မြေကမ္ဘာဧကရာဇ်နှင့် စကားစမြည်ပြောခြင်း
Vol. 97 Ch. 1355
ဝမ်ဝေ့နှင့် မြေကမ္ဘာဧကရာဇ်တို့က အချင်းချင်းကြည့်ရင်း အရှိန်အဝါဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် သတ်တော့လုမတတ် ဖြစ်နေကြ၏။ သို့သော်လည်း သူတို့နှစ်ဦးလုံးက စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေဟန်ပေါ်သည်။ ဝမ်ဝေ့၏ အာရုံစိုက်မှုက ဤတိုက်ပွဲတွင် မဟုတ်ဘဲ စည်းပိတ်ထားသည့် နေရာတွင် ဖြစ်၏။
ဒီငကြောက်တွေက အသက်မဲ့အစီအရင်ကို ဖယ်ရှားလိုက်ပြီပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ထိုအရာသည် ထိုခွေးကောင်ထဲမှ တစ်ယောက်ကို ထာဝရသတ်ဖြတ်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူတို့က သူနှင့် တိုက်ခိုက်ဖို့ အရေးသာချက် မရှိကြောင်း သဘောပေါက်သွားသည်နှင့် သူတို့သည် အဆိုးဆုံးအခြေအနေက အသက်တစ်သက် ဆုံးရှုံးသွားရုံမျှသာ ဖြစ်ဖို့ရာ အစီအရင်ကို ဖယ်ရှားပစ်ခဲ့သည်။
အခု ငါ့ရဲ့ အဓိကရည်ရွယ်ချက်ကို အာရုံစိုက်ထားဖို့ လိုတယ်။
ဝမ်ဝေ့က တွေးလိုက်သည်။
အခု စည်းတံဆိပ်ကို ဘယ်လိုချိုးဖောက်ရမလဲဆိုတာပဲ။ ဒါပေမဲ့ အန္တိမသဟဇာတက အခု ငါရှိနေတဲ့နေရာကို သိပြီဆိုတော့ ကိစ္စတွေက ဒီလောက်ရိုးရှင်းမှာတော့ မဟုတ်ဘူး…
သို့သော်လည်း ဤသည်က ဝမ်ဝေ့၏ အစီအစဉ်သာ ဖြစ်၏။ ထိုအရာက ထိုသူများအား သင်ခန်းစာတစ်ခု ပေးခြင်းကို မတားဆီးနိုင်ပေ။
“ငါနဲ့ အတူတူ တွဲလုပ်ဖို့ စိတ်ဝင်စားလား”
“ဟမ်” ဝမ်ဝေ့က သူသည် ထင်ယောင်ထင်မှားကြားနေတာလားဟု တွေးကာ မေးလိုက်သည်။
“ဘာမှ အံ့အားသင့်ဖို့မလိုဘူး။ ဒီမှာ ထာဝရရန်သူဆိုတာ မရှိဘူး။ အကျိုးအမြတ်ပဲ ရှိတယ်။ တကယ်လို့ ငါတို့ရဲ့ စိတ်ဝင်စားမှုက တူတယ်ဆိုရင် အတူတကွ တွဲမလုပ်စရာအကြောင်း မရှိပါဘူး”
ဝမ်ဝေ့က သူ့ကို လေ့လာပြီးသည့်နောက်တွင် အမှန်အတိုင်း ပြောနေကြောင်း သဘောပေါက်သွားလေ၏။
“ဒါက ကျုပ်အာရုံကို ဖမ်းစားနိုင်တယ်လို့တော့ ပြောရမှာပဲ။ ဘယ်လိုတွဲပြီး အလုပ်လုပ်ချင်တာလဲ။ ခင်ဗျား ပြောနေတဲ့ အကျိုးအမြတ်ဆိုတာကတော့ ဘာလဲ”
“မဟာချင်သူတော်စင်ခုံရုံးကို ဖျက်ဆီးပစ်ဖို့ပေါ့”
“ကျုပ်ရဲ့ ပထမဆုံးအတွေးက ခင်ဗျား သေချင်နေတာပဲ” ဝမ်ဝေ့က သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“ဒါပေမဲ့ ကျုပ်ရဲ့ ဒုတိယအတွေးက သူတို့ရဲ့ ပျက်သုဉ်းမှုက ကျုပ်အတွက် ဘယ်လိုအကျိုးအမြတ် ရမှာလဲ”
“အရင်းအမြစ်တွေပေါ့”
“ဘာလို့များ အဲ့လို တုံးအအ အရာမျိုးကို ပြောနေတာလဲ။ ကျုပ်က နဂါးနဲ့ အချိန်စားသုံးသူရဲ့ ပိုင်နက်ကို သိမ်းပိုက်ပြီးပြီ။ အရင်းအမြစ် လိုအပ်မယ်များ ထင်နေလား”
“အဲဒီလူတွေက ရှေးဟောင်းအာဏာရှင်တစ်ယောက်ရဲ့ အုတ်မြစ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ပြီးတော့ လူသားဧကရာဇ်က အမည်မသိလျှို့ဝှက်ဇစ်မြစ် တစ်ခု ရှိတယ်။ မင်း စိတ်ဝင်စားမှာ သေချာတယ်” မြေကမ္ဘာဧကရာဇ်က ပြောလိုက်သည်။
ဝမ်ဝေ့က သူ့ကို စကားမဆိုဘဲ ကြည့်လိုက်၏။ သူက သူ့မျက်နှာထားမှ မြေကမ္ဘာဧကရာဇ်က အဓိပ္ပာယ်မရှိပြောနေသည့် အချက်ကြောင့် စိတ်ခုမှုကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ဘာသာစကားက ရိုင်းပျနေ၏။ သူက ထိုသူအား အရူးဟု မပြောမိအောင်ပင် ကိုယ့်ကိုယ်ကို ချုပ်ထိန်းထားရဟန်ပေါ်သည်။
“ကောင်းပြီလေ။ ဒါက မင်း သဘောတူရတဲ့ အဓိကအကြောင်းအရင်းတော့ မဟုတ်ဘူး”
“ခင်ဗျားက ဘာလို့ အဲ့လောက်တောင် ယုံကြည်ချက်ရှိနေရတာလဲဆိုတာ သိချင်မိသား”
“ငါ မင်းအကြောင်းကို သိထားသလောက် မင်းက မိတ်ဆွေနဲ့ မိသားစုအပေါ်မှာ အတော်လေးကို ကာကွယ်တတ်တယ်တဲ့” မြေကမ္ဘာဧကရာဇ်က ဆက်ပြောလိုက်သည်။ သူ့မျက်နှာအမူအရာက ဝမ်ဝေ့သည် သူ့တောင်းဆိုချက်ကို မည်သို့ပင်ဆိုစေကာမူ သဘောတူမည်ဟု ယုံကြည်နေဟန်ပေါ်၏။
“ခင်ဗျားက ဘယ်သူ့အကြောင်း ပြောနေတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“မင်း မသိဘူးလား” မြေကမ္ဘာဧကရာဇ်က အပြုံးဖြင့် မေးလိုက်သည်။
“ချင်သူတော်စင်ခုံရုံးက နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်ကို သူမ တက်လှမ်းလာလာချင်း ဖမ်းထားလိုက်တယ်လေ”
“သူမ အကြောင်းမကြားရတာ မထူးဆန်းတော့ပါဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့အဖွဲ့ကို ပြန်လည်စုဝေးစဉ်အခါက ဒိုင်မေးရှင်းအနိမ့်မှ လူတချို့ကို စုဝေးဖို့ စီစဉ်ထားခဲ့သည်။
“ဘယ်လိုထင်လဲ။ ငါတို့တွေ အလုပ်တွဲလုပ်လို့ ရတယ်မလား။ ငါက ခုံရုံးကနေ အရင်းအမြစ်အများစုကို ယူပြီးတော့ မင်းကတော့ လူကို ကယ်နိုင်မှာပေါ့” မြေကမ္ဘာဧကရာဇ်က ဆက်ပြောလိုက်သည်။
“ဟမ် ကျုပ်သဘောတူလိုက်ရင် အခု တိုက်ပွဲက ဘယ်လိုဖြစ်သွားမှာလဲ”
“မင်းက ထွက်သွားပြီးတော့ ဒီလေဟာနယ်ပုံရိပ်ယောင်စည်းတံဆိပ်ကို မထိသရွေ့ အဆင်ပြေလိမ့်မယ်”
ဝမ်ဝေ့က စဉ်းစားလိုက်သည်။ သူက ထိုအယူနှင့် ပူးပေါင်းဖို့ အစီအစဉ် မရှိပေ။
သူ့မျက်နှာအပေါ်မှာ ငါ့ကို နောက်ကျောကနေ ထိုးဖို့ အစီအစဉ်ချနေတယ်ဆိုတာကို ပြသနေတယ်…
ထို့အပြင် ထိုသူက အရင်းအမြစ်များကို ယူစဉ် သူကမူ နတ်ဆိုးဖိနှိပ်ရေးကို ကယ်နိုင်ရုံမျှသာဖြစ်၏။
“ချင်သူတော်စင်ခုံရုံးကို ဖျက်ဆီးပစ်ဖို့ အစီအစဉ်ကရော” ဝမ်ဝေ့က မေးလိုက်သည်။ သူက ထိုအရူးနှင့် အလုပ်တွဲလုပ်ဖို့ စီစဉ်ထားခြင်း မရှိသော်လည်း သူနှင့် အလုပ်တွဲလုပ်ချင်ယောင်ဆောင်ကာ အရင်ဆုံး သူ့ကို နောက်ကျောမှ ဓားနဲ့ ထိုးလိုသည်။
“ငါတို့က အချင်းချင်း မယုံဘူးဆိုတော့ အဲဒါကို မပြောနိုင်ဘူး။ မင်း သဘောတူမယ်ဆိုရင်တော့ စာချုပ်ချုပ်လို့ ရတယ်”
“ကောင်းပြီလေ။ ယုံကြည်ချက် ရှိရအောင် ယေဘုယျအစီအစဉ်လောက်တော့ ပြောပေါ့”
“စာချုပ်မှာ လက်မှတ်မထိုးမချင်း ဘာမှပြောမှာ မဟုတ်ဘူး” မြေကမ္ဘာဧကရာဇ်က ခေါင်းမာစွာ ပြောလိုက်သည်။
“ကောင်းပြီလေ။ စာချုပ်ကို ပြ” မြေကမ္ဘာဧကရာဇ်က တုံ့ဆိုင်းနေပြီးသည့်နောက်တွင် စကားလုံးဆယ်သန်းကျော်ဖြင့် အသေးစိတ် ရေးသားထားသည့် စာရွက်များကို ထုတ်ယူလိုက်သည်။
ဝမ်ဝေ့က ထိုအရာကို ဖတ်ရှုကြည့်လိုက်၏။ ထို့နောက် တစ်မိနစ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူက နှာခေါင်းရှုံ့ရင်း ထိုအရာကို မီးလောင်ပြာချပစ်လိုက်သည်။
“ခင်ဗျားဆီမှာ ကျုပ်နဲ့ အလုပ်တွဲလုပ်ဖို့ အစီအစဉ် မရှိဘူးဆိုတာ သိသာနေတာပဲ”
စာချုပ်ထဲတွင် သူ့အစီအစဉ်အများစုကို မမြင်နိုင်ဖို့ ကာကွယ်ထားသည့် ဟာကွက်ကြီးတစ်ခု ပါရှိနေသည်။
“ငါ မင်းကို ပြောမယ်။ငါက အဲဒီအစီအစဉ်ကို ယွမ်ခေတ်ကာလများစွာ စီစဉ်ခဲ့ရတာ” မြေကမ္ဘာဧကရာဇ်က ပြောလိုက်သည်။
“ခင်ဗျားက ခင်ဗျားမှာ အစီအစဉ်ရှိတယ်ဆိုတိုင်း ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ်လေ ခင်ဗျားလိုလူမျိုးနဲ့ အလုပ်တွဲမလုပ်ချင်ဘူး” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
သူက ထိုချဉ်းကပ်မှုမျိုးကို အသုံးပြုကာ စွန့်စားမှုယူဖို့ မထိုက်တန်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူက အစီအစဉ်တစ်ခု ရှိထားပြီးသားဖြစ်သည့်အတွက် ထိုအရာကိုသာ အသက်သွင်းလိုက်လျှင် ထိုသူက ကျဆင်းလာလိမ့်မည်ဟု ယုံကြည်ထား၏။
“ကောလဟာလတွေအရတော့ မင်းက မင်းရဲ့ မိတ်ဆွေတွေအပေါ်မှာ ရက်ရောပြီးတော့ စာနာမှုရှိတယ်လို့ ပြောတာ အလိမ်အညာတွေပဲပေါ့” မြေကမ္ဘာဧကရာဇ်က အေးစက်စက် ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး။ သူတို့က အမှန်ပဲ။ ဒါပေမဲ့ ခင်ဗျားတို့ တစ်ခု သိဖို့လိုတယ်။ နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်က အလွန်ဆုံး အသိတစ်ယောက်လောက်ပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ကျုပ်က သူမနဲ့ သူမရဲ့ လူတွေကို ကယ်တင်ခဲ့လို့ ကျုပ်အပေါ်မှာ ကံကြွေးတင်နေတာ။ သူမကို ကယ်ဖို့ အဲ့လိုလုပ်နေစရာ မလိုဘူး။ ပြီးတော့ လူသားဧကရာဇ် မပြီးမပြတ်အခြေအနေကနေ ပြန်မလာမချင်း သူမက အသက်ရှင်လျက် ရှိနေမယ်ဆိုတာကို သေချာတယ်။ အချိန်တွေအများကြီး ရှိနေပါသေးတယ်”
ချင်သူတော်စင်ခုံရုံးက သူမကို ဖမ်းဆီးရသည့် အကြောင်းအရင်းကို မှန်းဆကြည့်ဖို့ မခက်ခဲပေ။ နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်က အသေးစား လူသားဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ်ဟူသော ရာထူးများကို ဆုပ်ကိုင်ထားလေသည်။ ယင်ကျန်းက ထိုအရာများကို ရဖို့ ဘာမဆိုလုပ်လိမ့်မည်။
“ပြီးတော့ ခင်ဗျားတို့အတွက်ကတော့ ဒီလိုမဖြစ်နိုင်ဘူး။ လူသားဧကရာဇ်က ပြန်လာတာနဲ့ သူမကို အသက်ရှင်လျက်ထားပြီးတော့ သူမရဲ့ ရာထူးကို ယူဖို့ ညှိနှိုင်းဖို့ ကြိုးစားနိုင်ပေမဲ့ ခင်ဗျားကတော့ အသုံးမဝင်တဲ့ နယ်ရုပ်တစ်ခုပဲ။ သူ့စွမ်းအား ရှိလာတာနဲ့ ခင်ဗျားကို သေချာပေါက် သတ်ပစ်လိမ့်မယ်”
“ငါက ဘယ်သူ့ရဲ့ နယ်ရုပ်မှ မဟုတ်ဘူး” မြေကမ္ဘာဧကရာဇ်က အံကြိတ်ကာ ပြောလိုက်သည်။
“ဒီလိုမျိုး အခွင့်အရေးကို ဖြုန်းတီးနေတော့ရော ဘာအကျိုးရှိမှာလဲ”
“မင်းက ဘာပြောတာလဲ”
“ကျုပ်ကလား။ သာမန်အခြေအနေမျိုးမှာ ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ခင်ဗျားက လူသားဧကရာဇ်ရဲ့ ဖမ်းဆုပ်မှုကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီခေတ်ကာလအပြောင်းအလဲက ခင်ဗျားကို အခွင့်အရေးတစ်ခုကို ပေးလာတယ်။
ကမ္ဘာကြီးရဲ့ အရင်းအမြစ်နဲ့ ကံကောင်းမှု ၉ပုံတစ်ပုံက ခင်ဗျားရဲ့ ဆိုးရွားလှတဲ့ ပါရမီကန့်သတ်ချက်ကို ကျော်လွန်ပြီးတော့ ထိပ်သီးစံပြအဆင့်ထိ ကျင့်ကြံနိုင်စေခဲ့တယ်။ ခင်ဗျားအတွက် သာမန်အခြေအနေအောက်မှာ ရှေးဦးစံပြဖြစ်လာဖို့ မဖြစ်နိုင်ဘူးဆိုပေမဲ့ ခင်ဗျားသာ လုံလုံလောက်လောက် ရက်စက်နိုင်မယ်ဆိုရင်တော့ လုပ်နိုင်လောက်တယ်။ ခင်ဗျား လုပ်ဖို့လိုတာက အသက်ကို စွန့်စားပြီးတော့ သမာသမတ်မကျတဲ့ တားမြစ်ခံစစ်ဆေးမှုကို သံသရာတာအိုအတွက် စွန့်စားဖို့ပဲ။ ခင်ဗျားရဲ့ အနာဂတ်က တောက်ပလာလိမ့်မယ်”
မြေကမ္ဘာဧကရာဇ်က ကံအပေါ် စမ်းသပ်ချက်အား မအောင်မြင်ခဲ့သော်လည်း ဒိုင်မေးရှင်းအနိမ့်က တားမြစ်ခံ၊ ဒိုင်မေးရှင်းအမြင့်ကမူ စွမ်းအားကြီး ကောင်းကင်စမ်းသပ်ချက် ဖြစ်သည့် တားမြစ်ခံစစ်ဆေးမှုကို ပေးအပ်လာသည်။ မြေကမ္ဘာဧကရာဇ်က ရက်စက်ပြီး သက်ညှာမှုကင်းမဲ့ပြီး သူ့အရင်းအမြစ်နှင့် ကံကောင်းမှုအများစုကို အသုံးပြုကာ အောင်မြင်နိုင်သည်။
“သံသရာတာအိုကို ထိန်းချုပ်မှုရပြီးတဲ့နောက်မှာ ကမ္ဘာရဲ့ ကြမ္မာ ၉ပုံတစ်ပုံနဲ့ဆိုရင် မြေအောက်လောကမှာ ယမမင်းဖြစ်လာပြီးတော့ ရှေးဦးစံပြဖြစ်လာဖို့ အခွင့်အရေး အသုံးချနိုင်လောက်တယ်။ မြေအောက်လောကက ခင်ဗျားကို လူသားဧကရာဇ်ဆီကနေ ကာကွယ်ပေးဖို့ လုံလောက်တာထက် ပိုတယ်။
ပြီးတော့ ခင်ဗျားကို ရှင်းထုတ်ဖို့ အရမ်းကြီး အာရုံများရမှာဆိုတော့ ခင်ဗျားကို လက်လျှော့လိုက်နိုင်ခြေလည်း ရှိတယ်။ ဒါပေမဲ့ ခင်ဗျားက ရဲတင်းပြီးတော့ ဉာဏ်ရှိမှသာ ကောင်းကင်တက်လှမ်းခြင်းကမ္ဘာရဲ့ ၉ပုံ၁ပုံ ကံကောင်းမှုက ခင်ဗျားအတွက် တကယ့် မြေကမ္ဘာဧကရာဇ် အဆင့်အတန်းကို ရယူဖို့ လုံလောက်မှာ။ ခင်ဗျား လုပ်ဖို့လိုတာက လူသားဧကရာဇ် မရှိသေးတဲ့ အခွင့်အရေးကို သုံးပြီးတော့ ချင်သူတော်စင်ခုံရုံးကို ဖျက်ဆီးပြီး သူ့အုတ်မြစ်ကို ပြိုလဲစေဖို့ပဲ။
တကယ်လို့ ခင်ဗျားသာ ကောင်းကောင်းမွန်မွန် ပြင်ဆင်နိုင်မယ်ဆိုရင် သူ့ကို သတ်ပြီးတော့ လူသားဧကရာဇ် ရာထူးကိုတောင် ရယူနိုင်လိမ့်ဦးမယ်။ ပြောရမယ်ဆိုရင်တော့ ခင်ဗျားအနာဂတ်က တကယ်ကို အတိုင်းအတာ ကင်းမဲ့နေတာပဲ”
မြေကမ္ဘာဧကရာဇ်က တိတ်ဆိတ်သွားလေသည်။ ဝမ်ဝေ့ ပြောသည့်အရာအားလုံးက ကောင်းမွန်ဟန်ပေါ်သော်လည်း လက်တွေ့တွင် မကိုက်ညီပေ။ သူ့ကျင့်ကြံဆင့်က နိမ့်ကျသည့်အတွက် တစ်စုံတစ်ယောက်က သူ့ကို အမြဲတမ်း စောင့်ကြည့်နေပြီး သူ့အား ပိုမိုအားကောင်းမလာစေလိုပေ။ အချိန်စားသုံးသူက သူတို့ကို ရွေးချယ်ခဲ့သည်မှာ သူတို့က အားနည်းပြီး ပါရမီနည်းပါး၍ ဖြစ်၏။ ထိုသူက သူ့အား အားကောင်းလောက်အောင် မည်သို့ခွင့်ပြုမည်နည်း။
ထို့အပြင် သမာသမတ်မကျသည့် တားမြစ်ခံစစ်ဆေးမှုက မည်မျှ ခက်ခဲလိုက်သနည်း။
လူများစွာက ထိုအရာသည် စံပြ စမ်းသပ်ချက်ထက်ပင် ပိုမိုစိန်ခေါ်မှုများပြားသည်ဟု ဆိုကြပေမည်။ ထို့အပြင် သူတို့၏ တာအိုကို ပြောင်းလဲလိုသည့်သူများအတွက် ဖြစ်၏။ နောက်ထပ် တာအိုတစ်ခုအတွက် အရာအားလုံးကို မည်သို့စွန့်စားနိုင်မည်နည်း။
နောက်ဆုံးမှာတော့ သူ ပြောသလိုမျိုး ငါက သတ္တိ မရှိဘူးပဲ…
မြေကမ္ဘာဧကရာဇ်က သက်ပြင်းချလိုက်သည်။ သူက ဝမ်ဝေ့ကို ကြည့်ကာ သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်လိုက်၏။
လက်ရှိအခြေအနေက ထူးဆန်းပြီး အန္တရာယ်များတယ်။
ငါ့အနေနဲ့ ဉာဏ်ပညာကြီးတဲ့ အမတ်ကို ကူပြီး တွေးခိုင်းဖို့ လိုတယ်။ တကယ်လို့ ငါ သူ့ဝိညာဉ်ကို ရမယ်ဆိုရင်တော့ ဉာဏ်ပညာအသုံးအဆောင်ပစ္စည်းအဖြစ် ဖွဲ့စည်းလို့ ရတယ်။ ဒါက အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ဒါမှမဟုတ်ဘူးဆိုလည်း ငါ့ရဲ့ ကျင့်ကြံရေးလမ်းစဉ်တစ်လျှောက်မှာ တာအိုနယ်ရှင်တစ်ယောက်ကို ငါ့ထိန်းချုပ်မှုအောက်ထားပြီး အတွေးအခေါ်နဲ့ အစီအစဉ်တွေ ဆက်တိုက် အသုံးချလို့ ရတာထက် ကောင်းတာ မရှိတော့ဘူး …