ဝူယွီ၏ ရည်မှန်းချက်များ
Vol. 97 Ch. 1353
ဝူယွီက လျှို့ဝှက်အခန်းအတွင်း မျက်လုံးပွင့်လာကာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူမ၏ အရှိန်အဝါက ဖရိုဖရဲဖြစ်သွားပြီးသည့်နောက်တွင် သိသိသာသာ လျော့ကျသွားလေ၏။ သူမက ဆေးလုံး လက်တစ်ဆုပ်ကို အလျင်အမြန် သောက်သုံးပြီး အခြေအနေကို တည်ငြိမ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း အခြေအနေက စက္ကန့်ပိုင်းအတွင်း ပိုမိုဆိုးရွားသွားလေ၏။ ဝူယွီ၏ မျက်နှာက ခရမ်းရောင် ပြောင်းလဲသွားပြီးသည့်နောက်တွင် ဝက်ခြံနှင့် ပြည်တည်နာများ ထွက်ပေါ်လာသည်။
သူမ၏ မျက်နှာက နာကျင်မှုဖြင့် ပုံပျက်ယွင်းသွားလေ၏။ ဤသည်က ကျိန်စာ အသက်ဝင်လှုပ်ရှားလာဖို့ အဆိုးရွားဆုံးအချိန် ဖြစ်ပေသည်။ သို့သော်လည်း သူမ၏ လက်ရှိအားနည်းသည့် အနေအထားအရ မျှော်လင့်ထားသင့်သည်။ သူမက တုံ့ဆိုင်းမနေတော့ဘဲ ရှားပါးဆေးလုံးတချို့ကို သောက်သုံးလိုက်သည်။ သူမအနေဖြင့် အခြေအနေကို တည်ငြိမ်အောင် ဆယ်မိနစ်ခန့် အချိန်ယူခဲ့ရသည်။
သူမက နှစ်နာရီခန့် ကျင့်ကြံပြီးသည့်နောက်တွင် သူမ၏ ဒဏ်ရာနှင့် ကျိန်စာကို အကဲဖြတ်လိုက်၏။ ထို့နောက် ဝူယွီက သူမ၏ မျက်နှာကို အလျင်အမြန် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ပုံမှန်ပြန်ဖြစ်သွားကြောင်း သိသွားပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“ကျစ်” သူမက ညည်းတွားလိုက်၏။ သူမက ဆိုးဆိုးရွားရွား အခြေအနေရှိနေပြီး ကိုယ်ပွားကို ဆုံးရှုံးလိုက်ရခြင်းက ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေသည်။
“သူမရဲ့ မျက်လုံးကို ဖောက်ထုတ်ပစ်ချင်တယ်”
“ဝူယွီက ကျိန်ဆဲလိုက်သည်။ သို့သော်လည်း သူမက ထိုစကားကို ရေရွတ်လိုက်သည်နှင့် ထိုဓားတိုက်ကွက်ကို အမှတ်ရသွားလေ၏။ သူ့မခန္ဓာကိုယ်နှင့် ဝိညာဉ်က တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ ပြောရမည်ဆိုလျှင် နက်ရှိုင်းသည့် အကြောက်တရားက သူမ၏ ကျောရိုးထဲ စီးဆင်းနေဟန်ပေါ်၏။ ထိုတိုက်ကွက်က သူမအား သာမန်အခြေအနေ ဖြစ်ခဲ့သည့်အချိန်ကို ပြန်လည်တွေးမိသွားစေသည်။ အင်အားကင်းမဲ့ခြင်း၏ ကူကယ်ရာမဲ့မှုက ဝူယွီအား ရူးသွပ်လုနီးပါး ဖြစ်သွားစေ၏။
“မဖြစ်သေးဘူး။ ဒီလိုဆက်ဖြစ်နေလို့ မဖြစ်သေးဘူး။ ငါ တစ်ခုခု လုပ်ရမယ်” ဝူယွီက အော်ပြောလိုက်သည်။ သူမ၏ ရှင်သန်လိုစိတ်က ပြင်းထန်လာသည်။ သူမက ဤကိစ္စရပ်၌ အသက်ရှင်လိုမိသည်။ ဆက်တိုက်ဆိုသလို ထိုအရာက သူမ၏ စိတ်နှလုံးသားထဲ ရည်မှန်းချက်တစ်ခုကို နိုးထလာစေ၏။ ဝူယွီက အသက်ပြင်းပြင်း ရှူလိုက်သည်။
“အဲဒီအမျိုးသမီးပြောတာ မှန်တယ်။ ငါက အားနည်းလွန်းတယ်။ ငါ့ရဲ့ နောက်ရည်ရွယ်ချက်က ကျိန်စာကို ချိုးဖောက်ဖို့ ဖြစ်သင့်တာ။ ငါ အထွတ်အထိပ်အခြေအနေ ရောက်တာနဲ့ ငါ့ရဲ့ စွမ်းအားတွေ အကုန်လုံးကို မြှင့်တင်ပြီး အရင်းအမြစ်အားလုံးကို သုံးနိုင်တယ်။”
ဝူယွီက အစီအစဉ်ကို သုံးသပ်ပြီးသည့်နောက်တွင် ထိုအရာနှင့် ပတ်သက်ပြီး ဘာမှမှားယွင်းသည်ဟု မခံစားရပေ။ သူမ ငယ်ရွယ်စဉ်အခါက သူမသည် စွမ်းအားနှင့် ခွန်အားတွက် ဘာမဆိုလုပ်ဖို့ အလိုရှိပြီး ရည်မှန်းချက် ကြီးမားခဲ့သည်။ သို့သော် သူမက စွမ်းအားရရှိပြီးသည့်နောက်တွင် ထိုဘက်အခြမ်းအား ဆုံးရှုံးသွားခဲ့ရ၏။ ထိုဓားချက်က သူမကို ပြန်လည်နိုးထလာစေပြီး သူမ၏ အမှားကို သဘောပေါက်သွားစေသည်။
ဒီကမ္ဘာကြီးထဲမှာ ဘယ်သူကမှ မကျင့်ကြံနိုင်ဘူးဆိုပေမဲ့ ငါတို့တွေကတော့ ခြွင်းချက် ဖြစ်သင့်တယ်မလား။ ငါတို့တွေက အရှင့်ဆီမှာ အညံ့ခံထားတာလေ။ တကယ်လို့ သူသာ ငါတို့ကို သူ့ဆီ ဆက်တိုက်ကူညီပေးစေချင်တယ်ဆိုရင် ငါတို့ရဲ့ စွမ်းအားကိုလည်း မြှင့်တင်ဖို့ ခွင့်ပြုပေးသင့်တာပေါ့…
ဝူယွီက ထိုအစီအစဉ်နှင့် ပတ်သက်ပြီး ဘာမှမှားယွင်းသည်ဟု မခံစားရပေ။
ကျိန်စာကတော့…
သူမက ညည်းတွားပြီးသည့်နောက်တွင် လက်ကို ဝှေ့ယမ်းပြီး နည်းစနစ်ကို အသက်သွင်းလိုက်သည်။
……………………………………………………………………………………..
ဓာတ်ငါးပါးဇာမဏီနန်းတော်၊ ပလ္လင်အခန်း
ဝူယွီ၏ လက်အောက်ငယ်သားအားလုံးက စုဝေးနေကြပြီး မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ ပုံရိပ်က ပလ္လင်ပေါ် ပေါ်ထွက်လာလေ၏။ သူမက ထိုဒဏ်ရာရရှိပြီးကတည်းက လျှို့ဝှက်အခန်းထဲမှ ထွက်ခဲလေ့ရှိပြီး နန်းတော်၏ အကောင်းဆုံးအစီအရင်က ထိုအခန်းကို ကာကွယ်ပေးထားလေ၏။
“ကောင်းပြီလေ” သူမက ပြောလိုက်သော်လည်း မည်သူကမှ ပြန်မဖြေကြပေ။ အနှစ်ချုပ်အားဖြင့် လူအများက ခေါင်းငုံ့ထားကြပြီး သူမက သူတို့အား အာရုံစိုက်လာမည်ကို စိုးထိတ်နေကြဟန်ပေါ်သည်။
“တစ်ခုခု ပြောကြဦး” သူမက ပြောလိုက်သည်။
ခန်းမက တိတ်ဆိတ်နေဆဲသာ ဖြစ်၏။
“အမှောင်ဇာမဏီ ဒါက မင်းရဲ့ အဓိကအလုပ် မဟုတ်ဘူးလား”
“အရှင့်ကို တင်ပြပါတယ်” အနက်ရောင်ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး နဖူးအထက် ဇာမဏီအမှတ်အသားရှိသည့် မိန်းမလှတစ်ဦးက ပြောလာခဲ့သည်။
“အဖြူရောင်ရွက်ပုတ်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရသေးပါဘူး”
“မင်း အဲဒါပဲ တင်ပြစရာ ရှိတာလား” ဝူယွီက သူမ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ခြင်းမရှိဘဲ ညည်းလိုက်သည်။ အဖြူရောင်ရွက်ပုတ်က မိုးမြေကြားမှ မိစ္ဆာချီနှင့် အဆိုးဓာတ်ချီတို့ကို စုဝေးခြင်းဖြင့် မွေးဖွားလာသည့် ရှားပါးအထွတ်အထိပ် ဟွင်သွမ်းဆေးပင်တစ်ပင် ဖြစ်ပေသည်။ ထို့နောက် ယင်ယန်စည်းမျဉ်းအရ မိုးမြေထဲ အသန့်စင်ဆုံးအရာအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအရာက ကျိန်စာကို ဖြေရှင်းရာ၌ အကောင်းဆုံးရတနာတစ်ခု ဖြစ်၏။
“အရှင့်ကို တောင်းပန်ပါတယ်။ ကျွန်မတို့တွေ ပိုင်နက်ထဲမှာ ရှာမတွေ့ပါဘူး။ အရှင် ပြန်မလာခင် အပြင်ဘက်မှာ ကျွန်မတို့တွေ ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ အင်အားစုတွေကို လျှော့ချခဲ့ရပါတယ်” အမှောင်ဇာမဏီက ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ငါ ကြားသမျှတော့ အကြောင်းပြချက်တွေချည်းပဲ”
အမှောင်ဇာမဏီက မှားယွင်းသလို ခံစားလိုက်ရသည်။ သူမက အမှန်အတိုင်းပြောနေခြင်း ဖြစ်သော်လည်း သူမ၏ ခေါင်းဆောင်က ယနေ့အကျိုးအကြောင်း မသင့်ပေ။ လွန်ခဲ့သည့် ယွမ်ခေတ်ကာလ တစ်သန်းခန့်က သူမသည် အနည်းငယ် အားစိုက်ထုတ်ပြီး နှစ်တစ်သန်းလောက်ဖြင့် သီးသန့်ကျင့်ကြံရုံဖြင့် ပြန်လည်ဖြေရှင်းနိုင်သည့် အသေးအဖွဲကျိန်စာအတွက် အဖြူရောင်ရွက်ပုတ်ရှိသည့် ပိုင်နက်တစ်ခုလုံးကို အသုံးပြုခဲ့သည်။
အရှင်က အမြဲလိုလို ဖြုန်းတီးခဲ့သော်လည်း ယခု သူမ အပြုအမူ၏ အကျိုးဆက်ကို သဘောပေါက်သွားပြီလား…
အမှောင်ဇာမဏီက ထိုအရာကို မယုံပေ။
ကံကြမ္မာက ငါတို့ကို စွန့်ပစ်လိုက်ပြီလား…
သူမက တွေးလိုက်သည်။
ဒီနေ့ရက်ရောက်လာမယ်ဆိုတာကို သိထားပေမဲ့ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့တော့ ထင်မထားဘူး။
ဝူယွီက ပလ္လင်ပေါ်၌ တိတ်ဆိတ်သွားလေသည်။ သူမ၏ အရှိန်အဝါတို့က လက်ရှိ လူအားလုံးကို ဖိနှိပ်ထားလေ၏။ သူမက ဖြေရှင်းနည်းကို စဉ်းစားနေသည်။ သူမဘာသာသူမ သတ်သေခြင်းက ဖြေရှင်းနည်းတစ်ခု မဟုတ်ပေ။ သူမက ထိုအမှန်တရားကို သင်ယူဖို့အတွက် အသက်တစ်သက် ဆုံးရှုံးခဲ့ရသည်။ သူမက အသက် နှစ်သက်သာ ကျန်ရှိတော့သည့်အတွက် ထိုအရာကို မဖြုန်းတီးလိုပေ။
ငါ တခြားတစ်ယောက်ဆီ ပြောင်းပေးလိုက်ရမလား…
သူမက အခန်းထဲမှ လူများကို အာရုံစိုက်ပြီးသည့်နောက်တွင် တွေးလိုက်သည်။ လူအားလုံးက ကျောရိုးတစ်လျှောက် ကြက်သီးထသွားကြသော်လည်း အသံပင် မထွက်ရဲကြပေ။
မဟုတ်သေးဘူး။ ဒီကျိန်စာက စွမ်းအားကြီးတော့ ငါ့ဆီကနေ အလွယ်တကူ ဖယ်ရှားလို့ရမှာမဟုတ်ဘူး။ ပြီးတော့ ဒီလူတွေက အားနည်းလွန်းတယ်။ အဲဒီဟာရဲ့ သေးငယ်တဲ့ တစ်စိတ်တစ်ပိုင်းကတော့ သူတို့အားလုံးကို သတ်ပစ်နိုင်တယ်…
သူမက နည်းလမ်းများစွာကို တွေးထားသော်လည်း မည်သည့်အရာကမှ အသုံးမဝင်ခဲ့ပေ။ ထိုကျရှုံးသည့် ကြိုးပမ်းမှုများက သူမအား ပိုမိုဒေါသထွက်စေ၏။ ထို့ကြောင့် သူမက ပလ္လင်၏ လက်ရန်းကို ရိုက်ချလိုက်သည်။ သူမ၏ စိတ်ခံစားချက် အတက်အကျလှိုင်းက ပုံရိပ်ယောင်ကို မတည်မငြိမ်ဖြစ်သွားစေပြီး ပျောက်ကွယ်သွားစေသည်။
အခန်းအတွင်း ဝူယွီ၏ ကျိန်စာက ဒုတိယအကြိမ် အသက်ဝင်လာလေ၏။ ထိုစဉ် သူမက လက်ဝါးမှ မီးတောက်တစ်ခုကို ဆင့်ခေါ်ပြီး နှလုံးသားထဲ စုပ်ယူလိုက်သည်။
သူမက စက္ကန့်သုံးဆယ်ကြာပြီးသည့်နောက်တွင် ဖယ်ရှားလိုက်၏။ သူမ၏ ခန္ဓာကိုယ်က တည်ငြိမ်သွား၏။ သို့သော်လည်း နဂိုတောက်ပနေသည့် မီးတောက်က အနက်ရောင် ပြောင်းလဲသွားလေသည်။
ဝူယွီက ထိုအရာကို တစ်စုံတစ်ခု ပြောရမည်ဆိုလျှင် အတိအကျပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်ကို တွေးမိသွားကာ ချက်ချင်းငြိမ်းသတ်ပစ်တော့မည် ဖြစ်၏။
ဖြစ်နိုင်တာက ငါ အဲဒီယဇ်ပူဇော်ပွဲကို သုံးပြီး ကိုယ့်ကိုယ်ကို ကုစားလို့ရနိုင်တယ်…
သူမက တွေးလိုက်သည်။ သူမ၏ ဘဝ၌ ဝူယွီသည် ထာဝရဇာမဏီထက် ရင်းနှီးပြီး နီးကပ်ခဲ့ဖူးသည့် လူဟူ၍ မရှိပေ။ ယခင်က သူသည် ဒိုင်မေးရှင်းအနိမ့်မှ မြင့်တက်လာကာစ ပါရမီရှင်ဖြစ်ပြီး သူမကမူ ဇာမဏီမျိုးနွယ်မှ သာမန်တပည့်တစ်ယောက်မျှသာ ဖြစ်သည်။ သူမ၏ သွေးမျိုးဆက်က ထူးကဲသော်လည်း သူမ၏ ပါရမီက သာမန်ဖြစ်သည့်အချက်ကို မပြောင်းလဲနိုင်ပေ။
သို့သော်လည်း ဝူယွီက ရည်ရွယ်ချက်ကြီးပြီး စွမ်းအား၊ ခွန်အားနှင့် အသင်္ချေမျိုးနွယ်မှ ချစ်မြတ်နိုးမှုတို့ကို လိုချင်မိသည်။ ပထမဦးစွာ သူမတွင် ကျိန်စာများ၊ ကူ၊ အဆိပ်နှင့် ယဇ်ပူဇော်ပွဲများ ပါဝင်နေသည့် စုန်းအတတ် အမွေအနှစ်ကို မတွေ့ခင်အချိန်အထိ အခွင့်အရေး မရှိခဲ့ပေ။ သူမက တုံ့ဆိုင်းမနေဘဲ ထာဝရဇာမဏီကို မျက်စိကျသွားခဲ့၏။
သူမ၏ အခွင့်အရေးက နည်းပါးကြောင်း သိထားသော်လည်း သူမက အားလုံးကို အသုံးပြုကာ အချစ်ကံကြမ္မာ ကူကောင်ကို ပြုစုပျိုးထောင်ခဲ့သည်။ ထိုအရာ၏ အကူအညီဖြင့် သူမက ထာဝရဇာမဏီနှင့် မတော်တဆ တွေ့ဆုံမှုများကို ဖန်တီးပြီး ခံစားချက်များကို တိုးမြှင့်ခဲ့သည်။ ထို့နောက် ထိုသူက သူမနှင့် ချစ်မြတ်နိုးသွားသည်နှင့် ဝူယွီက ထိုအခွင့်အရေးကို အသုံးပြုကာ မူလဇစ်မြစ်အားဖြည့်ရေး ယဇ်ပူဇော်ပွဲကို အသုံးပြုခဲ့သည်။
ထာဝရဇာမဏီ၏ ဇစ်မြစ်ကို ယူဆောင်ပြီးသည့်နောက်တွင် သူမက သူ့ပါရမီနှင့် ကံကောင်းမှုတို့ကို ယူဆောင်နိုင်ခဲ့သည်။ ဤနည်းလမ်းက သူမအား စံပြအဆင့်ဝင်ရောက်ဖို့ ခွင့်ပြုပေးထားသည့် နည်းလမ်းလည်း ဖြစ်ပေသည်။
ဝူယွီက မနေနိုင်ဘဲ ပြန်လည်တွေးတောမိသွား၏။ ထိုယဇ်ပူဇော်ပွဲက အရာအားလုံး၏ အစဖြစ်ပြီး သူမအား ပြိုင်ဘက်ကင်း ဂုဏ်ကျက်သရေတို့ကို ဆောင်ကြဉ်းပေးလာသည်။ ထို့နောက် သူမက ရွယ်တူများမှ အားကျခြင်းခံရပြီး အကြီးအကဲများမှ ချီးကျူးကာ ချစ်မြတ်နိုးခြင်းခံရသည့် ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုစဉ် ထာဝရဇာမဏီကမူ ဆင်းရဲပြီး လေလွင့်ကျင့်ကြံသူမျှသာ ဖြစ်သည့်အတွက် မည်သူကမှ ဂရုမစိုက်ကြပေ။ သူ့ပါရမီမရှိဘဲ မည်သူကမှ ဒုတိယအကြိမ် ကြည့်ကြမည် မဟုတ်ပေ။
ကံဆိုးစွာဖြင့် ဝူယွီ၏ အနေအထားက ကြာရှည်မခံခဲ့ပေ။ စံပြတစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင် သူမက ယဇ်ပူဇော်ပွဲ၏ ဆိုးကျိုးကို သဘောပေါက်သွားခဲ့၏။ သူမက အလားအလာ မရှိတော့ဘဲ မဟာတာအိုအရင်းအမြစ် ၉၀ရာခိုင်နှုန်းကသာ သူမ၏ ကန့်သတ်ချက် ဖြစ်သွားခဲ့သည်။
လူများက ထိုအရာကို သဘောပေါက်သွားသည့်အခါ သူမက ဟာသပြက်လုံးတစ်ခု ဖြစ်လာခဲ့၏။ ယခင်က သူမကို ချစ်မြတ်နိုးခဲ့သည့် အကြီးအကဲများကလည်း ယခုအခါ စံပြတစ်ယောက်အနေဖြင့် အနည်းဆုံး ရိုသေသမှုသာ ပေးတော့သည်။ သို့သော် လူများက သူမသည် အားအနည်းဆုံးစံပြ ဖြစ်နေကြောင်း သဘောပေါက်သွားပြီးနောက်တွင် ထိုအရာကပင် သိပ်မကြာမြင့်ခဲ့ပေ။
ဝူယွီက သူမ၏ အငယ်များ သူမကို လိုက်မှီလာကာ ကျော်တက်သွားမည်ကိုသာ ကြည့်နေရလေ၏။ သူတို့က တိတ်တဆိတ် မလုပ်ဘဲ သူမကို အခွင့်အရေးရတိုင်း လှောင်ပြောင်ကြလေ့ ရှိသည်။ ဤမျှကြာရှည်သည်းခံပြီးသည့်နောက်တွင် သူမက အရာအားလုံးကို အဆုံးသတ်ဖို့ တွေးမိလာသည်။ ထို့နောက် အချိန်စားသုံးသူက သူမ မငြင်းဆန်နိုင်သည့် အပေးအယူဖြင့် ပေါ်ထွက်လာလေ၏။
သူမက တုံ့ဆိုင်းခြင်း မရှိဘဲ ထိုအရာကို လက်ခံခဲ့သည်။ အကျိုးဆက်နှင့် သူမက နယ်ရုပ်တစ်ရုပ်မျှသာဖြစ်ကြောင်းနှင့် သူမကို မျှခြေထိန်းဖို့အတွက် သူမ၏ ရည်းစားဟောင်းကပင် အဖွဲ့အတွင်း ပါဝင်နေသည့်အချက်ကို သိထားသော်လည်း သူမက လက်ခံခဲ့သည်။
ငါက အမွေအနှစ်ကို မလေ့လာတာကြာပြီ။ ဒီကျိန်စာကို ထာဝရဇာမဏီဆီ ပြောင်းပေးနိုင်မဲ့ နည်းလမ်းတစ်ခု ရှိနိုင်တယ်….
ဝူယွီက တွေးလိုက်သည်။ သူတို့ကြားတွင် ချိုးဖောက်၍ မရနိုင်သော နက်နဲသည့် ကံဆက်နွယ်မှုတစ်ခု ရှိ၏။ ထို့ကြောင့် သူမ၏ အစီအစဉ်က အလုပ်ဖြစ်နိုင်ခြေ ရှိ၏။ သူမက ထိုအရာကို တွေးမိလေလေ ထိုအစီအစဉ်က အလုပ်ဖြစ်နိုင်ခြေရှိကြောင်း ခံစားမိလေလေဖြစ်၏။
“ဟမ် သတင်းစကားတချို့ရှိတာလား”
“အမှောင်ဇာမဏီ ဘာကိစ္စလဲ” နောက်ထပ်ပုံရိပ်ယောင် တစ်ခုကို ဖွဲ့စည်းရင်း မေးလိုက်သည်။
“ကျွန်မတို့ နောက်ထပ် သတင်းတချို့ကို ရလိုက်ပါတယ်” အမှောင်ဇာမဏီက ပြောပြီးသည့်နောက်တွင် ရပ်တန့်လိုက်သည်။
“ငါ့အချိန်ကို ဖြုန်းမနေနဲ့ ပြော”
“တစ်ယောက်ယောက်ဆီမှာ ကျိန်စာအတွက် ဖြေဆေး ရှိပါတယ်တဲ့”
“မင်း ဘာပြောလိုက်တာလဲ။ ဒါက အဓိပ္ပာယ်မရှိတာတွေ ပြောရမဲ့အချိန် မဟုတ်ဘူး” ဝူယွီက သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်လိုက်သည်။ ထိုအစေခံများက သူတို့၏ သခင်သည် ဤတစ်ကြိမ် ကစားနေခြင်း မဟုတ်ကြောင်းသိထားကြ၏။ အကယ်၍ အမှောင်ဇာမဏီကသာ စကားလုံးကို မှန်မှန်ကန်ကန် မရွေးချယ်နိုင်ပါက ဤအခန်းမှ ထွက်သွားနိုင်မည် မဟုတ်ပေ။
“အဲဒါက ထာဝရဇာမဏီပါ”
သူမက အလျင်အမြန် ပြောလိုက်သည်။
“သူ့ဆီမှာ ဖြေဆေးရှိတယ်လို့ လူသိရှင်ကြား ကြေညာထားတာပါ”
အခန်းက ကြက်သီးထဖွယ် တိတ်ဆိတ်သွားလေသည်။ ဝူယွီ၏ ပထမဦးဆုံး တုံ့ပြန်မှုက အလိမ်အညာဟုသာ ဖြစ်၏။ သို့သော်လည်း သူမက တစ်စုံတစ်ခုကို သတိရသွားသည့်အခါ အမူအရာ ပျက်ယွင်းသွားလေသည်။
“တောက်”
သူမက ကျိန်ဆဲလိုက်သည်။