ပြင်ဆင်မှုများ
Vol. 97 Ch. 1347
“မင်းက လေဟာနယ်ပုံရိပ်ယောင်နယ်မြေကနေပြီးတော့ သေမျိုးလူမှုအဖွဲ့အစည်းကို ဖြန့်ဝေချင်တာလား” ယန်းအိုက်က မေးလိုက်သည်။
ဝမ်ဝေ့က သူမ၏ စကားများကို ကြည့်ပြီးသည့်နောက်တွင် အံ့အားသင့်သွားပြီး အပေါ်အောက်ကြည့်လိုက်၏။
ယန်းအိုက်က ရှံ့မဲ့သွားပြီး ဝါးတုတ်တစ်ချောင်းကို ဆင့်ခေါ်ကာ သူ့အား ဝှေ့ယမ်းလိုက်သည်။
ဝမ်ဝေ့က ရှောင်ရှားဖို့ ကြိုးစားသော်လည်း သူ့ကို အံ့အားသင့်သွားစေသည်က ထိုဝါးတုတ်သည် သူ့ခေါင်းပေါ်ကျရောက်လာပြီး အင်မတန် နာကျင်စေသည်။
“ငါ့ကို ငတုံးလို့ထင်နေလား” ယန်းအိုက် မေးလိုက်သည်။ လူများစွာက သူမသည် ခွန်အားသာရှိပြီး ဉာဏ်မသုံးသူဟု ထင်ထားကြသည့်အတွက် ဤကဲ့သို့သော အကြည့်မျိုးကို များစွာ မြင်တွေ့ခဲ့ဖူးသည်။
“ကျွန်တော် တောင်းပန်ပါတယ်” ဝမ်ဝေ့က အလျင်အမြန် ပြောလိုက်သည်။ သူက မတတ်နိုင်ပေ။
ယန်းအိုက်က လူများအား သူမ၏ ဉာဏ်ရည်ကို လျှော့တွက်စေနိုင်သည့် ပုံစံမျိုး ရှိဟန်ပေါ်၏။
ယန်းအိုက်က အေးစက်စက် သရော်လိုက်သည်။
“ဒီဝါးတုတ်က ဘာလဲ” သူက မေးလိုက်သည်။ သူ မည်သို့ပင် လုပ်စေကာမူ ထိုအရာကို မရှောင်ရှားနိုင်ကြောင်း ခံစားချက် ရရှိနေ၏။
“ဘိုးဘေး ဆုံးမရေးတုတ်ပဲ” ယန်းအိုက်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“မင်းလို မနာခံတတ်တဲ့ မျိုးဆက်တွေအတွက် လုပ်ထားတာ။ မင်းမှာ ယန်း၊ လီနဲ့ ဝမ်မျိုးနွယ်ရဲ့ စီးဆင်းနေတဲ့ သွေးတွေရှိနေသရွေ့ မင်း ဒီအပြစ်ဒဏ်ကနေ မလွတ်မြောက်နိုင်ဘူး”
ဝမ်ဝေ့က ထိုစကားကြောင့် အံ့အားသင့်သွားပြီး ခေါင်းယမ်းလိုက်သည်။
ဤသည်က ယန်းအိုက်၏ ပုံစံဖြစ်သည့်အတွက် ထိုသို့သောအရာမျိုး လုပ်ထားသည်ကို အံ့အားမသင့်သင့်ပေ။ တာအိုအခွင့်အလမ်းဂိုဏ်းက တပည့်များနှင့် ပါရမီရှင်များကို ပြုစုပျိုးထောင်ဖို့ ရက်စက်သည့် နည်းလမ်းအများစုက သူမက ချန်ထားခဲ့ခြင်း ဖြစ်၏။
“မင်း ကြည့်ရတာ လက်မခံသေးတဲ့ပုံပဲ”
“မဟုတ်ပါဘူး။ ကျွန်တော် ဘာမှလည်း မပြောပါဘူး” ဝမ်ဝေ့က အလျင်အမြန် ပြောလိုက်သည်။
“မင်းက ရှောင်ရှားဖို့ နည်းလမ်းရှာနိုင်တယ်ဆိုပြီး မင်းမျက်နှာမှာ ရေးထားတယ်လေ။ မင်း ရှေးဦးစံပြဖြစ်လာပြီးတော့ ဘိုးဘေးဂုဏ်ပုဒ်ကို မရမချင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“ဘယ်တော့မှလား” ဝမ်ဝေ့က မေးလိုက်သည်။ သူမစကားများ၏ ပြတ်သားမှုကိုသာ အာရုံစိုက်လိုက်၏။
“ဘယ်တော့မှပဲ” ယန်းအိုက်က ပြန်လည်တုံ့ပြန်လိုက်သည်။
“အဲ့လိုဆိုရင် ဒါက အန္တရာယ်မများဘူးလား”
“မစိုးရိမ်နဲ့။ ဒါက ဆုံးမနိုင်ရုံလောက်ပဲ မသတ်နိုင်ဘူး” ယန်းအိုက်က ရှင်းပြလိုက်သည်။
“အတိတ်တုန်းက တချို့ငတုံးတွေက တန်ကြေးကြီးကြီးမားမား ပေးပြီးတော့ ဒါကို ရအောင် ယူဖို့ ကြိုးစားကြသေးတယ်လေ။ သူတို့က ဒါနဲ့ ငါတို့မိသားစုကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် သုတ်သင်ဖို့ အသုံးချလို့ရမယ်လို့ ထင်နေတာ။ သူတို့အတွက် ကံဆိုးသွားတာက ဒီပစ္စည်းက ငါတို့လေးယောက်ပဲ သုံးလို့ရတာ။ ဒါက ငါတို့သွေးမျိုးဆက်ကို မသတ်နိုင်ဘူး။”
“ကျွန်တော် သိပြီ” ဝမ်ဝေ့က စိတ်သက်သာရာရသွားမိ၏။ သူက ယခုမှစ၍ ဘိုးဘေးဝန်းကျင်တွင် ရှိသည့်အခါ ပြောဆိုသည့် စကားလုံးများကို သတိထားရမည်ဖြစ်သော်လည်း အနည်းဆုံးတော့ သူက သူ့သွေးမျိုးဆက် အားနည်းချက်ဖြစ်သည့် လက်နက်အကြောင်း စိုးရိမ်စရာ မလိုတော့ပေ။
“ပြောလက်စကို ဆက်ပြောရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။
“စည်းတံဆိပ်က ဘယ်မှာလဲဆိုတာ သိတယ်။ ဒါပေမဲ့ မင်း ရယူနိုင်တယ်ဆိုရင်တောင် အဆင်မပြေဘူး။”
ဝမ်ဝေ့က သူမ၏ ဆိုလိုရင်းကို နားလည်လိုက်၏။ မှတ်တမ်းများအရ လေဟာနယ်ပုံရိပ်ယောင်နယ်မြေသည် သေမျိုးများကို ခွင့်မပြုပေ။
“နည်းလမ်းများရှိလား”
ဝမ်ဝေ့က စာကြည့်တိုက်ထဲတွင် ထိုအကြောင်းအရာများကို များစွာ မဖတ်ရှုခဲ့ပေ။ ထို့ကြောင့် သူက မေးနေရခြင်း ဖြစ်၏။
ယန်းအိုက်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။
ဝမ်ဝေ့က စောင့်ဆိုင်းနေသော်လည်း မိနစ်ပိုင်းခန့်ကြာပြီးသည့်နောက်တွင် စာကြည့်တိုက်ကို ထပ်မံဝင်ကြည့်ရမည်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။
“အခု မှတ်မိသွားပြီ။ ဟိုးတုန်းက အဆုံးမဲ့စမ်းသပ်ချက်ခေတ်ကာလမတိုင်ခင်တုန်းက မာ မျိုးနွယ်တွေက လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို ဖန်တီးခဲ့တာ။ မင်းအနေနဲ့ လုပ်ပိုင်ခွင့် ဒါမှမဟုတ် ထိန်းချုပ်ခွင့်တချို့ကို ရအောင်ယူပြီးတော့ သေမျိုးတွေကို ဝင်ခွင့်ပြုအောင် ပြောင်းလဲလို့ရတယ်”
“မာ မျိုးနွယ်လား” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“သူတို့ကို ဘာလို့ မကြားဖူးရတာလဲ”
သူက စံပြမျိုးနွယ်အားလုံးကို မှတ်ထားခဲ့သော်လည်း ထိုသို့သော မျိုးနွယ်မျိုးကို တစ်ခါမှ မကြားခဲ့ဖူးပေ။
“သူတို့မျိုးနွယ်က ထိပ်တန်းမျိုးနွယ်လို့ ထင်နေရင်တော့ မှားသွားပြီ” ယန်းအိုက်က ပြောလိုက်သည်။
“မာ မျိုးနွယ် သူတို့ ဘိုးဘေး ထောက်ပံ့ပေးထားတဲ့ ကံကောင်းမှုကို ဖျက်ဆီးသွားပြီလေ။ ကောင်းကင်တာအိုက သူတို့ကို မကာကွယ်နိုင်တော့ဘူး။ သူတို့တွေ ဒီနေ့ထိ တည်ရှိနေတာကိုက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပဲ။”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“မာ မျိုးနွယ်ရဲ့ သွေးမျိုးဆက်က ကျွန်တော်ကို ပုံရိပ်ယောင်နယ်မြေထဲကို ထိန်းချုပ်ခွင့်ရစေမှာလား”
“ဘယ်ဟုတ်ပါ့မလဲ။ အဲ့လိုသာဖြစ်မယ်ဆိုရင် သူတို့မျိုးနွယ် မျိုးတုန်းတာ ကြာလောက်ပြီ” ယန်းအိုက်က ပြန်ပြောလိုက်သည်။
“ဟုတ်သားပဲ။” ဝမ်ဝေ့က သူသည် တုံးအအ အရာမျိုးကို ပြောကြောင်း သဘောပေါက်သွားလေ၏။ အကယ်၍ ထိုသူများက ထိုစွမ်းအားရှိနေပါက ထိပ်တန်းမျိုးနွယ်များသည် သူတို့ကို ဖမ်းဆီးကာ လေဟာနယ်ပုံရိပ်ယောင်ကို ထိန်းချုပ်ခွင့်ရဖို့အတွက် ဝက်များလို ပြုစုပျိုးထောင်လိမ့်မည်။
ဝမ်ဝေ့က သူ့ဘိုးဘေး ဆက်ပြောနေသည်ကိုသာ စောင့်ကြည့်နေ၏။
“သူတို့ရဲ့ မျိုးနွယ်က ကံကောင်းမှုစုစည်းရေးအသုံးအဆောင် ရှိသင့်တယ်။ သာမန်အခြေအနေအောက်မှာတော့ ဒီပစ္စည်းက အဲဒီနယ်မြေကို လွှမ်းမိုးဖို့ လုံလောက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုလို ထင်မှတ်မထားတဲ့ အခြေအနေမျိုးမှာ နေနေရတာဆိုတော့ မင်း အသုံးချနိုင်မယ်လို့ ထင်တယ်”
“ဟုတ်တယ်။ သူတို့က ဘယ်မှာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“အဲဒါတော့ ငါလည်း မသိဘူး။ သူတို့က ခေတ်ကာလအစကတည်းက ပုန်းနေခဲ့တာ။” ယန်းအိုက်က ပြန်ဖြေလိုက်သည်။
“အဲ့လိုဆိုရင် ကျွန်တော် သူတို့ကို ဘယ်လိုရှာရမှာလဲ”
“အဲဒါက မင်းကိစ္စလေ” ယန်းအိုက်က ပြောလိုက်၍ ဝမ်ဝေ့က ညည်းတွားလိုက်သည်။ ဂမ္ဘီရအပေါ် မှီခို၍ မရသလို တခြားသော သတင်းစုဆောင်းမှုများကိုလည်း တိုက်ရိုက်မှီခိုဖို့ရာ မဖြစ်နိုင်ပေ။ အကယ်၍ ထိုသို့ဖြစ်နိုင်လျှင်ပင် အလုပ်ဖြစ်မည် မဟုတ်ပေ။
“လေဟာနယ်ပုံရိပ်ယောင်နယ်မြေနဲ့ ဆက်သွယ်နေတဲ့ တစ်ခုခု ဒါမှမဟုတ်ဘူးဆိုရင် အမှတ်အသားတို့ ဘာတို့ မရှိဘူးလား။ ဒါမှမဟုတ်ဘူးဆိုရင် စကားဝှက်တို့ ဘာတို့ပေါ့” ဝမ်ဝေ့က မေးလိုက်သည်။ ထိုအရာက သူ့လိုမျိုး ကံဆရာတစ်ယောက်အတွက် တစ်စုံတစ်ခုကို ရှာဖွေဖို့ လုံလောက်ပေသည်။
“စကားဝှက်ကတော့ “အဆုံးမဲ့ပုံရိပ်ယောင်ရဲ့ အရှင်သခင်” … အတိတ်တုန်းကတော့ မျက်လုံးကိုမှိတ်ပြီး အဲဒီစကားဝှက်ကို ရွတ်ပြီး ဝင်ရောက်ရုံပဲ” ယန်းအိုက်က ပြောလိုက်သည်။
ဝမ်ဝေ့က ဖြေကြားလိုက်၏။ သူက ထိုသို့လုပ်ရမည်ဖြစ်မှန်း ခန့်မှန်းမိလိုက်သည်။ သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူ့အစီအစဉ်များကို ထပ်မံတွေးတောလိုက်သည်။
“ဘိုးဘေး အထွတ်အထိပ်အခြေအနေမှာ ရှိတုန်းက ဓားချက် သုံးနိုင်သေးလား” သူက မေးလိုက်သည်။
“မင်းက ဘာလုပ်နေတာလဲ”
“ကျွန်တော် စည်းတံဆိပ်ကို တိုက်ရိုက်ချိုးဖောက်ဖို့ နည်းလမ်းတစ်ခု လိုလို့ပါ”
“သိပြီ” ယန်းအိုက်က ခေါင်းညိတ်ပြီးသည့်နောက်တွင် သူမ၏ ရတနာသိုက်ကို ဖွင့်လှစ်လိုက်သည်။
“ဒီမှာ တစ်ခု ကျန်သေးတာတော့ မှတ်မိတယ်။ အော် ဒီမှာ”
သူမက အဆောင်တစ်ခုကို ဆင့်ခေါ်ကာ အားပေးလိုက်သည်။
“ဒီအဆောင်က ငါ့ရဲ့ အမြင့်မားဆုံး ဓားတိုက်ကွက် ပါတယ်။ အဲဒါဆိုတော့ အလုပ်ဖြစ်လောက်တယ်”
“ဒီလိုဟာမျိုးက ဘာလို့များ ရှိနေတာလဲ”
“အဲဒါက မင်းနဲ့ ဆိုင်လား”
“ကျွန်တော် သိချင်လို့ပါ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သူက ထိုပစ္စည်းများကို လက်ဆောင် သို့မဟုတ် ကာကွယ်ရေးနည်းလမ်းများအနေဖြင့် ဖွဲ့စည်းပြီး တခြားသူများကို ပေးလေ့ရှိသည်။ ထိုသူများစွာက ဤကဲ့သို့သာ ဖြစ်၏။
“ငါ့ဓားတာအိုက အမြင့်မားဆုံး တိုက်ခိုက်စွမ်းရည် ရှိတယ်။ ဒါပေမဲ့ ပြင်ဆင်မှုတွေတော့ လိုအပ်တယ်လေ။ အဲဒါကြောင့် ငါ့ရဲ့ အမြင့်ဆုံးတိုက်ခိုက်စွမ်းအားကို အဆောင်တွေထဲမှာ သိမ်းပြီးတော့ တိုက်ပွဲထဲမှာ အရေးပေါ်အနေနဲ့ သုံးဖို့ ပြင်ဆင်ခဲ့တာ” ယန်းအိုက်က သက်ပြင်းချပြီးသည့်နောက်တွင် ဆက်လက် ရှင်းပြလိုက်သည်။
“ဒါတွေက ငါ့အသက်ကို ကယ်ခဲ့တာပေါ့။ မဟုတ်ရင် မပြီးမပြတ်အခြေအနေကို ရောက်နေလောက်ပြီ”
“ကျွန်တော် သိပြီ။ ဘိုးဘေးကို ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်ကာ ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်၏။
“ကိစ္စမရှိဘူး။ မင်းရဲ့ အကြီးအကဲတွေကို လေးစားသမှုပြဖို့သာ မေ့မနေနဲ့” ယန်းအိုက်က ပြောပြီးသည့်နောက်တွင် ဝါးတုတ်ကို ဝှေ့ယမ်းလိုက်သည်။
ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူက ဒိုင်မေးရှင်းအနိမ့်ရှိ ဧကရာဇ်များသည် ထိုတုတ်အောက်တွင် ခံစားဖူးကြောင်း တွေးမိသွားသည်။ သူက ထိုသူများထဲမှတစ်ယောက် မဖြစ်လိုပေ။
“ဟုတ်ကဲ့ပါ” ဝမ်ဝေ့က တောင့်တင်းစွာ ခေါင်းညိတ်လိုက်သည်။
“နောက်ထပ် အကူအညီတစ်ခု လိုသေးတယ်” ဝမ်ဝေ့က သူ့အစီအစဉ်ကို ရှင်းပြလိုက်၍ ယန်းအိုက်က သက်ပြင်းချလိုက်၏။
“ငါက အခုမှ အခြေအနေပြန်ကောင်းလာကာစပဲ ရှိသေးတာ။ ဟူး ငါက အသက်ကြီးနေပြီ။ ဒီသံချေးတက်နေတဲ့ အရိုးအိုကြီးတွေကို ခဏလောက် နားခိုင်းပါဦးလား”
ဒါက ဘာတုန်း… ဘိုးဘေးကလဲ ဒီလိုပြောတတ်တာလား
ဝမ်ဝေ့က မျက်လုံးဝေ့မကြည့်မိအောင် ထိန်းချုပ်ထားရသည်။ သူက သူ့ဘိုးဘေးသည် ဤကဲ့သို့မျိုး ထူးခြားသည့် ပင်ကိုစရိုက်မျိုး ရှိလိမ့်မည်ဟု ထင်မှတ်မထားပေ။
“ကောင်းပြီလေ။ မင်းက ဘာပြောချင်တာလဲ”
သူမ၏ မျက်လုံးများသည် ထူးဆန်းနေကြောင်း သတိပြုမိပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခုမှားယွင်းတာသာ ပြောပါက သူမသည် ထိုအရာကို အကြောင်းပြချက်အနေနှင့် သုံးကာ သူ့ကို ထပ်မံ ရိုက်နှက်လာနိုင်ကြောင်း သဘောပေါက်သွားခဲ့၏။
“ဘိုးဘေး ကျွန်တော်တို့လို လူငယ်တွေက ဘိုးဘေးတွေရဲ့ အကူအညီနဲ့ ဉာဏ်ပညာကို အားထားနေရတာလေ” ဝမ်ဝေ့က အလျင်အမြန် ပြောလိုက်သည်။ ယန်းအိုက်က သူ့အား ကြည့်ကာ ပြုံးလိုက်သည်။
“ဘိုးဘေးက မင်းလိုမျိုး စကားချိုချိုပြောတတ်တဲ့ မျိုးဆက်လေးတွေကို သဘောကျတယ်” ထို့နောက် သူမက လက်ဝှေ့ပြီးသည့်နောက်တွင် ထွက်သွားဖို့ ပြောလိုက်သည်။
ဝမ်ဝေ့က အခန်းအတွင်းမှ ထွက်လာလေ၏။ သူက သော့ခလောက် ပေါ်လာပြီးကတည်းက ဤမျှစိတ်အေးလက်အေး မဖြစ်ခဲ့ဖူးပေ။
သူက အဝေးတစ်နေရာသို့ ရောက်ရှိလာသော်လည်း သူ့ဦးတည်ရာက စည်းတံဆိပ်ရှိရာ မဟုတ်သလို မာမျိုးနွယ်ဆီလည်း မဟုတ်ပေ။ သူက ပြန်လာပြီး မုန့်ခယ်၏ စီစဉ်မှုများကို စစ်ဆေးကြည့်ခဲ့၏။ ထို့နောက် စည်းမျဉ်းမဲ့ဇုန်အတွင်း ဝင်ရောက်ခဲ့သည်။
သူက လူအိုကြီးသိုက်နှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် သူတို့က ငြင်းခုန်မှုတစ်ခုဖြစ်ကာ တိုက်ခိုက်ခဲ့ကြ၏။ ယခု ဝမ်ဝေ့က စံပြနည်းလမ်းများတွင် အတွေ့အကြုံများရှိနေပြီဖြစ်သည့်အတွက် ထိုလူအိုကြီးက သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ပေ။ ထို့ကြောင့် သူက ထိုနေရာမှ ရည်မှန်းချက်ပြည့်စွာဖြင့် ထွက်လာလေ၏။
သူ့နောက်ရည်မှန်းချက်က ရှုကျင်းယောင်နှင့် တွေ့ဆုံဖို့ရာ ဖြစ်၏။ ထိုသူနှင့် ဆက်သွယ်ဖို့ရာအတွက် တစ်လတာ ကြာမြင့်ခဲ့သည်။ သူက နာရီပိုင်းခန့် စကားစမြည်ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က ဧကရာဇ်ခုံကို သွားရောက်တွေ့ဆုံခဲ့၏။
သူတို့က ထပ်မံစကားစမြည်ပြောဆိုပြီးသည့်နောက်တွင် အလုပ်ကို စတင်ခဲ့သည်။
ဝမ်ဝေ့က သူ့မြင်ကွင်းအလွန်တွင် လျှို့ဝှက်ဆန်းကြယ် မီးခိုးရောင်မြူခိုး ရှိနေသည်ကို မြင်လိုက်ရသည်။ သူက ထိုအရာကိုကြည့်ရင်း မျက်မှောင်ကြုတ်မိသွား၏။ သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ကံမဲ့ကိုယ်ပွားများကို ဖွဲ့စည်းပြီး ထိုမြူခိုးထဲ ပို့လွှတ်လိုက်သည်။ သို့သော်လည်း ကိုယ်ပွားက ဦးတည်ရာကို မရောက်ခင် အမည်မသိ စွမ်းအားတစ်ခုက သုတ်သင်ပစ်လိုက်လေ၏။
ထင်ထားတဲ့အတိုင်းပဲ…
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ အန္တိမသဟဇာတက အလင်းမဲ့အမှန်တရား၏ လမ်းကို ပိတ်ဆို့ထားခဲ့၏။ သူက အဝင်ဝင်တွင် အကာအရံကို ထားရှိခဲ့ပြီး လူများအား ဝင်ထွက်ခွင့်ကို တားဆီးထားခဲ့သည်။ ဝမ်ဝေ့က ထိုလှုပ်ရှားမှုကြောင့် အံ့အားသင့်ခြင်း မရှိပေ။ ဝူဟုန်က ကျင့်ကြံရေးလောက၌ သူ့အကြီးမားဆုံး မှီခိုမှုဖြစ်ပြီး ကောင်းကင်တာအိုက သူ့တားမြစ်ခံစစ်ဆေးမှုအတွင်း သူမကို စည်းပိတ်ခဲ့သလို အန္တိမသဟဇာတကလည်း တူညီစွာ လှုပ်ရှားခဲ့သည်။
ထို့နောက် သူက မာမျိုးနွယ်ဆီ ဦးတည်လိုက်၏။