ရွှေရောင်ခေတ်ကာလ၏ ပါရမီရှင်များ
Vol. 97 Ch. 1352
“ကွဲပြားတဲ့အလွှာမှာ တိုက်ခိုက်ကြရအောင်” ဝမ်ဝေ့က အကြံပြုလိုက်သည်။ ကပ်ပါးများက သဘောမတူခင် မျက်မှောင်ကြုတ်လိုက်ကြ၏။ ဤနေရာက ကျဉ်းမြောင်းလွန်းပြီး ပိုင်းခြားထားသည့်အတွက် တစ်ဖက်သူ၏ တိုက်ပွဲအကျိုးဆက်က တခြားသူအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။ ထို့ကြောင့် သူတို့၏ ပြိုင်ဘက်များကို ခွဲထုတ်ပြီးသည့်နောက်တွင် သူတို့က အာကာပြင်အလွှာတစ်ခုကို တိုက်ပွဲကွင်းပြင်အဖြစ် တည်ဆောက်လိုက်ကြ၏။
ယန်းအိုက်က ဝူယွီအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ သူမက ထိုသို့သောသူမျိုးအတွက် သူမ၏ ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေရလိမ့်မည်ဟု ထင်မှတ်မထားပေ။
“ကိုယ့်ကိုယ်ကို သတ်သေလိုက်ရင် ဘယ်လိုလဲ”
ဝူယွီက အဆိုးခံစားချက်များကို ထုတ်ဖော်မပြသမိအောင် ထိန်းချုပ်ထားရသည်။
“ယန်း အဲလေ စီနီယာ …..”
သူမက ထိုစကားများကို ပြောသည့်အခါ လေသံနှင့် အမူအရာတို့က တောင့်တင်းနေလေ၏။ သူမက လူများကို ထိုသို့ ခေါ်ဝေါ်ရသည်မှာ နေသားမကျမှန်း သိသာလှသည်။
“ကျွန်မတို့ကြားမှာ တိုက်ခိုက်နေဖို့ မလိုပါဘူး” ဝူယွီက ဖျောင်းဖျလိုက်သည်။ သူမက အသံကို ထိန်းချုပ်ကာ တိုးတိုးလေး ပြောလိုက်၏။
“အားလုံးက စီနီယာကျွန်မကို သတ်မှာကို သိတယ်လေ။ အဲဒါဆိုတော့ နည်းနည်းလောက် ကစားကြည့်ရင်ရော။ ကျွန်မတို့တွေ ခဏစောင့်မယ်။ ပြီးသွားရင် ကျွန်မ တိတ်တဆိတ် ထွက်သွားလိုက်မယ်လေ။ အဲဒါဆိုတော့ စီနီယာရဲ့ ဒဏ်ရာလည်း မဆိုးတော့ဘူး။ ကျွန်မကလည်း ပြဿနာ မရှိတော့ဘူး။ ဒါက နှစ်ဖက်လုံးအတွက် အခြေအနေကောင်းတယ်မလား။ ဘယ်လိုထင်လဲ”
ယန်းအိုက်က သူမအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
“နင်က အတော်လေး စက်ဆုပ်ဖို့ ကောင်းတာပဲ။ အကြောင်းအရင်းကို သိလား”
ဝူယွီ၏ မျက်နှာက နီရဲလာသော်လည်း ဘာမှမပြောရဲပေ။
“မင်းက ကမ္ဘာရဲ့ စွမ်းအားကို သိမ်းပိုက်ပြီးတော့ အရင်းအမြစ်တွေ အားလုံးကို ယူပြီး ခေတ်ကာလတစ်ခုရဲ့ နာကျင်မှုတွေ၊ ဒုက္ခတွေ ဆောင်ကြဉ်းပေးလာတယ်ဆိုရင် ငါက ဘာမှဂရုမစိုက်ဘူး။ မင်းက စွမ်းအားရဖို့ မင်းရဲ့ ဝိညာဉ်နဲ့ ဂုဏ်သိက္ခာကို ရောင်းစားလည်း ဂရုမစိုက်ဘူး။ ကမ္ဘာရဲ့ အဓိကပုံစံကိုက ကြီးနိုင်ငယ်ညှင်းသဘောတရားပဲလေ။ အဲဒါဆိုတော့ မင်းက ပိုပြီးစွမ်းအားရှိတဲ့သူမှာ အညံ့ခံတာက ဖြစ်သင့်ပါတယ်။ ငါ အဲဒီအပြုအမူမျိုးကို မကျေမနပ်ဖြစ်တယ်ဆိုပေမဲ့လည်း သည်းခံပေးလို့ ရသေးတယ်”
ဝူယွီက ဘာပြောရမှန်း မသိဘဲ တိတ်ဆိတ်နေလေ၏။ သူမက တစ်ဖက်သူ စကားပြောနေစဉ် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ တွေးလိုက်မိသည်။ သို့သော်လည်း ထိုအရာက အသုံးမဝင်ကြောင်း သိထားလေ၏။ သူမ၏ စိတ်ထဲ မချင့်မရဲ ခံစားချက်တစ်ခု ကြီးစိုးလာခဲ့သည်။
သူမ ဒီလိုမျိုး အရှက်ခွဲမှုမျိုး ခံစားခဲ့ရတဲ့ နောက်ဆုံးအကြိမ်က ဘယ်တုန်းကပါလိမ့်…
“မင်းတို့လူတွေက ငါ့ဂိုဏ်းကို ဖိနှိပ်ထားတာကိုတောင် ခွင့်လွှတ်ပေးနိုင်တယ်” ယန်းအိုက်က ဆက်ပြောလိုက်သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းက ဒီလိုအခြေအနေ ဖြစ်သွားတာက ငါတို့ရဲ့ အပြုအမူတွေကြောင့်ပဲ။ အဲဒီဖြစ်ရပ်မှာ ပါဝင်ဆင်နွှဲသူတိုင်းက မာနကြီးပြီးတော့ အဲဒီပြစ်ချက်ရှိ နည်းလမ်းကို လက်ခံဖို့ ငြင်းဆန်ကြတယ်လေ။ တစ်စုံတစ်ယောက်က ဂိုဏ်းရဲ့ အစောင့်အရှောက်ဖြစ်လာဖို့ လိုအပ်တယ်ဆိုတာကို သိသိရက်နဲ့ပေါ့”
ယန်းအိုက်က ဂိုဏ်း၏ လက်ရှိအခြေအနေအတွက် ကပ်ပါးများ သို့မဟုတ် နေမင်းနှစ်စင်းကို ဘယ်သောအခါမှ အပြစ်မတင်ခဲ့ပေ။ တကယ်တော့ သူတို့ကသာ မာနကို မထိန်းချုပ်နိုင်သည့်အတွက်ကြောင့်လို့သာ အမြဲလိုလို ခံစားခဲ့ရသည်။
“ငါ့ကို စိတ်ပျက်စေတာက မင်းတို့တွေက ဘယ်လောက်အားနည်းနေလဲဆိုတာပဲ။ ငါတို့မျိုးဆက်အတွင်းမှာ ပါရမီရှင်တွေ ဘယ်လောက် မြင့်တက်လာတယ်ဆိုတာကို သိလား” ယန်းအိုက်က ဆက်ပြောလိုက်သည်။
ဝူယွီ၏ ခန္ဓာကိုယ်က တုံ့ဆိုင်းသွားလေ၏။ သူမက အဖြေကို သိထားသော်လည်း မပြောခဲ့ပေ။
“ထိပ်တန်းဧကရာဇ် တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ ကောင်းကင်တာအိုက ရှေ့ဆက်ရမဲ့ လမ်းစဉ်ကို ပိတ်ဆို့ထားခဲ့တယ်။ ဘယ်လောက်ပဲ ပါရမီရှိရှိ ကောင်းကင်ဘုံအဆင့် ဖြစ်မလာနိုင်ဘူး။ အားလုံးက မိုးမြေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ ထင်ခဲ့တာပေါ့။ နောက်ပိုင်းမှာ ကောင်းကင်တာအိုကနေ ကောင်းကင်ဘုံအလိုဆန္ဒအကြောင်း သတင်းထုတ်လာတယ်”
ယန်းအိုက်က ပြန်လည်တွေးတောမိသွားသည်။
“မဟာဧကရာဇ် သန်းပေါင်းများစွာတွေက နေရာသုံးထောင်အတွက် တိုက်ခိုက်ကြရတယ်။ အစ်ကိုချီယန်နဲ့ ငါနဲ့က ဆုံးအောင် တိုက်ခိုက်ပြီးတော့ အလောင်းပုံကြားမှာ ဖြတ်လျှောက်ခဲ့ရတယ်။ သူ့ခန္ဓာကိုယ် ပျက်စီးသွားတဲ့အခါ ငါက သူ့ကို သယ်ပြီးတော့ ရန်သူတွေကို သတ်ဖြတ်ခဲ့ရတယ်။ ငါ့ဝိညာဉ်ဒဏ်ရာ ရရှိသွားတုန်းကလည်း သူက ငါ့ကို အဖက်ဖက်ကနေ ကာကွယ်ပေးပြီး ငါတို့ဝန်းကျင်မှာရှိတဲ့သူတွေကို သတ်ခဲ့ရတာ။ ဒါက တကယ်ကို စကားနဲ့ ဖော်ပြလို့မရလောက်အောင် ရက်စက်တဲ့ ကမ္ဘာကြီတစ်ခုပဲ။ ဒါပေမဲ့ အဆုံးသတ်မှာ ငါတို့က နေရာတချို့ကို သိမ်းပိုက်နိုင်ခဲ့တော့ တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အုတ်မြစ် တည်ဆောက်ပေးနိုင်ခဲ့တယ်”
ယန်းအိုက်က သက်ပြင်းချလိုက်သည်။ သူမ၏ ရှည်ကြာလှသည့် ဘဝထဲ ထိုထက်ဆိုးရွားသည့် တိုက်ပွဲများစွာကို တွေ့ကြုံခံစားခဲ့ဖူးသည်။ သို့သော်လည်း ထိုတိုက်ပွဲကမူ သူမ၏ မှတ်ဉာဏ်တွင် အနက်ရှိုင်းဆုံး ဖြစ်နေလေ၏။ ထိုအရာက သူမအနေဖြင့် စိတ်ပျက်လက်ပျက် ခံစားရသည့် ပထမဦးဆုံးတိုက်ပွဲ ဖြစ်ပေသည်။ ထိုတိုက်ပွဲက ခွန်အားစမ်းသပ်ချက်တစ်ခုသာ မဟုတ်ဘဲ စိတ်ဆန္ဒ စမ်းသပ်ချက်တစ်ခုလည်း
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကံကောင်းမှုက ခေတ်ကာလများစွာထဲ အမြင့်ဆုံးသို့ ရောက်ရှိသွားကာ မဟာဧကရာဇ်မြောက်များစွာ ရှိလာခဲ့သည်။ ကောင်းကင်တာအိုက ထိုတိုက်ပွဲအတွက် ရှေ့ဆက်ရမည့် လမ်းစဉ်ကို ပိတ်ဆို့ခဲ့ရသည်။
“အဲဒါက အဆုံးသတ်လို့ ထင်လား” ယန်းအိုက်က ပြောလိုက်သည်။
“မဟုတ်သေးဘူး။ ဒီတိုက်ပွဲ အဆုံးသတ်သွားတာနဲ့ စံပြအဆင့်အတွက်လည်း ဒီလို တိုက်ပွဲက ဆက်ပြီး ဖြစ်နေတာပဲ။ နေရာက ၃၃ ခုတည်းဆိုတော့ တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာသေးတယ်”
ယန်းအိုက်၏ မျက်ဝန်းအထက် ကြောက်ရွံ့သည့် အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ ကောင်းကင်ဘုံအဆင့် ၃ထောင်ကို သတ်မှတ်ပြီးသည့်နောက်တွင် ကောင်းကင်တာအိုက ပိတ်ဆို့မှုကို ဖယ်ရှားပြီး ဆက်လက်ပါဝင်မဆင်နွှဲရဲသည့်သူများကို ခွင့်ပြုပေးခဲ့သည်။ ထိုသူများ၏ ကံကောင်းမှုနှင့် ကြမ္မာကမူ မတည်ရှိလုနီးပါး ဖြစ်၏။ ကောင်းကင်တာအို၏ ပစ်မှတ်က နောက်မျိုးဆက်ဆီ ဖြစ်သည်။
ထို့နောက် ဖြစ်စဉ်က ထပ်မံ သံသရာလည်ခဲ့သည်။ စံပြလမ်းစဉ်က ပိတ်ဆို့ခံလိုက်ရပြီး ကမ္ဘာကြီးက လုံလုံလောက်လောက် ကောင်းကင်ဘုံအဆင့်များ၊ စံပြ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို စတင်လုပ်ဆောင်နိုင်ခဲ့သည်။
“အဲဒီတိုက်ပွဲက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို သိလား” ယန်းအိုက်က ဆက်ပြောလိုက်သည်။
“ ကျင့်ကြံဆင့်တွေ မတိုးတက်နိုင်တဲ့ စံပြ။ သူတို့က သူတို့ရဲ့ တာအိုကို ဖြတ်တောက်ပြီးတော့ ကောင်းကင်ဘုံအဆင့် လျော့ချပြီးတော့ ယှဉ်ပြိုင်ကြတယ်။ တချို့ထိပ်တန်းစံပြတွေက ဒီနေရာ ၃၃ ခုရဲ့ အရေးပါမှုကို သိလို့ အဲ့လိုလုပ်ခဲ့ကြတယ်လေ။ သူတို့ရဲ့ အရေးပါပုံကို မင်း သိလား ”
“ရှေးဦး ကြမ္မာ” ဝူယွီက ပြောလိုက်သည်။
“ဟုတ်တယ်။ တိုက်ပွဲထဲက ၃၃ယောက်ထဲမှာ ၄ယောက်က ကျဆုံးသွားပြီးတော့ ၇ယောက်က သေဆုံးသွားတယ်။ ကျန်ရှိတဲ့ ၂၁ယောက်ကပဲ အာဏာရှင်အင်အားစုအသီးသီးရဲ့ ရှေးဦးစံပြ ဖြစ်လာကြတယ်။ အဲဒါဆိုတော့ ငါ မင်းကို စက်ဆုပ်ရတဲ့ အကြောင်းအရင်းကို နားလည်လား”
ဝူယွီက ဆွံ့အကာ ဒေါသထွက်နေမိသည်။
“မင်းတို့တွေက အာဏာနဲ့ ပျော်ရွှင်မှုအတွက် ဒီလိုအရာတွေကို လုပ်ခဲ့ကြတာ။ မင်းရဲ့ ရည်ရွယ်ချက်က မင်းရဲ့ ပါရမီလစ်ဟာနေမှုကို ဖြည့်တင်းဖို့ လုပ်တယ်ဆိုရင် နားလည်ပေးလို့ရသေးတယ်။ ဒါပေမဲ့ အဲ့လိုမလုပ်ခဲ့ဘူး”
ယန်းအိုက်၏ စက်ဆုပ်မှုက ဖုံးကွယ်၍ မရပေ။ သူမ၏ ဘဝက ပါရမီရှင်များစွာကို နင်းကာ ဖြတ်ကျော်လာရခြင်း ဖြစ်၏။ သူမက ဂိုဏ်း၏ တပည့်များကိုပင် လေ့ကျင့်ပေးဖို့ ပြင်းထန်သည့် စည်းမျဉ်းများကို ချမှတ်ခဲ့သူဖြစ်ပြီး စံနှုန်းမြင့်မားသူ ဖြစ်ပေသည်။ သူမက အားနည်းသူများကို မုန်းတီးလေ၏။ ဤသည်က ခွန်အားအရ မဟုတ်ဘဲ တိုးတက်ဖို့ သို့မဟုတ် ပြောင်းလဲဖို့ ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ မရှိသည့်သူများအတွက် ဖြစ်သည်။
“ငါ မင်းအပေါ် ဘာလို့ လေကုန်ခံနေမိတယ်ဆိုတာကို မသိတော့ဘူး။ ကောင်းပြီလေ မင်း သေလို့ရပြီ” သူမက ခေါင်းခါကာ ပြောလိုက်သည်။ သူမ၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးမြင့်လာပြီး မျက်နှာက နှင်းထက်ပင် ဖြူဖျော့သွားလေ၏။
“ဒီလောက်ဆို သူမကို သတ်ဖို့ လုံလောက်မှာပါ”
သူမက ရေရွတ်ပြီးသည့်နောက်တွင် လက်ညှိုးကို ထိုးလိုက်သည်။ ဓားကိုပင် အသုံးမပြုဘဲ ပြောင်မြောက်သည့် ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်လာခဲ့၏။
ဝူယွီက သေခြင်းတရား ချဉ်းကပ်လာသည်ကို ခံစားမိကာ အလျင်အမြန် တုံ့ပြန်ခဲ့သည်။ သူမက သူမ၏ အကောင်းဆုံး ခုခံကာကွယ်ရေးနည်းစနစ်ဖြစ်သည့် ဘိုးဘေးဇာမဏီကောင်းချီးဟူသော နည်းစနစ်ကို ထုတ်သုံးခဲ့သည်။ ထို့နောက် စွမ်းအားကြီး ဇာမဏီပုံရိပ်က မိုးမြေကြားပေါ်ထွက်လာကာ သူ့မကို ကာကွယ်ပေးထားလေ၏။
သို့သော်လည်း ယန်းအိုက်၏ တုံ့ပြန်မှုက အတူတူသာ ဖြစ်ပေသည်။ သူမ၏ မျက်နှာအထက် လှောင်ပြောင်မှုတစ်ခု ရှိလာလေ၏။ သူမက တကယ့်အစစ်အမှန် ဘိုးဘေးဇာမဏီများဖြင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုသူက သူမကို ရန်စခဲ့သည့်အတွက် ယန်းအိုက်က ထိုသူ၏ တောင်ပံကို ပိုင်းဖြတ်ခဲ့ပြီး အနည်းငယ် စားခဲ့ဖူးသည်။ ထို့အပြင် အထွေထွေသောင်းပြောင်းကို စံပြအဆင့် လက်နက်ပျံတစ်ခု လုပ်ခိုင်းခဲ့၏။ တကယ့်အရာကို ရင်ဆိုင်ပြီးသည့်နောက်တွင် သူမက ပုံရိပ်ယောင်ကို မည်သို့များ ဂရုစိုက်မည်နည်း။
“ဒါက မင်းကို သတ်ဖို့လုံလောက်တယ်လို့ ပြောတာက တကယ်ကို ဆိုလိုနေတာ” ယန်းအိုက်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူမက သူမ၏ စွမ်းအားအပေါ် အကြွင်းမဲ့ ထိန်းချုပ်မှု ရှိ၏။ သူမက ဝူယွီကို သတ်နိုင်မည့် အရေအတွက်ပမာဏ အတိအကျ တိုးမြင့်လိုက်သည်။ ထို့နောက် ထင်ထားသည့်အတိုင်း အလင်းတန်းက ဇာမဏီ၏ ဦးခေါင်းကို ထိုးဖောက်သွားကာ သူမ ထိုကိုယ်ပွားထဲ အသုံးပြုထားသည့် ဝိညာဉ်အပိုင်းအခြားကို သုတ်သင်ပစ်လိုက်သည်။
ယန်းအိုက်၏ အရှိန်အဝါက သိသိသာသာ ကျဆင်းသွားပြီး သူမ၏ အသားအရောင်က ပိုမိုဆိုးရွားသွားသည်။ သို့သော်လည်း သူမက ပါးစပ်ဟကာ ဝူယွီ၏ ခန္ဓာကိုယ်ကို ဝါးမျိုလိုက်သည်။ ဝူယွီ၏ ခန္ဓာကိုယ်က သွေးအိုင်အဖြစ် ပြောင်းလဲသွားကာ သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေ၏။
“ဟမ် သူမက ဒီခန္ဓာကိုယ်ကို ပစ္စည်းကောင်းတွေနဲ့ လုပ်ထားတာပဲ”
ထိုခန္ဓာကိုယ်၏ အာဟာရက သူမ၏ စွမ်းအားကို အတင်းအကြပ် တိုးမြှင့်ခဲ့သည့် တန်ပြန်သက်ရောက်မှုကို လျှော့ချပေးသင့်လိုက်သည်။
“ငါ သူမရဲ့ ဝိညာဉ်ကိုပါ ယူလိုက်ရမလား”
သူမက မှတ်ချက် ပေးလိုက်သည်။
“ထားလိုက်ပါတော့။ နောက်ကျသွားပြီ။ ပြီးတော့ ဟိုကောင်လေးက တစ်ယောက်ယောက် ငါ့ကို အကွက်ချနိုင်တယ်ဆိုတာ သတိပေးထားသေးတယ်။ သူ့စကား နားထောင်တာ မမှားဘူး”
ယန်းအိုက်က အာကာပြင်ကို ချိုးဖောက်ပြီးသည့်နောက်တွင် ပြန်လည် ရောက်ရှိလာသည်။ သူမက စည်းတံဆိပ်ဆီ ပြန်လည်ရောက်ရှိလာပြီးသည့်နောက်တွင် မုန့်ခယ်ကို စစ်ဆေးကြည့်လိုက်၏။ သူမက တိုက်ပွဲကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
“တကယ်ကို ပါရမီထူးတဲ့ ကလေးပဲ။ စိတ်အခြေအနေကတော့ လက်ရှိအခြေအနေနဲ့ နေသားမကျသေးဘူး”
သူမက ခေတ္တမျှ စဉ်းစားလိုက်သည်။
“သူ့ကို နည်းနည်းလောက် ခံစားခိုင်းလိုက်မယ်။ ဘာပဲဖြစ်ဖြစ် သူက အရည်ထူတာပဲဆိုတော့ သေမှာတော့ မဟုတ်ပါဘူး”
ယန်းအိုက်က စည်းတံဆိပ်ဆီ ပျံသန်းသွားပြီး အနီးကပ် လေ့လာကြည့်လိုက်သည်။ ဝမ်ဝေ့က သူမ၏ အဆောင်ကို လိုချင်သည့် အကြောင်းအရင်းကို နားလည်သွားလေ၏။ ထိုပစ္စည်းကို အဖြေထုတ်ဖို့ အကောင်းဆုံး အစီအရင်ဆရာများအတွက်ပင် အချိန်တစ်ခု ကြာမြင့်လိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က ခွန်အားကို အသုံးပြုပါကလည်း အချိန်ကြာမြင့်လိမ့်မည်။ ကံဆိုးစွာဖြင့် အချိန်က လက်ရှိအခြေအနေတွင် သူတို့ဖက်တွင် ရှိမနေခဲ့ပေ။
“ကဲ စလိုက်ကြရအောင်”
သူမက အစီအရင်ကို အားနည်းခြင်းဖြင့် သူတို့၏ အားစိုက်ထုတ်မှုများကို လျှော့ချကြောင်း အဖြေထုတ်လိုက်၏။ သို့သော်လည်း သူမက ဝမ်ဝေ့သည် အဆောင်ကို သူမဆီ မထားခဲ့သည့်အတွက် ညည်းတွားနေမိသည်။
ငါက အဲဒီကိုယ်ပွားနဲ့ အချိန်များများ လိုမယ်လို့များ ထင်နေတာလား…
အဲဒီကောင်စုတ် ဝမ်ဝေ့က ငါ့ကို တကယ်ကို လျှော့တွက်နေတာပဲ…
ယန်းအိုက်က ပြောလိုက်သည်။ သို့သော်လည်း တစ်စုံတစ်ယောက် ရောက်ရှိလာမှုက မေးခွန်းကို ဖြေပြီးသား ဖြစ်သွားသည့်အတွက် ယန်းအိုက်၏ အမူအရာက ပြောင်းလဲသွားခဲ့၏။
ထို့နောက် မှုန်ဝါးဝါး ပုံရိပ်တစ်ခုက သူမအနား ပေါ်ထွက်လာလေသည်။
“ဟမ် ဝါရင့်သစ်ခေါက်နဲ့ လုပ်ထားတဲ့ ရုပ်သေးရုပ်လား”
ယန်းအိုက်က ကျူးကျော်လာသူကို အဖြေထုတ်ပြီးသည့်နောက်တွင် အမူအရာ ပြောင်းလဲသွားလေသည်။