ရှန်းရွှေလက်ဆောင်ဆန်ရိတ်သိမ်းနိုင်ပြီ! ၂
Vol. 45 Ch. 664
သူတွေးတောနေစဉ် Wechat မှစာဝင်လာသည်။
ပို့သူက သူ့မိန်းမဖြစ်၍ ချက်ချင်းကောက်ကြည့်လိုက်သည်။ ထန်ဝမ်ပို့သောဗီဒီယိုကိုကြည့်ပြီး သူအံ့ဩသွားသည်။
ဗီဒီယိုထဲတွင် ချင်းလင်ဆေးဖက်ဝင်ဝိုင်သုံးပုလင်း။ စင်ပေါ်တင်ထားပုံရသည်။
ချင်းလင်ဆေးဖက်ဝင်ဝိုင်အာနိသင်အကြောင်း သူအသေအချာသိ၍ ချက်ချင်းစာပို့မေးလိုက်သည်_
"အချစ်... အဲဒီချင်းလင်ဆေးဖက်ဝင်ဝိုင်က ဘယ်မှာလဲ?''
ထန်ဝမ်ကချက်ချင်းပြန်ဖြေသည်_
"ယောက်ျား... ဒါ သူဌေးချင်ရဲ့အပန်းဖြေစံအိမ်မှာလေ... အပြင်မှာဝယ်မရတာတွေ ဒီမှာဝယ်လို့ရတယ်... ဒီနေ့ ဒီချင်းလင်ဆေးဖက်ဝင်ဝိုင် ၃ ပုလင်းတောင်ရှိတယ်''
ပြန်စာမြင်ပြီး ချန်ရှန်းဖေမျက်လုံးများအရောင်တောက်သွားကာ အမြန်စာပို့လိုက်သည်_
"အချစ်... အဲဒါဆို မြန်မြန်... အဲဒီသုံးပုလင်းဝယ်လိုက်... တိုးတိုးတိတ်တိတ်နော်... လင်းလျိုတို့မသိစေနဲ့''
"ဘေးချင်းကပ်လို့လေ!''
ထန်ဝမ်က ကိုးရိုးကားရားအီမိုဂျီပုံနှင့်ပြန်ပြောသည်။
ထိုစာကြောင့် ချန်ရှန်းဖေက မတတ်သာပုံနှင့်_
"ဒါဆိုလည်း မတတ်နိုင်ဘူး... တစ်ယောက်တစ်လုံးပေါ့... တခြားသူတွေနောက် မပါစေနဲ့''
လင်းလျိုက ဝိုင်ယူနေလေပြီ။
သူတို့ယောက်ျားတွေကမပြောရင်တောင် သူတို့ကအရင်ဝယ်ပေးဦးမည်။ စျေးက အရေးမကြီး။
……
ရုံးခန်းထဲ၌_
ချင်လင်လည်း လင်းလန်ဇီကိုခေါ်မေးနေသည်_
"မေရှန်းဆီ ပန်းခြင်းနဲ့ဂုဏ်ပြုစာပို့ပြီးပြီလား?''
မေရှန်းကုမ္ပဏီမှာ ရုံချန်းတွင် ဟွမ်ရှင်း သန်း ၁၀၀ ရင်းနှီးမြှုပ်နှံပြီးဖွင့်ထားသောကုမ္ပဏီဖြစ်သည်။ စက်ရုံမဆောက်ရသေးသော်လည်း စီးပွားရေးနှင့်ကုန်သွယ်အဆောက်အဦတွင် ရုံးခန်းဖွင့်ထားပြီး ဒီနေ့စရွှေ့ကြမည်။
ထို့ကြောင့် သူ့အတန်းဖော်ဟောင်းကို ပန်းခြင်းနဲ့ဂုဏ်ပြုစာပို့ပေးရမည်။
သို့ရာတွင် 'မေရှန်း'ဆိုသောနာမည်ကြောင့် ဆဲချင်စိတ်ပေါက်မိသည်။
ဟွမ်ရှင်းဘယ်လိုစိတ်ကူးပေါက်ပြီး ဒီလိုနာမည်မျိုးပေးတယ် သူမသိ။
ဒီကောင် နာမည်ပေးညံ့ပုံရသည်။
လင်းလန်ဇီက ခေါင်းညိမ့်ပြီး_
"အော်ဒါပို့ထားပါတယ်... အခုဆို ရောက်လောက်ပြီ''
"ကောင်းပြီ... ဒါဆိုသွားမယ် မန်နေဂျာလင်း!''
လင်းလန်ဇီထွက်သည်နှင့် ချင်လင်ကရုံးခန်းမှထွက်ပြီး ရုံချန်းစီးပွားရေးနှင့်ကုန်သွယ်အဆောက်အဦဆီ ဦးတည်သွားလိုက်သည်။
သူတို့ရောက်ရောက်ချင်း အထပ်တစ်ထပ်တွင် ဂုဏ်ပြုစာတန်းကြီးသုံးတန်းချိတ်ဆွဲထားသည်ကိုတွေ့ရသည်။ အားလုံး မေရှန်းအတွက်ဂုဏ်ပြုစာများပင်။
စီးပွားရေးနှင့်ကုန်သွယ်အဆောက်အဦတွင် ကုမ္ပဏီများ မကြာခဏဆိုသလိုနေရာယူထားပြီး ပိတ်သိမ်းပြီးထွက်သွားသောကုမ္ပဏီများလည်းရှိတတ်သည်။ ရုံးနေရာတစ်ထပ်တည်းတွင် တစ်နှစ်အတွင်း ကုမ္ပဏီအပြောင်းအလဲများစွာရှိသည်။
ထို့ကြောင့် စီးပွားရေးနှင့်ကုန်သွယ်အဆောက်အဦတွင်လုပ်ကိုင်သူများက ကုမ္ပဏီအသစ်ဖွင့်လည်း ထူးဆန်းမနေတော့။
သို့ရာတွင် ဒီနေ့ကုမ္ပဏီဖွင့်ပွဲ၏ဂုဏ်ပြုစာတန်းကို လူတွေက နှစ်ခါသုံးခါပြန်ကြည့်မိကြသည်။
ဂုဏ်ပြုစာတန်းများမှာ ကုမ္ပဏီ၏အဆက်အသွယ်ကိုပြသရာလည်းရောက်သည်။ နာမည်အလေးထားသူများက ကုမ္ပဏီတချို့၏နာမည်ကိုဂုဏ်ပြုစာတန်းလုပ်ပြီး ချိတ်ဆွဲထားတတ်ကြသည်။
ဒီလိုကုမ္ပဏီမျိုးရှိမရှိက ကိစ္စမရှိ။ မည်သို့ဆိုစေ အပြင်လူတွေက ဒီအကြောင်းမသိဘဲ အရမ်းမိုက်သည်ဟုသာထင်ကြမည်။
ထို့ကြောင့် ဂုဏ်ပြုစာတန်းသုံးခုသာချိတ်ဆွဲထားသောကုမ္ပဏီမှာ အဆက်အသွယ်မရှိ၍သော်လည်းကောင်း၊ ကုမ္ပဏီသူဌေးက ဆက်ဆံရေးမကောင်း၍သော်လည်းကောင်းဖြစ်မည်။
သို့ရာတွင် ဒီမေရှန်းဆိုသောကုမ္ပဏီမှာ ဂုဏ်ပြုစာတန်းသုံးခုသာရှိသော်လည်း အဆက်အသွယ်မရှိဟု ဘယ်သူမှမထင်ကြ။
ထိုဂုဏ်ပြုစာတန်းသုံးခုလုံးမှာ အလွန်အထင်ကြီးစရာကောင်းသောကြောင့်ပင်။
ပထမတစ်ခုက 'ထောင်စုနှစ်'ကုမ္ပဏီမှ။
ရုံချန်းသားတိုင်း ထိုကုမ္ပဏီက ရုံချန်းရဲ့နံပါတ်တစ်ကြော်ငြာကုမ္ပဏီမှန်းသိကြသည်။ လက်ဆောင်မှာ စီးပွားရေးကိစ္စနှင့်မဆိုင်။ သို့ရာတွင် ကျန်ဂုဏ်ပြုစာတန်းနှစ်ခုက အံ့ဩစရာကောင်းသည်။
တစ်ခုက ရုံချန်းစီရင်စု၏တရားဝင်ဂုဏ်ပြုစာတန်းဖြစ်သည်။ ဒါသာမန်ကုမ္ပဏီရနိုင်တာမျိုးမဟုတ်။ စီရင်စုက ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်ထားသောကုမ္ပဏီမှသာရနိုင်သည်။ ဒါကလည်း ရုံချန်းအတွက်အရေးကြီးကြောင်းပြသနေသည်။
ဒါက ဘာမှမဟုတ်သေး။
တတိယဂုဏ်ပြုစာတန်းက အံ့ဩစရာအကောင်းဆုံးပင်။ ချင်းလင်စံအိမ်မှပို့ထားခြင်းဖြစ်လေသည်။
ချင်းလင်စံအိမ်မှာ လူအများကြီးရှိမှန်း ရုံချန်းသားတိုင်းသိသည်။ နေ့စဉ်ဧည့်သည် ၂၀၀၀၀ ကျော်မှ ရုံချန်းသားတွေအများကြီး အကျိုးအမြတ်ရနေသည်။
နောက်ပြီး ချင်းလင်စံအိမ်ပိုင်ရှင်က ချင်းလင်ဆော့၊ ချင်းလင်အားဖြည့်လက်ဖက်ရည်၊ ချင်းလင်ဆေးဖက်ဝင်ဖျော်ရည်တို့နှင့်နာမည်ကြီးသော ချင်းလင်အစားအသောက်ကုမ္ပဏီပိုင်ရှင်မှန်းလည်း လူတိုင်းသိကြသည်။
ဒီထုတ်ကုန်သုံးခုနှင့်ချင်းလင်အစားအသောက်ကုမ္ပဏီက တည်ငြိမ်သောစျေးကွက်ရှယ်ယာရှိနေသရွေ့ စာရင်းပြုစုလိုက်လျှင် ကုမ္ပဏီကြီးဖြစ်မည်မှန်း အားလုံးသိကြသည်။
အခု ဒီအသစ်ဖွင့်တဲ့မေရှန်းကုမ္ပဏီက ချင်းလင်စံအိမ်ရဲ့ဂုဏ်ပြုစာတန်းနဲ့တဲ့။ ဘယ်လောက်အံ့ဩစရာကောင်းလဲ? ဒါကလည်း ဒီကုမ္ပဏီကလုံးဝသာမန်မဟုတ်ဘူးဆိုတဲ့သဘော။
ချင်လင် မေရှန်းကုမ္ပဏီရောက်သောအခါ ဟွမ်ရှင်းကိုယ်တိုင်ထွက်ကြိုပြီး သူ့ရုံးခန်းထဲခေါ်သည်။
ဟွမ်ရှင်းရုံးခန်းထဲတွင် နောက်တစ်ယောက်ရှိနေ၍ ချင်လင်အံ့ဩမိသည်။ သူ့ငယ်သူငယ်ချင်း ချင်ရန်ပင်။
"တလင်''
ချင်ရန်ကသူ့ကိုမြင်လျှင် ပြုံးပြီးနှုတ်ဆက်သည်။
"တရန်''
ချင်လင်လည်းပြုံးပြီး ပြန်ပြောလိုက်သည်။
ဟွမ်ရှင်းက ချင်ရန်ကုမ္ပဏီကိုအလုပ်အပ်ထားမှန်းသိ၍ ဟွမ်ရှင်းရုံးခန်းအပြီး ချင်ရန်ကိုဒီမှာတွေ့ရတာ အံ့ဩစရာတော့မဟုတ်။
"ချင်လင်... ဘယ်လိုနေလဲ ကြည့်ပါဦး''
ဟွမ်ရှင်းက ရုံးခန်းအပြင်အဆင်ကိုပြသည်။ သူကြွားချင်သော်လည်း ချင်လင်ရုံးခန်းထဲမှပစ္စည်းများကိုတွေးမိပြီး_
"ထားပါတော့... မင်းရုံးခန်းထဲက သစ်မွှေး နံ့သာနီနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘဲ''
သူ့ရုံးခန်းကိုသေသေသပ်သပ်ပြင်ဆင်ထားသော်လည်း မတတ်နိုင်။
ချင်လင်ရဲ့နံ့သာနီလက်ဖက်ရည်စားပွဲ၊ သစ်မွှေးခုံ၊ သစ်မွှေးစင်နှင့် သစ်မွှေးကမ္ဗည်းတို့မှာ ပိုက်ဆံရှိလျှင်တောင် မတတ်နိုင်သောအရာများ။
"မင်းရုံးခန်းကို သေသေချာချာလုပ်ထားတာပဲ''
ချင်လင်ကပြုံးပြီး ပြောလိုက်သည်။
ဒါကလည်း အမှန်တရား။
ဟွမ်ရှင်းရုံးခန်းမှာ အတော်များများပိုင်ဆိုင်ချင်ကြသောပုံစံမျိုးဖြစ်သည်။
"လက်ဖက်ရည်သောက်ရအောင်... ရုံချန်းလာပြီးကတည်းက လက်ဖက်ရည်နှပ်နည်းသင်ထားတယ်''
ဟွမ်ရှင်းရုံးခန်းထဲတွင်လည်း လက်ဖက်ရည်စားပွဲရှိသည်။ သူကချက်ချင်း ချင်လင်နှင့်ချင်ရန်ကို လက်ဖက်ရည်ဝိုင်းခေါ်လိုက်သည်။
ချင်လင်နှင့်ချင်ရန်က ဟွမ်ရှင်းဆီမှာအကြာကြီးမနေ။