← Chapters

ငါ အဝိုင်းခံရတာလား

Vol. 97 Ch. 1351

ငါ အဝိုင်းခံရတာလား

Vol. 97 Ch. 1351

ချီတင်းက ကြည့်ကောင်းသည့် အနက်ရောင်ဆံပင်ရှည်နှင့် လှပသည့် ဇာမဏီမျက်လုံးတို့ ရှိပြီး တာအိုဝတ်ရုံကပင် ဖုံးကွယ်ထားနိုင်ခြင်း မရှိသည့် ကောက်ကြောင်းတို့ ပိုင်ဆိုင်ထားလေသည်။

ဝမ်ဝေ့အပါအဝင် သူမကို မြင်သည့်သူတိုင်းက သူမသည် ပြိုင်ဘက်ကင်းဆွဲဆောင်မှုရှိသည့် မိန်းမလှတစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။

သို့သော်လည်း ဝမ်ဝေ့ကမူ သူမနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုကို သတိထားမိခဲ့၏။ သူမတွင် လည်ဇလုတ်တစ်ခု ရှိနေခဲ့သည်။ သူမက ထိုအရာကို ဖုံးကွယ်ဖို့ ကြိုးစားထားသော်လည်း ဝမ်ဝေ့က အာရုံခံမိသည်။

ဝမ်ဝေ့၏ အဓိကအာရုံစိုက်မှုက ချီတင်း၏ လိင်အမျိုးအစား မဟုတ်ပေ။ ကမ္ဘာမြေတွင် ရှိစဉ်အခါက သူသည် တိုးတက်ပြောင်းလဲရေးကို ဆုပ်ကိုင်ထားပြီး အရာအားလုံးကို လက်ခံပေးသူ ဖြစ်၏။ ထို့အပြင် ကျင့်ကြံရေးလောကက ပိုမိုရှုပ်ထွေးလှသည်။ အဆုံးမဲ့သက်တမ်းက လူများစွာအတွက် နှိပ်စက်မှုတစ်ခုဖြစ်လာပြီး လူများစွာက တစ်ချိန်မဟုတ်တစ်ချိန် ဟိုစပ်စပ် ဒီစပ်စပ် ကိစ္စများကို လုပ်ကြည့်လေ့ရှိသည်။ တချို့ပြင်းထန်သည့် အခြေအနေမျိုးတွင် သူတို့က သူတို့၏ လိင်အမျိုးအစားကို ပြောင်းလဲခြင်း သို့မဟုတ် တိရစ္ဆာန်အဖြစ် သို့မဟုတ် တခြားသော မျိုးနွယ်ကွဲအဖြစ် ပြောင်းလဲပြီး သူတို့၏ ပျင်းရိစရာကောင်းသည့် ဘဝထဲ စိတ်ဝင်စားမှုများကို ဆောင်ကြဉ်းလာလေ့ ရှိသည်။

ထို့အပြင် စံပြ ရှင်သန်ခြင်းရေစင်၏ နာမည်ကျော် ဇာတ်ကြောင်းတစ်ခုလည်း ရှိသေး၏။ သူက တစ်ခါတုန်းက သူသည် ကျောက်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူငယ်လေးတစ်ယောက်၏ ရှာဖွေတွေ့ရှိသွားခြင်းကို ခံလိုက်ရသည်။ လူငယ်လေးက ကျောက်တုံးသည် မဖျက်ဆီးနိုင်ကြောင်း တွေ့ရှိသွားသည့်အခါ သူနှင့်အတူ ယူဆောင်သွားခဲ့၏။ ထိုလူငယ်လေးက သူ့ဘဝအချိန်အများစု၌ ထိုအရာကို လက်နက်အဖြစ် အသုံးပြုခဲ့ပြီး သူ့တာအိုသက်သေပြပစ္စည်းအဖြစ် သန့်စင်လိုခဲ့သည်။

ထိုကြိုးပမ်းမှုက လူငယ်လေး အဝါရောင်ကျောက်တုံးစံပြ ဖြစ်လာပြီးသည်အထိ ဆက်လက် ဖြစ်တည်လာသည်။ ထိုစဉ် စံပြ ရှင်သန်ခြင်းရေစင်က နဂိုအနေအထားသို့ ပြန်လည်ပြောင်းလဲခဲ့၏။ ဒဏ္ဍာရီလာအရ သူတို့သည် မိတ်ဆွေများ ဖြစ်သွားကြသည်ဟု ဆိုကြသည်။

ဝမ်ဝေ့၏ အဓိကစိတ်ဝင်စားမှုက သူမ၏ ခန္ဓာကိုယ်အတွင်း ခံစားမိသည့် သန့်စင် ယင်ယန်စွမ်းအား ဖြစ်၏။ ထိုစွမ်းအားက သူမ သန္ဓေပြောင်းလဲမှု၏ ဇစ်မြစ်ဖြစ်နေနိင်သော်လည်း သူက ထိုအရာ၏ မူလဇစ်မြစ်ကို စဉ်းစားနေမိသည်။

ချီတင်း၏ ပင်မတာအိုက ဆေးဝါးနှင့် မီးတောက် ဖြစ်ပြီး ယင်ယန်တာအိုကို အရန်တာအိုအနေဖြင့် လေ့ကျင့်ထားလေသည်။

သူမက ဒီစွမ်းအားကို ဘယ်ကနေ ရလာတာလဲ။ ဒါက ကျိန်စာလား။ ဒါမှမဟုတ် တခြားတစ်ခုလား။ သူမရဲ့ ခေါင်းဆောင်ဆီကလား။ ဒါပေမဲ့ ဒီလိုအရာမျိုး လုပ်ရတဲ့ ရည်ရွယ်ချက်ကရော…

ဝမ်ဝေ့က သူသည် ထိုယင်ယန်စွမ်းအားကြောင့် ဆွဲဆောင်ခံလိုက်ရသည်ကို ဝန်ခံရပေမည်။ သူက ထိုသို့ သန့်စင်လှသည့် စွမ်းအားကို မမြင်တွေ့ခဲ့ဖူးပေ။ သူက သူ့လက်ရှိစွမ်းဆောင်ရည်ထက် ကျော်လွန်နေသည့် အရာဖြစ်မှန်း ဝန်ခံရလိမ့်မည်။

ပတ်ဝန်းကျင်လေဟာနယ်က တုန်ခါသွားပြီးသည့်နောက်တွင် ချီတင်း၏ သတ်ဖြတ်ငွေ့တို့က ဝမ်ဝေ့ သူမ၏ လည်ပင်းကို ကြည့်နေပြီးသည့်နောက်တွင် ပိုမိုပြင်းထန်လာသည်။ ထို့နောက် သူမ၏ အသိစိတ်ပင်လယ်အတွင်း အေးစက်စက် မီးတောက်တစ်ခု ပေါ်ထွက်လာကာ သူမ၏ ဒေါသနှင့် အမုန်းတရားတို့ကို တည်ငြိမ်သွားစေသည်။

“အခု အညံ့ခံရင် ခံစားရတာ သက်သာမယ်”သူမက ကြေညာလိုက်သည်။

“မင်းတို့လိုမျိုး အမှိုက်တွေဆီမှာ အညံ့ခံရမဲ့အစား ဦးထုပ်စိမ်း ဆောင်းပြီး ကုန်းကုန်းတစ်ယောက်ပဲ လုပ်လိုက်မယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“အခြေအနေကို နားမလည်သေးဘူးလား” မြေကမ္ဘာဧကရာဇ်က ပြောလိုက်၏။

“ဟုတ်တယ်။ ငါက အဝိုင်းခံထားရတာလေ” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ဖြေလာ၏။ ယခု သူက ခွဲထုတ်ထားသည့် အာကာပြင်တစ်ခုအတွင်း ရှိနေပြီး ထွက်မသွားနိုင်တော့ပေ။ သူက အသက်မဲ့ သံမဏိကို အခြေခံထားသည့် အစီအရင်တစ်ခုကိုပါ အာရုံစိုက်ခဲ့၏။ ဆိုလိုသည်မှာ ထိုသူများက သူ့အား သုတ်သင်ပစ်ဖို့ လိုသမျှ အကြိမ်ရေလောက် သတ်ချင်နေမှန်း သိသာလှသည်။

“မင်းက သေရတော့မဲ့သူတစ်ဦးအနေနဲ့ အတော်လေးကို တည်ငြိမ်နေတာပဲ။”

“ဒါက ကောင်းကောင်းမပျိုးထောင်ထားတဲ့ ခွေးရူးတစ်ကောင်အနေနဲ့ နောက်ဆုံး ရုန်းကန်မှုသက်သက်ပါပဲ” ဝူယွီက လှောင်ပြောင်လိုက်သည်။

ဝမ်ဝေ့က သူမကို ကြည့်လိုက်၏။

“ကိုယ်ပွားတစ်ယောက်လား။ ဉာဏ်ကောင်းတဲ့ပုံပဲ။ ဒီကောင်စုတ်တွေက ဒုက္ခရောက်တော့မယ်ဆိုတာသိလို့ ကိုယ်ပွားပဲ စေလွှတ်ခဲ့တာပေါ့”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“ကြည့်ရတာ အရင်သင်ခန်းစာကနေ သင်ယူပြီးတဲ့ပုံပဲ”

ဝူယွီက အမူအရာ ပျက်ယွင်းသွားလေသည်။

“မင်း… ”

“သူက ငါတို့ကို စိတ်ဝမ်းကွဲအောင် လုပ်ဖို့ ကြိုးစားနေတာ။ ဈေးပေါပေါလှည့်ကွက်ထဲမှာ ကျဆင်းမသွားနဲ့” ချီတင်းက ပြောလိုက်သည်။ သူမက ဝူယွီ၏ သုံးသပ်ချက်နှင့် ပတ်သက်ပြီး မပျော်ရွှင်သော်လည်း ဝမ်ဝေ့ကို ဖြစ်ချင်တိုင်းဖြစ်ခွင့်ပေးမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့တွင် အရေးသာချက် ရှိလေ၏။

“ဘယ်သူ အရင်ဆုံးလာမလဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“မင်းတို့ကြားမှာ ဘယ်သူက ပထမဆုံး တိုက်ခိုက်ရဲလောက်အောင် သတ္တိကောင်းလဲ”

မည်သူကမှ စကားမပြောကြတော့ပေ။

“ကောင်းပြီလေ။ အခု ငါက ဒီမှာ သတိလက်လွတ်နဲ့ အဝိုင်းခံထားရတာ။ ဒါပေမဲ့ မင်းတို့တွေထဲက တစ်ယောက်ကိုတော့ တိုက်ခိုက်နိုင်ပါသေးတယ်။ ဘယ်သူဖြစ်မလဲ”

လေထုက ပြင်းထန်လာသည်ဟု ပြောရမည်။ မည်သူကမှ တာအိုနယ်ရှင်တစ်ယောက် နောက်ဆုံးမျှော်လင့်ချက် ကင်းမဲ့သည့်အခါ ဖြစ်လာမည့် အကျိုးဆက်ကို သိထားကြ၏။ သူတို့က ကမ္ဘာပေါ်တွင် အကောင်းဆုံးအချက်အလက်များကို ရယူထားနိုင်ခြင်းဖြစ်သည့်အတွက် ဇာတ်ကြောင်းများစွာကို ဖတ်ရှုခဲ့ဖူးသည်။ ပို၍အရေးကြီးသည်က သူတို့ထဲက တချို့သည် နေမင်းနှစ်စင်းကမ္ဘာကို ရှင်းလင်းဖို့ ကူညီပေးစဉ်အခါက ဆိုးဆိုးရွားရွား ထိခိုက်ခဲ့၏။

“မင်းတို့တွေက တွေ့တိုင်း တွေ့တိုင်း ပိုပြီးတော့ စိတ်ပျက်ဖို့ ကောင်းလာတာပဲ။ ဒီလိုမျိုး အရေးသာချက် ရှိနေတာတောင်မှပဲ ပထမဦးဆုံး မလှုပ်ရှားရဲကြသေးဘူးပေါ့”

“သူ ပြောတာ မှန်တယ်။ မြေကမ္ဘာဧကရာဇ် … မင်းက အမှတ်ကို ယူမယ်ဆိုပြီးတော့ သဘောတူပြီးသွားပြီ။ အခု လှုပ်ရှားရမဲ့အချိန်ပဲ။ ဝူယွီ မင်းက ကိုယ်ပွားနဲ့ဆိုတော့ တုံ့ဆိုင်းမနေနဲ့” ချီတင်းက ပြောလိုက်သည်။

“ဒါပေမဲ့… ”

“ဒါပေမဲ့‌တွေ မရှိဘူး”

ဝူယွီက အံကြိတ်လိုက်သည်။ သူမ၏ အခြေအနေက ဆိုးရွားနေသည်မှာ ဤကျိန်စာကြောင့် ဖြစ်၏။ သူမက ထိုကျိန်စာကို ဖယ်ရှားဖို့ကြိုးစားရင်း အသက်တစ်သက် ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ထိုအရာက အသက်ဝင်နေဆဲ ဖြစ်၏။ သူမက ထိုကျိန်စာကို ပယ်ရှားဖို့အတွက် အနည်းဆုံး ၇ကြိမ် သေဆုံးရမည်ဖြစ်ကြောင်း တွက်ချက်မိသွားသည်။ သူမက ထိုမျှအသက်များစွာ မရှိပေ။ ကိုယ်ပွားတစ်ယောက်က သူမ၏ သာမန်အခြေအနေအောက်တွင် ဘာမှ များစွာ အဓိပ္ပာယ်မရှိသော်လည်း လက်ရှိအခြေအနေ၌မူ ထိုအရာကို ဆုံးရှုံးရခြင်းအတွက် တန်ပြန်သက်ရောက်မှုက သူမ၏ အခြေအနေကို ပိုမိုဆိုးရွားသွားစေလိမ့်မည်။

မြေကမ္ဘာဧကရာဇ်က ခေါင်းညိတ်ပြီးသည့်နောက်တွင် ရှေ့တိုးလာ၏။ သူက အကျိုးအမြတ်ကို ရရှိထားသည့်အတွက် လှုပ်ရှားရလိမ့်မည်။ သူက ရွေးချယ်ခံတစ်ယောက်ကို သတ်ဖြတ်ခြင်း၏ ဂုဏ်ကျက်သရေနှင့် ကြမ္မာကို လိုချင်မိ၏။ ယခု အချိန်စားသုံးသူကို စည်းပိတ်ထားပြီဖြစ်သည့်အတွက် ယခု သူက အားအကောင်းဆုံးဖြစ်လေရာ တောက်ပဖို့ အချိန်ကျရောက်လာလေပြီ။

“ကောင်းပြီလေ။ ဒီဟာသဇာတ်ကို အဆုံးသတ်ရမဲ့အချိန်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လက်ခုပ် တီးလိုက်ပြီး ရေရွတ်လိုက်၏။

“အားလုံး ထွက်လာကြပါတော့”

အာကာပြင်က တွန့်လိမ်သွားပြီး လူတချို့ ပေါ်ထွက်လာသည်။ ပထမဦးဆုံး ပေါ်ထွက်လာသည့်သူက ဝမ်ဝေ့၏ ဘိုးဘေး ယန်းအိုက် ဖြစ်၏။ သူမ၏ နောက်တွင် မုန့်ခယ်နှင့် စည်းမျဉ်းမဲ့ဇုန်မှ အတင်းအကြပ် ထွက်ခွာလာဖို့ ခြိမ်းခြောက်ခံရသည့် လူအိုကြီးသိုက်လည်း ပါဝင်သည်။ သူတို့အားလုံးက သူ စုဆောင်းနိုင်သမျှ စံပြအဆင့် အင်အားစုများ ဖြစ်၏။

ကပ်ပါးများ၏ အမူအရာက ပျက်ယွင်းသွားလေသည်။ ဝမ်ဝေ့က သေချာအနီးကပ် လေ့လာကြည့်လိုက်၏။

ကြည့်ရတာ ကောက်ချက်ချထားတဲ့ပုံပဲ။ ဒါပေမဲ့ သူက အရာအားလုံးကို သိပြီး စောင့်ကြည့်နေတာ မဟုတ်ဘူး…

ဝမ်ဝေ့က အန္တိမသဟဇာတ၏ အမြဲမြင်တွေ့နေသည့် တည်ရှိမှုမျိုးကို ကြောက်ရွံ့နေမိသည်။ ထို့ကြောင့် သူသည် ထိုသူက သူ လုပ်နေသည့်အရာအားလုံးကို ကြိုတင်ခန့်မှန်းမိတာလားဟု တွေးမိခဲ့၏။ သို့သော်လည်း သူက အမှန်တရားကို ကောက်ချက်ချဖို့ရာ ဉာဏ်ကောင်းသည်လား သို့မဟုတ် သူ့စွမ်းအားကြောင့် သိသည်လား မပြောတတ်ပေ။

ထိုသူများ၏ တုံ့ပြန်မှုအပေါ် မူတည်၍ ကောင်းကင်လှည့်ဖျားရေးအစီအရင်သည် အလုပ်ဖြစ်ကြောင်း သိလိုက်သည်။ အန္တိမသဟဇာတက သူ့လှုပ်ရှားမှုတချို့ကို ကောက်ချက်ချဖို့ ဉာဏ်ကောင်းလေ၏။ ပို၍အရေးကြီးသည် ယခုသူ့တွင် အနိုင်ရရှိဖို့ အခွင့်အရေးတစ်ခု ရှိလာပြီဖြစ်သည့်အတွက် စိတ်ငြိမ်လာမိသည်။ သူတို့၏ တိုက်ပွဲက ယခုအခါ ဉာဏ်ထက်မှု၊ ဉာဏ်ပညာနှင့် ဉာဏ်များမှုတို့အပေါ် မူတည်နေသည်။

ငါက ဒီလိုတိုက်ပွဲမျိုးကို ဘယ်တော့မှ မကြောက်ဖူးဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ သူတို့ ကျင့်ကြံဆင့်ကြားက ကွာဟချက်က အရမ်းကို ကြီးမားလွန်းသော်လည်း ကစားကွင်း အနေအထားတချို့ကို ချိန်ညှိပြီးသည်နှင့် ဝမ်ဝေ့က မည်သူ့ကိုမှ မကြောက်ပေ။

သူတို့က ဘာလို့ ဒီရောက်လာတာလဲ…

ဝူယွီက ဝိညာဉ်ကွန်ယက်မှတဆင့် အဖွဲ့နှင့် ဆက်သွယ်လိုက်သည်။

ဒါက ငါ သဘောတူထားသလို မဟုတ်ဘူးလေ။

ဘာတွေကြောက်လန့်နေတာလဲ။

မြေကမ္ဘာဧကရာဇ်က ပြောလိုက်သည်။

ဒီမှာအစစ်အမှန်စံပြတစ်ယောက်ပဲ ပါတယ်။ ကျန်တဲ့သူတွေက ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့သူတွေချည်းနဲ့ အသုံးမဝင်တဲ့ နည်းလမ်းလေးတွေ ဆွဲကိုင်ထားကြရုံပါပဲ …

တားမြစ်တိုက်ခိုက်ရေးအဆင့်ကို အသုံးမဝင်တဲ့ နည်းလမ်းလို့ ပြောတဲ့အချက်ကိုတော့ လျစ်လျူရှုထားလိုက်မယ်။ ယန်းအိုက်က သူတို့နဲ့ ရှိနေတာ မမြင်ဘူးလား။ သူမက အတင်းအကြပ် သူမရဲ့ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိသွားရင် ငါတို့အားလုံး သေလိမ့်မယ်။

ဝူယွီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

သူမက အဲဒီလောက် လုပ်မှာ မဟုတ်ပါဘူး။

နင်က စွန့်စားရဲလို့လား။ ငါကတော့ မလုပ်နိုင်ဘူး

ဝူယွီက ပြောလိုက်သည်။

ငါက ဒီလိုတွေ ပြောရတာကို မယုံကြည်နိုင်သေးဘူး။ ဒါပေမဲ့ အဲဒီတုံးအအ ငှက်မ ပြောတာကို သဘောတူတယ်

ထာဝရဇာမဏီက ထပ်ပြောလိုက်သည်။

ချီတင်း ဘာလို့ ဘာမှမပြောတာလဲ

သူတို့က သူမကို အာရုံစိုက်ထားသည့်အတွက် သူမ၏ စိတ်ခံစားချက်များသည် မီးတောင်တစ်ခုလို ပေါက်ထွက်လာတော့မည်ကို ခံစားမိကြသည်။

ကောင်းပြီလေ။ ထွက်သွားကြစို့

ချီတင်းက အံကြိတ်ကာ ပြောလိုက်သည်။ တခြားသူများကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ သို့သော် ခေတ္တမျှသာ ဖြစ်လေသည်။ သူတို့က ချက်ချင်းဆိုသလို သတင်းစကားကို လက်ခံရရှိလိုက်၍ အချင်းချင်း ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့က သက်ပြင်းချလိုက်ကြသည်။

အမိန့်ကို ကြားတယ်မလား။ သူ့ကို စည်းတံဆိပ် ဖယ်ရှားခွင့်ပေးလို့ မဖြစ်ဘူး။

ချီတင်းက ပြောလိုက်သည်။

အဲဒါဆိုတော့ ငါတို့ လုပ်ဖို့ မလိုဘူးလို့ ပြောတာပဲ မဟုတ်ဘူးလား။

ဘာမှမပြောနဲ့တော့။ ငါတို့တွေက ဉာဏ်ရှိတဲ့သူတွေဆိုတော့ ကိုယ့်ကိုယ်ကို ထိန်းထား

ချီတင်းက စကားဖြတ်ပြောလိုက်သည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးသည့်နောက်တွင် အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြ၏။ ယခု သူတို့က သဘောတူညီချက် ရရှိထားပြီဖြစ်သည့်အတွက် အခြေအနေသည် မဆိုးရွားနိုင်တော့ပေ။

“ကြည့်ရတာ သခင်က အမဲလိုက်ခွေးတွေနဲ့ ပတ်သက်ပြီးစိတ်ပျက်သွားတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ထိုသူများသည် လက်လျှော့ကာ ထွက်သွားတော့မည်ဖြစ်သော်လည်း ချက်ချင်းဆိုသလို စိတ်ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။ သူက သတင်းစကားကို အာရုံ မခံမိသော်လည်း အမှန်တရားကို ကောက်ချက်ချဖို့ ရိုးရှင်းလှ၏။

“ကြည့်ရတာ မင်းတို့တွေရဲ့ လတ်တလော လုပ်ဆောင်ပုံတွေက သူ့အတွက် ရှက်ဖို့ကောင်းလို့ နေမှာပေါ့” ဝမ်ဝေ့က ရယ်မောရင်း ပြောလိုက်သည်။

“ဘာလို့ ဒီအမှိုက်တွေနဲ့ အချိန်ဖြုန်းနေသေးတာလဲ။ သူတို့ကို တစ်ခါတည်း ရှင်းထုတ်ပစ်လိုက်ရအောင်” ယန်းအိုက်က ပြောလိုက်သည်။

“ကောင်းပြီလေ။ ဘိုးဘေးက အဲဒီကိုယ်ပွားကို မြန်မြန်ရှင်းထုတ်ပြီးတော့ မုန့်ခယ်ကို ကူညီပေးလိုက်ပါ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

လူရိုင်းဘုရင်က သူ့တွင် အကူအညီမလိုကြောင်း ငြင်းခုန်လိုသော်လည်း သူသာ အသံမြှင့်ပြောရဲလျှင် ထိုအမျိုးသမီးဆီမှ ရိုက်ချက် ခံစားရမည်ဖြစ်ကြောင်း အလိုလိုသိစိတ်က ပြောပြနေလေ၏။ ထို့ကြောင့် သူက အလိုလိုသိစိတ်ကို ယုံကြည်ကာ ပါးစပ်ပိတ်ထားလိုက်သည်။

“လူအိုကြီးသိုက်ရဲ့ ပြိုင်ဘက်က တာအိုသူတော်စင်ပဲ။ ကျုပ်တို့ရဲ့ သဘောတူညီချက်အရ ခင်ဗျားက သူမကို  အချိန်ဆွဲထားဖို့ပဲ လိုတယ်”

လူအိုကြီးသိုက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက ကုံတာအိုဖြစ်သော်လည်း ယခုအန္တရာယ်များသည့် ဖြစ်ရပ်တွင် ပါဝင်ဆင်နွှဲဖို့ ဖိအားပေးခံထားရသည်။ သူက မပျော်ရွှင်တော့ပေ။

“မုန့်ခယ် မင်းက ယုံကြည်ချက်ရှိတယ်ဆိုတာကို သိပေမဲ့ မင်းရဲ့ တာဝန်က တတ်နိုင်သမျှ အသက်ရှင်အောင်နေရမယ်”

“ကျုပ် သိပါပြီ”

“ဒီလိုဆိုရင် အဲ့ဒီငှက်မည်းကို မင်းဆီ ချန်ထားလိုက်မယ်”

All Chapters