← Chapters

ဆိုးရွားသည့် ဖြေရှင်းနည်းများ

Vol. 97 Ch. 1345

ဆိုးရွားသည့် ဖြေရှင်းနည်းများ

Vol. 97 Ch. 1345

“အခြေအနေက ပြောတာထက် ပိုပြီးတော့ ဆိုးရွားတယ်” မုန့်ခယ်က ပြောလိုက်သည်။

“ဗုဒ္ဓဘာသာရဲ့ အားစိုက်ထုတ်မှုရှိပေမဲ့လည်း ကုသိုလ်စနစ်က ပိတ်ချခံထားရတယ်”

ဝမ်ဝေ့က မျက်ခုံးပင့်ကာ မော့ကြည့်လိုက်သည်။ သူက ရုန်းကန်နေသည့် အရိပ်အယောင်များကို ပြသနေသည့် လှုပ်ခတ်မှုတချို့ကို အာရုံခံမိ၏။ တာအိုက သေမျိုးလူမှုအဖွဲ့အစည်းဖြန့်ဝေမှုအတွက် သူတို့ကို ဆုချပေးလိုသော်လည်း တစ်စုံတစ်ခုက တားဆီးခဲ့လေသည်။

ကောင်းပြီလေ။ တိုက်ခိုက်နေတာက တုံ့ပြန်မှု မရှိတာထက်စာရင်တော့ ကောင်းပါသေးတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အနေနှင့် ကောင်းကင်တာအိုက ပထမဦးဆုံးသော့ခလောက် ထွက်ပေါ်လာစဉ်အခါက တိတ်ဆိတ်နေခဲ့သည့်အတွက် လုပ်ပိုင်ခွင့်ဆုံးရှုံးသွားပြီလားဟု တွေးထင်ကာ ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း ယခု ဆက်တိုက် တိုက်ခိုက်နေသည့်အတွက် အခြေအနေ ကောင်းမွန်နေ၏။

“ငါ့ရဲ့ ကျင့်ကြံရေးနည်းလမ်းကရော ဘယ်လိုဖြစ်သွားလဲ” ဝမ်ဝေ့က မေးလိုက်သည်။ သူက ယခင်ကျန်းမာရေးလိုက်စားရေး နည်းလမ်းများကို ဖြန့်ဝေခဲ့သည်။

“အဲဒါကလည်း အသုံးမဝင်တော့ဘူး” တုကွန်းက ပြောလိုက်သည်။ သူမက ထိုကိစ္စကို ကိုင်တွယ်သူဖြစ်သည့်အတွက် အသိဆုံး ဖြစ်ပေသည်။

“ဘာကိုပြောတာလဲ”

“ပြောရမယ်ဆိုရင်တော့ ဖြန့်ဝေတဲ့နေရာမှာ စမယ်လို့ ပြောရမှာပဲ။ ခေါင်းဆောင် ထင်ထားတဲ့အတိုင်းပဲ အဲဒီကပ်ပါးတွေက ဝင်ရောက်စွက်ဖက်ပြီးတော့ တားဆီးခဲ့တယ်” တုကွန်းက ရှင်းပြလိုက်သည်။

“ကျွန်မတို့တွေက သူတို့ကို  ခြောက်လန့်ဖို့ စံပြရုပ်သေးရုပ်တွေကို စေလွှတ်ခဲ့ပေမဲ့ သူတို့ကလည်း သူတို့ရဲ့ ရုပ်သေးရုပ်နဲ့ ပြန်ပြီး တုံ့ပြန်လာခဲ့တယ်။”

“ဒါတွေအားလုံးက ကြိုးစားမှုအသုံးမဝင်ရတဲ့အကြောင်းအရင်းတော့ မဟုတ်သေးဘူးပေါ့”

“အဲဒီခွေးကောင် ဘာဆက်လုပ်လိုက်တာလဲ” ဝမ်ဝေ့က လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ မေးလိုက်သည်။

“မိုးမြေရဲ့ စည်းမျဉ်းတွေက ပြောင်းလဲသွားပြီ” သူမက ရှင်းပြလိုက်သည်။

“အသက်ရှည်နည်းစနစ်တွေက ကျင့်ကြံဖို့ ပိုပြီးခက်ခဲလာတယ်။ လူတွေက သူတို့ဘဝရဲ့ နောက်ဆုံးနေဝင်ချိန်နားမှာပဲ အဆင့်ချိုးဖောက်နိုင်ကြတယ်။ အဆင့်ချိုးဖောက်တာကလည်း သူတို့အတွက် သက်တမ်းနှစ်တစ်သောင်းပဲ ရမှာ”

ဝမ်ဝေ့၏ အမူအရာက ပျက်ယွင်းသွားခဲ့သည်။ ယခုသာမန်လူတစ်ယောက်က သူ့နည်းစနစ်ကို အသုံးပြုလျှင် သူတို့က အဆင့်တက်လှမ်းပြီး သက်တမ်းတိုးမြှင့်နိုင်ဖို့အတွက် သက်တမ်း ၉ထောင်အထိ ရောက်အောင် စောင့်ဆိုင်းရပေမည်။ ထိုသို့သောစနစ်မျိုးက လူများအား တစ်ယွမ်ခေတ်ကာလအထိ နေနိုင်အောင် ကူညီပေးထားသောကြောင့် စနစ်သည် နှစ်တစ်သန်းအလိုက် ပြန်ပြီးခွဲခြားထားရန် မည်သူကမှ မကျင့်ကြံလိုကြတော့ပေ။

ဝမ်ဝေ့က လက်သီးဆုပ်ထားလိုက်၏။ သူက ဒေါသထွက်နေမိသည်။ လက်ရှိအခြေအနေက သူသည် တစ်စုံတစ်ယောက်နှင့် ကစားနေသော်လည်း သူက စည်းမျဉ်းများဖြင့် ကစားခံရစဉ် တခြားသူက စည်းမျဉ်းများကို ပြောင်းလဲပြီး သူ့ဘက်သူအရေးသာအောင် လုပ်သွားလေသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။ စိတ်ခံစားချက် များပြားခြင်းက လက်ရှိအခြေအနေတွင် အထောက်အကူ မဖြစ်ပေ။ အနှစ်ချုပ်အားဖြင့် ထိုအရာက သူ့အနေဖြင့် အမှားအယွင်းလုပ်နိုင်မည့် အခွင့်အရေးကို တိုးမြင့်သွားလိမ့်မည်။

“မင်းတို့တွေရော ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မပြောရသေးဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ မူလအခြေအနေကို သိသွားပြီးသည့်နောက်တွင် သူက အစီအစဉ်တချို့ရှိလာမိ၏။ သို့သော်လည်း သူတို့တွင် ပိုမိုကောင်းမွန်သည့် အကြံဉာဏ်ရှိမလား သိချင်နေမိသည်။ အနည်းဆုံးတော့ သူ့ကို လှုံ့ဆော်မှုပေးနိုင်သည့် အရာမျိုး ဖြစ်၏။

“လက်ရှိအနေအထားမှာ ကျင့်ကြံသူတွေကို သတ်ပြီးတော့ သေမျိုးတွေကို ကယ်ဖို့ စဉ်းစားလို့ရတယ်” မုန့်ခယ်က ပြောလိုက်သည်။ ဝမ်ဝေ့က ဘာမှမှတ်ချက်မပေးဘဲ နားထောင်နေလေ၏။

“အဲဒါက ပြင်းထန်လွန်းတယ်” ကျားဖျင့်က သဘောမတူပေ။

“အဲ့လိုလား။ ဒီသတ်ဖြတ်ပွဲမှာ ဝင်ရောက်လာကြတဲ့ ကျင့်ကြံသူအများစုက လေလွင့်ကျင့်ကြံသူ ဒါမှမဟုတ်ဘူးဆိုရင် အသက်ရှည်ဆေးလုံးတွေ မရှိကြတဲ့ အားနည်းတဲ့ မျိုးနွယ်တွေပဲ။ သေမျိုးတွေကို ကယ်ဖို့ အဲဒီအမှိုက်တွေကို ရှင်းလိုက်တာက ကောင်းမွန်တဲ့ အလဲအလှယ်လို့ ထင်တယ်”

လူရိုင်းဘုရင်၏ စကားများက ပြင်းထန်သော်လည်း အားလုံးက သူ့သဘောတရားကို နားလည်ကြလေသည်။ သေမျိုးများက ကျင့်ကြံရေးကမ္ဘာ၏ အနာဂတ် ဖြစ်ပေသည်။ သူတို့က ပါရမီ၏ အဓိကဇစ်မြစ်ဖြစ်သည့်အတွက် သူတို့ကို ကာကွယ်ခြင်းက ကျင့်ကြံရေးလောက၏ အနာဂတ်ကို ကာကွယ်ခြင်းနှင့် တူညီလေသည်။

“တစ်ဖက်သူရဲ့ ရည်ရွယ်ချက်က ကမ္ဘာကို အားနည်းစေဖို့အတွက်ပဲ။ ကျုပ်တို့က ဘာလို့ သူ့ကို ကူညီပေးရမှာလဲ” ကျားဖျင့်က ပြန်လည်ခံပြောလိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ ငါတို့တွေက ဒီလိုအခြေအနေမျိုးမှာ နေနေရတာဆိုတော့ စွန့်စားမှုက လိုအပ်တယ်။ ကျုပ်အတွေးကတော့ အရာအားလုံးကို လျစ်လျူရှုထားပြီးတော့ ကပ်ပါးတွေကို ဖြေရှင်းဖို့ပဲ။ သူတို့တွေကို တတ်နိုင်သမျှ မြန်မြန်သတ်ရင်သတ်၊ မသတ်ရင် စည်းပိတ်ထားဖို့ပဲ။ အဲဒီနောက်ကျမှ သူတို့တွေ ဝင်ရောက်စွက်ဖက်မှု မရှိဘဲနဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်ပြီး သူတို့အားလုံးကို ရှင်းထုတ်နိုင်လိမ့်မယ်”

“ခင်ဗျားရဲ့ အစီအစဉ်က အလှမ်းဝေးလွန်းတယ်။ ကျုပ်တို့တွေက စံပြတွေနဲ့ ရင်ဆိုင်နေရတာ။ သူတို့တွေက ပါရမီအရ အောက်ခြေမှာရှိတယ်ဆိုရင်တောင် သူတို့တွေက စံပြဖြစ်နေတုန်းပဲ” ကျားဖျင့်က ပြန်လည် ငြင်းခုန်လိုက်သည်။

“နောက်ယွမ်ခေတ်ကာလက အတော်လေး အရေးကြီးတယ်။ အားလုံးကို ဒီလိုအချိန်တိုအတွင်း ဖြေရှင်းဖို့ မျှော်လင့်နေတာလား”

“ဒါက အတော်လေး စွန့်စားရမယ်ဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ ပြောင်မြောက်တဲ့ အစီအစဉ်နဲ့ဆိုရင် သူတို့အားလုံးကို တစ်နေရာထဲမှာ ထောင်ချောက်ထဲမှာ ထည့်ပိတ်နိုင်လောက်တယ်”

ဝမ်ဝေ့က မှတ်ချက်မပေးပေ။ သို့သော် သူက မျက်လုံးဝေ့ကာ ကြည့်လိုက်မိသည်။ သူက မုန့်ခယ်သည် တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် အနည်းငယ် မာန်ရှိလာကြောင်း ပြောနိုင်လေ၏။ မဟုတ်ပါက သူသည် ဤသို့ တုံးအသည့်အရာမျိုးကို အကြံပြုမည် မဟုတ်ပေ။ ထိုကပ်ပါးများက မည်သို့ပင်ဆိုးရွားစေကာမူ သူတို့က မည်သို့ အလွယ်တကူ ဖြေရှင်းနိုင်မည်နည်း။ သူတို့ကို တစ်နေရာထဲ စုစည်းဖို့ရာ မည်မျှလွယ်ကူနိုင်မည်နည်း။

ဝမ်ဝေ့က ထိုအရာကို တစ်ခါက တွေးခဲ့ဖူးသည်။ သူ စီစဉ်ထားသည့် အစီအစဉ်တစ်ခုက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်အကြောင်း ဗဟုသုတနှင့် သတင်းအချက်အလက်များကို ငါးစာအဖြစ် အသုံးပြုပြီး သူတို့အားလုံးကို ထောင်ချောက်တစ်ခုအတွင်း မျှားခေါ်ဖို့ရာ ဖြစ်သည်။ သို့သော်လည်း မြေကမ္ဘာဧကရာဇ်နှင့် တာအိုဂိုဏ်းမှ လူနှစ်ယောက်ကလွဲ၍ မည်သူကမှ ထိုငါးစာဟပ်လောက်အောင် ရည်မှန်းချက် မကြီးကြောင်း သဘောပေါက်သွားခဲ့သည်။ သူတို့က လက်ရှိအဆင့်အတန်းကို ထိန်းသိမ်းထားဖို့ရာသာ အာရုံစိုက်ကြလေ့ရှိသည်။

“ဖြေရှင်းနည်းက ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“စည်းပိတ်ဖို့ပဲ” ကျားဖျင့်က တုံ့ပြန်လိုက်၏။

“ကျုပ်တို့တွေက ပိုပြီးတော့ ဈေးချိုပြီးတော့ သုံးလို့ရတဲ့ စည်းပိတ်ရေးနည်းစနစ်တွေကို ဖြန့်ဝေပေးရမယ်။ ကျင့်ကြံသူအများစုက အခုက မဆုတ်သာမတိုးသာ အခြေအနေမှာ လှုပ်ရှားလိုက်ကြရတယ်။ တကယ်လို့ သူတို့ကို အိပ်စက်စေပြီး ဒီခေတ်ကာလအဆုံးသတ်သွားတဲ့အထိ စောင့်ဆိုင်းဖို့ အခွင့်အရေးပေးမယ်ဆိုရင် သူတို့က ဝမ်းပန်းတသာ လက်ခံကြလိမ့်မယ်”

“ဒါက အစီအစဉ်ကောင်းပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေသေးတယ်။ အဲဒီကပ်ပါးတွေက သူတို့က ငါတို့တွေ ဒီနည်းလမ်းတွေ ဖြန့်ဝေမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့တွေက ဆက်တိုက်ဝင်ရောက်စွက်ဖက်နေရင် ငါတို့ရဲ့ လှုပ်ရှားမှုတွေက အလကားဖြစ်သွားမှာပဲ”

ကျားဖျင့်က ပြန်လည်မချေပတော့ပေ။   ထိုချဉ်းကပ်မှုသည် အကောင်းဆုံးဖြစ်ကြောင်း ယုံကြည်နေဆဲ ဖြစ်သည်။

“မင်းရော ဘယ်လိုလဲ။ တခြားအတွေးအမြင်ရှိသေးလား။” ဝမ်ဝေ့က မေးလိုက်သည်။

“ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့တွေ အာရုံစိုက်တာက အဲဒီကျင့်ကြံသူတွေ ဖြစ်သင့်တယ်။ ကျွန်မတို့တွေက သေမျိုးတွေကို တတ်နိုင်သမျှ ကာကွယ်ဖို့ပဲ လိုတာလေ။ တစ်ယွမ်ခေတ်ကာလထဲမှာ သူတို့တွေအများစုက သေသွားကြမှာ” တုကွန်းက ခေါင်းယမ်းလိုက်သည်။

ဝမ်ဝေ့က ဘာမှမပြောဘဲ အားလုံးကို ကြည့်လိုက်၏။ သို့သော်လည်း သူတို့က ဖြေရှင်းနည်း မရှိကြသည့်အတွက် သူက အတွေးနက်နေမိသည်။ ထိုသူများ၏ ဖြေရှင်းနည်းက ကောင်းမွန်သော်လည်း သူတို့က အပေါ်ယံမျှသာ ဖြစ်၏။ ဝမ်ဝေ့က ကျင့်ကြံသူများကို ကယ်တင်ပြီး အန္တိမသဟဇာတ၏ အစီအရင်ကို ဖျက်ဆီးပစ်လိုသည်။ ဆိုလိုသည်မှာ သူတို့၏ ချဉ်းကပ်မှုများက အသုံးမဝင်ပေ။

သူက မျက်လုံးမှိတ်ကာ ဝိညာဉ်ကွန်ယက်စွမ်းရည်ကို အသက်သွင်းဖို့ ကြိုးစားလိုက်သည်။ ထို့နောက် သူက ကံကြမ္မာပြောင်းလဲရေးခန်းမမှ အဖွဲ့ဝင်အားလုံးကို မြင်လိုက်ရသည်။ သို့သော်လည်း ဤသည်က သူ့ကွန်ယက်အဆုံးစွန်ထိသာ ဖြစ်၏။ သူသည် တခြားဝိညာဉ်များကို မရယူနိုင်ပေ။

ဒီခွေးကောင်က ငါ့ရဲ့လမ်းတွေ အကုန်လုံးကို ပိတ်ဆို့ထားတာပဲ…

ဝမ်ဝေ့က မျက်လုံးဖွင့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။

အခု ငါ့ရဲ့ အဓိကလှုပ်ရှားမှုက သူတို့ကိုယ်သူတို့ ကာကွယ်မဲ့ စွမ်းအားပေးဖို့ပဲ။ သေမျိုးလူမှုအဖွဲ့အစည်းကို ဖြန့်ဝေမဲ့ နည်းလမ်းရောပေါ့။ ဒါပေမဲ့ ပြဿနာက ဒီလိုကျယ်ပြန့်လှတဲ့ ကုန်းမြေမှ ဘယ်လိုဖြန့်ဝေမလဲဆိုတာပဲ…

သေမျိုးများက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်သရွေ့ ကျင့်ကြံသူများက ချုပ်ထိန်းသွားကြလိမ့်မည်။ အဆိုးဆုံးအနေအထားဖြင့် စစ်ပွဲဖြစ်လာမည် ဖြစ်၏။ စစ်ပွဲက လူမှုအဖွဲ့အစည်းတိုးတက်ဖို့ရာအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်သည့်အတွက် သိပ်ပြီး မဆိုးရွားလှပေ။ သေမျိုးလူမှုအဖွဲ့အစည်း၏ တိုးတက်မှုဖြင့် ဤဖြစ်ရပ်အပြီး ဝမ်ဝေ့ ရရှိလာမည့် ဆုလာဘ်များက ပိုမိုများပြားလာလိမ့်မည်။

ထိုအရာက သေမျိုးများက ကြာကြာတောင့်ခံထားနိုင်သည့် အခြေအနေအပေါ် မူတည်နေခြင်း ဖြစ်၏။ သာမန်အခြေအနေအောက်တွင် ထိုအရာက မဖြစ်နိုင်ပေ။ သို့သော် ယခုတွင် တခြားကျင့်ကြံသူများ၏ ထောက်ပံ့မှုဖြင့် သူတို့သည် အခွင့်အရေး ရှိလာလေသည်။

“ကောင်းပြီ။ ဘာလုပ်ရမယ်ဆိုတာကို သိပြီ။ ပထမဆုံး တိုက်ပွဲအတွက် ပြင်ဆင်ထားကြ” ဝမ်ဝေ့က မုန့်ခယ်ကို ကြည့်ကာ ပြောလိုက်သည်။

“နားလည်ပါပြီ” မုန့်ခယ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။

ဝမ်ဝေ့က အနီရောင်မျက်နှာဖုံးကလွဲ၍ ကျန်သူအားလုံးကို ထွက်သွားခိုင်းလိုက်သည်။

“သန့်စင်မီးတောက်ရဲ့ အခြေအနေက ဘယ်လိုလဲ”

“သူ့ရဲ့ ကျင့်ကြံရေးနေရာကို မကျူးကျော်နိုင်သေးပေမဲ့ ကျွန်မတို့ရဲ့ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရတော့ သူ့အနေနဲ့ အဲဒီအနက်ရောင်စွမ်းအားကို ထိန်းသိမ်းထားပြီးတော့ လေ့လာနေတယ်လို့ ထင်ပါတယ်”

“ဟူး”

“မှတ်ချက်အရတော့ သူက အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ အဲဒီအရာကို ဖြန့်ဝေပြီး ကုသိုလ်ရအောင် သန့်စင်ဖို့ ပြင်နေတယ်” အနီရောင်မျက်နှာဖုံးက ဆက်ပြောလိုက်သည်။

“သူ့ပါရမီက ကောင်းကင်ဘုံအဆင့်ထိပဲ ရောက်နိုင်တာဆိုတော့ ကုသိုလ်ကပဲ သူ့ရှေ့ဆက်ရမဲ့ တစ်ခုတည်းသော နည်းလမ်းပဲ”

ဝမ်ဝေ့၏ မျက်ဝန်း၌ သတ်ဖြတ်ငွေ့တို့ ဖြတ်ပြေးသွားလေသည်။

“မင်း ဘယ်လောက် သေချာလဲ”

“၈၀ ရာခိုင်နှုန်းပါ”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“တကယ်လို့ မင်းပြောတာသာ အမှန်ဖြစ်မယ်ဆိုရင် သူတို့က အခု ကုသိုလ်စနစ် ပိတ်ချခံထားရတုန်းဆိုတော့ လှုပ်ရှားမှာ မဟုတ်ဘူး။ ငါ ဒါမှမဟုတ်ဘူးဆိုရင် တခြားတစ်ယောက် ဒါကို ပြင်ပြီးတဲ့အချိန်ထိ စောင့်နေလောက်တယ်” အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်လိုက်သည်။ ဤသည်က ကံကြမ္မာတပ်ဖွဲ့ဝင်များ သုံးသပ်ထားသည်နှင့် အတူတူသာ ဖြစ်၏။

“ခေါင်းဆောင် သူ့ကို ရှင်းထုတ်စေချင်လား”

သူတို့က ဝိဇ္ဇာသန့်စင်မီးတောက်ကို သံသယဖြစ်ရုံသာဖြစ်ပြီး ခိုင်မာသည့်သက်သေ မရှိသေးသော်လည်း သံသယများဖြင့်ပင် ဤတစ်ယောက်က ခြိမ်းခြောက်မှုဖြစ်လျှင် ရှင်းထုတ်ရမည် ဖြစ်၏။

“မင်းက တကယ်ကို ရဲတင်းတာပဲ” ဝမ်ဝေ့က ထိုသူအား ကြည့်ရင်း ပြောလိုက်သည်။ ထိုအမျိုးသမီးက ဝိဇ္ဇာတစ်ပါးကို သတ်ဖို့ ပြောရဲသည်။ ဤကမ္ဘာ၌ စကားပုံတစ်ခုသာ ရှိ၏။

ဝိဇ္ဇာတစ်ပါးကသာ ဝိဇ္ဇာတစ်ပါးကို သတ်နိုင်သည်။

တန်ပြန်သက်ရောက်မှုက တခြားသူများ ခံယူနိုင်သည့်အရာမျိုး မဟုတ်ပေ။ ဝိဇ္ဇာများကပင် ခိုင်လုံသည့် အကြောင်းအရင်း မရှိဘဲ တစ်ယောက်နှင့်တစ်ယောက် သတ်ကြမည် မဟုတ်ပေ။

“ခေါင်းဆောင် အမိန့်ပေးသရွေ့ပါ” အနီရောင်မျက်နှာဖုံးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“မလိုတော့ဘူး။ သူက အခုထိ အတော်လေး အဖိုးတန်သေးတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

All Chapters