ဖြေရှင်းနည်း
Vol. 97 Ch. 1346
အားလုံးကို ထွက်သွားခိုင်းပြီးသည့်နောက်တွင် ဝမ်ဝေ့က ချက်ချင်း ထွက်မသွားသေးပေ။ သူက လုပ်စရာများစွာ ရှိနေသော်လည်း တဆင့်ချင်းစီ လုပ်ဆောင်ဖို့ရာ လိုအပ်နေသည်။ ထို့ကြောင့် သူက နာရီပိုင်းကြာနေပြီး သူ မရှိစဉ်အတွင်း အစောင့်များမှ စုဆောင်းထားသည့် သတင်းအချက်အလက်အားလုံး အသေးစိတ် ပြန်လည်ကြည့်ရှုလိုက်သည်။ သူက ကမ္ဘာ၏ လက်ရှိအခြေအနေအကြောင်း အစည်းအဝေးမှသာ သိထားခြင်း ဖြစ်သော်လည်း မလုံလောက်သေးပေ။ သူ့အနေဖြင့် ကောင်းမွန်စွာ ဖမ်းဆုပ်နိုင်ဖို့ လိုအပ်နေသေး၏။
ဝမ်ဝေ့က သတင်းအချက်အလက်အဆောင်ကို သိမ်းဆည်းပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။
“အန္တိမသဟဇာတက လုပ်ပိုင်ခွင့်ရှိနေသရွေ့ ငါ့အနေနဲ့ အဲဒီကပ်ပါးတွေကို ဖြေရှင်းတော့မှာ မဟုတ်ဘူး”
ထိုသူများကို ဖြေရှင်းဖို့ အစီအစဉ်များစွာ ရှိထားသော်လည်း ထိုသူ ရှိနေသရွေ့ အောင်မြင်နိုင်ခြေက နည်းပါးလွန်းလှသည်။
ငါ့ရဲ့ အဓိကရည်ရွယ်ချက်က စစ်တုရင်ခုံပေါ် သူ့ရဲ့ ကြိုးကိုင်နိုင်စွမ်းကို ဖယ်ရှားဖို့ပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက လူတချို့ကို မဆက်သွယ်ခင် အစီအစဉ်ကို စဉ်းစားလိုက်သည်။ ဝမ်ဝေ့က သီးသန့်ပိုင်းခြားထားသည့် ဒိုင်မေးရှင်းတစ်ခုအတွင်း ဦးတည်လိုက်၏။ မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သန့်စင်မီးတောက်ကလွဲ၍ ကျန်သည့် ဝိဇ္ဇာများက ရောက်ရှိလာကြသည်။
ဝမ်ဝေ့က ဖုန်းဟွမ်၏ ရောက်ရှိလာမှုကို ချက်ချင်းသတိထားမိလိုက်၏။ ပထမဦးစွာ သူနှင့်အတူ တခြားသော ဗုဒ္ဓဝိဇ္ဇာများ ပါလာမည်ဟု ထင်ထားခဲ့သော်လည်း သူ တစ်ယောက်တည်းသာ ဖြစ်နေလေ၏။ ဒုတိယအနေဖြင့် သူ့အရှိန်အဝါက ယခင်နှင့် အနည်းငယ် ကွဲပြားနေသည်။
“ဒုတိယကုသိုလ်ရွှေခန္ဓာလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဒကာကြီးက တကယ်ကို အမြင်စူးရှတာပဲ” ဖုန်းဟွမ်က ပြန်ဖြေလိုက်၏။
“ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒိုင်မေးရှင်းအမြင့်က ဆုလာဘ်တွေက အချိန်တစ်ခုတော့ ကြာဦးမှာလေ။ ဒါမှမဟုတ်…”
အားလုံးက ဖုန်းဟွမ်ကို ကြည့်လိုက်ကြသည်။
“ဒီကမ္ဘာကြီးက မျှော်လင့်ချက် ရှိပါသေးတယ်” ဖုန်းဟွမ်က ပြောလိုက်သည်။ သူ့မျက်နှာက ငြိမ်းအေးကာ တည်ငြိမ်နေသည်။
“ကောင်းကင်တာအိုက ကိုယ်တော် သေမျိုးတွေရဲ့ ဘဝရှင်သန်ရေးကို အကျိုးပြုခဲ့တဲ့အတွက် ဆုလာဘ် ချီးမြှင့်ခဲ့တာပါ”
“တကယ်လား။ ကောင်းတယ် ကောင်းတယ်” ဝမ်ဝေ့က စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ဖုန်းဟွမ်က သေမျိုးလူမှုအဖွဲ့အစည်းအတွက် ကုသိုလ်ကို လက်ခံရရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သော်လည်း သူနှင့် တခြားသူများက ဂရုမစိုက်ကြပေ။ ထိုအစား သူတို့က စနစ်သည် အလုပ်လုပ်နေဆဲဖြစ်သည့်အတွက် ကောင်းကင်တာအိုသည် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ညွှန်ပြနေသောကြောင့် သူတို့၏ တိုက်ပွဲက မျှော်လင့်ချက်ကင်းမဲ့နေခြင်း မဟုတ်ပေ။
“ဒါက တကယ်ကို သတင်းကောင်းပဲ” ဝိဇ္ဇာလင်းချီက ပြောလိုက်သည်။
“တကယ်လို့ သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကုသိုလ်လက်ခံရရှိတာ သူကပဲ သီးသန့်ရွေးချယ်မှု ဖြစ်နေနိုင်တယ်” ဧကရာဇ်ခုံက ရုတ်တရက် ပြောလိုက်သည်။
ဝမ်ဝေ့က ခုံ၏ စကားကို ကြားပြီးသည့်နောက်တွင် သူ့အကြည့်များက တောက်ပလာလေ၏။ ဖုန်းဟွမ်က မေတ္တယျအနေဖြင့် ကမ္ဘာကြီးထံ သူ့မစွမ်းအားကို ထည့်သွင်းဖို့ ကြားခံနယ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ကောင်းကင်တာအိုက ထိုအခွင့်အရေးကို ယူကာ မဟာမိတ် ရှာဖွေခဲ့ခြင်း ဖြစ်၏။
“ဖုန်ဟွမ် မာတာမေတ္တယျနဲ့ ဆက်သွယ်လို့ရလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဒကာကြီး စိတ်ပျက်သွားမှာကိုပဲ စိုးမိတယ်”
ဝမ်ဝေ့က သက်ပြင်းချလိုက်၏။
“ကိစ္စမရှိပါဘူး။” သူက များများစားစား မျှော်လင့်ချက် မရှိပေ။
“ကောင်းပြီလေ။ လိုရင်းကိုပဲ ပြောရအောင်။ ခင်ဗျားတို့တွေကို ဒီခေါ်လိုက်တာက အကူအညီတောင်းဖို့အတွက်ပဲ။ ပုံမှန်ဆိုရင်တော့ ကျုပ်က အတုံ့အလှည့်မရှိဘဲ တောင်းဆိုမှာ မဟုတ်ဘူးဆိုပေမဲ့ ကျုပ်က လက်ရှိအခြေအနေကိုတော့ ခင်ဗျားတို့လည်း နားလည်မှာပါ”
သော့ခလောက်အပြီးတွင် တစ်ခါက အင်မတန် အဖိုးတန်ခဲ့သည့် ကိစ္စများစွာက ယခုအခါ မရရှိနိုင်ပေ။ ကုသိုလ်ကိုပင် မရယူနိုင်တော့ပေ။
လူများက ဆက်လက်မကျင့်ကြံနိုင်ကြတော့ဘဲ ထိုအရင်းအမြစ်များက သိပ်၍ ဆွဲဆောင်မှု မရှိတော့ပေ။ အနာဂတ်အတွက် အရင်းအမြစ်များကို သိမ်းဆည်းဖို့အတွက်မူ မည်သူက ကမ္ဘာကြီးတွင် အနာဂတ်ရှိပါ့မလား မသိကြပေ။ အကယ်၍ ရှိလျှင်ပင် မည်မျှဆိုးရွားနေသည်ကို ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။
“ဒီလိုဆိုးဆိုးရွားရွား အခြေအနေမျိုးမှာ ဒီလိုအရာမျိုးကို ပြောနေဖို့ မလိုပါဘူး” ဝိဇ္ဇာလင်းချီက ပြောလိုက်သည်။ သူက သူ့အလုပ်ကိစ္စကို ချဲ့ထွင်ပြီး ကမ္ဘာကြီးကို ပုံမှန်ပြန်ဖြစ်လိုသည့် အကောင်းဆုံးနည်းလမ်းထက် မျှော်လင့်ထားသည့်အရာဟူ၍ မရှိပေ။
ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်းမှ ဖြစ်၏။ အကယ်၍ ထိုသူက သူ့အား အကူအညီတချို့ ပေးလိုပါက သူ လုပ်နိုင်သည်ထက် ပိုလိမ့်မည်။ အကယ်၍ ဝိဇ္ဇာလင်းချီက လက်တွေ့ကျကျ စဉ်းစားကြည့်မည်ဆိုပါက ဝမ်ဝေ့ထံမှ ကျေးဇူးကြွေးတင်ခြင်းသည် တခြားသောဆုလာဘ်များထက် ပိုမိုတန်ဖိုးရှိကြောင်း သိလိမ့်မည်။
ဖုန်းဟွမ်နှင့် ဧကရာဇ်ခုံတို့က ခေါင်းညိတ်လိုက်ကြ၏။ သို့သော်လည်း သူတို့၏ စိတ်အနေအထားကမူ ကွဲပြားနေသည်။ ယခင်တစ်ယောက်က ဆုလာဘ်များနှင့် ပတ်သက်ပြီး များစွာ ဂရုမစိုက်ပေ။ ဒိုင်မေးရှင်းအနိမ့်တွင် သူ့ကုသိုလ်ကို ရယူပြီးသည့်နောက်တွင် ဖုန်းဟွမ်၏ စိတ်အခြေအနေက သိမ်မွေ့သွားပြီး သူသည် ကျင့်ကြံရေးလောက၏ အနှောင့်အယှက်များနှင့် အဟန့်အတားများအကြောင်း ဂရုမစိုက်တော့ပေ။ သူ လိုချင်သည့် တစ်ခုတည်းသောအရာက ဓမ္မကို နားလည်ပြီး ဉာဏ်အလင်းပွင့်မှုကို ရှာဖွေဖို့ရာသာ ဖြစ်၏။ သူလုပ်သမျှအရာအားလုံးက သူ့စိတ်နှလုံးသားနောက် လိုက်ပြီး ထိုရည်မှန်းချက်ကို ရောက်ရှိဖို့ရာအတွက်သာ ဖြစ်သည်။
ထိုစဉ် ဧကရာဇ်ခုံကမူ ဆုလာဘ်ကို အလိုချင်ဆုံးသူ ဖြစ်၏။ ပြောရမည်ဆိုလျှင် ဖုန်းဟွမ်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး ချမ်းသာကြွယ်ဝသည်ဟု ဆိုနိုင်ပေသည်။ ဝိဇ္ဇာလင်းချီက ဖြူစင်သည့် စိတ်နှလုံးသားရှိသည့်သူဖြစ်ပြီး လက်တွေ့အသုံးချဖို့ မစဉ်းစားပေ။ သို့သော်လည်း ခုံကမူ ဂရုစိုက်ကာ ကျွေးမွေးပြုစုရမည့် ကျောင်းတော် ရှိနေသေး၏။ သူက ဉာဏ်ကြီးကာ ဆက်ဆံရေးကောင်းနှင့် အဆက်အသွယ်ကောင်းများ တည်ဆောက်ဖို့လိုအပ်ကြောင်း နားလည်လာခဲ့သည်။ သို့သော်လည်း အကယ်၍ သူ့အပေါ်သာ မှီခိုနေပါက သူသည် ဆုလာဘ်နှင့် အဆက်အသွယ်လုပ်ဖို့ကိုသာ သဘောကျလိမ့်မည်။
“ဒီနေ့ဖြစ်ရပ်ကို စိတ်ထဲမှာ မှတ်ထားပါမယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လက်ကို ဝှေ့ပြီးသည့်နောက်တွင် အဆောင်တစ်ခုကို ပေးလိုက်၏။
“ဒါကို လက်ဆောင်လို့ပဲ မှတ်လိုက်ပါ”
အားလုံးက ပါဝင်အကြောင်းအရာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ကောင်းကင်လှည့်ဖျားရေးအစီအရင်ကြောင့် အံ့အားသင့်သွားကြသည်။ ထိုအရာက အမှန်တကယ် လက်ဆောင်မွန်ကောင်းတစ်ခု ဖြစ်၏။
ငါ သူ့ရဲ့ ဆွဲဆောင်မှုကို နားလည်သွားပြီ…
ဧကရာဇ်ခုံက တွေးလိုက်သည်။ သူက ဝမ်ဝေ့သည် ဤမျှဆွဲဆောင်မှုရှိနေသည့် အကြောင်းအရင်းကို နားလည်သွားခဲ့၏။ ထိုသူက အင်မတန်ဉာဏ်များကာ သူ့အကျိုးအမြတ် ရှိနေပါက ကစားစရာလိုမျိုး ကစားသွားနိုင်သော်လည်း သူနှင့် မဟာမိတ်ဖြစ်နေပြီး သူ့အတွက် အလုပ်လုပ်ပေးဖို့ လိုလားနေပါက သူသည် အကျိုးအမြတ်များကို ခွဲပေးဖို့ တုံ့ဆိုင်းနေသည့်သူမျိုး မဟုတ်ပေ။
ဧကရာဇ်ခုံ၏ အတွေးများက ထိုအစီအရင်နှင့် ဘာလုပ်ရမလဲဟူ၍သာ ဖြစ်၏။ ထိုအရာဖြင့် လုပ်နိုင်သည့်အရာများစွာ ရှိသော်လည်း အရေးကြီးဆုံးအရာကမူ ပုန်းအောင်းဖို့ရာအတွက်သာ ဖြစ်သည်။ သူ သစ္စာဖောက်ပြီးကတည်းက ကပ်ပါးများက သူ့အား လိုက်လံရှာဖွေနေခဲ့ကြသည်။ အဖွဲ့ခွဲများကလည်း ရက်စက်စွာ တိုက်ခိုက်ခံခဲ့ရ၏။ ယခု သူက စိတ်ပူစရာမလိုဘဲ ပုန်းအောင်းနိုင်မည့် နည်းလမ်းတစ်ခု ရှိလာခဲ့သည်။
မဟုတ်သေးဘူး။ ဒါက အခွင့်အရေးတစ်ခုပဲ…
ဧကရာဇ်ခုံက တွေးလိုက်သည်။ သူက ပုန်းအောင်းပြီး သူ့ကိုယ်သူ ကာကွယ်နိုင်သရွေ့ သူ့လူများကို စေလွှတ်ကာ ကမ္ဘာတစ်ဝှမ်းမှ ပါရမီထူးကဲသည့် သေမျိုးများကို ခေါ်ယူနိုင်လိမ့်မည်။ ထိုသေမျိုးများက မကျင့်ကြံနိုင်လျှင်ပင် သူက သူတို့ကို စည်းပိတ်ထားပြီး နောင်လာမည့် နေ့ရက်များအတွက် စောင့်ဆိုင်းနိုင်လေ၏။
လက်ရှိအခြေအနေက ပါရမီရှင်တွေကို ဆင့်ခေါ်ဖို့ အသင့်တော်ဆုံးပဲ…
ဝိဇ္ဇာလင်းချီက လက်ဆောင်ကို တည်တည်ငြိမ်ငြိမ် လက်ခံလိုက်သည်။ ထိုအစီအရင်ဖြင့် သူသည် သေမျိုးများစွာကို ကာကွယ်နိုင်မည်ဖြစ်သည့်အတွက် သူ့လူများက နောက်ကွယ်မှ ပိုမိုကောင်းမွန်စွာ လှုပ်ရှားလာနိုင်လိမ့်မည်။ သူ့အဖွဲ့အစည်းနှင့် ပတ်သက်သည့် အဓိကပြဿနာကမူ ပိုင်နက်များ၏ အုပ်ချုပ်သူများက ကူညီဖို့ ငြင်းဆန်ခြင်း သို့မဟုတ် သူ့အလုပ်ကို နှောင့်နှေးခြင်းတို့ ဖြစ်၏။ ဤအစီအရင်ကမူ ထိုပြဿနာကို ဖြေရှင်းဖို့ ကူညီပေးနိုင်သည်။
ဖုန်းဟွမ်ကမူ မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုအစီအရင်အကြောင်း ဒိုင်မေးရှင်းအနိမ့်ကတည်းက သိထားသည်ဖြစ်ကာ ကောင်းကင်ခုံရုံးအား သူ့အတွက် ဗုဒ္ဓဂိုဏ်းတွင် ခင်းကျင်းဖို့အတွက် တန်ကြေးတစ်ခု ပေးခဲ့ဖူးသည်။ ထူးဆန်းစွာဖြင့် သူက မလေ့လာဖို့ရာ သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုခဲ့ရ၏။
ဒီလိုအစီအရင်က မေတ္တယျအတွက်ဆို အဖိုးတန်မှာ…
သူက တွေးလိုက်မိသည်။ သူက သူ့သုံးသပ်ချက်အရ ဗုဒ္ဓဘာသာ သို့မဟုတ် တောက်ဘာသာတွင် ဤသို့သော အစီအရင်မျိုး မရှိပေ။ ခြွင်းချက်ကမူ တစ်ခုတည်းသာ ဖြစ်၏။ နေမင်းနှစ်စင်းက တစ်ယောက်နှင့်တစ်ယောက် မျှခြေညီပြီး တခြားတစ်ယောက် ရယူသွားခြင်းမှ တားဆီးထားကြသည်။ သို့သော် ယခုတွင် သူက သူ့ဘက်နှင့် မျှဝေဖို့ အခွင့်အရေး ရှိလာခဲ့သည်။
ပြန်သွားပြီးတဲ့နောက်မှာ စမ်းကြည့်ရမယ်…
ဖုန်းဟွမ်က အစီအရင်အကြောင်းကို သိပြီးသည့်နောက်တွင် သိမ်းဆည်းလိုက်သည်။ ဝမ်ဝေ့ကို ကြည့်ကာ ရုတ်တရက် သဘောပေါက်သွားလေ၏။
ထိုသူက သော့ခလောက်ကို ဖယ်ရှားဖို့အတွက် တိုက်ပွဲအတွင်း ဗုဒ္ဓဘာသာ၏ ထောက်ပံ့မှုကို ရယူဖို့ တမင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
“ဖတ်ပြီးပြီမလား။ ကောင်းတယ်။ အခု ခင်ဗျားတို့ရဲ့ ဝိဇ္ဇာလုပ်ပိုင်ခွင့်ကို ဆင့်ခေါ်ပြီးတော့ ဒီအစီအရင်ကို ကျုပ်ဆီ ရေးထွင်းပေးဖို့ လိုတယ်”
ဤသည်က ဝမ်ဝေ့၏ ရည်ရွယ်ချက် ဖြစ်၏။ သူကိုယ်တိုင် ကောင်းမွန်စွာ ပုန်းအောင်းနိုင်ဖို့ ဖြစ်သည်။ သူ သီးသန့်နေထိုင်မှုအပြီး သူသည် တားမြစ်ခံစစ်ဆေးမှုအတွင်းကလိုမျိုး ဝိရောဓိအခြေအနေကို ပြန်လည်ဝင်ရောက်နိုင်ခြေရှိကြောင်း သဘောပေါက်သွားခဲ့၏။ အန္တိမသဟဇာတက အင်မတန် အားကောင်းလွန်းလှသည်။ ဝမ်ဝေ့က သူ့လှုပ်ရှားမှုများသည် ထိုလူ၏ စောင့်ကြည့်မှုအောက်တွင် ရှိသည်ကို စိုးရိမ်လာမိ၏။ ထို့ကြောင့် သူ့ကို အာရုံမခံမိစေဖို့ရာအတွက် နည်းလမ်းကောင်း တစ်ခု လိုအပ်လာသည်။
“ကိစ္စမရှိပါဘူး” ဧကရာဇ်ခုံက တုံ့ပြန်လိုက်သည်။ ထိုဖြစ်စဉ်က ချောမွေ့ကာ လွယ်ကူလှ၏။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အပေါ် ရေးထွင်းလိုသည်ဟု ပြောခဲ့လိုသော်လည်း ထိုအရာက ရေးထွင်းပြီးသားဖြစ်သည့်အတွက် အတိအကျတော့ မဟုတ်သေးပေ။ သူ တက်လှမ်းလာကတည်းက လူများက သူ့အား ရှာဖွေတွေ့ရှိခြင်းမှ တားဆီးဖို့ အသုံးပြုခဲ့ခြင်း ဖြစ်၏။ ဝိဇ္ဇာ၏ ကဏ္ဍက သူတို့၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး တည်ရှိပြီးသားအစီအရင်ကို ကောင်းချီးပေးပြီး နောက်တစ်ဆင့်သို့ မြှင့်တင်ပေးဖို့ရာသာ ဖြစ်၏။
အားလုံးက ချောမွေ့စွာ လုပ်ဆောင်ခဲ့ကြသည်။ တစ်ခုတည်းသော ပြဿနာကမူ ဝိဇ္ဇာ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုသည့်အခါတွင်သာ ဖြစ်၏။ ကံကောင်းစွာဖြင့် ကောင်းကင်တာအိုက စွမ်းအားတချို့ ရရှိလာဟန်ပေါ်သည်။ ထို့ကြောင့် ခုခံမှုက ယခင်လောက် အားမကောင်းတော့ပေ။
အခုတော့ ပြဿနာ မရှိလောက်တော့ဘူးမလား…
ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အနာဂတ်ဇနီးလောင်းက အစီအရင်ကို ထိပ်တန်းစံပြအဆင့်ထိ ရောက်အောင် မြှင့်တင်ခဲ့သည်။ ထိုအားဖြည့်မှုနှင့် ကောင်းကင်တာအိုတို့၏ အားဖြည့်မှုဖြင့် အန္တိမသဟဇာတဆီမှ ပုန်းကွယ်ဖို့ရာ ပြဿနာ မရှိသင့်ပေ။ အထူးသဖြင့် ထိုသူက မေတ္တယျနှင့် တိုက်ပွဲကို အာရုံစိုက်နေရသည့်အခါတွင် ဖြစ်၏။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး မသေချာမှုကို မကျေနပ်သေးပေ။ သူက တုံ့ဆိုင်းမနေတော့ဘဲ မူလစည်းတံဆိပ်ကုန်းမြေဆီ တိတ်တဆိတ် ပြန်လာကာ သူ့ဘိုးဘေးနှင့် တွေ့ဆုံခဲ့၏။
“မင်း ပြန်လာတာ တစ်ခုခုဖြစ်လို့လား” ယန်းအိုက်က မေးလိုက်သည်။
ဝမ်ဝေ့က ချက်ချင်းပြန်မဖြေပေ။ ထိုအစား သူက ကောင်းကင်လှည့်ဖျားရေးအစီအရင်ကို အခန်းအတွင်း ဖြန့်ကျက်ကာ စည်းပိတ်ရေးအစီအရင် ထောင်ချီကိုပါ ခင်းကျင်းလိုက်သည်။
“အဲဒါက လိုလို့လား” ယန်းအိုက်က မေးလိုက်သည်။
“လိုရင်လည်း လိုမယ်။ မလိုရင်လည်း မလိုဘူး။ ဒါပေမဲ့ ကျွန်တော်တို့တေ သတိကြီးကြီးထားတာ မမှားပါဘူး”
သူမက ခေါင်းအသာယမ်းပြီး ဘာမှမပြောတော့ပေ။ သူက ဉာဏ်များသည့်သူများသည် အလွယ်တကူ ဝိရောဓိဖြစ်လာနိုင်ကြောင်း သိထားလေ၏။ သူမက အစ်ကိုချီယွမ်ကို ဤကဲ့သို့ အနေအထားမျိုး အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။ အကြိမ်ရေအများစုက သူတို့၏ ဘဝကို ကယ်တင်နိုင်ခဲ့သည်။
“ဘယ်လိုလုပ် ဒီရောက်လာတာလဲ” သူမက မေးလိုက်သည်။
“ဘိုးဘေး လေဟာနယ်ပုံရိပ်ယောင်ကမ္ဘာရဲ့ စည်းတံဆိပ်က ဘယ်မှာလဲဆိုတာ သိလား”
“ဟမ် မင်းက အဲဒါကို သိချင်တာလဲ”
“အဲဒါက ကျွန်တော်ရဲ့ လက်ရှိပြဿနာကို ဖြေရှင်းနည်း ဖြစ်နေနိုင်တယ်”