဲ့ ပြင်ပလူတွေ ရောက်လာတဲ့အခါ ဘုရင့်သင်္ချိုင်းက အနီးနားက ရွာသူရွာသားတွေကို နှုတ်ပိတ်ဖို့ မလွှဲမရှောင်သာ လုပ်ကြလိမ့်မယ်..."

ဒီရတနာမုဆိုးတွေကို သူကောင်းကောင်း သိသည်။ သူတို့သည် မြင့်မြတ်သော မိသားစုများမှ ဆင်းသက်လာပြီး လူ့အသက်ကို ဘာမှမဟုတ်သလို မှတ်ယူကြသည်။ ဘုရင်ကျန်း၏ သင်္ချိုင်းလျှို့ဝှက်ချက်ကို ကာကွယ်ရန် ရွာကို ဖျက်စီးကြကာ သေချာပေါက်လည်း လုပ်ဆောင်နိုင်သည်။

ချန်ရှီ ခဏလောက် နှုတ်ဆိတ်နေပြီးမှ။

"ချင်ထျန်း... မင်းက တကယ်ကို ထက်မြက်ပြီး ငါထင်ထားတာထက်ကို ဉာဏ်ကောင်းတာပဲ... မင်း ငါ့ကို ဘာလို့အခုမှ ဖော်ထုတ်တာလဲ"

လီထျန်းချင် ဝမ်းနည်းသွားပြီး "မင်းကိုတွေ့ရတာ အရမ်းဝမ်းသာပါတယ်... ဒါပေမဲ့ ငါ့အဖိုးနဲ့ ငါ့အမေကိုတော့ ငါအရမ်း ဂရုစိုက်တယ်....လီမိသားစုမှာ နေချင်တယ် နတ်ဘုရားဆင်းသက်တဲ့ အခမ်းအနားမှာ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးတာကို ခံခဲ့ရတယ် ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားက အကောင်းဆုံး မဟုတ်ပေမယ့် အံ့သြစရာ ကောင်းတယ်... မျိုးနွယ်စုထဲက တစ်ယောက်ယောက်က ငါ့ရဲ့ နတ်သန္ဓေသားကို တူးဖော်ပြီး မျိုးနွယ်စုခေါင်းဆောင်ရဲ့ အကြီးဆုံးသားကို ပေးချင်တယ်လို့ ပြောဖူးတယ်... အဲဒါကို ကြားတဲ့လူက ငါပုန်းနေလို့ရအောင် တခြားနေရာကို ခေါ်သွားတယ်... ပြန်မသွားခင် တစ်နှစ်ကျော်လောက် ပုန်းနေခဲ့ရတယ်"

"ဒီတစ်ခါတော့ ငါတို့ မြေးအဘိုး လာတာက ကုသိုလ်ကောင်းမှုလို့ မှတ်ယူလို့ရတယ်... ဦးလေးရဲ့အမှုကို ဖြေရှင်းတာ ဒါမှမဟုတ် ဘုရင်ကျန်းရဲ့ အုတ်ဂူအစစ်အမှန်ကို ရှာတွေ့ရင် လီဆီ ပြန်ယူသွားနိုင်တာ... ဒါမှသာ ငါ့အမေကို အနိုင်ကျင့်နေတာကို ကယ်ပြီး ငါလည်း ရှင်သန်နိုင်မှာ... ချန်ရှီ "

သူသည် စကားဆုံးတာနဲ့ ဝိညာဥ်စွမ်းအင်ကို အသက်သွင်းလိုက်သည်။ သူ့ခေါင်းနောက်ဘက်ရှိ နတ်ကွန်းသည် ခုန်ထွက်လာပြီး နတ်သန္ဓေသားလေးက နတ်ကွန်းထဲ၌ ထိုင်နေလေသည်။ သူ့နတ်​သန္ဓေသားသည် ခရမ်းရောင် စွမ်းအင်များကို ဖြာထွက်စေပြီး ထူးကဲသော ခရမ်းရောင် အလင်းများဖြင့် ဝန်းရံထားကာ လူတို့အား နတ်တန်ခိုးနှင့် ဖိနှိပ်မှုများကို ခံစားရစေ၏။

စစ်မှန်သော နတ်ဘုရားက ဆင်းသက်လာပြီး နတ်သန္ဓေသားကို ပေးသနားတော်မူတဲ့ အကျိုးရလဒ်ပါပဲ။

နတ်သန္ဓေသားများကို အဆင့်၉အထိ ခွဲခြားထားပြီး ချန်ရှီ၏အဖိုး ချန်ယင်တုရဲ့ ဆန်းကြယ် သန္ဓေသားကဲ့သို့ နိမ့်ပါးသော သန္ဓေသားဖြစ်သည်။ ထိုနတ်သန္ဓေသားမျိုးသည် အလွန်ပါးလွှာပြီး ဖောက်ထွင်း မြင်နိုင်ကာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။ လေတိုက်ရင်တောင် ပြိုကျသွားတော့မလိုပင်။

အဆင့်၈ ဆန်းကြယ်ရေခဲသန္ဓေသားသည် ကြည်လင်တောက်ပပြီး အဆင့်၉ထက် များစွာသာလွန်ခြင်း မရှိပေ။ အဆင့်မြှင့်တင်လိုက်တိုင်း နတ်သန္ဓေသားရဲ့ အရည်အသွေးကလည်း နှစ်ဆတိုးလာမည်။

အကောင်းဆုံး ပထမတန်းစားကတော့ ခရမ်းရောင် ကျောက်စိမ်းသန္ဓေသားပဲ ဖြစ်ကာ ရှောင်ဝမ်စွင်းရဲ့ နတ်သန္ဓေသား အမျိုးအစား ဖြစ်သည်။ လီထျန်းချင်ကလည်း အလားတူပါပဲ။ ထိုသန္ဓေသားတွင် ပါရှိသော နတ်တန်ခိုးသည် အဆင့်၉ ထက် ၂၅၆ ဆဖြစ်သည်။

တစ်နည်းဆိုရသော် ၎င်းတို့၏ အစမှတ်သည် ချန်ရှီအဘိုးထက် ၂၅၆ဆ မြင့်မားသည်။ ရှေးခေတ်ကတည်းက စည်းစိမ်ဥစ္စာနှင့် ပိုးထည်များသည် နတ်သန္ဓေသားကို မဆိုထားနှင့် လူတို့၏ နှလုံးသားကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။

မိသားစုအတွင်း၌ပင် ၎င်းတို့သည် နတ်သန္ဓေသားများကို ထုတ်ယူကြသည်။ လီထျန်းချင်သည် လီမိသားစု အကိုင်းအခက်မှ မွေးဖွားလာခဲ့ပြီး လီမိသားစုတွင် အဆင့်အတန်း နိမ့်ပါးသည်။ လီကျင်းသို့သာမရှိလျှင် ခရမ်းကျောက်စိမ်း သန္ဓေသားကို လက်ခံထားရရင်တောင် သူ့​အသက်ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

ချန်ရှီ အရမ်းအံ့သြသွားပြီး "လီရှောင်တင်ကို ငါသတ်လိုက်ပြီဆိုတာ မင်းသိနေရဲ့သားနဲ့ မင်းအဘိုးကို ဘာလို့ မပြောတာလဲ"

လီထျန်းချင် ခပ်ဖွဖွ ပြုံး၍ ပြော၏။

"ငါ့အဘိုးက မင်းအဘိုးကို မယှဉ်နိုင်ဘူး... အဘိုးကို ငါပြောလိုက်ရင် သူက မင်းကို လမ်းမှာ တိုက်ခိုက်လိမ့်မယ်.... မင်းအဘိုးကလည်း အမှောင်ထဲမှာ ပုန်းနေရင် ငါ့အဘိုးကိုသတ်ဖို့ အခွင့်အရေးယူလိမ့်မယ်"

ချန်ရှီ လှည့်ပတ်ကြည့်တော့ သူ့အဖိုး ပုန်းနေတဲ့နေရာကို ရှာမတွေ့ပေ။ လီထျန်းချင်က အရမ်းသတိထားနေတာကြောင့် သူ့ကို တိတ်တိတ်လေး ရယ်မောသွားစေ၏။

“အဲဒါကြောင့် မင်းက အခုအချိန်အထိ မြိုသိပ်ထားတာလား?"

လီထျန်းချင်က ခပ်တည်တည်နဲ့ပဲ ပြန်ပြောသည်။

"အခု ငါ့အဖိုးက မီးဖိုစက်ထဲကို ဝင်လိုက်တာနဲ့ သူ အသက်ရှင်မလား သေမလား မသိရ​တော့ဘူး.... ငါကြိုးရဲ့ အဆုံးကို ရောက်သွားပြီ စမ်းကြည့်ရတော့မှာပဲ"

သူချန်ရှီကိုသာ ပြန်မခေါ်သွားနိုင်ရင် သူ့အမေနဲ့ သူ အသက်ကို ဆုံးရှုံးသွားနိုင်သည်။

"ချန်ရှီ...ငါကလီမိသားစုရဲ့ ယင်ကျောက်စိမ်းဘီးခြောက်ဘီးကို လေ့ကျင့်ထားတာ ကောင်းကင်နှလုံးချီကျင့်စဥ်နဲ့ မတူဘူး.... ဘီးခြောက်ဘီးက ယင်သရက်ရွက်သွေးကြော၊ ယင်အဆုတ်သွေးကြော၊ ရှောင်ယင်နှလုံးသွေးကြော၊ ရှောင်ယင်ကျောက်ကပ်သွေးကြော၊ ကျွယ်ယင်အသည်းသွေးကြော၊ ကျွယ်ယင်သည်းခြေကို ရည်ညွှန်းတယ်... ချီသွေးတွေကို ပေါင်းစည်းလိုက်ရင် ဘီးပုံသဏ္ဌာန် ပြောင်းလဲသွားမယ်...."

လီထျန်းချင်သည် သူ့လက်ဖျံများကို လှုပ်ရှားလိုက်တဲ့အခါ စုစုပေါင်း ဘီးခြောက်ဘီး ပေါ်လာကာ အလွန်ထူးခြားလေသည်။ ဘီးတစ်မျိုးစီ လှည့်သွားသောအခါတွင် နတ်ကွန်းထဲ၌ ထိုင်နေသော ခရမ်းရောင် ကျောက်စိမ်းသန္ဓေသားက တစ်ချိန်တည်းတွင် သက်ဆိုင်သော လက်ဖျံများကို ပုံဖော်လိုက်သည်။

ချန်ရှီသည်လည်း လီထျန်းချင် အနီးတစ်ဝိုက်က မမြင်နိုင်သော စွမ်းအင်တစ်ခုကို သတိပြုမိသည်။ သူ့မျက်လုံးတွေကို စူးစိုက်ကြည့်လိုက်တော့ လီထျန်းချင်ရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း မှုန်ဝါးလာတာကို မြင်လိုက်ရ၏။ ဒါဟာ လဘီးရဲ့ လည်ပတ်မှုနဲ့ လျင်မြန်တဲ့ တုန်ခါမှုကြောင့် ဖြစ်ပေါ်လာတာပါပဲ။

"ငါ့ရဲ့ ယင်လဘီးခြောက်ဘီးက သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး...လက်မောင်းကို ယမ်းပြီး ရန်သူနဲ့ အနီးကပ် တိုက်ခိုက်နိုင်တယ်... ရန်သူက ငါနဲ့ နီးကပ်လာရင်တော့ လဘီးက အဲဒီလူကို ရိုက်ချသွားလိမ့်မယ်"

လီထျန်းချင်က ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ခြေဖဝါးကို ရွှေ့လိုက်သည်။ ယင်ကျောက်စိမ်းဘီးခြောက်ဘီးကို ထိန်းချုပ်ရင်း ခြေဖဝါးကို စက်ဝိုင်းပုံစံဖြင့် လှန်ပစ်လိုက်ရာ ဘီးခြောက်ဘီးက အလှည့်အပြောင်း များစွာဖြင့် ပြေးလွှားကုန်သည်။

သို့သော်လည်း ကိုယ်ခံပညာဆိုင်ရာ လှုပ်ရှားမှုများနှင့် ကွဲပြားသည်မှာ ၎င်း၏ လှုပ်ရှားမှုတစ်ခုစီတိုင်းသည် မတူညီသော လက်စည်းတံဆိပ်များဖြင့် ပေါင်းစပ်ထားပြီး ကျောက်စိမ်းဘီး ဖြည့်စွက်ထားသောကြောင့် ၎င်းကို ခန့်မှန်း၍မရပေ။

"ယင်လဘီးခြောက်ဘီးက အဝေးကလည်း တိုက်ခိုက်နိုင်တယ်...ငါ့ရဲ့ နတ်သန္ဓေသား လေ့ကျင့်မှုနဲ့ဆို ၁၆ ပေအကွာအဝေးက ငါ့ရဲ့ တိုက်ခိုက်ရေး အကွာအဝေးအတွင်းပဲ..."

လီထျန်းချင်သည် ငယ်ရွယ်စဉ်ကပင် သခင်တစ်ဦး၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းလာသူ ဖြစ်သည်။

"ငါတို့ လီမိသားစုရဲ့ ယင်ကျောက်စိမ်းဘီးခြောက်ဘီး ကျင့်စဥ်ကို အပြင်လူတွေ မသိနိုင်ဘူး....ငါတို့နဲ့ တိုက်ရင် ဘာမှတောင် မသိဘဲ သေသွားရတယ်... သူငယ်ချင်း... ငါ မင်းကို မသိတဲ့သိုင်းနဲ့ မသေသွားစေချင်ဘူး..."

ချန်ရှီကလည်း အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းလိုက်သည်။ မြောက်အရပ်ခုနှစ်စင်ကြယ်က နဂါးငွေ့တန်းအဖြစ် ပေါင်းစပ်သွားပြီး သူ့ပတ်ဝန်းကျင်တွင် ဖြည်းညှင်းစွာ လှည့်ပတ်နေသော ကြယ်အစုအဝေးများ ဖြစ်ပေါ်လာသည်။

သူရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ထဲကနေ မိုးခြိမ်းသံများ ထွက်ပေါ်လာလေ၏။ ခြေတစ်လှမ်းတည်းဖြင့် သူသည် လီထျန်းချင် ရှေ့သို့ ရောက်သွားပြီး လေလှိုင်းများက လီထျန်းချင်မျက်နှာကို ရိုက်ခတ်သွားကာ အဝတ်များကိုပါ လေမှုတ်ထုတ်ပစ်လိုက်သည်။

"လီရှောင်တင်ကို ငါသတ်လိုက်ပြီးတော့ နောက်ထပ် အောင်မြင်မှုတစ်ခု ထပ်ရခဲ့တယ်"

ချန်ရှီသည် ထျန်းရှူးကြယ်ပေါ်တွင်ရပ်နေကာ သူ့ခန္ဓာကိုယ်ပုံစံက သရဲတစ္ဆေလို လီထျန်းချင်ရဲ့ ရှေ့နောက်နောက်၊ ဘယ်ညာ ပတ်ပတ်လည်ကို ပြေးလွှားနေကာ အသံက ဆူညံနေသည်။

"သူတော်စင် သန္ဓေသားကို ငါ ပြုစုပျိုးထောင်ပြီးပြီ... အခု ငါးပေအကွာအဝေးကို ချက်ချင်းဖြတ်ကျော်နိုင်ပြီ... ငါးပေအတွင်းမှာ ငါ့ရဲ့အမြန်နှုန်းက အဆောင်လက်ဖွဲ့ သုံးတာထက် ပိုမြန်တယ်... ငါ့လက်သီးနဲ့ ခြေထောက်တွေရဲ့ စွမ်းအားကလည်း မနည်းဘူး!... ငါ့ခြေရာကို အာရုံစိုက်​ကြည့်လိုက်... အဲဒါက မြောက်အရပ်ရဲ့ ထျန်းရှူးအဆင့်ပဲ!"

ချန်ရှီ၏ ခြေရာများပေါ်၌ ကြယ်အလင်းတန်းများက စုဝေးနေသည်။ သူ့ခန္ဓာကိုယ်ကို ထိန်းထားလိုက်သောအခါတွင် သူ့​ခြေရာများက ထူးဆန်းလာသည်။

"အဲဒါအပြင် ငါ ထျန်းရွှမ်၊ ထျန်းကျီး၊ ရောင်ကွမ်း၊ ခိုင်းယန်၊ ထျန်းချွမ်နဲ့ ယွိဟန်ရဲ့ ​ခြေလှမ်းခြောက်ခုကိုလည်း ကျွမ်းကျင်သေးတယ်...."

ချန်ရှီသည် အဆိုပါ အဆင့်ခြောက်ဆင့်ကို တစ်ချက်ပြီးတစ်ချက် သရုပ်ပြပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။ သူ တစ်နေရာ၌ မတ်တတ်ရပ်လိုက်စဥ် အရှိန်ပြင်းပြင်းနှင့် စီးဆင်းနေသော ချီသွေးများက တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။

"ချင်ထျန်း....လုပ်ပါ!"

မီးဖိုစက် အပြင်ဘက်တွင်တော့ လူငယ်နှစ်ဦးက တညီတညွတ်တည်း လှုပ်ရှားခဲ့ကြသည်။

All Chapters