ကောင်းကင်ဘုံ လျှို့ဝှက်ချက် သလင်းကျောက်
Vol. 97 Ch. 1358
ဝမ်ဝေ့က အခြေအနေကို မျက်မှောင်ကြုတ်ကာ စောင့်ကြည့်လိုက်သည်။ ချီတင်းက လေဟာနယ်ထဲတွင် ရှိနေပြီး သူမ၏ ဦးခေါင်းအထက် ယင်ယန်သင်္ကေတက ဧရာမဗုဒ္ဓလက်ဝါး၊ ကြယ်တာရာအသွင်ပြောင်းလဲသွားသည့် ဓား၇ချောင်း၊ ကြယ်စင်များထက် ကြီးမားလှသည့် လိပ်ခွံကြီးနှင့် ဗိမာန် ၃၃ခုရှေ့တွင် ရပ်နေသည့် စိတ်ဝိညာဉ်၃၃ယောက်တို့ကို တားဆီးထားလေသည်။
သူမက ငါတို့ကို တားဆီးထားရုံတင်မကဘူး။ ဖြည်းဖြည်းချင်းနဲ့ အရေးသာလာပြီ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ကောင်လေး မင်း တစ်ခုခုလုပ်သင့်ပြီ။ ငါတို့က ကြာကြာတောင့်မခံနိုင်တော့ဘူး…
ယန်းအိုက်က အံ့ဖွယ်အသိစိတ်မှ တအဆင့် သတင်းပေးလို့လိုက်သည်။
ဝမ်ဝေ့က မျက်လုံးဝေ့မကြည့်မိအောင် ထိန်းထားလိုက်ရသည်။ သူက ထိုအရာကို သိပြီးပြီးချင်း ဖြေရှင်းနည်းကို ရှာဖို့ ကြိုးစားနေလေသည်။
ကျွန်တော် စဉ်းစားနေပါတယ်
သူက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။ ဝမ်ဝေ့က ဤအချိန်က သူတို့ဘက်တွင် မရှိကြောင်း သိထားသည့်အတွက် ထိုပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ဘက်၌ စွမ်းအားထည့်ပေါင်းဖို့သာ ဖြစ်၏။ နည်းလမ်းကမူ မည်သို့လုပ်ရမလဲဟူ၍သာဖြစ်၏။
ငါ တကယ်လို့ ဖုန်းဟွမ်ကိုသာ ဒီနေရာကို ဆင့်ခေါ်ခဲ့မယ်ဆိုရင် မေတ္တယျကနေတဆင့် စွမ်းအားတွေအများကြီးကို ထုတ်သုံးနိုင်လိမ့်မယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ဒါပေမဲ့ အန္တိမသဟဇာတက ဒီနေရာကနေ သတင်းထွက်သွားခွင့်ပြုမှာလား။ တစ်ယောက်ယောက်ကို ဝင်လာခွင့်ရောပြုမှာလား…
ဝမ်ဝေ့က ထိုချဉ်းကပ်မှုကို ဖယ်ရှားလိုက်သည်။
လူအများစုကို ဒီနေရာကို မဝင်ရောက်နိုင်ဘူး…
သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်၏။ ထိုသို့သော သုံးသပ်ချက်မျိုးက တခြားသော အစီအစဉ်များကိုပါ ပျက်သုဉ်းသွားစေသည်။ တခြားအစီအစဉ်က တခြားသောဝိဇ္ဇာများကို ဆင့်ခေါ်ပြီး သူတို့၏ လုပ်ပိုင်ခွင့်ကို ငှားယူဖို့ပါ ဖြစ်၏။
လူအများစုက မလုပ်နိုင်ပေမဲ့ ကောင်းကင်တာအိုတော့ ရှိနေသေးတယ်။ သူက လုံလုံလောက်လောက် စွမ်းအားကြီးပြီးတော့ အန္တိမသဟဇာတလိုမျိုး နေရာတိုင်းမှာ သူ ရှိနေတာ…
ဝမ်ဝေ့က တွက်ချက်လိုက်သည်။
အစီအရင်က အလုပ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နောက်ထပ် ပြဿနာတစ်ခုက ကောင်းကင်တာအိုကို ဆင့်ခေါ်ဖို့ရာ ဖြစ်၏။
ပုံမှန်ဆင့်ခေါ်ရေးနည်းလမ်းတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ ကောင်းကင်တာအိုက သူ့စွမ်းအားနှင့် လုပ်ပိုင်ခွင့်ကို ဆုံးရှုံးသွားပြီဖြစ်သည့်အတွက် သာမန်ဆင့်ခေါ်ရေး နည်းလမ်းများက အာနိသင် မရှိတော့ပေ။
အဲဒါဆိုတော့ ဒီနည်းလမ်းနှစ်ခုကိုပါ ဖယ်ရှားလိုက်တော့…
ဝမ်ဝေ့က ဆက်ပြီးတွေးလိုက်သည်။ သူက ကံကြမ္မာသားတော် ဖြစ်ပြီး ကောင်းကင်တာအိုနှင့် နက်နဲသည့် ကံဆက်နွယ်မှုတစ်ခု ရှိလေသည်။ ထိုအရာကို အသုံးပြုပြီး ဆင့်ခေါ်နိုင်လေ၏။ သို့သော်လည်း ထိုအရာက ယခုအခါ အသုံးမဝင်တော့ပေ။ ဤသည်က ဝိဇ္ဇာအနေနှင့် သူ့အဆင့်အတန်းအတွက်လည်း အတူတူသာ ဖြစ်၏။
ကောင်းကင်တာအိုကို ဆင့်ခေါ်ဖို့ အကောင်းဆုံးနည်းလမ်းက ကမ္ဘာတစ်ဝှမ်း ဂယက်ရိုက်စေမဲ့ အောင်မြင်မှုမျိုးကို ပြုလုပ်ဖို့ပဲ…
သော့ခလောက် ပေါ်လာပြီးကတည်းက ကောင်းကင်တာအိုကို အစစ်အမှန် လှုပ်ရှားစေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းက အန္တိမသဟဇာတနှင့် တိုက်ခိုက်နေရာတွင် ထိုအရာ၏ စွမ်းအားကိုး တိုးမြင့်ပေးဖို့ရာ ဖြစ်၏။
ဝမ်ဝေ့၏ အကြည့်များက တောက်ပသွားလေသည်။ ပုံမှန်အားဖြင့် သူက ထိုသို့သော အောင်မြင်မှုမျိုးကို အချိန်တိုအတွင်း အန္တရာယ်ရှိနေစဉ် စဉ်းစားမိမည် မဟုတ်ပေ။ သို့သော်လည်း ဤတိုက်ပွဲက ထိုအခွင့်အရေးတစ်ခုကြောင့် စတင်လာခြင်း ဖြစ်၏။ ဝမ်ဝေ့က ချီတင်းကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
ဤတိုက်ပွဲမတိုင်ခင် သူက ကိစ္စတစ်ခုဖြစ်လာနိုင်ကြောင်း သံသယဖြစ်ထားပြီး လူတချို့ကို သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသူများထဲမှ တစ်ယောက်က ရှုကျင်းယောင် ဖြစ်၏။ သူက သူမအား သူနှင့် လိုက်လာဖို့ တောင်းဆိုခဲ့သည်။ အကြောင်းအရင်းကမူ သူမက သွေးနဂါး၏ အရင်းအမြစ်များမှတဆင့် သော့ခလောက် ဆင်းသက်မလာခင် စံပြအဆင့် ဝိညာဉ်ထိ ဖွဲ့စည်းထားနိုင်ကြောင်း သိထား၍ ဖြစ်၏။ ထို့ကြောင့် သူမ၏ ဝိညာဉ်က ရုပ်သေးရုပ်ကို သိမ်းပိုက်ကာ စံပြတစ်ပိုင်း တိုက်ခိုက်ရေးအင်အားစု ဖြစ်လာနိုင်သည်။
ရှုကျင်းယောင်က ဧကရာဇ်ခုံနှင့် အလုပ်တွဲလုပ်ကာ စံပြတစ်ယောက်ကို တားဆီးနိုင်လိမ့်မည်။
ဝမ်ဝေ့က သတိကြီးကြီး ထားထားပြီး အပိုအကူအညီများကို ခေါ်လာခဲ့၏။ သူ့အပြုအမူက သူမနှင့် ဆက်နွယ်မှုကို နက်ရှိုင်းသွားစေသည့်အတွက် သူတို့၏ ကံဆက်နွယ်မှုကို ဖြတ်တောက်ဖို့ ပိုမိုလွယ်ကူလာစေသည်။
ငါ ဝိရောဓိဖြစ်နေခဲ့တာ တော်သေးတယ်…
ဝမ်ဝေ့က တွေးလိုက်ပြီး ရှုကျင်းယောင်ကို ဆက်သွယ်လိုက်သည်။ ယန်းအိုက်နှင့် တခြားသူများကဲ့သို့ သူမက သူနှင့် ထူးကဲသည့် ဒိုင်မေးရှင်းမှတဆင့် ရောက်လာခြင်းဖြစ်သည့်အတွက် ယခုစည်းပိတ်ထားသည့်နေရာအတွင်း ရောက်ရှိထားပြီးသားဟု ဆိုရပေမည်။
“အားလုံး ကျုပ်တို့ရဲ့ စည်းပိတ်ရေး နည်းလမ်းတွေအားလုံးကို ပေါင်းစည်းဖို့ နည်းလမ်းတစ်ခု ရှိတယ်” ဝမ်ဝေ့က ရုတ်တရက် ပြောလိုက်သည်။
“ကျုပ်နဲ့ အတူတူ တွဲလုပ်ကြ”
ဝမ်ဝေ့၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးမြင့်သွားပြီး သူ့အသားအရည်က ဖြူဖျော့လာလေသည်။ သူက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် သွေးများဆုံးရှုံး သွားရဟန်ပေါ်သည်။
တခြားသူများက တုံ့ပြန်ပြီး သူနှင့်အတူတူ ပူးပေါင်းလုပ်ကိုင်လိုက်သည်။
ဝမ်ဝေ့၏ ဝိညာဉ်က တခြားသူများနှင့် ရောယှက်သွားပြီး သူတို့၏ စည်းပိတ်ရေးနည်းစနစ်များကို ထိန်းချုပ်လိုက်သည်။
ချီတင်းက မျက်မှောင်ကြုတ်လိုက်၏။ သူမကို ပိုမိုလှပကာ မြင့်မြတ်စေဟန်ပေါ်သည့် အေးစက်စက် အမူအရာတို့က နောက်ဆုံးတွင် အတက်အကျလှိုင်းတချို့ ရှိလာခဲ့သည်။
တစ်ခုခုတော့ မှားနေပြီ…
သူမက တွေးလိုက်သည်။ သို့သော်လည်း သူမက အဖြေမထုတ်နိုင်ပေ။ သို့သော်လည်း သူမက များများစားစား အာရုံမစိုက်ထားပေ။ ထို့ကြောင့် ပြောရလျှင် အစီအစဉ်များနှင့် လှည့်ကွက်အားလုံးက အကြွင်းမဲ့စွမ်းအားရှေ့တွင် အသုံးမဝင်ပေ။
ဝုန်း
တောက်ပသည့် အလင်းတန်းက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး လေဟာနယ်ထဲပင် ပဲ့တင်ထွက်သွားနိုင်သည့် အသံကျယ်ကြီးတစ်ခု လိုက်ပါလာသည်။
လူများက အလင်းနှင့် အသံလားရာကို စစ်ဆေးကြည့်လိုက်သည့်အခါ သူတို့၏ အသိစိတ်က ထိုစွမ်းအားကြောင့် ဖြတ်တောက်ခံလိုက်ရမှန်း သိလိုက်ရသည်။
“တကယ်ကို ကြောက်ဖို့ကောင်းတဲ့ ဓားစွမ်းအားပဲ” လူအိုကြီးသိုက်က ရေရွတ်လိုက်ပြီး သူ့တုန်လှုပ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
ထိုစဉ် ယန်းအိုက်က သူ့အား “ချာတိတ်လေး မင်းက ဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိတာပဲ” ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ အဝေးတစ်နေရာ၌ လူများက မိန်းမလှလေးတစ်ဦးလည်း မြောလွင့်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ လက်ထဲတွင် အဆောင်တစ်ခုကို ကိုင်ဆောင်ထားလေ၏။ သူမ၏ အသားအရည်က ဖြူဖျော့နေသော်လည်း သူမ၏ အရှိန်အဝါတို့နှင့် ဆွဲဆောင်မှုတို့ကြောင့် ပိုမိုတိုးမြှင့်သွားစေသည်။
ကံကောင်းစွာဖြင့် လက်ရှိတွင် ရှိသည့်သူအားလုံးက အားကောင်းသည့် စိတ်ဆန္ဒရှိသည့်သူများဖြစ်သည့်အတွက် လေဟာနယ်ပုံရိပ်ယောင်နယ်မြေပေါ်မှ စည်းတံဆိပ်သည် ဖျက်ဆီးခံလိုက်ရကြောင်း တွေ့လိုက်ရသည်။
“မိန်းကလေးရှု တော်တယ်” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ သို့သော်လည်း ရှုကျင်းယောင်က သူ့ကို ပြန်ဖြေဖို့ရာ အားမကောင်းသေးပေ။ ယန်းအိုက်၏ တိုက်ကွက်က ကောင်းကင်ဘုံအဆင့် ထိန်းချုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။ အကယ်၍ သူမ၏ စံပြဝိညာဉ်ကြောင့်သာ မဟုတ်လျှင် ထိုတိုက်ကွက်က ထိန်းချုပ်မှုကင်းလွတ်ပြီး သူမကိုပါ သတ်သွားနိုင်လောက်သည်။
“အားဖြည့်ဖို့အတွက် ထွက်သွားလို့ ရပါပြီ”
ရှုကျင်းယောင်က အားတင်းကာ ပြောလိုက်သည်။
“ကျွန်မတပည့် လုပ်ခဲ့တဲ့အရာအတွက် ပြန်လည်ပေးဆပ်ပြီးပြီ။ အခုက ရှင့်အပေါ် နောက်ထပ် ကျေးဇူးကြွေးနှစ်ခုပဲ ရှိတော့တယ်”
“ဒါပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ရှုကျင်းယောင်က ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က လုပ်လက်စကို ဆက်လက်လုပ်ဆောင်လိုက်သည်။ သူက ချီတင်း၏ ခုခံမှုမြင့်မားလာသည်ကို လျစ်လျူရှုထားပြီး ကောင်းကင်ကို ပြောလိုက်သည်။
“အထက်မှမိုးမြေ ကမ္ဘာကြီးက နှစ်များစွာ ဒဏ်ရာရခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်များစွာတုန်းက ကျုပ်တို့ဘိုးဘေးတွေက ဉာဏ်ကြီးပြီးတော့ ပွင့်လင်းမြင်သာ ဆက်သွယ်ရေး၊ မျှတမှုနဲ့ လဲလှယ်ရေးနဲ့ အတွေးအခေါ်တွေနဲ့ အစီအစဉ်တွေကို ဖလှယ်ဖို့ နည်းလမ်းတွေကို ဖန်တီးခဲ့ပါတယ်။ သူတို့က ကျုပ်တို့ လူမှုအဖွဲ့အစည်းကို အတူတကွ စုစည်းပြီးတော့ ကောင်းမွန်တဲ့ အနာဂတ်အတွက် အတူတကွ လုပ်ကိုင်စေခဲ့တယ်။
ဒါပေမဲ့ လောဘကြီးတဲ့သူတွေက ကျုပ်တို့ရဲ့ တိုးတက်မှုကို ပိတ်ဆို့ပြီးတော့ ကျုပ်တို့ရဲ့ လူမှုအဖွဲ့အစည်းကို နှောင့်နှေးစေခဲ့တယ်။ နှစ်များစွာ စီစဉ်ပြီးတဲ့နောက်မှာ ကျုပ်က ကမ္ဘာကို လွတ်မြောက်စေခဲ့ပါပြီ။ ကျုပ်က ကျုပ်တို့ရဲ့ လူမှုအဖွဲ့အစည်း နဂိုစည်ပင်ကြွယ်ဝတဲ့ အနေအထားထိ ရောက်စေဖို့ ပြန်လည်စတင်ခဲ့ပါပြီ။ ကျေးဇူးပြုပြီး မိုးမြေ သက်သေခံပေးပါ”
ဝမ်ဝေ့က ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ သူ့စကားများက အဓိပ္ပာယ်မရှိဘဲ ကြွားဝါပြောနေဟန်ပေါ်သော်လည်း သူက စကားလုံးများကို သေသေချာချာ ရွေးချယ်ထားခြင်းသာ ဖြစ်၏။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကောင်းကင်တာအိုက အတော်လေး ရည်မှန်းချက်ကြီးလှသည်။ သူ ဂရုစိုက်သည့်အရာက ကျင့်ကြံရေးလူမှုအဖွဲ့အစည်း စည်ပင်ကြွယ်ဝဖို့ရာသာ ဖြစ်၏။
ဝမ်ဝေ့ သုံးသပ်ချက်အရ အန္တိမသဟဇာတက ကောင်းကင်တာအိုထံ ကမ္ဘာကြီးကို တိုးတက်စေပြီး သူ့နည်းလမ်းများက ကောင်းကင်တာအိုထက် ကမ္ဘာကြီးထံ ပိုမိုတန်ဖိုးရှိကြောင်း သက်သေပြခဲ့လျှင် ထိုအရာသည် တာအိုသူတော်စင်ထံ စွမ်းအားများကို ထည့်သွင်းပေးကောင်းပေးလိမ့်မည်။
ကောင်းကင်ယံက ရုတ်ချည်း ပြောင်းလဲသွားခဲ့၏။ ဤနေရာက ပိတ်ဆို့ထားဆဲဖြစ်သော်လည်း အားလုံးက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ အမြင်ရုပ်လွှာများ ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ကောင်းကင်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းက လွှမ်းခြုံသွားလေ၏။ သို့သော်လည်း အမြင်ရုပ်လွှာတို့က အပြည့်အဝ မပေါ်ခင် သို့မဟုတ် ကုသိုလ်တို့က မဆင်းသက်လာခင် မိုးမြေကြား၌ အနက်ရောင် မိုးကြိုးများက ပေါ်ထွက်လာလေသည်။
သက်ရှိအားလုံးက ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရ၏။ ဘာမှမသိလျှင်ပင် အားလုံးက ထိုအရာသည် ကောင်းကင်တာအိုဆီမှ ဖြစ်သွားကြောင်း သေချာသည်။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကောင်းကင်ယံက ရုတ်ချည်းဆိုသလို ရွှေရောင်အငွေ့အသက်နှင့် အနက်ရောင်မိုးကြိုးတို့၏ တိုက်ပွဲကွင်းပြင် ဖြစ်သွားခဲ့လေသည်။ အချိန်တိုအတွင်း အနက်ရောင်မိုးကြိုးက အရေးသာချက် ရှိလာခဲ့သည်။
“ဒါက ကျုပ်တို့ရဲ့ အခွင့်အရေးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ထင်ထားသည့်အတိုင်း အားလုံးက ချီတင်းကို စည်းပိတ်ဖို့ရာသာ အာရုံစိုက်ထားလိုက်ကြ၏။ သို့သော်လည်း သူမ၏ အပြုအမူများက မြန်ဆန်သွက်လက်လာသည်။ သူမက စည်းပိတ်ထားသည့်နေရာမှ ထွက်ကာ ထိုသူများ၏ တိုက်ခိုက်မှုကို လျစ်လျူရှုပြီး အတင်းအကြပ် ကူးသန်းပြောင်းရွှေ့သွားလိုက်သည်။ ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို စဉ်းစားမိသွား၏။ ချီတင်းက ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး အခွံတစ်ယောက်အနေဖြင့် သူမ၏ ကဏ္ဍကို ပြသလာသည်။
အနက်ရောင်မိုးကြိုးက ရွှေရောင်အငွေ့အသက်ကို အလျင်အမြန် တိုက်စားသွားလေ၏။ ကံကောင်းစွာဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ရာအတွက် တစ်စုံတစ်ယောက် ပေါ်ထွက်လာလေသည်။
ဘုန်းကြီးဖုန်းဟွမ်က ထူးကဲသည့် အငွေ့အသက်ရှိထားပြီး စကားတစ်ခွန်းမှမဆိုဘဲ စတင်တိုက်ခိုက်လိုက်သည်။
ဝမ်ဝေ့က တိုက်ပွဲကို ဆက်လက် စောင့်ကြည့်နေလေ၏။ ထောက်ပံ့မှုတို့ ရှိထားသော်လည်း ကောင်းကင်တာအိုက အရေးနိမ့်နေပြီ ဖြစ်သည်။ သတင်းကောင်းကမူ ထိုအရာက စွမ်းအားကို ပြန်လည်ရယူလာနိုင်ပြီ ဖြစ်၏။
သူက သော့ခလောက် ပေါ်ထွက်လာကတည်းက အန္တိမသဟဇာတသည် ကောင်းကင်တာအို၏ ၉၅ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ကြောင်း တွက်ချက်ထားခဲ့သည်။ သို့သော် ယခု သူ့လှုပ်ရှားမှုများက သူ့ထိန်းချုပ်မှုသည် ၉၀ရာခိုင်နှုန်းထက် လျော့ကျသွားကြောင်း ပြသနေလေ၏။
ငါက ကောင်းကင်တာအိုကို သူ့စွမ်းအား တိုးမြှင့်ဖို့ ငါ့ရဲ့ လုပ်ပိုင်ခွင့်တွေကို ပေးနိုင်လောက်တယ်…
ဒါပေမဲ့ နောက်တိုက်ပွဲအတွက်တော့ ဒီလှည့်ကွက်ကို ထိန်းထားတာ အကောင်းဆုံးပဲ။
တိုက်ပွဲတစ်ခုအတွင်း လှည့်ကွက်များကို ထုတ်ဖော်ပြသဖို့ရာက ဉာဏ်မရှိရာကျပေသည်။
ဒီတော့ လက်ရှိအခြေအနေက ကံကြမ္မာခွဲဝေထားတဲ့အတိုင်းဆိုရင် မိုးမြေရဲ့ လျှို့ဝှက်ချက်တွေကနေ ဖရိုဖရဲဖြစ်နေတာ။ အဲဒါက ငါ့အတွက် အခွင့်ကောင်းပဲ…
ဝမ်ဝေ့က တုံ့ဆိုင်းမနေတော့ပေ။ သူက ပေးအပ်လာသည့် အခွင့်အရေးကို မဖြုန်းတီးနိုင်ပေ။ ထို့ကြောင့် သူက ကံကြမ္မာတာအိုနှင့် ယင်ယန်တွက်ချက်မှုတို့ကို စုဝေးပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက် သလင်းကျောက်ဟု ခေါ်ဆိုသည့် သလင်းကျောက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူက သာမန်နှင့်တူသည့် သလင်းကျောက်ကို ကြည့်နေရင်း ခေါင်းညိတ်လိုက်၏။
ထိုပစ္စည်းက သာမန်နှင့် တူသော်လည်း သူကသာ အရေးပါမှုကို သိထားလေသည်။ ဤသို့သော စစ်တုရင်ကစားပွဲမျိုး၌ သူ့ဂမ္ဘီရ အလုပ်မဖြစ်တော့သည့်အခါ သူ့အနေဖြင့် မည်သူကမှ လွှမ်းမိုးခြင်းမခံရသည့် ဂမ္ဘီရမျိုးကို တွက်ချက်ဖို့အတွက် ထိုသလင်းကျောက်ကို အသုံးပြုနိုင်သည်။
တကယ်လို့ ငါသာ ဒါကို အချိန်မှန်မှာ အသုံးပြုနိုင်တယ်ဆိုရင် အန္တိမသဟဇာတကို ဖြေရှင်းဖို့ အခွင့်အရေးကို တိုးမြှင့်ပေးနိုင်လောက်တယ်…