← Chapters

အခွံ

Vol. 97 Ch. 1357

အခွံ

Vol. 97 Ch. 1357

ဝမ်ဝေ့က သူ့တိုက်ခိုက်ရေးကွင်းမှ ပထဦးဆုံး ထွက်လာပြီးသည့်နောက်တွင် ပထမဦးဆုံး မြင်လိုက်သည့်အရာက သူ့ဘိုးဘေးသည် တင်ပျဉ်ခွေထိုင်ပြီး ထူးထူးဆန်းဆန်း ရုပ်သေးရုပ်တစ်ခုက သူမကို စောင့်ကြပ်နေခြင်းဖြစ်၏။

သူက ခေါင်းယမ်းလိုက်ပြီး မုန့်ခယ်က မည်မျှ ခံစားနေရမည်ကို တွေးကြည့်လိုက်သည်။

“ဘိုးဘေး အခြေအနေက ဘယ်လိုလဲ”

ယန်းအိုက်က သူ့ကို ကြည့်ပြီးသည့်နောက်တွင် ဝါရင့်သစ်ခေါက် ရုပ်သေးရုပ်နှင့် ပတ်သက်ပြီး ရှင်းပြလိုက်သည်။ ဝမ်ဝေ့က သူမ၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ ဤသည်က သတင်းကောင်း မဟုတ်ပေ။ ကပ်ပါးများက အလုပ်ရှုပ်နေသည့်အတွက် ထိုရုပ်သေးရုပ်များ၏ တုံ့ပြန်မှုက သူတို့ဆီမှ မဖြစ်နိုင်ပေ။

ဝမ်ဝေ့က ရုပ်သေးရုပ်ကို ဖျက်ဆီးပစ်လိုက်ပြီး စောင့်ဆိုင်းနေလိုက်၏။

ငါးမိနစ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်မှောင်ကြုတ်လိုက်သည်။ ယခုအထိ တုံ့ပြန်မှုဟူ၍ မရှိသေးပေ။ သူက အဝေးတစ်နေရာမှ စည်းတံဆိပ်ကို လှမ်းကြည့်လိုက်၏။

ပထမဦးဆုံး အလိုလိုသိစိတ်က သူ့ဘိုးဘေးနှင့်အတူ ထိုအရာကို စတင်ဖျက်ဆီးပစ်ဖို့ ဖြစ်သည်။ မုန့်ခယ်နှင့် လူအိုကြီးသိုက်တို့က ခေတ္တမျှ ထိန်းထားနိုင်လေ၏။ သို့သော်လည်း ကိစ္စများက မည်သို့ရိုးရှင်းမည်နည်း။ အန္တိမသဟဇာတက လေဟာနယ်ပုံရိပ်ယောင်နယ်မြေကို လွတ်မြောက်ခြင်းမှ တားဆီးမည့် ဆန္ဒကို ထုတ်ဖော်ပြသပြီးသည့်နောက်တွင် သူတို့အား လှုပ်ရှားခွင့်ပေးမည်လား။

အရင်ဆုံး ဘေးကင်းကင်း ကစားကြည့်တာပေါ့…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ချောင်ပိတ်မိနေကြောင်း သဘောပေါက်သွားလေ၏။ ခြေလှမ်းတစ်လှမ်း မှားယွင်းသွားခြင်းက သူ့ရည်ရွယ်ချက်ကို ကျရှုံးသွားစေလိမ့်မည်။ သူက ကျရှုံးမခံနိုင်ပေ။ သေမျိုးများ၏ လွတ်မြောက်မှုက ထိုသော့ခလောက်များကို ဖြေရှင်းဖို့ ပထမဦးဆုံးအဆင့် ဖြစ်၏။ သူနှင့် အန္တိမသဟဇာတတို့၏ တိုက်ပွဲက စတင်ကာစဖြစ်သည့်အတွက် သူ့အနေဖြင့် ရှုံးနိမ့်မှုကို မခံယူနိုင်သေးပေ။

ထို့ကြောင့် ဝမ်ဝေ့က ကျန်ရှိနေသည့် တိုက်ပွဲနှစ်ခုကို အာရုံစိုက်လိုက်သည်။ လူအိုကြီးသိုက်က အဆင်ပြေနေသေး၏။ သူက ဝမ်ဝေ့နှင့် သဘောတူညီမှုအတိုင်း ချီတင်းကို ထိန်းထားဖို့ရာသာ ဖြစ်သည်။ ထိုသို့သော တိုက်ခိုက်ရေးနည်းလမ်းက တာအိုသူတော်စင်အတွက် မခံချိမခံသာဖြစ်စေသော်လည်း လူအိုကြီးသိုက်ကမူ ဂရုမစိုက်ပေ။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ဖက်သူအား တခြားသူများကို ကူညီဖို့ လွတ်မြောက်နိုင်ခြင်းမရှိအောင် တားဆီးထားနိုင်ခဲ့သည်။

မုန့်ခယ်အတွက်မူ ခံရသည့်ဘက်မှ ရှိနေသည်။  ထာဝရဇာမဏီက တစ်ဖက်သူကို နှိပ်စက်ရခြင်းအပေါ် ပျော်မွေ့နေလေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်၌ ဒဏ်ရာအသေးအဖွဲမြောက်များစွာ ရှိနေပြီး တကယ့်အစစ်အမှန် ထိခိုက်သည်ဟု မှတ်ယူနိုင်လောက်အောင် ပြင်းထန်သည့်အရာ မရှိပေ။ သို့သော်လည်း ဝမ်ဝေ့က သူနှင့် ပတ်သက်ပြီး စိတ်မပူပေ။ ဝမ်ဝေ့၏ အမြင်၌ ခိုင်မာသည့် စိတ်ဆန္ဒတစ်ခုကို မြင်လိုက်ရ၏။ ပြောရမည်ဆိုလျှင် မုန့်ခယ်က ဤအခွင့်အရေးကို အသုံးချကာ သူ့တိုက်ခိုက်ရေးအတွေ့အကြုံကို တိုးမြှင့်နေခြင်းသာ ဖြစ်၏။

ငါ နောက်ထပ် ဘာလုပ်ရမလဲ…

 ဝမ်ဝေ့က တွေးလိုက်သည်။ သူက အရင်ဆုံး ကစားဖို့ ရွေးချယ်လိုက်ကတည်းက သူ့နောက်ထပ် လှုပ်ရှားမှုသည် မဟာမိတ်များကို လွတ်မြောက်စေပြီး သူတို့သည် စည်းတံဆိပ်များကို အတူတကွ တိုက်ခိုက်နိုင်ဖို့ရာသာ ဖြစ်၏။

ပြဿနာကမူ မည်သူ့ကို အရင်ဆုံး ကူညီပေးရမလဲ ဟူ၍ ဖြစ်သည်။

ချီတင်းက မထင်မှတ်ထားနိုင်ချေ အဖြစ်နိုင်ဆုံးသူပဲ…

ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။ သူ့အကြည့်က ထာဝရဇာမဏီဆီ ရောက်ရှိလာလေ၏။

ပြီးတော့ ငါက သူ့ကို ဝူယွီနဲ့ ဖြေရှင်းဖို့အကွက်ကျကျ စီစဉ်ထားပေမဲ့ သူ့ကို အကောင်းဆုံးအခြေအနေ ရှိမနေရင် ငါ့အတွက် အကျိုးကျေးဇူးရှိလိမ့်မယ်…

အကယ်၍ သူက ထာဝရဇာမဏီကို ဒဏ်ရာအပြင်းအထန်ပေးနိုင်ပြီး ဝူယွီဆီ ထိုသတင်းကို ထုတ်လွှတ်နိုင်ပါက သူတို့ကြားမှ ရင်ဆိုင်မှုနှုန်းသည် ပိုမိုအရှိန်မြင့်လာလိမ့်မည်။

အန္တိမသဟဇာတက ဝင်ရောက်မစွက်ဖက်သရွေ့ ဝူယွီက နောက်ထပ်ယွမ်ခေတ်ကာလ တစ်သိန်း ဒါမှမဟုတ် တစ်သန်းထိတောင် သူမကိုယ်သူမ ကုစားနိုင်မဲ့ နည်းလမ်းရှိမှာ မဟုတ်ဘူး။ အဲဒီတော့မှ ငါက ထာဝရဇာမဏီရဲ့ ဒဏ်ရာက ယွမ်ခေတ်ကာလ တစ်ရာလောက်နဲ့ ကုစားနိုင်အောင် လုပ်ဖို့ပဲ လိုတယ်။ အဲဒါဆိုရင် သူ့အနေနဲ့ သူ့ကိုယ်သူ ကုစားဖို့ အသက်တစ်သက်ကို စတေးရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး…

ထိုအရန်အစီအစဉ်ဖြင့် ဝမ်ဝေ့က တုံ့ဆိုင်းနေခြင်း မရှိတော့ပေ။ သူက သူ့အနာဂတ်ဇနီးလောင်း၏ ရတနာသိုက်ကို ဝင်ရောက်ကာ ဓားမြောင်တစ်ခုကို စုပ်ယူလိုက်သည်။ သူက ထိုစံပြအသုံးအဆောင်ပစ္စည်းကို လေ့လာပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်၏။ ပစ္စည်းက လုပ်ကြံသတ်ဖြတ်မှုအတွက် အကောင်းဆုံးပစ္စည်းတစ်ခု ဖြစ်ပေသည်။

အထူးသဖြင့် တစ်ဖက်သူကို ထိခိုက်စေရာတွင် ဖြစ်၏။

ဝမ်ဝေ့က ဗလာနတ္ထိစွမ်းအားကို အသက်သွင်းပြီးသည့်နောက်တွင် ဗလာနတ္ထိ၏ ကိုယ်ပျောက် ဂုဏ်သတ္တိကို ထုတ်လိုက်သည်။ သူက အမည်မသိတစ်နေရာဆီ ဝင်ရောက်သွားပြီး လုပ်ကြံဖို့ မှန်ကန်သည့် အခွင့်အရေးကို စောင့်ဆိုင်းနေ၏။ သူ့လေ့လာမှုအရ ထာဝရဇာမဏီသည် သူ့ကိုယ်သူ တစ်ဖက်သူကို နှိပ်စက်ရာ၌ နစ်မြောနေလေ၏။ ထိုသူ၏ ခုခံမှုက တစ်ချိန်လုံး နိမ့်ကျနေလေသည်။ သို့သော်လည်း ဝမ်ဝေ့က စောင့်ဆိုင်းနေဆဲသာ ဖြစ်၏။ သူက တစ်ဖက်သူ၏ ခံစားချက်များ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ခုခံမှု လုံးဝပြိုလဲသွားသည်အထိ စောင့်ဆိုင်းရမည်။

သူက ထာဝရဇာမဏီနောက် ပေါ်ထွက်လာကာ ဓားမြောင်ဖြင့် ကျောကို ထိုးပြီး သူ့ကျောရိုးကို ချိုးလိုက်သည်။

တိုက်ကွက်က ရိုးရှင်းသော်လည်း ဝမ်ဝေ့နှင့် ထာဝရဇာမဏီတို့ကသာ ထိုရိုးရှင်းလှသည့် ထိုးစိုက်မှုသည် မည်မျှပြင်းထန်ကြောင်း သိကြသည်။

ပထမဦးစွာ ဝမ်ဝေ့၏ တိုက်ကွက်က သူ့ဝိညာဉ်အပါအဝင် စွမ်းအားများစွာ စုဆောင်းထားခြင်း ဖြစ်၏။ ရှင်းရှင်းပြောရလျှင် ထာဝရဇာမဏီ၏ စံပြဝိညာဉ်က ထိနှက်ချက်ပြင်းပြင်း ခံယူလိုက်ရသည်။ သူ့ဝိညာဉ်ဝန်းကျင်တွင် အဖြူရောင်မီးတောက်စက်ဝန်းသာ မရှိလျှင် ချက်ချင်း သေဆုံးသွားနိုင်သည်။

ဝမ်ဝေ့က သူ့အနာဂတ်ဇနီးလောင်းဆီမှ သင်ယူထားခဲ့သည့် အစစ်အမှန်ဆန္ဒ အသုံးပြုမှုတစ်ခုဖြစ်သော သူ့စိတ်ဆန္ဒကို ကျိန်စာအဖြစ် လုပ်ကာ ဖယ်ရှားဖို့ ပိုမိုခက်ခဲစေလိုက်သည်။ သူက ထိုအရာကို အသုံးပြုဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။

ဝမ်ဝေ့က ဗိုင်းရပ်ပွားရေးကိုပါ ထည့်ပေါင်းခဲ့ပြီး သူ့အစစ်အမှန်စိတ်ဆန္ဒအား ဖြေရှင်းဖို့ ပိုမိုခက်ခဲသွားစေသည်။ ထို့ကြောင့် ထိုတိုက်ကွက် အောင်မြင်သွားသည်နှင့် ထာဝရဇာမဏီသည် နောင်အနာဂတ်၌ ခံစားရမည်ဖြစ်ကြောင်း သိလိုက်၏။ သူ့တွင် ထူးကဲသည့် နည်းလမ်း မရှိသရွေ့ဖြစ်သည်။

သို့သော် ထိုအရာက သူလုပ်ခဲ့သမျှ အရာအားလုံး မဟုတ်သေးပေ။ နောက်ဆုံးသော ဆုလာဘ်အနေဖြင့် ဝမ်ဝေ့က ဗလာနတ္ထိ၏ စွမ်းအားကို ထာဝရဇာမဏီ၏ စွမ်းအားထဲ ထည့်သွင်းခဲ့သည်။ ထိုအရာတစ်ခုတည်းကပင် ဤကိစ္စများကို ပိုမိုရှုပ်ထွေးသွားစေနိုင်၏။

“မင်းက ဒီလိုမျိုး ခိုးကြောင်ခိုးကြောင် တိုက်ခိုက်တာလို နိမ့်ကျတဲ့အရာမျိုးကို ဘယ်လို လုပ်နိုင်ရတာလဲ”

ထာဝရဇာမဏီက ရေရွတ်လိုက်သည်။

“ကျုပ် ဘယ်သူလဲဆိုတာကို မသိဘူးမလား” ဝမ်ဝေ့က မျက်လုံးဝှေ့ကာ ပြောလိုက်သည်။ သူ့တွင် ဂုဏ်ယူရသည့် ဂုဏ်သတင်းမျိုး မည်သည့်အချိန်ကများ ရှိခဲ့သနည်း။

မြေကမ္ဘာဧကရာဇ်က သူသည် အပေါင်းအပါတစ်ယောက်ကို ကယ်တင်ဖို့ ဘာမဆိုလုပ်လိမ့်မည်ဟု တွေးထင်ထားခဲ့စဉ် ထာဝရဇာမဏီကလည်း ထိုသို့သော ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာက သူ့အတွက် နိမ့်ကျသည်ဟု ထင်နေသည်။

“မင်း နောင်တရလာလိမ့်မယ်” ထာဝရဇာမဏီက အံကြိတ်ကာ ပြောလိုက်သည်။ အနက်ရောင်မီးတောက်က ထာဝရဇာမဏီ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးသည့်နောက်တွင် ဝမ်ဝေ့က နောက်ဆုတ်လိုက်၏။

ထာဝရဇာမဏီက အနက်ရောင်ဇာမဏီအသွင် ပြောင်းလဲသွားသော်လည်း ငှက်မွေးနှင့် အသားတို့မရှိဘဲ အနက်ရောင်အရိုးမျှသာ ဖြစ်၏။ အနက်ရောင်မီးတောက်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီးသည့်နောက်တွင် ဘာမှမကျန်ရှိပေ။

ဝမ်ဝေ့က ရှံ့မဲ့သွားလေ၏။

ဒီလူတွေက တိုက်ခိုက်တဲ့နေရာမှာ ဆိုးရွားကြပေမဲ့ သူတို့ရဲ့ ထွက်ပြေးတဲ့ နည်းလမ်းကတော့ တကယ်ကို ထူးကဲပြောင်မြောက်တာပဲ…

“မင်း ဘယ်လိုနေလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“အဆင်ပြေပါတယ်။ ဒဏ်ရာတွေက အသေးအဖွဲလောက်ပါပဲ” မုန့်ခယ်က အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ သူက တစ်ဖက်သူ၏ တာအိုဆန္ဒကို ဖယ်ရှားပြီး အထွတ်အထိပ်သို့ ပြန်ရောက်ဖို့ရာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်သည်။

“ခင်ဗျားဆီကနေ ယဇ်ပူဇော်ပွဲ မှော်စွမ်းအားအငွေ့အသက်ကို ခံစားမိတယ်။ တိုက်ပွဲကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ဖို့ အမည်မသိ သက်ရှိဆီကနေ စွမ်းအားတောင်းယူခဲ့တာလား” တပ်ဖွဲ့က မေးလိုက်သည်။

“ငါက တုံးအအ အရာမျိုးလုပ်ရအောင် ဉာဏ်မတုံးပါဘူး” ဝမ်ဝေ့က အခြေအနေကို ရှင်းပြရင်း ပြန်ဖြေလိုက်သည်။ မုန့်ခယ်၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာလေသည်။

“သွားရအောင်။ အချိန်မရှိတော့ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ သူတို့နှစ်ဦးက ယန်းအိုက်နှင့် ဆုံစည်းပြီးသည့်နောက်တွင် လူအိုကြီးသိုက်၏ တိုက်ပွဲနယ်မြေအတွင်း ဝင်ရောက်လိုက်ကြသည်။

“တော်သေးတာပေါ့။ မင်းတို့တွေ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ”

“ကြိုးစားပေးတာ ကျေးဇူးပါ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောပြီး ချီတင်းကို အာရုံစိုက်လိုက်သည်။ သူတို့နှစ်ဦးက အချင်းချင်းကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

“သူမကို မြန်မြန်သတ်ကြ” သူက အမိန့်ပေးလိုက်သည်။

“မင်း လေသံထဲမှာ ဘာလို့ စိုးရိမ်နေတဲ့ပုံ ပေါက်နေတာလဲ” ယန်းအိုက်က မေးလိုက်သည်။

“သဘောမပေါက်သေးဘူးလား။ သူမက အရမ်းကို တည်ငြိမ်လွန်းတယ်”

ချီတင်းလိုလူမျိုးက ယခုအခါ တုန်လှုပ်နေသင့်ပြီး လွတ်မြောက်ဖို့ နည်းလမ်းကို ရှာဖွေနေသင့်ပေသည်။ သူမက တည်တည်ငြိမ်ငြိမ်ဖြင့် သူတို့ကို ကြည့်နေခြင်း ဖြစ်၏။ သူမ၏ မျက်ဝန်းအထက် စက်ဆုပ်မှုတချို့ကိုပင် မြင်တွေ့နိုင်သည်။

အဖွဲ့သည် ဝမ်ဝေ့ပြောစကားက အမှန်လား မသိသော်လည်း သူတို့က မစွန့်စားလိုပေ။ ထို့ကြောင့် ဆက်တိုက် တိုက်ခိုက်လိုက်ကြသည်။ ထို့ကြောင့် ရလဒ်ကမူ ထင်မှတ်မထားမိပေ။ ချင်ရန်ယွဲ့ဝန်းကျင်တွင် အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး စံပြများစွာဆီမှ တိုက်ကွက်ကို တားဆီးခဲ့သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲမှ အမည်မသိ သန့်စင် ယင်ယန် စွမ်းအားတစ်ခုက အသက်ဝင်လာပြီး သူမ၏ အရှိန်အဝါကို တိုးမြှင့်ပေးလိုက်၏။

“ကျစ် ငါ ဘာလို့ ဒါကိုမတွေးခဲ့မိတာလဲ” ဝမ်ဝေ့က ကျိန်ဆဲလိုက်သည်။ သူက သူ့ကုသိုလ်ရွှေခန္ဓာကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ” လူအိုကြီးသိုက်က မေးလိုက်သည်။ သူ့အသံ၌ အကြောက်တရားနှင့် စိုးရိမ်မှုတို့ကို ဖုံးကွယ်ထားခြင်း မရှိပေ။

ဝမ်ဝေ့က ချီတင်းသည် ကမ္ဘာကြီးထံ သူ့စွမ်းအားကို အသုံးပြုဖို့ အန္တိမသဟဇာတ၏ အခွံသာဖြစ်ကြောင်း သိသွားသည့်အချက်ကို ပြောမည် မဟုတ်ပေ။

“သိက္ခာတော်ရ ဗုဒ္ဓတစ်ပါးရဲ့ ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားသူအနေနဲ့ မာတာမေတ္တယျကို ကမ္ဘာကြီးဆီ ဆင်းသက်ပြီး ဒီဆိုးယုတ်သူကို စည်းပိတ်ဖို့ ကူညီပေးဖို့ တောင်းဆိုပါတယ်” ဝမ်ဝေ့၏ ရွှေရောင်ခန္ဓာက ရေရွတ်လိုက်သည်။

ဝမ်ဝေ့က တူညီသည့် စွမ်းအားအဆင့်ကသာ အန္တိမသဟဇာတကို တားဆီးနိုင်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူက အခြေအနေကို အကောင်းဆုံး တုံ့ပြန်လိုက်ခြင်းသာ ဖြစ်သည်။ ထင်ထားသည့်အတိုင်း စည်းပိတ်ထားသည့်နေရာ၌ ရွှေရောင်အလင်းတန်းများက ထွက်ပေါ်လာပြီး ဗုဒ္ဓရွတ်ဆိုသံများနှင့် မန္တန်များလည်း လိုက်ပါလာသည်။ သူက မာတာမေတ္တယျ၏ စွမ်းအားတချို့ကို သူ့စွမ်းအားလုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အောင်အောင်မြင်မြင် ဆင့်ခေါ်နိုင်ခဲ့ခြင်း ဖြစ်၏။ ကောင်းကင်အထက်မှ ရွှေရောင်လက်ဝါးကြီး ဆင်းသက်လာကာ ချီတင်းကို စည်းပိတ်ဖို့နှင့် အန္တိမသဟဇာတ၏ စွမ်းအားကို စည်းပိတ်ဖို့ ရွှေရောင်မှော်စွမ်းအားကို ထုတ်လွှတ်လာလေသည်။

“ဒါက မလုံလောက်သေးဘူး” ဝမ်ဝေ့က ချီတင်း၏ ယင်ယန်သင်္ကေတသည် သူ့စည်းတံဆိပ်ကို တားဆီးထားသည်ကို ကြည့်နေရင်း အော်ပြောလိုက်သည်။

“အားလုံး အကောင်းဆုံးစည်းပိတ်ရေး နည်းလမ်းတွေကို ထုတ်သုံးကြ”

ယန်းအိုက်က ပထမဦးဆုံး လှုပ်ရှားလိုက်သူ ဖြစ်၏။ သူမက လက်ကိုဝှေ့ကာ ကြယ်တာရာစွမ်းအား ထုတ်လွှတ်နေသည့် ဓား ၇ချောင်းကို ထုတ်ဖော်လိုက်သည်။ သူတို့က စည်းပိတ်ရေး အစီအရင်တစ်ခုအသွင် ပြောင်းလဲသွားပြီး ဓားတာအိုနှင့် ကြယ်စင်တို့၏ စွမ်းအားက တစ်ဖက်သူကို စည်းပိတ်ဖို့ ဝင်ရောက်သွားသည်။

လူအိုကြီးသိုက်၏ နည်းလမ်းကမူ ပြိုင်ဘက်ကင်းအလေးချိန်ရှိသည့် ဧရာမလိပ်ခွံကြီး ဖြစ်၏။ သူက ထိုအရာကို ချီတင်းအထက် ထားရှိကာ သူမကို မလှုပ်ရှားနိုင်အောင် အသုံးချလိုက်သည်။ မုန့်ခယ်၏ ချဉ်းကပ်မှုကမူ ဘိုးဘေးစိတ်ဝိညာဉ် ၃၃ ဦးကို ဆင့်ခေါ်ပြီး အတူတကွပေါင်းစည်းကာ စိတ်ဝိညာဉ်စည်းပိတ်ရေး ဗိမာန်အစီအရင် ၃၃ခုကို တည်ဆောက်ခြင်း ဖြစ်၏။

ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် မည်သူကမှ တုံ့ဆိုင်းမနေဘဲ အားလုံး ထုတ်သုံးကြလေသည်။ သို့သော်လည်း ဝမ်ဝေ့ မျက်ဝန်းအထက်မှ စိုးရိမ်ပူပန်မှုက လျော့ကျသွားခြင်း မရှိပေ။ အကြောင်းအရင်းကမူ သူတို့က အားကုန်ထုတ်သုံးထားသော်လည်း ချီတင်းနှင့် မဆုတ်သာမတိုးသာ အခြေအနေရှိနေဆဲသာ ဖြစ်၏။

All Chapters