ရှန်းရွှေလက်ဆောင်ဆန်ရိတ်သိမ်းနိုင်ပြီ!
Vol. 45 Ch. 663
ချင်းလင်စံအိမ်စားဖိုဆောင်_
Lazda မှာ အိုးတစ်လုံးရှေ့တွင် ဆေးပင်များပြင်နေသည်။ ထိုဆေးပင်များမှာ ဆေးစွပ်ပြုတ်အတွက်လိုအပ်သောဆေးပင်များဖြစ်သည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း ဒီဆေးပင်များနှင့်သာနှစ်ပါးသွားနေခဲ့သည်။
အရင်က လူကြီးမင်းချင်ရဲ့ဟင်းချက်နည်းကိုမှတ်တမ်းတင်ခဲ့သော်လည်း ငါးစားသောက်ပွဲကိုဘယ်လိုမှမချက်တတ်။ အခု ပါဝင်ပစ္စည်းမရှိတော့၍ ဒုတိယအကောင်းဆုံးဆေးစွပ်ပြုတ်အတွက်သာစီစဉ်ရတော့သည်။
ချင်လင်က လူကြီးမင်းကျောက်အောင်ပွဲခံဖို့ သာမန်ဆေးစွပ်ပြုတ်သာချက်ပေးခဲ့သည်။ ဆေးစွပ်ပြုတ်ကုန်ကျစရိတ်က Lazda အတွက်ကိစ္စမရှိ။
Lazda အတွက်အခက်ခဲဆုံးက ချင်လင်လိုဆေးစွပ်ပြုတ်မျိုးမလုပ်နိုင်ခြင်းပင်။
ဒီရက်ပိုင်း အကြိမ်ကြိမ်လေ့ကျင့်ပြီး ဆေးပင်တွေဘယ်လောက်များသုံးခဲ့လဲ သူမသိတော့။ ပါဝင်ပစ္စည်းချင်းအတူတူတောင် အဲလိုအရသာမျိုးမရှိချေ။
အသစ်ပြင်ဆင်ထားသောဆေးစွပ်ပြုတ်ကိုမြည်းကြည့်ပြီး Lazda ကဒေါသတကြီးနှင့် အမှိုက်ပုံးထဲအကုန်လွှင့်ပစ်သည်။
အလုပ်မဖြစ်သေး။
သူမလုပ်နိုင်တဲ့ဟင်းပွဲမျိုးရှိလိမ့်မည်ဟု တစ်ခါမှမတွေးမိခဲ့။
လူကြီးမင်းချင်ရဲ့လက်ရာက လုံးဝထူးခြားတာများလား?
အပန်းဖြေစံအိမ်_
မနက်အစောကြီး လင်းလျိုတို့က အပန်းဖြေစံအိမ်ခြံဝင်းဘက်မှစံအိမ်ဘက်သို့ ဗိုက်ကြီးတကားကားနှင့်လျှောက်လာသည်။ ဒီအမျိုးသမီးသုံးယောက်ကိုထိခိုက်ဒဏ်ရာမရအောင် ဝန်ဆောင်မှုပေးသူတချို့လည်းရှိသည်။
သူတို့သုံးယောက်မှာ အပန်းလာဖြေပြီး အလွန်စိတ်လက်သက်သာရှိနေကြသည်။ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ လေထုကလည်းကောင်း။
စံအိမ်ထဲရောက်ရောက်ချင်း ပထမထပ်တွင်အသစ်ဖွင့်ထားသောဆိုင်ထဲဝင်သွားကြသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း အသစ်ဖွင့်ထားသောဆိုင်ဖြစ်ပြီး သူဌေးချင်ကနေ့တိုင်း ပစ္စည်းကောင်းများပို့ပေးသည်။ နောက်ပြီး အားလုံး အပြင်မှာမရနိုင်သောပစ္စည်းများပင်။
လီဖေးရဲ့ဇိမ်ခံပစ္စည်းများက အကောင်းတကာ့အကောင်းဆုံးဟုအမြဲကြွေးကြော်နေသော်လည်း သူဌေးချင်နှင့်ယှဉ်လျှင် လီဖေးပစ္စည်းများက ညံ့နေသည်။
ထိုဆိုင်ကို ချင်လင်က အထူးတည်ထောင်ထားခြင်းဖြစ်သည်။
အဆင့်အမြင့်ဆုံးကျန်းမာရေးစင်တာနှင့်အပန်းဖြေစင်တာများတွင်တောင် ဒီလိုအရောင်းခန်းများရှိသည်။
အကြီးအကဲစားပွဲ၊ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့် အပန်းဖြေစံအိမ်အထူးဆေးစွပ်ပြုတ်တို့ကို အကြိမ်ရေကန့်သတ်ထားသည်။ နောက်ထပ်သုံးဆောင်လိုလျှင် ပိုက်ဆံနှင့်ဝယ်ရမည်။
အကြီးအကဲစားပွဲပါဝင်ပစ္စည်းများကို ဤဆိုင်တွင်ရနိုင်သည်။ သူတို့ဝယ်ယူသရွေ့ စားဖိုဆောင်တွင် ဆရာလင်းကချက်ပြုတ်ပေးမည်။
ထို့အပြင် ဆိုင်ထဲတွင် အရည်အသွေး ၂ ပစ္စည်းအမျိုးစုံရှိသည်။ အရည်အသွေး ၂ စတော်ဘယ်ရီ၊ အရည်အသွေး ၂ ဖရဲသီး၊ အရည်အသွေး ၂ ရုံးပတီသီး၊ အရည်အသွေး ၂ သဘာဝပျားရည်၊ အားလုံးက မရှိမဖြစ်ထုတ်ကုန်များပင်။
နောက်ပြီး ချင်လင်ကနေ့တိုင်း အဆင့် ၃ နှင့် ၄ မြေကွက်တွင် တစ်မျိုးပြီးတစ်မျိုးစိုက်ကာ အရည်အသွေး ၂ များရွေးချယ်လာသောကြောင့် ဧည့်သည်များက နေ့တိုင်းတမူထူးခြားသောအတွေ့အကြုံရသည်။
မည်သို့ဆိုစေ အပန်းဖြေစံအိမ်မှာ ဧည့်သည်အများကြီးလက်မခံသောကြောင့် နေ့တိုင်းနည်းနည်းသာပြင်ရသည်။
"ဒီနေ့မီနူးကြည့်ရအောင်''
ထန်ဝမ်ကပြောလိုက်သည်။
လင်းလျိုခေါင်းညိမ့်လိုက်သည်။ ဆိုင်ဖွင့်ပြီးနောက်ပိုင်း သူတို့မှာပျော်စရာတစ်မျိုးတိုးလာသည်။ လျှောက်ပတ်ကြည့်ခြင်းပင်။
စျေးဝယ်ခြင်းကလည်း အမျိုးသမီးတွေရဲ့ဝါသနာတစ်မျိုး။
နောက်ပြီး ဒီဆိုင်က လီဖေးရဲ့ဇိမ်ခံပစ္စည်းများထက်ပိုအဆင့်မြင့်သည်ဆိုနိုင်ပြီး သူတို့အတွက်ဖွင့်ပေးထားသလိုဖြစ်နေသည်။
ချင်းလင်အပန်းဖြေစံအိမ်၏အရောင်းစင်တာတွင် ဧည့်သည်များလိုချင်သောပစ္စည်းကို ပေါ့ပေါ့ပါးပါးရွေးနိုင်သည်။ ဒါကလည်းအလွန်ကောင်းသောအတွေ့အကြုံတစ်ခုပင်။
ထို့ကြောင့် နေ့တိုင်း အရည်အသွေးမြင့်သခွားသီးများကို အလှအပအတွက်ဝယ်ကြသည်။ အရည်အသွေးမြင့်အလှအပဥကြီးများကိုလည်း ဆရာလင်းအား ဘဲဥဟင်းရည်လုပ်ခိုင်းသည်။
ချင်းလင်စံအိမ်အရောင်းစင်တာမှာ ဒီလိုအရည်အသွေးမြင့်အလှအပသခွားသီးမျိုးကို နေ့တိုင်းမနက်အစောကြီးဝယ်ရသည်ဟုဆိုနိုင်သည်။ အရည်အသွေးမြင့်အလှအပဥကြီးကိုလည်း ဘောင်ချာနှင့်ဝယ်ရပြီး တစ်လုံးသာရသည်။
လင်းလျိုတို့လည်းဆိုင်ထဲဝင်ပြီး အရင်ဆုံး အလယ်နေရာမှအလှအပဥကြီးကိုတန်းမြင်သည်။
ချင်လင်က ဘဲတစ်သုတ်ခိုးလဲထား၍ အခုအရည်အသွေး ၂ အလှအပဘဲဥများဥနိုင်ပြီဖြစ်သည်။
ထို့ကြောင့် စံအိမ်အရောင်းစင်တာတွင်တစ်လုံး၊ အပန်းဖြေစံအိမ်တွင်တစ်လုံး၊ ကျောက်မိုချင်းအတွက်တစ်လုံးချန်ထားသည်။ သူတို့ကံကောင်းရင် ဘဲပေါက်တစ်ကောင်၊နှစ်ကောင်ဖောက်ဖို့တောင်ချန်ထားနိုင်သည်။
နောက်ပြီး အရည်အသွေး ၂ အလှအပဥကိုအကောင်ဖောက်လျှင် အရည်အသွေး ၁ အဖြစ်ကျဆင်းသွားသည်။
အရည်အသွေး ၁ ကိုအကောင်ဖောက်လျှင်မူ အားလုံးလိုလိုက သာမန်ဘဲများဖြစ်သွားသည်။ အနည်းအကျဉ်းသာ အရည်အသွေး ၁ ကိုထိန်းထားနိုင်သည်။
ထို့ကြောင့် အရည်အသွေး ၂ တိုးစေရန် အကောင်ခိုးပြီးအစားထိုးသည့်နည်းသာသုံးရသည်။
အရည်အသွေး ၂ ကပေါက်တဲ့ အရည်အသွေး ၁ ဘဲဥဥရင် ကျဆင်းသွားဦးမလား သူမသိ။ ဘာပဲဖြစ်ဖြစ် တစ်ကြိမ်ကျဆင်းထားပြီးပြီ။
"ဟိုမှာ အလှအပဥကြီးရောက်နေပြီ!''
လင်းလျိုကဆိုင်ထဲဝင်ပြီး အံ့ဩသံနှင့်ပြောလိုက်သည်။
ထန်ဝမ်ကခေါင်းညိမ့်ပြီး တအံ့တဩနှင့်_
"အင်း... ငါနေ့တိုင်းစားနိုင်ပြီ... ဒီဥနဲ့သခွားသီးရဲ့ အလှအပအာနိသင်က အရမ်းကောင်းတာပဲ... တခြားအလှကုန်တွေထက်ပိုကောင်းတယ်''
"ဟေး... ဒီနေ့ ဝိုင်တောင်ရှိတယ်''
ရုတ်တရက် လင်းလျိုက စင်လှလှလေးကိုကြည့်လိုက်သည်။ ထိုစင်ပေါ်တွင် ဂန္တဝင်ကြေးညိုပုလင်းနှင့်ဝိုင်သုံးလုံးရှိပြီး တခြားဝိုင်ဘရန်းများလည်းရှိသည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင်ကလည်း ချင်လင်ဖြည့်ဆည်းပေးထားသောအံ့ဩစရာတစ်ခုပင်။ သို့ရာတွင် နေ့တိုင်းမဟုတ်။ မည်သို့ဆိုစေ ဝိုင်မှာအကန့်အသတ်ရှိ၍ ရံဖန်ရံခါမှသာဖြည့်ပေးသည်။
နောက်ပြီး သက်တမ်းမတူသောကြောင့် စျေးနှုန်းကတစ်ကြိမ်နှင့်တစ်ကြိမ်တူမည်မဟုတ်ပေ။
သို့ရာတွင် တခြားဘရန်းများပိုဖြည့်ထားမည်။ နောက်ပြီး ထိုဝိုင်များကိုဂိမ်းထဲမှထုတ်ထား၍ သက်တမ်းသိပ်မရင့်။
ဒီဝိုင်တွေ သူ့မှာလိုသလောက်ရှိသည်။ အပြင်ကဝယ်၍ ဂိမ်းထဲထည့်ထားပြီး သက်တမ်းလည်းမရင့်သေး။
အမျိုးသမီးသုံးဦးက တခြားဝိုင်များကိုကျော်ပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုသာမြင်သည်။
သူတို့ယောက်ျားတွေဒီဝိုင်ကြိုက်မှန်း သူတို့အားလုံးသိသည်။ သောက်ပြီးရင်လည်း အလွန်သက်သောင့်သက်သာရှိသည်။
ထန်ဝမ်ကချက်ချင်း ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုဗီဒီယိုရိုက်ပြီး သူ့ယောက်ျားဆီပို့လိုက်သည်။
မင်မြို့တော်_
ပင်လယ်ပြာအဖွဲ့အစည်းဥက္ကဌရုံးခန်းထဲ၌ ချန်ရှန်းဖေလည်း စာဖိုင်များနှင့်အလုပ်ရှုပ်နေသည်။ သူ့မိန်းမက ချင်းလင်အပန်းဖြေစံအိမ်တွင်အားဖြည့်နေ၍ သူမကိုလွမ်းသည်။