လက်တစ်ချောင်းတည်းနှင့်ရှန့်ထိုကို ဖျက်ဆီးခြင်း
Vol. 012 Ch. 1162
အဆုံးမဲ့ပင်လယ်တွင် မရေတွက်နိုင်သည့် ကျွန်းစွယ်များ ရှိနေသည်။
ထိုကျွန်းများတွင် အရွယ်အစား အမျိုးမျိုးရှိသည့် ကျွန်းစုမြို့များ ရှိကြသည်။
အဆုံးမဲ့ပင်လယ်၏ အရှေ့ဘက်အပိုင်းတွင် သေးငယ်လှသည့် အမည်မသိကျွန်းတစ်ခု ရှိသည်။ လူဦးရေ တစ်သိန်းခန့်ရှိသော ထိုနေရာတွင် အစာရေစာ ရှားပါးပေသည်။ ပြည်နယ်ကိုးခု၏ အဓိကကုန်းမြေတွင် ၎င်းသည် သေးငယ်သည့် ရွာတစ်ရွာသာ ဖြစ်၏။
ထိုအချိန်တွင် ကျွန်း၏ အရှေ့ဘက် အစွန်အဖျား၌ ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်သည် ကျောက်တုံးပေါ်တွင် ငြိမ်းချမ်းစွာ ထိုင်နေပြီး ငါးမျှားနေသည်။ သူက ဝါးခမောက်တစ်လုံး ဆောင်းထားပြီး ခမောက်အောက်မှ သူ့မျက်နှာသည် ချွန်ထက်သည့် ထောင့်ချိုးများရှိသည်။ သူက ငိုက်မြည်းနေပြီး မျက်လုံးများကို ပိတ်ထားသည်။
"ဒီမှာ ငါး ထပ်လာမျှား ပြန်တာလား... အဘိုးကြီးရှီ" မနီးမဝေးမှ အသားမည်းမည်းနှင့် အဘိုးကြီး တစ်ယောက်က ပြုံးရင်း ခေါ်သည်။ သူက ပင်လယ်ထဲတွင် သားရဲအမဲလိုက်ရန် အသင့်ဖြစ်နေလေပြီ။
အဆုံးမဲ့ပင်လယ်ထဲတွင် မရေတွက်နိုင်သော ပင်လယ်သားရဲများ ရှိသည်။ တစ်ကောင်ချင်းစီမှာလည်း များပြားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များ ရှိ၏။ သည်ကျွန်းငယ်လေးမှာ အစာရေစာ ရှားပါးနေမှတော့ ဤပင်လယ်သားရဲများက သူတို့၏ အရင်းအမြစ်များ ဖြစ်လာပေသည်။
"အင်း..." မျက်လုံးပိတ်ပြီး ထိုင်နေသည့် အဘိုးကြီးက ခေါင်းညိတ်သည်။ သူက သူ့မျက်လုံးများကို ပျင်းတိပျင်းရွဲ ဖွင့်လိုက်ပြီးနောက် အခြားအဘိုးကြီးကို ပြုံးပြကာ ပြောသည်... "ပင်လယ်ထဲထွက်ဖို့ အသင့်ဖြစ်နေပြီလား။ ကျုပ် အဲဒီမှာ လှိုင်းလုံးကြီးတွေ ထနေတာ မြင်ရတယ်။ ပြဿနာတစ်ခုခုကြောင့် သားရဲအကောင်ကြီးတွေ ထွက်လာတာ ဖြစ်လိမ့်မယ်။ ဒီနေ့ မသွားပဲ နေရင် မကောင်းဘူးလား"
"ကိစ္စမရှိဘူး။ ကျုပ်သားနဲ့ သမက်က စွမ်းရည်ရှိတဲ့ တန်ခိုးရှင်တွေပဲ။ ကြမ်းတမ်းတဲ့ သားရဲတွေနဲ့ ရင်ဆိုင်တာက သူတို့အတွက် ကံကောင်းခြင်း ဖြစ်လာလိမ့်မယ်" အဘိုးအိုက ရိုးရိုးရှင်းရှင်း ပြောသည်။ သူက သူ့ကလေးများအတွက် ဂုဏ်ယူနေပုံရသည်။ သူ့နောက်မှာ အခြားလူများ ရှိသည်။ သူတို့ထဲမှ တစ်ယောက်သည် အပေါ်ပိုင်း ဗလာကျင်းနှင့်ဖြစ်ပြီး သူ၏ အသားအရေမှာ နက်မှောင်နေသည်။ သူကား အလွန် သန်မာဟန်ရသည်။ အခြားနှစ်ယောက်မှာ စုံတွဲဖြစ်သည်။ သူတို့နှစ်ယောက်လုံးကို ကြည့်ရသည်မှာ အလွန်ရက်စက်ပုံပေါ်၏။ လူ၏ သွင်ပြင်သည် သူတို့၏ သဘာဝဖြစ်စဉ်ကြောင့် ပြောင်းလဲနိုင်သလို ကျင့်ကြံခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ပတ်ဝန်းကျင် အနေအထား သက်ရောက်မှုကြောင့်လည်း ဖြစ်နိုင်သေး၏။
"အဘိုးကြီးရှီ ... ခင်ဗျား ဒီမှာဆို အများကြီး ဖမ်းမိမှာ မဟုတ်ဘူး။ ခင်ဗျား တပည့်ကို ကြည့်ရတာ နည်းနည်း နူးညံ့နေသလိုပဲ။ သူက ဒီလို တိုက်ခိုက်သတ်ဖြတ်ရတဲ့ အခြေအနေကို ကြုံဖူးမှာမဟုတ်ဘူး။ ဘာလို့ သူ့ကို ကျုပ်တို့နဲ့ ပင်လယ်ကို လိုက်ခွင့်မပြုရတာလဲ" အဘိုးကြီးက အဝေးမှာ ရှိနေသည့် လူတစ်ယောက်ကို ကြည့်ရင်း ပြုံးလျက် ပြောသည်။
ထိုလူမှာ ချောမောပြီး ဖြူဖျော့သော အသားအရေရှိကာ ကျင့်ကြံခြင်း အရှိန်အဝါ တစ်စွန်းတစ်စမျှ မရှိပေ။ သူ့အား ကြည့်ရသည်မှာ စာပေသမားနှင့် ပိုတူလေသည်။ အဘိုးကြီးက သူ့ကို ထိုသို့ ပြောသည်မှာ အံ့သြစရာမရှိပေ။
ကျုပ်တပည့်က အရမ်း ပျင်းတယ်။ ဒါကြောင့် သူ့ကို အဲဒီမှာပဲ ထိုင်ခိုင်းထားလိုက်တယ်" အဘိုးကြီးရှီက ပြုံးလျက် ပြောသည်။ အဘိုးကြီးက ခေါင်းညိတ်လိုက်ကာ သူ့သား၊ သမီးနှင့် သမက်တို့ကို ခေါ်ဆောင်ပြီး လှေထဲဝင်ကာ ပင်လယ်ထဲသို့ ရွက်လွှင့်သွားတော့သည်။ သူတို့က ကျောက်တုံးပေါ်တွင် ထိုင်နေသည့် အဘိုးကြီးရှီကို လက်ပြလိုက်ကြသည်။ လှေတစ်စင်းက ပင်လယ်ထဲ ရောက်သွားပြီးနောက်တွင် ၎င်း၏ ကံကြမ္မာကို ကောင်းကင်မှသာ အဆုံးအဖြတ် ပေးတော့မည် ဖြစ်သည်။ ၎င်းကား ကျွန်းပေါ်တွင် လူအများပြောကြသည့် လက်သုံးစကားပင်။
သူက လှေကလေး အဝေးသို့ ရွက်လွှင့်သွားသည်ကို ကြည့်ရင်း ရေရွတ်သည် ... "တစ်ခါတလေတော့လည်း သူတို့ကို မနာလိုဖြစ်မိသား။ သူတို့က ကျင့်ကြံခြင်း လမ်းစဉ်တွေကို မသိဘူး။ ဒါပေမဲ့ အရာရာတိုင်းကို အပြုံးနဲ့ ရင်ဆိုင်နိုင်ကြတယ်"
"ကျွန်းပေါ်က လူတွေကပြောကြတယ်။ မင်းက ဘယ်နေ့သေမလဲ မသိဘူး။ ဒါကြောင့် အသက်ရှင်နေတုန်း အချိန်တိုင်းမှာ ပြုံးနေသင့်တယ်တဲ့" လူအိုကြီးနောက်မှ လူငယ်တပည့်လေးက သူ့မျက်လုံးများကို ဖွင့်ပြီး လှေငယ်ကို ကြည့်သည်။
"သူတို့ရဲ့ ဝန်းကျင်က သူတို့ရဲ့ သဘာဝကို လွှမ်းမိုးစေတယ်။ ဒါပေမဲ့ သူတို့က ကြင်နာတတ်ပြီး အကောင်းမြင်စိတ် ရှိနေဆဲပဲ" အဘိုးအိုက ဆက်ပြောသည်... "ငါ မကောင်းတဲ့ ခံစားချက်ရတယ်။ မင်းတို့နှစ်ယောက် သွားသင့်ပြီ"
နောက်ထပ်ပုံရိပ်တစ်ခုက အဝေးမှနေ၍ သူတို့ထံသို့ လမ်းလျှောက်လာနေသည်... "အစ်ကို" သူက ပြောသည်..."ထွက်သွားချင်တယ်ဆိုရင် သွားလို့ရပါတယ်"
"ငါ ဒီမှာပဲ ငါတို့ဆရာနဲ့ အတူတူနေမှာ" လူငယ်လေးက ပြောသည်။
အဘိုးကြီးရှီက သက်ပြင်းချလိုက်ပြီး အဝေးသို့ ကြည့်သည်။ တစ်ချိန်က ပြာလွင်နေသည့် ကောင်းကင်တွင် ရုတ်တရက်ကြီး အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းလာသည်ကို မြင်ရသည်မှာ ထိတ်လန့်စရာ ကောင်းလှသည်။
ပင်လယ်ပြင်က ကျယ်ပြောလှပြီး အကန့်အသတ်မဲ့ကာ ပြောင်းလဲလွယ်သည်။ သည်ကဲ့သို့ ကျွန်းသေးသေးလေးမှာ နေထိုင်သော လူများက မည်သို့ နားလည်နိုင်ပါ့မလဲ။
"ကိစ္စတွေက ဒီလို ဖြစ်လာမယ်ဆိုတာ သိရင် ငါ ဘယ်တော့မှ ဒီလမ်းကြောင်းကို စတင်ခဲ့မှာ မဟုတ်ဘူး" အဘိုးကြီးရှီက ရေရွတ်သည်။ သူသည် တစ်ချိန်က ပြည်နယ်ကိုးခုတွင် ကြီးမြတ်သူ ဖြစ်ခဲ့သည်။ သူက ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်နိုင်ပြီး သူ၏ အမိန့်ပေးသံသည် ထောင်ပေါင်းများစွာသော လူတို့၏အသက်အိုးအိမ်ကို အဆုံးအဖြတ်ပေး၏။
သို့ပေမဲ့ ယခု သူက လူငယ်တစ်ယောက်ကို အဆုံးသတ်ဖို့ ကြိုးစားရင်းဖြင့် သူ့အဆင့်အတန်းများ တဖြည်းဖြည်း ယုတ်လျော့သွားခဲ့ရသည်။ ယခုကား သူ့တွင် နောင်တရခွင့်ပင် မရှိတော့ပေ။
ထိုလူငယ်လေးက အလွန်တရာ အံ့သြဖွယ်ကောင်းကာ ထူးဆန်းထက်မြက်သူ ဖြစ်နေမည်ဟု သူ မည်သို့ သိခဲ့မည်နည်း။ သူသည် အထက်ဘုံ၌ပင် လျှမ်းလျှမ်းတောက် ကျော်ကြား၏။ အထက်ဘုံ၊ အောက်ဘုံ နှစ်ခုလုံး၌ သူကဲ့သို့သော လူမျိုး နောက်ထပ်မရှိနိုင်ပေ။
သူက တော်ဝင်ကျဲနန်းတော်မှ တော်ဝင်စစ်ပွဲအား ထင်ထင်ရှားရှား မှတ်မိနေဆဲ ဖြစ်သည်။ တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေသည့် လူငယ်လေး၏ ပုံရိပ်သည် သူ့စိတ်ထဲတွင် တံဆိပ်တစ်ခုအလား ခိုင်မြဲစွာ ရိုက်နှိပ်ထားဆဲဖြစ်၏။
ကြမ်းတမ်းသည့်လေက ကြီးမားသော လှိုင်းများကို ဖြစ်ပေါ်လာစေပြီး အနက်ရောင် မိုးသားတိမ်တိုက်တို့သည် ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ တစ်စီးတည်းသော လှေလေးက ကြီးမားသော လှိုင်းများကြား မုန်တိုင်းတွင်း လူးလွင့်ကာ ပင်လယ်ထဲတွင် မျောပါနေ၏။ ကြောက်မက်ဖွယ် သားရဲကြီးများက မုန်တိုင်းတွင်းမှ ထွက်ပေါ်လာကြသည်။ ရေနဂါးက မုန်တိုင်းကြားမှနေ၍ လှေငယ်လေးထဲမှ လူအနည်းငယ်ကို စိုက်ကြည့်နေသည်။ ထိုနဂါးကြီးက သူတို့ကို မျိုချရန်အလို့ငှာ ပါးစပ်ကြီးကို ဖွင့်ဟလာခဲ့သည်။
ထိုအချိန်၌ နှိုင်းယှဉ်မရသော အရှိန်အဝါက ကောင်းကင်မှ ကျဆင်းလာကာ ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းထား လိုက်တော့သည်။ အရာအားလုံးက အေးခဲသွားပုံပေါ်ကာ မုန်တိုင်း အရှိန်မှာလည်း နှေးကွေးသွား၏။ နဂါးက ကမ်းခြေကို အံ့အားတသင့် ကြည့်လိုက်ပြီး သူ၏ ဧရာမမျက်လုံးထဲတွင် ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်လာသည်။
လှေငယ်ပေါ်မှ လူများသည် ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြနေကြသည်။ သူတို့ရှေ့မှ နဂါးနှင့် ကြောက်မက်ဖွယ် မုန်တိုင်းသည် နှေးကွေးလာသည်။ သူတို့အနီးမှ ဝန်းကျင်တစ်ခုလုံးလည်း အေးခဲသွားပုံရသည်။
"သွားတော့... ယုတ်ညံ့တဲ့သားရဲ" ကောင်းကင်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ခဏ အတွင်း စွမ်းအားများ ပျောက်ကွယ်သွားပြီး နဂါးသည် ကြောက်ရွံ့ခြင်းသို့ ကူးပြောင်းသွားကာ ပင်လယ်ထဲသို့ ပြန်၍ ခုန်ဝင် ထွက်ပြေး သွားတော့သည်။ ဧရာမလက်ကြီး တစ်ဖက်က ကောင်းကင်မှ ကျဆင်းလာပြီး လှေငယ်လေးကို ဆွဲယူသည်။ လှေငယ်လေးနှင့် လူများမှာ ကမ်းခြေသို့ ပြန်ရောက်လာကြ၏။
အဘိုးကြီးနှင့် အခြားလူများ ကမ်းခြေသို့ ပြန်ရောက်လာသောအခါ သူတို့မှာ အနည်းငယ် တုန်ယင်နေကြသည်။ သူတို့က တုန်လှုပ်နေရာမှ အသိပြန်ဝင်လာသောအခါ ထိုနေရာတွင် ထိုင်ကာ ငါးမျှားနေသည့် လူအိုကြီးကို မြင်လိုက်ကြရ၏။
ထိုအခိုက်တွင် လူအိုကြီး၏ ဝါးခမောက်သည် လေအလျင်ကြောင့် လွင့်ပါသွားသည်။ သူက မားမားမတ်မတ် ရပ်နေပြီး အလွန်အိုမင်းနေပုံ မပေါ်ပေ။ သူ့ခန္ဓာကိုယ်တွင် စွမ်းအားကြီးမားသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုအဘိုးအိုသည့် နတ်ဘုရားနှင့်ပင် အလားတူနေပေသည်။
လူအိုကြီးတစ်ယောက်သာ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ သူ၏ တပည့်သည်ပင် ထိုခုချိန်၌ မိုးသို့ထိုးမတတ် ကြီးမားသည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်။ သူ့မျက်လုံးများမှ နတ်ဘုရား အလင်းရောင်စဉ်များ တောက်ပနေပြီး သူက ကောင်းကင်သို့ ကြည့်သည်။
အဘိုးအိုနှင့် အခြားလူများက မြေပြင်တွင် ဒူးထောက်ပြီး ကန်တော့လိုက်ကြ၏။ သူတို့က ဘာပြောကြရမည် မသိပေ။
သူတို့တွေက နတ်ဘုရားတွေလား။
အထက် ကောင်းကင်ယံတွင် တိမ်များ အရောင်ပြောင်းသွားပြီး ဖိအားများ ကျဆင်းလာသည်။ အဘိုးအိုနှင့် အခြားလူများမှာ ဆက်၍ ဒူးထောက်နေဆဲပင် ရှိသေးသော်လည်း သူတို့က တစ်ခုခုကို ခံစားမိပြီး မော့ကြည့် လိုက်ကြသည်။ သူတို့က ကောင်းကင်မှ နတ်ဘုရားများကဲ့သို့ ပုံရိပ်များကို မြင်လိုက်ကြရသည်။
+
ရှေ့ဆုံးမှ နှစ်ယောက်တွင် အမျိုးသားမှာ မနှိုင်းယှဉ်နိုင်သော အရှိန်အဝါနှင့် သူရဲကောင်းဆန်သည့် အသွင်အပြင် ရှိပြီး အမျိုးသမီးမှာ ယောက်ျားလေး အဝတ်အစားများ ဝတ်ထားသော်လည်း နတ်မိမယ်တစ်ပါးအလား လှပနေဆဲပင် ဖြစ်၏။ သေးငယ်လှသည့် ကျွန်းလေးမှ လူများအတွက်တော့ သူမက နတ်ဘုရားမ အလားပင် ယုံမှားတင်စားရပေမည်။
အင်ပါယာရှား၏ သမီးတော်သည် အမှန်တကယ်လည်း အောက်ဘုံရှိ ပြည်နယ်ကိုးခုမှ လူများအတွက်တော့ နတ်ဘုရားမပင် ဖြစ်သည်။
"ရောက်သင့်တဲ့ လူတွေက နောက်ဆုံးတော့ ရောက်လာပြီပဲ" ရှီဟွာတောင်ရှန့်ထိုက စိတ်ထဲမှ သက်ပြင်းချသည်။ လျှို့ဝှက်ဆန်းကြယ်သည့် လူက သူ့ကို ခြိမ်းခြောက်ခဲ့သည့် နေ့မှ စ၍ ဤသို့သော နေ့မျိုးရောက်လာမည်ကို သူ သိနေခဲ့သည်။
သို့ပေမဲ့ သူ မမျှော်လင့်ခဲ့တာကား ရီဖူရှင်းသည် ရှန့်ထိုအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူ အထက်ဘုံသို့ ရောက်သည်မှာပင် သိပ်မကြာသေး။
မင်းသမီးသည်ပင် ရှန့်ထိုဖြစ်မလာသေးသော်လည်း ရီဖူရှင်းကား ရှန့်ထိုဖြစ်နေလေပြီ။
"မင်းသမီးကို နှုတ်ဆက်ပါတယ်" ရှီဟွာတောင်ရှန့်ထိုက ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်။ မြေပြင်မှာ ဒူးထောက်နေဆဲ အဘိုးအို၏ နှလုံးသားမှာ ပို၍ပင် ကြမ်းတမ်း ရိုင်းစိုင်းစွာ ခုန်ပေါက်နေ၏။
သူတို့ မျက်လုံးထဲမှာ နတ်ဘုရားနှင့် အဘိုးအိုက ကောင်းကင်မှ ကျဆင်းလာသည့် လူများကို နှုတ်ဆက် ဂါရဝပြုရန် လိုသေးသည်လား။
ကောင်းကင်မှ ရောက်လာသူများမှာ မည်သို့သောသူများ ဖြစ်ကြသနည်း။
"ရှီဟွာတောင်ရှန့်ထို။ နန်းတော်ကို တိုက်ခိုက်ဖို့ ခင်ဗျားကို ဘယ်သူ အမိန့်ပေးလိုက်တာလဲ" ရီဖူရှင်းက သူတို့ကို ငုံ့ကြည့်ကာ မေးသည်။
ရှီဟွာတောင်ရှန့်ထိုက ရီဖူရှင်းကို ကြည့်သည်။ သူ့မျက်နှာသည် ပကတိ တည်ငြိမ်နေ၏။ ဤသို့သော နေ့ရက်မှာ တစ်နေ့ ရောက်လာမည်ကို သိပြီးဖြစ်သည်။
"တော်ဝင်စစ်ပွဲ အတွင်းမှာ မင်းက ရှီဟွာတောင်ကို ဖျက်ဆီးဖို့ လူတွေကို အမိန့်ပေးခဲ့တယ်။ ငါက နန်းတော်ကို တိုက်ခိုက်ဖို့အတွက် စေခိုင်းမယ့်လူ တစ်ယောက်ယောက် လိုသေးလို့လား" ရှီဟွာတောင်ရှန့်ထိုက တည်ငြိမ်စွာ ပြောသည်... "ရီဖူရှင်း ငါ သိချင်တာတစ်ခု ရှိတယ်။ မင်းက ဘယ်သူလဲ"
သည်မေးခွန်းက သူ့အတွက် အချိန်အကြာကြီး ပဟေဠိဖြစ်နေခဲ့၏။ အင်ပါယာရှားသည်ပင် ပြည်နယ်ကိုးခုမှ လူအားလုံးကို ဆင့်ခေါ်ကာ ရီဖူရှင်း ထုတ်လွှတ်ခဲ့သော စွမ်းအားနှင့် ပတ်သက်၍သတင်းများ မပေါက်ကြားရန် တားမြစ်ပိတ်ပင်ထားသည်။
"ကျုပ်က ရီဖူရှင်း။ အင်ပါယာရှားဘုံ လက်အောက်ခံ ပြည်နယ်ကိုးခု ပိုင်နက်ထဲက မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်ရဲ့ နန်းတော်သခင်ပဲ" ရီဖူရှင်းက ရှင်းလင်းစွာ ပြောသည်။
ရှီဟွာတောင်ရှန့်ထိုက စကားကို ကြားသည့်အခါ ကြက်သေသေသွား၏။ ထို့နောက် သူက ပြုံးလိုက်ကာ ထပ်မမေးတော့ပေ။
သူသည် မြေရိုင်းပြည်နယ်ရှိ တော်ဝင်ကျဲနန်းတော်၏ နန်းတော်သခင် ရီဖူရှင်း ဖြစ်သည်။
ထိုမျှက လုံလောက်ပေသည်။
သူတို့အကြားမှ ရန်ငြိုးသည်လည်း ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်တည်လာခဲ့၏။
"စဉ်းစားကြည့်တော့ လျူကျောင်းက မင်းနဲ့ တိုက်ခိုက်ချင်ခဲ့တာ အခု နည်းနည်း ရယ်စရာကောင်းနေလားလို့။ ပထမ ရှန့်ထိုကျဲ... နောက်တော့ စစ်တုရင်ရှန့်ထို။ ဒီနောက်မှာ ကျောက်ပြည်ထောင်ဘုရင်။ မင်းက ဒီလောက်မြန်မြန် တိုးတက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ငါတို့သာ မင်းနှစ်အနည်းငယ်အတွင်း ဒီလို အောင်မြင်မှုရနိုင်မယ်ဆိုတာ သိရင် ဘယ်သူကမှ မြေရိုင်းပြည်နယ်ကို အားနည်းတယ်လို့ မြင်ကြမှာမဟုတ်ဘူး" ရှီဟွာတောင်ရှန့်ထိုက ပြုံးကာ ပြောသည်။
မိုးစက်ရှန့်ထိုက ကောင်းကင်သို့ တက်လာပြီး တောက်ပသည့် အလင်းရောင်စဉ်များက သူ့ဆီမှ လင်းလက်လာသည်။ သူ၏ ဝတ်ရုံရှည်က လေထဲတွင် လွင့်နေပြီး သူ့ထံမှ နတ်ဘုရားအရှိန်အဝါများ ထွက်ပေါ်နေသည်။
တောက်ပသည့် အလင်းရောင်စဉ်များက သူ့မျက်လုံးမှ လင်းလက်လာသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်... "မင်းက ရှန့်ထိုအဆင့် ဖြစ်နေပြီဆိုတော့ ငါတို့ တိုက်ခိုက်ကြမလား"
သူက ပြောပြီး ကောင်းကင်ထက်တွင် ရှိနေသော ရီဖူရှင်း ရှေ့သို့ လှမ်းလာခဲ့သည်။ သူက သူ့လက်ကို မြှောက်ကာ လေထဲတွင် ဆုပ်ဆွဲသည့် သဏ္ဌာန် ပြုလုပ်သည်။ အချိန်နှင့် နေရာက အေးခဲသွားကာ အစိုင်အခဲသဖွယ် ဖြစ်လာသည်။ ထိုနေရာက မယုံနိုင်လောက်အောင် အလွန် သိပ်သည်းလာခဲ့သည်။
+
"ခင်ဗျားက ဒီလောက်ပဲလား" ရီဖူရှင်းရှေ့သို့ တစ်လှမ်းလှမ်းလိုက်ကာ သူ့လက်ချောင်းနှင့် မိုးစက်ရှန့်ထိုကို ညွှန်ပြသည်။ ထိုသို့ လုပ်လိုက်လျှင် အလွန်အားပြင်းသော စွမ်းအင်ဓားမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး လေထုကို ဖြတ်သန်းသွားသည်။ သူ့ လက်ညှိုးထိပ်သည် မြေပြင်ဆီသို့ ကျဆင်းလာပြီး ကောင်းကင်ဘုံ ဖြတ်တောက်ခြင်း ဓားတစ်လက် ဖြစ်လာကာ အေးခဲနေသည့် ကောင်းကင်နှင့် မြေကြီးရှိ စွမ်းအားများကို ဖြတ်တောက် သွားသည်။
ဘုန်း...
ကျယ်လောင်သည့် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ မဟာလမ်းစဉ်က အစစ်အမှန်အဖြစ် ပြောင်းလဲသွားပြီး ကြီးမား များပြားလှသည့် ကျောက်တုံးများသည် တံတိုင်းသဖွယ် ဖြစ်သွား၏။
ကြောက်မက်ဖွယ် ဓားမုန်တိုင်းကြီးက မိုးစက်ရှန့်ထိုအနီးသို့ ရောက်ရှိသွားသည်။ နတ်ဘုရားအလင်းက ရီဖူရှင်းအနီးတွင် စီးဆင်းနေပြီး ပို၍ ပို၍ တောက်ပလာသည်။ သူ၏ လက်ညှိုးကလည်း ဆက်လက်၍ မြေပြင်သို့ ကျဆင်းလာပြီး ကောင်ကင်ဘုံ ပိုင်းဖြတ်ခြင်းဓားသည် နောက်မှလိုက်ပါလာ၏။ လေထုက ကြမ်းတမ်းစွာ တုန်ခါနေပြီး ဓားသည် မိုးစက်ရှန့်ထိုဆီ အကြမ်းပတမ်း တိုးဝင်ကာ အရာရာကို ဖျက်ဆီး၏။
မိုးစက်ရှန့်ထိုက သူ့လက်ကို ဝှေ့ယမ်းသည်။ စွမ်းအားကြီးမားလှသည့် အရံအတားများ သူ့အနီးတွင် ထွက်ပေါ်လာကာ အနီးမှ လေထုက အေးခဲသွားသယောင် ထင်ရသည်။ ကျောက်တုံးတံတိုင်းက မဟာလမ်းစဉ် စွမ်းအားများဖြင့် ဖန်ဆင်းထားခြင်း ဖြစ်ကာ ကောင်းကင်နှင့် မြေကြီးအကြား ကာဆီးထား၏။
ရီဖူရှင်းက နောက်သို့ ခြေတစ်လှမ်း အားယူလိုက်ကာ သူ့ ခြေထောက်က ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်သည်။ သူက သူ့လက်ညှိုးနှင့် ဆက်လက် ဖိအားပေးလျှင် ဓားအသိသည် ကျောက်တုံးတံတိုင်းကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေအောင် ဖြတ်တောက်သွားသည်။
ရွှေရောင်အလင်းတန်း ဖြတ်သန်းသွားပြီး ကွဲကြေသည့် အသံကြီး ဖြစ်ပေါ်လာသည်။ တောက်ပသည့် ဓားအသိက မိုးစက်ရှန့်ထိုထံသို့ ဟက်တက်ခွဲသွားကာ သူ့ခန္ဓာကို ဖြတ်တောက်သွား၏။
ထိုခဏတွင် တောက်ပသော အလင်းများက မိုးစက်ရှန့်ထို ခန္ဓာကိုယ်မှ လင်းလက်လာပြီး သူသည် မရေတွက်နိုင်သော အစိတ်အပိုင်းများ အဖြစ်သို့ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ် သွားတော့သည်။