အခမ်းအနားပြီးဆုံးခြင်း
Vol. 97 Ch. 1356
မြေကမ္ဘာဧကရာဇ်၏ ခန္ဓာကိုယ်မှ မီးခိုးရောင်မြူခိုး ထုတ်လွှတ်လာသည်။ ထိုအရာက လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးကို လွှမ်းခြုံသွားပြီး အခြေခံသဘောတရားအဆင့်၌ အားလုံးကို အေးခဲသွားစေသည်။ ဝမ်ဝေ့၏ ခန္ဓာကိုယ်က ထိုအရာမှ ဝေးဝေးနေလိုက်သော်လည်း မြူခိုးက သူ့အနောက်ကို ဆာလောင်နေသည့် လောက်ကောင်များသဖွယ် လိုက်ပါလာသည်။
ဝမ်ဝေ့က သူ မလွတ်မြောက်နိုင်ကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲမှ အပေါများဆုံး ယန်စွမ်းအားကို စုဝေးပြီး ထုတ်လွှတ်လိုက်ကာ တစ်ဖက်သူနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ သူ့ချဉ်းကပ်မှုက အလုပ်ဖြစ်ခဲ့သော်လည်း ရှုရန်က အနက်ရောင်မြူခိုးတစ်ခု ထုတ်လွှတ်လာကာ မီးရောင်လက်ဝါးကြီးအသွင် ဖွဲ့စည်းလိုက်သည်။
ဝုန်း
ထိုတိုက်ပွဲက မြန်ဆန်လွန်းလှ၏။
ဝမ်ဝေ့က လွင့်စင်သွားခဲ့သည်။ သူ့လက်နှစ်ဖက်က ရေခဲချောင်းအဖြစ် ပြောင်းလဲသွားပြီး သူ့ဝိညာဉ်ကပင် စိတ်ပျက်လက်ပျက် တီးတိုးသံများကို ကြားနေရသည်။
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ရန်သူ၏ စုတ်ချာလှသည့် တာအိုဆန္ဒအသုံးပြုမှုကို ဖယ်ရှားလိုက်သည်။ သူ့လက်မောင်းက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာပြီး သူ့ဝိညာဉ်ကလည်း အကောင်းအတိုင်း ဖြစ်သွားသည်။
အစွန်းရောက် ယင်လှံ
ရှုရန်က လက်ကို ဝှေ့ကာ အနက်ရောင်လှံတစ်ချောင်း ဖွဲ့စည်းလိုက်သည်။ သူက ပြိုင်ဘက်ကင်းအလျင်ဖြင့် ပစ်ခတ်လိုက်ပြီး ဝမ်ဝေ့၏ အမူအရာ ပျက်ယွင်းသွားစေသည်။ သူက လှံကို ထိုးခွင်းလိုက်သော်လည်း သူ့ခန္ဓာကိုယ်က လေဟာနယ်ထဲ ခြေလှမ်းဒါဇင်ချီ ရှေ့တိုးလာလိုက်ရသည်။ သူက အကောင်းအတိုင်း ရှိနေဟန်ပေါ်သော်လည်း အမြင်ကောင်းသူတိုင်းက သူ့လက်နှင့် အပေါ်ပိုင်းခန္ဓာ အေးခဲလာသည့် အရိပ်အမြွက်များကို မြင်တွေ့ရလိမ့်မည်။
ရှုရန်က ထိုအနက်ရောင်လှံ ရာချီကို ဆင့်ခေါ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူတို့က တစ်ဖက်လူဆီ ပြေးဝင်သွားပြီး ကောင်းကင်မှ မိုးများရွာသွန်းလာသလိုမျိုး ကျဆင်းလာလေ၏။
အစွန်းရောက်ယန်ခန္ဓာ
ဝမ်ဝေ့၏ ခန္ဓာကိုယ်က ဓာတ်သဘာဝနှင့်တူသည့် မီးတောက် သက်ရှိအဖြစ် ပြောင်းလဲသွားကာ ထိုလှံမိုးကို ရင်ဆိုင်လိုက်သည်။ မီးတောက်က သူ့အား အေးခဲစေသည့် ဂုဏ်သတ္တိကို ရင်ဆိုင်ဖို့ ကူညီပေးထားသော်လည်း လှံများက မြန်ဆန်လွန်းလှပြီး များပြားလွန်းလှသည်။
ထို့အပြင် စက္ကန့်ပိုင်းနှင့်အမျှ သူ့အရှိန်က လျော့ကျသွားကြောင်း တွေ့လိုက်ရ၏။ ဆိုလိုသည်မှာ ထိုတိုက်ကွက်က ကြာရှည်ခံလေလေ၊ သူက ပိုမိုနှေးကွေးလေလေ ဖြစ်ပြီး ဒဏ်ရာများ ပိုမိုများပြားလာလေလေ ဖြစ်၏။ လှံမိုး အဆုံးသတ်သွားသည့်အခါ ဝမ်ဝေ့က အပေါက်များစွာနှင့် ချိစ်အပြားလိုမျိုး ဖြစ်နေသည်။ သို့သော် သူ ထိုသို့ဖြစ်နေသော်လည်း သူ့မျက်ဝန်းများက အာရုံစိုက်ထားဆဲသာ ဖြစ်၏။
သူက ရုတ်ချည်းဆိုသလို ရှုရန်ရှေ့ သွားကာ ကန်ချလိုက်သည်။ သို့သော်လည်း မဟာချူးတိုင်းပြည်၏ အံ့ဖွယ်အုပ်ချုပ်သူက အတော်လေး တည်ငြိမ်လှသည်။ သူ့တာအိုက အစွန်းရောက်ယင် ဖြစ်ပြီး အစွန်းရောက်နှင့် ယင်တာအိုအဖြစ် ပြန်လည်ခွဲခြားထားသည်။ သူက အစွန်းရောက်ဒိုင်းကာကို အသက်သွင်းကာ ကန်ချက်ကို တားဆီးလိုက်၏။
ထို့နောက် အတွေးတစ်ချက်ဖြင့် ဝမ်ဝေ့၏ ခန္ဓာကိုယ်ထဲရှိ လှံအားလုံးက ပေါက်ကွဲထွက်သွားကာ ကိုယ်လက်အင်္ဂါမစုံသည့် ခန္ဓာကိုယ်အား အလင်းနှစ်ထောင်ချီ လွင့်ထွက်သွားစေသည်။
ရှုရန်က အစွန်းရောက်အရှိန်ကို အသက်သွင်းပြီး တစ်ဖက်သူကို တစ်ချက်တည်းဖြင့် သုတ်သင်ပစ်ဖို့ ကြိုးစားလိုက်သည်။
ရှုရန်၏ လက်က ကြောက်မက်ဖို့ကောင်းသည့် မရဏချီများ ရုတ်ချည်းစုဝေးလာကာ မရဏလက်သည်းအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူက ဝမ်ဝေ့၏ ဦးခေါင်းရှိရာဆီ ဦးတည်လိုက်၏။
ယင်ယန် ပြောင်းပြန်
ထိုတိုက်ကွက်က သူ့ဆီ ရောက်ရှိလာသည်နှင့် ဝမ်ဝေ့က ယင်ယန်တာအိုကို အသက်သွင်းကာ ထိခိုက်ပျက်စီးမှုကို တစ်ဖက်သူဆီ ပို့ဆောင်လိုက်သည်။ သူ့အပြုအမူက မထင်မှတ်ထားဘဲ မြန်ဆန်သော်လည်း အားစိုက်ထုတ်မှုအပြည့်ဖြင့် မဟုတ်ပေ။ ရှုရန်က ယခင်ကဆိုပါက ထိုလှည့်ကွက်အတွင်း ကျရောက်သွားနိုင်ခြေ ရှိ၏။ သို့သော် ဤတစ်ကြိမ် ရှေ့တန်းတွင် ရှိစဉ် စစ်သည်တော်တစ်ယောက်အနေနဲ့ အလိုလိုသိစိတ်တို့ နိုးထလာခဲ့သည်။
အစွန်းရောက် ခုခံရေး၊ အစွန်းရောက် ပြန်လည်ကောင်းမွန်ခြင်း
ရှုရန်က ဝမ်ဝေ့၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ သို့သော်လည်း သူက တိုက်ကွက်ကို မရပ်တန့်ခဲ့ပေ။ သူ့လက်ဝါးမှ မရဏချီအများစုက ပျောက်ကွယ်သွားသော်လည်း လက်သည်းက ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို ထိမှန်လာပြီး သူ့အား လေဟာနယ်ထဲ လွင့်စင်သွားစေသည်။
ရှုရန်က သူ့လက်ဝါးကို ကြည့်ပြီး ဝမ်ဝေ့ကို ကြည့်လိုက်သည်။
“မင်းက တကယ်ကို အားနည်းတာပဲ။ ပုံမှန်ဆိုရင် မင်းက ဒီလောက် အားမနည်းသင့်ဘူး”
သူက လက်ရှိအရေးသာချက်ကို သူ့အသိစိတ်ကို ဖုံးလွှမ်းသွားဖို့ ခွင့်ပြုမည် မဟုတ်ပေ။ ရှေ့တန်းမှ သူ့အား ရန်သူကို လျှော့တွက်ခြင်း၏ တန်ကြေးကို သင်ပေးထားလေ၏။
“ကျုပ် အားနည်းတာ အားမနည်းတာက ခင်ဗျားနဲ့ ဘာဆိုင်လဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။ သူ့အတွက် သတင်းကောင်းကမူ ရှုရန်၏ တာအိုဆန္ဒအသုံးပြုမှုက အတော်လေးကို ဆိုးရွားနေလေ၏။ သူ့အတုအယောင်ဆန္ဒ မသေနိုင်စွမ်းနှင့်ပင် သူ့ခန္ဓာကိုယ်က အသက်ရှိုက်စာ အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ပြန်လည်ကောင်းမွန်လာလေ၏။
“မင်းက ဒဏ်ရာရသွားပြီ။ အဲဒါက သော့ခလောက်ရဲ့ လက်ချက်ပဲ ဖြစ်မယ်။ အဲဒါကြောင့် မင်းရဲ့ လုပ်ဆောင်ချက်တွေက ဆိုးရွားနေတာပဲ။ ငါနဲ့ အလုပ်တွဲလုပ်ဖို့ မင်း စဉ်းစားခဲ့သင့်တာ” ရှုရန်က ပြောလိုက်သည်။
“ခင်ဗျား ကြိုက်သလို တွေးပေါ့”
ရှုရန်က နှုတ်ခမ်းကို သပ်လိုက်သည်။ ဤသည်က ထိုခွေးကောင်ကို ဖမ်းဆီးကာ ဉာဏ်ပညာအသုံးအဆောင်အဖြစ် ပြောင်းလဲဖို့ ပြီးပြည့်စုံသော အခွင့်အရေးတစ်ခု ဖြစ်၏။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် သူ့ရှေ့၌ ကြောက်မက်ဖွယ် အရှိန်အဝါနှစ်ခု ပေါ်ထွက်လာသည်။ ဝမ်ဝေ့က ဖန်ဆင်းမှု သက်ရှိနှစ်ခုကို မြင်တွေ့ပြီးသည့်နောက်တွင် အမူအရာ ပျက်ယွင်းသွားလေ၏။ သူတို့က စံပြအဆင့် ဖြစ်နေကြသည်။
တားမြစ်တိုက်ခိုက်ရေးအဆင့်မှ တစ်ဆင့် စံပြစွမ်းအားကို ရယူထားခြင်းက ဟာကွက်တစ်ခု ရှိလေ၏။ ထိုအရာက မဟာမြူစက်ဝန်းအပေါ် ဆင့်ကဲပြောင်းလဲဖို့ လိုအပ်နေခြင်း ဖြစ်သည်။ သူက ထိုဆိုင်ရာများနှင့် တိုက်ခိုက်နိုင်သော်လည်း သူတို့က အကောင်းဆုံးဖန်ဆင်းမှု သက်ရှိများနှင့် အသုံးပြုလာလျှင် သူ့ကို ဝိုင်း တိုက်ခိုက်နိုင်လိမ့်မည်။
ဝမ်ဝေ့က သူ့အစီအစဉ်ကျမှု၊ မကျမှုတာအိုကို အသုံးပြုပြီး ထိုဖန်ဆင်းမှုသက်ရှိများအား ဤတိုက်ပွဲမှ ပျောက်ကွယ်သွားစေဖို့ အသုံးပြုလိုက်သည်။ အစီအစဉ်မကျမှုအနေဖြင့် သူက စိတ်စွမ်းအား တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပြီး သူ့အသွင်အပြင်က ပိုမိုဖြူဖျော့သွားလေ၏။
“နောက်ထပ် ဒဏ်ရာလား” ရှုရန်က ပြုံးလိုက်သည်။ သူက သူ့အကူအညီတချို့ ပျောက်ဆုံးသွားသည်ကို စိတ်ထဲမထားပေ။ ထိုအရာက တစ်ဖက်သူကို အားနည်းစေဖို့ရာအတွက်သာ ဖြစ်၏။ သူက အစွန်းရောက် အရှိန်နှင့် အစွန်းရောက် ခွန်အားကို အသက်သွင်းပြီး ခြေတစ်လှမ်းဖြင့် ဝမ်ဝေ့ရှေ့ ပေါ်ထွက်လာသည်။
ဘန်း
ဝမ်ဝေ့၏ ခန္ဓာကိုယ်တစ်ဝက်က သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားပြီး ရှုရန်က နှုတ်ခမ်းသပ်လိုက်၏။ သူ့အနေနှင့် ထိုကောင်စုတ် ထာဝရဇာမဏီက ပါရမီရှင်များကို နှိပ်စက်ဖို့ သဘောကျနေရသည့် အကြောင်းအရင်းကို ယခုနားလည်သွားလေပြီ။ မာနကြီးကာ မောက်မာသည့်သူများက သေမင်းခံတွင်းဝသို့ ရောက်လာသည့်အခါ ရုန်းကန်နေရသည်ကို မြင်ရသည်က စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ဆောင်ကြဉ်းပေးလာသည်။
ဝမ်ဝေ့၏ သွေးစက်များက လှံတံအဖြစ် ပြောင်းလဲသွားလေ၏။
သို့သော် ရှုရန်က အတွေးတစ်ချက်ဖြင့် သူတို့ကို အေးခဲလိုက်သည်။ သူက ဝမ်ဝေ့၏ မျက်လုံးကို ကြည့်လိုက်စဉ် ထိုသူ၏ ပြန်လည်ကောင်းမွန်မှုတို့က ရုတ်ချည်း ရပ်တန့်သွားလေ၏။
ဟုတ်တယ်။ သူ့ဝိညာဉ်က တကယ်ကို အားနည်းနေတဲ့ အနေအထားရောက်နေတာ…
ရှုရန်က တွေးလိုက်သည်။ သူက ခံစားချက်ကို ယုံကြည်သော်လည်း စစ်ဆေးကြည့်ရဦးမည် ဖြစ်၏။ ယင်တာအိုပါဝင်နေသည့် တာအိုရှိသည့် လူတစ်ယောက်အနေဖြင့် သူက ဝိညာဉ်ဆရာသခင် တစ်ယောက်ဟု ယူဆနိုင်သည်။
တိုက်စားရေး လမင်း
ရှုရန်က လက်ကိုမြှောက်ကာ လေဟာနယ်ထဲ လမင်းတစ်စင်းကို ဖွဲ့စည်းလိုက်သည်။ ဝမ်ဝေ့၏ စိတ်က သက်ရောက်ခံလိုက်ရပြီး သူက လမင်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူ့ပြန်လည်ကောင်းမွန်မှုကိုပင် ယာယီရပ်တန့်သွားမိသည်။ လမင်းဆီမှ အပြာရောင်အလင်းတန်း ထွက်ပေါ်လာကာ အန္တရာယ် အလိုလိုသိစိတ်က နိုးထလာစေသည်။ သူက လက်ကို မြှောက်ကာ တားဆီးလိုက်လေ၏။ သူ့လက်က အရိုးခြောက် အသွင်ပြောင်းလဲသွားသော်လည်း သူက အလင်းတန်းကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သည်။ သို့မဟုတ် ထိုသို့ တွေးမိခဲ့ခြင်းသာ ဖြစ်၏။
ဝမ်ဝေ့က သူ့အသိစိတ်ပင်လယ်အတွင်း ရှိနေသည့် ထူးထူးဆန်းဆန်း လရောင်ကို သတိထားမိပြီးသည့်နောက်တွင် အမူအရာ ပျက်ယွင်းသွားလေ၏။ ထိုအရာက သူ့ဝိညာဉ်အား ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဖျက်ဆီးပစ်ဖို့ ကြံရွယ်နေသည်။
အဆိုးဆုံးအနေအထားကမူ ထိုစွမ်းအားက လောက်ကောင်များသဖွယ် ဖြစ်၏။ သူ မည်သို့ပင်လုပ်စေကာမူ ဖယ်ရှားပစ်၍ မရပေ။ သူ့အနေဖြင့် ရွေးချယ်စရာ များများစားစားမရှိဘဲ ထိုအရာ ကပ်တွယ်နေသည့် အပိုင်းကို ဖြတ်ထုတ်ပစ်လိုက်ရသည်။ ထို့ကြောင့် သူ့ဝိညာဉ်စွမ်းအားတချို့ကို ထာဝရ ဆုံးရှုံးသွားလိုက်ရသည်။
ရှုရန်က အားပါးတရ ရယ်မောလိုက်၏။ သူ့ရယ်သံက လေဟာနယ်ထဲ ပဲ့တင်ထွက်လာသည်။
“မင်းရဲ့ အရင်မောက်မာမှုက ဘယ်ရောက်သွားပြီလဲ”
“တိုက်ပွဲအဆုံးမသတ်ခင် အရူးကပဲ အောင်ပွဲခံလိမ့်မယ်” ဝမ်ဝေ့က လှောင်ပြောင်ပြောလိုက်သည်။
“အချိန်အများကြီး ရှိပါသေးတယ်။ အဆုံးသတ်ကျရင် ခင်ဗျားရဲ့ ရင်ဘတ်ကနေ နှလုံးသားကို ဆွဲထုတ်ပြီးတော့ ဆုတံဆိပ်အနေနဲ့ သုံးပြမယ်”
“မင်းက ဒီဟာကို ပြောတာလား” ရှုရန်က လှောင်ပြောင်လိုက်သည်။ သူက လက်ကိုမြှောက်လိုက်ပြီး အစွန်းရောက်ယင် သလင်းကျောက်ကို ဖွဲ့စည်းကာ အတွေးတစ်ချက်ဖြင့် ထိုအရာက ခုန်နေသည့် နှလုံးသားအသွင် ပြောင်းလဲသွားခဲ့သည်။ ဝမ်ဝေ့က သူ့သွေးနှင့် သွေးကြောများမှ စီးဆင်းနေသည့် အအေးဓာတ်ကို ခံစားမိလိုက်၍ တုန်လှုပ်သွားခဲ့သည်။
ရှုရန်က ရယ်မောပြီး ပိုမိုမောက်မာလာ၏။ သူ့တာအိုက အစွန်းရောက်ယင် ဖြစ်သော်လည်း သူက ယင်ယန်တာအိုကို ကျင့်ကြံနေသည်။ ထိုနည်းစနစ်က အခြေခံသဘောတရားမျှသာ ဖြစ်၏။ သူက ယင်ဓာတ်ပစ္စည်းတစ်ခုကို ယန်စွမ်းအား အမြောက်အများ ပါဝင်နေသည့် ဝမ်ဝေ့၏ နှလုံးသားနှင့် အလဲအလှယ်လုပ်လိုက်ခြင်း ဖြစ်သည်။
ဝမ်ဝေ့က ငရဲတမျှ အအေးဓာတ်ကို ဖိနှိပ်ထားပြီး ထူးထူးဆန်းဆန်း လေသံနှင့် ပြောလိုက်သည်။
“ဒါက ကျုပ် ထင်ထားတာထက်ပိုပြီး လွယ်နေတာပဲ”
ရှုရန်က ရုတ်ချည်းဆိုသလို ကပ်ဘေးအငွေ့အသက်ကို ခံစားမိလာသည်။
“ခင်ဗျားက ကျုပ်ကို ဒဏ်ရာပေးနိုင်တယ်ဆိုတော့ အခမ်းအနားအတွက် လိုအပ်ချက်က ကိုက်ညီသွားပြီ” ဝမ်ဝေ့က ကြေညာလိုက်သည်။ သူ့စကားအဆုံးသည်နှင့် တိုက်ပွဲကွင်းပြင်အထက် မှော်စက်ဝန်းနှစ်ခု ပေါ်ထွက်လာလေသည်။
“မင်း ဘာလုပ်လိုက်တာလဲ” ရှုရန်က ထွက်ပြေးဖို့ ပြင်လိုက်သည်။ သို့သော်လည်း မဝင်ခဲ့ပေ။ ဝမ်ဝေ့၏ ရင်ဘတ်အထက် နာရီပုံစံ အမှတ်အသားတစ်ခုက ရှုရန်၏ ခေါင်းအထက် လွင့်မြောကာ ထွက်ပေါ်လာသည်။ နာရီ၏လက်တံများက အရိုးခြောက်အမှတ်အသား ရောက်သည်အထိ ရွေ့လျားလာလေ၏။ ထို့နောက် ကောင်းကင်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ရှုရန်ဆီ ဆင်းသက်လာခဲ့သည်။ သူက သူ့ခုခံရေးနည်းစနစ်နှင့် အသက်ကယ်ရေးနည်းလမ်းများကို အသက်သွင်းကာ အလျင်အမြန် လှုပ်ရှားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။
သူ့ခန္ဓာကိုယ်က အံ့မခန်းအမြန်နှုန်းဖြင့် စတင်ကာ အသက်ကြီးရင့်လာသည်။ စက္ကန့်ပိုင်းလေးအတွင်း သူက ဆံပင်ဖြူဖြူရှိသည့် အသက်ကြီးသည့် အမျိုးသားအသွင် ပြောင်းလဲသွားလေ၏။
“ခင်ဗျားက အသက်ရှင်နေသေးတယ်လား။ ကြည့်ရတာ ခင်ဗျားကို လျှော့တွက်မိတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက လက်ကိုဝှေ့ကာ အချိန်လက်ဝါးကို ဆင့်ခေါ်လိုက်သည်။ တစ်ဖက်သူ၏ လက်ရှိအနေအထားဖြင့် အချိန်တာအိုက သူ့ကို သတ်ဖို့ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေသည်။ သို့သော်လည်း မြေကမ္ဘာဧကရာဇ်က သာမန်စံပြတစ်ယောက် မဟုတ်ကြောင်း သက်သေပြသွားခဲ့၏။
သေခြင်းတရား ချဉ်းကပ်လာသည့်အခါ သူက သူ ဖန်တီးထားသည့် ငရဲပုံစံဖြစ်နိုင်သည့် ဒိုင်မေးရှင်းတစ်ခုကို ဆင့်ခေါ်ခဲ့သည်။ ထိုပုံရိပ်ယောင်က ယမမင်း၏ ပုံရိပ်တချို့ ပါဝင်နေသည့်အတွက် ဝမ်ဝေ့၏ တိုက်ကွက်ကို တားဆီးခဲ့သည်။ ထို့နောက် ရှုရန်က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ထိုဒိုင်မေးရှင်းကို ဖောက်ခွဲဖို့ အချိန်ယူခဲ့သည်။
ထွက်ပြေးတာလား…
ဝမ်ဝေ့က တွေးပြီး ပတ်ဝန်းကျင်ကို ရှာကြည့်လိုက်သည်။ ထိုသူ၏ အရိပ်အယောင် မမြင်ရတော့ပေ။
အနည်းဆုံးတော့ ခင်ဗျားရဲ့ အသက်တစ်သက် ဆုံးရှုံးဖို့တော့ လိုအပ်တယ်…
သူက လက်ကိုမြှောက်ကာ ကံကြိုးမျှင်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက မြေကမ္ဘာဧကရာဇ်အနေဖြင့် သူ့ဂုဏ်ပုဒ်နှင့် သက်ဆိုင်နေသည့်အရာကို အာရုံစိုက်ထားလိုက်ပြီး ရှုရန်နှင့် ဆက်နွယ်နေအောင် လုပ်ပြီးသည့်နောက်တွင် ကျိန်စာတစ်ခု ထားရှိလိုက်သည်။ ထိုအရာက သူ့အစီအစဉ်ကျမှု၊ မကျမှုတာအို ပေါင်းစည်းထားသည့် သူ့ဖန်တီးမှုတစ်ခု ဖြစ်၏။ ကျိန်စာ၏ လိုအပ်ချက်က ရိုးရှင်းလှသည်။ မည်သူကမှ သက်တမ်းကို တိုးမြှင့်ဖို့ရာ အသက်ရှည်ဆေးလုံးကို အသုံးပြုနိုင်မည် မဟုတ်ပေ။
သို့သော် ထိုသို့သော လိုအပ်ချက်က အဆင့်(၁၀)အတွက် အသုံးမဝင်ပေ။ သို့သော်လည်း ရှုရန်၏ အခြေအနေကမူ သူ့တည်ရှိမှုက အချိန်တာအိုမှ သက်ရောက်ခံလိုက်ရပြီး ရုတ်တရက် အသက်ကြီးရင့်လာစေသည်။ ထိုသို့ဒဏ်ရာမျိုးကို ကုစားဖို့ အကောင်းဆုံးနည်းလမ်းက အသက်ရှည်ဆေးလုံး ဖြစ်၏။
အခု သူ့တစ်ခုတည်းသော ရွေးချယ်မှုက အသက်တစ်သက်ကို စတေးပြီး ထိပ်ဆုံးကို ပြန်သွားဖို့ပဲ…
ဝမ်ဝေ့က ပြုံးကာ တွေးလိုက်သည်။