Chapters

ရှန်းရွှေလက်ဆောင်ဆန်ရိတ်သိမ်းနိုင်ပြီ! ၃

Vol. 45 Ch. 665

ရှန်းရွှေလက်ဆောင်ဆန်ရိတ်သိမ်းနိုင်ပြီ! ၃

Vol. 45 Ch. 665

သူတို့ပြန်လာသောအခါ ဟွမ်ရှင်းကရေမွှေးနှစ်ပုလင်းစီပေးပြီး ကျောက်မိုချင်းသုံးဖို့ယူသွားခိုင်းသည်။

ရှေ့လျှောက် သူ့ကုမ္ပဏီကထုတ်မည့်ထုတ်ကုန်ဖြစ်ပြီး သူကိုယ်တိုင်လုပ်သောရေမွှေးလည်းဖြစ်သည်။

ချင်လင်က နည်းနည်းစူးစမ်းချင်သောကြောင့် အပန်းဖြေစံအိမ်ရုံးခန်းထဲရောက်ရောက်ချင်း တံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် ဟွမ်ရှင်းထုတ်ကုန်၏မှတ်ချက်ကိုကြည့်သည်:

(ရေမွှေး: သာမန်)

(စျေးကွက်အခြေခံစံနှုန်းရှိသော သာမန်ရေမွှေးဖြစ်သည်။ ဘာမှထူးခြားမှုမရှိ။ ဘရန်းမရှိဘဲ စျေးကွက်ကိုထိုးဖောက်ဖို့ခက်မည်!)

"ကျွတ်''

ချင်လင်ကမှတ်ချက်ဖတ်ပြီး ဟွမ်ရှင်းအတွက်စိုးရိမ်မိသည်။

ဒီအတန်းဖော်ဟောင်းကြည့်ရတာ နည်းနည်းစိုးရိမ်စရာ။ ဘာပဲဖြစ်ဖြစ် သူဘွဲ့ရပြီးပြီးချင်း ဒီအလုပ်မှာ ဒါပထမဆုံး။ ဘရန်းအထောက်အပံ့လည်းမရှိ။

သို့ရာတွင် သန်း ၁၀၀ ဆုံးရှုံးပြီး အိမ်ပြန်၊ မိဘအမွေဆက်ခံမည့်အကြောင်းတွေးမိလျှင် သူအလကားစိုးရိမ်နေမှန်းသိလိုက်သည်။

သန်း ၁၀၀ မှာ လူအတော်များများအတွက်အိပ်မက်ဖြစ်သော်လည်း တချို့လူတွေအတွက်က အစမ်းသဘောမျှသာရှိသည်။

ချင်လင် ဂိမ်းထဲမှထွက်ထွက်ချင်း လီခိုင်အလောတကြီးရောက်လာသည်။

လီခိုင်က ချင်လင်ကိုတွေ့လျှင် စိတ်လှုပ်ရှားသံနှင့်_

"ညီလေးချင်... မျိုးပြောင်းတဲ့ပန်းပွားမြက်က ဘာကြောင့်လေသန့်စင်နိုင်လဲ အခုသိပြီ''

"ငါလူတချို့ခေါ်ပြီး စမ်းသပ်လေ့လာခိုင်းတာ... ဒီပန်းပွားမြက်က အထူးဓာတ်ငွေ့တစ်မျိုးထုတ်နိုင်တာတွေ့ရတယ်... အဲဒီဓာတ်ငွေ့မှာ အလင်းအစာချက်ပြီး လှုံ့ဆော်နိုင်တဲ့ပစ္စည်းတွေပါတယ်''

"အဲဒီပစ္စည်းတွေကြောင့်ပဲ အလင်းအစာချက်နေတဲ့အတွင်းမှာ ပတ်ဝန်းကျင်ကိုသန့်စင်နိုင်တာ... ဒီပစ္စည်းကိုကျယ်ကျယ်ပြန့်ပြန့်ပျိုးထောင်နိုင်ရင် လေထုနဲ့ပတ်ဝန်းကျင်စီမံရေးအတွက် သေချာပေါက် အကြီးအကျယ်အားထုတ်မှုတစ်ခုပဲ''

သန့်စင်မြက်က လေကိုဘယ်လိုသန့်စင်နိုင်တဲ့အကြောင်း ချင်လင်သိပြီးဖြစ်သော်လည်း လီခိုင်စကားနားထောင်ရင်း ချက်ချင်းသရုပ်ဆောင်မုဒ်ဝင်ကာ အံ့ဩသံနှင့်_

"အလင်းအစာချက်တာဆိုရင် နေရောင်ရှိနေသရွေ့ အာနိသင်ရှိတယ်ဆိုတဲ့သဘောမလား? အစ်ကိုလီ... မျိုးစေ့တွေကရော?''

"ငါစိုက်ပြီးပြီ''

လီခိုင်က ရှင်းပြသည်_

"ဒီရက်ပိုင်း တချို့တလေအပင်ပေါက်တယ်... အခု အဲဒီတစ်သုတ်ကြီးတာစောင့်ရုံပဲ''

ချင်လင်ကခေါင်းညိမ့်ပြီး တစ်ခုခုသတိရသွားကာ_

"ဒါနဲ့ အစ်ကိုလီ... ရှန်းရွှေလက်ဆောင်စပါးတွေမှည့်တော့မယ်''

ရှန်းရွှေလက်ဆောင်ဆန်မှာ မှည့်ချိန်နောက်ကျသောစပါးဖြစ်သည်။ ဂိမ်းက ရာသီကန့်သတ်ချက်မထား၍ စိုက်ပျိုးချိန်တိုတောင်းသော်လည်း အသုတ်ခွဲစိုက်ပြီးနောက် မှည့်ဖို့အချိန်ယူရသည်။

နောက်ပြီး ဒီရှန်းရွှေလက်ဆောင်ဆန်အားလုံးအရည်အသွေး ၁ ဖြစ်၍ ရှန်းရွှေကဆန်ထက် ပိုအရသာရှိ၊ ပိုအာဟာရဖြစ်ပြီး ပိုနုပျိုစေသည်။

ရှင်းရှင်းပြောရရင် အဆင့်ပိုမြင့်သည်။

အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်ကိုရိတ်သိမ်းပြီးရင် မျိုးစေ့ကိုကျယ်ကျယ်ပြန့်ပြန့်ပြန်ဖြန့်နိုင်မလား သူမသိ။

စဉ်းစားကြည့်။ လူတိုင်း ရှန်းရွှေလက်ဆောင်ဆန်ကိုနေ့တိုင်းစားနိုင်ရင် သာမန်ရှန်းရွှေလက်ဆောင်ဆန်ဆိုဦးတော့၊ ရေရှည်မှာ အာဟာရနဲ့နုပျိုစေတဲ့အာနိသင်ဘယ်လောက်များရှိလိုက်မလဲ?

စဉ်းစားကြည့်ရုံနဲ့ အံ့ဩဖို့ကောင်းတယ်မလား?

သို့ရာတွင် မျိုးစေ့ရိတ်သိမ်းပြီး ရုံချန်းရဲ့တခြားနေရာမှာ စမ်းသပ်စိုက်ပျိုးပြီးတဲ့အထိ စောင့်ရဦးမည်။

"မှည့်တော့မှာလား?''

ထိုစကားကြောင့် လီခိုင်မျက်လုံးများအရောင်တောက်သွားသည်။

ဒါ ရှန်းရွှေလက်ဆောင်ဆန်။

လောင်ယွမ်တို့တောင် မထုတ်နိုင်တဲ့ဆန်။

နောက်ပြီး စစချင်း ဒီရှန်းရွှေလက်ဆောင်ဆန်တစ်သုတ်ကို သူကိုယ်တိုင်ပျိုးထောင်ခဲ့သည်။

ဒီရှန်းရွှေလက်ဆောင်ဆန်တစ်သုတ်အောင်အောင်မြင်မြင်ရိတ်သိမ်းပြီး ရှန်းရွှေကဆန်လိုအရသာရှိရင် အံ့ဩစရာ၊အုံကြွစရာဖြစ်လာလိမ့်မည်။

ဘာမှမရိတ်သိမ်းရသေးခင်တော့ ဆန်ကဘယ်လိုနေမလဲ သူမသိပါပေါ့။ အရသာကချဉ်ပြီး ပျိုးထောင်မှုလုံးဝမအောင်မြင်တာလည်းဖြစ်နိုင်သည်။

မည်သို့ဆိုစေ ဘယ်သူမှမအောင်မြင်သေး။

လောင်ယွမ်မအောင်မြင်သည့်နောက်ပိုင်း ဘယ်ငတုံးမှမစမ်းသပ်တော့။ အောင်မြင်မည်ဟုလည်း ဘယ်သူမှမထင်ပေ။