← Chapters

အပိုင်း (၅၀၁) – မျက်နှာဖုံးနောက်ကွယ်တွင်

Vol. 006 Ch. 501

အပိုင်း (၅၀၁) – မျက်နှာဖုံးနောက်ကွယ်တွင်

Vol. 006 Ch. 501

ကြမ်းရှသောအသံဖြင့် သူမအား အစ်မဟုခေါ်လိုက်သည်ကို ရှီမာယူယူကြားသောအခါ မျက်ရည်များ အဆက်မပြတ်ကျလာလေသည်။ သူမခြေထောက်များသည် တစ်လှမ်းချင်းလှမ်း သွား လေသည်။

ကုန်ရှန်ယိသည် ပါးစပ်အဟောင်းသားဖြင့် မယုံကြည်စွာ ကြည့်နေမိလေသည်။ သူမသည် မယုံကြည်ရဲပေ။

သူမအား အစ်မဟု ခေါ်သံကိုကြားလိုက်သောအခါ မီးတောက်ရွှီလင်းနှင့် ဝူလင်းယူ ပင်လျှင် မှင်တက် သွားကြလေသည်။

“အစ်မ…” ရှီမာယူယူနီးလာသည်နှင့် ရှီမန်ဖန်သည် ထပ်ပြောလိုက်သည်။

ထိုအခါခေါ်လိုက်မှပင် ကုန်ရှန်ယိသည် သတိပြန်ဝင်လာသည်။ သူမသည် ရှီမန်ဖန်၏ အင်္ကျိလက်ကို ဆွဲကာ ပြောလိုက်သည် “ရှီမန်ဖန် ရူးနေတာလား ဒီလူက ယောက်ျားကြီးလေ ဘယ်လိုလုပ် ရှင့်အစ်မဖြစ်ရမှာလဲ ရှင့်အစ်မက သေသွားပြီးပြီမလား ရှင်းမိုကိုယ်တိုင် သဂြိုဟ်ပေးခဲ့တယ်လို့ ပြောတယ်မလား”

ရှီမန်ဖန်သည်လည်း အစပိုင်းတွင် အလွန်အံ့သြခဲ့သည်။ သို့သော် သူ ဟိန်းသံလေးကို မြင်ပြီး သူမကို ယူယူဟု ခေါ်သံကို ကြားလိုက်သောအခါ သေချာသွားခဲ့သည်။ သူ့ရှေ့ကလူသည် သူ့အစ်မပင်။ ထို့အပြင် သူမ ဝိညာဉ်သည် သေချာပေါက် လူဝင်စားခဲ့သည်။ မဟုတ်လျှင် သူမ ဝိညာဉ်နှင့်စာချုပ်ချုပ်ထားသော ဝိညာဉ်သားရဲသည် အသက်ရှင်မည်မဟုတ်ပေ။

မည်သို့ဖြစ်သွားသည်ကို မသိသော်လည်း သူ သေချာသည်။ သူမသည် သူ၏ အစ်မဖြစ်သည်။ သူ ငယ်စဉ်ကပင် သူ့ကို ကာကွယ်ပေးခဲ့သော အစ်မဖြစ်သည်။

ရှီမာယူယူသည် ရှီမန်ဖန်ရှေ့သို့ လာလိုက်သည်။ သူမသည် လက်ဆန့်ထုတ်ကာ ရှီမန်ဖန်၏ မျက်နှာဖုံး ကို ဖယ်ပစ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ သူမကို တားလိုက်သည်။

“မကြည့်နဲ့…”

သူမအား မကြည့်ခိုင်းသည့်အကြောင်းရှိမည်ကို ရှီမာယူယူသိသောကြောင့် သူ့ကို ဖိအားမပေးတော့ပေ။ သူမသည် မျက်နှာဖုံးအား ကိုင်ကာ ထိုရင်းနှီးနေသော မျက်လုံးများကို မြင်လိုက်ရသည်။ သူမသည် မျက်ရည်များ  ဖြင့် ပြုံးလိုက်သည်။

ဝူလင်းယူသည် သူတို့နှစ်ယောက်အားကြည့်ပြီး ဘေးတွင် မှင်တက်ကာရပ်နေသော ကုန်ရှန်ယိအား  ပြောလိုက်သည် “သွားကြမယ်”

“ဟင်” ကုန်ရှန်ယိသည် ကြောင်သွားသည်။ သို့သော် သူမသည် ဝူလင်းယူ ဆိုလိုသည်ကိုနားလည်ကာ သူ့နောက်လိုက်သွားလေသည် “ဒီမှာ ကျွန်မပြောဦးမယ် ရှင်က တကယ်ပဲ ဝူလင်းယူလား”

“အင်း”

“ရှင်က အတုမဟုတ်ဘူးနော်”

“အင်း”

“အဲဒါမဖြစ်နိုင်ဘူးမလား ရှင်က ပညာရှိစံအိမ်တော်ကလူ ဟုတ်တယ်ဆိုရင် ဘာလို့ကျွန်မတို့ကို ကယ်  ပေးတာလဲ၊ ကျွန်မသိပါတယ် အဲအစ်က အကူအညီတောင်း တာနေမှာပါ ဟူး… သူမက ယောကျ်ားလေး ဖြစ်နေ တာကို ဘယ်လိုလုပ် အစ်မဖြစ်နေရတာလဲ ထူးဆန်းလိုက်တာ…”

ကုန်ရှန်ယိသည် ရေရွတ်ပြီးနောက် ထွက်သွားရာ သူမအသံသည် ဝေးဝေးသွား လေသည်။

သူတို့အဝေးသို့လျှောက်သွားကာ ရှီမာယူယူသည် ရှီမန်ဖန်အား လွှတ်ပြီး ပြောလိုက်သည် “ဖန်လေး ဘာတွေဖြစ်သွားတာလဲ”

“ပြောရရင်တော့ရှည်တယ်…” ရှီမန်ဖန် ပြောလိုက်သည်။

“ဒါဆို နောက်မှပြောရအောင်” ရှီမာယူယူသည် ဆေးများထုတ်ပြီး ပြောလိုက်သည် “မင်းက ဒဏ်ရာရ ထားတယ် အရင်ဆုံးဆေးစားလိုက်ဦး”

ရှီမန်ဖန်သည် ဆေးစားပြီးနောက် ဘာမှမပြောပေ။

ရှီမာယူယူသည် ရာဟွောင်ကိုခေါ်ထုတ်ပြီး အလောင်းများကို ခြေရာလက်ရာ မကျန်အောင် ဖျောက်ခိုင်း လိုက်သည်။ ထို့နောက်တွင် သူမသည် ရှီမန်ဖန်ကို ခေါ်ပြီး ငှက်လေးကိုစီးကာထိုနေရာမှထွက်သွားလေသည်။

“အခုမင်းကို ကြည့်လိုက်ရပြီလား” ရှီမာယူယူ မေးလိုက်သည်။

“မပြချင်ဘူး…” ရှီမန်ဖန်သည် သူမအား ငြင်းဆန်တုန်းပင်။

“မင်းဘယ်လိုပုံပဲဖြစ်ဖြစ် မင်းက ငါ့မောင်လေးပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အစ်မ…” ရှီမန်ဖန်သည် ရှီမာယူယူအား ရှက်ရှက်ဖြင့် ကြည့်လေသည်။ “အစ်မ ဘယ်လိုလုပ် ဒီလိုဖြစ် သွားတာလဲ ယောက်ျားလေးပုံနဲ့ ကျွန်တော်က အစ်မလို့ခေါ်ရမှာတောင် ထူးဆန်းနေတယ်”

ရှီမာယူယူ သူမလက်မှ လက်စွပ်အား လှည့်ကာ ပြုံးလိုက်သည်။ သူမသည် ချက်ချင်းပင် အမျိုးသမီး ပုံ ပြောင်းသွားလေသည်။

“အစ်မ…” ရှီမန်ဖန်၏ မျက်လုံးများ ပြူးကျယ်လာသည်။ “အစ်မကတော့ အစ်မပုံပါပဲ ဒီလိုဆိုရင် အနေရ မခက်တော့ဘူး”

“အင်း” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် “အခု မင်းဘယ်လိုပုံလဲဆိုတာ ပေးကြည့်…”

“ကျွန်တော်..” ရှီမန်ဖန်သည် ဆန္ဒမရှိပေ။ သို့သော် ရှီမာယူယူ၏ မျက်လုံးထဲမှ ပြတ်သားသော အကြည့် ကိုမြင်လိုက်သည်။ သူသည် သူမ အကျင့်ကိုသိသည်။ သူမသည် ပြောလျှင်ပြောတဲ့အတိုင်း လုပ်တတ်သူ ဖြစ် သည်။ သည်လိုနှင့် သူသည် မျက်နှာမှ မျက်နှာဖုံးကိုချွတ်လိုက်လေသည်။

မျက်နှာတစ်ခုက ဘယ်လိုလုပ်ဒီလိုဖြစ်နိုင်ရတာလဲ။ အနာရွတ်မရှိသည့် နေရာဟူ၍ ရှာမရပေ။ နေရာ အများစုတွင် ဒဏ်ရာများရထားသည့်ပုံပင်။ သူသည် တစ်စုံတစ်ခုရဲ့ ကိုက်တာကို ခံရသည့်ပုံပင်။ သူသည် အမြဲတမ်းမျက်နှာဖုံး ဝတ်ထားသောကြောင့် လူမဆန်သည့်ပုံဖြစ်နေသည်။

ရှီမာယူယူသည် သူ့မျက်နှာတွင် တစ်ခုခုဖြစ်နေမည်ဟု ခန့်မှန်းမိထားသော်လည်း ဒီလောက်ထိ ဖြစ်လိမ့် မည်ကိုတော့ မထင်ခဲ့ပေ။ သူမသည် လန့်သွားသဖြင့် အသက်ရှုဖို့ပင် မေ့နေခဲ့သည်။

ရှီမန်ဖန်သည် ရှီမာယူယူ၏ တုန့်ပြန်ပုံကိုမြင်သောအခါ သူ့မျက်လုံးတွင် ရှက်ရွံ့မှုများ ဖြစ်လာသည်။

“ကြောက်သွားမှာပါလို့ ပြောသားပဲ”

ပြောပြီးနောက်တွင် သူသည် မျက်နှာဖုံးအား ပြန်တပ်ရန် ဟန်ပြင်လိုက်သော်လည်း သူမသည် နောက် ကို ဖွက်လိုက်သည်။

“ငါခဏလောက်ပဲ လန့်သွားတာပါ” သူဘယ်လောက်နာကျင်ခဲ့ရသည်ကို တွေ့သောအခါ ရှီမာယူယူ စိတ်မကောင်းဖြစ်မိသည်။ သူဘယ်လိုနာကျင်မှုတွေ ကြုံခဲ့ရသည်ကို သူမသိချင်သည်။ သူဘယ်လောက်တောင် ခံစားရမလဲ။ “အခု ငါတို့ကမောင်နှမတွေပဲ အဲတော့ ပြောဦး အဲအချိန်ပြီးတော့ ဒီလောက်နှစ်တွေကြာသွားခဲ့ပြီ ဘာတွေဖြစ်ခဲ့တာလဲ”

သူမသည် သူ၏ မျက်လုံးတောက်ပသည်ကို တွေကပြီး သူ့အားကြည့်လိုက်သည် “ငါလည်း မင်းအကျင့် သိသလို မင်းလည်း ငါ့အကျင့်သိပါတယ် ငါ့ကို ဘာမှဖုံးကွယ် မထားတာကောင်းမယ်၊ မဟုတ်လို့ ငါသိတဲ့အချိန် ကျရင် မင်းကို အလွတ်မပေးဘူး”

ရှီမန်ဖန်သည် အစပိုင်းတွင် ဖုံးကွယ်ရန် ကြိုးစားသော်လည်း သူမပြောသည့်စကားကို ကြားလိုက်သော အခါ ပြောမည့်စကားများကို မျိုသိပ်လိုက်ရသည်။ နှစ်ခါမြောက်စဉ်းစား ပြီးနောက် သူကြုံခဲ့ရသမျှကို ပြောပြလေ သည်။

“အဲနှစ်က အစ်မထွက်သွားပြီးတော့ သူတို့ ကျွန်တော့်ကိုတိုက်ခိုက်ကြတယ် ငါ သေရေး ရှင်ရေးကြားက အလောင်းကောင်လိုပဲ ငါ့ရဲ့နောက်ဆုံးလက်ကျန်အားကို ချောက်ကမ်းပါး ပေါ်က ခုန်ချ ဖို့ သုံးခဲ့တယ်၊ အစ်မ ငါတို့ လမ်းခွဲလိုက်တဲ့ နေရာကို မှတ်မိတယ်မလား”

“ငါတို့လမ်းခွဲလိုက်တဲ့နေရာလား” ရှီမာယူယူသည် စဉ်းစားပြီးနောက် အံ့သြစွာဖြင့် အော်လိုက်လေ သည် “ရှင်းဆွေ တောင်ကြား မင်းတကယ်ပဲ ရှင်းဆွေတောင်ကြားကို ကျသွားတာလား”

ရှီမန်ဖန် ခေါင်းညိမ့်ပြီးနောက် ဆက်ပြောလေသည် “ရှင်းဆွေတောင်ကြားက အဆိပ်ရှိတဲ့အကောင်တွေ အများကြီးရှိတယ်လို့ နာမည်ကြီးတယ်မလား ငါကျသွားပြီးတော့ ကံကောင်းစွာနဲ့ပဲ ရေအိုင်ထဲကျသွားတယ် အဲရေအိုင်က အဆိပ်ပြင်းတဲ့သားရဲရဲ့ အိမ်ပဲ ဒါပေမဲ့ ကံကောင်းတာက သူရှိမနေဘူး ပြီးတော့ အဲဝန်းကျင်မှာလည်း အဆိပ်ရှိတဲ့ပိုးကောင်တွေက သတိမေ့နေကြတယ် ငါနိုးလာတဲ့အချိန်မှာ ငါ့မျက်နှာက ဒီအတိုင်းဖြစ်နေပြီ  ပြီးတော့ ရှင်းဆွေတောင်ကြားမှာ ရောက်နေတယ်… အစ်မက ငါ့ကိုအစားကောင်းကောင်းတွေ ကျွေးထားလို့ အဆိပ်မမိတာလားမသိဘူး အဲဒါတွေက တကယ့်အဆိပ်ပြင်းပေမယ့် မသေခဲ့ဘူး”

“မင်း ရှင်းဆွေတောင်ကြားကို ဝင်ပြီး အဆိပ်ရှိတဲ့ပိုးကောင်အကိုက်ခံရပေမယ့် အဆိပ်မိပြီး မသေခဲ့ဘူး ကုန်မျိုးနွယ်က မင်းကိုကယ်လိုက်လို့များလား” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်တယ်” ရှီမန်ဖန် ခေါင်းညိမ့်လိုက်သည် “သူက ရှင်းဆွေတောင်ကြားကိုဝင်ပြီး ဆေးဖက်ဝင်ပစ္စည်း  တွေရှာတာ သူငါ့ကိုမြင်တော့ အသက်ရှင်နေသေးတာကို တွေ့ခဲ့တယ် သိချင်စိတ်နဲ့ ငါ့ကိုကယ်ခဲ့တာပဲ”

“ဒါဆို အခုလက်ရှိအားတွေ ဘယ်ကရတာလဲ” ရှီမာယူယူပြောလိုက်သည် “မင်းရဲ့ ကျင့်စဉ်အရှိန်နှုန်းနဲ့ ဆိုရင် ဒီလောက်အားကို ရဖို့မဖြစ်နိုင်ဘူး”

“တကယ်ပဲ အစ်မကို ဘာမှဖုံးကွယ်လို့မရဘူးပဲ” ရှီမန်ဖန် ပြောလိုက်သည် “ငါ့ဒဏ်ရာ တွေကို ကုပြီးတော့ ကုန်မျိုးနွယ်မှာပဲရှိသေးတယ် ငါက လူတွေနဲ့ သိပ်မရောပေမယ့် ကုန်ရှန်ယိက ငါ့ကိုဘာလို့အဲလောက်ချစ်မှန်း မသိတော့ဘူး၊  ပြီးတော့ အဲမှာ ငါ့ကို ပစ်မှတ်ထားတဲ့လူ တစ်ယောက်ရှိခဲ့တယ် အဲတုန်းက ငါထွက်သွားတဲ့အချိန် ကို သူထောင်ချောက်ဆင်လိုက်လို့ ဂူတစ်ခုထဲကျသွားရတယ် ငါအသက်ရှင်ခဲ့ပေမယ့် အနက်ရောင် ရောင်ဝါက ငါ့ခန္ဓာကိုယ်ထဲဝင်သွားပြီး သေလုနီးပါးဖြစ်ခဲ့ရတယ် ပြန်လာတော့ တောင်ကြား သခင်ရဲ့ အကူအညီနဲ့ အဲရောင်ဝါ ကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ရတယ်”

ရှီမာယူယူသည် မျက်မှောင်ကြုတ်ကာ သူ့လက်ကိုယူပြီး သွေးကြောစမ်းလိုက်သည်။ သူမသည် သူ့အား စမ်းသပ်ပြီးနောက်တွင် တည်ငြိမ်နေသော ရှီမန်ဖန်၏ မျက်နှာကို ကြောက်နေသော အကြည့်များဖြင့် ကြည့်လိုက် သည်။

All Chapters