အပိုင်း (၅၀၂) – သူ့ခန္ဓာကိုယ်ရဲ့ အခြေအနေ
Vol. 006 Ch. 502
ရှီမာယူယူ၏ အမူအရာကို မြင်သောအခါ ရှီမန်ဖန်သည် ခါးသက်စွာ ပြုံးကာ “အစ်မကို ဘာမှ ဖုံးကွယ် လို့မရဘူးဆိုတာ သိတယ် အဲဒါကြောင့် မကြည့်စေချင်တာကို ကြည့်တာကိုး”
“မင်းကိုယ်ထဲက ရောင်ဝါကတယ်ကို ထူးဆန်းနေတယ် အဲသတ္တဝါက မင်းရဲ့ ကိုယ်တွင်း အင်္ဂါတွေကို စား သောက်ချင်နေတယ်” ရှီမာယူယူ ပြောလိုက်သည် “အခုလက်ရှိ အရှိန်နှုန်းနဲ့ဆိုရင် မင်းနောက် ၅နှစ်တောင် မနေ ရတော့ဘူး”
“ကုန်မျိုးနွယ်က သမားတော်ကလည်းအဲလိုပြောတယ်” ရှီမန်ဖန် ပြောလေသည် “ငါ့အချိန်တွေ မရှိတော့ ဘူးဆိုတာ သိတယ် ငါအဲရောင်ဝါကို ထိန်းချုပ်နိုင်တဲ့အချိန်ကစပြီး တောင်ကြား ကထွက်လာခဲ့တယ်၊ ငါ ကျောင်ကျန်မျိုးနွယ်နဲ့ ရင်ယန်နန်းတော်ကလူတွေကို သတ်ချင်ခဲ့တယ် ငါတို့မိသားစုအတွက်လက်စားချေရ မယ်”
“မင်းအများကြီးသတ်ပြီးပြီလား” ရှီမာယူယူ ပြောလိုက်သည်။
“မများပါဘူး အဲလူတွေငါတို့မိသားစုကိုသတ်တာထက်စာရင် ၁၀ရာခိုင်နှုန်းပဲရှိသေး တယ်” ရှီမန်ဖန် သည် ကိုယ့်ကိုယ်ကို မုန်းတီးစွာပြောလေသည်။
ရှီမာယူယူသည် သူ့လက်အားကိုင်ကာ ပြောလိုက်သည် “အဲရောင်ဝါက မင်းကိုယ်ထဲမှာရှိပေမယ့် အချိန် တစ်ခုပဲထိန်းချုပ်လို့ရမယ် အဲဒါက မင်းအတွက် အသုံးဝင် ပေမယ့် မင်းသုံးလိုက်တိုင်း မင်းရဲ့ အချိန်တွေကို ဖြတ် ပစ်လိုက်သလိုပဲ”
“ငါသိတယ်” ရှီမန်ဖန် ပြောလိုက်သည် “သမားတော်တွေလည်း အဲလိုပြောတယ်”
“သိရင်ပြီးတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီနေ့ကစပြီး မင်းအဲရောင်ဝါကို မသုံးရတော့ဘူး ငါအဲဒါကို ချိတ်ပိတ်ဖို့ နည်းလမ်းရှာရမယ် ပြီးတာနဲ့ အဲဒါကိုဖယ်ပစ်ဖို့ နည်းရှာမယ် မင်းအတွက် အမြစ်ကဖြတ်ပေးမယ်”
“အစ်မ ငါအားတွေကို သုံးပြီးနေပြီ အခုမှ လက်လျော့မယ်ဆိုရင်ငါ…”
“မင်းအသက်က ပိုအရေးကြီးတယ်” ရှီမာယူယူသည် သူ့လက်ကိုဆုပ်ကိုင်ကာ “ငါတို့က တစ်ခါသေပြီး သွားပြီ နောက်တစ်ခါတော့ မဖြစ်ချင်ဘူးမလား၊ ငါတို့ ဖြေးဖြေးချင်း လက်စားချေသွားမယ် ပြီးတော့ အသက် ရှည်ရှည်နေကြမယ် အဲဒါမှ ငါတို့လက်စားချေတာက အဓိပ္ပာယ်ရှိမှာ စဉ်းစားကြည့် ငါတို့သန်မာတဲ့အချိန်ကျရင် ကျောင်ကျန်မျိုးနွယ်နဲ့ ရင်ယန် နန်းတော်ကို လက်စားချေတာ ပိုပြီး မချိုမြိန်ဘူးလား၊ အဲလိုအခွင့်အရေးမျိုး ဘယ်နခါရမယ်ထင်လဲ”
“ဒါပေမဲ့ အဲဒါက ငါ့ခန္ဓာကိုယ်ထဲဝင်သွားကတည်းက အဲဒါကိုအမြစ်ကနေထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ ကုန် တောင်ကြားကလူတွေပြောကြတယ်” ရှီမန်ဖန် ပြောလိုက်သည်။
“မင်း အစ်မရဲ့ ဆေးပညာအရည်အချင်းကို မသိဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ငါ ဒီနှစ် တွေမှာ အများကြီး ကြုံတွေ့ခဲ့ရပြီး ရှေးဟောင်းဆေးပညာစာအုပ်တွေလည်း ရထားတယ် ငါ့ အရည်အချင်း လည်းတိုးတက်လာတယ် မင်းကိုလုံးဝကယ်ပေးဖို့ နည်းမရရင်တောင် အသက်ကိုဆန့်ပေးလို့ရလောက်တယ် နောက်မှ အမြစ်ဖြတ်ဖို့ နည်းလမ်း စဉ်းစားမယ်”
“အဲဒါဆိုလည်း ကောင်းပါပြီ” ရှီမန်ဖန် ပြောလေသည် “ငါတို့ပြန်တွေ့ကတည်းက ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ”
“အဲဒါကြောင့် ငါ့ကို မှတ်မိတာတောင် အသိအမှတ်ပြုဖို့ ငြင်းနေတာလား ဟင် ငါကတော့ အချိန်အတော် ကြာ စိတ်မကောင်းဖြစ်သွားတယ်” ရှီမာယူယူသည် နှုတ်ခမ်းကွေးကာ စောဒကတက်လေသည်။
“အစ်မ စိတ်မဆိုးပါနဲ့ ငါနေဖို့ ဘယ်လောက်မှ မကျန်တော့ဘူးဆိုတာ တွေးမိလို့ ငါတို့် အသိအမှတ်ပြုပြီး မှ သေသွားတယ်ဆိုရင် ပိုပြီးစိတ်မကောင်းဖြစ်မှာစိုးလို့ အစ်မကို ဝမ်းမနည်းစေချင်တော့ဘူး”
“ဟင် မင်းဒီလိုမယ်ဆိုတာကို ငါမမှန်းမိမှာမို့လို့လား” ရှီမာယူယူ သက်ပြင်းချလေသည် “ငါတကယ် စိတ်ဆိုးတယ်ဆိုရင် မင်းနောက်ကိုတောင် လိုက်မလာဘူး ဒါပေမဲ့ အစတုန်းက မင်းက အားမြင့်လာဖို့အတွက် လျှို့ဝှက်နည်းတွေသုံးနေတယ် ထင်နေခဲ့တာ… မင်း ခန္ဓာကိုယ်ကို ထိမှာစိုးလို့ လိုက်လာခဲ့တာ မင်းအခြေအနေက ငါထင်ထားတာထက် ပိုဆိုးနေတယ်”
“အစ်မကတော့ အမြဲဉာဏ်ပြေးနေတာပဲ” ရှီမန်ဖန် သက်ပြင်းချလေသည်။
“မဟုတ်ရင် ငါကမင်းအစ်မ ဘယ်ဖြစ်မလဲ ငါ မင်းနောက်လိုက်လာတာ ကောင်းသွားမယ် မဟုတ်ရင် ဒီ ရှေးဦးနယ်မြေက အရမ်းကျယ်တာကို မင်းရဲ့ စွမ်းရည်ကို ဖုံးကွယ်ထားလိုက်ရင် မင်းကိုရှာဖို့မလွယ်ဘူး” ရှီမာယူယူ ပျော်ရွှင်စွာပြောလေသည်။
“အစ်မကရော ဘယ်လိုတွေဖြစ်ခဲ့တာလဲ အစ်ကိုကြီးရှင်းမိုက အစ်မရဲ့ အလောင်းကိုသဂြိုဟ်ခဲ့ တယ်လို့ ပြောတယ် ဘယ်လိုဖြစ်ပြီး အသက်ရှင်နေတာလဲ” ရှီမန်ဖန် မေးလေသည်။
“တကယ်တော့ ငါက သေသွားပါပြီ အခုလက်ရှိငါက အရင်က ငါမဟုတ်တော့ဘူး” ရှီမာယူယူ ပြောလိုက် သည်။
“အရင်က အစ်မမဟုတ်တော့ဘူးလား အဲဒါကြောင့် တွေ့ခါစက အစ်မရဲ့ အကြည့်တွေကို ရင်းနှီးပေမယ့် အစ်မရဲ့ ပုံစံကို မမှတ်မိတာ ဒါဆို အခုအခြေအနေ ကရောဘယ်လိုလဲ” ရှီမန်ဖန် မေးလိုက်သည်။
“ငါသေသွားပြီးတော့ ငါ့ဝိညာဉ်က ဒီခန္ဓာကိုယ်ထဲဝင်သွားတာပဲ ငါဒီခန္ဓာကိုယ်ကို သုံးပြီး အသက်ရှင်နေရ တယ်”
ရှီမာယူယူသည် သူမအခြေအနေအား အကြမ်းဖျင်းပြောပြရာ သူမပြောပြီးသည်နှင့် ရှီမန်ဖန်သည် သူမ အား ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လေသည်။ “အဲတော့ အစ်မ ပြောသလိုဆိုရင် အခုလက်ရှိခန္ဓာကိုယ်က ငါ့ထက် ငယ်နေတယ် အဲတော့ ငါ့ကို အစ်ကိုကြီးလို့ခေါ်ပြီး အစ်မကို အစ်မလို့မခေါ်တော့ဘူး”
ရှီမာယူယူသည် ချက်ချင်းပင် သူ့ခေါင်းကိုရိုက်ကာ “အစ်မက အစ်မပဲ၊ ဒီခန္ဓာကိုယ်က မင်းထက် နှစ် တစ်ထောင်ငယ်နေလည်း ငါကမင်းရဲ့ အစ်မပဲ မင်းက အမေ့ဗိုက်ထဲက ငါ့ထက်နောက်ကျပြီးထွက်လာတဲ့ အချိန် ကစပြီး အစ်ကိုဖြစ်ခွင့်ဆုံးရှုံးသွားခဲ့တာပဲ ဟင်”
“ငါ ငယ်ငယ်ကတည်းက အစ်မဖိနှိပ်တာခံခဲ့ရတယ် အရမ်းပင်ပန်းခဲ့တာ အခုနောက်ဆုံး အစ်မထက် အကြီးဖြစ်ခွင့်ရတာတောင် ဖိနှိပ်နေတုန်းပဲ ကိုယ့်စကားကိုယ်လည်းကြည့်ဦး အဓိပ္ပာယ်မရှိအောင်လုပ်နေတာပဲ” ရှီမန်ဖန်သည် ကန့်ကွက်လေသည်။
“ငါ့ကို ဘာတွေညာတွေလာမပြောနဲ့ အမှန်တရားကဘယ်တော့မှ မပြောင်းလဲဘူး” ရှီမာယူယူ ပြောလိုက် သည် “ဟုတ်သားပဲ အဲဒီကုန်ရှန်ယိက မင်းကိုကောင်းပေးတပဲ သူမကို ယောင်းမဖြစ်အောင် ကူညီပေးရမလား”
“အစ်မဘာတွေပြောနေတာလဲ သူက ဒီအတိုင်း ကပ်နေတဲ့ ကောင်မလေးပါ” ရှီမန်ဖန်သည် ကုန်ရှန်ယိ အကြောင်းပြောသောအခါ အနည်းငယ်နေရခက်နေလေသည်။
“ကောင်လေး မင်း အသက်၁၀၀ရှိတဲ့ ကောင်မလေးကိုမြင်ဖူးလို့လား” ရှီမာယူယူ သက်ပြင်းရှည်ချလိုက် လေသည်။ “အစ်မက အောက်တိုင်းပြည်ကလာတယ်ဆိုပြီး သတင်း တွေ မသိဘူးထင်နေလား ငါ အရင်က ကုန်ရှန်ယိအကြောင်းကြားဖူးတယ် သူမက အရင်က လူကောင်းမဟုတ်ဘူးလို့ ထင်ခဲ့တာ ဒါပေမဲ့ မင်းဘေးမှာ ရှိနေတာကို တွေ့တော့ ကျေနပ်မိသေးတယ်”
“သူမက ဘယ်လိုလုပ်ဒီလိုပုံဖြစ်မှာလဲ” ရှီမန်ဖန် ပြောလိုက်သည်။
“မင်းအဲကိစ္စကိုတော့ စိတ်ချပါ အခုတော့ ရောင်ဝါကိစ္စကို မဖြေရှင်းနိုင်ပေမယ့် မင်းမျက်နှာပေါ်က ဒဏ်ရာ တွေကိုကုဖို့က ပြဿနာမရှိဘူး” ရှီမာယူယူသည် ယုံကြည်ချက် အပြည့်ဖြင့်ပြောလေသည် “မင်းကို အရင်ကလို ပြန်ချောအောင်လုပ်ပေးမယ် မင်း ကောင်မလေးတွေ အယောက် တစ်ထောင်လောက်ကို ဆွဲဆောင် လို့ရတာပေါ့”
“ဒါပေမဲ့…”
“မင်းကို နောက်နှစ်ပေါင်းရာချီအောင်နေလို့ရအောင် သေချာပေါက်လုပ်ပေးမှာ” ရှီမာယူယူ သည် သူ ပြောမည့်စကားကိုသိသည် “အခုကို ငါက အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဒုတောင်ကြား သခင်ကို ငါ့ဆရာအဖြစ် တင်ပြီးသွားပြီ မင်းလည်းသူ့ကိုသိမှာပါ သူ့အဂ္ဂိရတ်ပညာက အရမ်းအား ကောင်းတယ် အံ့ဖွယ်နတ်ဆိုးတောင် ကြားမှာလည်း အရည်အချင်းရှိတဲ့လူတွေအများကြီးပဲ ငါတို့လုပ်မယ်ဆိုရင် အားလုံးရဲ့ အကူအညီနဲ့ နည်းလမ်း သေချာပေါက်ရှာလို့ရမှာပါ၊ အဲဒါကြောင့် မင်းကို အသက်ရှည်ရှည်နေစေချင်တယ်”
“တကယ်တော့ ဒီတစ်ခါကို အပြင်ပိုင်းဒေသကို သတင်းရဖို့တစ်ခုတည်းအတွက် လာခဲ့တာမဟုတ်ဘူး ကျောင်ကန်မျိုးနွယ်နဲ့ ရင်ယန်မျိုးနွယ်တို့က လေလံပွဲကိုလာမယ်လို့ ကြားထားလို့… နောက်အကြောင်းတစ်ခုက ကောင်းကင်ဂိုဏ်းရဲ့ ဒုဥက္ကဌကို ရှာမလို့၊ သူ့ အဂ္ဂိရတ်ပညာ အရည်အချင်းကလည်း ထိပ်တန်းအဆင့်ပဲလေ သူက အစ်မထက် သာချင်သာမယ် မသာရင်လည်း မသာဘူး သူ့ကိုစမ်းကြည့်ခိုင်းမလို့ပဲ ဒါပေမဲ့ သူက အပြင်ကို ထွက်လာခဲတယ်လို့ ကြားတယ်”
“ကောင်းတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ့ဆရာကလည်း အဲကျောင်းကို သွားပြီးသင် စေချင်နေ တာ အဲအချိန်ကျရင် သူ့ကို ရှာလို့ရမလား ကြည့်ကြည့်မယ်လေ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ”
“….”
မောင်နှမနှစ်ယောက်သည် တစ်နေ့လုံး တစ်ညလုံးစကားပြောကြလေသည်။ သူတို့သည် ထိုနှစ်အတွင်း က အဖြစ်အပျက်များကို ပြောပြကြလေသည်။ သို့သော် အများစုတွင် ရှီမာယူယူသည် အနိမ့်ပိုင်းတိုင်းပြည်တွင် ဖြစ်ပျက်ခဲ့သမျှနှင့် သူမမိသားစု အကြောင်းကို ပြောပြခဲ့သည်။ ရှီမန်ဖန်နှင့် ယှဉ်လျှင် သူမ အတွေ့အကြုံများ သည် စိတ်လှုပ်ရှားစရာကောင်းသည်။
သူတို့သည် နောက်နေ့ ညနေထိ စကားပြောကြကာ ထိုအချိန်တွင် ဝူလင်းယူနှင့် ကုန်ရှန်ယိတို့ သည် တောင်ထိပ်သို့ ပြန်လာကြသည်။ ရှီမန်ဖန်သည် ထိုအချိန်တွင် မျက်နှာဖုံးကို ပြန်တပ်လေသည်။
“ရှီမန်ဖန် ကျွန်မတို့ ရှန်ဒုံးမြို့တော်ကို သွားမယ်ဆိုရင် အချိန်မရှိတော့ဘူး” ကုန်ရှန်ယိသည် ရှီမန်ဖန်အား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်
သူမသည် သူနှင့် နှစ်ပေါင်းများစွာ သိခဲ့သော်လည်း စကားအနည်းငယ်သာ ပြောခဲ့ရသည်။ သို့သော် သူ သည် အစ်မဆိုသူနှင့်ကျ တစ်နေ့လုံး တစ်ညလုံး စကားပြောခဲ့သည်။
ကွာခြားလိုက်တာ…