ပထမဟာကွက်
Vol. 97 Ch. 1348
ဝမ်ဝေ့က အကြောင်းတရားမဲ့ သုခဘုံဟု ခေါ်ဆိုသည့် နေရာတစ်ခုသို့ ရောက်ရှိလာသည်။ နာမည်အတိုင်း ထိုနေရာက ကံနှင့် အကြောင်းတရားတို့ ဖရိုဖရဲဖြစ်နေသည့် နေရာတစ်ခု ဖြစ်၏။ ထိုအရာက ကမ္ဘာထဲ စည်းမျဉ်းမဲ့ဇုန်လိုမျိုး ပုန်းအောင်းဖို့ အကောင်းဆုံးနေရာထဲမှ တစ်ခု ဖြစ်ပေသည်။
ဝမ်ဝေ့က အနီရောင်သာရှိနေသည့် ထိုနေရာကို ကြည့်လိုက်၏။
ဒီနေရာက ကံဆရာသခင်တွေအတွက် ငရဲနဲ့ ကောင်းကင်ဘုံလို့ ခေါ်ဆိုဖို့ ထိုက်တန်ပါတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အမြင်တွင် ထိုနေရာက ကံကြိုးမျှင်များဖြင့် ဖွဲ့စည်းထားပြီး ကံတာအို ကျင့်ကြံဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်စေသည်။ သို့သော်လည်း အရည်အချင်းမရှိဘဲ ကံတာအိုကို အသုံးပြုဖို့ ကြိုးစားသည့်အခါ အဆိုးရွားဆုံး နေရာတစ်ခု ဖြစ်သွားနိုင်သည်။
ဝမ်ဝေ့က သူ့ဝိညာဉ်ဖြင့် နေရာတစ်ဝှက်ကို ရှာဖွေလိုက်ပြီးသည့်နောက်တွင် သူ့နောက်လှုပ်ရှားမှုအတွက် အကောင်းဆုံးနေရာတစ်ခုဆီ ထွက်သွားလိုက်သည်။ သိပ်မကြာခင် သူက ဂြိုလ်တစ်လုံးအရွယ်အစားရှိသည့် တောင်တန်းတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး တောင်ထိပ်သို့ ရောက်ရှိလာလေ၏။ တစ်စုံတစ်ယောက်က ထိုနေရာတွင်ရှိနေပြီး ဖြစ်သည့်အတွက် မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်။
နောက်ထပ် ကံဆရာသခင်လား။ ဒီအငွေ့အသက်။ သူကလည်း တာအိုအရှင်တစ်ယောက်ပဲ…
ဝမ်ဝေ့က ချက်ချင်းဆိုသလို သတိကြီးကြီး ထားလိုက်သည်။ သို့သော်လည်း တစ်ဖက်သူက ထူးထူးဆန်းဆန်း ပြုမူနေလေ၏။ သူက ဝမ်ဝေ့ကို တစ်ချက်လောက် ကြည့်ပြီးသည့်နောက်တွင် လုပ်လက်စသာ ဆက်လက် လုပ်ဆောင်နေသည်။ သူက သတိကြီးကြီးထားထားခြင်း မရှိဘဲ ဘေးပတ်ဝန်းကျင်တွင်လည်း အစီအရင်နည်းစနစ်များ ရှိမနေပေ။ ထိုအရာများအပြင် ထိုသူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုတို့က ဟာကွက်များဖြင့် ပြည့်နှက်နေလေ၏။ ထိုသူက သူ့တစ်ဘဝလုံး တိုက်ခိုက်ရေးကို မလေ့ကျင့်ထားသကဲ့သို့ ဖြစ်နေသည်။ ထိုသူက စိတ်ဝင်စားဖို့ကောင်းသည့်အတွက် ဝမ်ဝေ့က သံသယဝင်လာပြီး သတိကြီးကြီး ထားထားမိသည်။
သူက ထိုသူကို အနီးကပ်ကြည့်ပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်သည်။ သူက သတိကြီးကြီးထားလွန်းသည့်အတွက် တုံးအသည်ဟုပင် ခံစားမိလိုက်၏။ ဝမ်ဝေ့က သက်ပြင်းချကာ ရေရွတ်လိုက်၏။
တစ်ခါတစ်လေ ဉာဏ်ကောင်းလွန်းတာကလည်း ပြစ်ချက်တစ်ခုပဲ…
ထိုလူက ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ အကြောင်းမှာ ထိုသူက အသက်မရှင်တော့၍ ဖြစ်၏။
ထိုတာအိုအရှင်က ဉာဏ်ကောင်းလွန်းပြီး သူ့ကျင့်ကြံဆင့်ကို မြှင့်ဖို့အတွက် ဤနေရာကို စုပ်ယူဖို့ ကြိုးစားခဲ့သည်။ ဝမ်ဝေ့က ထိုသူ တွေးနေသည့်အရာများကို မှန်းဆမိလေ၏။ ဤနေရာကို အသုံးပြုပြီး စံပြအဆင့်သို့ ဝင်ရောက်ခြင်းဖြင့် သူသည် ကပ်ပါးများဆီမှ ပုန်းအောင်းနိုင်မည့် အကြောင်းတရားမဲ့ ဂုဏ်သတ္တိကို အသုံးပြုနိုင်လိမ့်မည်။ ထို့အပြင် ဤခေတ်ကာလတွင် စံပြတစ်ယောက်ဖြစ်လာမည့် အောင်မြင်မှုကိုပင် ရယူနိုင်လိမ့်မည်။
သူ့အတွက် ကံဆိုးသွားသည်က သူသည် ကိုယ့်ကိုယ်ကို အထင်ကြီးမိခြင်း ဖြစ်၏။ ဤအကြောင်းတရားမဲ့ သုခဘုံကို စုပ်ယူမည့်အစား သူကသာ စုပ်ယူခံလိုက်ရပြီး ကံရုပ်သေးရုပ်ဟု ခေါ်ဆိုသည့် ထူးကဲသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
လူက ငါ့ရဲ့ ကံအနှောင်အဖွဲ့ကင်းရုပ်ခန္ဓာကို အဆင့်မြှင့်တင်ဖို့ ပြီးပြည့်စုံတဲ့ ပစ္စည်းတစ်ခုပဲ…
ဝမ်ဝေ့က အကြည့်များက တောက်ပလာကာ တွေးလိုက်သည်။
ဒါပေမဲ့…
သူက လက်ကို မြှောက်ကာ ထိုလူငယ်လေးကို ပစ်မှတ်ထားသည့် အနီရောင်ကြိုးမျှင်တစ်ခုကို ဖန်တီးလိုက်သည်။ ထင်ထားသည့်အတိုင်း ကြိုးမျှင်များစွာက သူ့ကြိုးပမ်းမှုကို ဖြတ်တောက်သွားခဲ့သည်။
ယခု သူက ပတ်ဝန်းကျင် တစ်စိတ်တစ်ပိုင်းဖြစ်နေပြီဆိုတော့ သူ့ကို ယူလိုက်တာက ဒီအကြောင်းတရားမဲ့ သုခဘုံရဲ့ တစ်စိတ်တစ်ပိုင်းကို ယူလိုက်တာနဲ့ အတူတူပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါက အချိန်အတော်ကြာလိမ့်မယ်။
သူက တုံ့ဆိုင်းမနေဘဲ ထိုအမျိုးသားဝန်းကျင်တွင် အစီအရင်များကို စတင်ခင်းကျင်းလိုက်သည်။ သူက ထိုအချိန်ကို အသုံးပြုကာ ဤနေရာအား ပိုမိုနားလည်အောင် ကြိုးစားလိုက်၏။
ထိုအရာက မာ မျိုးနွယ်ကို ရှာဖွေဖို့ရာ အထောက်အကူ ဖြစ်လိမ့်မည်။
ဖြစ်စဉ်တစ်ခုလုံးက တစ်လတာ ကြာမြင့်ခဲ့၏။ ထို့နောက် သူက အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ တန်ပြန်သက်ရောက်မှုကလည်း ချက်ချင်းဆိုသလို ဖြစ်၏။ ကြိုးမျှင်မြောက်များစွာက ဝမ်ဝေ့ဆီ တိုးဝင်လာသည့်အတွက် သူ့အမူအရာ ပျက်ယွင်းသွားစေသည်။
သူ့အနေနှင့် ထိုကြိုးမျှင်တစ်ခုသာ သူ့ကို ထိမှန်သွားလျှင် ကြီးကြီးမားမား ထိခိုက်မည်ဖြစ်ကြောင်း ပြောနိုင်လေ၏။ တာအိုသက်သေပြပြီးကတည်းက သူသည် ကံအနှောင်အဖွဲ့မှ လွတ်မြောက်လုနီးပါးဖြစ်သွားသည့်အတွက် သူလုပ်ချင်ရာကို လုပ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုကြိုးမျှင်များကမူ သူ့ ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကို ဖြတ်ကျော်ပြီး အကုသိုလ်ကံကြွေးများကို အတင်းအကြပ် ထားရှိနေသည်။
ဝမ်ဝေ့က ကာကွယ်ရေးနည်းလမ်းများအားလုံးကို အသက်သွင်းလိုက်သော်လည်း သူ ဖြစ်ချင်သလိုမျိုး အသုံးမဝင်ခဲ့ပေ။ ထိုကြိုးမျှင်များက မည်သူကမှ ကံအကြောင်းတရားမှ မလွတ်မြောက်နိုင်ဘူးဟူသော စကားပုံကို ကိုယ်စားပြုသည့်အလား ပြေးဝင်လာသည်။ ဝမ်ဝေ့၏ နည်းလမ်းများက ထိုကြိုးမျှင်များ၏ ချဉ်းကပ်မှုကို နှောင့်နှေးနိုင်ရုံမျှသာ ဖြစ်၏။
ဒီပုံစံအတိုင်းဆိုရင် ခုခံရေးဒိုင်းကာတွေက ငါ့အတွက် အချိန်လုံလုံလောက်လောက် ဆွဲမပေးနိုင်တော့ဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ထိုအခွင့်အရေးကို လက်မလွှတ်လိုသောကြောင့် တစ်စုံတစ်ခုကို ထပ်မံကြိုးစားကြည့်လိုက်သည်။ သူက ကံမြစ်ကြောင်းကို ဆင့်ခေါ်လိုက်၏။ သူ့ နဝမအဆုံးစွန်အုတ်မြစ်ကျင့်ကြံရေးအတွင်း သူ့ကိုယ်ပွားတစ်ယောက်က ကံမြစ်ကြောင်း၏ ရှေ့ပြေးကို ဖန်တီးခဲ့ဖူးသည်။ ထိုအရာက ဝမ်ဝေ့၏ ကံရုပ်ခန္ဓာအတွက် အုတ်မြစ်အနေဖြင့် ဖြစ်၏။
သူက ထိုသဏ္ဌာန်ပြမှုဆီမှ အားဖြည့်မှုကို အသုံးပြုကာ ကြိုးမျှင်များကို နှောင့်နှေးထားလိုက်သည်။ သူ့အစီအစဉ်က အလုပ်ဖြစ်ခဲ့၏။ သို့သော် အလုပ်ဖြစ်လွန်းနေခဲ့သည်။ မြစ်ကြောင်း ပေါ်ထွက်လာသည်နှင့် ကြိုးမျှင်များက ရပ်တန့်သွားပြီး နတ်ဘုရားမတစ်ပါးက အဝတ်အစားများကို မတော်တဆ ဖယ်ရှားလိုက်သလိုမျိုး ချက်ချင်းဆိုသလို ပြေးဝင်လာလေသည်။
ဘာတွေဖြစ်နေတာလဲ…
ဝမ်ဝေ့က ထိုမြစ်ကို ဖယ်ရှားဖို့ ကြိုးစားလိုက်လေသည်။ သူက ထိုအရာကြောင်း နည်းနည်းသာ သိသည့်အတွက် သူတို့ကို ထိတွေ့ခွင့်ပေးလျှင် သူ့ခန္ဓာကိုယ်၏ အုတ်မြစ်က မည်သို့ဖြစ်သွားမည်ကို မည်သူကများ သိမည်နည်း။ သူက အနီးကပ် စောင့်ကြည့်လိုက်၏။
ကြိုးမျှင်များက စိတ်လှုပ်ရှားနေပြီး မြစ်ကြောင်းဆီ ပြေးဝင်လာနေစဉ် ဝမ်ဝေ့အား ထိုရုပ်သေးရုပ်ကို စည်းပိတ်ဖို့ အချိန်လုံလုံလောက်လောက် ဆွဲပေးနိုင်ခဲ့သည်။ သို့သော် ဝမ်ဝေ့က အဆိုးခံစားချက်တစ်ခု ဝင်ရောက်လာလေ၏။
ဘန်း
တောင်တစ်ခုလုံး၏ အမူအရာက တုန်ယင်သွားကာ ဝမ်ဝေ့၏ အမူအရာက တောင့်တင်းသွားခဲ့သည်။ သူက အနီရောင်အလင်းတန်းမြောက်များစွာသည် သူ့ဆီ ပြေးဝင်လာကြောင်း တွေ့လိုက်ရ၏။ ထိုအလင်းတန်းက အနီရောင်ကံကြိုးမျှင်များဖြင့် ဖွဲ့စည်းထားသည်ကို မြင်လိုက်ရသည်။
ကျစ် ဒီမြစ်ကြောင်းက ဒီအရာတွေအတွက် ဘာလို့ ဆွဲဆောင်မှု ရှိနေရတာလဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော်လည်း သူက တွေးနေဖို့ရာ အချိန်များများစားစား မရှိပေ။
ထိုသို့သော သိသာသည့် တုံ့ပြန်မှုမျိုးက သူ့ခေါင်းထဲတွင် အန္တိမသဟဇာတ ကြီးစိုးနေသည့်အခါ ပိုမိုအန္တရာယ်ကြီးမားသွားသည်။ အစီအရင်က လုပ်ဆောင်ချက်ရှိနေလျှင်ပင် ဤသို့သော ထူးကဲသည့်နေရာမျိုး၌ မူမမှန်မှုကို သတိထားမိဘဲ နေဖို့ မဖြစ်နိုင်ပေ။
ဝမ်ဝေ့က ဤနေရာတွင် ကြာကြာမနေနိုင်တော့ကြောင်း သိသော်လည်း သူက ထိုအခွင့်အရေးကိုလည်း လက်မလွှတ်လိုပေ။
ကျစ် ဘဝက ဘယ်တုန်းက အဲ့လောက်များ ခက်ခဲသွားရတာလဲ…
ဝမ်ဝေ့က ကျိန်ဆဲလိုက်သည်။ သူက ကံကောင်းမှု၏ သားတော်ဖြစ်ပြီး ကံကြမ္မာမှ မျက်နှာသာပေးထားသူ ဖြစ်၏။ သူ့ဘဝက စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း အများစုက သူ့အတွက် အလုပ်ဖြစ်သွားလေ့ ရှိသည်။ သို့သော်လည်း လတ်တလောအနေအထားအရ မည်သည့်အရာမှ ချောမွေ့မနေခဲ့ပေ။ သူက အချိန်ငှားယူခြင်း နည်းစနစ်ကို ထုတ်သုံးဖို့ တုံ့ဆိုင်းမနေတော့ပေ။ စက္ကန့်ပိုင်းလေးအတွင်း စည်းတံဆိပ်က ပြီးမြောက်သွားပြီး သူက ရုပ်သေးရုပ်ကို သိမ်းဆည်းကာ ဤနေရာမှ ထွက်လာခဲ့လိုက်သည်။ ကံဆိုးစွာဖြင့် ထိုကြိုးမျှင်များက ပတ်ဝန်းကျင်အာကာပြင်တစ်ခုလုံးကို ပိတ်ဆို့ထားလေ၏။
စိတ်တိုစရာပဲ…
ဝမ်ဝေ့က ကျိန်ဆဲလိုက်ပြီးသည့်နောက်တွင် အာကာပြင်စုတ်ဖြဲခြင်းနည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်၏။ သို့သော်လည်း ဤသည်က ပုံမှန်အမျိုးအစား မဟုတ်ဘဲ အာကာသနှင့် ကာရန်တာအိုကို ပေါင်းစည်းထားမှု ဖြစ်သည်။ ထိုချဉ်းကပ်မှုဖြင့် သူသည် ကံကြိုးမျှင်များ ဖွဲ့စည်းထားသည့် အနှောင်အဖွဲ့ကို ချိုးဖောက်ကာ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
ဝမ်ဝေ့က ပြန်လာပြီးသည့်နောက်တွင် စည်းမျဉ်းမဲ့ဇုန်သို့ ပြန်လည်ရောက်ရှိလာ၏။ သူက အကြည့်များစွာသည် ထိုပိုင်နက်ပေါ် ရောက်ရှိသွားမည်ကို ပြောနိုင်နေသည်။ ထို့ကြောင့် သူသည် နီးနီးကပ်ကပ်ပင် မနေတော့ပေ။ သူက အထဲတွင် ရုပ်သေးရုပ် အိပ်စက်နေသည့် သလင်းကျောက်တစ်ခုကို ထုတ်လိုက်၏။
သူက စည်းမျဉ်းမဲ့ဇုန်အတွင်းတွင် သလင်းကျောက်ကို စည်းပိတ်လိုက်ပြီး ဒိုင်မေးရှင်းအခွဲတစ်ခုကို တည်ဆောက်ပြီးနောက်တွင် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ဝမ်ဝေ့က ဝိရောဓိအခြေအနေတွင်ဖြစ်နေသည့်အတွက် သာမန်ကာလျှံကာ တွေ့လာသည့်အရာမျိုးကို မည်သို့စုပ်ယူနိုင်မည်နည်း။
လက်ရှိအခြေအနေ၌ သူသည် အန္တိမသဟဇာတက သူ လုပ်သမျှအရာအားလုံးကို စောင့်ကြည့်နေခြင်း သို့မဟုတ် သူ့ကံကောင်းမှုအပါအဝင် အရာအားလုံးကို ထိန်းချုပ်နေသည်ဟူသော အယူအဆပေါ်မူတည်၍ လှုပ်ရှားနေခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူသည် ရုပ်သေးရုပ်က ဘာမှမမှားယွင်းကြောင်း အတည်မပြုနိုင်မခြင်း သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားမည် မဟုတ်ပေ။
အခု ငါ စပြီ…
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူ့ဦးတည်ရာက အနီရောင်ခေါင်းတလားနယ်မြေဆီ ဖြစ်၏။ သူ သိထားသလောက် ဟိုးရှေးအချိန်ကတည်းက ကံတာအို ထိပ်တန်းစံပြတစ်ယောက်သည် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဝိညာဉ်အဖြစ် လွတ်မြောက်သွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်က ထိုပိုင်နက်အသွင်ပြောင်းလဲသွားကာ ကံဆက်နွယ်သည့် အရင်းအမြစ်များစွာ ဖြစ်ပေါ်လာသည်။ ထိုနေရာက ယခင်အကြောင်းအရင်းမဲ့ သုခဘုံနှင့် ယှဉ်လိုက်လျှင် သက်ရောက်မှု နည်းပါးသော်လည်း လုံလောက်သည်ထက် ပိုပေသည်။ သို့သော်လည်း ဝမ်ဝေ့ ချက်ချင်းဆိုသလို ရပ်တန့်လိုက်သည်။
ငါက ဘာလို့ ဒီလိုတုံးအအ အရာမျိုးကို လုပ်နေရတာလဲ။ အန္တိမသဟဇာတက ငါက ကံဆက်စပ်တဲ့ နေရာတွေကို သွားရင်း မထင်မှတ်ထားတဲ့ အရာတစ်ခုဖြစ်ပေါ်လာတာကို သိတယ်။ သူ့အတွက် ငါက နောက်ထပ်တစ်နေရာကို ပြောင်းမယ်ဆိုတာကို ကောက်ချက်ချဖို့ လွယ်ကူမနေဘူးလား။ ငါက ငါ့ကိုယ်ငါ သားရဲခံတွင်းဝထဲ နေနေသလို ဖြစ်မနေဘူးလား…
ဝမ်ဝေ့က တွေးလိုက်သည်။
ထို့နောက် သူ့ကျောပေါ်၌ မတည်ရှိလုနီးပါး ချွေးသီးချွေးပေါက်တို့ ကျဆင်းလာသည်။ ထို့နောက် တစ်နေရာဆီ ကူးသန်းသွားလိုက်၏။ သူက သူ့ကိုယ်သူ မှီခိုဖို့ ဆုံးဖြတ်ထားခဲ့သည့်အတွက် ဒိုင်မေးရှင်းတစ်ခုကို တည်ဆောက်ဖို့ ပိုင်းခြားထားသော နေရာတစ်ခုကို ရှာတွေ့ထားသည်။ သူက သူ့ဇနီးငှားထားသည့် ကံရတနာတစ်ခုကို ဆင့်ခေါ်လိုက်၏။ မှန်ပေသည်။ မှန်ပေသည် … ငှားထားတာဖြစ်ပြီး ပေးထားခြင်း မဟုတ်ပေ။
အကြောင်းတရားမဲ့ ကောင်းကင်ဘုံရဲ့ တည်ဆောက်မှုတချို့ကို အမှတ်ရနေသေးတယ်။ ငါ အဲဒါကို ပုံတူပွားနိုင်လောက်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း အစပြုလိုက်၏။ သူက ကံစံပြအသုံးအဆောင်ပစ္စည်းများကို ဗဟိုချက်အနေဖြင့် အသုံးပြုကာ တစ်ကြိမ်လျှင် တစ်ခါ တည်ဆောက်လိုက်သည်။ ဝမ်ဝေ့က ထိုလေ့ကျင့်မှုသည် သူ့ကံတာအိုအပေါ် နားလည်မှုတစ်ခု ထားနိုင်ကြောင်း သိလိုက်ရ၏။ ထို့နောက် သူက အာရုံနစ်မြောသွားလေသည်။
အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အဆုံးသတ်တော့မည့် ခံစားချက်ကို ခံစားမိပြီး ချက်ချင်းဆိုသလို ရပ်တန့်လိုက်၏။
ဘာဖြစ်သွားတာလဲ…
သူက ထိုခံစားချက်ကို ခံစားမိပြီးသည့်နောက်တွင် စတင်ကျိန်ဆဲလိုက်သည်။ သူက ထိုအပြုအမူမှတဆင့် ကံအပေါ် နားလည်ထားမှုက သူ့ကျင့်ကြံဆင့်ကို တစ်ရာခိုင်နှုန်း တိုးမြှင့်ဖို့ လုံလောက်သော်လည်း ထိုသို့သော အတက်အကျလှိုင်းက ကောင်းကင်သော့ခလောက်၏ စည်းမျဉ်းတချို့ကို ထိတွေ့ဖို့ လုံလောက်နေလေသည်။ တခြားနည်းဖြင့်ပြောရလျှင် သူသာ အချိန်မှီမရပ်တန့်ပါက မိုးကြိုးသည် သူ့ကို ထိမှန်လာလိမ့်မည်။
သို့သော်လည်း ဝမ်ဝေ့က ထိုအရာကို ဂရုမစိုက်ဘဲ စတင်ရယ်မောလိုက်၏။ သူက ကြီးကြီးမားမား ရှာဖွေမှုနှစ်ခုကို တွေ့ရှိသည့်အတွက် ပျော်ရွှင်နေမိသည်။ ပထမဦးစွာ သူသည် ထိုကြိုးမျှင်များက သူ့ကံမြစ်ကြောင်းအပေါ် အတော်လေး တက်ကြွနေသည့် အကြောင်းအရင်းကို နားလည်သွားခဲ့၏။ အဖြေက ရိုးရှင်းလှသည်။ အကြောင်းတရားမဲ့ သုခံဘုံက သူ့ကိုယ်ပိုင်ကံမြစ်ကြောင်းကို တည်ဆောက်လိုသည့် တစ်စုံတစ်ယောက်၏ ကျရှုံးသွားသော စမ်းသပ်ချက်တစ်ခုသာ ဖြစ်နေလေ၏။
ထိုနေရာရှိ ကံကြိုးမျှင်များက တခြားသူ၏ စွဲလမ်းမှုများ ပါဝင်နေလေသည်။ သူတို့က ဝမ်ဝေ့ကို မြင်သည့်အခါ ဤသည်က သူတို့၏ ရည်ရွယ်ချက်ကို ပြီးမြောက်ဖို့ အခွင့်ကောင်းဟု ထင်သွားကြ၏။
အစွဲအလမ်းက တကယ်ကို အံ့ဩဖို့ကောင်းတဲ့ စွမ်းအားတစ်ခုပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သို့သော်လည်း သူက ခေါင်းအသာယမ်းလိုက်၏။ ထို့နောက် သူ ဒုတိယရှာဖွေတွေ့ရှိမှုကို အာရုံစိုက်ထားလိုက်သည်။ သူက ကောင်းကင်သော့ခလောက်၏ အတားအဆီးမှ ဟာကွက်တစ်ခုကို တွေ့လိုက်ရသည်။
ငါက ဗဟုသုတတွေကို လေ့လာပြီး စုဝေးပြီးတော့ ကျင့်ကြံနိုင်တယ်။ ဒါပေမဲ့ အဲဒီဗဟုသုတတွေက ငါ့ရဲ့မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်းအထိ မရောက်ခင် ငါက သူတို့ကို စည်းပိတ်လိုက်ရမှာ…
ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။
ထိုနည်းလမ်းက မပြီးပြည့်စုံသေးဘဲ ဟာကွက်နှစ်ခု ရှိလေ၏။ ပထမတစ်ခုကမူ ထူးကဲသည့် ပါရမီ လိုအပ်ပေသည်။ ဝမ်ဝေ့ကဲ့သို့ တစ်စုံတစ်ယောက်နှင့် သင့်တော်သည့် စည်းပိတ်ရေး နည်းလမ်းတို့က လိုအပ်ပေသည်။ ထို့အပြင် ထိုနည်းလမ်းက အကြောင်းတရားမဲ့ကောင်းကင်ဘုံကဲ့သို့ သင်ယူဖို့ရာ ထောက်ပံ့ပေးနိုင်သော ထူးကဲသည့်နေရာမျိုးကို လိုအပ်ပေသည်။
ထိုအကြီးဆုံးဟာကွက်ကမူ လက်ရှိအနေဖြင့် ဝမ်ဝေ့၏ ကျင့်ကြံဆင့်ကို မတိုးမြှင့်နိုင်ခြင်း ဖြစ်၏။ သူက ထိုသော့ခလောက်ကို ဖြေရှင်းပြီးသည်အထိ သူ့မှတ်ဉာဏ်များကို စည်းပြန်ဖွင့်ဖို့ စောင့်ဆိုင်းရမည်။ သတင်းကောင်းကမူ လုံလုံလောက်လောက် စုဆောင်းထားသရွေ့ မှတ်ဉာဏ်မှ တန်ပြန်သက်ရောက်မှုက သူ့ကျင့်ကြံဆင့်ကို ချက်ချင်းဆိုသလို မြှင့်တင်ပေးနိုင်လိမ့်မည်။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်၏။
နောက်ဆုံးတော့ ဒီလှောင်ချိုင့်ကို ဖျက်ဆီးဖို့ မျှော်လင့်ချက်တချို့တော့ တွေ့ခဲ့ရပြီ…
မည်သည့်အရာကမှ ပြီးပြည့်စုံခြင်း မရှိဘဲ ယခု သူက ထိုသော့ခလောက်၏ ဟာကွက်တစ်ခုကို တွေ့လိုက်ရသည့်အတွက် ကျန်အရာများကို ဆက်လက်ရှာဖွေနိုင်သည်။