နံပါတ်တစ်လက်ဖက်ရည်နဲ့ယှဉ်နိုင်တယ်! ၃
Vol. 45 Ch. 662
"လူကြီးမင်းချင်... ဒီညစာချက်မှာလား? ကျွန်တော် ငါးကူကိုင်ထားပြီ''
ချင်လင်ဝင်လာလျှင် Lazda ကပြုံးပြီးကြည့်နေသည်။
သူဒီစံအိမ်မှာစားဖိုမှူးလုပ်နေရတဲ့ရည်ရွယ်ချက်ကဘာလဲ? လူကြီးမင်းချင်ရဲ့လက်ရာကိုခိုးသင်ဖို့အခွင့်အရေးစောင့်နေတာမလား?
ပြီးခဲ့တဲ့ရက်တွေမှာ သူ့ကိုစားဖိုဆောင်ထဲမြင်တောင်မမြင်ရ။
သူအခွင့်အရေးရအောင်ဘယ်လိုဖန်တီးရမလဲစဉ်းစားနေစဉ် အခွင့်အရေးကတည့်တည့်ရောက်လာမည်ဟုမထင်မိပေ။
ချင်လင်က သူ့အေပရွန်ယူပြီးလျှောက်လာကာ ငါးစားသောက်ပွဲချက်ရန်ပြင်လိုက်သည်။
Lazda မျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့်။ သူ့ဖုန်းထုတ်ပြီး ချင်လင်လုပ်ကိုင်ပုံကိုမှတ်တမ်းတင်ဖို့တောင်စီစဉ်ထားသည်။
Lazda ဘာတွေးနေမှန်း ချင်လင်သိသော်လည်း ဂရုမစိုက်။
ဆရာလင်းက ဥပမာပင်။ သူ့ဆီကချက်နည်းသင်ချင်ရင်တောင် စနစ်ကပေးသောလက်ရာမရှိဘဲ ထပ်တိုးအရည်အသွေးများမရနိုင်။ သူအရည်အသွေး ၃ ဟင်းပွဲမလုပ်နိုင်သေး။
စနစ်လက်ရာကြောင့် ချင်လင်ကငါးနှင့်တန်ဆာပလာများကိုထိထိချင်း ကြွက်သားမှတ်ဉာဏ်ထွက်လာသည်။ ထို့နောက် အိုးကိုမ၊ ဆီထည့်၊ ပါဝင်ပစ္စည်းများထည့်ပြီး ငါးထည့်လိုက်သည်။ သူ့လှုပ်ရှားမှုတွေက ကျွမ်းကျွမ်းကျင်ကျင်၊ ရှောရှောရှူရှူပင်။
အနောက်တိုင်းနံပါတ်တစ်စားဖိုမှူး Lazda တောင် လေးစားရသည်။ အတော်အတန်ကျွမ်းကျင်မှုမရှိဘဲ ဒါမျိုးမလုပ်နိုင်။
ထို့ကြောင့် Lazda ပိုပိုပျော်လာသည်။ သူ့ဖုန်းနှင့်ရိုက်နေသောဗီဒီယိုကို စိတ်လှုပ်ရှားစွာကြည့်နေသည်။
လူကြီးမင်းချင်ကလက်စွမ်းပြလေလေ သူပိုပြီးသင်ယူရလေလေ။
မကြာမီ ချင်လင်ကငါးစွပ်ပြုတ်ပြီးသွားသည်။
သူ့ဘေးမှ Lazda က မနေနိုင်ဘဲဇွန်းယူကာ မြည်းကြည့်လိုက်သည်။ အရည်အသွေး ၃ အရသာကြောင့် သူ့မျက်လုံးများဝင်းလက်သွား၏။
ဒီအရသာက လိပ်စွပ်ပြုတ်ကိုမယှဉ်နိုင်သော်လည်း သူလုံးဝမလုပ်နိုင်သောစားကောင်းသောက်ဖွယ်ဖြစ်သည်။
အရင်ဆုံး ဒါကိုကြိတ်သင်ထားတာ မဆိုး။
ချင်လင်က ငါးတစ်တုံးထပ်ယူပြီး ငါးဟင်းပွဲအသစ်စလုပ်သည်။
သူကငါးကိုသုံးပြီး ဟင်းပွဲအများကြီးဆက်တိုက်ဖန်တီးလိုက်သည်။
Lazda က သူ့ဖုန်းနှင့်မှတ်တမ်းတင်ရုံသာမက သူ့မျက်လုံးများကလည်း ချင်လင်၏လုပ်ဆောင်ပုံအဆင့်တိုင်း၊ အစဉ်တိုင်း၊ လှုပ်ရှားမှုတိုင်းကို မှတ်မိအောင် အနီးကပ်ကြည့်နေသည်။
အချိန်တစ်ခုအကြာတွင် ချင်လင်က ကတ်တီ ၃၀ ရှိသောငါးကြင်းနက်နှင့် ငါးစားသောက်ပွဲလုပ်ပြီးသွားသည်။ ထို့နောက် သာမန်ဆေးစွပ်ပြုတ်လုပ်ပြီး နောက်ဆုံး ဘဲဥထမင်းကြော်သည်။
သူအားလုံးပြင်ဆင်ပြီးချိန်တွင် ဒီညအဓိကဇာတ်ဆောင်ကျောက်ရှန်ဟုန်လည်း ရောက်လာသည်။ ချန်ရှောက်ဖိတ်ထားသော ကျောက်မိသားစု၏ဆွေမျိုးရင်းချာတချို့လည်းရောက်လာသည်။
ချင်လင်က စားဖိုဆောင်အလုပ်သင်များကို ဟင်းပွဲများတည်ခင်းခိုင်းပြီးနောက် အပြင်ထွက်ဧည့်ခံသည်။
ချင်လင်ထွက်သွားသည်နှင့် Lazda ကချက်ချင်းဖုန်းထုတ်ပြီး ဗီဒီယိုကိုစိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
ဒီနေ့ ခိုးသင်ရမယ့်အခွင့်အရေးက သူ့ရှေ့ရောက်လာတာ။ ဒီအခွင့်အရေးကိုအရမယူထားရင် သူ့ကိုယ်သူစိတ်ပျက်ရမှာပေါ့။
Lazda က ပထမငါးစွပ်ပြုတ်ချက်နည်းကို အသည်းအသန်ကြည့်လိုက်သည်။
ချင်လင်ဟင်းချက်နေသောဗီဒီယိုကို အကြိမ်ကြိမ်ကြည့်ပြီးနောက် သူကျွမ်းကျင်လာသလိုခံစားမိသည်။ သူကဂိုဒေါင်လေးထဲသွား၍ အရည်အသွေး ၂ ငါးတုံးကိုထုတ်လိုက်သည်။ ခိုးသင်မှတော့ ပါဝင်ပစ္စည်းအတူတူပဲသုံးရမည်။
အရည်အသွေး ၂ ပါဝင်ပစ္စည်းတချို့ကို အပတ်တိုင်းမျှဝေခွင့်ပေးမည်ဟု ချင်လင်က Lazda အား ကတိပေးထားသည်။ ဘာပဲဖြစ်ဖြစ် Lazda က အတော်ဆုံးအနောက်တိုင်းစားဖိုမှူးဖြစ်၍ သူ့စားဖိုမှူးနှင့်အလုပ်သင်များကိုလေ့ကျင့်ပေးရန် အခွင့်အရေးတချို့ပေးထားသည်။
Lazda ကအိုးယူပြီး ယုံကြည်ချက်အပြည့်နှင့်ဆီထည့်လိုက်သည်။ ချင်လင်အတိုင်း တသမတ်တည်းလိုက်လုပ်သည်။ အရှိန်ပါ ဗီဒီယိုနှုန်းအတိုင်း၊ ငါးစွပ်ပြုတ်ချက်နည်းကိုအမှားအယွင်းမရှိ တထပ်တည်းကျလုနီးနီးပင်။
သိပ်မကြာမီ Lazda ငါးစွပ်ပြုတ်ပြီးသွားသည်။ စွပ်ပြုတ်ရသောအခါ သူ့မျက်နှာမှာစိတ်လှုပ်ရှားမှုအပြည့်နှင့်။
ဒါ သူပထမဆုံးခိုးသင်တဲ့ဟင်းပွဲ!
Lazda က ဇွန်းယူပြီး မျှော်လင့်တကြီးနှင့်ငါးစွပ်ပြုတ်ကိုမြည်းကြည့်သည်။ သို့ရာတွင် ဝါးလိုက်သောခဏ၌ မျက်မှောင်ကြုတ်သွားပြီး_
"ဘယ်လိုဖြစ်တာလဲ?''
ဒီငါးစွပ်ပြုတ်က မဟုတ်သေးဘူး။ အရသာ အရမ်းကွာတယ်။ လူကြီးမင်းချင်လုပ်တဲ့အရသာမျိုးမရှိဘူး။
"မဖြစ်သင့်ဘူး... အဆင့်တွေကမှန်တယ်''
Lazda ၏ယုံကြည်ချက်အားလုံးမှာ သံသယအဖြစ်ပြောင်းလဲသွားလေသည်။
သူနားလည်ထားတဲ့အတိုင်းဆို ဒီလိုအခြေအနေမျိုးမဖြစ်သင့်။
ခိုးသင်ပြီး ဟင်းပွဲလိုက်ချက်ချင်တာ၊ ဗီဒီယိုတောင်ခိုးရိုက်ထားသေး။ သူ့ထက်မသာရင်တောင် ဒီလောက်မကွာသင့်။
"တစ်ခုခုတော့ မှားနေပြီ''
သူကတွေးတောရင်း ငါးတုံးထပ်ယူကာ ဗီဒီယိုထဲကအတိုင်း ငါးစွပ်ပြုတ်ပြန်လုပ်သည်။
ဒီတစ်ကြိမ် သူ့လှုပ်ရှားမှုတွေက ဗီဒီယိုထဲကဩချလောက်စရာအစွမ်းပြနေသောချင်လင်အတိုင်း တထပ်တည်းနီးနီးပင်။
Lazda က နောက်ထပ်ငါးစွပ်ပြုတ်အမြန်ပြီးသွားသည်။ သူကချက်ချင်း ဇွန်းယူပြီးမြည်းကြည့်ရာ ပိုတောင်ရှုံ့မဲ့သွားသည်။
ဒီငါးစွပ်ပြုတ်အရသာက စောစောကအတိုင်းပဲ။
လူကြီးမင်းချင်လုပ်တဲ့ငါးစွပ်ပြုတ်နဲ့တခြားစီ။
သူကလက်မလျှော့ချင်၍ ဒီအတိုင်းငါးစွပ်ပြုတ်သုံးကြိမ်ထပ်လုပ်သော်လည်း ရလဒ်ကအတူတူပင်။ ပြောင်းလဲမှုမရှိ။
"ဘာမှားနေတာလဲ?''
Lazda ခေါင်းကုတ်လိုက်သည်။ ရုတ်တရက် သူအရှိုက်ထိသွားပြီ။
ဒီလူကြီးမင်းချင်က သူ့ရှေ့မှာပဲချက်တာ၊ ဒါပေမဲ့ သူကခိုးသင်တာတောင်မရဘူးလား?
ဘာမှမှားတာလည်း မရှိပါဘူး။