ပထမဦးဆုံး ကြီးကြီးမားမား ထိပ်တိုက်တွေ့ဆုံခြင်း
Vol. 97 Ch. 1350
“ခင်ဗျားက ဒီလူတွေဆီက ဝိညာဉ်ကန်ကို ဝှက်ထားနိုင်မလားဆိုတာကို သိချင်တယ်” ဝမ်ဝေ့က သူ့ခေါင်းအထက်ကို လက်ညှိုးထိုးရင်း မေးလိုက်သည်။
“ဒါက ပြဿနာ မဟုတ်ပါဘူး။ အထူးသဖြင့် ငါ့ကို သူတို့ရဲ့ တည်ရှိမှုအကြောင်း ပြောပြပြီးတဲ့နောက်မှာပေါ့” မာလီချိုးက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“အိုး အဲ့လောက်တောင် ယုံကြည်ချက် ရှိတယ်လား။”
သို့သော် သူမ၏ တုံ့ပြန်ချက်က အပြုံးမျှသာ ဖြစ်၏။
“ကျုပ်က ဒါကို အကျိုးအမြတ်ကြောင့် လုပ်တယ်ဆိုတာကို သတိပေးရဦးမယ်။ အကျိုးအမြတ်မရှိဘဲ ကြွက်သားတစ်ခုတောင် လှုပ်ရှားမှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲ့လောက်တောင် တဲ့တိုးဆန်တယ်လား။ ကောင်းပြီလေ။ မင်း စိုးရိမ်စရာ မလိုပါဘူး” မာလီချိုးက ပြန်ဖြေလိုက်သည်။
“ခင်ဗျား အဲ့လိုပြောရင်လည်း ပြီးတာပါပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ကျုပ်ရဲ့ နောက်တောင်းဆိုချက်က မေးခွန်းတစ်ခုပဲ။ ကျုပ် ရိုးသားတဲ့ အဖြေတစ်ခုကို လိုချင်တယ်”
“ပြောပါ”
“ခင်ဗျား အသက်ရှင်နေသေးလား” ဝမ်ဝေ့က မေးလိုက်သည်။ သူ့မေးခွန်းက သူမကို ကြောင်အမ်းသွားစေ၏။ သူက သူမ၏ မျက်နှာအမူအရာမှ စိတ်ခံစားချက်များကို မြင်လိုက်ရလေသည်။
“ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပဲ။ မင်းကို အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ …. မရှင်တော့ဘူး။ ဒါပေမဲ့ ကိစ္စတွေက အဲ့ထက်ပိုပြီးတော့ ရှုပ်ထွေးတယ်” မာလီချိုးက ရေရွတ်လိုက်သည်။
“မပြီးမပြတ်အခြေအနေထဲ ဝင်ရောက်သွားတာထက် ပိုပြီးတော့ ရှုပ်ထွေးတာလား”
“ဟုတ်တယ်။ အဲ့ထက်ကို ပိုပြီးတော့ ရှုပ်ထွေးတယ်”
“ကျုပ် သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ကျုပ် အပေးအယူကို လက်ခံတယ်။ စံပြအတွက် လိုအပ်ချက်တွေ ရှိသေးလား”
“မရှိဘူး။ မျိုးနွယ်ကို ပျက်သုဉ်းမသွားစေချင်ရုံပဲ။ သူတို့တွေက မာမျိုးနွယ်ကို ထိန်းသိမ်းထားနိုင်သရွေ့ ငါ့အတွက် လုံလောက်တယ်”
“ကောင်းပါပြီ။ အဲဒါဆိုရင် ကျုပ်တို့တွေ ဘယ်လိုလုပ်ကြမလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“မင်းက ငါတို့မျိုးနွယ်ရဲ့ ကံကောင်းမှုစုစည်းရေး အသုံးအဆောင်ပစ္စည်းကို ရှာပြီးတော့ လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲ ဝင်ရောက်ဖို့ပဲ လိုတယ်”
ဝမ်ဝေ့က ထိုစကားကို ကြားကာ မျက်မှောင်ကြုတ်လိုက်၏။
“တခြားရော ရှိသေးလား”
“ဒါပဲ” မာလီချိုးက ခေါင်းညိတ်လိုက်သည်။
“တာအိုရောင်းရင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်”
သူမက ပြုံးလိုက်ပြီး ဆွဲဆောင်မှုရှိရှိ အလှတရားကို ပြသလိုက်သည်။
ဝမ်ဝေ့က ထိုပုံရိပ် ပျောက်ကွယ်သွားသည်ကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်၏။
“စာချုပ် မချုပ်ဘူးလား။ သူမက ကြည့်ရတာ အာမခံချက်ရှိတဲ့ပုံပဲ။”
ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် နောက်ထပ် ခေါင်းကိုက်မှုတစ်ခု ရောက်ရှိလာတော့မည်ကို ခံစားမိလိုက်သည်။
“ဒါပေမဲ့ အတုအယောင် ထူးကဲသာလွန်မှုအဆင့်ဆီကတော့ ဒါမျိုးကို ထင်ထားသင့်တာ”
အတုအယောင် ထူးကဲသာလွန်မှုအဆင့်က ဝမ်ဝေ့ ဖန်တီးထားသည့် အဆင့်တစ်ခုသာမကပေ။ သူတို့အထက်တွင် အစစ်အမှန်ကင်းမဲ့ ထူးကဲသာလွန်မှုအဆင့်များလည်း ရှိနေသေး၏။ ထိုလူများက ထူးကဲသာလွန်မှုလမ်းစဉ်ကို ဝင်ရောက်ဖို့ ကျရှုံးခဲ့သော်လည်း ကံကောင်းမှုကြောင့် သို့မဟုတ် ဉာဏ်ကြောင့် အသက်ရှင်ခဲ့သည့်သူများ ဖြစ်ပေသည်။ ထိုလူများ၏ တည်ရှိမှုက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် အရည်အသွေးများ ပါဝင်နေပြီး သူတို့အား ရှေးဦးစံပြများထက် ပိုမိုအားကောင်းစေသည်။
ဝမ်ဝေ့နှင့် ဝူဟုန်တို့က [အတုအယောင်] နှင့် [အစစ်အမှန်ကင်းမဲ့] ထူးကဲသာလွန်မှုအဆင့် များများစားစား မရှိကြောင်း ကောက်ချက်ချထားကြသည်။ အကြွင်းမဲ့တားမြစ်ချက်၏ ရလဒ်ကြောင့် အရေအတွက်က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ထက်ပင် နည်းပါးလောက်သည်။ သို့သော်လည်း ထူးကဲသာလွန်မှုခေတ်ကာလစတင်သည်နှင့် ထိုသူများက များပြားလာလိမ့်မည်။
အဲဒါဆိုရင် ငါ နောက်ထပ် ဘာလှုပ်ရှားရမလဲ…
သူမကို ကူညီပေးရမှာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူမကို နယ်ရုပ်တစ်ခုလို ဆက်ဆံရမှာလား…
ဝမ်ဝေ့က တွေးလိုက်သည်။ ထိုအမျိုးသမီးအပေါ် သံသယများစွာ ရှိလေ၏။ သူတို့စကားဝိုင်းက ဖြည်းဖြည်းချင်း အမှန်တရားကို ပြသလာခဲ့သည်။သူ ပထမဦးစွာ သူက သူမအား ဝိညာဉ်စွမ်းအား စုစည်းနိုင်မည့် လူစာရင်းထဲတွင် သေမျိုးများအကြောင်း ပြောခဲ့သည်။ ထိုသို့သော အပြုအမူမျိုးက လောဘကြီးပြီး အကျိုးအမြတ်များ လိုချင်ကြောင်း ထင်ရသော်လည်း သူက စမ်းသပ်လိုက်ခြင်း ဖြစ်၏။
မာလီချိုးက သူ့ကို အတိတ်မှ ဆက်သွယ်နေခြင်း ဖြစ်၏။ ဝမ်ဝေ့ တောင်းဆိုသည့်အရာက သမိုင်းကြောင်းကို အခြေခံအားဖြင့် ပြောင်းပေးနိုင်လိမ့်မည်။ ထိုသို့သော အပြုအမူမျိုးက ဝူဟုန်အဆင့်လို ရှေးဦးစံပြတစ်ယောက်ကို သတ်ဖို့ တန်ပြန်သက်ရောက်မှု ဖြစ်ပေါ်လာစေနိုင်သည်။
သို့သော် သူမက ဘာမှမဟုတ်သကဲ့သို့ အလွယ်တကူ သဘောတူလိုက်၏။ သူမ သဘောတူလိုက်သည်နှင့် ဝမ်ဝေ့က သူမ၏ အင်အားအကြောင်း သံသယဖြစ်လာခြင်း ဖြစ်သည်။
ထို့နောက် သူက သူမ၏ အဆင့်အတန်းအကြောင်း မေးခဲ့စဉ် သူမ၏ အဖြေက သေဆုံးသွားပြီဟု ပြောသော်လည်း သူ့ထံ ထုတ်ပြဖို့ ရှုပ်ထွေးသည့် သတင်းအချက်အလက်များ ရှိနေကြောင်း သိလိုက်သည်။ နောက်ဆုံးတွင် သူမ၏ ရည်ရွယ်ချက်လည်း ရှိနေသေး၏။
သူမက အသက်ပြန်ရှင်ချင်တာ ဖြစ်နိုင်တယ်။ မာ မျိုးနွယ်ထဲက စံပြဖြစ်ဖို့ ရွေးချယ်လိုက်တဲ့သူထဲကနေ သူမက အခွံအနေနဲ့ သုံးပြီးတော့ အောင်မြင်အောင် လုပ်နိုင်လောက်တယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ဧကရာဇ်တစ်ယောက်က သူတို့၏ သွေးမျိုးဆက်ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို အသက်ပြန်သွင်းနိုင်လေသည်။ မာလီချိုးလို အဆင့်မျိုးကို ဆိုထားဖွယ် မရှိတော့ပေ။ သူမက သွေးမျိုးဆက် အသုံးပြုဖို့ရာပင် မလုံလောက်ပေ။ မျိုးနွယ်သဘောတရားကိုယ်တိုင်ကပင် သူမကို အသက်ပြန်ရှင်စေဖို့ လုံလောက်စေသည်။
အခွံနဲ့တော့ လေ့ကျင့်ပေးနိုင်လောက်တယ်။ ဒါပေမဲ့ အဲဒါက လိုအပ်လို့လား…
ဝမ်ဝေ့က စဉ်းစားလိုက်သည်။
သူမရဲ့ ထူးကဲသာလွန်မှုနည်းလမ်းက လေဟာနယ်ပုံရိပ်ယောင်နယ်မြေနဲ့ ပတ်သက်နေတဲ့ပုံပဲ…
သူမရဲ့ အသက်ပြန်ရှင်မှုက ငါ ရရှိထားတဲ့ ထိန်းချုပ်မှုကို ဆုံးရှုံးသွားမှာလို့ ဆိုလိုနေတာ။ ဒါပေမဲ့ ဒီလိုမျိုး အလားအလာရှိတဲ့သူမျိုးနဲ့ ရန်သူဖြစ်ဖို့ လုံလောက်ရဲ့လား…
ဝမ်ဝေ့က ဖြည်းဖြည်းချင်းဖြင့် အကောင်းအဆိုးကို ချင့်ချိန်နေသည်။
မာ မျိုးနွယ်ကို တာအိုအခွင့်အလမ်းဂိုဏ်းဆီ ခေါ်ပြီးတော့ သူမ အသက်ပြန်ရှင်လာရင် ငါတို့က နောက်ထပ်ထူးကဲသာလွန်မှုမျိုးစေ့ ရှိလာနိုင်တာပဲ။ ဒါပေမဲ့ ဒီလိုအင်အားစုမျိုးကို မိသားစုမျိုးနွယ်ကြောင့် ထိန်းချုပ်ခံရမယ်ဆိုတာကတော့ နည်းနည်းမရိုသေရာကျတယ်…
မာလီချိုးနှင့် လက်ရှိ မာ မျိုးနွယ်ကြားတွင် မျိုးဆက်များစွာ ကွာခြားသည့်အတွက် သူမအသက်ပြန်ရှင်လာသည့်အချိန်ကို မဆိုထားရသေးပေ။ ဝမ်ဝေ့က အချိန်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။ မာလီချိုးက တာအိုအခွင့်အလမ်းဂိုဏ်းရှေ့ အသက်ပြန်ရှင်လာခဲ့လျှင် သူမက သူမ၏ စွမ်းအားကို အသုံးပြုကာ အင်အားစုတစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြိုးစားလိမ့်မည်။
အဲဒါဆိုတော့ မာ မျိုးနွယ်စံပြတစ်ယောက်ကို ပြုစုပျိုးထောင်ပေးမဲ့အချိန်ကို ထိန်းချုပ်ရမယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဂိုဏ်းက ထူးကဲသာလွန်မှုအဆင့် တစ်ယောက်၊ နှစ်ယောက်လောက် ရှိနေတဲ့အထိ စောင့်ဆိုင်းတာတော့ အကောင်းဆုံးပဲ။ ဒီနည်းနဲ့ဆိုရင် ငါတို့က သူမကို ထိန်းချုပ်သလို အရင်းအမြစ်တွေ လမ်းညွှန်မှုတွေနဲ့ ငါတို့ဘက်ကို ဆွဲခေါ်နိုင်လိမ့်မယ်။ ပြီးတော့ သူမက သုံ့လီဖန်းရဲ့ ထူးကဲသာလွန်မှုလမ်းစဉ်အတွက် ထူးကဲပြောင်မြောက်တဲ့ ဆရာတစ်ယောက် ဖြစ်လာနိုင်တယ်…
လေဟာနယ်ပုံရိပ်ယောင်နယ်မြေက အိပ်မက်ကမ္ဘာနှင့် ဆင်တူနေသည်။ အကယ်၍ မာလီချိုးသာ အောင်မြင်ခဲ့ပါက သုံ့လီဖန်းသည် သူမ၏ နည်းလမ်းမှ လှုံ့ဆော်မှုတချို့ ရယူနိုင်ပြီး ဂိုဏ်းအတွက် ထူးကဲသာလွန်မှုအဆင့် တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်လိမ့်မည်။
ကောင်းပြီလေ။ အခု ဆုံးဖြတ်ပြီးသွားပြီ…
ဝမ်ဝေ့က တွေးလိုက်သည်။ ယခု သူက ဤပူးပေါင်းမှုကို မည်သို့ဆက်ဆံရမည်ကို သိထားပြီဖြစ်သည့်အတွက် ပိုမိုစိတ်အေးသွားမိ၏။ အစီအစဉ်က ပြီးပြည့်စုံနေသည်။ ထိုသို့အလုပ်မဖြစ်လျှင်ပင် သူက မာလီချိုးနှင့် မဟာမိတ် ဖွဲ့ချင်၏။
အားကောင်းသည့် မိတ်ဆွေများ ရှိခြင်းက အမြဲလိုလို ကောင်းလေသည်။ ဝမ်ဝေ့က လေဟာနယ် ကူးသန်းလာပြီးသည့်နောက်တွင် မာမျိုးနွယ်ကို တွေ့ရှိသွား၏။
သူက လူများပြည့်နှက်နေသည့် လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လိုက်သည်။ ထိုသူများကို ပုံမှန်မျက်လုံးဖြင့် ကြည့်ပါက သာမန်ဟု ထင်ရသော်လည်း ဝမ်ဝေ့ကမူ ထိုထက် ပိုမိုမြင်လေသည်။ သူက လူမှုအဖွဲ့အစည်းကြား နှိမ့်ချခံထားရသည့် မာနကြီးသည့် လူအုပ်စုကို မြင်တွေ့နိုင်၏။ မာမျိုးနွယ်က သူတို့ဘိုးဘေး၏ အောင်မြင်မှုများကြောင့် မာနကို အမွေဆက်ခံထားကြသည်။ သို့သော်လည်း သူတို့က ထိုအရာကို ထိန်းသိမ်းထားဖို့ အရည်အချင်း မရှိပေ။ ယွမ်ခေတ်ကာလများစွာ ကြာမြင့်ပြီးသော်လည်း သူတို့၏ မျိုးနွယ်က သာမန်မဟာဧကရာဇ်သုံးပါး ရှိသည့် အနေအထားအထိ ဖြည်းဖြည်းချင်း ကျဆင်းသွားခဲ့၏။
စွမ်းအားကြီးသူ ဘယ်လိုကျဆင်းသွားလဲဆိုတာ ပြောရမယ်ထင်တယ်။ ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းက ဝမ်မျိုးနွယ်လည်း ဒီလို ဖြစ်လာနိုင်တယ်ဆိုတာကို ပြောနေတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်၏။ သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် အာရုံများစေသည့် အတွေးများကို ဖယ်ရှားလိုက်သည်။ သူက မျိုးနွယ်ထဲမှာ ရှိသည့် လူအားလုံးကို အလျင်အမြန် ကြည့်လိုက်သည်။
“သူတို့ရဲ့ ပါရမီက ဆိုးရွားနေတာပဲ”
ဝမ်ဝေ့က ရေရွတ်လိုက်၏။ မာလီချိုးလို လူမျိုးကို မွေးထုတ်ပေးနိုင်သည့် မျိုးနွယ်အတွက် ဤအနေအထားထိ ကျဆင်းမှုကို မှန်းကြည့်ဖို့ ခက်ခဲလှသည်။
ဒါက တိုက်ဆိုင်မှုတစ်ခုတော့ မဖြစ်နိုင်ဘူး။ သူမရဲ့ ကျရှုံးမှုအတွက် ကံကောင်းမှု တန်ပြန်သက်ရောက်မှုပဲ နေမယ်…
ဝမ်ဝေ့က ထိုအရာကို ယုံကြည်ထားမိသည်။ မာလီချိုးလို အဆင့်မျိုးအတွက် သူမ၏ တိုက်ရိုက်မျိုးဆက် ရှိဖို့ရာ မလိုအပ်ပေ။ သူမ၏ အောင်မြင်မှုဖြင့် မာမျိုးနွယ်၏ သွေးမျိုးဆက်က အလိုအလျောက် တိုးမြင့်လာမည်ဖြစ်ကာ ဤမျှကြာမြင့်ပြီးသည့်နောက်တွင် သူတို့က ပါရမီထူးကဲသည့် သူတချို့ ရှိလာလိမ့်မည်။
ငါက အချိန်အများကြီး ယူထားတယ်။ သူတို့ရဲ့ သွေးမျိုးဆက်ထဲက ပါရမီကို ဖြည်းဖြည်းချင်း လှုံ့ဆော်ပေးနိုင်တယ်။ ချဉ်းကပ်မှုမျိုးက သူမ ပြန်ရောက်လာဖို့အတွက် ပိုပြီးလွယ်ကူသွားစေလိမ့်မယ်
ဝမ်ဝေ့က တွေးလိုက်သည်။ သူက လက်ကိုဝှေ့ပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေတစ်ခုကို ဘောလုံးအသွင် ကျုံ့သွားစေပြီး သိမ်းဆည်းလိုက်သည်။ ထိုစဉ် သူ့ဘယ်ဖက်လက်ထဲ သူ ကြည့်လိုက်သည့်အချိန်တိုင်း ကွဲပြားနေဟန်ပေါ်သည့် ပိရမစ်တစ်ခုကို ကိုင်ဆောင်ထားလေ၏။
ငါ ဘာမှတော့ မခံစားမိဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ ပစ္စည်းက သူ့အမြင်တွင် သာမန်ပစ္စည်းတစ်ခုနှင့် တူနေသော်လည်း သူမည်မျှပင် ကြိုးစားစေကာမူ အတူတူသာ ဖြစ်နေလေသည်။
ကောင်းပြီလေ။ နောက်ထပ် မှတ်ထားရတာပေါ့။ ထူးကဲသာလွန်မှုလမ်းစဉ်မှာ အောင်မြင်မှုတချို့ရှိထားတဲ့သူတွေကို ဘယ်တော့မှ လျှော့မတွက်မိစေဖို့…
ကောင်းပြီလေ။ ဒီပြပွဲကို စလိုက်ကြရအောင်…
ဝမ်ဝေ့က ခြေတစ်လှမ်းဖြင့် ယခင် ကံဂမ္ဘီရထဲတွင် မြင်တွေ့ခဲ့ဖူးသည့် ဂိတ်ပေါက်ရှေ့ ပေါ်ထွက်လာသည်။ သူ မြင်ခဲ့ရသလိုမျိုး သံချေးတက်နေသည့် စည်းတံဆိပ်များစွာ ရှိနေပြီး ထိုနေရာကို မဖြေရှင်းနိုင်ကြောင်း ပြသနေလေ၏။
သတင်းကောင်းကတော့ ငါ စိုးရိမ်နေတဲ့ ကိစ္စက ဖြစ်မလာတာပဲ…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။ သူက မေတ္တယျ သို့မဟုတ် အန္တိမသဟဇာတသည် လေဟာနယ်ပုံရိပ်ယောင်နယ်မြေ စည်းပိတ်ခြင်း၌ ပါဝင်နေမည်ကို ဖြစ်၏။ သူ့လှုပ်ရှားမှုက ထိုသို့သောအနေအထားမျိုး ဖြစ်နေခဲ့လျှင် အသုံးဝင်မည် မဟုတ်ပေ။ ကံကောင်းစွာဖြင့် အချိန်စားသုံးသူနှင့် တခြားသူများ၏ လက်ရာ ဖြစ်နေခဲ့၏။
“အခုက သတင်းဆိုးပဲ။ ငါ မင်း လေဟာနယ်ထဲ ပုန်းအောင်းနေတယ်ဆိုရင်တောင် ပျက်ယွင်းနေတဲ့ အငွေ့အသက်နဲ့ သူရဲဘောကြောင်မှုနဲ့ မာန်မာနကို ခံစားမိတုန်းပဲ” ဝမ်ဝေ့က လှည့်ကာ ပြောလိုက်သည်။
“မင်းက အချက်အလက်တွေထဲကထက် ပိုပြီးတော့ မောက်မာတာပဲ” အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ပေါ်ထွက်လာလေ၏။ ထို့နောက် တခြားသော သုံးယောက်ကလည်း ပေါ်ထွက်လာလေသည်။
ဝမ်ဝေ့က သူ့အကြီးမားဆုံး ရန်သူများကို မှတ်မိလေ၏။
“ခင်ဗျားက ဘာပါလိမ့် … အော ဘာ တင်း” ဝမ်ဝေ့က မေးလိုက်သည်။
“ကျုပ်ရဲ့ ရိုင်းပြမှုကို ထားလိုက်ပါတော့။ ကျုပ်ရဲ့ မှတ်ဉာဏ်တွေက အရမ်းအရေးကြီးတယ်လေ။ အရေးမပါတဲ့လူတွေအတွက် မှတ်ထားစရာ မရှိဘူး”
ချီတင်းက ရယ်မောလိုက်သည်။ သူမရဲ့ အပြုအမူတို့က တည်ငြိမ်နေလေ၏။ ကံဆိုးစွာဖြင့် သူမ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့တို့ကမူ တခြားတစ်ခုကို ပြသနေသည်။
“မင်းရဲ့ သေဆုံးမှုကိုပဲ ဝမ်းမြောက်တသာ ကြည့်ရမှာပေါ့” ချီတင်းက ကြေညာလိုက်သည်။
“မင်းရဲ့ ဦးခေါင်းနဲ့ သေရည်သောက်ဖို့ ခွက်လုပ်ရမယ်။ ဒါက ကတိစကားပဲ။ ငါက အမြဲတမ်း ကတိတည်တယ်”
“အလာကြီးပါလား။ ခဏနေပါဦး။ ခင်ဗျားက အမျိုးသမီးလား” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။ သူက ထိုစကားများကို ပုံမှန်အတိုင်း ပြောလိုက်ခြင်း မဟုတ်ပေ။ အကြောင်းအရင်းကမူ သူမဆီမှ မူမမှန်မှုတချို့ကို ခံစားမိနေ၍ ဖြစ်၏။
“ပါးစပ်ပိတ်ထား”
“ကြည့်ရတာ ချက်ကောင်း ထိသွားတဲ့ပုံပဲ”